← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း (၁၂၁)

နမ်ဆန် တောင်ခြေမှာ ရှိတဲ့ ဆီလွန်ဟိုတယ်။

ရှယ်ယာရှင်များ အစည်းအဝေး မတိုင်ခင် တစ်ပတ်အလိုမှာ ဆိုဆောင်း SB ရဲ့ စီအီးအို လီဆူဟတ် နဲ့ ကျွန်တော်တွေ့ဆုံခဲ့တယ်။ သတင်းထောက်တွေလည်း ကျွန်တော်တို့ရှေ့မှာ စုရုံးနေကြပါပြီ။

သတင်းထောက်တွေရဲ့ ရှေ့မှာပဲ ကျွန်တော်တို့တွေ နားလည်မှုစာချွန်လွှာ MOU ထိုးခဲ့ပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

“OTK ကုမ္ပဏီနဲ့ ဆိုဆောင်း SB တို့ဟာ အမေရိကန်မှာ ဖက်စပ်ကုမ္ပဏီတစ်ခု တည်ထောင်ဖို့အတွက် ပူးပေါင်းရင်းနှီးမြှုပ်နှံဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်”

မထင်မှတ်ထားတဲ့ ကြေညာချက်ကြောင့် သတင်းထောက်တွေ အံ့သြသွားကြတယ်။

“ရင်းနှီးမြှုပ်နှံမှု ပမာဏက ဘယ်လောက်လဲ”

“ဘယ်လောက်စီ ထည့်ဝင်ကြမှာလဲ”

“ဘာရည်ရွယ်ချက်နဲ့လဲ”

သတင်းထောက်တွေရဲ့ မေးခွန်းတစ်ခုချင်းစီကို ကျွန်တော် ပြန်ဖြေလိုက်တယ်။

“စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏက ဒေါ်လာ သန်း ၅ထောင်ပါ။ OTK ကုမ္ပဏီနဲ့ ဆိုဆောင်း SB တို့က ၇၀:၃၀ အချိုးနဲ့ ထည့်ဝင်သွားမှာပါ။ ဖက်စပ်ကုမ္ပဏီ တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့…”

ကျွန်တော် ကင်မရာတွေကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။

“အမေရိကန်မှာ ဘတ္ထရီ စက်ရုံ တည်ဆောက်ဖို့အတွက်ပါ”

[OTK ကုမ္ပဏီနဲ့ ဆိုဆောင်း SB တို့ ပူးပေါင်းပြီး TS ကုမ္ပဏီကို တည်ထောင်]

[ရတ်စ်ဘဲ နယ်မြေမှာ ဘတ္ထရီစက်ရုံ တည်ဆောက်မယ့် အစီအစဉ်ကို ကြေညာ]

[စက်ရုံပြီးစီးရင် တစ်နှစ်ကို လီသီယမ်အိုင်ယွန် ဘတ္ထရီ 40GWh အထိ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်း]

[ဘတ္ထရီ စက်မှုလုပ်ငန်းမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်လာ]

သတင်းစာရှင်းလင်းပွဲရဲ့ ရိုက်ခတ်မှုက သိသာလွန်းလှသည်။ အင်တာနက် စာမျက်နှာတွေပေါ်မှာ သတင်းတွေ ချက်ချင်းပဲ လျှံထွက်သွားတော့တာပဲ။

ဒီပူးပေါင်းကုမ္ပဏီရဲ့ နာမည်ကို OTK ကုမ္ပဏီရဲ့ T နဲ့ ဆိုဆောင်းရဲ့ S တို့ကို ယူပြီး TS ကုမ္ပဏီလို့ နာမည်ပေးလိုက်ကြတယ်။ ပူးပေါင်းကုမ္ပဏီ ထူထောင်ဖို့ အဆိုပြုရတဲ့ အဓိက အကြောင်းရင်းကတော့ အစုရှယ်ယာ ကိစ္စကြောင့်ပါ။ လောလောဆယ် ကျွန်တော်တို့တွေက ဆိုဆောင်း SB မှာ ရှယ်ယာ ၁၁ ရာခိုင်နှုန်း ပိုင်ထားတာပါ။

ဒါပေမဲ့ ပူးပေါင်းကုမ္ပဏီတစ်ခု ထောင်လိုက်ရင်တော့ ရင်းနှီးမြှုပ်နှံမှု အချိုးအစားအရ ရှယ်ယာ ၇၀ ရာခိုင်နှုန်းအထိ ကျွန်တော်တို့ဘက်က ရမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဆိုဆောင်း SB ရဲ့ ရှယ်ယာကိုပါ ပေါင်းလိုက်ရင် ကျွန်တော်တို့ရဲ့ ရှယ်ယာစုစုပေါင်းက ၇၃ ရာခိုင်နှုန်းအထိ ရှိလာပါလိမ့်မယ်။ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံကလည်း ဒီအဆိုပြုချက်ကို တက်တက်ကြွကြွပဲ သဘောတူခဲ့တယ်။

လင်ဂျင်ယုံအနေနဲ့ ဆိုဆောင်းအုပ်စုကို အပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ အခြေအနေမျိုးမှာ ဆိုဆောင်း SB ကိုသာ ညီဖြစ်သူလက်ထဲ လက်လွတ်လိုက်ရရင် သူရဲ့ အရည်အချင်းအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာနိုင်တယ်လေ။ ဒါကြောင့် အခြေအနေကို ပြောင်းလဲပစ်နိုင်မယ့် ဝှက်ဖဲတစ်ချပ် သူ လိုအပ်နေတာပါ။

ပူးပေါင်းကုမ္ပဏီ ထောင်တာက ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း သိပ်မလိုသလို စွန့်စားရမှုကိုလည်း ခွဲဝေရာရောက်တယ်။ ဆိုဆောင်း SB အနေနဲ့ ၃၀ ရာခိုင်နှုန်းပဲ ရင်းနှီးမြှုပ်နှံဖို့ လိုတာကြောင့် သူတို့ပိုင် ရှယ်ယာအချို့ကို ရောင်းချပြီး အလွယ်တကူပဲ ရန်ပုံငွေ ရှာနိုင်ခဲ့တယ်။

နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ အမေရိကန်ရဲ့ ဖိအားကြောင့်ပဲ။ ရိုနယ်က သမ္မတလောင်း ဘဝကတည်းက 'အမေရိကန် ဦးစားပေး' ဆိုတဲ့ မူဝါဒကို ရှေ့တန်းတင်ခဲ့တာ။ သမ္မတဖြစ်လာပြီးတဲ့နောက်မှာလည်း အမေရိကန်မှာ ကုန်ပစ္စည်း လာရောင်းချင်ရင် အမေရိကန်မှာပဲ စက်ရုံဆောက်ပြီး အမေရိကန် နိုင်ငံသားတွေကို အလုပ်ခန့်ရမယ်လို့ ကုမ္ပဏီတွေကို ပွင့်ပွင့်လင်းလင်းပဲ ဖိအားပေးလာတော့တယ်။

ဒီအချက်က ကားတင်မကဘဲ ကုန်ထုတ်လုပ်မှု ကဏ္ဍအားလုံးနဲ့ သက်ဆိုင်နေတာပါ။ ဆိုဆောင်း အီလက်ထရောနစ်နဲ့ CL အီလက်ထရောနစ်တို့က အမေရိကန်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အများကြီး ရောင်းချနေရပေမယ့် အမေရိကန်မှာ စက်ရုံမရှိကြဘူး။ မက္ကဆီကိုမှာ အကုန်ထုတ်ပြီးမှ တင်ပို့ကြတာပါ။

သူတို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန် လျှပ်စစ်ပစ္စည်း ကုမ္ပဏီ Whirlpool ကတော့ ဒီကုမ္ပဏီနှစ်ခုကြောင့် သူတို့ အကြီးအကျယ် ထိခိုက်နစ်နာနေရလို့ အကာအကွယ်ပေးမယ့် အစီအမံတွေ လုပ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့တယ်။ အရင်အစိုးရလက်ထက်တွေမှာဆိုရင် ဒီလိုတောင်းဆိုတာတွေကို ဂရုစိုက်မှာ မဟုတ်ပေမယ့် အခု သမ္မတကတော့ မတူဘူးလေ။

ရိုနယ်က ဆိုဆောင်း အီလက်ထရောနစ်နဲ့ CL အီလက်ထရောနစ်တို့ဟာ အမေရိကန် ကုမ္ပဏီတွေကို အကြီးအကျယ် နစ်နာစေတယ်လို့ အကြောင်းပြပြီး အကာအကွယ်ပေးရေး အစီအမံတွေကို စတင်မယ်လို့ ခြိမ်းခြောက်လာခဲ့တယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲချင်ရင် အနည်းဆုံးတော့ လိုက်နာသယောင် ပြရမှာမလို့ စက်ရုံတွေ ပြောင်းရွှေ့ဖို့ သူတို့ စဉ်းစားရမယ့် အခြေအနေ ဖြစ်လာတာပေါ့။

ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ OTK ကုမ္ပဏီနဲ့ လက်တွဲပြီး ဘတ္ထရီစက်ရုံ တည်ဆောက်လိုက်တာက ဒီကုန်သွယ်ရေး ပြဿနာရဲ့ ဖိအားတွေကနေ အတိုင်းအတာတစ်ခုအထိ လွတ်မြောက်ခွင့် ရသွားစေခဲ့တယ်။

သမ္မတ ရိုနယ်ကလည်း ဒီအချိန်ကို စောင့်နေသလိုပဲ သတင်းကို လင့်ခ်ချိတ်ပြီး တွစ်တာပေါ်မှာ ဆက်တိုက်ပဲ စာတွေ တင်တော့တယ်။

— “အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍ ပြန်လည်ဦးမော့လာပြီ။ ကျေးဇူးပါ။ OTK ကုမ္ပဏီ။ ကျေးဇူးပါ။ ဆိုဆောင်း”

— “အမေရိကန်ကို ကုန်ပစ္စည်း တင်ပို့နေတဲ့ ကုမ္ပဏီအားလုံး OTK ကုမ္ပဏီနဲ့ ဆိုဆောင်းဆီကနေ သင်ခန်းစာယူသင့်တယ်”

— “နောင်ကျရင် အမေရိကန်မှာ စက်ရုံတွေ ပိုများလာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုထွက်လာလိမ့်မယ်”

နောက်ဆုံးမှာတော့ သူ သမ္မတ ဖြစ်မလာခဲ့ရင် ဒါတွေအားလုံး ဖြစ်နိုင်မှာ မဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်ဖို့လည်း မမေ့ခဲ့ဘူး။

ဒီကြေညာချက်ကြောင့် လင်ဆိုယုံတစ်ယောက် အကျပ်ရိုက်သွားရတယ်။ သူက အွန်ဆောင်း မော်တာနဲ့ ပူးပေါင်းဖို့ ကြိုးစားနေတာ ဖြစ်ပေမယ့် ရုတ်တရက်ကြီး ဆိုဆောင်း SB က OTK ကုမ္ပဏီနဲ့ ပူးပေါင်းကုမ္ပဏီ ထောင်မယ်ဆိုပြီး လက်ဦးမှု ယူသွားတာလေ။ အမေရိကန် သမ္မတကိုယ်တိုင်က လူမှုကွန်ရက်ပေါ်မှာ အောင်ပွဲခံနေတဲ့ အခြေအနေမျိုးမှာ "ငါသာ စီအီးအို ဖြစ်လာရင် ပူးပေါင်းကုမ္ပဏီ ကိစ္စနဲ့ အမေရိကန် စက်ရုံကိစ္စကို ဖျက်သိမ်းပြီး အွန်ဆောင်း မော်တာနဲ့ပဲ လုပ်မယ်" လို့ သူ ဘယ်လိုလုပ် သွားပြောလို့ ရတော့မလဲ။

တချို့သော သတင်းမီဒီယာတွေကတော့ လူကိုယ်တိုင် ထွက်မပြောနိုင်တဲ့ လင်ဆိုယုံကိုယ်စား မကျေနပ်တဲ့ သဘောထားတွေကို ဖော်ပြလာကြတယ်။ အဲဒီအထဲမှာ ဂျောင်အီဘို သတင်းစာရဲ့ ဆောင်းပါးက အထူးပဲ ထိမိလှတယ်။

[ဘတ္ထရီတွေ အလျှံပယ် ဖြစ်နေတဲ့ ပြဿနာအတွက် ဖြေရှင်းချက် ရှိရဲ့လား]

…ဆိုဆောင်း SB က တရုတ်နိုင်ငံမှာ ဘတ္ထရီ အသိအမှတ်ပြုလက်မှတ် ငြင်းပယ်ခံထားရတုန်းပဲ ဖြစ်ပြီး စက်ရုံလည်ပတ်မှုနှုန်းက ၇၀ ရာခိုင်နှုန်းဝန်းကျင်မှာပဲ ရှိနေပါသေးတယ်။ မနှစ်က တရုတ်စျေးကွက်မှာ လျှပ်စစ်ကား ဘတ္ထရီ လိုအပ်ချက်က 25 GWhပဲ ရှိခဲ့ပေမယ့် ထုတ်လုပ်မှုက 100 GWh အထိ ရှိခဲ့တာမလို့ လိုအပ်ချက်ထက် လေးဆလောက် ပိုများနေတာပါ။ ဒါ့အပြင် ကမ္ဘာ့စျေးကွက်မှာလည်း လျှပ်စစ်ကား ဘတ္ထရီ ထုတ်လုပ်မှုနှုန်းက လိုအပ်ချက်ထက် ၁၅၀ ရာခိုင်နှုန်းမက ပိုလျှံနေတာကြောင့် ကုမ္ပဏီတွေကြား ပြိုင်ဆိုင်မှု ပြင်းထန်နေပါတယ်။

ဒါပေမဲ့ ရေနံစျေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေတာကြောင့် လျှပ်စစ်ကားတွေအပေါ် စိတ်ဝင်စားမှုက တဖြည်းဖြည်း လျော့နည်းလာနေပြီး ကားဘတ္ထရီ လိုအပ်ချက်ကလည်း တန့်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေပါ လျော့ကျသွားမယ်ဆိုရင် စက်မှုလုပ်ငန်းတစ်ခုလုံး အခက်အခဲနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ အခုအချိန်က ပန်းပန်ထားတဲ့ အနာဂတ်ကို ကြည့်ပြီး စိတ်ကူးယဉ်ရမယ့် အချိန်မဟုတ်ပါဘူး၊ ပြင်းထန်လှတဲ့ လက်တွေ့ဘဝကို ရင်ဆိုင်ရမှာပါ။

ကျွန်တော်တို့တွေက သောကြာနေ့ ညနေပိုင်း စျေးကွက်ပိတ်ခါနီးမှ ပူးပေါင်းကုမ္ပဏီ တည်ထောင်တဲ့အကြောင်း ကြေညာခဲ့တာမလို့ ရှယ်ယာစျေးနှုန်းတွေပေါ်မှာ သက်ရောက်မှု မရှိသေးပါဘူး။ ရှယ်ယာရှင်တွေကြားထဲမှာတော့ အမြင်တွေ ကွဲပြားနေကြတယ်။

— “ပူးပေါင်းကုမ္ပဏီ ထောင်တာက ကောင်းတဲ့ လက္ခဏာလား၊ မကောင်းတဲ့ လက္ခဏာလား”

— “လောလောဆယ်တော့ ကောင်းတဲ့ဘက်မှာ ရှိပါတယ်”

— “ဘာလဲဗျာ၊ ထုတ်ထားတဲ့ ဘတ္ထရီတွေတောင် ကုန်အောင် မရောင်းနိုင်တာကို”

— “စက်ရုံကြီး ပြီးသွားတဲ့အထိ ဒီလို ပိုလျှံနေတဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင်တော့ ဒုက္ခလှလှတွေ့ပြီ”

— “တရုတ်နိုင်ငံ အနှံ့အပြားမှာလည်း ဘတ္ထရီ စက်ရုံတွေ ဆောက်နေကြတာလေ။ နောက်ပိုင်းကျရင် အကြီးအကျယ် တုံ့ပြန်မှုတွေ ရှိလာလိမ့်မယ်”

တက်ဂယူက သတင်းစာကို ချလိုက်ပြီး ပြောတယ်။

“ပန်းပန်ထားတဲ့ အနာဂတ်ကို ကြည့်ပြီး စိတ်ကူးမယဉ်ပါနဲ့၊ ပြင်းထန်လှတဲ့ လက်တွေ့ဘဝကိုပဲ ကြည့်ပါဆိုပဲ”

တကယ်ကို ထိမိတဲ့ စကားပဲ။ ဘယ်လောက်ပဲ ကြိုးစားပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လို့ ထုတ်လုပ်မှုတွေ တိုးမြှင့်ပါစေဦးတော့၊ ဝယ်လိုအားက လိုက်မမှီရင်တော့ ပိုလျှံနေတဲ့ ပစ္စည်းတွေကို သိုလှောင်ဖို့ နေရာတောင် ရှိမှာ မဟုတ်ပါဘူး။

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။

“တကယ်တော့ အဲဒီ ပြင်းထန်တဲ့ လက်တွေ့ဘဝဆိုတာ ဘာလဲဆိုတာကို ငါ ပြဖို့ ကြိုးစားနေတာ”

နောက်ရက်မှာတော့….

ဆီလွန်ဟိုတယ်မှာ CarOS ရဲ့ စီအီးအို ဒါရီလ်နဲ့ ဆိုဆောင်းအုပ်စုရဲ့ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံတို့ဟာ စီးပွားရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်။ ဥက္ကဋ္ဌ လင်အီကွမ်ရဲ့ ဈာပနပွဲပြီးကတည်းက ဒုဥက္ကဋ္ဌ လင်ဂျင်ယုံ လူမြင်ကွင်းကို ပထမဆုံးအကြိမ် ထွက်လာတာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ မော်တာ၊ AP၊ Sensorနဲ့ ကားအတွင်းပိုင်း ဖျော်ဖြေရေးစနစ် အပါအဝင် ကဏ္ဍအားလုံးရဲ့ ထုတ်လုပ်မှု အဆင့်ကတည်းက ဆိုဆောင်း အီလက်ထရောနစ်နဲ့ CarOS တို့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် လာမယ့် ငါးနှစ်အတွင်း ပူးပေါင်းကုမ္ပဏီ TS ကနေ ထုတ်လုပ်မယ့် ဘတ္ထရီ အားလုံးကို CarOS ကနေ ဝယ်ယူသွားမယ်လို့လည်း စာချုပ်ချုပ်ဆိုခဲ့ပါတယ်”

တုံ့ပြန်မှုတွေက ချက်ချင်းပဲ ထွက်ပေါ်လာတော့တယ်။

— လင်ဂျင်ယုံရဲ့ အရှိန်အဝါကို ကြည့်စမ်း။

— Hermanကို ဝယ်ယူပြီးတဲ့နောက် သူက ကားအီလက်ထရောနစ် စီးပွားရေးထဲကို တိုးဝင်နေပြီပဲ။ အီလက်ထရောနစ်ရော၊ SB ရော နှစ်လမ်းပြိုင် ပုံစံနဲ့ ရှေ့ဆက်နေတာလား။

— ဒါပေမဲ့ လင်ဂျင်ယုံသာ ဆိုဆောင်း SB ရဲ့ စီအီးအို နေရာကနေ ဖယ်ရှားခံလိုက်ရရင် ဒီရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေက ပျက်ပြားမသွားဘူးလား။

— အရင်က အမြင့်ဆုံး စျေးကွက်ကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် ငါတို့ရဲ့ လင်ဂျင်ယုံကို မဖြစ်မနေ အပြည့်အဝ ထောက်ခံရမယ်။

— လုပ်ထားကွ။ လင်နဂါးကြီးရေ။

ငါးနှစ်စာ ထုတ်လုပ်သမျှ အားလုံးကို ဝယ်ယူမယ်လို့ ပြောတာဟာ လက်တွေ့မှာတော့ စွန့်စားရမှုအားလုံးကို CarOS က တာဝန်ယူလိုက်တဲ့ သဘောပါပဲ။ သဘာဝကျစွာပဲ ဒီစာချုပ်က ဆိုဆောင်း SB အတွက် အလွန်ပဲ အသာစီးရစေတဲ့ စာချုပ် ဖြစ်နေပါတယ်။ တည်ငြိမ်တဲ့ ဝယ်သူတစ်ယောက် ရရှိထားပြီ ဖြစ်လို့ ပစ္စည်းပိုလျှံမှာကို စိုးရိမ်စရာ မလိုတော့ဘူးလေ။

တနင်္လာနေ့ စျေးကွက်ဖွင့်တာနဲ့ ဆိုဆောင်း SB ရဲ့ ရှယ်ယာစျေးနှုန်းက တဟုန်ထိုး တက်သွားပြီး အရင်က အမြင့်ဆုံး စျေးနှုန်းတွေကို ကျော်ဖြတ်ကာ စျေးကွက်ရဲ့ အမြင့်ဆုံး ကန့်သတ်ချက်ကို ထိသွားခဲ့တယ်။ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ရှယ်ယာစျေးနှုန်းကလည်း ၅ ရာခိုင်နှုန်းနီးပါး တက်သွားပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်တဲ့ ၂.၆၁ သန်းဝမ်အထိ ရောက်ရှိသွားခဲ့တယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ၊ အဖွဲ့အစည်းတွေနဲ့ အသေးစား ရှယ်ယာရှင်တွေ အားလုံးက လင်ဂျင်ယုံဘက်ကို ထောက်ခံမှုတွေ ပြောင်းသွားကြတယ်။ ဒါကြောင့် ဥက္ကဋ္ဌ လီဆူဟတ်အပေါ် စွဲချက်တင်ထားတဲ့ ငွေအလွဲသုံးစားမှု ကိစ္စတွေလည်း ပျောက်ကွယ်သွားရတော့တာပေါ့။

ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ရှယ်ယာတွေကို စျေးပေါပေါနဲ့ ရောင်းချခဲ့လို့ သူ့ကို ဝေဖန်ခဲ့ကြတဲ့သူတွေဟာ ရုတ်တရက်ကြီး လေသံပြောင်းသွားပြီး အဲဒီလို ရောင်းချခဲ့တာဟာ ပါးနပ်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်ဆိုပြီး ချီးကျူးလာကြပြန်တယ်။ စျေးအမြင့်ဆုံး အချိန်မှာ ရှယ်ယာတွေကို ၁၉ ရာခိုင်နှုန်းအထိ တိုးပြီး ဝယ်ယူခဲ့တဲ့ အမျိုးသား ပင်စင်ရန်ပုံငွေအဖွဲ့တောင်မှ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ချီးကျူးခြင်း ခံလိုက်ရသေးတယ်။

ဒီအခြေအနေမှာ အမျိုးသား ပင်စင်ရန်ပုံငွေအဖွဲ့အနေနဲ့ လင်ဂျင်ယုံကို ကန့်ကွက်ဖို့ အကြောင်းပြချက် မရှိတော့ဘူး။ သမ္မတ ပက်ဆီဟျွန်းရဲ့ ရှယ်ယာမဲပေးပိုင်ခွင့်ကို တက်တက်ကြွကြွ အသုံးချဖို့ တိုက်တွန်းခဲ့တဲ့ စကားကလည်း လက်တွေ့မှာတော့ လင်ဂျင်ယုံကို ထောက်ခံဖို့ ပြောခဲ့တာပဲ ဖြစ်သွားပါတယ်။

ဒီအချိန်မှာတော့ ရှယ်ယာရှင်များ အစည်းအဝေးရဲ့ ရလဒ်က ကြိုတင်ခန့်မှန်းလို့ ရနေပြီလေ။ အခြေအနေက လုံးဝ ပြောင်းလဲသွားတာမလို့ လင်ဆိုယုံက သူ စီအီးအို ရာထူးကို ယူမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ရပြီး အားလုံးရဲ့ ထောက်ခံမှုနဲ့အတူ လင်ဂျင်ယုံဟာ ဆိုဆောင်း SB ရဲ့ စီအီးအိုအဖြစ် ခန့်အပ်ခြင်း ခံလိုက်ရတယ်။

အလုပ်တွေ ပြီးစီးသွားတဲ့နောက် ကျွန်တော်တို့တွေ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ စကားပြောဖြစ်ခဲ့တယ်။

“ပင်ပန်းသွားပြီနော်”

[ဒါတွေအားလုံးက မင်းရဲ့ ကြိုးစားမှုတွေကြောင့်ပါပဲ]

ပူးပေါင်းကုမ္ပဏီ တည်ထောင်တဲ့ ကိစ္စက ချောချောမွေ့မွေ့ပဲ တိုးတက်နေတယ်။ TS ကုမ္ပဏီ စက်ရုံကို ရိုနယ်ရဲ့ ထောက်ခံသူတွေ အများဆုံး ရှိရာ ရတ်စ်ဘဲ နယ်မြေမှာ တည်ဆောက်ဖို့ စီစဉ်ထားတာ ဖြစ်လို့ ခိုင်မာတဲ့ ပံ့ပိုးကူညီမှုတွေ ရမှာ သေချာပါတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ ရတ်စ်ဘဲ နယ်မြေမှာ ရှိကြတဲ့ ပင်ဆယ်လ်ဗေးနီးယား၊ မစ်ရှီဂန်၊ ဝစ္စကွန်းဆင်း၊ အီလီနွိုက်နဲ့ အင်ဒီယားနား ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးမှူးတွေက စက်ရုံကို သူတို့ဆီမှာ လာဆောက်ဖို့ မြေနေရာတွေ၊ အခွန်ခံစားခွင့်တွေနဲ့ အမျိုးမျိုးသော အဆင်ပြေမှုတွေကို ပေးဖို့ ကတိပြုလာကြတယ်။

[မကြာခင်မှာ စိတ်လှုပ်ရှားစရာ ကြေညာချက်တစ်ခု ထွက်လာဦးမှာပါ]

“ဘာများလဲ ခင်ဗျ”

[မကြာခင် သိရမှာပါ]

နှုတ်ဆက်စကားတွေ ပြောပြီးနောက် ကျွန်တော်တို့ ဖုန်းချလိုက်တယ်။ လုပ်ငန်းက ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားခဲ့ပေမယ့် ကျွန်တော်တို့အနေနဲ့ ပျော်ရမလား မသိသေးပါဘူး။ ဆိုဆောင်း SB ရဲ့ ရှယ်ယာ ၁၁ ရာခိုင်နှုန်းကို ရရှိဖို့ ဝမ် သိန်းပေါင်း ၂.၈ကုဋေ ရင်းနှီးမြှုပ်နှံခဲ့ရပြီး ပူးပေါင်းကုမ္ပဏီ ဆောက်ဖို့အတွက် ဒေါ်လာ သန်း ၃၅၀၀ လောက် ထပ်ကုန်ဦးမှာပါ။

ကံကောင်းတာက ဒေါ်လာ သန်း ၃၅၀၀လုံးကို တစ်ခါထဲ သုံးရမှာ မဟုတ်ဘဲ အစပိုင်းမှာ ဒေါ်လာ သန်း ၅၀၀ ပဲ ထည့်ဝင်ရမှာ ဖြစ်ပြီး ကျန်တာကိုတော့ အစီအစဉ်အတိုင်း အဆင့်လိုက် ရင်းနှီးမြှုပ်နှံသွားရမှာပါ။ ဒါပေမဲ့ ဒီရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီးသွားရင် ကျွန်တော်တို့လက်ထဲမှာ ငွေသား သိပ်ကျန်တော့မှာ မဟုတ်ပါဘူး။

ဒီအကြောင်းကို တွေးမိရင်း ကျွန်တော်တို့ စိတ်ထဲမှာ ဖိအားတွေ ပိုများလာရတယ်။ နေရာအနှံ့ကနေ ရန်ပုံငွေတွေ လိုအပ်မယ့် စီမံကိန်းတွေ အများကြီး လုပ်ထားပေမယ့် တကယ့် ဝင်ငွေကတော့ နည်းနေသေးတာလေ။ ကုမ္ပဏီတွေဟာ ရင်းနှီးမြှုပ်နှံမှု မရှိလို့လည်း ဒေဝါလီခံရနိုင်သလို အလွန်အကျွံ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မိလို့လည်း ပျက်စီးသွားနိုင်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက Model P ကို မိတ်ဆက်ခဲ့တဲ့ Nikolaဟာ ကားစက်မှုလုပ်ငန်းမှာ တော်လှန်ရေးတစ်ခုအဖြစ် ချီးကျူးခံခဲ့ရတာပါ။ Model A နဲ့ Model B တို့ကို အောင်မြင်စွာ မိတ်ဆက်ပြီးတဲ့နောက် သူက startup တစ်ခုပဲ ဖြစ်နေသေးပေမယ့် သူ့ရဲ့ စျေးကွက်တန်ဖိုးက GM နဲ့ ယှဉ်နိုင်တဲ့အထိ ကြီးထွားလာခဲ့တယ်။

ဒါပေမဲ့ Nikolaဟာ စတင်တည်ထောင်ကတည်းက တစ်ခါမှ အမြတ်မရဖူးဘူး။ စုစုပေါင်း အရှုံးပေါ်မှုက ဒေါ်လာ သန်း ၁ထောင်အထိ ရှိခဲ့တာပါ။ ရှယ်ယာတွေ ဆက်တိုက် တိုးမြှင့်တာနဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ဝေတာမျိုးတွေ မလုပ်ခဲ့ရင် သူ ဒေဝါလီခံရတာ ကြာလှပြီ။

ဒေါ်လာ တစ်သိန်းကျော် တန်တဲ့ အဆင့်မြင့်ကားတွေက ဝယ်လိုအား ကန့်သတ်ချက် ရှိတာမလို့ အမြတ်အစွန်း အများကြီး ရဖို့ ခက်ခဲပါတယ်။ ဒါကြောင့် Nikolaဟာ Model A နဲ့ Model B တို့ဆီက ရရှိလာတဲ့ အသိအမှတ်ပြုမှုနဲ့ နည်းပညာတွေကို သုံးပြီး အလတ်တန်းစား ဆီဒန်ကားအမျိုးအစားဖြစ်တဲ့ TH ကို ထုတ်လုပ်ခဲ့ပြီး ကြိုတင်မှာယူမှု ငါးသိန်းကျော်အထိ ရရှိကာ အကြီးအကျယ် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့တယ်။

ဒီလို ဖြစ်ခဲ့ပေမယ့် အရှုံးပေါ်တာ မလျော့ကျရတဲ့ အကြောင်းရင်းကတော့ ထုတ်လုပ်မှု ပမာဏ မလုံလောက်လို့ပါပဲ။ ဝယ်လိုအား ဘယ်လောက်ပဲ များများ၊ ကိုယ်က မထုတ်ပေးနိုင်ရင် ဘာထူးမှာလဲ။ မနှစ်ကဆိုရင် ၆၇,၀၀၀ စီးပဲ ထုတ်နိုင်ခဲ့တာပါ။ တစ်စီးချင်းစီရဲ့ အမြတ်အစွန်းက များတယ်ဆိုပေမယ့် တစ်နှစ်ကို အစီးရေ ရှစ်သိန်းကျော် ထုတ်လုပ်နေတဲ့ အွန်ဆောင်း မော်တာနဲ့ ယှဉ်ရင်တော့ ဒါက သေးငယ်တဲ့ ရလဒ်တစ်ခုပါ။

Nikolaရဲ့ စီအီးအို အယ်လန် အဲဗာဟတ်က ဒီနှစ်မှာ ထုတ်လုပ်မှုကို ၁၅၀,၀၀၀ အထိ တိုးမြှင့်ဖို့ စီစဉ်ထားတယ်လို့ ကြေညာခဲ့ပေမယ့် အများစုကတော့ ဒါက မဖြစ်နိုင်လောက်ဘူးလို့ပဲ ယူဆထားကြတာပါ။

ကျွန်တော်တို့တွေကတော့ Nikolaနဲ့ ပြောင်းပြန် အချိုးကျ လုပ်ဆောင်နေတာပါ။ ကားအသစ်ကို မိတ်မဆက်ခင် ကတည်းက ထုတ်လုပ်မှု စက်ရုံကို အရင်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် အနည်းဆုံးတော့ Nikola ကြုံတွေ့ခဲ့ရတဲ့ ထုတ်လုပ်မှု အကြပ်အတည်းမျိုး ကျွန်တော်တို့တွေ ကြုံရမှာ မဟုတ်တော့ဘူး။

ဒါပေမဲ့ ပြဿနာက ငွေတွေက ထင်ထားတာထက် ပိုပြီး မြန်မြန် ကုန်ဆုံးနေတာပါပဲ။ ဘဏ်ချေးငွေ ယူတာ၊ ငွေတိုက်စာချုပ် ထုတ်တာ ဒါမှမဟုတ် အများပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းတာမျိုးတွေနဲ့ ရန်ပုံငွေ ရှာလို့ရမယ့် နည်းလမ်းတွေ ရှိပေမယ့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

“တကယ်လို့ ငါတို့ကားတွေ မရောင်းရဘဲ တကယ်ပဲ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ”

“မပြောတတ်ဘူးလေ”

စဉ်းစားကြည့်ရင် ကျွန်တော်တို့တွေ ကားလုပ်ငန်းထဲကို ဝမ် သန်း ၃ကုဋေကျော်တောင် ပုံအောထားတာပါ။ ကားအသစ်က မျှော်လင့်ထားသလို မရောင်းရရင်တော့ အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ အဆိုးဆုံး အခြေအနေမှာဆိုရင် ဒေဝါလီခံရမယ့် အခြေအနေအထိ ရောက်သွားနိုင်တာပေါ့။

“အဲဒီလို မဖြစ်အောင် ငါတို့တွေ သေချာ လုပ်ရမယ်”

ဆိုဆောင်းအုပ်စုရဲ့ စီမံခန့်ခွဲမှု အာဏာ လွှဲပြောင်းရေး လုပ်ငန်းစဉ်ကတော့ ဥက္ကဋ္ဌ လင်အီကွမ် မလဲပြိုခင် ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းစဉ်ကတော့ တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ မရိုးသားတဲ့ နည်းလမ်းမျိုးစုံကို ပေါင်းစပ်ထားတာပါပဲ။

လင်အီကွမ်က လင်ဂျင်ယုံကို DS နဲ့ ဆိုဆောင်း အသက်အာမခံ ကုမ္ပဏီတွေရဲ့ စျေးကွက်တင်မထားတဲ့ ရှယ်ယာတွေကို စျေးပေါပေါနဲ့ ဝယ်ယူခွင့် ရအောင် လုပ်ပေးခဲ့ပြီးမှ စျေးကွက်တင်ခဲ့တာပါ။ ပြီးတော့ အုပ်စုအတွင်းက စီးပွားရေး အခွင့်အလမ်းတွေကိုလည်း သူရဲ့ သားဖြစ်သူ ရှယ်ယာအများကြီး ပိုင်ထားတဲ့ ကုမ္ပဏီတွေဆီပဲ လမ်းကြောင်းပေးခဲ့တယ်။ ဒီလုပ်ငန်းစဉ်ထဲမှာ အသွင်ပြောင်း ကော်ပိုရိတ်စာချုပ်တွေကိုပါ အသုံးချခဲ့သေးတာပါ။

ဆိုဆောင်း SDL က သူရဲ့ ရှယ်ယာ ၆၀ ရာခိုင်နှုန်းလောက် ရှိမယ့် အသွင်ပြောင်း ကော်ပိုရိတ်စာချုပ်တွေကို မတန်တဆ စျေးပေါပေါနဲ့ ထုတ်ဝေခဲ့တယ်။ ဝယ်ဖို့ အခွင့်အရေးရှိတဲ့ ရှယ်ယာရှင်တွေ အားလုံးက အဲဒီစာချုပ်တွေကို မဝယ်ဘဲ နေခဲ့ကြတယ်။ စျေးကွက်ပေါက်စျေးထက် အများကြီး သက်သာနေတာမလို့ နည်းနည်းပဲဖြစ်ဖြစ် ပိုရအောင် ပြိုင်လုကြမှာ သဘာဝပဲလေ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘယ်သူမှ စိတ်မဝင်စားတဲ့ စာချုပ်အားလုံးကို လင်ဂျင်ယုံ တစ်ယောက်ထဲကပဲ အကုန်ဝယ်ယူသွားခဲ့တယ်။

ဒီအသွင်ပြောင်း ကော်ပိုရိတ်စာချုပ်တွေကို ဆိုဆောင်း SDL ရဲ့ ရှယ်ယာတွေအဖြစ် ချက်ချင်း ပြောင်းလဲပစ်ခဲ့ပြီး အဲဒီနောက် ဆိုဆောင်း မူဆန် ကုမ္ပဏီနဲ့ ပူးပေါင်းလိုက်တယ်။ ဒီလိုနဲ့ပဲ လင်ဂျင်ယုံက အုပ်စုရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ဆိုဆောင်း မူဆန်ရဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာတော့တာပေါ့။

အမျိုးမျိုးသော တရားမဝင်မှုတွေနဲ့ အဆင်ပြေသလို လုပ်ဆောင်ခဲ့မှုတွေကြောင့် လင်ဂျင်ယုံဟာ ဝမ် သန်းပေါင်း ၄၀ကုဋေ တန်ကြေးရှိတဲ့ ဆိုဆောင်းအုပ်စုရဲ့ ထိန်းချုပ်ခွင့် အာဏာကို အခွန် ဝမ် သန်းထောင်ဂဏန်းအနည်းငယ်ပဲ ပေးဆောင်ပြီး ရရှိသွားခဲ့တယ်။

နောက်ဆုံးမှာတော့ လင်ဂျင်ယုံဟာ ဒါရိုက်တာအဖွဲ့ရဲ့ ကန့်ကွက်သူမရှိ တညီတညွတ်ထဲ မဲပေးမှုနဲ့အတူ အုပ်စုရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံလိုက်ရတယ်။ အဲဒီအချိန်မတိုင်ခင်အထိ သူက ဘုရင်တစ်ပါးလို ပြုမူနေခဲ့တာ ဖြစ်ပေမယ့် အခုတော့ တရားဝင် နန်းတက်လိုက်ပြီ ဖြစ်ပါတယ်။

မကြာခင်မှာပဲ စိတ်ဝင်စားစရာ သတင်းတွေ ထွက်လာခဲ့တယ်။

[ဆိုဆောင်း စက်မှုလုပ်ငန်း ဒါရိုက်တာအဖွဲ့၊ စီအီးအိုကို ရာထူးကနေ ထုတ်ပယ်ဖို့ အဆိုပြုချက်ကို ရှယ်ယာရှင်များ အစည်းအဝေးသို့ တင်သွင်း]

[လင်ဆိုယုံကို ဆိုဆောင်း engineering ကုမ္ပဏီရဲ့ စီအီးအို ရာထူးကနေ ထုတ်ပယ်ဖို့ အတည်ပြု]

လင်ဂျင်ယုံက နည်းလမ်းမျိုးစုံ သုံးပြီး ဆိုဆောင်း စက်မှုလုပ်ငန်းနဲ့ ဆိုဆောင်း engineering ကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့တွေကို ထိန်းချုပ်ကာ လင်ဆိုယုံကို ထုတ်ပယ်ဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ လင်ဆိုယုံကလည်း သဘာဝကျစွာပဲ ပြန်လည်ခုခံခဲ့ပေမယ့် လင်ဂျင်ယုံဘက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ၊ အဖွဲ့အစည်းတွေတင်မကဘဲ အသေးစား ရှယ်ယာရှင်တွေရဲ့ ထောက်ခံမှုပါ ရှိနေတာမလို့ သူပိုင်ဆိုင်တဲ့ ရှယ်ယာလေးတင်နဲ့တင် မကာကွယ်နိုင်ခဲ့ဘူး။

နောက်ဆုံးမှာတော့ ထုတ်ပယ်ရေး အဆိုပြုချက်က အတည်ပြုချက် ရရှိသွားခဲ့ပြီး လင်ဆိုယုံဟာ ကုမ္ပဏီနှစ်ခုစလုံးရဲ့ ဥက္ကဋ္ဌ ရာထူးကနေ ဆင်းပေးလိုက်ရတော့တယ်။ ဒါတင်ပဲ မကသေးဘူး။ လင်ဂျင်ယုံက လက်အောက်ခံ ကုမ္ပဏီအားလုံးမှာ ရှိနေတဲ့ ယွန်ဆိုဟျွန်းနဲ့ လင်ဆိုယုံတို့ရဲ့ လူဟောင်းတွေ အားလုံးကို အမြစ်ပြတ် ရှင်းလင်းပစ်ခဲ့ပြီး အဲဒီနေရာတွေမှာ သူရဲ့ လူတွေကိုပဲ အစားထိုး ခန့်အပ်လိုက်တယ်။ တစ်နည်းအားဖြင့် ပြောရရင် သူက မိခင်နဲ့ ညီဖြစ်သူကို အုပ်စုထဲကနေ လုံးဝ မောင်းထုတ်ပစ်လိုက်တာပါ။

တက်ဂယူက အံ့ဩတုန်လှုပ်စွာနဲ့ ပြောတယ်။

“သူက ဆိုဆောင်း SB ကို အလွန်အကျွံ လောဘတက်မိလို့ နောက်ဆုံး ကိုယ်ပိုင်ရှယ်ယာတွေကိုပါ လက်လွတ်လိုက်ရတာပဲ”

ဒါက သွေးထွက်သံယို မရှိတဲ့ သုတ်သင်ရှင်းလင်းပွဲတစ်ခုပဲ ဖြစ်ပါတယ်။

“အဲ့ဒီသားအမိနှစ်ယောက် ဘာဆက်ဖြစ်မလဲ”

“သူတို့မှာ အနည်းဆုံးတော့ ဝမ် သိန်းပေါင်းကုဋေချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေဦးမှာပဲဆိုတော့ ဘယ်နေရာရောက်ရောက် ငတ်ပြတ်သွားမှာတော့ မဟုတ်ပါဘူးလေ”

ဒါပေမဲ့ စီမံခန့်ခွဲမှု အာဏာ မရှိရင်တော့ သူတို့က ရှယ်ယာအများကြီး ပိုင်ထားတဲ့ သာမန် ရှယ်ယာရှင်တွေပဲ ဖြစ်သွားတော့မှာပါ။ ရှယ်ယာအမြတ်ဝေစုတွေနဲ့ပဲ တစ်သက်လုံး အေးအေးဆေးဆေး နေသွားလို့ ရပေမယ့် စီးပွားရေးလောကထဲမှာတော့ မျက်နှာပြဖို့ ခက်ခဲသွားပြီ ဖြစ်ပါတယ်။

“အမေနဲ့ ညီဖြစ်သူကို ဒီလိုမျိုး လုပ်ပစ်တာ တကယ်ပဲ အဆင်ပြေရဲ့လား”

“အာဏာဆိုတာ မိသားစုချင်းတောင် ခွဲဝေလို့ မရတဲ့အရာလို့ ပြောကြတယ်မလား”

နိုင်ငံခြားမှာလည်း ဒီလိုဖြစ်ရပ်တွေ အများကြီး ရှိတာပါပဲ။ FaceNoteရဲ့ စီအီးအို မိုက် ဂိုးဒန်းဘက်က အမြင်မတူတဲ့ ပါတနာကို မောင်းထုတ်ခဲ့ပြီး ဥပဒေကြောင်းအရ ငြင်းခုံပြီးမှ အခြေေအနေကို ပြေလည်အောင် လုပ်ခဲ့ရသလို Nikolaရဲ့ စီအီးအို အယ်လန် အဲဗာဟတ်ကလည်း အတူတည်ထောင်ခဲ့သူတွေကို မောင်းထုတ်ပြီး နေရာလုခဲ့တာပဲလေ။

ပြန်စဉ်းစားကြည့်ရင်… တကယ်လို့ ကျွန်တော်တို့တွေ အစတုန်းက ဆွေးနွေးခဲ့ကြသလို OTK ကုမ္ပဏီရဲ့ ရှယ်ယာတွေကို အညီအမျှ ခွဲဝေခဲ့ကြရင်ရော ဘာဖြစ်နေလောက်ပြီလဲ။ ကျွန်တော်နဲ့ တက်ဂယူဟာ ကုမ္ပဏီကနေ မောင်းထုတ်ဖို့ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေကြရင် ထူးဆန်းနေမှာပဲ မဟုတ်လား။

ကျွန်တော် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်တယ်။

“ဘီယာ သွားသောက်ရအောင်။ ကြက်ကြော်နဲ့ ဘီယာစားမယ်လေ”

တက်ဂယူက ခေါင်းငြိမ့်ပြတယ်။

“ကောင်းသားပဲ၊ ငါ့အစ်မကိုလည်း လှမ်းခေါ်လိုက်ဦးမယ်။”

All Chapters