အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း (၁၉၇) နတ်ဘုရားများကို မြှုပ်နှံ့ခြင်း အင်မော်တယ် နည်းစနစ်...အလျှို့ဝှက်ဆုံး တားမြစ်နယ်မြေ
အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ အချိန်လေဟာနယ် နတ်ဘုရားခန်းမ၌...ကြီးမားကျယ်ပြန့်သော အချိန်လေဟာနယ် စွမ်းအားဖြင့် ရစ်ပတ်ထားသည့် ကြွယ်ဝသော တာအိုညှို့ဓာတ်ဥပဒေသများသည် ခုံးဝူတောက်၏ ခန္ဓာကိုယ်ထဲသို့ တသွင်သွင် စီးဆင်းနေသော အင်မော်တယ်စမ်းရေများအလား စနစ်တကျ စီးဆင်းဝင်ရောက်နေသည်။မရေမတွက်နိုင်သော ဥပဒေသများ၏ ရောင်ပြန်ဟပ်မှုအောက်တွင်....သူ၏ခန္ဓာကိုယ်သည် တောက်ပစွာ လင်းလက်နေပြီး ထူးကဲ သန့်စင်နေကာ သူ၏ နက်နဲသော ဟန်ပန်ဖြင့် လောကကြီးကို လင်းထိန်နေစေခဲ့သည်။ဤကာလအတွင်း သူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် ကျင့်ကြံနေခဲ့ခြင်း ဖြစ်ပေ၏။ထိုကြောင့် ပြင်ပလောက၏ အပြောင်းအလဲများကို သူ မသိခဲ့ချေ။သေချာသည်မှာ အချိန်အကြာဆုံး အိပ်စက်ခဲ့ပြီး အငယ်ဆုံး ဖြစ်သည့် ရှေးဟောင်းပါရမီရှင်တစ်ဦးအနေဖြင့်...သူ၏ကျင့်ကြံခြင်းသည် မရေမတွက်နိုင်သော တခြားသူများထက် ကျော်လွန်နေလေပြီ။သူသည် ယခုအချိန်၌ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိနေသည်။ မူလက သူသည် သူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် အခွင့်အရေး ရရှိခဲ့သည်။သို့သော် သူ၏အဆင့်ချိုးဖျက်မှုတွင် လျှင်မြန်သော အရှိန် ရှိနေခြင်းအပြင် တခြားအစီအစဉ်များကြောင့် သူသည် သူ၏နယ်ပယ်ကို ဆက်လက်၍ ခိုင်မာစေရန်သာ ရွေးချယ်ခဲ့၏။အချိန်အတော်ကြာပြီးနောက်...ခုံးဝူတောက်က ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။သူ၏နတ်ဘုရားစိတ်ဝိညာဉ် အနည်းငယ် လှုပ်ရှားမှုနှင့်အတူ...စနစ်မျက်နှာပြင် ရုတ်တရက် ထွက်ပေါ်လာသည်။ခုံးဝူတောက်သည် ထိုအရာကို ပေါ့ပေါ့ပါးပါး စစ်ဆေးကြည့်ရှုပြီးနောက် သူ၏အကြည့်သည် ကောင်းကင်ကံကြမ္မာအမှတ် စာမျက်နှာပေါ်သို့ လျှင်မြန်စွာ ကျရောက်သွားပေ၏။"ရမှတ် ၇၆၅၀၀..."အစောပိုင်းက စနစ် ပြောဆိုခဲ့သည့် စကားများအရ...မဟာတာအိုတစ်ခုစီကို အမဲလိုက်ရာတွင် တိုးတက်မှုကို အမှတ် ၁၀၀၀၀၀အထိ မြှင့်တင်ပြီးနောက်...ထိုမဟာတာအိုမှ မူလဘူတစွမ်းအား၏ အစိတ်အပိုင်း တစ်ခုအပြင် မဟာတာအို နတ်ဘုရားစွမ်းရည် အမွေအနှစ်တချို့ကိုလည်း သူ ရရှိပေလိမ့်မည်။ယခင်က ကောင်းကင်ဘုံများအားလုံးတွင် အမဲလိုက်မှု ခရီးစဉ် အများအပြားကို ပြီးဆုံးပြီးနောက်...မဟာတာအိုအများအပြား၏ အမဲလိုက်မှု တိုးတက်မှုသည် သောင်းနှင့်ချီသော အမှတ်များသို့ အောင်မြင်စွာ ရောက်ရှိခဲ့လေပြီ။"ဒီကောင်းကင်ကံကြမ္မာအမှတ် ၇၀၀၀၀ကျော်ကို သုံးပြီး မဟာတာအိုနှစ်ခု ဒါမှမဟုတ် သုံးခုရဲ့ အမဲလိုက်မှု တိုးတက်မှုကို အမှတ် ၁၀၀၀၀၀အထိ အရင်မြှင့်တင်လိုက်ရမလား...""သခင်... မဟာတာအို မူလဘူတက ထူးခြားပါတယ်... စုပ်ယူတဲ့သူရဲ့ နယ်ပယ် မြင့်မားလေလေ အကျိုးကျေးဇူးတွေက ပိုပြီးကြီးမားလေပါပဲ...""သခင်က သူတော်စင်နယ်ပယ်ကို ကျင့်ကြံခြင်း ဖောက်ထွက်မှု ပြီးသွားမှ ဒီလိုကိစ္စမျိုးကို လုပ်ဖို့ ဒီစနစ်က အကြံပြုပါတယ်... ဒါမှ အကျိုးကျေးဇူးတွေကို အများဆုံး ရရှိနိုင်မှာပါ..."အချိန်တခဏကြာ စဉ်းစားပြီးနောက် ခုံးဝူတောက်သည် ထိုအကြံပြုချက်ကို သဘောတူလိုက်၏။မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအချိန်၌ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုးတွင် ရှိနေပြီး မကြာမီ သူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်တော့ပေမည်။အချိန်အနည်းငယ် နှောင့်နှေးခြင်းက သူ့အတွက် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာမည် မဟုတ်ချေ။ထို့နောက် ခုံးဝူတောက်၏စိတ် လှုပ်ရှားသွားပြီး ယနေ့၌ ကောင်းကင်ဘုံတခွင် အမဲလိုက်မှု ခရီးစဉ် ဆယ်ကြိမ်ကို စတင်ရန် ဆုံးဖြတ်လိုက်၏။သူ တံခါးပိတ် ကျင့်ကြံနေစဉ်အတွင်း သူသည် ကောင်းကင်ဘုံများတခွင် အမဲလိုက်မှုဆယ်ကြိမ် ခရီးစဉ်နှစ်ခုကို ဆက်တိုက်အသုံးပြုခဲ့သည်။သူ အမဲလိုက်ခဲ့သော အထူးဆုလာဘ်များသည် အခြေခံအားဖြင့် မဟာတာအိုအပိုင်းအစတချို့နှင့် ကောင်းကင်နှင့်မြေကြီး ရတနာအမျိုးမျိုးပင်။ထိုအရာများသည် သူ့အတွက် အနည်းငယ် အသုံးဝင်သော်လည် အကျိုးသက်ရောက်မှုမှာမူ သိပ်မကြီးမားလှချေ။"ကောင်းကင်ဘုံတွေကို အမဲလိုက်နေပါတယ်... ကောင်းကင်ဘုံတခွင် အမဲလိုက်ခြင်း အောင်မြင်ပါတယ်""ဆုလာဘ်တွေကို အောင်မြင်စွာ ရရှိသွားတဲ့အတွက် သခင်ကို ဂုဏ်ပြုပါတယ်..အသက်စွမ်းအင် မဟာတာအို အပိုင်းအစ ၂၃၀၀""သတ်ဖြတ်ခြင်း မဟာတာအို အပိုင်းအစ ၃၄၀၀""ရှေးဟောင်း ခွန်ပန်ဥ ၆လုံး""ကောင်းကင်ကံကြမ္မာဗီလိန်၏ ကိုယ်ပိုင်ကျင့်ကြံခြင်း... တစ်လစာစွမ်းအား"........"အထူး ဆုလာဘ်ကို ရရှိသွားတဲ့အတွက် သခင်ကို ဂုဏ်ပြုပါတယ်.. နတ်ဘုရားများကို မြှုပ်နှံ့ခြင်း အင်မော်တယ် နည်းစနစ် (အောက်ပိုင်း)"စနစ်၏ကြေညာချက်ကို နားထောင်ရင်း ခုံးဝူတောက် အနည်းငယ် မှင်သက်သွားတော့သည်။နတ်ဘုရားများကို မြှုပ်နှံ့ခြင်း အင်မော်တယ်နည်းစနစ်ဟု ဆိုသလော..မည်သည်ကြောင့် ဤနာမည်ကို ဤမျှထိ ရင်းနှီးနေရသနည်းဟု သူ တွေးတောလိုက်သည်။ခုံးဝူတောက်၏နတ်ဘုရားစိတ်ဝိညာဉ် အနည်းငယ် လှုပ်ရှားသွားပြီး ထိုနည်းစနစ်၏ အသေးစိတ်မိတ်ဆက်ကို သူ စစ်ဆေးလိုက်၏။"နတ်ဘုရားများကို မြှုပ်နှံ့ခြင်း အင်မော်တယ်နည်းစနစ်... ကျင့်ကြံခြင်းသည် ကောင်းကင်သို့ ရောက်ရှိပြီး လောကကို ကျော်လွန်သွားသော ကမ္ဘာဦး ခေတ်မှ အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ခုက သူ၏ တစ်သက်တာ သင်ယူမှု အားလုံးကို အသုံးပြု၍ ဖန်တီးခဲ့သည်... ဤနတ်ဘုရားစွမ်းရည်ကို အစွန်းစွန်ဆုံးအထိ ကျင့်ကြံပြီးချိန်၌ အတွေးတစ်ချက်တည်းက ကောင်းကင်နှင့်မြေကြီးကို မြှုပ်နှံ့နိုင်ပြီး အတွေးတစ်ချက်တည်းက နတ်ဘုရားများနှင့်နတ်မိစ္ဆာများကို မြှုပ်နှံ့နိုင်ကာ အတွေးတစ်ချက်တည်းက ထာဝရကာလ တစ်ခုလုံးကို မြှုပ်နှံ့နိုင်သည်... ထိုအရာသည် အင်မော်တယ်မြှုပ်နှံ့ခြင်း တားမြစ်နယ်မြေ၏ အမွေအနှစ်ဖြစ်သော မူလဘူတ နတ်ဘုရားစွမ်းရည်ပင်..သို့သော် အတိတ်က အမည်မသိ ဖရိုဖရဲဖြစ်မှုတစ်ခုကြောင့် နတ်ဘုရားများကို မြှုပ်နှံ့ခြင်း အင်မော်တယ် နည်းစနစ်သည် လုံးလုံးလျားလျား ပျောက်ဆုံးသွားပြီး အချိန်မြစ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်"ခုံးဝူတောက်က တခြားစနစ်မိတ်ဆက်များကို လုံးလုံးလျားလျား လျစ်လျူရှုလိုက်သည်။သူ၏ အကြည့်သည် "အင်မော်တယ် မြှုပ်နှံ့ခြင်း တားမြစ်နယ်မြေ" ဟူသော စာလုံးများအပေါ် စူးစိုက်နေခဲ့သည်။အင်မော်တယ် မြှုပ်နှံ့ခြင်း တားမြစ်နယ်မြေ...သူ မှတ်မိသည်မှာ မှန်ကန်မည်ဆိုလျှင်...ထိုအရာသည် အတိတ်တွင် သူတို့၏ အချိန်လေဟာနယ် တားမြစ်နယ်မြေကဲ့သို့ နာမည်ကျော်ကြီးသော နောက်ထပ် ထိပ်သီးတားမြစ်နယ်မြေတစ်ခုပင်။ထို့ပြင် သူတို့အားလုံးသည် တားမြစ်နယ်မြေဆယ့်ခြောက်ခုစာရင်းတွင် ရှိနေသော်လည်း...တခြားတားမြစ်နယ်မြေများသည် အင်မော်တယ် မြှုပ်နှံ့ခြင်း တားမြစ်နယ်မြေအကြောင်းကို သိပ်မသိကြချေ။သူတို့သည် သူတို့၏သွားလာလှုပ်ရှားမှုများကို အမြဲတစေ အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားကြသဖြင့် သူတို့၏ တိကျသော တည်နေရာကို မည်သူမျှ မသိကြချေ။ထိုအချိန်က တားမြစ်နယ်မြေဆယ့်ခြောက်ခုအနက် ထိုနေရာသည် အလျှို့ဝှက်ဆုံး ထိပ်သီးတားမြစ်နယ်မြေလည်း ဖြစ်ခဲ့ပေ၏။"စနစ်... ကောင်းကင်ဘုံတခွင် အမဲလိုက်ခြင်းက ဘာလို့ အင်မော်တယ် မြှုပ်နှံ့ခြင်း တားမြစ်နယ်မြေနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို အမဲလိုက်နိုင်ရတာလဲ...""ဒီအင်မော်တယ်နည်းစနစ်က ယုတ္တိရှိရှိပြောရရင် နှစ်ကာလတွေထဲမှာ ပျောက်ဆုံးပြီး ပျက်စီးသွားသင့်တယ်... နောက်ထပ် ဘယ်တော့မှ ထပ်မတွေ့နိုင်တော့ဘူး မဟုတ်လား...""ဘာလို့ အခု ကောင်းကင်ဘုံတခွင် အမဲလိုက်ခြင်းက အဲ့ဒါကို ပြန်ထုတ်ပေးတာလဲ...""သခင်ကို ပြန်ဖြေရရင်... ဒီစနစ်ရဲ့ ကောင်းကင်ဘုံတတခွင် အမဲလိုက်ခြင်း လုပ်ဆောင်ချက်ကို စနစ်ရဲ့ အဓိကနတ်ဘုရားကိုယ်တိုင် ဖန်တီးခဲ့တာပါ...""စနစ်ရဲ့ အဓိက နတ်ဘုရားက အရာအားလုံးကို စွမ်းဆောင်နိုင်တယ်... အချိန်နဲ့ နှစ်ကာလတွေကိုတောင် အလိုရှိသလို တည်ဆောက်လို့ ရတယ်...""ဒီလို ပျောက်ဆုံးသွားတဲ့ ပစ္စည်းမျိုး ဖြစ်နေရင်တောင်... စနစ်ရဲ့ အဓိက နတ်ဘုရားက အလိုရှိသရွေ့... အဲ့ဒါကို ပြန်တည်ဆောက်ဖို့ဆိုတာ လုံးဝဖြစ်နိုင်တယ်..."စနစ်က ခုံးဝူတောက်အား ဤမျှထိ အများအပြား ပြောပြနိုင်ခြင်းမှာ ချွင်းချက်တစ်ခုဟုပင် သတ်မှတ်၍ ရနိုင်သည်။မည်သို့ပင်ဆိုစေကာမူ မည်သည့်စနစ်က သူ့၏ အဓိက နတ်ဘုရားနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အထူးတလည် မိတ်ဆက်ပေးမည်နည်း။ဤအချက်အလက်များကို ဖော်ထုတ်ရန် စနစ်က ရဲတင်းရသည့် အကြောင်းရင်းမှာ အမှန်အားဖြင့် စနစ်၏ အဓိက နတ်ဘုရားသည် ခုံးဝူတောက်အပေါ် "ဘက်လိုက်မှုနှင့် အလိုလိုက်မှု" ရှိနေကြောင်းကို စနစ်ကိုယ်တိုင်လည်း ရှင်းလင်းစွာ သိမြင်နိုင်သောကြောင့်ပင်။ဥပမာအားဖြင့် ကဏဦး အနက်ရောင်ပြောင်းလဲခြင်း အဆင့်မြှင့်တင်မှု...ထိုကိစ္စသည် အမှန်အားဖြင့် စနစ်၏ အဓိက နတ်ဘုရားထံမှ တိတ်တဆိတ် သဘောတူညီချက်ကို ရရှိထားခဲ့သည်။မဟုတ်လျှင် စနစ်သည် မည်သည့်နေရာမှ ဤမျှထိများပြားသော ရန်ပုံငွေများကို ရရှိမည်နည်း.."ဒါဆိုရင် အဲ့ဒီလိုကိုး..."စနစ်သည် များစွာပြန်မဖြေခဲ့ဘဲ အချက်အလက်တချို့ကို တမင်သက်သက် ဖုံးကွယ်ထားလျှင်ပင် ခုံးဝူတောက်သည် ပုံမှန်မဟုတ်သော တစ်စုံတစ်ခုကို ဝိုးတဝါး ခန့်မှန်းမိခဲ့သည်။ပထမဆုံးအနေဖြင့် သူသည် မျိုးနွယ်စုအမြစ်ပြတ်ခြင်း တားမြစ်နယ်မြေ၏ နတ်မိစ္ဆာသခင်သာလျှင် ပိုင်ဆိုင်သော ကောင်းကင်ဝါးမြိုခြင်း နတ်မိစ္ဆာသွေးကြောကို အောင်မြင်စွာ နိုးထနိုင်ခဲ့သည်။နောက်ဆုံးတွင် သူသည် ရှင်းပြ၍မရနိုင်လောက်အောင်ပင် အင်မော်တယ် မြှုပ်နှံ့ခြင်း တားမြစ်နယ်မြေ၏ အမွေအနှစ်ကျင့်စဉ်ဖြစ်သော နတ်ဘုရားများကို မြှုပ်နှံ့ခြင်း အင်မော်တယ်နည်းစနစ်ကို ရရှိခဲ့လေ၏။ယခင် အဖြစ်အပျက်များအားလုံးကို ပေါင်းစပ်လိုက်ချိန်၌...လျှို့ဝှက်အင်အားစုတစ်ခု လှုပ်ရှားနေသည်ဟု သူ အမြဲတစေ ခံစားခဲ့ရသည်။ထိုအရာက သူ့ကို တခြားတားမြစ်နယ်မြေ တည်ရှိမှုများနှင့် အပြန်အလှန် ဆက်သွယ်မှုနှင့် ဆက်စပ်မှု တစ်ခုခု ရှိစေချင်ပုံပေါ်ပြီး ထိုအရာမှတစ်ဆင့် ရလဒ် တစ်ခုခုကို အပြီးသတ်ရန် သူ့ကို ကူညီပေးနေပုံရသည်။သူ၏စိတ်နှလုံးသားထဲတွင် သံသယများ ရှိနေသော်လည်း...ခုံးဝူတောက်သည် ထိုအရာကို အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိခဲ့ချေ။သူ၏ ရှေးဟောင်းဘိုးဘေးအများအပြားမှ ကောင်းချီးများအပြင် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ သူ၏ ဝေးကွာသော ဘိုးဘေးများ၏ နတ်ဘုရားစိတ်ဝိညာဉ်များနှင့်အတူ...စနစ်၏ ခြယ်လှယ်မှုကို ခံရမည်အား သူ စိုးရိမ်ရန် မလိုချေ....အကယ်၍ တစ်ခုခု မှားယွင်းနေကြောင်း သို့မဟုတ် သူ့အတွက် အကျိုးမရှိကြောင်း သူ ခံစားရပါက....ထို့နောက် သူသည် စနစ်ကို တိုက်ရိုက် ဖျက်ဆီးပစ်ရန် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ သူ၏ ရှေးဟောင်းဘိုးဘေးများကို ရိုးရှင်းစွာ တောင်းဆိုနိုင်သည်။တစ်ချိန်တည်းမှာပင်...စနစ်သည် ခုံးဝူတောက်၏ အတွေးများကို အာရုံခံမိပုံရပြီး နှလုံးကွဲလုမတတ် ခံစားလိုက်ရ၏။သောက်ကျိုးနည်း...စနစ်သည် သခင့်ကို စိတ်ထဲတွင် ထားရှိသော်လည်း...သူ၏သခင်က သူ့ကို မြောင်းထဲသို့ ကန်ချချင်နေဆဲပင်။မည်သည်ကြောင့် ဤမျှထိ ချောမောခန့်ညားသော လူတစ်ယောက်ထံတွင် ဤသို့သော မကောင်းဆိုးဝါးဆန်သည့် အတွေးများ ရှိနေနိုင်ရသနည်း...ခုံးဝူတောက် ရရှိခဲ့သော နတ်ဘုရားများကို မြှုပ်နှံ့ခြင်း အင်မော်တယ် နည်းစနစ်သည် အောက်ပိုင်းသာ ဖြစ်သော်လည်း..သူ၏နားလည်နိုင်စွမ်းသည် ကောင်းကင်ကို အန်တုနိုင်နေလေပြီ။သူ သင်ယူရန် စိတ်ပိုင်းဖြတ်ထားသရွေ့ ထိပ်တန်း ကျင့်စဉ် နတ်ဘုရားစွမ်းရည်အမျိုးမျိုးကို သူ လျှင်မြန်စွာ ဆုပ်ကိုင်နိုင်သည်။နတ်ဘုရားများကို မြှုပ်နှံ့ခြင်း အင်မော်တယ်နည်းစနစ်၏ အထက်ပိုင်း ပျောက်ဆုံးနေလျှင်ပင်...သူ၏ ပုံမှန်မဟုတ်လုနီးပါးဖြစ်သော နားလည်နိုင်စွမ်း မှတဆင့် နတ်ဘုရားများကို မြှုပ်နှံ့ခြင်း အင်မော်တယ်နည်းစနစ်တွင် အခြေခံအဆင့်တစ်ခုကို သူ ရရှိနိုင်ဆဲပင်။ကြောက်မက်ဖွယ်ကောင်းသော ဥပဒေသတာအိုညှို့ဓာတ်သည် ကျယ်ပြန့်သော သမုဒ္ဒရာတစ်ခုကဲ့သို့ ဆူပွက်လာပြီး ခုံးဝူတောက်၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားပေ၏။တားမြစ်စွမ်းအား အမျိုးမျိုးကို ပိုင်ဆိုင်ထားပြီးဖြစ်သော ခုံးဝူတောက်သည်...ယခုအချိန်၌ သူသည် နတ်ဘုရားများကို မြှုပ်နှံ့ခြင်း အင်မော်တယ်နည်းစနစ်ကို နားလည်သဘောပေါက်သွားပြီဖြစ်ရာ သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် နောက်တစ်ကြိမ် ကြီးမားစွာ တိုးတက်လာခဲ့လေပြီ။အချိန်တခဏကြာပြီးနောက် ခုံးဝူတောက်က သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။လောကရှိ နတ်ဘုရားများ အားလုံးကို မြှုပ်နှံ့ပစ်နိုင်ပုံရသော သူ့ကို ရစ်ပတ်နေသည့် အရှိန်အဝါသည် ဒီရေတစ်ခုအလား ဆုတ်ခွာသွားပြီး တိတ်ဆိတ်ခြင်းသို့ လုံးလုံးလျားလျား ပြန်လည်ရောက်ရှိသွားတော့သည်။"ဒါက အင်မော်တယ် မြှုပ်နှံ့ခြင်း တားမြစ်နယ်မြေကလူတွေပဲ ကျွမ်းကျင်နိုင်တဲ့ အထူး ဥပဒေသ စွမ်းအားလား..."ခုံးဝူတောက်က သူ၏လက်ဝါးကို ဖြည်းညှင်းစွာ ဖြန့်လိုက်သည်။ မြေအောက်ကမ္ဘာ မီးတောက်တစ်ခုကဲ့သို့ ဖြစ်သော်လည်း စီးဆင်းနေသော အနက်ရောင် ရေနှင့်လည်းတူသည့် အရာတစ်စုသည် ဖြည်းညှင်းစွာ ဆူပွက်လာပြီး သူ၏လက်ဝါးထဲတွင် လွင့်မျောနေပေ၏။ဤစွမ်းအားကို ဖော်ပြရန် မည်သည့် စကားလုံးများကို အသုံးပြုရမည်အား သူ မသိခဲ့ချေ။သူ ပြောရမည်ဆိုလျှင် ဤစွမ်းအားသည် ဤကမ္ဘာနှင့် မသက်ဆိုင်ပုံရသည်။ထိုအရာ၏တည်ရှိမှုသည် တခြားတည်ရှိမှု အမျိုးအစားတစ်ခုဖြစ်ပြီး မရေမတွက်နိုင်သော စည်းမျဥ်းများထက် ကျော်လွန်နေသည်။ထိုအရာသည် ဟင်းလင်းပြင် ပျက်စီးခြင်းနှင့် တူညီသော်လည်း ထိုအရာ၏အနှစ်သာရမှာ ကွဲပြားခြားနားသည်။ခုံးဝူတောက်က ရယ်မောပြီး ခေါင်းခါယမ်းလိုက်၏။"နှမြောစရာပဲ... ငါက ပုံစံငယ်တစ်ခုကိုပဲ ဆုပ်ကိုင်ထားနိုင်သေးတယ်..."ဤမြင်ကွင်းကို အပြည့်အဝ မျက်မြင်တွေ့ရှိခွင့် ရခဲ့သော စနစ်သည် လုံးလုံးလျားလျား တိတ်ဆိတ်သွားတော့သည်။အိုး ဘုရားရေ...သခင်သည် အမှန်တကယ်ကို နှိမ့်ချကာ ကြွားဝါနေခြင်းပင်။ဤကျင့်စဉ်ထဲတွင် ပါဝင်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက စနစ်ကိုပင် ကြောက်ရွံ့မှုများ ကျန်ရစ်စေခဲ့သည်။ထိုအထဲတွင် စနစ်၏အဓိကနတ်ဘုရားမှ အရှိန်အဝါ အရိပ်အယောင်လေးပင် ပါဝင်နေသကဲ့သို့ ဖြစ်နေသည်။စနစ်ကိုယ်တိုင်ပင် ထိုအရာကို လုံးလုံးလျားလျား ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိချေ။သို့သော် သူ၏သခင်က ဤကျင့်စဉ်၏ အထက်ပိုင်းကို ကျော်ဖြတ်ပြီး အောက်ပိုင်းမှတစ်ဆင့် ဤစွမ်းအားကို တိုက်ရိုက်ကျွမ်းကျင်သွားခြင်းပင်။ဤစွမ်းအားသည် သန္ဓေသားအဆင့်တွင်သာ ရှိသေးလျှင်ပင် သူ့သခင်၏ နားလည်နိုင်စွမ်းက ကောင်းကင်ဘုံမျာအားလုံးတွင် အကောင်းဆုံးဟု သတ်မှတ်၍ ရနိုင်သည်။ယခင်က သူ၏သခင်သည် သူ့ကို ဤမျှထိ မထီမဲ့မြင်ပြုခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။အနာဂတ်တွင် စနစ်သာ အခွင့်အရေး ရခဲ့လျှင်...စနစ်အသိုင်းအဝိုင်းထဲတွင် သူ၏သခင်အကြောင်းကို တိုက်ရိုက် ကြွားဝါ၍ ရပေမည်။