← Chapters

အခန်း ၂၇၉၃

Vol. 220 Ch. 2793

အခန်း ၂၇၉၃

Vol. 220 Ch. 2793

အခန်း(၂၇၉၃)

“ဖီးနစ်ငှက်ရဲ့ ပြာပုံထဲကနေ တစ်ဖန် ပြန်လည်မွေးဖွားခြင်း နည်းစနစ်လား”

ရီချန်းခွန်၏ စကားကိုကြားလျှင် လော့ကျင်းလင်၏ မျက်နှာ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ဖီးနစ်မျိုးနွယ်စု ဆိုသည်မှာ ဒဏ္ဍာရီလာ ပုံပြင်များထဲမှ ထိပ်တန်း အင်မော်တယ် သားရဲမျိုးနွယ် ဖြစ်သည်။

ဖီးနစ်မျိုးနွယ်စုတွင် ပြာပုံထဲကနေ တစ်ဖန် မွေးဖွားနိုင်စွမ်း ရှိသည့် သဘာဝလွန် နည်းစနစ် တစ်ခု ရှိသည်ဟု ဆိုကြပြီး ထိုနည်းစနစ်သည် သေလုဆဲဆဲ ဖြစ်နေသည့် ဖီးနစ်ငှက်ကို ပြန်လည် ရှင်သန်စေနိုင်ရုံတင်မက ပိုမိုသန်မာသည့် ခွန်အားကိုလည်း ရရှိစေနိုင်၏။

သို့သော်လည်း ယေဘုယျအားဖြင့် ပြောရလျှင် ထိုအမြင့်မြတ်ဆုံး သဘာဝလွန် နည်းစနစ်ကို ဖီးနစ်မျိုးနွယ်စု၏ စင်ကြယ်သော သွေးမျိုးဆက် ရှိသည့် ဖီးနစ်များသာ တတ်မြောက်နိုင်ကြသည်။

သူ့ရှေ့မှ ဖီးနစ်ငှက်သည် ပြာပုံထဲကနေ တစ်ဖန် ပြန်လည်မွေးဖွားခြင်း ကဲ့သို့ ဖီးနစ်မျိုးနွယ်စု၏ အမြင့်မြတ်ဆုံး သဘာဝလွန် နည်းစနစ်ကို မည်ကဲ့သို့ တတ်မြောက်ထားမှန်း လော့ကျင်းလင် အမှန်တကယ် နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

“ငါတို့ အားလုံး ပူးပေါင်းပြီး ဒီဖီးနစ်ငှက်ကို အမြန်ဆုံး သတ်မှ ဖြစ်မယ်”

လော့ကျင်းလင်က အတော်လေး စိုးရိမ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအားများကို ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးစွမ်းအားများ အဖြစ် ပြောင်းလဲကာ တွင်းနက်ထဲတွင် လဲလျောင်းနေသည့် ဖီးနစ်ငှက်ကို တိုက်ခိုက်လိုက်သည်။

“ထျန်းရွမ်သတ်ဖြတ်ခြင်းအစီအရင်”

ရီချန်းခွန်ကလည်း လက်ဟန်များကို လျင်မြန်စွာ ပြူလုပ်ကာ သတ်ဖြတ်ခြင်း အစီအရင်တစ်ခုကို ထုတ်ဖော်လိုက်သည်။

ကျန်းချန်ကလည်း အင်မော်တယ် စွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်ကာ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ဒုတိယစည်းတံဆိပ်ကို ထုတ်ဖော်၍ ဖီးနစ်ငှက်ကို တိုက်ခိုက်လိုက်သည်။

သို့သော်လည်း သူတို့သုံးယောက်၏ ကြောက်မက်ဖွယ်စွမ်းအားများသည် ဖီးနစ်ငှက် ပတ်ပတ်လည်ရှိ မီးလျှံများကိုပင် ဖောက်ထွက်နိုင်စွမ်း မရှိခဲ့ပေ။

သူတို့သုံးဦး ထုတ်ဖော်လိုက်သော စွမ်းအားများသည် ဖီးနစ်ငှက် ပတ်ပတ်လည်မှ မီးလျှံများဖြင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ဘာမှ မကျန်ရှိတော့ဘဲ လောင်ကျွမ်းကာ ပျောက်ကွယ်သွားခဲ့၏။

နောက်ထပ် တစ်စက္ကန့်တွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ဖီးနစ်ငှက်သည် အတောင်ပံများကို ခါရမ်းလိုက်ပြီး လေထဲကို ချက်ချင်းဆိုသလို ပျံတက်လာခဲ့သည်။

ဖီးနစ်ငှက်က သူ၏ ကြီးမားသော မျက်ဝန်းများဖြင့် ကျန်းချန်တို့ သုံးယောက်ကို အေးစက်စက် စိုက်ကြည့်နေခဲ့ကာ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

ဖီးနစ်ငှက်ဆီကနေ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်တို့ သုံးယောက်စလုံး၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် အလွန်အမင်း လေးနက်သွားခဲ့သည်။

ဤဖီးနစ်ငှက်သည် ရွှေအင်မော်တယ်အဆင့်နှင့် ယှဥ်နိုင်သော ခွန်အားရှိပြီး သာမန်ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ ထက်ပင် သုံးဆခန့် ပို၍ သန်မာ၏။

ယခုအခါတွင် ဖီးနစ်ငှက်သည် ဖီးနစ်မျိုးနွယ်စု၏ အမြင့်မြတ်ဆုံး သဘာဝလွန် နည်းစနစ်ဖြင့် ပြာပုံထဲကနေ ပြန်လည်မွေးဖွားနိုင်သော စွမ်းရည်ကို ထုတ်သုံးခဲ့သောကြောင့် တစ်ဖန် ပြန်လည် မွေးဖွားလာခဲ့ပြီး ရွှေအင်မော်တယ် ဒုတိယအဆင့်ကိုပင် ရောက်ရှိသွားခဲ့ချေပြီ။

ပြန်လည် မွေးဖွားခြင်းမပြုမီကပင် လော့ကျင်းလင်နှင့် ရီချန်းခွန် တို့သည် တလော့အဆင့် ဝှက်ဖဲများကို အသုံးပြုမှသာ ဖီးနစ်ငှက်ကို ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ယခုကဲ့သို့ ဖီးနစ်ငှက်၏ ခွန်အားများ တစ်ဆင့် မြင့်တက်လာသောအခါတွင်မူ ဖီးနစ်ငှက်ကို နောက်တစ်ကြိမ် ထပ်မံ အနိုင်ယူရန်မှာ သူတို့အတွက် ပို၍ ခက်ခဲသွားသည်မှာ သံသယဖြစ်စရာမလိုချေ။

“ကောင်းကင်အင်မော်တယ်အဆင့်က အတောင်အလက် မစုံသေးတဲ့ ကောင်လေးသုံးယောက်က ပြာပုံထဲကနေ တစ်ဖန် ပြန်လည်မွေးဖွားနိုင်တဲ့ နည်းစနစ်ကို အတင်းအကျပ် အသုံးပြုအောင် ငါ့ကို ဖိအားပေးနိုင်ခဲ့တယ်.. ဒီအတွက် မင်းတို့တွေ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖို့ လုံလောက်နေပြီ”

ပြာပုံထဲကနေ တစ်ဖန် ပြန်လည်မွေးဖွားခြင်း နည်းစနစ်သည် တစ်သက်တွင် တစ်ကြိမ်သာ အသုံးပြုနိုင်သော နည်းစနစ် ဖြစ်သည်။

အကယ်၍ သူသာ ရွှေအင်မော်တယ် နဝမအဆင့်တွင် ထိုနည်းစနစ်ကို အသုံးပြုခဲ့လျှင် တလော့အင်မော်တယ် အဆင့်ကို တစ်ခါတည်း ထိုးဖောက်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော် ယခုလို ရွှေအင်မော်တယ် ပထမအဆင့်သာ ရှိသေးချိန်တွင် ထိုစွမ်းရည်ကို အသုံးပြုရန် အတင်းအကျပ် ဖိအားပေးခံလိုက်ရသောကြောင့် ဖီးနစ်ငှက်သည် သံသယဖြစ်စရာမလိုလောက်အောင်ပင် အလွန်အမင်း ဒေါသထွက်နေခဲ့၏။

ဖီးနစ်ငှက်က ကျန်းချန်တို့ သုံးယောက်ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။

ထိုခဏဝယ် ကြောက်မက်ဖွယ်ရာကောင်းသော မီးလျှံမုန်တိုင်းသည် ဖီးနစ်ငှက်ကို ဗဟိုပြု၍ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့ကာ ကျန်းချန်တို့ထံ ဦးတည်လာခဲ့သည်။

မီးလျှံမုန်တိုင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် အတော်လေး ပျက်စီးယိုယွင်းသွားခဲ့သည်။

ကျန်းချန်တို့ သုံးယောက်၏ ပုံရိပ်များသည်လည်း ထိုကြောက်မက်ဖွယ်ရာကောင်းသော မီးလျှံမုန်တိုင်း ထဲတွင် ချက်ချင်းဆိုသလို ဖုံးလွှမ်းခြင်း ခံလိုက်ရသည်။

ကျန်းချန်တို့ သုံးယောက်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး သူတို့၏ ပတ်ပတ်လည်တွင် ဖုံးလွှမ်းနေသည့် မီးလျှံမုန်တိုင်းကို ခုခံရန်အတွက် သူတို့ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။

သို့သော်လည်း မီးလျှံမုန်တိုင်း၏ စွမ်းအားသည် သူတို့ထင်ထားသည်ထက်ကို ကျော်လွန်နေခဲ့ပြီး သာမန် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေခဲ့သည်။

လော့ကျင်းလင် ထုတ်ဖော်လိုက်သည့် မိုးကြိုးလမ်းစဥ် သဘာဝလွန်စွမ်းအားဖြစ်စေ၊ ရီချန်းခွန် ထုတ်ဖော်လိုက်သည့် သတ်ဖြတ်ခြင်း အစီအရင် သဘာဝလွန်စွမ်းအားဖြစ်စေ၊ ဤမီးလျှံမုန်တိုင်းကို ရင်ဆိုင်ရန်မှာ အမှန်တကယ် ခက်ခဲနေခဲ့သည်။

သူတို့နှစ်ယောက်က မီးလျှံမုန်တိုင်းကို အစွမ်းကုန် ရင်ဆိုင်တိုက်ခိုက်ပြီးသည့်နောက်တွင် အဆုံးသတ်၌ လက်လျှော့လိုက်ရပြီး ကျောက်စိမ်း တံဆိပ်ပြားကို အသုံးပြုကာ လျှို့ဝှက်နယ်မြေထဲကနေ ထွက်ခွာရန် မဖြစ်မနေ ရွေးချယ်လိုက်ကြရတော့သည်။

“အင်မော်တယ်ဖျက်ဆီးခြင်းစွမ်းအား.. ချေမှုန်းစမ်း”

လျှို့ဝှက်နယ်မြေထဲကနေ လော့ကျင်းလင်တို့ နှစ်ယောက် ထွက်ခွာသွားသည်ကိုမြင်လျှင် ကျန်းချန်သည် သူ၏စွမ်းရည်များကို ထိမ်ချန်မထားတော့ဘဲ သူ၏ ခွန်အားရှိသမျှကို လှုံ့ဆော်လိုက်ပြီး အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို ထုတ်ဖော်ကာ မီးလျှံမုန်တိုင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

တုန်လှုပ်ဖွယ်ရာကောင်းသည့် ကျယ်လောင်သော ပေါက်ကွဲသံသည် လေထုထဲတွင် ချက်ချင်းဆိုသလို ဟိန်းခနဲ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ နောက်သို့ ခြေလှမ်းဒါဇင်ပေါင်း များစွာ ဆုတ်ခွာသွားခဲ့ရသည်။

ခန္ဓာကိုယ်ထဲတွင် ဗြောင်းဆန်သည့် အရှိန်အဝါများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာအမူအရာက အလွန်ပင် လေးနက်နေခဲ့၏။

ဤရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်သည် တစ်ဖန် ပြန်လည် မွေးဖွားလာပြီးနောက်တွင် အမှန်တကယ်ပင် သန်မာလွန်းနေခဲ့သည်။

သူ့အနေဖြင့် အင်မော်တယ်ဖျက်ဆီးခြင်း စွမ်းအားကို အသုံးပြုခဲ့သည့်တိုင် ထိုဖီးနစ်ငှက်ကို ယှဥ်ပြိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

ကျန်းချန်က သူ၏ မီးလျှံမုန်တိုင်းအား တားဆီးနိုင်ခဲ့သည်ကိုမြင်လျှင် ဖီးနစ်ငှက်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ကျန်းချန်ကို ပြောလိုက်သည်။

“ကောင်လေး မင်းက ဖီးနစ်ငှက် အသိုက်အမြုံထဲက မီးလျှံဖီးနစ် အင်‌မော်တယ်သစ်သီးကို ရယူဖို့ အရည်အချင်းပြည့်မီပါတယ်.. ဒါပေမဲ့ မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးက မရင့်မှည့်သေးတဲ့ အတွက် နောက်ထပ် ဆယ်နှစ်ကြာမှပဲ မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို လာယူလို့ ရလိမ့်မယ်”

“ကျွန်တော် နားလည်ပါပြီ”

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

ဤရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်သည် အလွန်ပင် အစွမ်းထက်ပြီး လက်ရှိ သူ၏ ခွန်အားဖြင့်ဆိုလျှင် မည်သို့မျှ ယှဥ်နိုင်မည် မဟုတ်ပေ။

ယင်းအပြင် ဖီးနစ်ငှက်ကသာ သူ့ကို မီးလျှံဖီးနစ် အင်မော်တယ်သစ်သီး ပေးဖို့ ဆန္ဒ မရှိလျှင် သူ့အတွက် မည်သည့်အခွင့်အရေးမျှ ရှိမည် မဟုတ်ချေ။

ထို့အပြင် ကျန်းချန်သည် ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်က သူ့ကို လိမ်ညာနေခြင်း မဟုတ်မှန်း ကောင်းစွာ ခံစားမိခဲ့သည်။

မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို မရည့်မှည့်သေးဘဲ ခူးဆွတ်လိုက်မည် ဆိုလျှင် အတော်လေး နှမြောစရာကောင်းလိမ့်မည် မဟုတ်ပါလော။

မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန် ထံတွင် ကောင်းကင်ဧကရာဇ်နန်းတော်မှ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ ပေးထားသည့် တံဆိပ်ပြား ရှိနေသောကြောင့် ဤလျှို့ဝှက်နယ်မြေဆီ အချိန်မရွေး ပြန်လာနိုင်ခွင့် ရှိနေခဲ့သည်။

ထို့အပြင် ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ဆိုသည်မှာ အမည်မဲ့အင်မော်တယ် နန်းတော်မှ တလော့အဆင့် အင်မော်တယ်များကိုပင် ရူးသွပ်သွားစေရန် လုံလောက်၏။

သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို အမှန်တကယ် ရခဲ့လျှင်ပင် ကာကွယ်ရန် ခက်ခဲပေလိမ့်မည်။

“ကောင်လေး...မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို ခူးယူလို့မရသေးပေမဲ့ ဖီးနစ်ငှက် အသိုက်အမြုံထဲက တခြားအင်မော်တယ် ဆေးဝါးနှစ်မျိုးကိုတော့ ယူသွားလို့ရပါတယ်”

ဖီးနစ်ငှက်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်၏ ရှေ့ကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

ဖီးနစ်ငှက် ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် အားနာမနေတော့ဘဲ ဖီးနစ်သွေး အင်မော်တယ်ဂျင်ဆင်းနှင့် နောက်ထပ် တလော့အဆင့် ဆေးဝါးတစ်ခုကို သိုလှောင်အိတ် ထဲသို့ ထည့်သိမ်းလိုက်သည်။

ယင်းနောက်တွင် သူက ကျောက်စိမ်းတံဆိပ်ပြားကို ချေဖျက်လိုက်ရာ လျှို့ဝှက်နယ်မြေထဲကနေ တိုက်ရိုက်ဆိုသလို ပျောက်ကွယ်သွားခဲ့၏။

-----------------------

လျှို့ဝှက်နယ်မြေထဲကနေ လူငယ်ပါရမီရှင်များ ပို၍ ဖယ်ထုတ်ခံလိုက်ရသည်နှင့်အမျှ ဒဏ္ဍာရီလာ ဖီးနစ်ငှက် အသိုက်အမြုံက လျှို့ဝှက်နယ်မြေထဲတွင် ထွက်ပေါ်လာခဲ့ပြီး ထိုဖီးနစ်ငှက်အသိုက်အမြုံထဲတွင် ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ဖြစ်သည့် မီးလျှံဖီးနစ် အင်မော်တယ်သစ်သီး ရှိနေမှန်း အားလုံးက သိရှိသွားကြသည်။

ထိုဖီးနစ်ငှက် အသိုက်အမြုံကို ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင်များ စုပေါင်း၍ တိုက်ခိုက်ခဲ့သော်လည်း ရလဒ်အနေဖြင့် အကျအဆုံး များပြားခဲ့ပြီး ထိုအထဲမှ ထက်ဝက်ကျော်သည် လျင်မြန်စွာ ဖယ်ထုတ်ခြင်း ခံလိုက်ရ၏။

ယခုလေးတင် ကောင်းကင်အင်မော်တယ်တတိယအဆင့်လူငယ်ပါရမီရှင်အချို့ ဖယ်ထုတ်ခြင်း ခံလိုက်ရသည်။

၎င်းတို့ထံကနေ ဖီးနစ်ငှက် အသိုက်အမြုံထဲ၌ ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက် တစ်ကောင် ပေါ်လာမှန်း သိရှိသွားခဲ့ကြသည်။

“ဌာနခွဲ ဆယ့်ရှစ်ခုထဲက တစ်ယောက်ယောက်က ဖီးနစ်ငှက်အသိုက်အမြုံထဲက မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို ရနိုင်မယ်လို့ မင်းတို့ထင်လား”

“ငါတော့မထင်ဘူး.. ဌာနခွဲ ဆယ့်ရှစ်ခုက လူငယ်ပါရမီရှင်တွေက အခုဆိုရင် အားလုံးနီးပါး ဖယ်ထုတ်ခံလိုက်ရပြီ.. ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်က အရမ်းကို သန်မာလွန်းတယ်.. လော့ကျင်းလင်တို့ အနေနဲ့ ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”

“..........”

ရင်ပြင်အလယ်မှာ ယဇ်ပလ္လင်ကို ကြည့်ရင်း လူတိုင်းသည် ထိုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

ထိုသို့ ဆွေးနွေးနေစဥ်မှာပင် ယဇ်ပလ္လင်ပေါ်တွင် ပြင်းထန်သော ဟင်းလင်းပြင် လှိုင်းဂယက် နှစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

အခန်း(၂၇၉၃)ပြီး၏။

All Chapters