← Chapters

အခန်း (၅၈)

Vol. 6 Ch. 58

အခန်း (၅၈)

Vol. 6 Ch. 58

အခန်း ၅၈ - ပဋိပက္ခ။

“မင်းကိုး... နောက်လိုက် ထိုက်လုံ။”

ရှောင်ချန်ယွီသည် မူရင်းဝတ္ထုကို ဖတ်ဖူးသူဖြစ်ရာ ချက်ချင်းပင် ဘယ်သူမှန်း သဘောပေါက်သွားခဲ့သည်။

ထိုက်လုံသည် မူရင်း လန်ပါးအကယ်ဒမီ ရှိအဆင့်မြင့်ကျောင်းသားများ၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ရန် လျူအာလုံ ကိုယ်တိုင် သေချာပျိုးထောင် ရွေးချယ်ထားသူ ဖြစ်သည်။ သူသည် ခွန်အားမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ထိုက်ထန်၏ မြေးဖြစ်ပြီး ထိုက်နော့၏ သားလည်း ဖြစ်သည်။

မူရင်းဝတ္ထု၏ ဖော်ပြချက်အရ ဤကောင်သည် တကယ့်ငတုံးတစ်ယောက်သာ ဖြစ်ပေသည်။

မူရင်းဇာတ်ကွက်ထဲတွင် ထိုက်လုံသည် ရှောင်ဝူကို သဘောကျမိပြီး ထန်စန်းကို စိန်ခေါ်ကာ တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် မျက်နှာတစ်ခုလုံး ဖူးရောင်ညိုမည်းပြီး အလဲလဲအကွဲကွဲ ရှုံးနိမ့်ခဲ့ရသည်။

ဤမျှ သနားစဖွယ် အရိုက်ခံခဲ့ရသော်လည်း သူသည် အရှက်မရှိဘဲ အိမ်ပြန်ကာ ငိုယိုလျက် သူ၏အဖေ ထိုက်နော့ကို တိုင်တန်ပြီး အကူအညီတောင်းခဲ့ရာ သူ၏အဖေပါ ထပ်မံနှိမ်နင်းခြင်း ခံခဲ့ရသည်။

နောက်ဆုံးတွင် သူ၏အဖိုး ထိုက်ထန်ကိုပါ ထပ်မံခေါ်ဆောင်လာခဲ့ပြန်သည်။

ထန်စန်းသည် ထိုက်လုံတို့ သားအဖ သားမြေး သုံးယောက်စလုံးကို ဆက်တိုက်ဆိုသလို အောင်မြင်စွာ အပြတ်ရှင်းပစ်နိုင်ခဲ့ပြီးစံချိန်တင်နိုင်ခဲ့သည်။

ထန်စန်း၏ အပြင်းအထန် ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးနောက် ထိုက်လုံသည် ထန်စန်းကို အရိုးထဲကပါအောင် နာကျည်းမုန်းတီးနေသင့်သည်။

သို့သော် ထန်စန်း နတ်ဘုရားဖြစ်လာသည့်အခါ ထိုက်လုံရှိရာ ခွန်အားမျိုးနွယ်စုသည် ထန်ဆန်း၏ အုပ်စုထဲသို့ စိတ်အားထက်သန်စွာ ဝင်ရောက်ပူးပေါင်းခဲ့ကြပြီး ကြီးမြတ်သော မျိုးနွယ်စုလေးစုထဲတွင် ထန်စန်းထံသို့ အမြန်ဆုံး ခိုလှုံသွားသည့် မျိုးနွယ်စု ဖြစ်ခဲ့သည်။

ထို့ကြောင့် သူ့ကို နောက်လိုက် ထိုက်လုံ ဟု ခေါ်ဆိုခြင်းမှာ တကယ်ပင် ပုံကြီးချဲ့ခြင်း မဟုတ်ပေ။

အချို့သောအချက်များတွင် ထိုက်လုံ၏ အလှအပဆိုင်ရာ အမြင်သည် ထန်စန်းနှင့် ထပ်တူကျလှသည်။ သူရော ထန်စန်းပါ ရှောင်ဝူကို သဘောကျကြသည်။ သို့သော် မူရင်းဝတ္ထုထဲတွင် ထိုက်လုံသည် ရှောင်ဝူကြောင့် ထန်ဆန်းနှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ရှောင်ဝူသည် ထန်စန်း၏ ဘေးနားတွင် မရှိဘဲ ရှောင်ချန်ယွီနှင့်အတူ ရှိနေသည်။ ထို့ကြောင့် ထိုက်လုံသည် ထန်စန်း၏ နောက်လိုက်တစ်ဦးအဖြစ် ပိုမိုမြန်ဆန်စွာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရှောင်ဝူသည် ရှောင်ချန်ယွီနှင့်အတူ ရှိနေသည်ကို မြင်လိုက်ရသောအခါ ဤကောင်၏ ဦးနှောက်မှာ ဝါယာရှော့ခ် ဖြစ်သွားခဲ့ပြီး ရမ္မက်ဇောများ ကြွလာခဲ့တော့သည်။

“ဒီလူ့ရဲ့ အကြည့်တွေက တကယ်ကို ရွံစရာကောင်းလိုက်တာ။”

ရှောင်ဝူ၏ မျက်ခုံးတန်းများမှာ စုသွားပြီး ရှောင်ချန်ယွီ၏ အနားသို့ ပိုမိုတိုးကပ်လိုက်သည်။

ရှောင်ဝူသည် ထိုက်လုံ၏ ရမ္မက်ကြီးသော အကြည့်များနှင့် သူ၏ မာနထောင်လွှားသော အမူအရာကို အလွန်တရာ စက်ဆုပ်ရွံရှာလှပေသည်။

“အဆင့် ၃၀ရှိတဲ့ ဝိညာဥ်သခင် တစ်ယောက်တင် ရှိနေတာကို... ဒီလောက်အထိ မာနကြီးရဲအောင် ဘယ်က သတ္တိတွေ ရနေလဲဆိုတာ ငါတကယ်ပဲ မသိတော့ဘူး။”

ရဲ့လင်လင်ကလည်း ရွံရှာမုန်းတီးသော အမူအရာကို ပြသလိုက်သည်။

“မင်း ဘာပြောလိုက်တယ်... ငါ့ကို ဒီလို စော်ကားရဲတယ်ပေါ့။”

ရှောင်ချန်ယွီက သူ့ကို နောက်လိုက်ဟု ခေါ်ဆိုလိုက်သည်ကို ကြားသောအခါ ထိုက်လုံ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ရှောင်ချန်ယွီကို ဝါးမြိုမတတ် စိုက်ကြည့်လိုက်တော့သည်။

"ဘယ်က နောက်လိုက်လဲ။ ဒါက သခင်လေးအပေါ် ထားတဲ့ ငါ့ရဲ့ လေးနက်တဲ့ ချစ်ခြင်းတရားကွ။ ပရိသတ်တစ်ယောက်က သူ့ရဲ့ အိုင်ဒေါအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာကို မင်းတို့ နားလည်လို့လား။ ငါ့ရဲ့ တတိယသခင်လေးက ဒီလောက် ချစ်ဖို့ကောင်းတာကို မင်းက ဘယ်လိုဖြစ်လို့ စော်ကားရဲတာလဲ။"

“စော်ကားတော့ ဘာဖြစ်လဲ။ ဘယ်က တောမျောက်ကများ ငါထမင်းစားနေတာကို လာနှောင့်ယှက်နေရတာလဲ။”

ရှောင်ချန်ယွီသည် မျက်ခုံးပင် မပင့်ဘဲ အစားအစာတစ်ခုကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

“အစ်ကို ချန်ယွီ... ညီမ ခွံ့ကျွေးမယ်။”

ရှောင်ဝူသည် ထိုက်လုံက သူမအပေါ် မကောင်းသော ရည်ရွယ်ချက် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

သို့သော် ရှောင်ဝူသည် လုံးဝမစိုးရိမ်ချေ။ သူမ ရှောင်ဝူသည် ယခုအခါတွင် အလွန်တရာ အားကိုးရသော နောက်ခံကြီး ရှိနေသူ ဖြစ်သည်မဟုတ်ပါလော။

ယခင်က ထန်စန်းနောက်သို့ လိုက်စဉ်က သုံးရက်လျှင် ကိုးကြိမ်ခန့် ငတ်မွတ်ခဲ့ရပြီး တိုက်ပွဲဖြစ်တိုင်း ရှောင်ဝူသာလျှင် ဒဏ်ရာရရှိခဲ့သည်။

အခြားသူများအားလုံးမှာ အစွမ်းပြ လူစွမ်းကောင်း လုပ်နေကြစဉ် ရှောင်ဝူတစ်ယောက်တည်းသာ အရိုက်ခံခဲ့ရသည်။

ရှောင်ဝူ၏ အရိုးပျော့ယုန်ဝိဉာဥ်ကြောင့် သူမသည် အနီးကပ်တိုက်ခိုက်ရေး ဝိညာဉ်သခင် ဖြစ်နေသည်ဆိုသော်လည်း သူမကို ဤမျှအထိ မတရားမခိုင်းသင့်ပေ။

ထန်စန်းနောက်သို့ လိုက်ခြင်းက သူမအား လုံခြုံမှု အာမခံချက် လုံးဝမပေးနိုင်ခဲ့ချေ။ အထူးသဖြင့် ထန်စန်းသည် အစောပိုင်းကာလများတွင် သူ၏ တကယ့်အစွမ်းအစများကို ဖုံးကွယ်ထားလေ့ရှိပြီး ရှောင်ဝူ ဒဏ်ရာရရှိပြီးမှသာ သူ၏အရည်အချင်းများကို ထုတ်ဖော်ကာ လူစွမ်းကောင်းလုပ်လေ့ရှိရာ သူသည် ၎င်းကို အလွန်ပင် သဘောကျနှစ်သက်နေပုံရသည်။

အကြိမ်တိုင်းတွင် ရှောင်ဝူသည် ဒဏ်ရာမှ ပြန်လည်သက်သာလာခါစ သို့မဟုတ် ဒဏ်ရာရရန် သွားနေသည့် လမ်းပေါ်တွင်သာ ရှိနေခဲ့သည်။ နောက်ဆုံးတွင် သူမ၏ အသက်ကိုပါ ဆုံးရှုံးခဲ့ရသည်မဟုတ်ပါလား။

သို့သော် ရှောင်ချန်ယွီနောက်သို့ လိုက်ခြင်းကမူ ပြည့်စုံလှသော လုံခြုံမှုကို ပေးစွမ်းနိုင်သည်။ ဝိညာဉ်တုံ့လောကိုပင် အနိုင်ယူနိုင်သည့် ရှောင်ချန်ယွီ၏ စွမ်းအားကို ခေတ္တဖယ်ထားဦးတော့။

သူ၏နောက်ကွယ်တွင် ရှိနေသော အဆင့် ၉၉ ရှိသည့် ထိပ်တန်းတုံ့တစ်ဦးတည်းနှင့်တင် ရှောင်ချန်ယွီနှင့် ရှောင်ဝူတို့ ထျန်းတိုမြို့တော်တွင် မည်သူ့ကိုမျှ မကြောက်ဘဲ လျှောက်လှမ်းနိုင်ရန် လုံလောက်လှပေသည်။

ထျန်းတိုအင်ပါယာ၏ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်လာလျှင်ပင် သူတို့ကို ဂုဏ်ထူးဆောင် ဧည့်သည်တော်များအဖြစ် ဆက်ဆံရမည် ဖြစ်သည်။

ထိုသို့တွေးတောရင်း ရှောင်ဝူသည် သူမ၏ သွယ်လျသော လက်ကလေးကို မြှောက်ကာ ရှောင်ချန်ယွီကို စွပ်ပြုတ်တစ်ဇွန်း ခွံ့ကျွေးလိုက်သည်။

ရှောင်ချန်ယွီသည်လည်း မဆိုင်းမတွပင် မျိုချလိုက်လေသည်။ သူတို့နှစ်ဦး အတူရှိခဲ့သည်မှာ ခြောက်နှစ်တိုင်ခဲ့ပြီဖြစ်ရာ ရှက်ရွံ့နေစရာ အကြောင်းမရှိချေ။

“အစ်ကို... လင်လင်လည်း ခွံ့ကျွေးမယ်။”

ရဲ့လင်လင်သည်လည်း ရှောင်ဝူထက် တစ်လှမ်း နောက်ကျကျန်ရစ်မည်ကို စိုးရိမ်သဖြင့် အလျင်အမြန်ပင် ဝင်ရောက်ကူညီလေသည်။ ရှောင်ချန်ယွီ၏ ဘေးတွင် ထိုင်ရင်း သူမသည်လည်း အစားအစာများကို ကောက်ယူကာ ခွံ့ကျွေးလိုက်သည်။

ခေတ္တမျှအတွင်း ရှောင်ချန်ယွီသည် ဘေးတစ်ဖက်တစ်ချက်စီတွင် မိန်းမလှလေးများ ဝန်းရံခြင်း ခံလိုက်ရသဖြင့် အခြားသူများအားလုံးမှာ မနာလိုစိတ်ကြောင့် မျက်စိများပင် စိမ်းလာခဲ့တော့သည်။

“တောက်... ဒီမင်းသားချောလေးက လက်မပါဘူးလားကွ။”

“သူ့မှာ လက်မပါတာ သေချာတယ်... သူ့လက်တွေက မိန်းကလေးတွေကို ဖက်ထားရလို့ အလုပ်ရှုပ်နေတာလေ။”

“တောက်... တကယ့် အဆင်ပြေသူကြီးပဲ။ ငါသာ အဲဒီမင်းသားချောလေးနေရာမှာ ဖြစ်လိုက်ချင်တော့တယ်။”

“ချောမောခန့်ညားနေရင် ကြိုက်တာလုပ်လို့ရတာပဲလား။ ဒီမင်းသားချောလေးက ကြည့်ရတာ အဆင့် ၁၉ ပဲ ရှိပုံရတာကို... ဘာဖြစ်လို့ မိန်းကလေးတွေက သူ့လိုလူမျိုးကို ဒီလောက်တောင် သဘောကျနေကြရတာလဲ။”

“ဝူး... ငါက ဝိညာဉ်သခင် အဆင့်ရှိတဲ့ ကျွမ်းကျင်သူဖြစ်နေတာတောင် အခုထိ လူပျိုကြီး ဖြစ်နေတုန်းပဲ။ လူအချင်းချင်းကြားက ကွာဟချက်က ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ။”

“ကြည့်စမ်း... ဒီမင်းသားချောလေးက ခွန်အားကြီး ဂေါ်ဇီလာ ထိုက်လုံကို တကယ်ပဲ ဒေါသထွက်အောင် လုပ်တော့မှာပဲ။”

“ထိုက်လုံရဲ့ မျက်နှာက ဒေါသကြောင့် နီမြန်းနေပြီ... ဒါက ရိုးရိုးရှင်းရှင်းပဲ စော်ကားလိုက်တာ။”

တစ်ချိန်တည်းမှာပင် ထိုက်လုံနှင့် ရှောင်ချန်ယွီတို့ကြားက ပဋိပက္ခသည် ဘေးပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။

လူဟူသည်မှာ အစဉ်သဖြင့် ပွဲကြည့်ရသည်ကို သဘောကျကြသည်မဟုတ်ပါလော။

ပဋိပက္ခ၏ တစ်ဖက်တွင် ထျန်းတိုမြို့တော်၌ အလွန်ပင် နာမည်ကြီးလှသော ထိုက်လုံ ဖြစ်နေသည်ကို မြင်လိုက်ရပြီး...

အခြားတစ်ဖက်တွင်မူ ပြင်ပကလာသည့် ချောမောခန့်ညားသော လူငယ်မင်းသားချောလေးတစ်ဦး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လူအများစုက ရှောင်ချန်ယွီအတွက် စိုးရိမ်လာကြသည်။

ဘာပဲဖြစ်ဖြစ် ရှောင်ချန်ယွီ၏ ရှေးဟောင်းမြင်မြတ်ခန္ဓာသည် တိုက်ခိုက်ခြင်းမရှိသည့်အချိန်တွင် ပေါ်လွင်ခြင်းမရှိချေ။

ရှောင်ချန်ယွီက အပေါ်ယံတွင် ထုတ်ဖော်ပြသထားသော အရှိန်အဝါမှာ အဆင့် ၁၉ ရှိသည့် သာမန် ဝိညာဉ်သခင်ငယ်လေးတစ်ဦးမျှသာ ဖြစ်သည်။

သူ၏ဘေးမှ ရဲ့လင်လင်မှာလည်း အထောက်အကူပြု ဝိညာဉ်သခင်တစ်ဦးသာ ဖြစ်ပြီး ရှောင်ဝူမှာမူ တိုက်ခိုက်ရေးစွမ်းရည် ပို၍ပင် မရှိပုံရသည်။

နုနုနယ်နယ် မိန်းကလေးနှစ်ဦးနှင့် မင်းသားချောလေးတစ်ဦးသည် ထိုက်လုံကဲ့သို့ ထွားကျိုင်းလှသော လူသန်ကြီးတစ်ဦးကို ရင်ဆိုင်ရမည်ဆိုပါက သူတို့ သိသာစွာပင် အထိနာတော့မည် ဖြစ်သည်။

ထို့အပြင် ဤထိုက်လုံသည် ထျန်းတိုမြို့တော်တွင် အရှိန်အဝါ နောက်ခံရှိသူ ဖြစ်သည်။ ထျန်းတိုမြို့တော်တွင် အင်အားစုများစွာ ဆုံစည်းနေကြသဖြင့် အုတ်ခဲတစ်ခဲကို ကျပန်းပစ်လိုက်လျှင်ပင် အရာရှိကြီးတစ်ဦး သို့မဟုတ် သူတို့၏ သားသမီးများကို ထိမှန်နိုင်သည်ဆိုသော်လည်း ခွန်အားမျိုးနွယ်စု၏ နောက်ကွယ်တွင် ဝိညာဉ်တုံ့လောအဆင့် ဖြစ်သော ထိုက်ထန် ရှိနေသည်။ ထို့အပြင် ခွန်အားမျိုးနွယ်စုသည် အထက်တန်းစား ဂိုဏ်းကြီးသုံးဂိုဏ်း ၏ ခေါင်းဆောင်ဖြစ်သော ဟောက်ထျန်းဂိုဏ်းနှင့် ဆက်နွှယ်မှုများကို အသုံးချပြီး အကူအညီတောင်းခံလာနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

ထိုသို့တွေးတောမိကြသဖြင့် အတင်းအဖျင်း ပြောဆိုနေကြခြင်းမှတစ်ပါး မည်သူမျှ ရှောင်ချန်ယွီဘက်က မတ်မတ်ရပ်တည်ပေးရန် မဝံ့ရဲကြချေ။

လူဟူသည်မှာ အလွန်ပင် လက်တွေ့ဆန်ကြသည်။ မည်သူက ရှောင်ချန်ယွီဘက်က ကူညီပေးရင်း ထိုက်လုံကဲ့သို့သော ပြဿနာကြီးကို မိမိထံသို့ ဖိတ်ခေါ်လိုပါမည်နည်း။

“ကောင်လေး... မင်း လွန်လွန်းသွားပြီ။ မင်းက ငါ့ကို တောမျောက်လို့ ခေါ်ရုံတင်

မကဘူး တောက်။”

ယခုအခိုက်အတန့်တွင် ရှောင်ချန်ယွီ ရှောင်ဝူနှင့် အခြားသူများ၏ လုပ်ရပ်များကြောင့် စိတ်ဆွပေးခြင်း ခံလိုက်ရသော ထိုက်လုံသည် သူ၏မျက်နှာမှာ ချက်ချင်းပင် နီရဲလာခဲ့တော့သည်။

ဒေါသ... အဆုံးစွန်သော ဒေါသ။

ထိုက်လုံသည် ရှောင်ချန်ယွီတို့ဘက်ကို စောင့်ကြည့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုက်လုံသည် ရှောင်ဝူ၏ မှင်သက်စဖွယ် အလှတရားကို မြင်လိုက်ရသောအခါ သူမအပေါ် မကောင်းသော စိတ်ကူးစိတ်သန်းများ ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူသည် ရှောင်ချန်ယွီကို အလွန်တရာ အထင်သေးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရှောင်ချန်ယွီသည် အဆင့် ၁၉ ရှိသော ဝိညာဉ်သခင်တစ်ဦးမျှသာ ဖြစ်သဖြင့် ဤကဲ့သို့သော မိန်းမလှလေးကို ပိုင်ဆိုင်ရန် မည်သို့မျှ မထိုက်တန်ဟု ထိုက်လုံ ခံစားရသောကြောင့် ဖြစ်သည်။

မိန်းမလှလေးများဟူသည် သန်မာသူများနှင့်သာ ထိုက်တန်သည်။ ထို့ကြောင့် သူ ထိုက်လုံသည်သာလျှင် ရှောင်ဝူနှင့် အကိုက်ညီဆုံးသော သန်မာသူ ဖြစ်ပေသည်။

ထိုက်လုံသည် တကယ်ပင် အရှက်မရှိလှသော်လည်း ဤမာနထောင်လွှားသူကြီးမှာမူ ၎င်းကို အမှန်တရားဟု တကယ်ပင် ယုံကြည်နေတော့သည်။

All Chapters