အခန်း (၅၁)
Vol. 6 Ch. 51
အခန်း ၅၁ - ရှောင်ချန်ယွီ၏ စိန်ခေါ်မှု။
ယွီထျန်းဟန်အနေဖြင့် ဤအခိုက်အတန့်တွင် စရှောင်ချန်ယွီကို တကယ်ပင် မနာလိုဖြစ်မိကြောင်း ဝန်ခံရမည်ဖြစ်သည်။
သူသည် ရုပ်ရည်ချောမောပြီး နောက်ခံတောင့်တင်းသည့်အပြင် မိန်းကလေးများအကြားတွင်လည်း ရေပန်းစားလွန်းလှသည်။
ဘယ်ဘက်ကပဲကြည့်ကြည့် ယွီထျန်းဟန်ကို လုံးဝအပြတ်အသတ် နှိပ်ကွပ်ထားနိုင်လေသည်။
သို့သော်လည်း ယွီထျန်းဟန်အနေဖြင့် ပြန်လည်ချေပရန် စကားလုံးတစ်လုံးမျှ ရှာမတွေ့ခဲ့ချေ။
သူသည် ရှောင်ချန်ယွီက သူ့နောက်ခံကို အားကိုးပြီး တက်လှမ်းနေခြင်းသာဖြစ်ပြီး တကယ့်အစွမ်းအစ မရှိပါဟု ခပ်ပြင်းပြင်း စကားအချို့သာ ထုတ်ပြောနိုင်ခဲ့သည်။
သို့သော် ရှောင်ချန်ယွီတွင် အစွမ်းအစ ရှိ မရှိကို ယွီထျန်းဟန် ကိုယ်တိုင် မသိဘဲ နေပါမည်လော။ မည်သို့ပင်ဖြစ်စေ လွန်ခဲ့သော မကြာသေးမီကတင် သူကိုယ်တိုင် ရှောင်ချန်ယွီ၏ အရိုက်အနှက်ကို ခံထားရသည်။
ရှောင်ချန်ယွီသည် လောလောဆယ်တွင် နဂါးမင်းကြီး နှင့် မြွေအဖွားအိုတို့ကို မအနိုင်ယူနိုင်သေးသော်လည်း ထိုသူတို့က မည်သူများနည်း။
သူတို့သည် နာမည်ကျော်ကြားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော စွမ်းအားရှင်ကြီးများ ဖြစ်ကြသည်။
ရှောင်ချန်ယွီသာ ကြီးပြင်းလာပါက ထိပ်တန်းတုံ့လောတစ်ယောက် ဖြစ်လာရန်မှာ အလွန်လွယ်ကူလှပေသည်။
အမှန်အတိုင်းပြောရလျှင် ယွီထျန်းဟန်ကိုယ်တိုင်ပင် အနာဂတ်တွင် ထိပ်တန်းတုံ့လောတစ်ယောက် တကယ်ဖြစ်လာနိုင်မလားဆိုသည်ကို သေချာမသိချေ။
အဘယ်ကြောင့်ဆိုသော် ပါရမီရှိခြင်းနှင့် ထိုပါရမီကို လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းသည် တခြားစီဖြစ်သောကြောင့်ပင်။
သို့သော် ဤအခိုက်အတန့်တွင် ယွီထျန်းဟန်သည် မိမိကိုယ်ကို ဇွတ်မှိတ်၍ မာနခံနေရုံသာ တတ်နိုင်တော့သည်။ အပြာရောင်လျှပ်စီး နဂါးဘုရင်ဂိုဏ်း၏ ဆက်ခံသူတစ်ဦးအနေဖြင့် သူ့တွင် ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိပေသည်။
ယွီရှောင်ကန်း ကဲ့သို့ အမှိုက်လိုလူစားမျိုးပင်လျှင် အမှိုက်လို စိတ်ဝိဉာဉ်ဆိုတာ မရှိဘူး အမှိုက်လို စိတ်ဝိဉာဉ်သခင်ပဲ ရှိတယ်ဟု ပြောနိုင်သေးသည်မဟုတ်ပါလား။
"ယွီထျန်းဟန်... နင် စကားကောင်းကောင်းမပြောတတ်ရင် အသာနေစမ်းပါ။"
တုကူယန်းက ယွီထျန်းဟန်ကို အထင်သေးသလို စောင်းငဲ့ကြည့်ကာ အားမနာတမ်း ပြောလိုက်ပြီး သူမ၏ရည်းစားဖြစ်သူကို အကြီးအကျယ် စိတ်ပျက်စေခဲ့သည်။
“ရှောင်ချန်ယွီက သူ့နောက်ခံကို အားကိုးနေတယ် ဟုတ်လား။ လွန်ခဲ့တဲ့ ခဏလေးတင် အပြာရောင်လျှပ်စီး နဂါးဘုရင်ဂိုဏ်းရဲ့ နောက်ခံကိုသုံးပြီး ဘယ်သူက ဆရာကြီးလုပ်ဖို့ ကြိုးစားနေတာလဲ။ နင်ပဲ မဟုတ်ဘူးလား ယွီထျန်းဟန် နင်ပဲ နောက်ခံနဲ့ ဆရာကြီးလုပ်တာ မအောင်မြင်ဘဲ မျက်နှာအဖြတ်ခံလိုက်ရတာ မဟုတ်ဘူးလား။”
"နင်သာ အဲဒီလို နောက်ခံမျိုး ရှိရင် စိတ်မရှည်နိုင်ဘဲ အစောကြီးကတည်းက ခုန်ထွက်ပြနေလောက်ပြီ။ဒါပေမဲ့ ရှောင်ချန်ယွီကတော့ တခြားနည်းလမ်းမရှိလို့သာ အကြီးအကဲရှောင်ကို ထွက်လာခိုင်းရတာ။ လူအချင်းချင်း ကြားက ကွာဟချက်က တကယ်ကို ကြီးမားလွန်းလှတယ်"
"မမယန်း အစ်မရဲ့ ဒီရည်းစားက တကယ်ကို အမြော်အမြင် မရှိတာပဲနော်။"
ရှောင်ဝူက ဘေးတွင်ရပ်ရင်း ယွီထျန်းဟန်ကို လှောင်သလိုလိုကြည့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
‘တုကူယန်း နင် ယွီထျန်းဟန်နဲ့ပဲ တစ်သက်လုံး လက်တွဲနေလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ် ငါ့ဆီကနေ ရှောင်ချန်ယွီကို လာမလုနဲ့။"
"နင့်အလုပ် နင်လုပ်စမ်းပါ။"
တုကူယန်းက ရှောင်ဝူကို မျက်စောင်းထိုးကာ နှာခေါင်းရှုံ့လိုက်သည်။
'ယွီထျန်းဟန်နဲ့ပဲ ဆက်တွဲနေရမယ် ဟုတ်လား။ ဝေးသေးတယ်။ ငါ တုကူယန်းကတုံးနေတဲ့သူ မဟုတ်ဘူး။"
"ခေါင်းဆောင် ယွီထျန်းဟန်... ရှင့်ဘက်က တမင်တကာ ရွဲ့ပြောနေတာမလား။ မကြာခင်ကတင် နဂါးမင်းကြီးရဲ့ အရိုက်ခံထားရတာဆိုတော့ ရင်ထဲမှာ အငြိုးအတေးတွေ ကျန်နေတာများလား။"
ရဲ့လင်လင်လည်း ယွီထျန်းဟန်၏ စိတ်ဓာတ်များ ဤအခိုက်အတန့်တွင် ပြိုလဲနေပြီဟု ခံစားမိသည်။ သူပြောလိုက်သည့် စကားများမှာ တကယ့်ကို ရှက်စရာကောင်းလှသည်။
ရှောင်ချန်ယွီ၏ စွမ်းအားက လက်ရှိတွင် နဂါးမင်းကြီးမုန့်ရှုလောက် မကောင်းသည်မှာ အမှန်ပင်။
သို့သော် ယွီထျန်းဟန်ကကော သူသည် လွန်ခဲ့သော မကြာသေးမီကတင် ရှောင်ချန်ယွီ၏ ရိုက်နှက်ဆုံးမခြင်းကို ခံထားရသည့် ရှုံးနိမ့်သူတစ်ယောက်သာ ဖြစ်သည်မဟုတ်ပါလော။
ယွီထျန်းဟန်က ရှောင်ချန်ယွီ၏ စွမ်းအားကို ပုံမှန်ပါပဲဟု ပြောရဲသေးသည်။ သူ အရိုက်ခံရတာ နည်းသေးပုံရသည်။
မူလက ရဲ့လင်လင်သည် ယွီထျန်းဟန်အပေါ် အနည်းငယ် ရိုသေလေးစားမှု ရှိပါသေးသည်။ ဘာပဲဖြစ်ဖြစ် ယွီထျန်းဟန်က ဟွမ်တောက် အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ဖူးသည်မဟုတ်ပါလော။
သို့သော် အခုကြည့်ရသည်မှာ ယွီထျန်းဟန်သည် ချန်ယွီနှင့် မည်သို့ ယှဉ်နိုင်ပါတော့မည်နည်း။ ကွာခြားချက်က ကြီးမားလွန်းလှသည်။
"စီနီယာတို့... စီနီယာတို့ဘက်က အကြီးအကဲရှောင်နဲ့ မယှဉ်ပြိုင်ချင်ဘူးဆိုရင် ကျွန်တော်နဲ့ ယှဉ်ပြိုင်ကြည့်ရင်ကော ဘယ်လိုလဲခင်ဗျာ။"
ထိုအချိန်တွင် ရှောင်ချန်ယွီသည် ယွီထျန်းဟန်နှင့် တခြားသူများ၏ အတွေးများကို သတိမထားမိခဲဲ့ပေ။
သို့သော် နဂါးမင်းကြီးမုန့်ရှုကို ကြည့်ရင်း စရှောင်ချန်ယွီ၏ မျက်ဝန်းထဲတွင် ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်များ ဖြတ်ပြေးသွားခဲ့သည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာနိုးထလာပြီး ဒုတိယအဆင့်သို့ ရောက်ရှိကတည်း ရှောင်ချန်ယွီအနေဖြင့် မည်သူနှင့်မျှ အားရပါးရ တိုက်ပွဲမဆင်နွှဲရသေးချေ။
အရင်က တုကူယန်းသို့မဟုတ် ယွီထျန်းဟန်နှင့် ရင်ဆိုင်ရစဉ်က အပေါ်ယံတွင်မူ သူတို့၏ စိတ်ဝိဉာဉ်စွမ်းအား အဆင့်များက ရှောင်ချန်ယွီထက် မြင့်မားနေသော်လည်း လက်တွေ့တွင်မူ ရှောင်ချန်ယွီသည် ထိုရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ စွမ်းအား အနည်းငယ်ကို အသုံးပြုရုံမျှဖြင့် သူတို့ကို အလွယ်တကူ နှိပ်ကွပ်နိုင်ခဲ့သည်။
နဂါးမင်းကြီး မုန့်ရှုကမူ မတူပေ။
သူသည် ဝိဉာဉ်ကွင်းဝိဉာဉ်တုံ့လောအဆင့် စွမ်းအားရှင်ကြီး ဖြစ်ပြီး သူ၏စွမ်းအားမှာ ယွီထျန်းဟန်နှင့် နှိုင်းယှဉ်၍ရသောအရာ မဟုတ်ပေ။
သန်မာသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြင့်သာ မိမိ၏ စွမ်းအားက မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို ပိုမိုနားလည်နိုင်မည်ဖြစ်သည်။
သို့သော် စွမ်းအားရှင်များနှင့် ဆုံတွေ့ရန်မှာ မလွယ်ကူလှချေ။ ဝိဉာဥ်ကုန်းမြေတွင် သာမန်လူ သန်းပေါင်းများစွာထဲမဝိဉာဉ်သခင် ဖြစ်လာနိုင်သူများမှာ အလွန်ပင် ရှားပါးလှသည်။
၎င်းအပြင် ဝိဉာဉ်တုံ့လော အဆင့် စွမ်းအားရှင်တစ်ဦး ဖြစ်လာရန်မှာ လူတစ်သောင်းတွင် တစ်ယောက်ပင် မရှိနိုင်ဟု ပြောလျှင် မလွန်ပေ။
ယခု တစ်ကြိမ်တွင် နဂါးမင်းကြီး မုန့်ရှုနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ရသဖြင့် ဤယှဉ်ပြိုင်ခွင့် အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။
"သမက်လေး ချန်ယွီ... ဘာလဲ... မင်းက ငါ့ကို တိုက်ချင်တာလား။"
ဘေးတွင် ရပ်နေသော နဂါးမင်းကြီး မုန့်ရှုသည် ရှောင်ချန်ယွီ၏ စကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် မှင်သက်သွားခဲ့သည်။ ရှောင်ချန်ယွီ၏ ဝိဉာဉ်စွမ်းအားက အဆင့် ၁၉ သာ ရှိသေးသည်။
ရှောင်ချန်ယွီ၏ နောက်ကွယ်တွင် အဆင့် ၉၉ ရှိသောထိပ်တန်းတုံ့လေ တစ်ယောက် ရှိနေသော်လည်း...
အမှန်အတိုင်းပြောရလျှင် မုန့်ရှုအနေဖြင့် စရှောင်ချန်ယွီ၏ ကိုယ်ပိုင်ပါရမီနှင့် စွမ်းအားကို အထင်မကြီးမိပေ။
အစောပိုင်းက သူ့ကို သမက်လေး ဟု ခေါ်နေခဲ့ခြင်းမှာ ရှောင်ချန်ယွီ၏ နောက်ခံကို အလေးထားသောကြောင့်သာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အစွမ်းထက်သော မိသားစုနောက်ခံဟူသည် ငွေကြေး သို့မဟုတ် ကြိုးစားမှု မည်မျှပင်ရှိစေကာမူ ဝယ်ယူ၍မရနိုင်သောအရာ ဖြစ်သည်မဟုတ်ပါလော။
ရှောင်ချန်ယွီသည် အဆင့် ၁၉ ရှိသော ဝိဉာဉ်သခင်တစ်ဦးသာ ဖြစ်ပြီး တစ်သက်လုံး အဆင့်မတက်နိုင်တော့လျှင်ပင် သူ့နောက်ကွယ်တွင် အဆင့် ၉၉ ရှိသောထေိပ်တန်းတုံ့လေတစ်ဦး ရှိနေသရွေ့ မည်သူက ရှောင်ချန်ယွီကို ရန်စရဲပါမည်နည်း။
ပြီးတော့ သူ့မြေးမလေး မုန့်ယီရန်အနေနဲ့ ရှောင်ချန်ယွီနောက်ကို လိုက်သွားရင် ပိုမိုများပြားတဲ့ အရင်းအမြစ်တွေကို ရရှိပြီး ကောင်းကင်ယံကို ပျံသန်းနိုင်မှာပင်။
နဂါးစားမင်းကြီး မုန့်ရှုသည် စိတ်ကူးယဉ်သမားမဟုတ်ဘဲ အလွန်ပင် တွက်ချက်တတ်သူ ဖြစ်သည်။
"တော်လိုက်တဲ့ကောင်လေး သတ္တိရှိပေသားပဲ။ ငါတို့ကို တက်တက်ကြွကြွနဲ့ စိန်ခေါ်ရဲတယ်။ ဒီလို ရည်မှန်းချက်မျိုးရှိတဲ့ ကောင်လေးရဲ့ အနာဂတ်အောင်မြင်မှုတွေက ဘယ်တော့မှ နိမ့်ကျမှာမဟုတ်ဘူး။"
ဘေးနားရှိ မြွေအဖွား ချောင်ထျန်းရှန်း၏ မျက်ဝန်းထဲတွင်လည်း ချီးကျူးဂုဏ်ပြုရိပ်များ ထင်ဟပ်လာခဲ့သည်။
ရှောင်ချန်ယွီသည် လွန်ခဲ့သောအချိန်က နဂါးမင်းကြီး မုန့်ရှုက ယွီထျန်းဟန်ကို ရိုက်နှက်ဆုံးမခဲ့သည့် မြင်ကွင်းကို တွေ့မြင်ခဲ့ပြီးဖြစ်သည်။
သာမန်လူသာဆိုလျှင် ယွီထျန်းဟန် ဤမျှ သနားစရာကောင်းအောင် အရိုက်ခံရသည်ကို မြင်ပြီးနောက် မည်သူက တက်တက်ကြွကြွ စိန်ခေါ်ရဲပါဦးမည်နည်း။
၎င်းမှာ အရိုက်ခံရအောင် ကိုယ်တိုင် သွားတောင်းဆိုနေခြင်း မဟုတ်ပါလော။
အထူးသဖြင့် ရှောင်ချန်ယွီ၏ နောက်ကွယ်တွင် အဆင့် ၉၉ ရှိသော ထိပ်တန်းတုံ့လောအကာအကွယ် ရှိနေသည်။
အခြေခံအားဖြင့် ရှောင်ချန်ယွီအနေဖြင့် ဘာမှလုပ်စရာမလိုဘဲ ဘဝကို အေးအေးလူလူ ဖြတ်သန်းသွားနိုင်ပေသည်။
သို့သော်လည်း ရှောင်ချန်ယွီက စိန်ခေါ်ရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။ သူ ရှုံးနိမ့်သွားလျှင်ပင် လုံးဝ ကြောက်ရွံ့ခြင်းမရှိချေ။
ဤစိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေသည် ယွီထျန်းဟန်ထက် များစွာ ပိုမိုသန်မာလှသည်။
ယွီထျန်းဟန်သည် တိုက်ခိုက်ရန် ဖိအားပေးခံရ၍သာ တိုက်ခိုက်ခဲ့ပြီး မိဘကို တိုင်တမ်းငိုယိုလုမတတ် အရိုက်ခံခဲ့ရသည်။ သို့သော် ရှောင်ချန်ယွီကမူ တိုက်ပွဲကို ကိုယ်တိုင် ရှာဖွေနေခြင်း ဖြစ်သည်။
"အစ်ကို ချန်ယွီ... ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မတွန်းအားပါနဲ့။"
ဤအခိုက်အတန့်တွင် မုန့်ယိရန်၏ ရင်ခုန်သံများမှာ အဆက်မပြတ် မြန်ဆန်နေခဲ့ပြီဖြစ်သည်။
ရှောင်ချန်ယွီက သူမ၏အဖိုးဖြစ်သူ နဂါးမင်းကြီး မုန့်ရှုကို တက်တက်ကြွကြွ စိန်ခေါ်ရခြင်းမှာ သူမအတွက်ကြောင့် ဖြစ်လိမ့်မည်ဟု သူမ ခံစားမိနေသည်။
မည်သို့ပင်ဖြစ်စေ သမက်ကောင်းတစ်ယောက်က ယောက္ခမကြီးတွေနဲ့ တွေ့တဲ့အခါ သူ့ရဲ့ အရည်အချင်းကို အနည်းငယ် ပြသရမည်မဟုတ်ပါလော။
ရည်ရွယ်ချက်ကတော့ သူသည် ၎င်းတို့၏ မြေးမလေးကို ပျော်ရွှင်အောင် ထားနိုင်သည်ဟု ပြောပြချင်၍သာ ဖြစ်ပေလိမ့်မည်။
ရှောင်ချန်ယွီက သူ့နောက်ကွယ်က ထိပ်တန်းတုံ့လောအစောင့်အရှောက်ကို အစောပိုင်းက ဆင့်ခေါ်ခဲ့စဉ်ကလည်း ထိုနည်းအတိုင်းပင်။
ယခုလည်း မိမိ၏ စွမ်းအားကို သက်သေပြရန် တိုက်ပွဲကို တက်တက်ကြွကြွ ရှာဖွေနေခြင်းမှာလည်း ထိုအကြောင်းပြချက်ကြောင့်ပင် ဖြစ်သည်။ ဤမျှ တာဝန်ယူတတ်သော ကောင်လေးကို မုန့်ယိရန်အနေဖြင့် မည်သို့ မချစ်ဘဲ နေနိုင်ပါမည်နည်း။
ဤအခိုက်အတန့်တွင် မုန့်ယိရန်၏ နှလုံးသားတစ်ခုလုံးသည် ရှောင်ချန်ယွီအပေါ်၌သာ အပြည့်အဝ ပုံအပ်ထားမိလေပြီ။
"အစ်ကို ချန်ယွီ... ကျေးဇူးပြုပြီး ဒဏ်ရာမရစေနဲ့နော်။"