← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း(၁၁၇)

ရှောင်ရှန်းသည် သူ၏ စစ်တဲအတွင်းမှာပင် အေးချမ်းသော အိပ်စက်ခြင်းဖြင့် တစ်ညတာ ကုန်ဆုံးခဲ့သည်။

သူသည် ဆန်းကြယ်သော အိပ်မက်တစ်ခုကို မက်ခဲ့သည်။

အိပ်မက်ထဲတွင်လည်း ထိုမှုန်ဝါးဝါး ရွှေရောင်မှော်သင်္ကေတများက တစ်ဖန် ထွက်ပေါ်လာပြန်၏။ သို့သော် ဤတစ်ကြိမ်တွင်မူ ၎င်းတို့သည် သောင်းကျန်းမနေတော့ဘဲ ငြိမ်သက်သော ကြယ်တာရာမြစ်တစ်စင်းသဖွယ် ညင်သာစွာ စီးဆင်းနေကြသဖြင့် သူ့ကို အလွန်အမင်း စိတ်လက်ပေါ့ပါးစေကာ သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။

နောက်တစ်နေ့ မနက်ခင်းတွင် သူသည် ခုတင်ပေါ်မှ နိုးထလာပြီး ပျင်းကြောဆွဲလိုက်ရာ မိမိတစ်ကိုယ်လုံး ကြည်လင်လန်းဆန်းနေသည်ကို ခံစားလိုက်ရသည်။

ခေါင်းအုံးဘေးကို လက်ဖြင့် လှမ်းစမ်းကြည့်လိုက်ရာ အေးမြပြီး ချောမွတ်သော ပစ္စည်းတစ်ခုကို ထိမိသွားသည်။

သူသည် ထိုအရာကို ကောက်ယူကြည့်လိုက်ရာ ၊ ၎င်းသည် လက်ဝါးအရွယ်အစားခန့် ရှိပြီး တစ်ခုလုံး မည်းတူးနေကာ သာမန်ဟု ထင်ရသော ကျောက်စိမ်းပြားတစ်ခု ဖြစ်နေခဲ့သည်။

ထိုကျောက်စိမ်းပြားသည် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရဘဲ ရွှေလည်းမဟုတ်၊ ကျောက်လည်း မဟုတ်ချေ။ အပေါ်တွင် မည်သည့် ထုဆစ်မှုမျှ မရှိဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ရေလှိုင်းပမာ လိုင်းလေးများသာ ရှိသည်။

လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်နှင့် အေးမြသော ခံစားချက်တစ်ခုက ရင်ထဲသို့ စိမ့်ဝင်သွားပြီး မူးနောက်နောက် ဖြစ်နေသော ခံစားချက်များကို တစ်ခဏချင်း ပျောက်ကွယ်သွားစေခဲ့သည်။

“ဘယ်သူက ဒီကျောက်အစုတ်ကို လာထားသွားတာလဲ”

ရှောင်ရှန်း တစ်ယောက် ညည်းတွားရင်း၊ လက်ထဲကနေ လွှတ်ပစ်ရန်ဟန်ပြင်လိုက်သည်။

သို့သော် ပြန်တွေးကြည့်ပြန်တော့ ဤအရာကို ဆုပ်ကိုင်ထားရသည်မှာ အတော်လေး သက်တောင့်သက်သာ ရှိပြီး အေးမြသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

နွေရာသီတွင် အပူဒဏ်လျှော့ဖို့ သို့မဟုတ် အိပ်နေရင်း ကိုင်ထားမည်ဆိုပါက အတော်လေး အဆင်ပြေမည်ဟု တွေးမိလိုက်သည်။

ထို့ကြောင့် သူသည် ကျောက်ကို ကြိုးဖြင့် သီကုံးကာ လည်ပင်းတွင် ပေါ့ပေါ့ပါးပါး ဆွဲထားလိုက်ပြီး အင်္ကျီကော်လာထဲ ထည့်ဝှက်ထားလိုက်တော့သည်။

လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုမှ ချန်ထားခဲ့သည့် ဤ “ဝိညာဉ်အာဟာရဖြည့် ကျောက်စိမ်း” သည် သူ၏ အနာဂတ်ခရီးတွင် လမ်းကြောင်းသစ်တစ်ခုဆီသို့ တက်လှမ်းနိုင်မည့် အဓိက သော့ချက်ပစ္စည်း ဖြစ်လာမည်ကိုတော့ သူ မသိခဲ့ပေ။

တပ်မတော်ကြီးသည် နောက်ဆုံးတွင် အိမ်ပြန်ခရီးကို စတင်ချီတက်ခဲ့‌သည်။

လာစဉ်က အသံမထွက်ဘဲ တိတ်ဆိတ်ခဲ့သော်လည်း ပြန်လာချိန်တွင်မူ လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

လမ်းနှစ်ဖက်စလုံးတွင် မိမိသဘောအလျောက် လာရောက်ပို့ဆောင်ကြသည့် နယ်စပ်ဒေသမှ စစ်သည်များနှင့် ပြည်သူများ ရှိနေကြသည်။

၎င်းတို့သည် လွင့်ပျံနေသော အိမ်ရှေ့စံ၏ စစ်အလံကြီးကို ကြည့်ရင်း မျက်ဝန်းထဲတွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“အရှင့်သားက ဘုန်းတန်ခိုးကြီးမားပါပေတယ်”

“အိမ်ရှေ့စံမင်းသားကို ဂါရဝပြုလျက် ပို့ဆောင်ပါတယ်”

တောင်ပြိုလဲမတတ် သောင်းသောင်းဖျဖျ ဟစ်ကြွေးသံများသည် ရှောင်ရှန်း၏ နားထဲတွင်မူ လူရိုင်းများ၏ စစ်ဗုံသံထက်ပင် ထိတ်လန့်စရာကောင်းနေသည်။

သူသည် ခမ်းနားလှသော မြင်းရထားလုံးအတွင်း၌ အားပျက်ပျက်ဖြင့် ထိုင်လိုက်ရင်း ၊ လိုက်ကာထောင့်လေးကို မကာ အပြင်က ရူးသွပ်နေသော မျက်နှာများကို ကြည့်ပြီး မိမိကိုယ်ကိုယ် အောင်ပွဲခံ ပြန်လာခြင်း မဟုတ်ဘဲ ပြစ်ဒဏ်စီရင်ရာ စင်မြင့်ဆီသို့ ဆွဲခေါ်ခံရသည့်အလား ခံစားနေမိသည်။

ရှောင်ရှန်း၏ မြင်းရထားလုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် အမျှ ၊

သာရှအင်ပါယာ မြို့တော်၊ နန်းတော်၏ အနက်ရှိုင်းဆုံးနေရာရှိ လျှို့ဝှက်အခန်းတစ်ခုအတွင်း၌။

ဧကရာဇ်မင်း ရှောင်ယွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ကြီးမားလှသော ကြယ်တာရာမြေပုံကြီး၏ ရှေ့တွင် ရပ်နေသည်။

ထိုမြေပုံပေါ်တွင် မြောက်ဘက်နယ်စပ်ကို ကိုယ်စားပြုသည့် ကြယ်စုတန်းများထဲမှ မူလက မှေးမှိန်နေသော ကြယ်အချို့သည် ယခုအခါတွင်မူ ထိန်လင်းစွာ တောက်ပနေကြသည်။

သူ့နောက်ကွယ်တွင် ဝတ်ရုံနက် လူရိပ်တစ်စုက ခစားနေသည်။

“အရှင်မင်းကြီး၊ မင်းသား(၇) အပြန်လမ်းကို ရောက်နေပါပြီ”

ဝတ်ရုံနက် လူ၏ အသံသည် အက်ရှနေသည်။

“နယ်စပ်ဒေသက ကိစ္စဟာ အမှန်တကယ်ပဲ ‘အဲဒီလူတွေ’ နဲ့ ပတ်သက်နေပါတယ်”

ဧကရာဇ်မင်း ရှောင်ယွမ်၏ အကြည့်သည် ကြယ်တာရာမြေပုံပေါ်တွင်သာ ရှ်ိနေခဲ့သည်။

“ပြောရခက်တယ်၊ မှော်နက်ဂိုဏ်းက သဲလွန်စတစ်ခုတင်ပဲ၊ ဒါပေမယ့် ‘ နတ်ဆိုးအရိပ်အယောင်တွေ’ ပေါ်လာတာကတော့ အမှန်တရားပဲ”

သူသည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ မြေပုံ၏ ဗဟိုချက်မ၊ သာရှပြည်ကြီး၏ ကံကြမ္မာကို ကိုယ်စားပြုသည့် ဧကရာဇ်ကြယ်ပွင့်ပေါ်သို့ ညင်သာစွာ တို့ထိလိုက်သည်။

“ သာရှမင်းဆက်ကြီးရဲ့ ငြိမ်သက်နေတဲ့ ရေကန်ကို လုံလောက်အောင် မမွှေနှောက်နိုင်သေးဘူး၊ ငါ့ရဲ့ သားတွေဟာ အချင်းချင်း တိုက်ခိုက်လာခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒါပေမယ့် ရေအောက်က ငါးကိုတောင် မမြင်ဖူးသေးဘူး”

ဧကရာဇ်မင်း ရှောင်ယွမ်သည် လှည့်ကြည့်လာခဲ့ရာ ၊ သူ၏ မျက်နှာပေါ်တွင် အရာအားလုံးကို ထိုးဖောက်မြင်နိုင်သော အေးစက်မှုနှင့် ကြိုးကိုင်မှုများကို ပြသနေခဲ့သည်။

“ရှောင်ရှန်းဆိုတဲ့ ဒီ ‘ အသုံးမဝင်တဲ့သား'ကို ပြန်လာခွင့်ပေးလိုက်ပါ”

“သူ့လို အသုံးမဝင်ဘူးလို့ ထင်ရတဲ့ ကျောက်တုံးတစ်တုံးက……ပိုကြီးမားတဲ့ ငါးကြီးတွေကို မျှားခေါ်လာနိုင်လိမ့်မယ်”

အိမ်ရှေ့စံ၏ ခမ်းနားလှသော ခြံရံတပ်ဖွဲ့ကြီးသည် မြို့တော်၏ ကျူးချွေ့တံခါးဂိတ်မှ တဆင့် ဝင်ရောက်လာခဲ့သည်။

လမ်းဘဲဝဲယာတွင် ပြည်သူများသည် “စကားတစ်ခွန်းတည်းနဲ့ မိစ္ဆာနတ်ဘုရားကို နှင်ထုတ်ပြီး၊ အင်္ကျီလက်ကို လှုပ်ခါရုံဖြင့် ပြင်းထန်တဲ့အဆိပ်ကို ပြယ်စေခဲ့တယ်” ဆိုသည့် ဒဏ္ဍာရီလာ အိမ်ရှေ့စံမင်းသားကြီးကို မြင်တွေ့နိုင်ရန် အလုအယက် တိုးဝှေ့နေကြသည်။

ဟစ်ကြွေးသံများ၊ သောင်းသောင်းဖျဖျ ကြိုဆိုသံများနှင့်အတူ ပုံပြောဆရာများ၏ အမွမ်းတင် အော်ဟစ်နေကြသော အသံများကြားတွင် ၊

ဇာတ်မင်းသားကြီး ရှောင်ရှန်းမှာ သန်မာထည်ဝါလှသော မြင်းဖြူကြီးတစ်ကောင်ပေါ်၌ ထိုင်လျက် မျက်ခွံများ တွဲကျကာ အိပ်ငိုက်နေလေ၏။

သူ၏ အရှိန်အဟုန်ပြင်းလှသော သမ်းဝေမှုကြောင့် မျက်ရည်များပင် ဝဲတတ်လာလေသည်။

ဤဆူညံသံများက သူတို့နှင့်သာ သက်ဆိုင်ပြီး၊ သူ့အတွက်ကတော့ ပင်ပန်းနွမ်းနယ်မှုမှ လွဲ၍ ဘာမျှမရှိပေ။

All Chapters