အခန်း (၅၅)
Vol. 6 Ch. 55
အခန်း ၅၅ - တိုက်ခိုက်ခြင်းလျှို့ဝှက်ချက်။
“အစ်ကို ချန်ယွီက တကယ်ကို အကောင်းဆုံးပဲ။”
ရှောင်ဝူ ၏ လှပသော မျက်ဝန်းအစုံတွင်လည်း အားကျအတုယူရိပ်များ ဖြတ်ပြေးသွားသည်။ ယခုအခိုက်အတန့်တွင် သူမသည် နော့တင်းအကယ်ဒမီ ၌ ရှိစဉ်က ထန်စန်းဟုခေါ်သော ကောင်လေးတစ်ယောက်အကြောင်းကို တွေးမိသွားသည်။
ထိုစဉ်က ထန်စန်းသည် ရှောင်ချန်ယွီကို အရှက်မရှိ ကြုံးဝါးခဲ့ပြီး သုံးနှစ်ကတိကဝတ်ဆိုသည်ကိုပင် ထားရှိခဲ့သည်မဟုတ်ပါလား။
"ထန်စန်းလို အမှိုက်တစ်စတစ်ယောက်က သုံးနှစ်တဲ့လား။ သူ့ကို အနှစ်သုံးဆယ် ပေးရင်တောင် အစ်ကို ရှောင်ချန်ယွီကို ဘယ်တော့မှ မီမှာ မဟုတ်ဘူး။"
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မဖြစ်နိုင်ဘူး။"
ယွီထျန်းဟန် သည်လည်း အိပ်မက်ယောင်နေသကဲ့သို့ မျက်လုံးများ ပြာဝေလျက် ရေရွတ်နေမိသည်။ သူ အမျှော်လင့်ဆုံး ဖြစ်ခဲ့သည့် ရှောင်ချန်ယွီ တရားလွန် အရိုက်ခံရမည့် မြင်ကွင်းမှာ ပေါ်မလာခဲ့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ရှောင်ချန်ယွီသည် နဂါးမင်းကြီးမုန့်ရှုနှင့် အပြန်အလှန် အကြိတ်အနယ် ယှဉ်ပြိုင်ရင်း ကြီးမားလှသော နတ်ဘုရားအရှိန်အဝါကို ထုတ်ဖော်ပြသနေသည်။
ယွီထျန်းဟန်သည် မိမိ ရှုံးနိမ့်သွားခဲ့ပြီမှန်း သိလိုက်သည်။ ရှောင်ချန်ယွီ ဤမျှအထိ လုပ်ဆောင်နိုင်ခြင်းက သူ၏ စွမ်းအားနှင့် ပါရမီ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြနေသည်။ ဤကဲ့သို့သော စွမ်းအားမျိုးသည် ယွီထျန်းဟန်တစ်ယောက် သူ၏တစ်သက်တာလုံး အားသွန်ခွန်စိုက် ကြိုးစားလျှင်ပင် ဘယ်သောအခါမျှ လိုက်မှီနိုင်မည့်အရာ မဟုတ်ပေ။
“စီနီယာ နဂါးမင်းကြီးက တကယ်ပဲ ရှုံးတော့မှာလား။”
ယွီထျန်းဟန် မိမိမျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ရှက်ကိုးရှက်ကန်း ဖြစ်လာခဲ့သည်။ သူ ယွီထျန်းဟန်သည် နဂါးမင်းကြီးနှင့် တွေ့ဆုံစဉ်က အလဲလဲအကွဲကွဲ အနိုင်ယူခြင်း ခံခဲ့ရသည်။
သို့သော် ရှောင်ချန်ယွီမှာမူ နဂါးမင်းကြီးနှင့် တွေ့ဆုံချိန်၌ တန်းတူရည်တူ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။ လူအချင်းချင်း ကြားက ကွာဟချက်ကို ဤနှိုင်းယှဉ်မှုက ထင်ရှားစွာ ပြသနေတော့သည်။
“ရှောင်ချန်ယွီက တကယ်ကို ထူးခြားတာပဲ။”
သူမ၏ ဘေးနားတွင် ရှိနေသော မြွေအဘွား ချောင်ထျန်းရှန်း ၏ မျက်ဝန်းများထဲတွင်လည်း ချီးကျူးရိပ်များ ဖြတ်ပြေးသွားပြီးနောက် သူမက
“ဒါပေမဲ့ ငါ့အဖိုးကြီးက ဒီလောက်အလွယ်တကူ ရှုံးနိမ့်သွားမှာ မဟုတ်ဘူး။ တိုက်ပွဲက အခုမှ စတာ။”
‘ရှောင်ချန်ယွီ...လျှို့ဝှက် မိသားစုကတဲ့လား... တကယ့်ကို ထူးဆန်းတဲ့ အကောင်ပဲ။’
‘ဒါပေမဲ့ ငါလို ဂုဏ်သိက္ခာရှိတဲ့ ဝိညာဉ်တုံ့လောတစ်ယောက်က ဂျူနီယာလေးတစ်ယောက်ကို ရှုံးနိမ့်သွားရင် ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ။’
ဤအချိန်တွင် နဂါးမင်းကြီးမုန့်ရှုသည်လည်း ရှောင်ချန်ယွီ၏ ကြောက်မက်ဖွယ် ကောင်းလှသော ပင်ကိုယ်သဘာဝကို ခံစားမိနေပြီ ဖြစ်သည်။
အကယ်၍ သူသာ ဆက်လက် လက်ရှောင်နေဦးမည်ဆိုပါက တကယ်ပင် အရှက်ကွဲရတော့မည် မဟုတ်ပါလား။
“အဋ္ဌမမြောက် ဝိညာဉ်စွမ်းရည် နဂါးနတ်
ဘုရား အသွင်ပြောင်းခြင်း။"
နဂါးမင်းကြီး မုန့်ရှု၏ အကြည့်များမှာ ရုတ်တရက် အေးစက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ နဂါးနတ်ဘုရားတစ်ကောင်အသွင်သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
မိုးကြိုးမုန်တိုင်းများကဲ့သို့ သောင်းကျန်းလှသော အရှိန်အဝါနှင့် အနှိုင်းမဲ့ စွမ်းအားများကို သယ်ဆောင်ထားသည့် သူ၏ဧရာမ ခန္ဓာကိုယ်ကြီးသည် ရှောင်ချန်ယွီထံသို့ ပြေးဝင် ဆောင့်တိုက်လိုက်တော့သည်။
နဂါးနတ်ဘုရား၏ လက်သည်းချက် ကျဆင်းလာသည်နှင့်အမျှ ရှောင်ချန်ယွီသည် ထတောင်ကြီး တစ်ခုလုံး ပိကျလာသကဲ့သို့ ပြင်းထန်လှသော စွမ်းအားလှိုင်းကြီး မိမိထံသို့ ပြေးဝင်လာသည်ကို ခံစားလိုက်ရပြီး အသက်ရှူပင် ကျပ်လာခဲ့သည်။
နဂါးနတ်ဘုရား၏ လက်သည်းက ကုတ်ခြစ်လိုက်သောအခါ ရှောင်ချန်ယွီသည် သူ၏ရှေးဟောင်းမြင့်မြတ်ခန္ဓာ မှာ ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားကို မခံနိုင်တော့ဘဲ တစ်လက်မချင်းစီ ပြိုလဲပျက်စီးတော့မည့်အလား ခံစားလိုက်ရသည်။
“သမက်လေး ချန်ယွီ... မင်းရဲ့ စွမ်းအားက အရမ်းကြီးမားတာ မှန်ပေမဲ့ ငါ့ရဲ့ နဂါးနတ်ဘုရား အသွင်ပြောင်းခြင်းက အလွန်တရာ အားကောင်းလှတယ်။ မင်း ငါ့ရဲ့ ဒီတိုက်ကွက်ကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ဘူး အလဟဿ မရုန်းကန်ပါနဲ့တော့။”
နဂါးမင်းကြီး မုန့်ရှုက လှောင်ပြုံး ပြုံးလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှောင်ချန်ယွီ၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် ကွေးညွတ်သွားပြီး ချက်ချင်းပင် လက်သီးတစ်ချက်ကို ထိုးနှက်လိုက်တော့သည်။
"ဝုန်း..."
နှစ်ဦးသား၏ တိုက်ကွက်များသည် ထပ်မံ၍ ပြင်းထန်စွာ ရိုက်ခတ်မိကြပြန်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဂယက်လှိုင်းများသည် ရေလှိုင်းများကဲ့သို့ ပျံ့နှံ့သွားပြီး ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။
ရှောင်ချန်ယွီ၏ ရှေးဟောင်း မြင့်မြတ်ခန္ဓာစွမ်းအားမှာ နဂါးမင်းကြီးမုန့်ရှုက နဂါးနတ်ဘုရား အသွင်ပြောင်းခြင်းကို အသုံးချပြီးနောက်ပိုင်းတွင် အမှန်တကယ်ပင်
အားနည်း သွားခဲ့သည်။
သို့သော်လည်း ရှောင်ချန်ယွီသည် ကြံ့ခိုင်လှသော ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အမှီပြုကာ နဂါးမင်းကြီး မုန့်ရှု၏ တိုက်ခိုက်မှုကို သူ၏သန်မာလှသော ခန္ဓာကိုယ်သက်သက်ဖြင့်သာ ကြံ့ကြံ့ခံ တားဆီးနိုင်ခဲ့သည်။
သို့သော် ဤကဲ့သို့သော အခြေအနေကို ရေရှည်ထိန်းထားနိုင်ရန်မှာ မဖြစ်နိုင်သည်က ရှင်းလင်းလှပေသည်။
“မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အရမ်းသန်မာတာ မှန်ပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ကွာခြားချက်ကို ဖြည့်ဆည်းဖို့ မလုံလောက်သေးဘူး။ ငါ့ကို အနိုင်ယူချင်ရင် မင်း ဒီထက်အများကြီး ပိုကြိုးစားရဦးမယ် ဟားဟားဟား။"
နဂါး မင်းကြီးမုန့်ရှုသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ရှောင်ချန်ယွီထံသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။
ယခုအခိုက်အတန့်တွင် ရှောင်ချန်ယွီသည် သူ၏စွမ်းရည်များကို ဆက်လက်ဖုံးကွယ်မထားရဲတော့ဘဲ သူ၏ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို ချက်ချင်း လှုံ့ဆော်ကာ လက်နက်လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်တော့သည်။
“လက်နက် လျှို့ဝှက်ချက်..."
“နဂါးနတ်ဘုရား အသွင်ပြောင်းခြင်း။”
လက်နက် လျှို့ဝှက်ချက်မှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းစွမ်းအားကို ရှောင်ချန်ယွီက ထင်ရှားစွာ ထုတ်ဖော်ပြသလိုက်
သည်။ ကောင်းကင်ဘုံကို ဖုံးလွှမ်းခြင်း လျှို့ဝှက်ချက်၉ပါးထဲမှ လက်နက် လျှို့ဝှက်ချက်ဟူသည်မှာ ကမ္ဘာပေါ်ရှိ မည်သည့်လက်နက်ကိုမဆို ပုံတူကူးချနိုင်သည်။
ဝိဉာဥ်ကုန်မြေတွင်မူဝိညာဉ်သခင်တိုင်း၏ ဝိညာဉ်သည် သူတို့၏ လက်နက်ပင် ဖြစ်သည်။
မုန့်ရှုက အလွန်သန်မာပြီး သူ၏ အဋ္ဌမမြောက် ဝိညာဉ်စွမ်းရည်ကလည်း အလွန်အားကောင်းလှသည်။
သို့သော် ယခုအခါတွင်မူ ထိုအရာသည် ငါ ရှောင်ချန်ယွီ၏ အရာ ဖြစ်သွားချေပြီ။
ထို့အပြင် ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အခြေခံအုတ်မြစ်အဖြစ် အသုံးချထားခြင်းကြောင့် ထုတ်ဖော်လိုက်သော စွမ်းရည်များသည် နဂါးမင်းကြီး မုန့်ရှု ကိုယ်တိုင်ထုတ်ဖော်သည်ထက်ပင် ပိုမိုသန်မာနေဦးမည် ဖြစ်သည်။
ယခုအခါ ရှောင်ချန်ယွီသည် နဂါးနတ်ဘုရား အသွင်ပြောင်းခြင်း၏ စွမ်းအားကို ၂၀၀ ရာခိုင်နှုန်းအထိ ထုတ်ဖော်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သူက လက်သီးတစ်ချက်ကို ထိုးနှက်လိုက်သောအခါ မီတာ ရာနှင့်ချီ၍ အချင်းရှိသော ရွှေရောင်အလင်းတိုင်ကြီးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများကို သယ်ဆောင်သွားခဲ့သည်။
"ဝုန်း..."
ပြင်းထန်လှသော လက်သီးချက်ကို ထိုးနှက်လိုက်သည်နှင့် ကောင်းကင်ယံရှိ တိမ်တိုက်များသည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ စုတ်ပြဲသွားပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာပျက်ကိန်း လေပွေတွင်းနက်ကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ပျက်စီးစမ်း။”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နဂါးမင်းကြီးမုန့်ရှုသည်လည်း ဟိန်းဟောက်လိုက်ပြီး လက်သည်းချက်တစ်ခုကို လွှဲယမ်းလိုက်သည်။
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော နဂါးလက်သည်း၏ ပုံရိပ်ယောင်ကြီးသည် လေထုကို ဆုတ်ဖြဲကာ ရှောင်ချန်ယွီ၏ လက်သီးချက်နှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားတော့သည်။
"ဒုန်း..."
"ဒုန်း... ဒုန်း..."
နှစ်ဦးသား၏ စွမ်းအားများသည် ပြင်းထန်စွာ ရိုက်ခတ်မိကြပြီးနောက် ပင်လယ်ဒီရေလှိုင်းကြီးများကဲ့သို့ အသံလှိုင်းများသည် အရူးအမူး ပျံ့နှံ့သွားခဲ့သည်။ ထိုကြောက်မက်ဖွယ် အသံလှိုင်းများသည် ကောင်းကင်ယံတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ဆက်လက်သောင်းကျန်းနေပြီး ပတ်ဝန်းကျင်ရှိ များပြားလှသော သစ်ပင်ကြီးများသည် ချက်ချင်းပင် ပေါက်ကွဲသွားကာ လေထုထဲတွင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဖူး...”
နောက်တစ်စက္ကန့်တွင် သွေးတစ်လုတ်ကို ရုတ်တရက် အန်ထုတ်လိုက်ရပြီး နဂါးမင်းကြီး မုန့်ရှုသည် နောက်သို့ လွင့်ထွက်သွားခဲ့ရကာ အလွန်ပင် သနားစဖွယ် အခြေအနေသို့ ဆိုက်ရောက်သွားသည်။
ရှောင်ချန်ယွီ၏ စွမ်းအားမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှပေသည်။
နဂါးမင်းကြီး မုန့်ရှု၏ စွမ်းအားသည် နဂါးနတ်ဘုရား အသွင်ပြောင်းခြင်းကို မသုံးစွဲမီကထက် အဆပေါင်းများစွာ မြင့်မားလာခဲ့သော်လည်း သူသည် ရှောင်ချန်ယွီ၏ ပြိုင်ဘက် မဖြစ်နိုင်သေးချေ။
“ငါ... ရှုံးပါပြီ။”
နဂါးမင်းကြီးမုန့်ရှုသည် သွားကို ကြိတ်ကာ ရင်ထဲတွင် မခံမရပ်နိုင်ဖြစ်လျက် ပြောလိုက်သည်။
'ဒီကောင်လေးရဲ့ ရှေးဟောင်း မြင့်မြတ်ခန္ဓာက တကယ်ကို ထူးဆန်းလွန်းတယ်။ ငါ့ရဲ့ ဝိညာဉ်စွမ်းအားကတောင် သူ့ကို မခံနိုင်ဘူးတဲ့လား။'
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ မယုံဘူး... မင်းရဲ့ ရှေးဟောင်း မြင့်မြတ်ခန္ဓာက ငါ့ထက်တောင် ပိုပြီး စွမ်းအားကြီးနေတာလား။”
မုန့်ရှု၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်စွမ်းအားက မိမိထက် သာလွန်နေသည်ကို သူ မယုံကြည်နိုင်ဖြစ်နေခြင်း ဖြစ်သည်။ ထို့အပြင် ဤကောင်လေးသည် နဂါးမင်းကြီး မုန့်ရှု၏ ဝိညာဉ်ကိုပင် ပုံတူကူးချနိုင်ရုံမျှမက သူ အသုံးပြုလိုက်သော စွမ်းရည်မှာ မုန့်ရှု ကိုယ်တိုင်အသုံးပြုသည်ထက်ပင် ပိုမိုအားကောင်းနေသေးသည်။
'ဒါက မျက်နှာကို ဖြန်းခနဲ ဖြတ်ရိုက်လိုက်သလိုမျိုးပဲ။ တစ်ဖက်လူရဲ့ ကိုယ်ပိုင်နည်းဗျူဟာကို သုံးပြီး အဲဒီလူကိုပဲ ပြန်တိုက်ခိုက်တာ... ဒီလိုမျိုးကြီးတော့ မကစားသင့်ဘူးလေ။'
“လက်ရည်စမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။”
ရှောင်ချန်ယွီက ပြုံးလျက်
“ဒါက ကံကောင်းသွားရုံသက်သက်ပါပဲ။”
တစ်ချိန်တည်းမှာပင် ရှောင်ချန်ယွီ၏ စိတ်ထဲ၌ စနစ် ၏ အကြောင်းကြားစာများ ဆက်တိုက်ဆိုသလို မြည်ဟီးလာခဲ့သည်။
【တိန် နဂါးမင်းကြီး မုန့်ရှုကို ယုံကြည်လက်ခံလာအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ယူဝမ်းမြောက်ပါသည်။ ကံကောင်းခြင်းအမှတ် +၁၀၀၀ ရရှိပါသည်။】
【တိန်... မြွေအဘွား ချောင်ထျန်းရှန်းကို ယုံကြည်လက်ခံလာအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ယူဝမ်းမြောက်ပါသည်။ ကံကောင်းခြင်းအမှတ် +၁၀၀၀ ရရှိပါသည်။】
【တိန်... ကောင်းကင်ဘုံရွေးချယ်ခံရသူ၏ အဆက်အသွယ်များကို ဖြတ်တောက်နိုင်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ယူဝမ်းမြောက်ပါသည်။ ကံကောင်းခြင်းအမှတ် +၅၀၀၀ ရရှိပါသည်။】
【တိန်... ကောင်းကင်ဘုံရွေးချယ်ခံရသူ၏ အဆက်အသွယ်များကို ဖြတ်တောက်နိုင်ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် ကောင်းကင်ဘုံကို ဖုံးလွှမ်းခြင်းလျှို့ဝှက်ချက်၉ပါးထဲမှ တိုက်ခိုက်ခြင်းလျှို့ဝှက်ချက်ကို ရရှိပါသည်။】
တိုက်ခိုက်ခြင်း လျှို့ဝှက်ချက်ဟူသည်မှာ ကျင့်စဉ်များနှင့် မြင့်မြတ်သော အတတ်ပညာများ အဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်သည်။ ၎င်းသည် တိုက်ခိုက်ရေးလောကတွင် အထူးချီးကျူးခံရထိုက်သော လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်ပြီး အနီးကပ် တိုက်ခိုက်ရေးစတိုင်များထဲတွင် အားအကောင်းဆုံး ဖြစ်သည်။
ယေဘုယျအားဖြင့် အနီးကပ် လက်ရည်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းတွင် ကျွမ်းကျင်သော ကျင့်ကြံသူများသည် တိုက်ခိုက်ခြင်လျှို့ဝှက်ချက်ကို ကျင့်ကြံသောအခါ ထူးကဲသော ရလဒ်များကို ရရှိကြသည်။
ရှောင်ချန်ယွီအတွက်မူ သူသည် ရှေးဟောင်းမြင့်မြတ် ခန္ဓာကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ တိုက်ခိုက်ခြင်းလျှို့ဝှက်ချက်နှင့် ပေါင်းစပ်လိုက်ပါက သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အတိုင်းအဆမရှိ အဆပေါင်းများစွာ တိုးပွားလာတော့မည် ဖြစ်သည်။
အကယ်၍ ယခုအချိန်တွင် တိုက်ခိုက်ခြင်း၏ လျှို့ဝှက်ချက်ကို တတ်မြောက်ထားသော ရှောင်ချန်ယွီသာ နဂါးစားမင်းကြီးမုန့်ရှုနှင့် ရင်ဆိုင်ရမည်ဆိုပါက ၎င်းသည် အပြတ်အသတ် သတ်ဖြတ်ပွဲတစ်ခုသာ ဖြစ်ပေလိမ့်မည်။