← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း (၅၉) - နှစ်နှစ်ဆယ်တိုင်တိုင် စာဖတ်ပြီး တစ်နေ့တည်းဖြင့် သူတော်စင်အဖြစ်သို့ ဝင်ရောက်ခြင်း

ကျိုးရီသည် နေအိမ်တွင် မင်ဟွမ်ကျမ်းစာကို ကျင့်ကြံနေခဲ့သည်။

သိုင်းပညာ အတွေ့အကြုံများက မယုံနိုင်လောက်အောင် ကြွယ်ဝလှသောကြောင့် လျင်မြန်စွာ တိုးတက်လာနေပြီး ကျင့်စဉ်ကို ကျွမ်းကျင်မှုမှာလည်း တစ်နေ့တခြား မြင့်မားလာခဲ့သည်။

သို့သော် သူ၏ ကျင့်ကြံမှုနှုန်း မြင့်တက်လာသည်နှင့်အမျှ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ကျိုးရီ သတိပြုမိသွားသည်။

ဤကျင့်စဉ်အတွင်း၌ အသိစိတ်တစ်ခု ပေါ်ထွက်လာပြီး သူ့ကို ဖြားယောင်းသွေးဆောင်ရန် ကြိုးပမ်းနေလေသည်။

“မင်း ပိုပြီး အစွမ်းထက်လာချင်လား”

“မင်း အာဏာကို ရယူချင်လား”

ကျိုးရီ၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“ဒီအသံက...”

သာမန်အခြေအနေမျိုးတွင် ကျင့်ကြံနေစဉ်အတွင်း အသံတစ်ခုခု ပေါ်ထွက်လာပါက ဆယ်ကြိမ်တွင် ကိုးကြိမ်မှာ သိုင်းပညာရှင်တစ်ဦး၏ နှလုံးသားမိစ္ဆာနှင့် သက်ဆိုင်လေ့ရှိသည်။

သို့သော် သူ သိုင်းသူတော်စင်အဆင့်သို့ ကျော်ဖြတ်ဝင်ရောက်စဉ်က နှလုံးသားမိစ္ဆာကို ဖြတ်တောက်ရှင်းလင်းပြီး ဖြစ်သည်။

သူ၏ စိတ်အာရုံကို ဖြားယောင်းသွေးဆောင်မည့် ဤကဲ့သို့သော အသံမျိုး ထပ်မံပေါ်ထွက်လာစရာ အကြောင်းမရှိတော့ပေ။

ထပ်ခါတလဲလဲ အာရုံခံကြည့်ပြီးနောက် ထိုအသံမှာ မင်ဟွမ်ကျမ်းစာထဲမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ကျိုးရီ တွေ့ရှိလိုက်ရသည်။

ဟုတ်ပေသည်၊ ဤကျင့်စဉ်မှ ထွက်ပေါ်လာခြင်းပင်။

ဤကျင့်စဉ်အတွင်း၌ သူ့ကို ဖြားယောင်းသွေးဆောင်ရန် ကြိုးပမ်းနေသော စိတ်ပိုင်းဆိုင်ရာ အသိစိတ်တစ်ခု အမှန်တကယ် တည်ရှိနေခြင်းဖြစ်သည်။

‘တစ်ခုခုတော့ မှားနေပြီ'

ကျိုးရီသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဤစိတ်စွမ်းအား အမျှင်ကို ရှာဖွေရန် သူ့စွမ်းအားကို ချက်ချင်း ဖြန့်ကြက်လိုက်ပြီး မကြာမီမှာပင် ထောင့်တစ်ခုသို့ ရောက်အောင် ဖိအားပေးလိုက်နိုင်တော့သည်။

“မင်းကို တွေ့ပြီ”

မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ကျိုးရီသည် ဤစိတ်စွမ်းအား အမျှင်ကို တိုက်ရိုက်ချေမွပစ်လိုက်ပြီး ရက်စက်စွာ သန့်စင်ပစ်လိုက်သည်။

သန့်စင်ပြီးနောက်မှသာ ဤစိတ်စွမ်းအားအမျှင် ပေါ်ထွက်လာရသည့် အကြောင်းရင်းကို ကျိုးရီ နားလည်သွားတော့သည်။

“သိပ်ကို နက်ရှိုင်းပြီး မြင့်မားတဲ့ ဉာဏ်ပါလား”

မင်ဟွမ်ကျမ်းစာကို ဖန်တီးခဲ့သူသည် ၎င်းအတွင်း၌ စိတ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ထားခဲ့သည်။

တစ်စုံတစ်ယောက်က ၎င်းကို ကျင့်ကြံသည်နှင့်တစ်ပြိုင်နက် ဤစိတ်စွမ်းအားက အသက်ဝင်လာမည်ဖြစ်ပြီး ကျင့်ကြံသူ၏ခွန်အား ပိုမိုကြီးမားလာသည်နှင့်အမျှ ၎င်းသည်လည်း ပိုမိုအစွမ်းထက်လာပေလိမ့်မည်။

ကျင့်ကြံသူက သတိပြုမိချိန်ရောက်လျှင် အလွန်နောက်ကျနေပြီဖြစ်ပြီး သူတို့၏ စိတ်အာရုံမှာ တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် သူ့ခွန်အားမှာ သာမန် မြေကမ္ဘာအင်မော်တယ်အဆင့်ထက် ကျော်လွန်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ထိုသို့မှမဟုတ်လျှင် ယနေ့ သူ့ဘဝ ဇာတ်သိမ်းသွားလောက်ပြီ ဖြစ်သည်။

ဤအရာက ကျိုးရီကို နောက်ထပ် အတွေ့အကြုံသစ်တစ်ခု ပေးစွမ်းလိုက်ပြီး သတိပိုထားရမည်ဟု ခံစားလိုက်ရသည်။

“ဒီကျင့်စဉ်ကို ဖန်တီးခဲ့တဲ့လူက တကယ်ကို ယုတ်မာတာပဲ၊ ကြည့်ရတာ နောက်ဆိုရင် ကျင့်စဉ်တွေဆိုရင်တောင် ငါ အလွယ်တကူ ကျင့်ကြံလို့မရတော့ဘူး။ အရင်ဆုံး သေချာစစ်ဆေးပြီး ရှင်းရှင်းလင်းလင်း နားလည်အောင်လုပ်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်”

သို့သော် ဤအရာက သူ့ကို စိတ်ကူးအသစ်တစ်ခုလည်း ပေးစွမ်းလိုက်သည်။

“ငါ တစ်ယောက်တည်း ကျင့်ကြံနေမယ်ဆိုရင် ငါ့ရဲ့ အမြန်နှုန်းက ကန့်သတ်ချက် ရှိနေမှာပဲ၊ လူအများကြီးကို ငါနဲ့အတူ ကျင့်ကြံဖို့ ကူညီခိုင်းပြီးတော့ ငါ့ဆီကို ကျင့်ကြံမှုနည်းနည်းလောက် ပြန်ပေးခိုင်းမယ်ဆိုရင်ရော၊ အဲ့လိုဆို ငါ့ခွန်အားတွေ အလျင်အမြန် တိုးတက်လာမှာ မဟုတ်ဘူးလား”

ကျိုးရီသည် အလွန်အမင်း ကပ်စေးနှဲသူ မဟုတ်ပေ။ အကယ်၍ အခြားသူများက ကြိုးစားပမ်းစား ကျင့်ကြံကြမည်ဆိုပါက သူတို့အတွက် မျှတသော ဝေစုတစ်ခုကို ချန်ထားပေးမည်ဖြစ်သည်။

သို့သော် ပမာဏအနည်းငယ်စီ စုစည်းသွားပါက သူ ရရှိမည့် စွမ်းအင်များက သေချာပေါက် သိသာထင်ရှားလာပေလိမ့်မည်။

“ဒီလိုကျင့်စဉ်မျိုး ဖန်တီးဖို့ အခွင့်အရေးတစ်ခုရှာရမယ်”

ဤသို့ တွေးတောနေစဉ်မှာပင် သူ ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ နန်းတော်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

“ဒီအငွေ့အသက်က... တစ်ယောက်ယောက် သိုင်းသူတော်စင်အဆင့်ကို ကျော်ဖြတ်ဝင်ရောက်သွားတာလား”

“ပြီးတော့ မျက်တောင်တစ်ခတ်အတွင်းမှာကို နှောင်းပိုင်းဖြစ်တည်မှုအဆင့်ကနေ သိုင်းသူတော်စင်အဆင့်ကို တိုက်ရိုက်ဝင်ရောက်သွားတာပဲ၊ သောက်ကျိုးနည်း အမြန်နှုန်းကြီး”

သူ၏ နတ်ဘုရားအာရုံကို တစ်ချက် ဖြန့်ကြက်လိုက်သည်နှင့် မည်သည့်အရာများ ဖြစ်နေသည်ကို ကျိုးရီ ချက်ချင်းသဘောပေါက်သွားတော့သည်။

“တကယ်ကြီး သူဖြစ်နေတာကိုး။ အဲဒီကောင်လေး ဒီလောက်မြန်မြန် ကြီးပြင်းလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

“သူ့ကိုယ်ပေါ်က အငွေ့အသက်ကို ကြည့်ရတာ ကွန်ဖြူးရှပ်စွမ်းအားကို အသုံးပြုနေတာ ဖြစ်ရမယ်၊ ဒါဆိုရင် သူ့ကို ကွန်ဖြူးရှပ်သူတော်စင်လို့ ခေါ်ရမှာပေါ့”

“သူ တစ်ချိန်လုံး နန်းတော်ကြီးရဲ့ စာကြည့်တိုက်ဆောင်ထဲမှာပဲ စာဖတ်နေခဲ့တာ မဆန်းတော့ပါဘူး၊ အဲဒီမှာ တာ့ချန် တစ်ခုလုံးရဲ့ မှတ်တမ်းတွေ ရှိတာကိုး”

ထို့အပြင် သူသည် မင်းသားရှင်းနန်းတော်တွင် ရှိနေစဉ်က စာသားမဲ့ကျောက်စာတိုင်မှ မင်ဟွမ်ကျမ်းစာ အပြည့်အစုံ၊ သို့မဟုတ် အနည်းဆုံးတော့ ၎င်း၏ တစ်စိတ်တစ်ပိုင်းကို နားလည်သဘောပေါက်ခဲ့ခြင်းဖြစ်ရမည်။

မင်ဟွမ်ကျမ်းစာတွင် နတ်ဘုရားကျင့်စဥ်၊ သိုင်း၊ တာအိုနှင့် ကွန်ဖြူးရှပ် စသည့် တာအိုအမျိုးအစားများစွာ ပါဝင်ပြီး မိမိ၏ ကိုယ်ပိုင်ကျင့်ကြံမှုကို အရှိန်မြှင့်တင်ရန် မည်သည့်ဦးတည်ချက်ကိုမဆို ရွေးချယ်နိုင်ခွင့်ရှိသည်။

၎င်း၏ ကျင့်ကြံခြင်းနည်းလမ်းမှာ သာမန် နည်းလမ်းများနှင့် ကွာခြားပြီး သာမန်ကျင့်စဉ်များထက် သဘာဝနိယာမများနှင့် ပိုမိုနီးစပ်သည်။

တစ်စုံတစ်ဦးက သတ်မှတ်ထားသော မဟာတာအိုတစ်ခုတွင် အတွေ့အကြုံများကို အဆက်မပြတ် စုဆောင်းထားနိုင်သရွေ့ အချိန်တန်လျှင် အဆင့်ကျော်ဖြတ်နိုင်စွမ်း ရှိလာပေလိမ့်မည်။

လီရွှမ်ကျင်းသည် သူ၏ နေ့ရက်များကို စာဖတ်ခြင်းဖြင့်သာ ကုန်ခဲ့၏။ ၎င်းမှာ အခြေခံအားဖြင့် ကွန်ဖြူးရှပ်တာအို အသိအမြင်များနှင့် အတွေ့အကြုံများကို စုဆောင်းနေခြင်းပင်ဖြစ်သည်။

ယခု သူတော်စင်အဆင့်မှာ ခက်ခဲကြမ်းတမ်းသော ကျင့်ကြံခြင်း နှစ်နှစ်ဆယ်စာနှင့် ညီမျှပေသည်။

သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါ အဆင့်ကျော်ဖြတ်ခြင်းဆိုသည်မှာ သူ အလွယ်တစ်ကူ လုပ်ဆောင်နိုင်သော ရိုးရှင်းသည့် ကိစ္စတစ်ခု ဖြစ်လာတော့သည်။

ကျိုးရီသည်လည်း မင်ဟွမ်ကျမ်းစာကို ရက်အနည်းငယ်ကြာ ကျင့်ကြံခဲ့ပြီး သူ၏ ကျင့်ကြံမှုကို သိသိသာသာ တိုးတက်စေခဲ့သော်လည်း သူသည် မြေကမ္ဘာအင်မော်တယ်အဆင့် အထက်တွင် ရှိနေပြီဖြစ်၏။

ထို့ကြောင့် ထပ်မံအဆင့်ကျော်ဖြတ်ရန်အတွက် စုဆောင်းရမည့် အတိုင်းအတာမှာ အလွန်တရာ များပြားလွန်းလှသည်။

ထို့ကြောင့်ပင် သူသည် ထိုကောင်လေးကဲ့သို့ နောက်ထပ်အတားအဆီးတစ်ခုကို တိုက်ရိုက် ကျော်ဖြတ်မသွားခဲ့ခြင်းဖြစ်သည်။

လက်တွေ့တွင် မင်ဟွမ်ကျမ်းစာကဲ့သို့သော အဆင့်မြင့်ကျင့်စဉ် ရှိနေလျှင်ပင် တစ်ဖက်လူအနေဖြင့် အဆင့်ကျော်ဖြတ်ရန် အနှစ်နှစ်ဆယ် အချိန်ယူခဲ့ရခြင်းမှာ သူ့ထက် များစွာ နှေးကွေးနေသေးပေသည်။

ထို့အပြင် ကောင်းကင်ယံတွင် နှင်းဆီရောင်အလင်းတန်းတစ်ခု ပေါ်လာသည်ကို ကျိုးရီ သတိပြုမိလိုက်သည်။ နှင်းဆီရောင် အလင်းတန်းတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်ကို ကြည့်လျှင် သူ၏ ရုပ်ခန္ဓာမှာ နတ်ဘုရားခန္ဓာကိုယ် ဖြစ်ရပေမည်။

သာမန်လူများအတွက်မူ သူသည် အလွန်အမင်း အစွမ်းထက်နေမည်ဖြစ်သော်လည်း ကျိုးရီအတွက်မူ စိုးရိမ်စရာ မရှိပေ။

“ဒီကောင်လေးက တကယ်ကို သည်းခံနိုင်စွမ်း မြင့်မားလွန်းတာပဲ၊ နှစ်နှစ်ဆယ်တိုင်တိုင် စာဖတ်ပြီး တစ်နေ့တည်းနဲ့ သူတော်စင် ဖြစ်သွားတာလား၊ ဒါပေမဲ့ သူက ဘာဖြစ်လို့ အခုချိန်မှ အဆင့်ကျော်ဖြတ်ဖို့ ရွေးချယ်ခဲ့ရတာလဲ”

ဤမေးခွန်းများဖြင့် အချိန်များ ကုန်လွန်သွားခဲ့ပြီး နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။

ကျိုးရီ လမ်းမကြီးပေါ်သို့ လျှောက်လှမ်းလာခဲ့ရာ လမ်းတစ်လျှောက်လုံးတွင် အဖြူရောင် အဝတ်စများနှင့် လျှော်ကြိုးများကို ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။

သူ့နတ်ဘုရားအာရုံကို တစ်ချက် ဖြန့်ကြက်လိုက်သည်နှင့် နားလည်သွားတော့သည်။

“ယခင် ဧကရာဇ် နတ်ရွာစံသွားပြီလား။ ကျင်းဧကရာဇ်က ရွှေပလ္လင်ပေါ် တက်လာတာလား”

“ဪ... ဒါကြောင့်ကိုး”

‘လီရွှမ်ကျင်းက ဘာကြောင့် မနေ့ကမှ အဆင့်ကျော်ဖြတ်ဖို့ ရွေးချယ်ခဲ့ရသလဲဆိုတာကို ငါ စဉ်းစားနေခဲ့တာ၊ ထျန်းကျီဂိုဏ်းရဲ့ ထောက်ခံမှုကို ရယူပြီး တာ့ချန်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ဖြစ်နေတာကိုး'

‘အင်း... ငါလည်း နောက်ထပ် ဧကရာဇ်မျိုးဆက်တစ်ဆက်ရဲ့ ဝါရင့်အရာရှိ ဖြစ်လာပြန်ပြီပေါ့'

သို့သော် အနာဂတ်တွင် တာ့ချန်သည် သိပ်ပြီး ငြိမ်းချမ်းနေတော့မည် မဟုတ်ကြောင်းတော့ သေချာသလောက်ရှိသည်။

ယခင်က ဂိုဏ်းကြီးလေးခုသည် အလွန်အမင်း မောက်မာလွန်းခဲ့ပြီး တာ့ချန်၏ ဧကရာဇ်နှစ်ဆက်တိုင်တိုင် ခေါင်းမဖော်နိုင်လောက်အောင် ဖိနှိပ်ထားခဲ့သည်။

ဤဧကရာဇ်အသစ်က နှစ်နှစ်ဆယ်တိုင်တိုင် အချိန်ယူ စောင့်ဆိုင်းခဲ့ပြီး ထျန်းကျီဂိုဏ်း၏ ထောက်ခံမှုဖြင့် နန်းတက်လာခဲ့သူဖြစ်ရာ သူ လက်စားမချေဘဲ နေဖို့ရာ လုံး၀ မဖြစ်နိုင်ပေ။

ကျိုးရီ ကုန်ကြမ်းပစ္စည်းဌာနသို့ ရောက်ရှိသွားချိန်တွင် အကျဉ်းထောင်စောင့်များ၊ ကွပ်မျက်သူများနှင့် ကောင်းကင်အကျဉ်းထောင်၏ အစောင့်များ တက်ကြွစွာ ဆွေးနွေးပြောဆိုနေကြသည်ကို အဝေးမှနေ၍ ကြားလိုက်ရသည်။

“ဧကရာဇ်အသစ် နန်းတက်လာတာက ဖွဲ့စည်းပုံအသစ်တစ်ခုကို ယူဆောင်လာလိမ့်မယ်လို့ ကြားတယ်၊ ရှေ့လျှောက် ငါတို့ရဲ့ နေ့ရက်တွေ သိပ်ပြီး လွယ်ကူတော့မှာ မဟုတ်ဘူးထင်တယ်”

“စိတ်မပူပါနဲ့၊ ဒီနှစ်တွေတစ်လျှောက်လုံး ရွှေပလ္လင်က အကြိမ်ကြိမ် ပြောင်းလဲခဲ့တာပဲ၊ ပြောင်းလဲသွားတိုင်း ဖွဲ့စည်းပုံအသစ်တစ်ခု ယူဆောင်လာမယ်လို့ ပြောကြပေမယ့် နောက်ဆုံးတော့ အတူတူပဲ ဖြစ်သွားတာ မဟုတ်ဘူးလား”

“ဒီတစ်ခါတော့ မတူဘူး။ ဒီတစ်ခါ ဧကရာဇ်အသစ်က ထျန်းကျီဂိုဏ်းရဲ့ ထောက်ခံမှု ရထားတယ်လို့ ကြားတယ်”

သာမန်အချိန်များတွင် အနားယူခန်း ကုလားထိုင်ပေါ်၌ တစ်နေကုန် လှဲလျောင်းကာ အရက်သောက်လေ့ရှိသော စစ်သူကြီးကျောက်သည် ယနေ့တွင်မူ ထူးထူးခြားခြား တစ်စက်မျှ မသောက်ဘဲ နေနေသည်။

သူ၏ အကြည့်များက နန်းတော်ကြီးရှိရာ အရပ်ဆီသို့ တည့်တည့်မတ်မတ် ရောက်ရှိနေသည်။

ကျိုးရီ ရောက်ရှိလာသည်ကို အာရုံခံမိသောအခါ ကျိုးရီ စကားမပြောနိုင်မီမှာပင် သူက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလာသည်။

“မင်း စပြီး ပြင်ဆင်ထားတာ ပိုကောင်းမယ် ကောင်လေး၊ ဒီတစ်ခါတော့ ကုန်ကြမ်းပစ္စည်းဌာနက မင်းကို ဆက်ထားနိုင်မှာ မဟုတ်ဘူးထင်တယ်”

ကျိုးရီ တွေဝေသွားသော အမူအရာဖြင့် ကြည့်လိုက်သည်။

“စီနီယာကျောက်... အဲဒါက ဘာအဓိပ္ပာယ်လဲ”

“အခုနန်းတက်လာတဲ့ ဧကရာဇ်အသစ်က သာမန်မဟုတ်ဘူး။ သူက အချိန်ယူ စောင့်ဆိုင်းနေခဲ့ပြီး အံမခန်းပုံစံနဲ့ ထွက်ပေါ်လာပြီ၊ ဒီတစ်ခါတော့ တကယ်ကို ကြီးမားတဲ့အပြောင်းအလဲကြီး ဖြစ်လာတော့မှာ”

“မင်းတို့ကောင်တွေ အားလုံးက နောက်ပေါက်ကနေ ဝင်လာကြတာပဲ၊ အဲဒီတုန်းက ဥပဒေတွေကလည်း သိပ်ပြီး ခိုင်မာမှုမရှိခဲ့သလို ဧကရာဇ်အာဏာကလည်း ဂိုဏ်းကြီးလေးခုရဲ့ ကန့်သတ်ချက်အောက်မှာ ရှိနေခဲ့တာကိုး”

“ဒါပေမဲ့ လက်ရှိဧကရာဇ်က ထျန်းကျီသူတော်စင်မလေးဆီကနေ စစ်မှန်တဲ့ ဧကရာဇ်အာဏာကို ရရှိသွားခဲ့ပြီ”

“မနေ့ညဉ့်နက်ပိုင်းက ဂိုဏ်းကြီးလေးခုရဲ့ ဂိုဏ်းချုပ်တွေအားလုံး နန်းတော်ထဲကို ဝင်သွားကြတယ်”

“သူတို့ ဘာတွေ ပြောခဲ့ကြလဲဆိုတာ ဘယ်သူမှ မသိပေမယ့် ဒီမနက်မှာတော့ ဂိုဏ်းကြီးလေးခုက နေရာယူထားတဲ့ အစိုးရရုံး အသီးသီးက ရာထူးအတော်များများ လစ်လပ်သွားပြီ”

“အဲဒါတွေ အားလုံးက ဝင်ငွေကောင်းတဲ့ ရာထူးတွေချည်းပဲ၊ ရှင်းလင်းခံရတဲ့သူ အများစုက အရည်အချင်းမရှိတဲ့သူတွေ၊ ဒါမှမဟုတ် အရင်းအမြစ်တွေကို လုယူဖို့ ဂိုဏ်းတွေက တမင်တကာ နေရာချထားတဲ့ သူတွေပဲ”

“မင်းလို နှောင်းပိုင်းဖြစ်တည်မှုအဆင့် သေးသေးမွှားမွှားလေး တစ်ယောက်က ဒီရှင်းလင်းရေးကနေ လွတ်မြောက်နိုင်မယ်လို့ ထင်လား”

“ဪ... ဒါကြောင့်ကိုး၊ ဒါဆို ကျွန်တော် အတော်လေး ကံကောင်းတယ်လို့ ဆိုရမယ်"

“ကျွန်တော် မနေ့ညကတင် မွေးရာပါအဆင့်ကို ကျော်ဖြတ်ဝင်ရောက်သွားခဲ့ပြီ ဆိုတော့ အသက်မွေးဝမ်းကျောင်းပြုဖို့တော့ အဆင်ပြေလောက်ပါသေးတယ်

All Chapters