Chapters

အခန်း (၅၆)

Vol. 6 Ch. 56

အခန်း (၅၆)

Vol. 6 Ch. 56

အခန်း ၅၆ - ထျန်းတိုမြို့တော်

"ဒီကောင်က လူမဟုတ်ဘူး မိစ္ဆာကောင်ပဲ။”

တစ်ချိန်တည်းမှာပင် နဂါးမင်းကြီး မုန့်ရှုသည် ရှောင်ချန်ယွီနှင့် တိုက်ပွဲတွင် ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသဖြင့် ယွီထျန်းဟန်၏ မျက်လုံးများမှာ ပြာဝေသွားခဲ့ပြီး သူ၏ဘဝအပေါ် တကယ်ပင် သံသယဝင်နေမိတော့သည်။

ယွီထျန်းဟန်သည် သူတစ်သက်လုံး သင်ယူခဲ့ရသော ပညာရေးတစ်ခုလုံးမှာ အလဟဿ ဖြစ်သွားခဲ့ပြီဟု ခံစားလိုက်ရသည်။

'ဘယ်လိုအခြေခံနဲ့လဲ။ ဒီရှောင်ချန်ယွီက ဘာကို အားကိုးနေလို့လဲ။ ဘာဖြစ်လို့ အဆင့် ၁၉ သာရှိတဲ့ ဝိညာဉ်သခင်တစ်ယောက်က ဝိညာဉ်တုံ့လောတစ်ယောက်ကို ဖိနှိပ်ခြေမှုန်းနိုင်ရတာလဲ။ ဒါက သဘာဝမကျဘူး။'

“စီနီယာ နဂါးမင်းကြီးက ပေါ့ဆသွားလို့နေမှာပါ၊ သူ မရှောင်လိုက်ဘူးလေ။”

ရဲ့လင်လင်သည်လည်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

အစောပိုင်းက ရဲ့လင်လင်သည် သူမ၏ ဟိုင်ထန်ပန်းဝိညာဉ် ၏ ကုသရေး ဝိညာဉ်စွမ်းရည်ကို လက်ထဲတွင် အဆင်သင့် ကိုင်ထားခဲ့သည်။

သူမသည် ရှောင်ချန်ယွီကို ကုသပေးရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ သို့သော် တိုက်ပွဲအပြီးတွင်မူ ရှောင်ချန်ယွီမှာ ဘာမှမဖြစ်ဘဲ နဂါးမင်းကြီး မုန့်ရှုသာလျှင် ဒဏ်ရာရရှိသွားခဲ့သည်။

"ရှူး..."

စိမ်းလန်းသော အလင်းတန်းတစ်ခုသည် နဂါးမင်းကြီး မုန့်ရှု၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပသွားခဲ့သည်။

တစ်ခဏချင်းတွင်ပင် မုန့်ရှု၏ ဖြူလျော်နေသော မျက်နှာမှာ အနည်းငယ် သွေးရောင်ပြန်လွှမ်းလာခဲ့သည်။

“ဟိုင်ထန်ပန်းဝိညာဉ်လား။ ဒဏ္ဍာရီလာ အထောက်အကူပြု ဝိညာဉ် ရဲ့ မျိုးဆက်နဲ့ ဒီနေရာမှာ ဆုံရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။”

နဂါးမင်းကြီး မုန့်ရှု၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။

ဟိုင်ထန်ပန်းဝိညာဉ်၏ အမွေဆက်ခံမှုမှာ ရှားပါးလှသော်လည်း ၎င်းက အားမကောင်းဟု မဆိုလိုပေ။

အကြီးစား ကုသရေးစွမ်းရည်များ ရှိသဖြင့် တိုက်ပွဲတစ်ခုတွင် ဟိုင်ထန်ပန်းဝိညာဉ်၏ မျိုးဆက်တစ်ဦးတည်း ရှိနေခြင်းသည်ပင် စစ်တပ်တစ်ခုလုံးနှင့် ညီမျှပေသည်။

သို့သော်လည်း နဂါးမင်းကြီး မုန့်ရှုသည် ဤနေရာတွင် ဟိုင်ထန်ပန်းဝိညာဉ်၏ မျိုးဆက်နှင့် ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ပို၍အရေးကြီးသည်မှာ ရဲ့လင်လင် ဟုခေါ်သော ဤမိန်းကလေးသည် ရှောင်ချန်ယွီ၏ ဦးဆောင်မှုကို ထင်ရှားစွာ လိုက်နာနေပြီး သူ၏နောက်လိုက်တစ်ဦး ဖြစ်နေခြင်းပင်။

'လျှို့ဝှက်မိသားစုတစ်ခုရဲ့ မျိုးဆက်က တကယ်ကို ထူးခြားတာပဲ။ သူက တိုက်ခိုက်ရေးစွမ်းရည်မှာ ပြိုင်ဘက်မရှိရုံတင်မကဘဲ ဟိုင်ထန်ပန်းဝိဉာဥ်မျိုးဆက်ကိုတောင် နောက်လိုက်အဖြစ် ထားရှိနိုင်သေးတယ်။ ဒါက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။’

ယခုအခါ နဂါးမင်းကြီး မုန့်ရှုသည် ရှောင်ချန်ယွီကို လုံးဝဥဿုံ လှိုက်လှိုက်လှဲလှဲ အရှုံးပေးသော အကြည့်ဖြင့် ကြည့်နေတော့သည်။

'မင်း... ရှောင်ချန်ယွီက သာမန်မိသားစုကလို့ ပြောနေသေးတာလား။ သာမန်မိသားစုတစ်ခုက ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးကို ပျိုးထောင်နိုင်ပါ့မလား။'

'အဆင့် ၁၉ နဲ့ ဝိညာဉ်တုံ့လောတစ်ယောက်ကို ဖိနှိပ်ခြေမှုန်းတာ... ငါ ဒီနှစ်တွေတစ်လျှောက်လုံး အလကား ကျင့်ကြံလာခဲ့တယ်လို့ မင်းတကယ် ထင်နေတာလား။'

'ဒီကောင်က အရမ်းကို အစွမ်းထက်လွန်းတယ်။ငါသာ ဒီသားစုကြီးတစ်ခုရဲ့ ခြေထောက်ကို အမိအရ ဖက်ထားနိုင်ရင် ငါတို့ မုန့်မိသားစုလည်း ဒီဘဝမှာ အောင်မြင်ကျော်ကြားသွားမှာ မဟုတ်ဘူးလား။'