← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း (၁၉၅) နတ်မိစ္ဆာမျိုးနွယ်စုထဲကို စိမ့်ဝင်သွားပြီးတော့ လောကကြီးက အဆင့်သစ်တစ်ခုကို ရောက်ရှိသွားပြီ

တစ်ချိန်တည်းမှာပင်...ရှေးဟောင်းဖီးနစ်မျိုးနွယ်စု၏ ကောင်းချီးမြေနေရာတစ်ခုတွင်...နတ်ဘုရားမီးတောက်များ တလိမ့်လိမ့်ထနေပြီး ဥပဒေသများ ပျံ့နှံ့နေသည်။သက်တံရောင် ဖီးနစ်ဝတ်စုံကို ဝတ်ဆင်ထားသော မုချင်းလီသည် ပလ္လင်ခွေထိုင်နေပြီး သိပ်သည်းသော ဗာမီလီယန် နတ်ဘုရားမီးတောက်များကို စုပ်ယူနေပေ၏။ရုတ်တရက် နတ်ဘုရားစိတ်အာရုံ အမျှင်တန်းတစ်ခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး သူမ၏စိတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာသည်။ထို့နောက် ခုံးဝူတောက်၏အသံက တပြိုင်နက်တည်းနီးပါး ပဲ့တင်ထပ်လာခဲ့သည်။"ချင်းလီ... မင်းကို ငါ နောက်ထပ်အရေးကြီးတဲ့ တာဝန်တစ်ခု ပေးမလို့...""ဒီကာလအတွင်းမှာ ကောင်းကင်ဘုံများနိုးထခြင်း ခေတ်က အဆင့်သစ်တစ်ခုကို ရောက်ရှိသွားလိမ့်မယ်... ပြီးတော့ မရေမတွက်နိုင်တဲ့ ရှေးဟောင်းအင်အားစုတွေက တစ်ခုပြီးတစ်ခု နိုးထလာကြလိမ့်မယ်...""နတ်မိစ္ဆာမျိုးနွယ်စုကလည်း လှုပ်ရှားမှု ကြီးကြီးမားမားတွေ လုပ်ကောင်းလုပ်နိုင်တယ်... ပြီးတော့ နတ်ဘုရားသားရဲ သွေးမျိုးဆက်ရှိတဲ့ နတ်မိစ္ဆာမျိုးနွယ်စုရဲ့ အင်အားစုတွေအများကြီးက လောကကြီးထဲမှာ တစ်ခုပြီးတစ်ခု ပြန်ပြီးပေါ်ထွက်လာလိမ့်မယ်...""ဒီအချိန်အတွင်းမှာ ရှေးဟောင်းဖီးနစ်မျိုးနွယ်စုက အဆင့်မြင့် အကြီးအကဲတွေရဲ့ ယုံကြည်မှုကိုရဖို့ မင်း အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်... ပြီးတော့ ဒီ နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို ဆက်ခံတဲ့ နတ်မိစ္ဆာ မျိုးနွယ်စုက အင်အားစုတွေရဲ့ သဲလွန်စတွေကို စုဆောင်းဖို့ နည်းလမ်းရှာရမယ်..."ထိုအသံ ပျောက်ကွယ်သွားသည်နှင့်...မုချင်းလီ၏စိတ်ထဲရှိ အထူးနတ်ဘုရားစိတ်အာရုံသည် တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်မလာခဲ့သည့်အလား သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။"နတ်ဘုရားသားတော်အရှင်... ကျေးဇူးပြုပြီး စိတ်ချပါ... သခင့်ကို ကျွန်မက စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး..."မုချင်းလီသည် မသန့်စင်သောချီစွမ်းအင်များကို တစ်ချက်မှုတ်ထုတ်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများတွင် ဆုံးဖြတ်ချက်ချထားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေ၏။အကြောင်းအရင်းမှာ သူမသည် မူလကတည်းက လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ရှေးဟောင်းဖီးနစ်မျိုးနွယ်စုက ဤကာလအတွင်းတွင် သူမကို ပြုစုပျိုးထောင်ပေးနေသော်လည်း သူတို့သည် တမင်သက်သက် ထိန်ချန်ထားခဲ့ကြသည်။ယနေ့၌ သူမသည် ဗာမီလီယန် နတ်ဘုရား မျက်လုံးများကို အောင်မြင်စွာ နိုးထနိုင်သည်နှင့် သူမ၏ရုပ်ခန္ဓာကိုယ်အတွင်းရှိ ဗာမီလီယန်သွေးမျိုးဆက်သည် နောက်တစ်ကြိမ် အထွတ်အထိပ်သို့ ရောက်ရှိသွားပေလိမ့်မည်။သူမ၏ရုပ်ခန္ဓာကိုယ်အတွင်းရှိ ဗာမီလီယန်သွေးမျိုးဆက်၏သန့်စင်မှုသည် ဗာမီလီယန်မျိုးနွယ်စု၏ သွေးကြောများထက်ပင် ပို၍သန့်စင်ပြီး သိပ်သည်းနေပေလိမ့်မည်။ဤလုပ်ငန်းစဉ်သည် သေလုမျောပါး အတွေ့အကြုံ တစ်ခုဖြစ်ပြီး အလွန်အမင်း နာကျင်ရသော်လည်း အကယ်၍ သူမသာ နတ်ဘုရားသားတော်အရှင်၏ စိုးရိမ်ပူပန်မှုများကို ဝေမျှနိုင်မည်ဆိုလျှင် သူမ၏ ခန္ဓာကိုယ် ခြေမွှဖျက်ဆီးခံရလျှင်ပင် ဘာအရေးပါမည်နည်း။ဆုံးဖြတ်ချက်ချပြီးနောက် မုချင်းလီက သူမ၏စိတ်ကို ငြိမ်သက်စေလိုက်သည်။သူမ၏ ရုပ်ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်လှိုဏ်ဂူ ခုနစ်ဆယ့်နှစ်ခုလုံး ပွင့်လာပြီး မီးတောက်ထဲမှတစ်ဆင့် နီဗားနားသို့ ရောက်ရှိရန် ပတ်ဝန်းကျင်ရှိ ဗာမီလီယန် နတ်ဘုရား မီးတောက်များကို ရူးသွပ်စွာ စုပ်ယူလိုက်တော့သည်။........လွန်ခဲ့သော အချိန်တခဏက...ထျန်းဟောက် တာအိုနယ်မြေသို့ ခရီးစဉ် ပြီးဆုံးသွားပြီးနောက်...ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ လျှင်မြန်စွာ ပြန်လာခဲ့သည်။အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အထူး သတင်းပေးများသည် ကောင်းကင်ဘုံများအားလုံးတွင် ပျံ့နှံ့နေပေ၏။အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အဆင့်မြင့် အကြီးအကဲ အများအပြားသည် မကြာမီ အနာဂတ်တွင် ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးရှိ မရေမတွက်နိုင်သော ရှေးဟောင်းအင်အားစုများ တစ်ခုပြီးတစ်ခု နိုးထလာမည်ဖြစ်ကြောင်း သဘာဝကျကျ သိရှိထားကြသည်။"ကောင်းကင်ဘုံတွေရဲ့ နယ်မြေအသီးသီးမှာ ပုန်းအောင်းနေတဲ့ ရှေးဟောင်းအင်အားစုတွေ မရေမတွက်နိုင်အောင် ရှိနေတယ်...""ဒီအဆုံးမဲ့နှစ်ကာလတွေ တလျှောက်လုံး... ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ဒီ ရှေးဟောင်းအင်အားစုတွေရဲ့ သတင်းအချက်အလက် တွေနဲ့ သဲလွန်စတွေကို စုဆောင်းနေခဲ့တာ...""နတ်မိစ္ဆာ မျိုးနွယ်စုကလွဲရင် တခြား မျိုးနွယ်စုတွေရဲ့ ရှေးဟောင်းအင်အားစုတွေကို ငါတို့ ကောင်းကောင်း ဆုပ်ကိုင်ထားနိုင်တယ်..."ခုံးဝူကျိက ရယ်မောပြီး ခေါင်းခါယမ်းလိုက်သည်။"ဘာပဲဖြစ်ဖြစ်... ခုံးဝူတောက် မင်းလည်း သိတဲ့အတိုင်း... နတ်မိစ္ဆာမျိုးနွယ်စုက ငါတို့လူသားမျိုးနွယ် အပြင် ကောင်းကင်ဘုံတွေရဲ့ နယ်မြေအသီးသီးမှာ ဒုတိယအကြီးဆုံး မျိုးနွယ်စု ဖြစ်လုနီးပါးပဲ...""နတ်မိစ္ဆာမျိုးနွယ်စုက အားကောင်းတဲ့ ရုပ်ခန္ဓာကိုယ် တွေနဲ့ မွေးဖွားလာရုံတင်မကဘူး.. သူတို့သွေးမျိုးဆက်ရဲ့ ရှေးဟောင်းသမိုင်းကြောင်းက ရှေးခေတ်နတ်ဘုရားသားရဲတွေဆီကနေ ဆင်းသက်လာတာ...""ဒါ့ပြင် ဒီ နတ်မိစ္ဆာမျိုးနွယ်စုက ကောင်တွေက တခြားမျိုးနွယ်စုတွေကို အမြဲတမ်း သတိထားလေ့ရှိတယ်... နတ်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူတွေကို သွေးထိုးလှုံ့ဆော်တာကလွဲရင် တခြားနည်းလမ်းတွေကတဆင့် သူတို့ထဲကို စိမ့်ဝင်ဖို့ ခက်ခဲတယ်..."သူ့ဖခင်၏စကားများကို နားထောင်ရင်း ခုံးဝူတောက်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ကာ ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုလိုက်၏။"အဖေ... စိတ်ချပါ...ကျွန်တော်က ရှေးဟောင်းဖီးနစ် မျိုးနွယ်စုထဲကို စိမ့်ဝင်ဖို့ လူတစ်ယောက်ကို အရင်ကတည်းက စီစဉ်ထားပြီးပါပြီ...""အဲ့ဒီလူမှာ အထူးသွေးမျိုးဆက်တစ်ခု ရှိပြီးတော့ အရမ်းသန့်စင်တဲ့ ဗာမီလီယန်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်...""သူကနေတစ်ဆင့် ရှေးဟောင်းဖီးနစ်မျိုးနွယ်စုထဲကို ကျွန်တော်တို့ စိမ့်ဝင်နိုင်ပြီးတော့ အဲ့ဒီမျိုးနွယ်စုကို အကြွင်းမဲ့ထိန်းချုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်...""အနာဂတ်မှာ... ရှေးဟောင်းဖီးနစ်မျိုးနွယ်စုကနေတစ်ဆင့် နတ်မိစ္ဆာမျိုးနွယ်စုထဲကိုတောင် ကျွန်တော်တို့ ထပ်ပြီး စိမ့်ဝင်နိုင်လိမ့်မယ်..."ခုံးဝူတောက်သည် မည်သည့်အရာကိုမျှ မဖုံးကွယ်ထားခဲ့ချေ။သူသည် မုချင်းလီနှင့် ပတ်သက်သည့် အရာအားလုံးကို လျှင်မြန်စွာ ထုတ်ဖော်ပြောဆိုလိုက်သည်။အချိန်တခဏကြာသည်အထိ ခုံးဝူတောက်၏ အစီအစဉ်ကို နားထောင်ပြီးနောက် ခုံးဝူကျိက လက်ခုပ်တီးကာ ရယ်မောလေသည်။"ဟား ဟား ဟား... ကောင်းတယ်... ခုံးဝူတောက်... မင်း တကယ်ကို ကြီးပြင်းလာပြီပဲ... ဒီကိစ္စအတွက် မင်းရဲ့ စဉ်းစားတွေးခေါ်မှုက အဖေတစ်ယောက်ဖြစ်တဲ့ ငါ့ထက်တောင် ပိုပြီးပြည့်စုံနေသေးတယ်...""ဒါပေမယ့်... ရှေးဟောင်းဖီးနစ်မျိုးနွယ်စုမှာ ဗာမီလီယန်မျိုးနွယ်စု တစ်ခုတည်းရှိတာ မဟုတ်ဘဲနဲ့ တခြား နတ်မိစ္ဆာမျိုးနွယ်စုတွေက နတ်ဘုရားငှက် သွေးမျိုးဆက်တွေလည်း ရှိတယ်...""ဒါပေမယ့် အခု မင်းက အစီအစဉ်ရဲ့ အခက်ခဲဆုံး အဆင့်ကို ပြီးမြောက်သွားပြီဆိုတော့... အစီအစဉ်ရဲ့ ကျန်ရှိနေတဲ့ ကွက်လပ်တွေအတွက် အဖေနဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက မင်းကို အပြည့်အဝ ထောက်ပံ့ပေးမယ်...""ကျေးဇူးတင်ပါတယ် အဖေ..."ခုံးဝူတောက်က ကျေးဇူးတင်ကြောင်း ပြသရန် သူ၏ လက်များကို ပူးဆုပ်လိုက်၏။တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသားထဲတွင် မျှော်လင့်ချက်တချို့ကို သူ ခံစားလိုက်ရသည်။အချိန်မြစ်ရှည်ကြီးထဲတွင် ပုန်းအောင်းနေသော ဤ ရှေးဟောင်း အင်အားစုများ... ထိုတာအိုအမွေအနှစ်မြေတစ်ခုစီတွင် ရှည်လျားသော အမွေအနှစ်များနှင့် နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိကြသည်။သူတို့ထံတွင် ထိပ်တန်း အမွေဆက်ခံသူ အများအပြားလည်း ရှိနေသင့်ပေ၏။ဤရှေးဟောင်း ပါရမီရှင်များသည်လည်း နှစ်ပေါင်းများစွာ အိပ်မောကျနေခဲ့ပြီး ဤနိုးထခြင်းခေတ်တွင်မှ နိုးထလာကြခြင်းဖြစ်သည်။ကောင်းကင်ကို အန်တုနိုင်သော ကြက်သွန်မြိတ်ကြီးများ ရှိနေမည်လောဟု သူ တွေးတောမိသည်။ဥပဒေသအားဖြင့် အလွန်များပြားသော ကောင်းကင်ကံကြမ္မာအမှတ်များကို ပိုင်ဆိုင်ထားသော ကြက်သွန်မြိတ်ကြီးမျိုးပင်။"ရှေးဟောင်း အင်အားစုတွေ... မင်းတို့က ငါ့ကို အရမ်း စိတ်မပျက်စေဖို့ ငါ မျှော်လင့်တယ်..."...........အချိန်များ ကုန်ဆုံးသွားခဲ့၏။ကောင်းကင်ဘုံများ၏ နယ်မြေအားလုံး ယာယီငြိမ်းချမ်းရေးသို့ ကျရောက်သွားခဲ့သည်။သို့သော် မရေမတွက်နိုင်သော ကျွမ်းကျင်သူများသည် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးတွင် လျှို့ဝှက်ရေစီးကြောင်းများ ဆူပွက်နေပြီဖြစ်ပြီး အကျပ်အတည်းများ နေရာအနှံ့အပြား၌ ရှိနေပြီ ဖြစ်ကြောင်းကို သူတို့ သိထားကြသည်။အချိန်မြစ်ရှည်ကြီးထဲတွင် ပျောက်ဆုံးသွားသော ရှေးဟောင်းအင်အားစု အများအပြားသည်လည်း တစ်ခုပြီးတစ်ခု နိုးထလာခဲ့ကြလေပြီ။နိုးထခြင်းခေတ်တစ်ခုလုံး၏ တာအိုဥပဒေသသည် ထိုခေတ်ကာလ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။ဤအရာက တစ်စုံတစ်ခုကို ဆိုလိုနေခြင်းပင်။ယနေ့မှစ၍ မဟာဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ထွက်ပေါ်လာပြီး လှုပ်ရှားမည်ဆိုလျှင်ပင် သူတို့သည် မဟာတာအိုထံမှ မည်သည့်တန်ပြန်သက်ရောက်မှုကိုမျှ ခံရတော့မည် မဟုတ်ချေ။ရှေးဟောင်းပါရမီရှင်များ တစထက်တစ ပို၍ထွက်ပေါ်လာကာ ကောင်းကင်ဘုံများ နိုးထခြင်းခေတ်သည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပေမည်။တစ်ချိန်တည်းမှာပင်...အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာတွင်...မဟာတာအို နတ်ဘုရား အရင်းအမြစ်တွင် အိပ်မောကျနေခဲ့သော ရှေးဟောင်းဘိုးဘေး အများအပြားသည် ယခုအချိန်၌ တစ်ယောက်ပြီးတစ်ယောက် နိုးထလာခဲ့လေပြီ။သူတို့သည် အရေးကြီးသော ကိစ္စရပ်တချို့ကို ဆွေးနွေးနေပုံရကာ ယနေ့ ဤနေရာတွင် စုဝေးနေကြ၏။"ကောင်းကင်ဘုံတွေက နယ်မြေအသီးသီးရဲ့ ကြီးမားတဲ့ နိုးထမှုက ငါတို့ စိတ်ကူးထားတာထက် ပိုမြန်တယ်..."ဘိုးဘေးဆယ့်ကိုး၏အသံက ပထမဆုံး ပဲ့တင်ထပ်လာသည်။"ဒီဖွံ့ဖြိုးတိုးတက်မှုအရဆိုရင်...""မိုးပြာကောင်းကင် အတားအဆီးကလည်း မကြာခင် လုံးဝပွင့်သွားလိမ့်မယ်... ပြီးတော့ ပြင်ပနယ်မြေနဲ့ ကောင်းကင်ဘုံအလွန်က ကောင်တွေကလည်း လှုပ်ရှားနေလောက်ပြီ...""သူတို့က ရေမြောင်းထဲက ကြွက်တစ်စု သက်သက်ပဲလေ... ဘာလို့ ဂရုစိုက်နေရမှာလဲ..."တခြားရှေးဟောင်းဘိုးဘေးတစ်ဦးက မထီမဲ့မြင်ပြုသောလေသံဖြင့် ပြောလိုက်သည်။"ငါတို့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက မူလဘူတခေတ်ကနေ ဆင်းသက်လာပြီးတော့ ကမ္ဘာဦးခေတ်ကနေ စတင်တည်ထောင်ခဲ့တာ... ယနေ့ခေတ် လောကကြီးကလူတွေကို ငါတို့က ဘာလို့ ကြောက်ရမှာလဲ...""တကယ်လို့ အဲ့ဒီအမြင်ကျဥ်းတဲ့ ကောင်တွေက ငါတို့အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ လမ်းကြောင်းကို ပိတ်ဆို့ချင်တယ်... ခုံးဝူတောက်ရဲ့ လမ်းကြောင်းကို ပိတ်ဆို့ချင်တယ်ဆိုရင်... သူတို့အားလုံးကို ဖျက်ဆီးလိုက်ရုံပဲ...""ဒါ့ပြင် ခုံးဝူတောက်ရဲ့ လမ်းကြောင်းက ဒီ ကောင်းကင်ဘုံတွေက နယ်မြေအသီးသီးထက် အများကြီး ကျော်လွန်နေတယ်... သူ့ရဲ့လမ်းကြောင်းက ပိုပြီးမြင့်မားတဲ့ ကမ္ဘာတစ်ခုမှာပဲ...""လက်ရှိအချိန်မှာ နယ်နိမိတ်ပင်လယ်နဲ့ မိုးပြာကောင်းကင် အတားအဆီးနှစ်ခုလုံးကို ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ကျွမ်းကျင်သူတွေက စောင့်ကြပ်ပြီး ဖိနှိပ်ထားတယ်ဆိုတော့... သူတို့က ပြဿနာ အများကြီး ရှာနိုင်မှာ မဟုတ်ဘူး...""ခုံးဝူတောက်အပေါ် ဖိအားတွေ အများကြီးပေးဖို့လည်း ငါတို့အတွက် မလိုပါဘူး... သူ့ရဲ့ ကိုယ်ပိုင်စည်းချက်အတိုင်း သူ့ကို သွားခွင့်ပြုလိုက်ပါ..."မည်သို့ပင်ဆိုစေကာမူ သူတို့သည် တခြား ရှေးဟောင်းမဟာဘိုးဘေးများနှင့် ဘိုးဘေးများနည်းတူ အင်မော်တယ်နယ်မြေသို့ ပြန်မသွားခဲ့ကြချေ။ခုံးဝူတောက်ကို ပို၍ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန်အတွက် သူတို့သည် ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးတွင် ယာယီနေထိုင်ခဲ့ခြင်း ဖြစ်ပေ၏။ သူတို့၏ အစီအစဉ်များအားလုံး ခုံးဝူတောက်ကို ဗဟိုပြုနေသည်။သူတို့ စကားပြောဆိုနေစဉ် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ရှေးဟောင်းဘိုးဘေး အများအပြား၏မျက်လုံးအကြည့်များသည် အချိန်လေဟာနယ် နတ်ဘုရားခန်းမဆီသို့ ကျရောက်သွားသည်။ထိုနေရာတွင် ထူသိပ်သည်းသော ရုပ်ခန္ဓာကိုယ် ဥပဒေသ ချီစွမ်းအားသည် သရုပ်သကန်ထင်ဟပ်လာပုံရသည်။ထိုချီစွမ်းအားသည် မူလဘူတခေတ်မှ ကမ္ဘာဦးစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး မဟာတာအို ပုံရိပ်ယောင် ထောင်ပေါင်းများစွာက ထိုအရာထဲတွင် အဆက်မပြတ် လွင့်မျောပြီး စုစည်းနေသည့်အလားပင်။ခုံးဝူတောက်၏ခွန်အားသည် နောက်တစ်ကြိမ် ချိုးဖျက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး သူတော်စင်နယ်ပယ်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း သိသာရှင်းလင်းနေသည်။..........

All Chapters