အခန်း (၅၃)
Vol. 6 Ch. 53
အခန်း ၅၃ - မုန့်ရှူနှင့် တိုက်ပွဲ။
“အစ်ကို ချန်ယွီ ဒဏ်ရာမရလောက်ပါဘူးနော်။"
ရှောင်ချန်ယွီနှင့် နဂါးမင်းကြီး မုန့်ရှူတို့၏ လက်ရည်စမ်းပွဲ စတင်တော့မည်ဖြစ်ရာ ရှောင်ဝူ၏ မျက်ဝန်းထဲတွင် အလွန်စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ယခင်က ရှောင်ချန်ယွီသည် ဝိညာဉ်သားရဲများနှင့်ဖြစ်စေ လူများနှင့်ဖြစ်စေ တိုက်ခိုက်ခဲ့စဉ်က အဆင့်ကွာဟချက်က ယခုလောက်အထိ မကြီးမားခဲ့ပေ။
သို့သော် နဂါးမင်းကြီး မုန့်ရှူသည်ကား ဝိညာဉ်တုံ့လောအဆင့်ရှိသည့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး ဤအတောအတွင်း ရှောင်ဝူ ကြုံတွေ့ခဲ့ရသမျှထဲတွင် အင်အားအကောင်းဆုံး ဝိညာဉ်သခင် လည်း ဖြစ်သည်။
နဂါးမင်းကြီး မုန့်ရှူက သူ ညှာတာပေးမည်ဟု ပြောခဲ့သော်လည်း...
အမှန်တကယ် တိုက်ပွဲထဲတွင်မူ မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းကို ရှောင်လွှဲရန် ခက်ခဲလှပေသည်။ အဆုံးသတ်တွင်မူ ဤအရာသည် တိုက်ပွဲတစ်ခုဖြစ်ပြီး ကလေးကစားစရာ မဟုတ်ပေ။ အစုတ်အပြဲ တစ်ချက်လေးတောင် မရှိစေရဘူးဟု မည်သူက အာမခံနိုင်မည်နည်း။
“မိန်းကလေး ရှောင်ဝူ မစိုးရိမ်ပါနဲ့။ အဘိုးကြီးက ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။"
အနီးနားတွင် မြွေအဘွား ချောင်ထျန်းရှန်းကလည်း သူမ၏ မျက်ဝန်းများကို အနည်းငယ်ကျဉ်းမြောင်းကာ ရှောင်ဝူကို ကြင်နာစွာ ပြောလိုက်သည်။
သူမ၏မြေးမလေး မုန့်ယိရန်သည် ရှောင်ချန်ယွီနှင့် ပတ်သက်မှုတစ်ခု ရှိနေပြီဖြစ်သည်။
သို့သော် ရင်းနှီးမှုအပိုင်းတွင်မူ ရှေ့မှ ရှောင်ဝူက ပို၍ပင် နီးစပ်ပုံရသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏မြေးမလေး ပြောပြချက်အရ သူမ ရှောင်ချန်ယွီနှင့် စတင်ဆုံတွေ့စဉ်ကတည်းက ရှောင်ဝူသည် ရှောင်ချန်ယွီ၏ အနားတွင် ရှိနေခဲ့ပြီးသား ဖြစ်သည်။
နောင်တွင် သူတို့အားလုံးသည် မိသားစုတစ်ခုတည်း ဖြစ်လာကြလိမ့်မည်။ ထို့ကြောင့် ရှောင်ဝူနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားရန် လိုအပ်ပေသည်။
“အစ်ကို ချန်ယွီရဲ့ အင်အားက တော်တော်လေး ကောင်းမွန်နေပြီဆိုပေမဲ့ နဂါးမင်းကြီး မုန့်ရှူက ဝိညာဉ်တုံ့လောတစ်ယောက်ပဲလေ။"
ရဲ့လင်လင်၏ မျက်ဝန်းထဲတွင်လည်း စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထင်ရှားသည်မှာ ရဲ့လင်လင်သည်လည်း ရှောင်ချန်ယွီအနေဖြင့် နဂါးမင်းကြီး မုန့်ရှူကို အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ထားပေ။
ရဲ့လင်လင်၏ အမြင်တွင် ရှောင်ချန်ယွီ၏ တက်ကြွစွာ စိန်ခေါ်မှုသည် မိမိကိုယ်မိမိ အကန့်အသတ်များကို တွန်းအားပေးသည့် လုပ်ရပ်တစ်ခုမျှသာ ဖြစ်သည်။
အကယ်၍ ရှောင်ချန်ယွီသာ နဂါးမင်းကြီး မုန့်ရှူကို အနိုင်ယူနိုင်ခဲ့လျှင် ထိုအရာသည် အမှန်တကယ်ပင် အံ့သြထိတ်လန့်စရာ ကောင်းလိမ့်မည်။
အဆင့် ၁၉ ရှိသော သာမန်ဝိညာဉ်သခင်တစ်ယောက်က ဝိညာဥ်တုံ့လောတစ်ယောက်ကို တိုက်ခိုက်မည်လား။ ဤအရာသည် သာမန်အသိတရားကို လုံးဝဆန့်ကျင်နေသည်။
“ဟုတ်တယ် မုန့်ရှူကို နဂါးမင်းကြီးလို့ လူသိများကတည်းက သူ့ရဲ့အင်အားက သဘာဝအတိုင်း အားနည်းမှာမဟုတ်ဘူး။ စောစောတုန်းက ယွီထျန်းဟန်ဆိုရင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိဘဲ ပုံစံအမျိုးမျိုးနဲ့ အရိုက်ခံလိုက်ရတာ သူ့ဆီမှာ အားနည်းချက်တစ်ခု ရှာဖို့တောင် သိပ်ခက်ခဲတယ်ဆိုတာ ရှင်းနေတာပဲ။"
တုကူယန်းကလည်း ဘေးမှနေ၍ စတင်သုံးသပ်လာသည်။ ဤမျှလောက် ကြီးမားသော အဆင့်ကွာဟချက်ရှိသည့် ဝိညာဉ်သခင်ချင်း တိုက်ပွဲတစ်ခုတွင် နဂါးမင်းကြီး မုန့်ရှူ၏ အားနည်းချက်ကို ရှာဖွေချင်သည်လား။
ထိုအရာသည် အလွန်ပင် ခက်ခဲလွန်းလှသည်။ တုကူယန်းကိုယ်တိုင်လည်း မလုပ်နိုင်မှန်း သိထားသည်။ ထို့ပြင် တိုက်ပွဲ၏ ဗဟိုချက်တွင်ရှိသော ရှောင်ချန်ယွီသည် တုကူယန်းထက် ပိုသန်မာသည်ဆိုစေဦးတော့သိပ်ပြီးတော့ အများကြီး ကွာခြားလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ဤတိုက်ပွဲတွင် ရှောင်ချန်ယွီ ရှုံးနိမ့်ရန် သေချာသလောက် ရှိနေချေပြီ။
“ရှောင်ချန်ယွီ ဆက်ပြီး မာန်တတ်နေလိုက်ဦးမင်း အသေအကြေအရိုက်ခံရပါစေလို့ ငါမျှော်လင့်တယ်။"
ယွီထျန်းဟန်ကလည်း ဘေးမှနေ၍ အလွန်အမင်း မကျေမနပ်ဖြင့် တွေးနေခဲ့သည်။
စောစောက သူ နဂါးမင်းကြီး မုန့်ရှူ၏ အရိုက်ခံရစဉ်တုန်းက တစ်ဖက်လူသည် ယခုလောက် ယဉ်ကျေးပျူငှာခြင်း သို့မဟုတ် စကားပြောရလွယ်ကူခြင်း မရှိခဲ့ပေ။
၎င်းကို လက်ရည်စမ်းပွဲဟု ခေါ်သော်လည်း အဆုံးသတ်တွင်မူ သူ ယွီထျန်းဟန်ကို ဒုက္ခိတဖြစ်လုနီးပါးအထိ ရိုက်နှက်ခံခဲ့ရသည်။
သို့သော် ရှောင်ချန်ယွီနှင့် ရင်ဆိုင်ရချိန်တွင်မူ အချိန်တန်လျှင် ရပ်တန့်ပေးမည်ဟု အလွန်ယဉ်ကျေးစွာ ပြောဆိုနေသည်။
အချိန်တန်ရင် ရပ်တန့်ပေးမယ် ဟုတ်လား။သွားစမ်းပါ။
ဒါပေမဲ့ ပြန်တွေးကြည့်ရင် ရှောင်ချန်ယွီက နဂါးမင်းကြီး မုန့်ရှူကို မနိုင်တာဟာ လုံးဝသဘာဝကျတယ် မဟုတ်လား။ အဆင့် ၁၉ ဝိညာဉ်သခင်လေး တစ်ယောက်တည်းနဲ့ မင်း ရှောင်ချန်ယွီက တကယ်ပဲ ကောင်းကင်ပေါ်အထိ ပျံတက်နိုင်မယ် ထင်နေတာလား။
ရှောင်ချန်ယွီနှင့် နဂါးမင်းကြီး မုန့်ရှူတို့၏ တိုက်ပွဲ စတင်လေပြီ။
“စီနီယာ နဂါးမင်းကြီး ထိန်းချုပ်ထားဖို့မလိုပါဘူး။ ကျွန်တော့်ရဲ့ အင်အားကလည်း မသေးလှပါဘူး။"
ရှောင်ချန်ယွီက အသာအယာရယ်မောရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
သူသည် နောက်ဆုံးတွင် သင့်တော်သော ပြိုင်ဘက်တစ်ဦးနှင့် ဆုံတွေ့ခဲ့ရခြင်းဖြစ်ရာ အကယ်၍ နဂါးမင်းကြီး မုန့်ရှူသာ အင်အားထိန်းထားမည်ဆိုပါက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
သို့သော် ရှောင်ချန်ယွီ၏ စကားလုံးများသည် အချို့သောလူများကို အလွန်မကျေမနပ် ဖြစ်သွားစေသည်။
“ဘယ်လောက်တောင် မောက်မာတဲ့ကောင်လဲ ထိန်းချုပ်ထားဖို့မလိုဘူးတဲ့အကယ်၍ စီနီယာ နဂါးမင်းကြီးသာ အင်အားမထိန်းထားရင် မင်း သေနေလောက်ပြီ။"
ယွီထျန်းဟန်က အလွန်အမင်း မနာလိုမုန်းတီးမှုများဖြင့် ပြောလိုက်သည်။
“ထိန်းထားဖို့ မလိုဘူး ဟုတ်လား။ ဒီကလေးက တကယ်ပဲ စိတ်ဓာတ်ခိုင်မာတာပဲ။"
နဂါးမင်းကြီး မုန့်ရှူက မှတ်ချက်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် နဂါးမင်းကြီး မုန့်ရှူသည် သူ၏ ဝိညာဉ်လက်နက်ဖြစ်သော နဂါးတောင်ဝှေးကို ဆင့်ခေါ်လိုက်သည်။
ဤနဂါးတောင်ဝှေးကို ထူးခြားသော သတ္တုပစ္စည်းတစ်ခုဖြင့် သွန်းလုပ်ထားပြီး တောင်ဝှေး၏ ထိပ်ဖျားတွင် မိုးပြာရောင်နဂါး၏ ဦးခေါင်းပါရှိကာ ထိုအရာသည် နဂါးမင်းကြီး မုန့်ရှူ၏ ဝိညာဉ်အစစ်အမှန်ပင် ဖြစ်သည်။
ဤအရာကို မြင်သောအခါ ရှောင်ချန်ယွီသည် သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို စတင်အသက်သွင်းလိုက်တော့သည်။
၎င်းခန္ဓာသည် ရှေးဟောင်းမျိုးနွယ်စု၏ ထိပ်တန်း ခန္ဓာကိုယ်တည်ဆောက်ပုံများထဲမှ တစ်ခုဖြစ်ပြီး ရှေးဟောင်းကမ္ဘာတွင် အင်အားအကောင်းဆုံး ခန္ဓာကိုယ်တည်ဆောက်ပုံအဖြစ်ပင် သတ်မှတ်ခြင်းခံရသည်။
ရှောင်ချန်ယွီ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အသက်သွင်းလိုက်သည်ကို မြင်လျှင် နဂါးမင်းကြီး မုန့်ရှူက မဲ့ပြုံးပြုံးကာ မေးလိုက်သည်။
“မင်းရဲ့ ဝိညာဉ်က ဘယ်မှာလဲ။ မင်းရဲ့ဝိညာဉ်က မင်းရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို သန်မာစေတဲ့ ဝိညာဉ်မျိုးလား။"
နဂါးမင်းကြီး မုန့်ရှူသည် ရှောင်ချန်ယွီ၏ အရှိန်အဝါက ပုံမှန်ထက် ထူးခြားနေသည်ကို ခံစားမိသော်လည်း ယခုအချိန်အထိ ရှောင်ချန်ယွီသည် သူ၏ ဝိညာဉ်ကို ထုတ်မပြသေးပေ။ သို့သော် နဂါးမင်းကြီး မုန့်ရှူသည် ရှောင်ချန်ယွီအနေဖြင့် သူ၏ဝိညာဉ်ကိုပင် မဆင့်ခေါ်ဘဲ သူ့ကို တိုက်ခိုက်ဝံ့လိမ့်မည်ဟု မထင်ထားပေ။
နဂါးမင်းကြီး မုန့်ရှူသည် ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကို အထူးဝိညာဉ်တစ်မျိုးအဖြစ် မှားယွင်းမှတ်ထင်သွားခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နဂါးမင်းကြီးမုန့်ရှူသည် အတွေ့အကြုံများပြီး ဗဟုသုတ ကြွယ်ဝသူဖြစ်ရာ ဝိဉာဥ်ကုန်းမြေတွင်တွင် စိတ်ဝိညာဉ်နှင့် သားရဲဝိညာဉ်များအပြင် ခန္ဓာဝိညာဉ်ဟုခေါ်သော အခြားဝိညာဉ်တစ်မျိုး ရှိသေးသည်ကို သူသိရှိထားသောကြောင့် ဖြစ်သည်။
ခန္ဓာဝိညာဉ်သည် မိမိ၏ ကိုယ်ပိုင်ခန္ဓာကို ဝိညာဉ်အဖြစ် အသုံးပြုခြင်း ဖြစ်သည်။ ဥပမာအားဖြင့် မျက်လုံး ပါးစပ် စသည်ဖြင့် ဖြစ်သည်။
“အဲဒီလိုပဲ သတ်မှတ်လို့ရပါတယ်။"
ရှောင်ချန်ယွီက အေးစက်စွာ ပြန်လည်
ဖြေကြားခဲ့သည်။ ရှေးဟောင်းမြင့်မြတ်ခန္ဓာအကြောင်းကို နဂါးမင်းကြီး မုန့်ရှူအား ရှင်းပြရန် အမှန်တကယ်ပင် ခက်ခဲလှသည်။
ဤအရာသည် ဝိဉာဥ်ကုန်းမြေ၏ စနစ်ထဲတွင် မပါဝင်သဖြင့် သူ ကြိုက်သလို အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။
ဤစကားကို ကြားသောအခါ နဂါးမင်းကြီမုန့်ရှူ၏ မျက်နှာအမူအရာသည် မည်းမှောင်သွားပြီးနောက်...
"မင်းရဲ့ ဝိညာဉ်က တကယ်ကို ထူးခြားတာပဲ။ လျှို့ဝှက်မိသားစုတစ်ခုက ဖြစ်လာတဲ့အတိုင်း မင်းမှာ ဝှက်ဖဲတွေ အများကြီးရှိတာပဲ။ ဒါပေမဲ့ ဒီအဘိုးကြီးကလည်း အားမနည်းလှပါဘူး။"
သူ ပြောနေရင်းနှင့်ပင် နဂါးမင်းကြီး မုန့်ရှူသည် သူ၏လက်ထဲမှ နဂါးတောင်ဝှေးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
တပြိုင်နက်တည်းမှာပင်ပြင်းထန်သော လေစီးကြောင်းများ ရူးသွပ်စွာ ထွက်ပေါ်လာခဲ့သည်။
ရှောင်ချန်ယွီသည် သူ၏ ရှေးဟောင်မြင့်မြတ်ခန္ဓာကို အမြင့်ဆုံးအဆင့်အထိ တွန်းတင်လိုက်သည်။ သူသည် ထိုထက်မြက်သော လေလှိုင်းစီးကြောင်းများကို ဒေါသတကြီးရှိသော နဂါးကြီးများအသွင် ပြောင်းလဲသွားကာ အရာအားလုံးကို ဝါးမြိုပစ်ရန် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသကဲ့သို့ ရှင်းလင်းစွာ ခံစားလိုက်ရသည်။
“သတ်စမ်း"
နဂါးမင်းကြီး မုန့်ရှူက ဟိန်းဟောက်လိုက်ပြီး လက်ထဲမှ နဂါးတောင်ဝှေးကို ပြင်းထန်စွာ လွှဲယမ်းလိုက်တော့သည်။
“တတိယ ဝိညာဉ်စွမ်းရည် ကောင်းကင်ဘုံကိုးထပ်ဆီသို့ ပျံတတ်ခြင်း။"
ခဏချင်းတွင်ပင် ထိုသိပ်သည်းလှသော စွမ်းအင်စီးကြောင်းများသည် ကြောက်မက်ဖွယ်ကောင်းသော နဂါးကြီးတစ်ကောင်အဖြစ် တိုက်ရိုက်စုစည်းသွားကာ ရှောင်ချန်ယွီထံသို့ ပြင်းထန်စွာ ကိုက်ခဲရန် ဦးတည်လာခဲ့သည်။
ဤအရာကို မြင်လျှင် ရှောင်ချန်ယွီ၏ အကြည့်သည် ရုတ်တရက် ထက်မြက်သွားပြီး သူ၏လက်သီးကို ချက်ချင်း လွှဲယမ်းလိုက်သည်။ ရှေးဟောင်း မြင့်မြတ်ခန္ဓာကို အပြည့်အဝ တွန်းအားပေးလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ထိုနဂါးကြီးနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။
"ဘုန်းးးး"
ကမ္ဘာမြေ တုန်ဟီးသွားလုမတတ် ထိပ်တိုက်တွေ့ဆုံမှု အသံကြီး ထွက်ပေါ်လာပြီးနောက် ထိုကြောက်မက်ဖွယ် နဂါးကြီးသည် အပိုင်းပိုင်းအစစ ကြေမွသွားကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း ထိုနဂါးကြီးကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုလှိုင်းသည် ရှောင်ချန်ယွီကို နောက်သို့ တိုက်ရိုက် လွင့်စင်သွားစေခဲ့သည်။
“ဘယ်လောက် ပြင်းထန်တဲ့ စွမ်းအားလဲ။"
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကြောင့် နောက်သို့ လွင့်စင်သွားစဉ် ရှောင်ချန်ယွီသည် သူ၏မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပိုမိုမြန်ဆန်စွာ အသက်သွင်းရမည်ကို သိရှိလိုက်လေသည်။