Chapters

အခန်း (၅၉)

Vol. 6 Ch. 59

အခန်း (၅၉)

Vol. 6 Ch. 59

အခန်း ၅၉ - ငါ ထိုက်လုံက အလွန်သန်မာတယ်။

“မိတ်ဆွေထိုက်လုံ... မင်းနားလည်မှုလွဲနေပြီ။ ငါက ဘယ်တုန်းက မင်းကို စော်ကားလို့လဲ။”

“မင်းကို တောမျောက်လို့ ခေါ်တာက အမှန်တရားကို ရိုးရိုးသားသား ပြောပြလိုက်တာသက်သက်ပဲလေ။”

ရှောင်ချန်ယွီသည် ထိုက်လုံကို ရိုးသားဖြူစင်လှသော အကြည့်ဖြင့် ကြည့်ကာ မိတ်ဆွေချင်း စကားစမြည် ပြောဆိုနေသကဲ့သို့ ဆိုလိုက်သည်။

ရိုးသားမှုသည်ကား အမှန်တကယ်ပင် အဆုံးစွန်သော တိုက်ကွက်ကြီး ဖြစ်ပေတော့သည်။

"ဖူး..."

ဘေးတွင် ရပ်နေသော ရှောင်ဝူမှာ စိတ်မထိန်းနိုင်ဘဲ ရယ်မောမိသွားတော့သည်။ အဓိကမှာ ဤထိုက်လုံသည် ကြည့်ရသည်မှာ တကယ်ပင် ယဉ်ကျေးမှုမရှိသော တောမျောက်တစ်ကောင်နှင့် တူနေခြင်းကြောင့် ဖြစ်သည်။

အစ်ကို ချန်ယွီ၏ ပုံဖော်ချက်က ကွက်တိကျလွန်းလှသည်။

ရှောင်ဝူတွင် ဤထိုက်လုံဆိုသူအပေါ် စိုးစဉ်းမျှပင် စာနာစိတ် မရှိချေ။ ဤကောင်က ဘေးစားပွဲတွင် ထိုင်ပြီး သူမတို့၏ စကားများကို ခိုးနားထောင်နေသည်က တစ်ကြောင်း... ထို့အပြင် သူမတို့ ထမင်းစားနေသည်ကိုပါ လာရောက်နှောင့်ယှက်နေသေးသည် မဟုတ်ပါလား။

သူက မိမိကိုယ်ကိုယ် အဟုတ်ကြီး ထင်လွန်းနေသည်။

“ထိုက်လုံတဲ့လား။ နင်နဲ့ ဟိုထန်စန်းနဲ့က အဲဒီလောက်တောင် ရင်းနှီးတာလား။ ထန်စန်းက နင့်အဖေမို့လို့လား။ ငါတို့က ထန်စန်းအကြောင်း စကားအနည်းငယ် ပြောမိတာကို နင်က ဘာလို့ ဒီလောက်တောင် လာဟောင်နေရတာလဲ။”

ဘေးတွင် ရှိနေသော ရဲ့လင်လင်ကလည်း ထိုက်လုံကို အလျှော့မပေးဘဲ တိုက်ရိုက်ပင် ပက်ပက်စက်စက် ပြောဆိုလိုက်တော့သည်။

ရဲလင်လင်သည် ထိုက်လုံနှင့် မရင်းနှီးသကဲ့သို့ ထန်စန်းနှင့်လည်း မရင်းနှီးချေ။ သို့သော် ရဲလင်လင် သိသည်မှာ ရှောင်ချန်ယွီသည် သူမ၏ သခင်ဖြစ်သည်ဟူသောအချက်ပင်။

ရှောင်ချန်ယွီ၏ လမ်းကို ပိတ်ဆို့ရဲသူမှန်သမျှသည် သူမ၏ ရန်သူသာ ဖြစ်သည်။ ထိုသို့ဖြစ်ရကား ရန်သူတစ်ယောက်အပေါ် ရဲ့လင်လင်က မည်သို့လျှင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါမည်နည်း။

“မင်းတို့ ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက မင်းတို့ ငါတို့ရဲ့ ရှီလိုင်ခဲအကယ်ဒမီ အကြောင်း မကောင်းပြောနေတာကို မခံမရပ်နိုင်လို့ကွ။”

ထိုက်လုံ၏ မျက်နှာမှာ ညိုမည်းသွားသည်။

ထိုက်လုံသည် မူရင်း လန်ပါးအကယ်ဒမီ၏ ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့သည်။ ထန်စန်းတို့အုပ်စု ရောက်ရှိလာပြီးနောက် လန်ပါးအကယ်ဒမီကို ရှီလိုင်ခဲအကယ်ဒမီဟု အမည်ပြောင်းလဲခဲ့ပြီး ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သော ထိုက်လုံမှာ ရှီလိုင်ခဲအသင်း၏ အရန်လူ ဖြစ်သွားခဲ့ရသည်။