အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း (၁၉၈) နယ်နိမိတ်ပင်လယ်၏ အပြောင်းအလဲများ....ကိုယ်ပိုင်နည်းဗျူဟာရှိသည့် ဧကရီ
တစ်ချိန်တည်းမှာပင် ခုံးဝူတောက်သည် သူ၏ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ခွာရန် ဟန်ပြင်နေစဉ် လောကီနှင့်ကင်းကွာသော အမျိုးသမီးအသံတစ်သံက သူ၏နတ်ဘုရားစိတ်အာရုံမှတဆင့် သူ၏စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာသည်။"နတ်ဘုရားသားတော်အရှင်... ကျွန်မ မကြာသေးခင်ကမှ ကျွန်မရဲ့ အရင်ဘဝက မှတ်ဉာဏ်တချို့ကို ပြန်ရခဲ့တယ်...""သုံးလလောက်အကြာမှာ နယ်နိမိတ် ပင်လယ်ဒေသရဲ့ အစိတ်အပိုင်းတစ်ခုက ခန်းခြောက်သွားပြီးတော့ အဲ့ဒီအထဲမှာ ပျောက်ဆုံးနေတဲ့ ကမ္ဘာတစ်ခုဆီကို ဝင်ပေါက်တစ်ခု ထွက်ပေါ်လာလိမ့်မယ်..."ဤစကားကို ကြားချိန်၌ ခုံးဝူတောက်က သူ၏မျက်ခုံးတစ်ဖက်ကို အနည်းငယ်ပင့်လိုက်၏။နယ်နိမိတ်ပင်လယ်ဒေသက အမှန်တကယ်ကို ခန်းခြောက်သွားမည်လောဟု သူ တွေးတောလိုက်မိသည်။နယ်နိမိတ်ပင်လယ်ဒေသ၏ ဖွဲ့စည်းမှုသည် အလွန် ထူးခြားပေ၏။ထိုအရာ၏နာမည်က ညွှန်ပြနေသကဲ့သို့ မရေမတွက်နိုင်သော ပင်လယ်ရေများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ချေ။ထိုအစား နယ်နိမိတ်ပင်လယ်ဒေသကို ဖွဲ့စည်းထားသောအရာမှာ စိတ်ဝိညာဉ်အရင်းအမြစ်အရည်ဟုခေါ်သော အထူးဥပဒေသ အရာတစ်ခုပင်။စိတ်ဝိညာဉ် အရင်းအမြစ်အရည်သည် ကောင်းကင်ဘုံများရှိ သက်ရှိအားလုံး၏ စိတ်ဝိညာဉ် အရင်းအမြစ်အဖြစ်လည်း နားလည်နိုင်သည်။သာမန်လူများ နားလည်လွယ်သော စကားဖြင့် ပြောရလျှင် ထိုအရာသည် လူတစ်ဦး သေဆုံးပြီးနောက် ထွက်ပေါ်လာသော စိတ်ဝိညာဉ်ပင်။မရေမတွက်နိုင်သော ခေတ်ကာလများအပြားက ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲဖြစ်မှုအတွင်း၌ တားမြစ်နယ်မြေ ဆယ့်ခြောက်ခုက ဦးဆောင်သော မရေမတွက်နိုင်သည့် စွမ်းအားကြီးမားသော အင်အားစု ကောင်းကင်ဘုံများရှိ ကြီးမားသော ဖရိုဖရဲတိုက်ပွဲကြီး တစ်ခုတွင် ပါဝင်ခဲ့ကြ၏။ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြောင့် မရေမတွက်နိုင်သော သက်ရှိများ ထိခိုက်ခဲ့ရပြီး နောက်ဆုံးတွင် သေဆုံးကာ သူတို့၏တာအို ငြိမ်းသတ်ခံခဲ့ရသည်။သို့သော် ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြောင့် မဟာတာအို သုံးထောင်သည်လည်း ပြိုကွဲပျက်စီးသွားခဲ့သည်။ပြန်လည်ဝင်စားခြင်း မဟာတာအို၊ ယင်ယန် မဟာတာအို၊ အသက်စွမ်းအင် မဟာတာအိုနှင့် ပြန်လည်ဝင်စားခြင်းနှင့် ဆက်စပ်နေသော တခြားမဟာတာအို အသီးသီးသည် တစ်ခုပြီးတစ်ခု ကျိုးပဲ့ပျက်စီးသွားပေ၏။ဤတိုက်ပွဲ၌ သေဆုံးသွားသော မရေမတွက်နိုင်သည့် သက်ရှိများ၏စိတ်ဝိညာဉ်များသည် ချောမွေ့စွာ ပြန်လည်မဝင်စားနိုင်ခဲ့ကြချေ။အချိန်ကြာလာသည်နှင့်အမျှ မရေမတွက်နိုင်သော နှစ်ကာလများ၏ တိတ်ဆိတ်မှု အတွင်းတွင် သူတို့၏ စိတ်ဝိညာဉ် အရင်းအမြစ်သည် စိတ်ဝိညာဉ် အရင်းအမြစ် အရည်အဖြစ်သို့ ပြောင်းလဲသွားပြီး အဆုံးမဲ့ နယ်နိမိတ် ပင်လယ်ဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ထို့ပြင် မရေမတွက်နိုင်သော သက်ရှိများ၏ စိတ်ဝိညာဉ် အရင်းအမြစ်မှ ဖွဲ့စည်းထားသော စိတ်ဝိညာဉ် အရင်းအမြစ်အရည်သည် ဒြပ်စင်ငါးပါးကို ကျော်လွန်သွားခြင်းနှင့် တူညီပြီး စည်းမျဉ်းများ၏ ကန့်သတ်ချက် လုံးဝမရှိတော့ချေ။အကယ်၍ ချူယွန်ရှီးသာ နယ်နိမိတ် ပင်လယ် ဒေသ၏ အစိတ်အပိုင်းတစ်ခု ခန်းခြောက်သွားမည်ဟု သူ့ကို ရုတ်တရက် မပြောခဲ့လျှင်...စိတ်ဝိညာဉ် အရင်းအမြစ်အရည်ဖြင့် ဖွဲ့စည်းထားသော နယ်နိမိတ်ပင်လယ်ဒေသသည် တစ်နေ့တွင် ခန်းခြောက်သွားမည်ဟု မည်သူက တွေးထင်မိမည်နည်း။"ဒါဆို နယ်နိမိတ်ပင်လယ်ဒေသ ခန်းခြောက်ရတဲ့ အကြောင်းအရင်းကို မင်း သိလား..."ခုံးဝူတောက်က ချူယွန်ရှီးကို မေးမြန်းလိုက်၏။"နတ်ဘုရားသားတော်အရှင်... ကျွန်မရဲ့ အရင်ဘဝက မှတ်ဉာဏ်တွေက အရမ်းဝေဝါးနေတုန်းပဲ... တိကျတဲ့ အကြောင်းအရင်းကို ကျွန်မ မသိဘူး...""ဒါပေမယ့် သေချာတာတစ်ခုကတော့ ခန်းခြောက်သွားတဲ့ နယ်နိမိတ် ပင်လယ်ဒေသရဲ့ အစိတ်အပိုင်းက အမည်မသိ ပျောက်ဆုံးနေတဲ့ ကမ္ဘာတစ်ခုဆီ ဝင်ပေါက်တစ်ခုပဲ...""ဒီပျောက်ဆုံးနေတဲ့ ကမ္ဘာက ပြင်ပ နယ်မြေနဲ့လည်း မသက်ဆိုင်သလို... ကျွန်မတို့ ကောင်းကင်ဘုံတွေရဲ့ နယ်မြေအသီးသီးနဲ့လည်း မသက်ဆိုင်ဘူး... အဲ့ဒီနှစ်ခု ကြားမှာ တည်ရှိနေတဲ့ အသစ်စက်စက် ကမ္ဘာတစ်ခုပဲ...""အရင်ဘဝက ကျွန်မ အဲ့ဒီကမ္ဘာထဲကို မဝင်ခဲ့ဘူး... ဒါပေမယ့် အဲ့ဒီထဲကို ဝင်သွားတဲ့ ကျင့်ကြံသူတွေ အားလုံးက မူလဘူတရဲ့ လျှို့ဝှက်ချက်နဲ့ ထိတွေ့ခွင့်ရဖို့ ကံကောင်းခဲ့တယ်လို့ ပြောကြပုံရတယ်..."ဤစကားများသည် ခုံးဝူတောက်၏သိချင်စိတ်ကို ပို၍ပင် လှုံ့ဆော်သွားခဲ့သည်။ဤလောကကြီးတွင် မရေမတွက်နိုင်သော အင်အားစုများနှင့် ကွဲပြားခြားနားသော မျိုးနွယ်စု အမြောက်အများ ရှိနေသည်။သို့သော် ထိုအုပ်စုများကို ယေဘုယျအနေဖြင့် ခွဲခြားသတ်မှတ်ချင်ပါက ပြင်ပနယ်မြေနှင့် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးသာ ရှိပေမည်။သေချာသည်မှာ ဒဏ္ဍာရီလာ လောကီနှင့် ကင်းကွာသော အင်မော်တယ်နယ်မြေသည် ဆင်းသက်မလာသေးသဖြင့် ထိုအရာသည် သဘာဝကျကျ မပါဝင်ချေ။နယ်နိမိတ် ပင်လယ်ဒေသသည် ကံကြမ္မာ ကိစ္စရပ်များစွာနှင့် ပတ်သက်နေရုံသာမက ထိုနေရာ၏ ပထဝီဝင် တည်နေရာသည် ပြင်ပနယ်မြေနှင့် ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးကြားရှိ ပိုင်းခြားထားသော နယ်နမိတ်မျဉ်းလည်းဖြစ်သည်။နယ်နိမိတ်ပင်လယ်ဒေသကို စည်းတစ်ခုအဖြစ် ထားရှိ၍ ဘယ်ဘက်ခြမ်းသည် ပြင်ပနယ်မြေဖြစ်ပြီး ညာဘက်ခြမ်းသည် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးပင်။နယ်ပယ်နှစ်ခုသည် ပင်လယ်ကိုဖြတ်သန်း၍ မျက်နှာချင်းဆိုင် တည်ရှိနေကြ၏။သို့သော် ယခုအချိန်၌ ဤဧရာမကမ္ဘာနှစ်ခုကို ပိုင်းခြားထားသော နယ်နိမိတ် ပင်လယ်ဒေသအတွင်းတွင် မူလဘူတ၏ လျှို့ဝှက်ချက်ပင် ပါဝင်နေသည့် ပုန်းကွယ်နေသော ကမ္ဘာသစ်တစ်ခု အမှန်တကယ် ရှိနေသည်။ဤအရာသည် ဘာကြောင့် စိတ်ဝင်စားစရာ မကောင်းဘဲ နေမည်နည်း....မကြာမီ နောက်ထပ်မေးမြန်းမှုများမှတဆင့် ခုံးဝူတောက်သည် ချူယွန်ရှီးထံမှ ယေဘုယျ သတင်းအချက်အလက်များကိုလည်း သိရှိခဲ့ရသည်။ခန်းခြောက်နေသော နယ်နိမိတ် ပင်လယ်ဒေသ ဧရိယာသို့ ဝင်ရောက်ရန် ယီရှန်းတံဆိပ်ပြားဟုခေါ်သော တံဆိပ်ပြားတစ်ခုကို ရယူရပေမည်။ယီရှန်းတံဆိပ်ပြားသည် ဝင်ခွင့်လက်မှတ်တစ်ခုနှင့် တူပြီး ထိုအရာရှိမှသာလျှင် ထိုအမည်မသိကမ္ဘာသို့ ဝင်ရောက်နိုင်ပေမည်။ချူယွန်ရှီး၏မှတ်ဉာဏ်များအရ ယီရှန်း တံဆိပ်ပြားသည် နယ်နိမိတ် ပင်လယ်ဒေသအနီးရှိ မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေတွင် ပထမဆုံး ထွက်ပေါ်လာပေလိမ့်မည်။မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေသည်လည်း အလွန်ရှေးကျပြီး မရေမတွက်နိုင်သော ပါရမီရှင်များကို ဆွဲဆောင်နိုင်သဖြင့် ယီရှန်းတံဆိပ်ပြား ဆင်းသက်လာမှုနှင့် ပေါင်းစပ်လိုက်ချိန်တွင် ထိုနယ်မြေသည် စွမ်းအားကြီးမားသော ပါရမီရှင်များကို ထိုအရာအတွက် တိုက်ခိုက်စေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးထွက်သံယိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။အချိန်တခဏကြာသည်အထိ ချူယွန်ရှီး၏ပြောပြချက်များကို နားထောင်ပြီးနောက် ခုံးဝူတောက်၏ မျက်လုံးများတွင် နားလည်သဘောပေါက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေ၏။"ကောင်းတယ်... မင်းရဲ့ သတင်းအချက်အလက်ကို ငါ အရမ်းစိတ်ကျေနပ်တယ်...""အဲ့ဒီအချိန်ကျရင်... ဒီတစ်ကြိမ် မင်းရဲ့ စွမ်းဆောင်ရည်အတွက် ဆုကြေး တစ်ခုအနေနဲ့... ဧကရာဇ် နယ်ပယ်အတွက် လိုအပ်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တချို့ကို မင်းဆီ ပို့ပေးဖို့ ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက အကြီးအကဲကို ငါ ခိုင်းလိုက်မယ်..."ခုံးဝူတောက်၏စကားများ ကျဆင်းသွားပြီးနောက် နတ်ဘုရားစိတ်အာရုံ ဆက်သွယ်မှုသည် လျင်မြန်စွာ ပြတ်တောက်သွားပေ၏။မြက်ဖျာပေါ်တွင် ထိုင်နေသော ချူယွန်ရှီးသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် သူမ၏လှပသော မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။အမှန်အားဖြင့် သူမသည် ဤမှတ်ဉာဏ်အပိုင်းအစများကို ရုတ်တရက် ရရှိချိန်၌ သူမ၏ပထမဆုံး အတွေးမှာ ဤကြီးမားသော အခွင့်အရေးကို လက်ဝါးကြီးအုပ်ရန်ပင်။သို့သော် သူမ၏ယခင်ဘဝက ခုံးဝူတောက်၏ လွှမ်းမိုးခံရသည့် မြင်ကွင်းများကို ပြန်လည်အမှတ်ရပြီးနောက် သူမ သေချာစဉ်းစားခဲ့ပြီး ဤကိစ္စကို နာခံရို့ကျိုးစွာဖြင့် သတင်းပို့ရန် ဆုံးဖြတ်ခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ သူမသည် ခုံးဝူတောက်၏လူအဖြစ် သတ်မှတ်ခံထားရလေပြီ။ထိုကဲ့သို့ တမင်သက်သက် ဖုံးကွယ်ထားခြင်းသည် အမှန်အားဖြင့် သစ္စာဖောက်ခြင်းနှင့် များစွာမကွာခြားချေ။အကယ်၍ ခုံးဝူတောက်သာ သိရှိသွားပါက သူမသည် သေချာပေါက် မြှုပ်နှံ့ရန် နေရာမရှိဘဲ သေဆုံးရမည်ဖြစ်ပြီး သူမ၏နောက်ရှိ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းပင်လျှင် သူမနှင့်အတူ အမြစ်ပြတ်သုတ်သင်ခံရပေမည်။ထို့ပြင် ယခုအချိန်၌ ဤကိစ္စကို အောင်မြင်စွာ သတင်းပို့ပြီးပြီဖြစ်ရာ သူမသည် အကျိုးကျေးဇူး အများအပြားကိုလည်း ရရှိခဲ့လေပြီ။ဧကရာဇ်နယ်ပယ်အတွက် လိုအပ်သော ကျင့်ကြံခြင်း အရင်းအမြစ်များသည်လည်း အလွန်ရှားပါးသော ကောင်းကင်နှင့်မြေကြီး ရတနာများပင်။အင်မော်တယ်တာအိုနယ်မြေ အများအပြားအတွက်ပင် ထိုအရာများကို ရယူရန်မှာ အလွန်ခက်ခဲလှသည်။သို့သော် ခုံးဝူတောက်က သူမကို ပေါ့ပေါ့ပါးပါး ဆုချလိုက်၏။ကြည့်ရသည်မှာ ခုံးဝူတောက်ထံတွင် အညံ့ခံ၍ သူ့အတွက် အလုပ်လုပ်ပေးရသည်မှာလည်း အတော်လေး ကောင်းမွန်ပုံရသည်။တခြားတစ်ဖက်တွင် နယ်နိမိတ် ပင်လယ် ဒေသ သို့ သွားရန် ပြင်ဆင်နေသော ခုံးဝူတောက်သည် စနစ်၏ ကြေညာချက်ကို ရုတ်တရက် ကြားလိုက်ရသည်။"ဒင်... ချူယွန်ရှီးရဲ့ ယဥ်ပါးမှုအဆင့်က ၆ ရာခိုင်နှုန်း တိုးလာတာကို ထောက်လှမ်းတွေ့ရှိရတဲ့အတွက်... တစ်ဖက်လူဆီကနေ ကောင်းကင်ကံကြမ္မာအမှတ် ၇၅၀၀ကို နှုတ်ယူလိုက်ပြီး ၁၅၉၅၅၀ ကျန်ရှိနေပါတယ်...""သခင်က သုံးဆပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၂၂၅၀၀ ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်...""ချူယွန်ရှီးရဲ့ ယဥ်ပါးမှုအဆင့်က ၂၂ ရာခိုင်နှုန်းပါ..."ဤစကားများကို ကြားလိုက်ရသောအခါ ခုံးဝူတောက်က ရယ်မောပြီး ခေါင်းခါယမ်းလိုက်၏။ဤချူယွန်ရှီးသည် ရှာချူလီကဲ့သို့ပင် နည်းဗျူဟာ ချတတ်သည်။သူမသည် အမြဲတစေ သူ့ကို သာယာသော အံ့သြစရာလေးများ ရုတ်တရက် ပေးစွမ်းနိုင်သည်။သို့သော် ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင်... ဤနယ်နိမိတ် ပင်လယ်ဒေသသို့ ခရီးသွားရန်မှာ သူ၏ အစီအစဉ်များထဲတွင် အချိန်အတော်ကြာကတည်းက ရှိနေခဲ့ခြင်းပင်။နယ်နိမိတ် ပင်လယ်ဒေသတွင် ဖြစ်ပေါ်နေသော ဤကဲ့သို့ ပုံမှန်မဟုတ်သည့် အခြေအနေကို မဆိုထားနှင့်... သူသည် ယခင်က ကောင်းကင်ဘုံများတခွင် အမဲလိုက်ခြင်းမှတစ်ဆင့် တမလွန်ကမ်းပါး ရှေးဟောင်းပုလွေဟုခေါ်သော အထူးပစ္စည်းတစ်ခုကို ရရှိခဲ့ဖူးသည်။ထိုအရာသည် ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးရှိ နတ်ဘုရား အထိမ်းအမှတ် ကျောက်တိုင်များ ဆယ်ခုထဲမှတစ်ခုဖြစ်သော တမလွန်ကမ်းပါး ပန်းပင်လယ်၏သော့ပင်။သူသည် သူတော်စင် အဆင့်အတန်းကို ရရှိရန်အတွက် နေရာတစ်ခုရှာဖွေရန် လိုအပ်နေသည်နှင့် အံ့ဝင်ခွင်ကျ ဖြစ်နေသည်။ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးရှိ နတ်ဘုရား အထိမ်းအမှတ် ကျောက်တိုင်များ ဆယ်ခုထဲမှ တစ်ခုဖြစ်သော တမလွန်ကမ်းပါး ပန်းပင်လယ်သည် အမှန်တကယ်ကို ရွေးချယ်မှုကောင်းတစ်ခုပင်။မကြာမီ ခုံးဝူတောက်သည် သူ၏ဖခင်နှင့် နောက်တစ်ကြိမ် တွေ့ဆုံခဲ့ပြီး အတွေ့အကြုံများ ရယူရန် နယ်နိမိတ် ပင်လယ်ဒေသ သို့ သွားလိုကြောင်း ပြောဆိုလိုက်၏။မည်သို့ပင်ဆိုစေကာမူ နယ်နိမိတ် ပင်လယ်ဒေသရှိ ပုံမှန်မဟုတ်မှုသည် လူအများ စိတ်ကူးယဉ်တွေးတော၍ မရနိုင်သောအရာပင်။သူ ပို၍ပြောလေလေ နားလည်မှုလွဲမှားစေရန် ပို၍ဖြစ်နိုင်ခြေ များလေလေပင်။လောလောဆယ်တွင် သူ လျှို့ဝှက်ထားပြီး ကိုယ်တိုင်ကိုယ်ကျ စီစဉ်ခြင်းက ပိုကောင်းပေမည်။ခုံးဝူကျိက နောက်ထပ် မမေးမြန်းတော့ချေ။သူ၏သားသည် ကောင်းကင်ဘုံများကို ဖြတ်သန်းပြီး နယ်မြေအသင်္ချေတွင် သူ၏ဂုဏ်သတင်းကို တည်ဆောက်ရန် ကံကြမ္မာပါလာသူပင်။ဖခင်တစ်ယောက်အနေဖြင့် သူသည် သူ့သား၏ အားအကောင်းဆုံး ကျောထောက်နောက်ခံ ဖြစ်ရန်သာ လိုအပ်သည်။ခုံးဝူတောက်၏ပုံရိပ် ခန်းမဆောင်ကြီး အပြင်ဘက်တွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီးနောက် ခုံးဝူကျိ၏ မူလက ချစ်ခင်ကြင်နာပြီး နူးညံ့သိမ်မွေ့သော အကြည့်သည် ချက်ချင်းအေးစက်တင်းမာသွားပေ၏။"သင်္ချိုင်းပျက်..."သူ၏အသံ ကျဆင်းသွားသည်နှင့် ဟင်းလင်းပြင်သည် ရုတ်တရက် တွန့်လိမ်သွားပြီး သိပ်သည်းကြွယ်ဝသော ဧကရာဇ်နယ်ပယ် အရှိန်အဝါတစ်ခု ပျံ့နှံ့လာသည်။အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦးက ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။သူ၏ အရှိန်အဝါ အရိပ်အယောင်လေး တစ်ခုတည်းဖြင့်ပင် ဤအမျိုးသား၏ ခွန်အားသည် သာမန် အဆင့်တစ် မဟာဧကရာဇ်ထက် များစွာသာလွန်နေလေပြီ။သို့သော် ခုံးဝူကျိ၏ရှေ့တွင် ဤအမျိုးသားသည် အလွန်ရိုသေလေးစားနေပြီး ဒူးတစ်ဖက် ထောက်ကာ သူ၏လက်များကို ပူူးဆုပ်ထားသည်။"ကျေးဇူးပြုပြီး အမိန့်ပေးပါ တားမြစ်နယ်မြေ သခင်...""ခုံးဝူတောက်က အခု နယ်နိမိတ် ပင်လယ်ဒေသဆီ သွားဖို့ ရည်ရွယ်ထားတယ်... အဲ့ဒီတုန်းက မေ့လျော့ခြင်းမြစ် တားမြစ်နယ်မြေရဲ့ အစီအစဉ်ကို စုံစမ်းစစ်ဆေးနေတာကို ယာယီ ဆိုင်းငံ့ထားမယ်... မင်းရဲ့ အဓိကတာဝန်က ခုံးဝူတောက်ကို လျှို့ဝှက်ပြီး ကာကွယ်ပေးဖို့ပဲ...""နယ်နိမိတ် ပင်လယ်ဒေသမှာ ပုန်းအောင်းနေတဲ့ သက်ရှိတွေရဲ့ သဲလွန်စတွေကို အမြဲတမ်း စောင့်ကြည့်နေပါ...""တကယ်လို့ နယ်နိမိတ် ပင်လယ်ဒေသက အဲ့ဒီကောင်တွေက ခုံးဝူတောက်ဆီကို သူတို့ရဲ့ မကောင်းတဲ့ လက်တွေကို ဆန့်တန်းဖို့ ရဲတင်းတယ်ဆိုရင်... ဘယ်လို တန်ကြေးပဲ ပေးဆပ်ရပါစေ သူတို့ကို သတ်ပစ်လိုက်ပါ..."ထိုအချိန်က ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲဖြစ်မှုကြီး အဆုံးသတ်ပြီးနောက်တွင် ဒြပ်စင်ငါးပါးကို ကျော်လွန်သော မရေမတွက်နိုင်သည့် ဆန်းကြယ်သက်ရှိများသည်လည်း နယ်နိမိတ် ပင်လယ်ဒေသ၏ အနက်ရှိုင်းဆုံးနေရာတွင် မွေးဖွားလာသည်။ဖျက်ဆီးခြင်းခေတ်အတွင်းတွင် ခုံးဝူတောက်သည် လေ့ကျင့်ရေးအတွက် နယ်နိမိတ် ပင်လယ်ဒေသဆီသို့ စစ်တပ်ကို ဦးဆောင်သွားခဲ့စဉ်က ဤဆန်းကြယ်သက်ရှိများသည် သူ့ကို အကြံအစည်လုပ်ရန် ကြိုးစားခဲ့ဖူးသည်။သို့သော် ရလဒ်အနေဖြင့် ဤလုပ်ရပ်က အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ကြီးမားသော ဒေါသကို ဖြစ်စေခဲ့ခြင်းပင်။သူတို့သည် ကောင်းကင်ဧကရာဇ် အများအပြားကိုပင် စေလွှတ်ကာ နယ်နိမိတ် ပင်လယ်ဒေသ၏ အနက်ရှိုင်းဆုံး နေရာသို့ ဆင်းသက်စေခဲ့သည်။ သူတို့သည် နယ်နိမိတ် ပင်လယ်ဒေသ၏ ကျယ်ပြန့်သော အစိတ်အပိုင်းများကို တိုက်ရိုက်ခြေမွှဖျက်ဆီးကာ ထိုနေရာ၏ မူလအတိုင်းအတာကို ကျန်းသန်းပေါင်းများစွာအထိ ကျုံ့သွားစေခဲ့ပေ၏။သေချာသည်မှာ ထိုတိုက်ပွဲကြီးသည် နယ်နိမိတ် ပင်လယ်ဒေသ၏ အနက်ရှိုင်းဆုံးနေရာတွင် ဖြစ်ပွားခဲ့ခြင်းပင်။ နယ်နိမိတ် ပင်လယ်ဒေသတွင် ပြင်ပ ကျင့်ကြံသူများ၏ စုံစမ်းထောက်လှမ်းမှုမှ လုံးလုံးလျားလျား သီးခြားခွဲထုတ်ထားသည့် ဥပဒေသများ ရှိနေသည်။ ထို့ကြောင့် ထိုအချိန်က ထိုဒေသ၏ပုံမှန်မဟုတ်မှုသည် အချိန်လေဟာနယ် တားမြစ်နယ်မြေကြောင့် ဖြစ်သည်အား ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးမှ မည်သူမျှ မသိသလောက်နီးပါးပင်။ထို့ပြင် ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြောင့် နယ်နိမိတ် ပင်လယ်ဒေသမှ ကောင်းကင်ဘုံများ၏ နတ်ဘုရား အထိမ်းအမှတ် ကျောက်တိုင်ဆယ်ခုထဲမှ တစ်ခုဖြစ်သော တမလွန်ကမ်းပါး ပန်းပင်လယ်သို့ သွားရာ လမ်းကြောင်းသည် လုံးလုံးလျားလျား ပြတ်တောက်သွားခဲ့ခြင်းပင်။note..အရင်က တစ်ဖက်ကမ်းမှ ပန်းပင်လယ်လို့ သုံးခဲ့ပါတယ်...အခု တမလွန်ကမ်းပါး ပန်းပင်လယ်လို့ ပြောင်းလဲပြီး သုံးထားပါတယ်