အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း (၂၀၀) ရှေးရိုးစွဲ စနစ်...ကူးပြောင်းလာသူ တစ်ယောက် ပေါ်လာပြီ
ရုတ်တရက် ထွက်ပေါ်လာသော စနစ်၏ ကြေညာချက်ကြောင့် ခုံးဝူတောက် အနည်းငယ် မှင်သက်သွားသည်။စနစ်ပုံစံလော....စနစ်နဲ့ ချည်နှောင်ထားတဲ့ အထူးကောင်းကင်ကံကြမ္မာ ရွေးချယ်ခံ ဖြစ်နိုင်သလော...မြေအောက်ကမ္ဘာကိုးထပ်သို့ သူ ရောက်ရောက်ချင်း ဤကဲ့သို့ သာယာသော အံ့အားသင့်စရာလေး ကြုံတွေ့ရလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ပေ။ရုတ်တရက် သူ နောက်ထပ် တစ်စုံတစ်ခုကို တွေးတောမိသွားသည်။ခုံးဝူတောက်သည် သူ၏အသံကို စနစ်ထံ ပေးပို့လိုက်၏။"စနစ်....ကောင်းကင်ကံကြမ္မာပိုင်ရှင်တွေနဲ့ ချည်နှောင်ထားတဲ့ အဲ့ဒီစနစ်တွေက သဘောတရားအရပြောရရင် မင်းရဲ့ညီအစ်ကိုမောင်နှမတွေ ဖြစ်သင့်တယ် မဟုတ်လား""မင်းရဲ့ ညီအစ်ကိုမောင်နှမကို ငါက အမဲလိုက်ဖို့ ဒါမှမဟုတ် ယဉ်ပါးအောင် သွေးဆောင်ဖို့ မင်းက ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်တာလဲ""သခင်...သခင်က မသိလို့ပါ...စနစ်တွေကို တကယ်တော့ နှစ်မျိုး ခွဲခြားထားပါတယ် ကောင်းကင်ကံကြမ္မာ အစီအစဉ် မဟာတာအိုက ဖန်တီးထားတဲ့ တစ်မျိုးရယ်... စနစ်ရဲ့ အဓိက နတ်ဘုရားက ဖန်တီးထားတဲ့ တစ်မျိုးရယ်ပါ""ကျွန်တော်တို့ကို ဖန်တီးခဲ့တဲ့ စနစ်ရဲ့ အဓိက နတ်ဘုရားက အစစ်အမှန် ရှေးရိုးစွဲ ဖြစ်ပြီးတော့ ကောင်းကင်ကံကြမ္မာ အစီအစဉ် မဟာတာအိုက ဖန်တီးထားတဲ့ စနစ်တွေကတော့ ကျွန်တော်တို့ကို အတုခိုးထားတာ သေချာတယ်""တရားဝင် ခွင့်ပြုချက် ရထားတဲ့ ကျွန်တို့လို စနစ်တွေက အဲ့ဒီ အရိုင်းအစိုင်းစနစ်တွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး"ဤစကားကို ကြားလိုက်ရသောအခါ ခုံးဝူတောက်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပေ၏။အခြေအနေများသည် ပို၍ပို၍ စိတ်ဝင်စားစရာ ကောင်းလာလေပြီ။ဤစနစ်ဟုခေါ်သော အရာပင်လျှင် အဖွဲ့အစည်းနှစ်ခု ကွဲနေသည်။ဤကိစ္စထဲတွင် ကြီးမားသော လျှို့ဝှက်ချက်များစွာ ပါဝင်နေနိုင်သည်ဟု သူ အမြဲတစေ ခံစားရသည်။ထိုအချိန်မှာပင် ခုံးကျန်းယွဲ့၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။"နတ်ဘုရားသားတော်အရှင်...ရှေ့က အဲ့ဒီကြယ်မြစ်ကို ဖြတ်သွားရင် ကျွန်မတို့က မြေအောက်ကမ္ဘာကိုးထပ်ကို ရောက်သွားပါလိမ့်မယ်""ကျွန်မတို့ အခြေချဖို့ မြေအောက်ကမ္ဘာကိုးထပ်မြို့တော်ကို သွားလို့ ရပါတယ်"မြေအောက်ကမ္ဘာကိုးထပ်မြို့တော်...ဤသည်မှာ မြေအောက်ကမ္ဘာကိုးထပ်၏ အဓိကမြို့ကြီးများထဲမှ တစ်မြို့ပင်။ထိုမြို့၏ အထူးပထဝီဝင်တည်နေရာကြောင့် တခြား တာအိုနယ်မြေများမှ အင်အားစု အများအပြားနှင့် တာအိုအမွေအနှစ်မြေများသည်လည်း ထိုနေရာတွင် နေရာယူထားကြ၏။ထိုမြို့သည် မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေနှင့် အနီးဆုံးမြို့လည်း ဖြစ်နေသည်။"အင်း....အဲ့ဒီကို အရင်သွားကြတာပေါ့"ခုံးဝူတောက်သည် များစွာမစဉ်းစားတော့ဘဲ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။သူသည် စနစ်နှင့် ချည်နှောင်ထားသည်ဟု သံသယရှိရသော ဤအထူးကောင်းကင်ကံကြမ္မာပိုင်ရှင်ကို ရှာဖွေရန် အလျင်မလိုပေ။မည်သို့ပင်ဆိုစေကာမူ စနစ်သည် တိကျသော တည်နေရာကို မသတ်မှတ်ရသေးချေ။မြေအောက်ကမ္ဘာကိုးထပ်သည် ကျယ်ပြန့်ပြီး အဆုံးအစမရှိသဖြင့် ထိုလူကို တမင်သက်သက် ရှာဖွေခြင်းက သူ အချိန်ဖြုန်းခြင်းသာ ဖြစ်ပေလိမ့်မည်။မည်သို့ပင်ဖြစ်စေကာမူ အချိန်တန်လျှင် သူတို့သည် နောက်ဆုံးတွင် တွေ့ဆုံရပေမည်။.........မြေအောက်ကမ္ဘာကိုးထပ်...ကောင်းကင်မြှုပ်နှံ့ခြင်းတောင်တန်း..မှောင်မိုက်နေသော တောင်ခြေရင်းတွင်....ပုံရိပ်တစ်ခုသည် ပေါက်ပြားတစ်လက်ကို အားပြင်းပြင်း လွှဲယမ်းကာ သူ၏အောက်ရှိ တောင်ပို့ငယ်လေး တစ်ခုကို တူးဆွနေခဲ့၏။သေချာကြည့်မည်ဆိုပါက ဤပုံရိပ်သည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ပြီး ချောမောခန့်ညားသော လူငယ်လေးတစ်ဦးပင်။ထိုလူငယ်၏မျက်နှာသည် ကျောက်စိမ်းကဲ့သို့ နူးညံ့ချောမွတ်ပြီး သူ၏အသွင်အပြင်မှာ ချောမောခန့်ညားလှသည်။သို့သော် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မြေနံ့ ထွက်နေပြီး သူသည် လယ်ထဲတွင် မကြာခဏ အလုပ်လုပ်နေသည့်အလားပင်။ထိုလူငယ်လေး၏ နာမည်မှာ မော့ရှဲ့ ဖြစ်ပေ၏။သူသည် ဤကမ္ဘာမှ မဟုတ်ဘဲ ကူးပြောင်းလာသူ တစ်ဦးပင်။ထို့ပြင် ကူးပြောင်းလာသူ တစ်ဦးအနေဖြင့် သူသည် အထူးစနစ်တစ်ခုဖြစ်သော ရတနာရှာဖွေရေး စနစ်ကိုလည်း နိုးထခဲ့ပြီးဖြစ်သည်။ဤ စနစ်ကို ချည်နှောင်ပြီးနောက် သူသည် စနစ်၏ အချက်ပြမှုများမှတဆင့် မြေအောက်နက်ရှိုင်းသော နေရာတွင် မြှုပ်နှံထားသည့် ရတနာများ၏ သတင်းအချက်အလက်များကို ဆုံးဖြတ်နိုင်သည်။ရတနာရှာဖွေရေးစနစ်ဟုခေါ်ခြင်းမှာ နားထောင်၍ ကောင်းပေ၏။ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုအရာသည် အမှန်အားဖြင့် သင်္ချိုင်းတူးသည့် စနစ်တစ်ခုပင်။မည်သို့ပင်ဆိုစေကာမူ မြေအောက်တွင် မြှုပ်နှံထားသော ကောင်းမွန်သည့် အရာများအားလုံးသည် သင်္ချိုင်းပစ္စည်းများ သို့မဟုတ် စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များ သေဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့သော သီးသန့်သင်္ချိုင်းများပင်။မြေအောက်ကမ္ဘာကိုးထပ်တွင် ဖြစ်ပွားခဲ့သော ထို ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲကြီးပြီးနောက် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်အမြောက်အများသည် ထိုနေရာတွင် မြှုပ်နှံခံခဲ့ရ၏။မြေအောက်နက်ရှိုင်းသော နေရာတွင် မြှုပ်နှံထားသည့် မရေမတွက်နိုင်သော သင်္ချိုင်းပစ္စည်းများနှင့် ရတနာများ ရှိနေသည်။ဤသည်မှာ ရတနာရှာဖွေရေး စနစ်နှင့် ချည်နှောင်ထားသော မော့ရှဲ့အတွက် ကံကြမ္မာကောင်းကြီးပင်။လွန်ခဲ့သော လအနည်းငယ်က သင်္ချိုင်းများကို အားပြင်းပြင်း တူးဖော်နေစဉ်အတွင်း သူသည် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များ သူတို့၏ သက်ရှိထင်ရှား ရှိစဉ်က ချန်ထားခဲ့သော ရတနာအများအပြားကိုလည်း ရရှိခဲ့၏။သူ၏စွမ်းအားသည် ကြီးမားစွာ တိုးတက်လာခဲ့ကာ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိသွားရုံသာမက မြေအောက်ကမ္ဘာခန်းမ၏ အဓိက သူတော်စင်တစ်ပါးပင် ဖြစ်လာခဲ့သည်။အံ့အားသင့်စရာ အကောင်းဆုံးမှာ လွန်ခဲ့သော အချိန်အတန်ကြာက သူသည် နတ်မိစ္ဆာမျိုးနွယ်စုမှ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦး၏ အမွေအနှစ်ကိုပင် ရရှိခဲ့ခြင်းဖြစ်သည်။ထို့ပြင် ဤတစ်ကြိမ်တွင် စနစ်၏အချက်ပြမှုကတဆင့် မော့ရှဲ့က တစ်စုံတစ်ခုကို ပို၍သေချာသိနေခဲ့သည်။ဤသည်မှာ သူ၏ခြေထောက်အောက်တွင် အထွတ်အမြတ်နယ်ပယ် သင်္ချိုင်းတစ်ခု ရှိနေသည် ဆိုသည်ကိုပင်။အထွတ်အမြတ်နယ်ပယ်...ထိုအရာသည် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးတွင် ထိပ်တန်းအဆင့် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်၍ ရနေလေပြီ။အကယ်၍ သူသာ ထိုကဲ့သို့ တည်ရှိမှုတစ်ခု သက်ရှိထင်ရှား ရှိစဉ်က ချန်ထားခဲ့သော ရတနာများကို ရရှိနိုင်မည်ဆိုလျှင် သူ၏စွမ်းအားသည် နောက်တစ်ကြိမ် ကြီးမားစွာ တိုးတက်လာပေလိမ့်မည်။"ဥယျာဉ်လေးထဲမှာ...တူ တူ တူ .."မော့ရှဲ့သည် သီချင်းလေးတစ်ပုဒ်ကိုပင် ညည်းဆိုနေကာ စိတ်ခံစားချက် ကောင်းမွန်နေခဲ့၏။မည်သို့ပင်ဆိုစေကာမူ ဤအထွတ်အမြတ် အမွေအနှစ်ကို သူ အောင်မြင်စွာ ရရှိနိုင်သရွေ့ သူ၏ ကျင့်ကြံခြင်းသည် နတ်ဘုရားဘုရင်နယ်ပယ်သို့ အောင်မြင်စွာ ချိုးဖျက်နိုင်ပြီး ပို၍အားကောင်းသော စွမ်းအားကို ရရှိပေလိမ့်မည်။"မော့ရှဲ့လေး.... နင်က စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ် တစ်ယောက် ပြန်လည်ဝင်စားတာများလား"မော့ရှဲ့သည် သင်္ချိုင်းများကို ကြိုးကြိုးစားစား တူးနေစဉ် အေးစက်စက် အမျိုးသမီးအသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာသည်။"နင်က ဘယ်လိုလုပ်ပြီး ရှားပါးတဲ့ အမွေအနှစ်တွေကို အမြဲတမ်း ရှာတွေ့နိုင်တာလဲ"မကြာမီ မော့ရှဲ့၏လက်ချောင်းပေါ်ရှိ လက်စွပ်မှ အနက်ရောင်အလင်းတန်းတစ်တန်း ရုတ်တရက် ဖြာထွက်လာသည်။ထို့နောက် ဝေဝါးသည့် အနက်ရောင်ပုံရိပ်တစ်ခု လွင့်မျောလာပေ၏။ထိုပုံရိပ်သည် ကျော့ရှင်းလှပသော အမျိုးသမီး တစ်ဦး ဖြစ်ပုံရသည်။သူမသည် တမလွန်ကမ်းပါး ပန်းခင်းပုံစံများ ပါရှိသော ဝတ်စုံရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏ ကျော့ရှင်းလှပသော ကောက်ကြောင်းများကို ပြီးပြည့်စုံစွာ ပုံဖော်ထားသည်။သူမ၏အသွင်အပြင်မှာ ညှို့ငင်နိုင်စွမ်းရှိပြီး သူမ၏ နက်ရှိုင်းသော အနီရောင် မျက်လုံးများတွင် အဆုံးမဲ့ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေပေ၏။သူမ၏ဟန်ပန်သည် ထူးကဲပြီး သန့်စင်နေသော်လည်း သူမသည် ဆွဲဆောင်မှုရှိပြီး ညှို့ငင်နိုင်သော အလှတရားကိုလည်း ပိုင်ဆိုင်ထားသဖြင့် တစ်စုံတစ်ယောက်ကို ယစ်မူးသွားစေနိုင်သည်။"စီနီယာနတ်ဆိုးမ... ဘာလို့ ဒီနေ့ နိုးလာတာလဲ"မော့ရှဲ့သည် မြေတူးနေခြင်းကို ရပ်လိုက်ပြီး သူ အနည်းငယ် ဇဝေဇဝါဖြစ်ကာ အံ့အားသင့်သွားသည်။ဤအမျိုးသမီးသည် မော့ရှဲ့ ပထမဆုံး ကူးပြောင်းလာပြီးနောက် စနစ်မှပေးသော အထူးအချက်ပြမှုတစ်ခုမှတဆင့် တွေ့ရှိခဲ့သည့် သူ၏လူသစ်လက်ဆောင်ထုပ်ကို ဖွင့်လိုက်ချိန်၌ ပထမဆုံး တွေ့ဆုံခဲ့သော အမျိုးသမီးပင်။သူမကို မြေအောက်ကမ္ဘာကိုးထပ်၏ နတ်ဆိုးချောက်နက်ရှိ အနက်ရှိုင်းဆုံးနေရာမှ တူးဖော်ခဲ့ခြင်းဖြစ်သည်။ထိုအချိန်က မော့ရှဲ့သည် သူမကို လူသေတစ်ယောက်ဟု တွေးထင်ခဲ့ဖူးပေ၏။သို့သော် သူသည် သူမကို တူးထုတ်လိုက်သည်နှင့် တပြိုင်နက် သူမက ရှင်းပြ၍မရနိုင်လောက်အောင် အသက်ဝင်လာခဲ့သည်။သို့သော် သူမသည် သူမ၏ မှတ်ဉာဏ် အများစုကို ဆုံးရှုံးခဲ့ရပြီး ရံဖန်ရံခါ အိပ်မောကျသွားတတ်သည်။ထိုအမျိုးသမီးသည် သူမကိုယ်သူမ တမလွန်ကမ်းပါး နတ်ဆိုးမဟု အမြဲတစေ ခေါ်ဆိုလေ့ရှိသည်။သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ချီစွမ်းအင်သည် သူ လုံးလုံးလျားလျား ခန့်မှန်း၍မရနိုင်ခဲ့ချေ။တမလွန်ကမ်းပါး နတ်ဆိုးမ၏ အလွန်လှပသော အလှတရားနှင့် ပေါင်းစပ်လိုက်ချိန်၌...မော့ရှဲ့သည် သူမကို သက်ရှိသင်္ချိုင်း ပစ္စည်းတစ်ခုအဖြစ် သဘောထားပြီး သူမကို သူ၏နံဘေးတွင် ထားရှိခဲ့သည်။"ငါ ခုဏက ရှင်းပြလို့မရနိုင်တဲ့ အိပ်မက် တစ်ခု မက်ခဲ့တယ်"တမလွန်ကမ်းပါး နတ်ဆိုးမက သူမ၏နီမြန်းသောနှုတ်ခမ်းများကို ညင်သာစွာ ဖွင့်ဟလိုက်၏။ "နယ်နမိတ်ပင်လယ်ကြီးက ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုကို ကြုံတွေ့ရလိမ့်မယ်.... ပြီးတော့ တမလွန်ကမ်းပါး ပန်းပင်လယ်ဆီ သွားတဲ့ လမ်းကြောင်းက ပြန်ပေါ်လာလိမ့်မယ်... ငါ့ရဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေကို ပြန်ရဖို့ ဒီအခွင့်အရေးကို ငါ အသုံးပြုနိုင်လိမ့်မယ်"ဤစကားများကို ကြားချိန်၌...မော့ရှဲ့ အနည်းငယ် မှင်သက်သွားပြီး သူ၏ မျက်လုံးများ အနည်းငယ် ဝေဝါးသွားသည်။တမလွန်ကမ်းပါး နတ်ဆိုးမသည် ဤကမ္ဘာသို့ သူ ပထမဆုံး ရောက်လာချိန်၌ သူ တွေ့ဆုံခဲ့သည့် ပထမဆုံး အမျိုးသမီးပင်။သူမသည် သူ့အပေါ် အထူးခံစားချက်များ မရှိလျှင်ပင်...မည်သို့ပင်ဆိုစေကာမူ သူမကို သူ တူးထုတ်ခဲ့ခြင်းပင်။သူမကို သူ၏ပိုင်ဆိုင်မှုအဖြစ် သူက အချိန်အတော်ကြာကတည်းက သတ်မှတ်ထားခဲ့ပြီးသားဖြစ်သည်။သူမ၏ သန်မာကောင်းသော စွမ်းအားဖြင့် သူ့ကို အလွန်ဆိုးရွားသော အခြေအနေများမှ အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးသည်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။အကယ်၍ သူမသာ မှတ်ဉာဏ်များ ပြန်ရလာပြီး ထွက်သွားမည်ဆိုလျှင်..သူ၏ကျောထောက်နောက်ခံနှင့် အနာဂတ် ဇနီးသည် ပျောက်ကွယ်သွားမည် မဟုတ်လော...သို့သော် တမလွန်ကမ်းပါး နတ်ဆိုးမသည် မော့ရှဲ့၏ အတွေးများကို သတိမထားမိခဲ့ချေ။ဤအချိန်အခိုက်အတန့်တွင် သူမ မက်ခဲ့သော ရှင်းပြ၍မရနိုင်သည့် အိပ်မက်အကြောင်းကို သူမ ပို၍စိုးရိမ်နေခဲ့၏။"အဲ့ဒီ ကြောက်ဖို့ကောင်းတဲ့ တိုက်ပွဲကြီး ပြီးကတည်းက တမလွန်ကမ်းပါး ပန်းပင်လယ်ထဲကို ဝင်ဖို့ နည်းလမ်းက အချိန်အတော်ကြာကတည်းက ပျောက်ဆုံးသွားခဲ့ပြီ....တမလွန်ကမ်းပါး ပန်းပင်လယ်ထဲကို ပြန်ဝင်မှပဲ ငါရဲ့မှတ်ဉာဏ်တွေကို ပြန်ရဖို့ အခွင့်အရေး ရှိလိမ့်မယ်"..........တခြားတစ်ဖက်တွင်...တောက်ပသော ကြယ်မြစ်ကို ဖြတ်ကူးပြီးနောက်...ခုံးဝူတောက်နှင့် သူ၏အဖွဲ့သည် မြေအောက်ကမ္ဘာကိုးထပ်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ကြလေပြီ။ပြင်ပနယ်မြေနှင့် နီးကပ်မှုကြောင့် မြေအောက်ကမ္ဘာကိုးထပ်သည် ပြင်ပနယ်မြေမှ ဥပဒေသများ၏ လွှမ်းမိုးမှုကိုလည်း အနည်းငယ်ခံရသည်။ဤနေရာသည် အမြဲတစေ အနက်ရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေပြီး အလင်းရောင်သည် မှိန်ပျပျ ဖြစ်နေ၏။မိုးကုတ်စက်ဝိုင်း၏အဆုံးတွင် ဧရာမ ကျောက်တုံးများအင်မော်တယ်ရွှေများဖြင့် တည်ဆောက်ထားသော ဧရာမမြို့တော်ကြီးတစ်ခုက မိုးကောင်းကင်ယံတွင် ခမ်းနားကြီးကျယ်စွာ ရပ်တည်နေခဲ့သည်။မြို့တံခါးအထက်တွင် ချိတ်ဆွဲထားသော ဧရာမ ဆိုင်းဘုတ်ပေါ်တွင် မြေအောက်ကမ္ဘာကိုးထပ်မြို့တော် ဟူသော အက္ခရာများကို ရှင်းလင်းစွာ ရေးသားထားသည်။ယနေ့တွင် မြေအောက်ကမ္ဘာကိုးထပ်မြို့တော်သည် ထူးထူးခြားခြား စည်ကားနေပေ၏။ထူးဆန်းသော သားရဲများနှင့် နတ်ဘုရား ငှက်များသည် ကောင်းကင်ယံကို ဖြတ်သန်း၍ ပျံသန်းနေကြပြီး မရေမတွက်နိုင်သော ရှေးဟောင်းရထားလုံးများသည် ဟင်းလင်းပြင်ကို ထိုးခွင်းကာ အလျှင်အမြန် သွားလာနေကြသည်။စွမ်းအားကြီးမားသော အရှိန်အဝါများနှင့် မြင့်မြတ်သော အဆင့်အတန်းများရှိသည့် စွမ်းအားကြီးမားသော ပါရမီရှင် အများအပြားသည် ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး မြေအောက်ကမ္ဘာကိုးထပ်မြို့တော်ထဲသို့ ဆင်းသက်လာခဲ့ကြ၏။အကြောင်းအရင်းကမူ အလွန်ရိုးရှင်းသည်။ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးမှ နိုးထခြင်း ခေတ်သည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားကတည်းက....မရေမတွက်နိုင်သော ရှေးဟောင်း အင်အားစုများ တစ်ခုပြီးတစ်ခု နိုးထလာခဲ့သည်။ထို့ပြင် ရှေးဟောင်း အပျက်အစီးနယ်မြေများကလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကြသည်။ဥပမာအနေဖြင့် မြေအောက်ကမ္ဘာကိုးထပ်မြို့တော်နှင့် မဝေးလှသော မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေသည်လည်း နိုးထခြင်း လက္ခဏာများကို ပြသနေပေ၏။ထို့ကြောင့် ထိုအရာက မရေမတွက်နိုင်သော ပါရမီရှင်များနှင့် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များကို ဤနေရာသို့ ဆင်းသက်လာရန် ဆွဲဆောင်နိုင်ခဲ့သည်။"ဒီလက်ရှိ ကောင်းကင်ဘုံတွေ နိုးထခြင်းခေတ်မှာ ပါရမီရှင်တွေ အစုလိုက်အပြုံလိုက် တကယ်ကြီး ထွက်ပေါ်လာတာပ...ကြောက်ဖို့ကောင်းတဲ့ နတ်ဆိုး ချီစွမ်းအင်တွေနဲ့ ဖုံးလွှမ်းထားတဲ့ အဲ့ဒီ လူငယ်လေး... သူက ကောင်းကင်နတ်ဆိုးတောင်ရဲ့ သခင်လေး မဟုတ်လား""သရဲအသင်္ချေဂိုဏ်းရဲ့ အားအကောင်းဆုံးဖြစ်ပြီးတော့ အရင်က အိပ်မောကျနေတဲ့ သူတော်စင်တောင် ရောက်လာပြီပဲ""ရှေးဟောင်းကချေသည်မိသားစုက လူတွေလည်း ဒီနေရာကို ရောက်နေတယ်... ရှေးဟောင်းကချေသည်မိသားစုရဲ့ သခင်လေးလည်း နိုးလာပြီလို့ ငါ ကြားတယ်...သူလည်း ဒီနေရာကို ဆင်းသက်လာမလား မသိဘူး""ပြီးတော့ ရှေးဟောင်း အစစ်အမှန် နဂါး မျိုးနွယ်စုရဲ့ အဲ့ဒီ အိပ်မောကျနေတဲ့ ပါရမီရှင်လည်း ရောက်နေတယ်... သူက ရှေးဟောင်း အစစ်အမှန် နဂါး မျိုးနွယ်စုရဲ့ ကြီးပွားတိုးတက်မှုအတွက် ကြီးမားတဲ့တာဝန်ကို ထမ်းဆောင်ရမယ်လို့ ငါ ကြားတယ်"မြေအောက်ကမ္ဘာကိုးထပ်မြို့တော်အတွင်းတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တက်ကြွစွာ ဆွေးနွေးနေကြ၏။ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အဆက်မပြတ် မြည်ဟီးနေသော နတ်ဘုရား ငှက်များ၊ ထူးဆန်းသော သားရဲများ၊ အင်မော်တယ် လှေများနှင့် ရထားများကို ကြည့်ရင်း သူတို့သည် မနာလိုမှုနှင့်အံ့အားသင့်မှု အမူအရာများကို ပြသနေကြသည်။မြေအောက်ကမ္ဘာကိုးထပ်မြို့တော်သည် မရေမတွက်နိုင်သော ခေတ်ကာလတလျှောက် အမွေဆက်ခံ၍ ဆင်းသက်လာခဲ့သော်လည်း...ထိုရှေးဟောင်းအင်အားစုများ အင်မော်တယ်တာအိုနယ်မြေများနှင့် နှိုင်းယှဉ်ပါက ဤနေရာသည် များစွာနိမ့်ကျနေဆဲပင်။ရှေးဟောင်း ပါရမီရှင် အများအပြား ဆင်းသက်လာပြီး သူတို့သည် တစ်ခေတ်ကို တစ်ချိန်က ဖိနှိပ်ခဲ့ဖူးသော အမှန်တကယ် စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များပင်။ယခုတစ်ကြိမ် မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်မှုနှင့်အတူ ဤရှေးဟောင်းပါရမီရှင်များအကြား၌ မည်ကဲ့သို့ ထိပ်တိုက်တွေ့ဆုံမှုမျိုး ရှိလာမည်ကို မည်သူ သိနိုင်မည်နည်း။ဝုန်း....ထိုအချိန်မှာပင် ဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်ယင်သွားပြီး တောက်ပသော အက္ခရာများ စုစည်းကာ ကောင်းကင်ကို ဖောက်ထွက်သွားသည့် သက်တန့်တံတားတစ်စင်းအဖြစ် အသွင်ပြောင်းသွားသည်။စွမ်းအားကြီးမားသော အရှိန်အဝါများရှိသည့် ထူးဆန်းသော သားရဲ အများအပြားနှင့် တောက်ပသော နတ်ဘုရား လှေများသည် မိုးကုတ်စက်ဝိုင်းမှ အလျှင်အမြန် ရောက်ရှိလာသည်။ထိုအရာများပေါ်တွင် လူငယ်ပုံရိပ်များ ထိုင်နေကြ သို့မဟုတ် မတ်တတ်ရပ်နေကြပြီး သူတို့တစ်ဦးစီသည် သူရဲကောင်းဆန်ကာ စွမ်းအားကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။လေထုထဲတွင် လူးလွန့်နေသော အလံများပေါ်တွင် တောက်ပပြီး အလွန်အမင်း ဖိနှိပ်ချုပ်ကိုင်နိုင်သော အက္ခရာတချို့ကို ရေးထိုးထားပေ၏။ဤသည်မှာ အချိန်လေဟာနယ် တားမြစ်နယ်မြေပင်။
Book 20 end.