← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း(၁၁၆)

“ အရှင့်သားသည် အိပ်မက်အတွင်း စိတ်ဝိညာဉ်ဖြင့် ခရီးလှည့်လည်နေစဉ် ရန်သူခေါင်းဆောင်နှင့် စိတ်ဝိညာဉ်တိုက်ပွဲ ဆင်နွှဲခဲ့သည် ၊ နောက်ဆုံးတွင် သူသည် ကောင်းကင်ဘုံ၏ အမိန့်တော်ကို ရွတ်ဆိုကာ ရန်သူကို ဆုံးမခဲ့သည်”

“ ‘မိစ္ဆာကောင်တွေက ငါ့ရဲ့ အာဏာစက်ကို ဘယ်လိုတောင် စော်ကားရဲတာလဲ’ ဟု ငေါက်ငမ်းလိုက်ရာ အသံသည် မိုးကြိုးပစ်ခွင်းသံအလား ပြင်းထန်လှသဖြင့် မိစ္ဆာအင်အားစုများ လွင့်စင် ပျောက်ကွယ်သွားရတော့သည်”

လက်ထောက်စစ်သူကြီးမှာ ထိုစာကို ဖတ်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။

“စစ်သူကြီး၊ စစ်သူကြီးရဲ့ စာပေအရေးအသားကတော့ ဟန်လင်းပညာရှိအဆောင်ကို မသွားတာ တကယ်ကို နှမြောစရာပဲ”

ဤသို့ဖြင့် အကွက်စေ့စေ့ တွက်ချက်တတ်ပြီး ဖောက်ထွင်းမမြင်နိုင်လောက်အောင် နက်နဲသော အိမ်ရှေ့စံမင်းသားအဖြစ် သရုပ်ဖော်ထားသော စာပေအရေးအသား နှင့် ကြီးကျယ်ခမ်းနားသော ဇာတ်ကြောင်းများ ရေးသားထားသည့် လျှောက်လွှာသည် ချင်ချန်း၏ “အမွမ်းတင် ခြယ်သမှု” အောက်တွင် အသစ်စက်စက် ထွက်ပေါ်လာခဲ့ပြီး ၊ အောင်ပွဲခံသဝဏ်လွှာနှင့်အတူ မြို့တော်ဆီသို့ ပေးပို့ခံလိုက်ရတော့သည်။

……

သာရှအင်ပါယာ နန်းတော်၊ ဇီချန်နန်းဆောင်။

သက်တော်ကြီးရင့်နေပြီဖြစ်သော ဧကရာဇ်မင်း ရှောင်ယွမ်သည် ချင်ချန်း၏ လျှောက်လွှာကို ဖတ်ပြီးနောက် အလွန်အမင်း ဝမ်းမြောက်ကာ သဘောကျနေခဲ့သည်။

“ကောင်းတယ် အလွန် ကောင်းတယ် ၊ ဟားဟားဟား”

သူသည် လျှောက်လွှာကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သည့် ပျော်ရွှင်သော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ငါ့ရဲ့ ချီလင်သားရတနာဟာ ငါ့ကို တကယ်ပဲ စိတ်မပျက်စေခဲ့ဘူး ၊ ချင်ချန်းဟာ သတ္တိရှိပြီး ရှောင်ရှန်းဟာ ဉာဏ်ရည်ထက်မြက်တယ်၊ အရှင်မင်း နဲ့ အမတ် စိတ်ဝိညာဉ်ချင်း တစ်သားတည်းကျနေမှတော့ လူရိုင်းမျိုးနွယ်စုကကောင်တွေ မပျက်စီးမှာကို ဘာစိုးရိမ်စရာရှိတုန်း “

နန်းတွင်းအရာရှိများစွာက “ ဧကရာဇ်မင်း သက်တော်ရာကျော် ရှည်ပါစေကြောင်း”

ဟစ်ကြွေးကြတော့သည်။

အမတ်ချုပ် လင်းပေါ်ရုံသည် အမတ်အားလုံး၏ ထိပ်ဆုံးနေရာတွင် ရပ်နေရင်း ၊ လျှောက်လွှာတွင် ဖော်ပြထားသော မယုံနိုင်စရာ အောင်မြင်မှုများကို နားထောင်ရင်း မိမိမုတ်ဆိတ်မွေးများကိုပင် ဆွဲနုတ်မိမတတ် ဖြစ်နေရသည်။

“ဒီကောင်လေးက…… ဒီကောင်လေးက တကယ်ပဲ အဲ့လောက်တောင်…… ထူးကဲတဲ့ စွမ်းရည်တွေ ရှိနေတာလား”

သူ့ရင်ထဲတွင် တုန်လှုပ်နေမိသည်။ နန်းတော်ထဲတွင် လူဖျင်းစကားများ ပြောပြီး ပျင်းရိစွာဖြင့် နေတတ်သော မင်းသားနှင့် လျှောက်လွှာတွင် ဖော်ပြထားသည့်အတိုင်း ကမ္ဘာကြီးကို ကယ်တင်ခဲ့သည့် အိမ်ရှေ့စံမင်းသားနှင့် မည်သို့မှ ဆက်စပ်၍ မရနိုင်အောင် ဖြစ်နေမိသည်။

“ဒါဟာ ချင်ချန်းဆိုတဲ့ လူကြမ်းကြီးက စကားလုံးတွေ ချဲ့ကားပြီး ရေးထားတာပဲ ဖြစ်ရမယ် ဟုတ်တယ်၊ အဲ့လိုပဲ ဖြစ်ရမယ်”

လင်းပေါ်ရုံသည် စိတ်ထဲတွင် မိမိကိုယ်ကိုယ် အကြိမ်ကြိမ် သတိပေးနေသော်လည်း အောင်ပွဲခံသတင်းများက အစစ်အမှန်ဖြစ်ပြီး လူရိုင်းမျိုးနွယ်စုများ ဆုတ်ခွာသွားခဲ့သည်မှာလည်း အရှိတရား ဖြစ်နေပြန်သည်။

မင်းသား(၃) ရှောင်ကျင်း၏ မျက်နှာမှာ မည်းမှောင်နေပြီး ၊ မင်းသား(၅) ရှောင်ယန်မှာ နှာခေါင်းရှုံ့လျက် မနာလိုဖြစ်နေသည်။

“နတ်လိုလိုဘာလိုလိုနဲ့ ၊ ကြက်ကန်းဆံအိုးတိုးသွားတာပဲ ဖြစ်ရမယ်”

၎င်းတို့အားလုံး ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဧကရာဇ်မင်း၏ အမိန့်တော်ကို ထုတ်ပြန်ပြီးဖြစ်သည်။

“ အမိန့်တော်ကို ထုတ်ပြန်လိုက်၊ တပ်သုံးဖွဲ့စလုံးကို ဆုလာဘ်များ ချီးမြှင့်စေ၊ တစ်ပြည်လုံးကိုလည်း အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးစေ… ပြီးတော့ အိမ်ရှေ့စံ ရှောင်ရှန်းရဲ့ အကျိုးဆောင်မှုဟာ အလွန် ကြီးမားပြီး သီလနဲ့ ပြည့်စုံတာကြောင့် သူ့ကို မြို့တော်ကို ချက်ချင်း ပြန်လာခိုင်းလိုက်၊ ငါကိုယ်တော်…… သူ့ကို နောက်ထပ် အရေးကြီးတဲ့ တာဝန်တွေ ပေးအပ်ဖို့ ရှိတယ်”

ဤတော်ဝင်အမိန့်တော်သည် ဟွမ်ဖုန်းခံတပ်သို့ ရောက်ရှိလာချိန်တွင် ရှောင်ရှန်းသည် မြို့တော်သို့ ပြန်ရောက်ပါက၊ ယခုတစ်ကြိမ်ရရှိခဲ့သည့် “အကျိုးဆောင်မှုကြီး ” ကို အသုံးချကာ အဖိုးကြီးထံမှ ပေါ့ပေါ့ပါးပါး နေထိုင်နိုင်မည့် သာမန်မင်းသားဘွဲ့တစ်ခု တောင်းခံကာ အေးအေးလူလူ နေထိုင်ရန် စီစဉ်ထားပြီး ဖြစ်သည်။

သို့သော်လည်း အမိန့်တော်ကို ပေးအပ်လာသော မိန်းမစိုးမှ “ နောက်ထပ် အရေးကြီးတာဝန်များ ပေးအပ်ဖို့ ရှိသည်” ဟု ဖတ်ကြားပြီးနောက်တွင် ၊ ရှောင်ရှန်း၏ မျက်နှာပေါ်က အပြုံးများမှာ အေးခဲသွားလေတော့သည်။

“မင်း ဘာပြောတယ်”

မိမိကပဲ နားကြားမှားသွားလေသလား ဟု ထင်မှတ်လိုက်မိသည်။

“အရှင့်သားကို ဂုဏ်ယူပါတယ် ၊ ဒါဟာ ဝမ်းမြောက်စရာပါပဲ အရှင့်သား”

မိန်းမစိုးက ပြုံးရွှင်လျက် ဆိုလိုက်သည်။

“အရှင်မင်းကြီးက အရှင့်သားကို အရေးကြီးတဲ့ ရာထူးကို ပေးအပ်မယ်လို့ ပြောတယ် ”

‘ ဘာ…’

ရှောင်ရှန်း၏ အမြင်အာရုံများ မှောင်မိုက်သွားပြီး ခန္ဓာကိုယ်သည် ယိမ်းထိုးနေကာ မြေပြင်ပေါ်သို့ လဲကျမတတ်ပင်။

သွားပြီ…

အကုန်လုံး သွားပြီ…

‘ ငါ သူရဲကောင်း မလုပ်ချင်ဘူးလေ ၊ ဘယ်အရေးပေးတာမှလည်း မခံချင်ဘူး… ကိုယ့်ဟာကို အသုံးမကျတဲ့ လူ့ငဖျင်းပဲ လုပ်ချင်တာလေကွာ…”

တပ်ကြီးတစ်ခုလုံး မထွက်ခွာမီ တစ်ရက်အလို ညတွင် ၊

စူးဝမ်ချင်သည် ရှောင်ရှန်းကို လာရှာပြီး မိမိလည်း မြို့တော်သို့ အတူတူ ပြန်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သူမ ပေးသည့် အကြောင်းပြချက်မှာ နယ်စပ်ဒေသက ဆေးဝါးများကို ဝယ်ယူပြီးပြီ ဖြစ်ကြောင်း နှင့် မြို့တော်တွင် “မှော်နက်ဂိုဏ်း” နှင့် ပတ်သက်သည့် ကိစ္စများကို စုံစမ်းရန် ရှိသေးကြောင်းပင် ဖြစ်သည်။

သို့သော် သူမ၏ ကြည်လင်လှသော မျက်ဝန်းများထဲတွင်မူ ၊ “မဖြေရှင်းနိုင်သော ပဟေဠိ” ဖြစ်သည့် ရှောင်ရှန်းအပေါ်တွင် နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားနေသည်ကို မြင်တွေ့နေရသည်။

ယဲ့လင်းရွှမ်းသည်လည်း ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ သူမ ရင်ထဲရှိ သံသယများသည် ပြယ်လွင့်မသွားသည့်အပြင် ပို၍ပင် ကြီးမားလာခဲ့သည်။

ဤအိမ်ရှေ့စံမင်းသားသည် နတ်ဘုရားလော ၊ မိစ္ဆာလော သို့မဟုတ် ကံကြမ္မာ၏ သားတော်ပင်လော ၊ ပရိယာယ်သမားကြီးလော။

သူမကိုယ်တိုင် သက်သေပြနိုင်ရမည်။ သူမသည် ချင်ချန်းကို နှုတ်ဆက်ကာ မိမိသည် မီးတောက်အမှတ်အသား၏ သဲလွန်စကို စုံစမ်းရန် မြို့တော်သို့ အရင်ဦးစွာ သွားနှင့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း၊

အမှန်တကယ်တွင် မုန်တိုင်း၏ အဓိကအချက်ဖြစ်သော ရှောင်ရှန်း၏ စစ်မှန်သော အသွင်အပြင်ကို မြင်တွေ့လိုခြင်းကြောင့်သာ ဖြစ်သည်။

All Chapters