အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈) လှိုင်းထန်လာခြင်း
အရာရှိအမတ်များစွာက နန်းတော်တံခါးဝတွင် စီတန်းကာ ဆီးကြိုနေကြသည်။
အမတ်ချုပ် လင်းပေါ်ရုံသည် အရာရှိအားလုံး၏ ထိပ်ဆုံးနေရာတွင် ရပ်နေရင်း ၊ ရှောင်ရှန်း၏ အရိုးမရှိသလို ပျော့ခွေပျင်းရိနေသော ပုံစံကို ကြည့်ရင်း ပြင်ဆင်လာခဲ့သည့် ဆုံးမစကားများကို ပါးစပ်ဝသို့ ရောက်မှ အတင်း ပြန်မျိုချလိုက်ရသည်။
အောင်ပွဲခံသဝဏ်လွှာထဲတွင် ဖော်ပြထားသော အံ့ဖွယ်အောင်မြင်မှုများသည် ယခု မျက်စိရှေ့တွင် တဝါးဝါး သမ်းဝေနေသည့် ဤလူငယ်လေးနှင့် မည်သို့မျှ တွဲဖက်၍ မရနိုင်ဘဲ ရှိနေသည်။
သူ့အနေဖြင့် မျက်မှောင်ကြုတ်ပြီး ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ဘဲ မျက်လုံးထဲတွင်လည်း ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
မင်းသား(၃) ရှောင်ကျန်းနှင့် မင်းသား(၅) ရှောင်ယန်တို့သည်လည်း လူအုပ်ကြီးထဲတွင် ဂုဏ်ပြုသော အပြုံးများဖြင့် ရှ်နေကြသည်။
"ညီတော်(၇) မင်း ယခုလို တိုင်းပြည်အတွက် စွမ်းဆောင်နိုင်တာဟာ တော်ဝင်မျိုးနွယ်စုရဲ့ ကံကောင်းခြင်းပါပဲ"
ရှောင်ကျန်း၏ လေသံသည် နူးညံ့ပျော့ပြောင်းလှသော်လည်း မျက်ဝန်းများက ရေခဲစိမ်ထားသည့်အလား အေးစက်လှသည်။
"ဒါပေါ့၊ ညီတော်(၇)ရဲ့ ကံတရားကတော့ လူတွေကို မနာလိုဖြစ်စေလောက်အောင်ကို ကောင်းလွန်းပါတယ်"
ရှောင်ယန်က နှာခေါင်းရှုံ့လျက် မဲ့ပြုံး ပြုံးလိုက်သည်။
ရှောင်ရှန်းသည် နည်းနည်းလေးမှ လှည့်မကြည့်ဘဲ ၊ ၎င်းတို့၏ စကားများကို နားဘေးတွင် ယင်ကောင်နှစ်ကောင် တဝီဝီ အော်နေသည်ဟုသာ သဘောထားလိုက်သည်။
ရွှေနန်းဆောင်ကြီးအတွင်း၌ ဧကရာဇ် ရှောင်ယွမ်သည် လျှောက်လွှာကို ဖတ်ရှုရင်း အားရပါးရ ရယ်မောနေသည်မှာ နန်းဆောင်အမိုးပေါ်က ဖုန်မှုန့်များပင် ဖွေးခနဲ လွင့်စင်ကျလာစေသည်။
"ကောင်းတယ် ငါ့သား ရှောင်ရှန်းရဲ့ ဂုဏ်ဆောင်မှုကြီးက တိုင်းတာလို့မရဘူး”
ရွှေငွေ ရတနာများ၊ လယ်ယာမြေများနှင့် အိမ်တော်ကြီးများ စသည့် ဆုလာဘ်များကို အဆက်မပြတ် ကြေညာခံလိုက်ရသည်။
ရှောင်ရှန်းမှာ ဘယ်နားကဝင် ညာနားကထွက် ဖြစ်နေပြီး၊ စိတ်ထဲတွင်မူ ဤပစ္စည်းများကို ငွေစက္ကူအဖြစ် မည်သို့ပြောင်းလဲကာ လစ်ပြေးရန် ကြံစည်နေလေ၏။
သို့သော်လည်း ဧကရာဇ် ရှောင်ယွမ်သည် စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်သည်။
"အိမ်ရှေ့စံဟာ အသက်အရွယ် ရောက်လာပြီဖြစ်သလို တိုင်းပြည်ရဲ့ အခြေခံကလည်း မခိုင်မြဲသေးဘူး”
“ မြို့တော်က အထက်တန်းစား မျိုးနွယ်စုတွေနဲ့ မှူးမတ်မျိုးနွယ်စု သမီးပျိုတွေထဲက အိမ်ရှေ့စံအတွက် ကြင်ယာတော် တစ်ပါးကို ရွေးချယ်ပြီး ပြည်သူတွေရဲ့ စိတ်နှလုံးကို အေးချမ်းစေဖို့ ငါကိုယ်တော် ကြံရွယ်ထားတယ်”
ရှောင်ရှန်းခမျာ မိမိဦးခေါင်းပေါ်သို့ မိုးကြိုးတစ်ချက် ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
အိမ်ရှေ့စံကြင်ယာတော် ရွေးချယ်မည် ဟူသော စကားသည် သူ့ကို နယ်စပ်ဒေသသို့ စစ်အလံထမ်းခိုင်းတာထက်ပင် ပို၍ နှိပ်စက်ရာ ကျပေသည်။
‘ ဒါ သူ့ကို အိမ်ရှေ့စံကုလားထိုင်ပေါ်မှာ ကျကျနန ချည်နှောင်ပြီး အသေတွန်းပို့နေတာပဲ မဟုတ်လား’
နန်းချခံရမည့် မဟာလုပ်ငန်းကြီးအတွက် ရှောင်ရှန်းသည် မိမိ၏ ပျင်းရိခြင်းအတတ်ကို အဆုံးထိ ထုတ်သုံးရန် ဆုံးဖြတ်လိုက်တော့သည်။
နောက်တစ်နေ့ နံနက် ညီလာခံတွင် စစ်ပြီးကာလ နယ်စပ်ပြန်လည်တည်ဆောက်ရေး အတွက် ဆွေးနွေးခဲ့ကြသည်။
ဧကရာဇ်မင်း ရှောင်ယွမ်သည် အမည်တပ်ကာ အော်ခေါ်လိုက်သည်။
"အိမ်ရှေ့စံ၊ မင်းမှာ ဘာအမြင်တွေ ရှိလဲ"
နန်းတွင်းအရာရှိ အပေါင်းတို့၏ အကြည့်များသည် ဝုန်းခနဲ့ စုပြုံကျရောက်လာသည်။
ထိုစဉ် ရှောင်ရှန်းသည် အိပ်ချင်မူးတူး မျက်လုံးများဖြင့် ကြောင်တောင်တောင် ထရပ်ကာ ဆိုလိုက်သည်။
"သားတော် အထင်တော့…… နယ်စပ်ဒေသက စစ်သည်တွေလည်း ပင်ပန်းနေကြပြီ ၊ အဲ့တော့ သူတို့ကို သုံးလလောက် ခွင့်ရက်အကြီးကြီး ပေးလိုက်ပြီး၊ အားလုံးအတူတူ လှဲအိပ်ရင်း ကောင်းကောင်း အနားယူတာက ပိုကောင်းပါလိမ့်မယ်"
ထိုစကားသံ ဆုံးသွားသည်နှင့် နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
မင်းသား(၅) ရှောင်ယန်မှာ အော်ရယ်မိလုနီးပါး ဖြစ်သွားပြီး၊ မင်းသား(၃) ရှောင်ကျန်း၏ နှုတ်ခမ်းထောင့်တွင်မူ သရော်ပြုံးတစ်ခု လှစ်ဟသွားသည်။
လင်းပေါ်ရုံမှာ အသက်ပင်မရှုနိုင်တော့ဘဲ သွေးများ စောင့်တတ်လာကာ ရှေ့ထွက်၍ ၎င်း၏ အဓိပ္ပာယ်မရှိသော စကားများကို ပြင်းထန်စွာ ဆဲရေးတိုင်းထွာရန် ပြင်လိုက်သည်။
သို့သော် သူ ခြေလှမ်းလှမ်းရန် ပြင်လိုက်စဉ်မှာပင် ချင်ချန်း၏ စစ်ဖက်ဆိုင်ရာ အရာရှိအချို့၏ မျက်နှာပေါ်တွင် တွေးတောနေသည့် အမူအရာများကို မြင်လိုက်ရသဖြင့် လင်းပေါ်ရုံ၏ ဦးနှောက်ထဲတွင် ဉာဏ်အလင်းတစ်ချက် ဝင်းလက်သွားပြီး ခြေလှမ်းများ တန့်သွားခဲ့ရသည်။
‘ ဒါ အောက်ခြေလူတန်းစားကို ငဲ့ညှာတာလား ဒါမှမဟုတ် စစ်သည်တွေရဲ့ စိတ်နှလုံးကို သိမ်းသွင်းတာလား’
‘ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားလုံးတွေ သုံးပြီး စစ်တပ်အပေါ် ထားရှိတဲ့ နန်းတွင်းရဲ့ သဘောထားကို စမ်းသပ်နေတာလား’
‘ ဒီကောင်လေးရဲ့ ပါးနပ်မှုနဲ့ အကွက်ချမှုတွေက ဒီလောက်အထိ နက်ရှိုင်းနေတာလား'
လင်းပေါ်ရုံသည် ရှောင်ရှန်း၏ ဖြူစင်ရိုးသားသော မျက်နှာကို ကြည့်ရင်း ချွေးပြန်လာကာ တိတ်ဆိတ်စွာဖြင့် နောက်သို့ ပြန်ဆုတ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် မြို့တော်ထဲတွင် လှိုင်းလုံးကြီးနှစ်ခုသည် တိတ်ဆိတ်စွာဖြင့် လှုပ်ရှားနေသည်။
စူးဝမ်ချင်သည် ဆေးဆိုင်တစ်ခု၏ နောက်ဘက်ခန်းတွင် ထိုင်ကာ ဆေးဘက်ဝင်အပင် တစ်မျိုးကို ကိုင်ကြည့်ရင်း လက်အောက်ငယ်သား၏ လျှို့ဝှက်သတင်းပို့မှုကို နားထောင်နေသည်။
“ မှော်နက်ဂိုဏ်းရဲ့ ခြေရာတွေက နောက်ဆုံးမှာ နန်းတော်ထဲကို ညွှန်ပြနေပါတယ်……ဘယ်အင်အားစုက ဘယ်သူလဲဆိုတာကိုတော့ အချိန်ယူ စုံစမ်းရပါဦးမယ်"
သူမ၏ မျက်ဝန်းများသည် အနည်းငယ် လှုပ်ခတ်သွားပြီး နန်းတော်တည်ရှိရာ အရပ်ဆီသို့ လှည့်ကြည့်မိလိုက်သည်။
ယဲ့လင်းရွှမ်းမှာ လျင်မြန်ဖြတ်လတ်လှသော ဇာမဏီငှက်တစ်ကောင်ပမာ မြို့တော်၏ စီတန်းနေသော အိမ်မိုးခေါင်ပြင်များကို ဖြတ်ကျော်ကာ ပျံသန်းနေသည်။
သူမသည် မီးတောက်အမှတ်အသား ဆွဲထားသည့် တမန်တော်တစ်ဦးက မင်းသား(၃) ရှောင်ကျင်း၏ အိမ်တော်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသဖြင့် ရင်ထဲက သံသယများသည်လည်း ပို၍ပင် ရှင်းလင်းလာခဲ့ပြီ ဖြစ်သည်။
ရှောင်ရှန်းကမူ ဤအရာများကို ဘာတစ်ခုမျှ မသိရှိချေ။ သူ ခံစားရသည်မှာ နန်းတော်သို့ ပြန်ရောက်ကတည်းက လည်ပင်းတွင် ဆွဲထားသည့် မည်းမည်းတူးတူး ကျောက်စိမ်းပြားလေးသည် အမြဲတမ်း နွေးနေတတ်သည်ကိုပင်။
အထူးသဖြင့် နဂါးစွမ်းအင်များ စုဝေးနေသော ဤနန်းတော်ကြီးအတွင်း၌ ထိုနွေးထွေးသော ခံစားချက်သည် သူ့ကို အလွန်အမင်း သက်တောင့်သက်သာ ဖြစ်စေပြီး၊ အိပ်စက်ရသည်မှာလည်း ယခင်ကထက် ပိုမို အိပ်မောကျစေကာ ဦးနှောက်ထဲရှိ အဆိုပါ ရွှေရောင် မှော်သင်္ကေတများသည်လည်း ပို၍ပင် ရှင်းလင်းလာဟန် ရှိသည်။