← Chapters

အခန်း (၅၄)

Vol. 6 Ch. 54

အခန်း (၅၄)

Vol. 6 Ch. 54

အခန်း ၅၄ - ဘဝအပေါ် သံသယဝင်ခြင်း။

ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် ပင်ကိုယ်ကတည်းကပင် အလွန်တရာ အားကောင်းလှပေသည်။

ရှောင်ချန်ယွီ မှာ လွင့်ထွက်သွားခဲ့သော်လည်း အမှန်တကယ်တွင်မူ ဒဏ်ရာအနာတရ သိပ်မရရှိခဲ့ချေ။

အစပျိုးကာစသာရှိသေးသည့် ရှေးဟောင်းမြင့်မြတ်ခန္ဓာဖြင့် ဝိညာဉ်တုံ့လော အဆင့်ရှိ အင်အားကြီးပညာရှင်တစ်ဦးကို ဤမျှအထိ ယှဉ်ပြိုင်နိုင်ခြင်းမှာ အံ့မခန်းစရာပင် ဖြစ်တော့သည်။

ထို့အပြင် ရှောင်ချန်ယွီ၌ ဝှက်ဖဲတစ်ခုလည်း ရှိနေသေးသည်မဟုတ်ပါလော။

“ရှေးဟောင်းမြင့်မြတ် ခန္ဓ ဒုတိယစွမ်းအင် ဖွင့်လှစ်စေ။”

ချက်ချင်းဆိုသလိုပင် ရှောင်ချန်ယွီသည် မိမိခန္ဓာကိုယ်တွင်းမှ ဆူပွက်နေသော သွေးသားများကို ဂရုမစိုက်ဘဲ ရှေးဟောင်း မြင့်မြတ်ခန္ဓာ၏ စွမ်းအားကို အဆုံးစွန်အထိ တွန်းတင်လိုက်တော့သည်။

"ဘုန်း... ဘုန်း... ဘုန်း..."

ဤအခြေအနေတွင် ရှောင်ချန်ယွီသည် မည်သည့်အရာကိုမျှ ချန်လှပ်မထားတော့ချေ။ လက်သီးတစ်ချက်စီကို အားကုန်လွှဲ၍ ထိုးနှက်လိုက်တိုင်း ဟင်းလင်းပြင်ကြီးကိုပင် ပေါက်ပြဲသွားစေနိုင်လောက်သည့် အရှိန်အဝါမျိုး ထွက်ပေါ်လာသည်။

“ကြောက်စရာကောင်းလိုက်တဲ့သန်မာမှုပဲ။"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နဂါးမင်းကြီးမုန့်ရှု သည် မျက်လုံးများ ပြူးကျယ်သွားရပြီး အတိုင်းအထက်အလွန် အံ့အားသင့်သွားရတော့သည်။

ဤကဲ့သို့သော ခန္ဓာအင်အားမျိုးသည် သာမန် အဆင့် ၁၉ ရှိသော ဝိညာဉ်သခင် တစ်ဦး ပိုင်ဆိုင်နိုင်သည့်အရာမျိုး လုံးဝမဟုတ်ပေ။

ထို့အပြင် သူသည် ဆယ်ကျော်သက်ကောင်လေးတစ်ဦးသာ ရှိသေးသည်မဟုတ်ပါလား။

သို့သော်လည်း မုန့်ရှုသည် ထိုမျှနှင့် ရပ်တန့်မသွားဘဲ သူ၏လက်ထဲမှ နဂါးတောင်ဝှေးကို တစ်ဖန် ပြန်လည်ဝှေ့ယမ်းလိုက်ပြန်သည်။

"ဝူး... ဝူး... ဝူး..."

လေခွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။ နဂါးမင်းကြီး မုန့်ရှုသည် ကြောက်မက်ဖွယ်ကောင်းသော နဂါးအရှိန်အဝါစွမ်းအားလှိုင်းများကို ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။

ထိုနဂါးအရှိန်အဝါများသည် အစွယ်တငေါငေါ လက်သည်းတကုတ်ကုတ်ဖြင့် သောင်းကျန်းလှသော နဂါးရိုင်းများအသွင်သို့ ပြောင်းလဲသွားပြီး ရှောင်ချန်ယွီကို သတ်ဖြတ်ရန် ဝူးဝူးဝါးဝါးဖြင့် ပြေးဝင်သွားကြတော့သည်။

ထိုအခြင်းအရာကို မြင်သော် ရှောင်ချန်ယွီသည်လည်း အရှုံးမပေးဘဲ သူ၏လက်သီးများကို လွှဲယမ်းကာ ရွှေရောင်အလင်းတန်းများကို ပေါက်ကွဲထွက်စေလျက် ပြန်လည်တိုက်ခိုက်လေသည်။

"ဘုန်း... ဘုန်း... ဘုန်း..."

နှစ်ဦးသား၏ တိုက်ကွက်များသည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကြတော့သည်။ သူတို့၏ တိုက်ပွဲမှာ ရိုးရှင်းပြီး ကြမ်းတမ်းလှသော်လည်း အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

“ဒါက ဘာလဲ။”

ရုတ်တရက် ရှောင်ချန်ယွီ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူသည် ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်စတင်ကျင့်ကြံကတည်းက စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ပိုမိုသိမ်မွေ့နက်နဲလာသည်ကို ခံစားမိသော်လည်း နဂါးင်းကြီးမုန့်ရှုမှာမူ ထိုသို့မဟုတ်ပေ။

ယခုအခိုက်အတန့်တွင် နဂါးမင်းကြီးမုန့်ရှု၏ စွမ်းအားသည် မိမိလောက် မကောင်းမွန်ကြောင်း ရှောင်ချန်ယွီ သိရှိသွားခဲ့သည်။

နဂါးမင်းကြီးမုန့်ရှုက သူ၏နဂါး တောင်ဝှေးမှတစ်ဆင့် စုစည်းထုတ်လွှတ်လိုက်သော ဝိညာဉ်စွမ်းအား များမှာ အလွန်ပင် ရေပေါ်ဆီဆန်လှပြီး အပေါ်ယံသာ ဖြစ်နေသည်။

တစ်ဖက်တွင်မူ ရှောင်ချန်ယွီ၏ တိုက်ကွက်တိုင်းမှာ အလွန်တရာ သိပ်သည်းကျစ်လျစ်လှပေသည်။

ဒါသည်ကား ဝိညာဉ်စွမ်းအင် အဆင့်အတန်းချင်း ကွာခြားမှု ပင် ဖြစ်သည်။

အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို အသေအချာ မသိသော်လည်း ရှောင်ချန်ယွီတွင် ခန့်မှန်းချက်အချို့ ရှိနေသည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာက ကျင့်ကြံပေးသည့် ဝိညာဉ်စွမ်းအင်သည် ဝိဉာဥ်ကုန်းမြေ၏ ဝိညာဉ်စွမ်းအားထက် အရည်အသွေး ပိုမိုမြင့်မားသည်မှာ သေချာလှပေသည်။

အမှန်စင်စစ် ဒေါင်လော့တိုက်ကြီးဟူသည်မှာကျင်ကြံခြင်းကမ္ဘာ များထဲတွင် အောက်ခြေအဆင့်မျှသာ ရှိသဖြင့် ဝိညာဉ်စွမ်းအား၏ အရည်အသွေး ညံ့ဖျင်းနေခြင်းမှာ သဘာဝကျလှပေသည်။

ထိုအချက်ကို သိရှိသွားပြီးနောက် ရှောင်ချန်ယွီသည် သူ၏စွမ်းအားများကို ပိုမိုထုတ်ဖော်ကာ နဂါးမင်းကြီး မုန့်ရှုနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လေတော့သည်။

"ဘုန်း... ဘုန်း... ဘုန်း... ဘုန်း..."

နှစ်ဦးသားသည် ဆက်တိုက်ဆိုသလို အပြန်အလှန် လုံးထွေးသတ်ပုတ်ကြပြီး စဉ်ဆက်မပြတ် တိုက်ခိုက်မှုများကြောင့် နားကွဲလုမတတ် ပေါက်ကွဲသံကြီးများ ထွက်ပေါ်နေတော့သည်။

သူတို့၏ တိုက်ပွဲမှာ ကမ္ဘာမြေကြီး တုန်လှုပ်ချောက်ချားမတတ် ပြင်းထန်လှပြီး ပတ်ဝန်းကျင်ရှိ မြေပြင်များ တုန်ခါကာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း ဤမျှလောက် ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုသည်ပင် သူတို့နှစ်ဦးလုံးအတွက် အမြင့်ဆုံးအဆင့်သို့ မရောက်ရှိသေးချေ။

“မဆိုးဘူး... မဆိုးဘူး။ ကောင်လေး... မင်းရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာက တကယ်ကို စွမ်းတာပဲ။ မင်းအပေါ် ငါပိုပြီး စိတ်ဝင်စားလာပြီ။”

နဂါးမင်းကြီးမုန့်ရှု၏ မျက်နှာတွင် ချီးကျူးအသိအမှတ်ပြုသည့် အရိပ်အယောင်များ ပေါ်လာကာ

“မင်းရဲ့ ခန္ဓာက ငါ့ကို အနိုင်ယူဖို့ အားနည်းလွန်းနေမှာကို ငါ အစက စိုးရိမ်နေခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ကို တကယ်ပဲ မျှော်လင့်ချက်တွေ ပေးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ထိုစကားကို ကြားသောအခါ ရှောင်ချန်ယွီက ခပ်ဖွဖွ ပြုံးလိုက်ပြီး

“ခင်ဗျား အဆုံးအထိ တောင့်ခံနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။"

“ရှေးဟောင်းမြင်မြတ်သောလက်သီးချက်ထွက်ပေါ်စမ်း။”

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ဒုတိယစွမ်းရည်ကို နိုးထစေပြီးနောက် ရှောင်ချန်ယွီသည် ထိုခန္ဓာကိုယ်၏ ထူးခြားချက်များကို ပေါင်းစပ်ကာ တိုက်ခိုက်ရေးနည်းစနစ်အသစ်တစ်ခုကို တီထွင်လိုက်ခြင်း ဖြစ်သည်။

၎င်းမှာ ရှေးဟောင်းမြင့်မြတ်သော လက်သီးချက် ပင် ဖြစ်တော့သည်။

ဤလက်သီးချက်သည် ရှေးဟောင်း မြင့်မြတ်ခန္ဓာ၏ အားကောင်းလှသော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အဆုံးစွန်အထိ အသုံးချပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်စစ်စွမ်းအားကို ထုတ်လွှတ်ခြင်း ဖြစ်သည်။

ထိုသို့ပြောပြီးသည်နှင့် ရှောင်ချန်ယွီသည် သူ၏ ရှေးဟောင်းမြင့်မြတ်သောလက်သီးချက်ကို တစ်ဖန် ပြန်လည်ထုတ်ဖော်လိုက်

ပြန်သည်။ ခန္ဓာကိုယ်၏ စွမ်းအားများကို ဆက်တိုက် နှိုးဆွပေးနေခြင်းကြောင့် လက်သီးချက်မှာ ပိုမို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။

သူတို့၏ စွမ်းအားများ ထပ်မံထိတွေ့မိကြသောအခါ ကမ္ဘာမြေကြီးကို တုန်ဟိန်းသွားစေသည့် ပေါက်ကွဲသံကြီး ချက်ချင်း ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် မြေပြင်တစ်ခုလုံး တုန်ခါသွားရတော့သည်။

သူတို့ တိုက်ခိုက်နေကြသည့် နေရာရှိ မြေပြင်မှာ တစ်ခုပြီးတစ်ခု အပေါက်ကြီးများ ဖြစ်သွားခဲ့ပြီး ပင့်ကူအိမ်သဖွယ် မီတာ ဒါဇင်ပေါင်းများစွာအထိ အက်ကွဲကြောင်းများ ပြန့်နှံ့သွားရာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

နှစ်ဦးသားလုံးသည် မိမိတို့၏ စွမ်းအားများကို အကန့်အသတ်အထိ တွန်းတင်ထားကြသဖြင့် ဤတိုက်ပွဲသည် ရေရှည်ဆွဲရမည့် တိုက်ပွဲဟု ခေါ်ဆိုနိုင်ပေသည်။

ရှောင်ချန်ယွီသည် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်၏ အံ့မခန်း ကာကွယ်ရေးစွမ်းအားကို အားကိုးကာ နဂါးမင်းကြီးမုန့်ရှု၏ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်း အစဉ်တစိုက် အသာစီးရအောင် ထိန်းထားနိုင်ခဲ့သည်။

နဂါးမင်းကြီး မုန့်ရှု၏ မျက်နှာအမူအရာမှာလည်း ပျက်ယွင်းလာခဲ့သည်။ ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်စွမ်းအားက ဤမျှအထိ သန်မာလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိပေ။

“တောက်... သန်မာလွန်းလိုက်တာ။”

မုန့်ရှုတစ်ယောက် စိတ်မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။ ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်မှာ ဤမျှအထိ စွမ်းအားကြီးမားနေရုံမျှမက မိမိထက်ပင် ပိုမိုသန်မာနေသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်။

“အဖိုးက တကယ်ပဲ အရေးနိမ့်တဲ့ဘက်ကို ရောက်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”

တစ်ဖက်တွင်မူ တိုက်ပွဲက ဤအခြေအနေသို့ ရောက်ရှိလာသောအခါ မုန့်ယိရန် သည်လည်း သူမ၏အဖိုး မုန့်ရှုမှာ အားနည်းချက်ရှိသော အခြေအနေသို့ ဆိုက်ရောက်နေသည်ကို မြင်တွေ့လိုက်ရသည်။

ခဏမျှအတွင်း မုန့်ယိရန်တစ်ယောက် ဘဝအပေါ် သံသယများ ဝင်လာခဲ့တော့သည်။

မုန့်ယိရန်၏ ကမ္ဘာငယ်လေးမှာ အလွန်ပင် သေးငယ်လှပေသည်။ သူမ၏ ကမ္ဘာငယ်လေးထဲတွင် အဖိုးဖြစ်သူ မုန့်ရှုသည် သံသယဖြစ်ဖွယ်မရှိဘဲ အားအကောင်းဆုံး တည်ရှိမှုကြီး ဖြစ်ခဲ့သည်။

ဝိညာဉ်တုံ့လော တစ်ဦးအနေဖြင့် မုန့်ရှုသည် မည်သည့်နေရာသို့မဆို သောင်းကျန်းနိုင်ပြီး အခြေခံအားဖြင့် ပြိုင်ဘက်မရှိခဲ့ချေ။

ရှောင်ချန်ယွီသည် ယခင်က အဆင့် ၉၉ ရှိသော ထိပ်တန်းတုံ့လော အစောင့်အရှောက်တစ်ဦးကို ခေါ်ဆောင်လာခဲ့သဖြင့် နဂါးစားမှူးကြီး မုန့်ရှုမှာ ထိုသူပေါ်လာသည်နှင့် နောက်ဆုတ်ပေးခဲ့ရသော်လည်း...

သူတို့သည် အမှန်တကယ် လက်ရည်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသောကြောင့် တစ်ဖက်လူ မည်မျှအထိ အစွမ်းထက်သည်ကို မုန့်ယိရန် မသိရှိခဲ့ပေ။

သို့သော် ယခုမူ ရှောင်ချန်ယွီကိုယ်တိုင် မုန့်ရှုနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထို့အပြင် နှစ်ဦးသားမှာ အပြန်အလှန်ပင် ယှဉ်ပြိုင်နေနိုင်ကြသေးသည်။

အကယ်၍ မုန့်ရှုသာ သူ့ခေတ်သူ့အခါက လူတစ်ဦးနှင့် တိုက်ခိုက်နေခြင်းဆိုလျှင် ကိစ္စမရှိသော်လည်း...

ပြဿနာမှာ မုန့်ရှု၏ ပြိုင်ဘက်သည် အသက် နှစ်ဆယ်ပင် မပြည့်သေးသည့် ကောင်လေးတစ်ဦး ဖြစ်နေခြင်းပင်။

ယခုခေတ် ကောင်လေးများမှာ မည်သည့်အချိန်ကတည်းက ဤမျှအထိ ပြင်းထန် ကြောက်စရာကောင်းသွားကြသနည်း။

“အစ်ကိုချန်ယွီက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ ဝိညာဉ်တုံ့လောအဆင့်ရှိတဲ့ အင်အားကြီးတစ်ယောက်နဲ့ ဒီလောက်အထိ အကြာကြီး ယှဉ်ပြိုင်နိုင်နေတာပဲ။ သူ အရင်က ငါနဲ့တိုက်တုန်းက အစွမ်းတွေ ချန်ထားခဲ့တာ ထင်တယ်။"

တုကူယန်း၏ မျက်လုံးများထဲတွင်လည်း ပြင်းထန်သော တုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

တုကူယန်းသည်လည်း ယခင်က ရှောင်ချန်ယွီနှင့် တိုက်ခိုက်ဖူးခဲ့သည်။ ရှောင်ချန်ယွီက သူမထက် သန်မာသည်ကို သူမ သိသော်လည်း ရှောင်ချန်ယွီ မည်မျှအထိ သန်မာသည်ကိုမူ သဲသဲကွဲကွဲ မသိခဲ့ချေ။

အဆုံးစွန်၌ ရှောင်ချန်ယွီ ထုတ်ဖော်ပြသခဲ့သည်မှာ အဆင့် ၁၉ ရှိသော ဝိညာဉ်စွမ်းအားသာ ဖြစ်သည်မဟုတ်ပါလား။

သို့သော် လက်တွေ့တွင်မူ လူတစ်ဦးသည် မိမိမျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ရမှသာ အမှန်တရားကို ခံစားသိရှိနိုင်မည် ဖြစ်သည်။ ယခုမူ တုကူယန်း မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ဤသူကား ဝိညာဉ်တုံ့လော အင်အားကြီးတစ်ဦး ဖြစ်ပေသည်။

ရှောင်ချန်ယွီသည် အသက် နှစ်ဆယ်ပင် မပြည့်သေးသော်လည်း ဤကဲ့သို့သော အင်အားကြီးတစ်ဦးကို ဤမျှအထိ ယှဉ်ပြိုင်နိုင်နေပြီ ဖြစ်သည်။

နောက်ထပ် နှစ်အနည်းငယ် ကြာလျှင် သူသည် ထိပ်တန်းတုံ့လောတစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပါလော။

“ဒါဟာ လျှို့ဝှက်မိသားစု တစ်ခုရဲ့ အစွမ်းပဲလား။ တကယ်ကို ထူးခြားဆန်းကြယ်လွန်းတယ်။ ရှောင်ချန်ယွီက အဆင့် ၁၉ သာရှိပြီး အသက် နှစ်ဆယ်တောင် မပြည့်သေးတာကို နဂါးမင်းကြီး မုန့်ရှုနဲ့ ရင်ပေါင်တန်း တိုက်ခိုက်နိုင်နေပြီ။ ငါ ရှောင်ချန်ယွီရဲ့ နောက်လိုက်အဖြစ် ခံယူခဲ့တဲ့ ဆုံးဖြတ်ချက်က တကယ်ပဲ မှန်ကန်ခဲ့တာပဲ။”

ရဲ့လင်လင်သည်လည်း အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

ယခင်က ရဲ့လင်လင်သည် မိမိကိုယ်ကိုယ် ရှောင်ချန်ယွီထံ ပုံအပ်ခဲ့စဉ်က ရှောင်ချန်ယွီသည် ဂရုမစိုက်သကဲ့သို့ ရှိခဲ့သည်။ ထိုအချိန်က ရဲ့လင်လင်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ရသော်လည်း... ယခု ပြန်ကြည့်လိုက်သောအခါ သူမ ရဲ့လင်လင်ကိုယ်တိုင်ကသာ အမြင်ကျဉ်းမြောင်းခဲ့ခြင်း ဖြစ်ပေသည်။

ရှောင်ချန်ယွီသည် အရာရာတိုင်းကို အထင်သေး ကြည့်မြင်နိုင်သည့် အရည်အချင်းမျိုး အမှန်တကယ် ရှိနေပေတော့သည်။

All Chapters