← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇)

ဆူဆိုဒေါင်းမှာ ရှိတဲ့ အွန်ဆောင်း မော်တာ ရုံးချုပ်။

ဒုတိယဥက္ကဋ္ဌ ဟန်ချန်ယောင်းရဲ့ သဘာပတိအဖြစ် ဦးဆောင်မှုအောက်မှာ အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးတစ်ခုကို ခေါ်ယူကျင်းပခဲ့တယ်။ လက်အောက်ခံ ကုမ္ပဏီအသီးသီးရဲ့ စီအီးအိုတွေ၊ လုပ်ငန်းစုခေါင်းဆောင်တွေ၊ အဓိကဌာနဆိုင်ရာ အမှုဆောင်တွေနဲ့ သုတေသနအဖွဲ့က တီထွင်ဆန်းသစ်မှု အဖွဲ့တွေအားလုံး တစ်နေရာထဲမှာ စုံစမ်းစုဝေးခဲ့ကြတာပေါ့။

နေရာယူထားကြတဲ့သူတွေရဲ့ မျက်နှာအမူအရာတွေက တစ်ယောက်မှ မကောင်းကြပါဘူး။ ဒါက အွန်ဆောင်း မော်တာရဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ မကောင်းမွန်တဲ့ အခြေအနေတွေကြောင့်ပါ။

ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန်စျေးကွက်မှာတင်မကဘဲ ကမ္ဘာ့စျေးကွက်တစ်ခုလုံးမှာပါ ကားရောင်းအား ပမာဏက ပထမဆုံးအကြိမ်အဖြစ် စတင်ပြီး ကျဆင်းလာခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ ပြည်တွင်းစျေးကွက်မှာ စွမ်းဆောင်ရည် ကောင်းမွန်ခဲ့တာမလို့ ဝင်ငွေနဲ့ လည်ပတ်မှုအမြတ်ငွေက ကျဆင်းမသွားခဲ့ပေမယ့် ကုမ္ပဏီအတွက်တော့ တိုးတက်မှု ရပ်တန့်သွားတာက တကယ့်ကို စိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်ခဲ့တာပေါ့။

ပြဿနာက ရောင်းအား ကျဆင်းမှုက ယာယီတင် မဟုတ်ဘဲ ရေရှည်အခြေအနေတစ်ခု ဖြစ်သွားနိုင်တာမျိုးပါ။

ဟန်ချန်ယောင်းက နေရာကနေ ထရပ်ပြီး စကားပြောလာတယ်။

“အားလုံး သိကြတဲ့အတိုင်းပဲ၊ စက်သုံးဆီသုံး အင်ဂျင်ကားတွေရဲ့ ခေတ်ကုန်ဖို့က အချိန်ပဲ လိုတော့တာပါ”

ဥရောပနိုင်ငံတွေက ၂၀၂၀ ပြည့်နှစ်ကတည်းက စက်သုံးဆီသုံး ကားတွေ ရောင်းချမှုကို စတင်ပြီး လျှော့ချခဲ့ကြတာဖြစ်ပြီး အစောဆုံး ၂၀၃၀ ပြည့်နှစ်မှာတင် ဓာတ်ဆီနဲ့ ဒီဇယ်ကားတွေ ရောင်းချမှုကို လုံးဝ ပိတ်ပင်တားဆီးဖို့ စီစဉ်နေခဲ့ကြတာပါ။

ဒီလို အပြောင်းအလဲက ကြိုတင်မျှော်လင့်ထားတဲ့ အခြေအနေတစ်ခုပါ။ ဒါကြောင့်မလို့ ကားထုတ်လုပ်ရေး ကုမ္ပဏီအများစုက စက်သုံးဆီသုံး ကားတွေဆီကနေ ရရှိတဲ့ အမြတ်ငွေတွေကို အနာဂတ် ကားအသစ်တွေ တီထွင်ဆန်းသစ်မှုထဲမှာ အချိန်အတော်ကြာကတည်းက ရင်းနှီးမြှုပ်နှံနေခဲ့ကြတာပေါ့။

အွန်ဆောင်း မော်တာကလည်း ချွင်းချက် မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့တွေက အရေးကြီးဆုံး အချိန်မှာ အခွင့်အရေးကောင်းတစ်ခုကို လက်လွတ် ဆုံးရှုံးခဲ့ရတယ်။ အစည်းအဝေးကို တက်ရောက်လာကြတဲ့သူတွေအားလုံးကလည်း စိတ်ထဲမှာ ဒီအတိုင်းပဲ တွေးနေကြမှာ သေချာပါတယ်။

'သာမန် ဟိုက်ဒရိုဂျင် ကားတွေသာ မဟုတ်ခဲ့ရင်……'

အစပိုင်းတုန်းကတော့ နောက်မျိုးဆက်သစ် ကားတွေရဲ့ တီထွင်မှု လမ်းကြောင်းက လျှပ်စစ်ကား (EV) နဲ့ ဟိုက်ဒရိုဂျင်ကား (FCEV) ဆိုပြီး လမ်းခွဲနှစ်ခုအဖြစ် ကွဲပြားနေခဲ့တာ။

အစပိုင်းမှာ လျှပ်စစ်ကားတွေက ပြဿနာမျိုးစုံ ရှိနေခဲ့သလို ထင်ရတယ်။ အချိန်ကြာလာတာနဲ့အမျှ စွမ်းဆောင်ရည်က တိုးတက်လာနိုင်ပေမယ့် မောင်းနှင်နိုင်တဲ့ အကွာအဝေး တိုတောင်းတာနဲ့ အားသွင်းချိန် ကြာမြင့်တာတွေက ကျော်လွှားရခက်ခဲတဲ့ ပြဿနာတွေလို ဖြစ်နေခဲ့တာပါ။

ဘတ္ထရီတွေရဲ့ ကုန်ကျစရိတ်ကလည်း ပြဿနာတစ်ခု ဖြစ်ခဲ့တယ်။ ဘတ္ထရီ ကုန်ကျစရိတ်တွေကြောင့် စျေးနှုန်းက စက်သုံးဆီသုံး ကားတွေကို အစားထိုးနိုင်မယ့် အဆင့်အထိ ရောက်မလာခဲ့ဘူး။

ဟိုက်ဒရိုဂျင်ကားတွေကလည်း အလားတူ မြင့်မားတဲ့ ကုန်ကျစရိတ်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် နည်းပညာ တိုးတက်မှုနဲ့ အမြောက်အမြား ထုတ်လုပ်မှုတွေကနေတစ်ဆင့် ဒါကို ကောင်းကောင်း ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာပါ။

ဟိုက်ဒရိုဂျင်ကားတွေမှာ မောင်းနှင်ရမယ့် အကွာအဝေး ပြဿနာ မရှိပါဘူး။ ပြီးတော့ အားသွင်းတဲ့အခါမှာလည်း ဟိုက်ဒရိုဂျင်ကို သိုလှောင်ကန်ထဲ ထည့်ရုံတင်မလို့ အားသွင်းနှုန်းက စက်သုံးဆီသုံး ကားတွေနဲ့ သိပ်ပြီး ကွာခြားမှု မရှိဘူးလေ။

အွန်ဆောင်း မော်တာက ဟိုက်ဒရိုဂျင်ကားတွေကသာ အနာဂတ်ရဲ့ အကောင်းဆုံး ကားတွေ ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ခဲ့ကြတာ။ ဒါကြောင့်မလို့လည်း သူတို့က တခြားသူတွေထက် အရင်ဦးအောင် ဟိုက်ဒရိုဂျင်ကား သုတေသနနဲ့ တီထွင်မှုထဲကို ကုမ္ပဏီရဲ့ လုပ်နိုင်စွမ်းအားလုံးကို ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတာပေါ့။

ရလဒ်အနေနဲ့ သူတို့က ကမ္ဘာ့ပထမဆုံး အမြောက်အမြား ထုတ်လုပ်တဲ့ ဟိုက်ဒရိုဂျင်ကားဖြစ်တဲ့ PotenHY ကို မိတ်ဆက်နိုင်ခဲ့တယ်။ စျေးနှုန်းက ဝမ် ၁၅၀ သန်း ဖြစ်ပြီး သာမန် စက်သုံးဆီသုံး ကားတွေထက် ငါးဆလောက် ပိုပြီး စျေးကြီးနေခဲ့တာပါ။

ဒီလို အခြေအနေမျိုးမှာ အစိုးရဘက်က ထောက်ပံ့ကြေးတွေ ဘယ်လောက်ပဲ ပေးပေး၊ စျေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်စွမ်းက မရှိပါဘူး။ ဒါတင်မကသေးဘဲ ဟိုက်ဒရိုဂျင် အားသွင်းဇုံတွေကလည်း အဆမတန် ရှားပါးနေခဲ့တာလေ။

နောက်ဆုံးမှာတော့ PotenHY ကို အစိုးရ အဖွဲ့အစည်းတွေနဲ့ သုတေသန ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်အသုံးပြုဖို့အတွက်ပဲ ဝယ်ယူခဲ့ကြတယ်။ ရောင်းအား ပမာဏကလည်း လက်ချိုးရေတွက်လို့ ရတဲ့အထိ တကယ့်ကို မရှိသလောက် နည်းပါးခဲ့တာပေါ့။

သူတို့တွေ အမြတ်ငွေ မရရှိခဲ့ရုံတင်မကဘဲ ရင်းနှီးမြှုပ်နှံခဲ့တဲ့ တီထွင်မှု ကုန်ကျစရိတ်တွေကိုတောင် ပြန်ပြီး မဖော်ထုတ်နိုင်ခဲ့ကြဘူး။

ဒါပေမဲ့ ဒါက ဟိုက်ဒရိုဂျင်ကားတွေအတွက် အစပျိုးမှု သက်သက်သာ ဖြစ်တယ်။ ဒီနေရာကနေစပြီး ကုမ္ပဏီအားလုံးက ဟိုက်ဒရိုဂျင်ကား စျေးကွက်ထဲကို ဝင်ရောက်လာကြမှာ ဖြစ်ပြီး ဟိုက်ဒရိုဂျင်ကား အရေအတွက် တိုးတက်လာတာနဲ့အမျှ အားသွင်းဇုံ ရှားပါးမှု ပြဿနာကလည်း သဘာဝအတိုင်း ပြေလည်သွားလိမ့်မယ်လို့ ထင်ခဲ့ကြတာပါ။

Toyotaက ဂျပန်အစိုးရရဲ့ ပံ့ပိုးမှုနဲ့အတူ Mirai ကားကို မိတ်ဆက်ခဲ့ပြီး Honda၊ Audiနဲ့ BMEတို့ကလည်း သူတို့ရဲ့ ကိုယ်ပိုင်ကားမော်ဒယ်တွေကို တီထွင်ဖို့ စတင်ခဲ့ကြတယ်။

ဒီအထိတော့ ဟိုက်ဒရိုဂျင်ကားတွေရဲ့ အနာဂတ်က တောက်ပနေခဲ့သလိုပါပဲ။ အွန်ဆောင်း မော်တာကလည်း သူတို့တွေက နောက်မျိုးဆက်သစ် မော်တော်ကား စက်မှုလုပ်ငန်းရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ခဲ့ကြတာပါ။

ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့တယ်။

ပြိုင်ဘက်လို့ သတ်မှတ်လို့ ရတဲ့ လျှပ်စစ်ကားတွေက အလျင်အမြန်ပဲ တိုးတက်လာခဲ့ပြီး ပြဿနာမျိုးစုံကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြတာလေ။

မောင်းနှင်နိုင်တဲ့ အကွာအဝေးက တိုးတက်လာခဲ့ပြီး အားသွင်းနှုန်းကလည်း မြန်ဆန်လာခဲ့သလို စွမ်းဆောင်ရည်ကလည်း စက်သုံးဆီသုံး ကားတွေနဲ့ ရင်ပေါင်တန်းနိုင်မယ့် အဆင့်အထိ ဖြစ်လာခဲ့တယ်။ အဆုံးအဖြတ် အကျဆုံး အချက်ကတော့ ဘတ္ထရီ စျေးနှုန်းတွေ ထိုးကျသွားတာပါပဲ။

မကြာသေးမီ နှစ်တွေအတွင်းမှာတင် လျှပ်စစ်ကားတွေအတွက် ဘတ္ထရီ စျေးနှုန်းတွေက ၇၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့တယ်။ ဒါက လျှပ်စစ်ကားတွေကို စျေးကွက်ထဲမှာ စျေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာစေခဲ့တာပေါ့။

ပုဂ္ဂလိက ဝယ်လိုအား လုံးဝမရှိတဲ့ ဟိုက်ဒရိုဂျင်ကားတွေနဲ့ မတူဘဲ လျှပ်စစ်ကားတွေကတော့ မုန့်လိုမျိုး အလျင်အမြန် ရောင်းချခဲ့ရတယ်။ လျှပ်စစ်ကားတွေရဲ့ ရှေ့တန်းမှာတော့ Nikola ရှိနေခဲ့တာပါ။

လျှပ်စစ်ကားတွေက အပြတ်အသတ် အနိုင်ရရှိသွားခဲ့တာမလို့ ဟိုက်ဒရိုဂျင်ကားတွေကို သုတေသန ပြုလုပ်နေခဲ့ကြတဲ့ ကုမ္ပဏီတွေက လျှပ်စစ်ကားဘက်ကို အလျင်အမြန်ပဲ ပြောင်းသွားခဲ့ကြတယ်။

အခုအချိန်မှာတော့ အွန်ဆောင်း မော်တာက ဟိုက်ဒရိုဂျင်ကား စခန်းမှာ တစ်ယောက်ထဲ အထီးကျန်စွာ ကျန်ရစ်ခဲ့ရတဲ့ သဘော ဖြစ်သွားခဲ့တာပေါ့။

အခြေအနေရဲ့ ဆိုးရွားမှုကို သဘောပေါက်သွားတဲ့ အွန်ဆောင်း မော်တာက နောက်ကျမှပဲ လျှပ်စစ်ကား သုတေသနနဲ့ တီထွင်မှုကို စတင်ခဲ့ရတယ်။ ဒါပေမဲ့ ဒါက နည်းပညာပိုင်းအရ Nikolaနဲ့ BIDတို့လို ကုမ္ပဏီတွေနဲ့နောက်မှာ တော်တော်လေး နောက်ကျပြီး ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်။

ကံကောင်းတာက အွန်ဆောင်း မော်တာမှာ ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုအနေနဲ့ စုဆောင်းထားခဲ့တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ထုတ်လုပ်မှု စွမ်းရည်နဲ့ လုံလောက်တဲ့ ရင်းနှီးငွေတွေ ရှိနေခဲ့တာပဲ။

ဒါကြောင့်မလို့ သူတို့က စျေးကွက်ရဲ့ တုံ့ပြန်မှုကို စမ်းသပ်ဖို့အတွက် လျှပ်စစ်ကား မော်ဒယ်နှစ်ခုကို အလျင်အမြန် မိတ်ဆက်ခဲ့တယ်။ တကယ်လို့ သူတို့တွေက ဆိုဆောင်း SB ကိုသာ ပိုင်ဆိုင်ခွင့် ရရှိခဲ့ရင် လျှပ်စစ်ကားတွေကို အမြောက်အမြား ထုတ်လုပ်မှုနဲ့အတူ ရှေ့ဆက်သွားနိုင်ခဲ့ကြမှာပါ။

ဒါပေမဲ့ လင်ဂျင်ယုံက ဆိုဆောင်း SB ကို ဆက်ပြီး ထိန်းသိမ်းထားခဲ့ပြီး CarOSနဲ့ လက်တွဲသွားခဲ့တယ်။

အွန်ဆောင်း မော်တာရဲ့ အမြင်မှာတော့ ဒါက အနာဂတ် ကားမဟာဗျူဟာကို ပြန်ပြီး ပြင်ဆင်ရမယ့် အခြေအနေ ဖြစ်သွားခဲ့တာပေါ့။

ဟန်ချန်ယောင်းက အမှုဆောင်တွေကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။

“အခုကစပြီး အွန်ဆောင်း မော်တာက ရင်းနှီးမြှုပ်နှံမှုအားလုံးကို ဟိုက်ဒရိုဂျင်ကားတွေပေါ်မှာပဲ အဓိက အာရုံစိုက်သွားတော့မယ်”

အဲဒီစကားကြောင့် အစည်းအဝေးခန်းမတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ရတယ်။

ကျရှုံးမှုတစ်ခု ကြုံတွေ့ပြီးတဲ့နောက်မှာ အခုလိုမျိုး ဟိုက်ဒရိုဂျင်ကား တီထွင်မှုကိုပဲ ထပ်ပြီး လုပ်ဖို့လုပ်လာတာက တကယ့်ကို အံ့ဩစရာ ကောင်းနေခဲ့တာလေ။

“တကယ်တော့ လျှပ်စစ်ကားတွေဆိုတာ နောက်မျိုးဆက်သစ် မော်တော်ကားတွေဆီ သွားတဲ့ လမ်းခရီးမှာ ပေါ်ထွက်လာတဲ့ ကြားခံ ထုတ်ကုန်တစ်ခု သက်သက်ပဲ”

ဘယ်လောက်ပဲ တိုးတက်လာပါစေ၊ မောင်းနှင်နိုင်တဲ့ အကွာအဝေးနဲ့ အားသွင်းချိန် ပြဿနာက ရှိနေဆဲပဲလေ။ ဒီအခြေခံ ပြဿနာတွေကို မဖြေရှင်းနိုင်သရွေ့တော့ ဟိုက်ဒရိုဂျင်ကားတွေမှာ အခွင့်အရေး ကောင်းကောင်း ရှိနေဆဲပါ။

ဒါကြောင့်မလို့ လျှပ်စစ်ကားဘက်ကို လှည့်သွားကြတဲ့ တခြားကားကုမ္ပဏီတွေကလည်း ဟိုက်ဒရိုဂျင်ကားတွေအတွက် နည်းပညာ တီထွင်မှုကို လုံးဝ မရပ်တန့်ပစ်ခဲ့ကြပါဘူး။ (ကားကို မောင်းနှင်ဖို့အတွက် လျှပ်စစ်ဓာတ်အားကို အသုံးပြုရတာခြင်း တူတာမလို့ ထပ်တူကျတဲ့ အပိုင်းတွေ အများကြီး ရှိနေတာပါ။)

အွန်ဆောင်း MBS ရဲ့ စီအီးအို ဖြစ်တဲ့ ကန်မင်ချောက သတိထားပြီး စကားပြောလာတယ်။

“ဟိုက်ဒရိုဂျင်ကားတွေက လျှပ်စစ်ကားတွေထက် နည်းလမ်းအမျိုးမျိုးနဲ့ ပိုပြီး သာလွန်တာက မှန်ပေမယ့် လက်ရှိမှာတော့ စွမ်းအင်ပြန်လည်ဖြည့်တင်းပေးမယ့် အခြေခံအဆောက်အဦးက တကယ့်ကို လိုအပ်ချက် ရှိနေပါသေးတယ်”

တောင်ကိုရီးယားမှာ ဟိုက်ဒရိုဂျင် အားသွင်းဇုံက ၁၂ ခုပဲ ရှိတာပါ။

လောင်စာဆီထည့်မောင်းလို့မရတဲ့ ကားကို ဘယ်လိုမျိုး မောင်းနှင်ကြမလဲ။

“အဲဒီကိစ္စအတွက် စိုးရိမ်စရာ မလိုပါဘူး။ အစိုးရက မကြာခင်မှာ ဟိုက်ဒရိုဂျင်ကားတွေကို အနာဂတ် တိုးတက်မှု တွန်းအားအဖြစ် သတ်မှတ်ပြီး တက်တက်ကြွကြွ ပံ့ပိုးကူညီပေးဖို့ စီစဉ်နေပါတယ်။ ဒါတွေထဲမှာ ဟိုက်ဒရိုဂျင်ကားတွေအတွက် ထောက်ပံ့ကြေး တိုးမြှင့်တာ၊ ဟိုက်ဒရိုဂျင် အားသွင်းဇုံတွေကို တိုက်ရိုက် တည်ဆောက်ပေးတာနဲ့ ပုဂ္ဂလိက ကဏ္ဍကို တည်ဆောက်မှု ကူညီပံ့ပိုးငွေတွေ ပေးအပ်တာတွေ ပါဝင်ပါတယ်”

အွန်ဆောင်း မော်တာက လျှပ်စစ်ကားတွေကို တီထွင်ကတည်းက အစိုးရက တက်တက်ကြွကြွ ပံ့ပိုးပေးခဲ့တာပါ။ အတိအကျ ပြောရရင် ကားစျေးနှုန်းနဲ့ ဘတ္ထရီ ပမာဏအပေါ် ကန့်သတ်ချက်တွေ သတ်မှတ်ပြီး ထောက်ပံ့ကြေးတွေကို အွန်ဆောင်း မော်တာဆီကိုပဲ အဓိက စီးဆင်းစေခဲ့တာပေါ့။

ဒါပေမဲ့ အခုတော့ အစိုးရဘက်က ဟိုက်ဒရိုဂျင်ကားတွေကို ပြန်ပြီး ပံ့ပိုးပေးကြတော့မှာလား။

ဒီနေရာမှာ စုံစည်းနေကြတဲ့သူတွေအားလုံးက အွန်ဆောင်း မော်တာနဲ့ အစိုးရကြားက ဆက်ဆံရေးကို ကောင်းကောင်း သိထားကြပါတယ်။

လျှပ်စစ်ကားပဲဖြစ်ဖြစ်၊ ဟိုက်ဒရိုဂျင်ကားပဲဖြစ်ဖြစ် ထောက်ပံ့ကြေး မရှိဘဲနဲ့တော့ ရောင်းချဖို့က မဖြစ်နိုင်ပါဘူး။ တကယ်လို့ အစိုးရဘက်က သေသေချာချာ ပံ့ပိုးပေးမယ်ဆိုရင်တော့ ဒါက စမ်းသပ်ကြည့်ရမယ့် အခွင့်အရေးတစ်ခု ဖြစ်တာပေါ့။

ဟန်ချန်ယောင်းက ပြုံးလိုက်တယ်။

“ဟိုက်ဒရိုဂျင်ကားတွေက တကယ့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကားတွေပါ။ အနာဂတ်က ဟိုက်ဒရိုဂျင်ကားတွေဆီမှာပဲ ရှိတာလေ”

ကျွန်တော်တို့တွေက PAS အကြောင်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ကြတယ်။

ကိုရီးယားမှာဆိုရင် ကျွန်တော်တို့တွေရဲ့ လှုပ်ရှားမှုမှန်သမျှကို တစ်ဖက်လူက သတိထားမိသွားမှာ သေချာပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့တွေက Golden Gate အာရှရုံးခွဲဆီကို တိတ်တဆိတ် အကူအညီ တောင်းလိုက်ရတာပါ။

ပထမဆုံးအနေနဲ့ ငွေကြေးစီးဆင်းမှုတွေကို သေသေချာချာ စောင့်ကြည့်ဖို့ စီစဉ်လိုက်တယ်။

မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရုံးအဆောက်အဦးနဲ့ အိမ်တွေရဲ့ လုံခြုံရေးကို ပိုပြီး တိုးမြှင့်လိုက်ရတာပေါ့။ ပြီးတော့ နိုင်ငံရေးလောကနဲ့ အွန်ဆောင်း မော်တာအတွင်းက လှုပ်ရှားမှုတွေကိုလည်း သတိထားပြီး စောင့်ကြည့်နေခဲ့ကြတယ်။

ကျွန်တော့်ဆီကို ဥက္ကဋ္ဌ လင်ဂျင်ယုံဆီကနေ ဖုန်းဝင်လာခဲ့တယ်။

[အစိုးရက ဟိုက်ဒရိုဂျင်ကားတွေကို မြှင့်တင်ဖို့ ပြင်ဆင်နေပြီ။ မကြာခင်မှာ သမ္မတက ဟိုက်ဒရိုဂျင်ကားတွေအတွက် ကူညီပံ့ပိုးမှု အစီအစဉ်ကို လူသိရှင်ကြား ကြေညာလိမ့်မယ်]

ဒီသတင်းက ကျွန်တော့်ကို အံ့ဩသွားစေခဲ့တယ်။

သူတို့တွေက တကယ်ပဲ ဟိုက်ဒရိုဂျင်ကား ဖဲချပ်ကို ထုတ်သုံးလာကြတာလား။

ကိုရီးယားမှာ ဟိုက်ဒရိုဂျင်ကားတွေကို မိတ်ဆက်နိုင်မယ့် ကုမ္ပဏီဆိုလို့ တစ်ခုထဲပဲ ရှိတာလေ။

“ဒါက အွန်ဆောင်း မော်တာကို ပံ့ပိုးပေးမယ်ဆိုတာကို အထင်အရှား ပြသလိုက်တာပဲ”

ဆိုဆောင်း SB ကို သူတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီအဖြစ် သိမ်းပိုက်ဖို့ ပျက်စီးသွားခဲ့ပြီး လျှပ်စစ်ကား သုတေသနမှာ နောက်ကျကျန်ရစ်ခဲ့ပြီးတဲ့နောက်မှာ သူတို့တွေက ဟိုက်ဒရိုဂျင်ကားတွေနဲ့ အသာစီးရယူဖို့ စဉ်းစားလိုက်ကြတာပဲ ဖြစ်မှာပါ။

[အွန်ဆောင်း မော်တာက ဟိုက်ဒရိုဂျင်ကား နည်းပညာပိုင်းမှာ Toyotaနဲ့ Hondaတို့ကိုတောင် ကျော်လွန်ပြီး အသိအမှတ်ပြုခံထားရတာ။ ဒါတင်မကဘဲ အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ စနစ်ရှိတဲ့ တစ်ခုထဲသော ကားထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်နေတာမလို့ အစိုးရအနေနဲ့လည်း ဒါကို လျစ်လျူရှုဖို့ ခက်ခဲခဲ့ပုံရတယ်]

နိုင်ငံရေးသမားတွေနဲ့ ပတ်သက်လာရင် အခြေအနေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ကောင်းကောင်း နားလည်ထားဖို့ လိုအပ်ပါတယ်။

ဘတ်ဂျက်ဆိုတာက ရုတ်တရက်ကြီး ကောင်းကင်ကနေ ကျလာတာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်နဲ့ အသုံးပြုမှုအပေါ် မူတည်ပြီး ကန့်သတ်ချက်တွေ ရှိနေခဲ့တာပဲလေ။

ဟိုက်ဒရိုဂျင်ကားတွေအတွက် ထောက်ပံ့ကြေး တိုးမြှင့်တာနဲ့ ဟိုက်ဒရိုဂျင် အားသွင်းဇုံတွေကို တိုးချဲ့တာက တစ်နည်းအားဖြင့် ပြောရရင် လျှပ်စစ်ကားတွေနဲ့ လျှပ်စစ်အားသွင်းဇုံတွေအတွက် ထောက်ပံ့ကြေးတွေကို လျှော့ချပစ်လိုက်တဲ့ သဘောပါပဲ။

“ကြိုတင်ပြီး အကြောင်းကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

[ဒါဆိုရင် ငါ ဖုန်းချလိုက်တော့မယ်]

ဖုန်းချပြီးတဲ့နောက်မှာ ကျွန်တော် စဉ်းစားခန်း ဝင်နေခဲ့မိတယ်။

အခုမှ စတင်ပျိုးထောင်ကာစ ဖြစ်တဲ့ OTK ကုမ္ပဏီနဲ့မတူဘဲ ဆိုဆောင်းအုပ်စုက ကိုရီးယားလူ့အဖွဲ့အစည်းမှာ အချိန်အတော်ကြာကတည်းက အမြစ်တွယ်နေခဲ့တာပါ။ သူတို့တွေက နိုင်ငံရေးလောကထဲမှာ သူတို့ရဲ့ လူတွေကို နေရာအနှံ့ ချထားခဲ့ပြီးလောက်ပါပြီ။ ဒါကြောင့်မလို့လည်း ဒီလို သတင်းအချက်အလက်တွေကို ကြိုတင်ပြီး စုံစမ်းရရှိနိုင်ခဲ့ကြတာ ဖြစ်မှာပါ။

ဆိုဆောင်းအုပ်စုနဲ့ မိတ်ဆွေ ဖြစ်ရတာက တကယ့်ကို အဆင်ပြေပါတယ်။

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့

ဥက္ကဋ္ဌ လင်ဂျင်ယုံ ပြောခဲ့တဲ့အတိုင်းပဲ သမ္မတ ပက်ဆီဟျွန်းက စီးပွားရေးမူဝါဒ အစည်းအဝေးတစ်ခုမှာ စင်ပေါ်တက်လာခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရိုဘော့နည်းပညာ၊ content ဖန်တီးမှု၊ အင်တာနက်ချိတ်ဆက်ပစ္စည်းများ (IoT)၊ Big Data နဲ့ ဟိုက်ဒရိုဂျင်ကားတွေကို အနာဂတ် တိုးတက်မှု တွန်းအားတွေအဖြစ် ကြေညာခဲ့တယ်။

အဓိက အာရုံစိုက်မှုက ဟိုက်ဒရိုဂျင်ကားတွေပေါ်မှာ ဖြစ်နေခဲ့တာဖြစ်ပြီး အဆင့်လိုက် လုပ်ဆောင်ရမယ့် လမ်းပြမြေပုံကိုလည်း တင်ပြခဲ့တာပေါ့။

[ဟိုက်ဒရိုဂျင်ကားဟာ တကယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကားအဖြစ် သတ်မှတ်ခံရ]

[ဒေသန္တရအစိုးရများက ဟိုက်ဒရိုဂျင် အားသွင်းဇုံများကို တိုက်ရိုက် တည်ဆောက်ပေးမည်]

[ဒီနှစ်ကုန်မှာ ဟိုက်ဒရိုဂျင် အားသွင်းဇုံ အရေအတွက်ကို သုံးဆအထိ တိုးမြှင့်ဖို့ စီစဉ်နေ]

[ဟိုက်ဒရိုဂျင်ကား ထောက်ပံ့ကြေးများ တိုးချဲ့ပေးမည်]

ဒီလို သတင်းတွေ အများကြီး ထွက်ပေါ်လာတာနဲ့အတူ အွန်ဆောင်း မော်တာကလည်း အချိန်ကို စောင့်ဆိုင်းနေခဲ့သလိုမျိုး ဟိုက်ဒရိုဂျင်ကား မော်ဒယ်နှစ်ခုကို မိတ်ဆက်မယ့်အကြောင်း အလျင်အမြန်ပဲ ကြေညာခဲ့တာပေါ့။

တက်ဂယူက မေးလာတယ်။

“ဟိုက်ဒရိုဂျင်ကားတွေက ဟိုက်ဒရိုဂျင်နဲ့ မောင်းတာလား”

“ဟုတ်တယ်”

ဟိုက်ဒရိုဂျင်ကားမှာ အမျိုးအစား နှစ်မျိုး ရှိတယ်။ အင်ဂျင်ကို မောင်းနှင်ဖို့အတွက် ဟိုက်ဒရိုဂျင်ကို အသုံးပြုတဲ့ ဟိုက်ဒရိုဂျင် အင်ဂျင်ကားနဲ့ ဟိုက်ဒရိုဂျင်ကနေတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး မော်တာကို မောင်းနှင်တဲ့ ဟိုက်ဒရိုဂျင် လောင်စာဆီဆဲလ်ကား (FCEV) တို့ပါ။

တကယ်တော့ ရှေ့က အမျိုးအစားက တိုးတက်မှု သိပ်မရှိတာမလို့ လူတွေက ဟိုက်ဒရိုဂျင်ကားလို့ ပြောရင် များသောအားဖြင့် နောက်က အမျိုးအစားကိုပဲ ဆိုလိုကြတာပါ။

“ဒါဆိုရင် ဒါက လျှပ်စစ်ကားတွေနဲ့ အတူတူပဲ မဟုတ်ဘူးလား”

“ကွာခြားချက်က ဒုတိယအဆင့် ဘတ္ထရီနဲ့ fuel cell ကြားမှာ ရှိတာ”

လျှပ်စစ်ကား (EV) တွေက လျှပ်စစ်ဓာတ်အားကို ဘတ္ထရီထဲမှာ သိုလှောင်ထားတာ ဖြစ်ပြီး ဟိုက်ဒရိုဂျင်ကား (FCEV) တွေကတော့ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ကို ဓာတ်ပြုစေပြီး လျှပ်စစ်ဓာတ်အားကို တိုက်ရိုက် ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။

လျှပ်စစ်ကားက အားသွင်းထားတဲ့ ဘတ္ထရီကို သယ်ဆောင်သွားတာ ဖြစ်ပြီး ဟိုက်ဒရိုဂျင်ကားကတော့ အသေးစား လျှပ်စစ်ထုတ် စက်ရုံလေးတစ်ခုကို သယ်ဆောင်သွားတဲ့ သဘောပေါ့။

“စျေးနှုန်းကကော ဘယ်လိုလဲ”

“ဟိုက်ဒရိုဂျင်ကားတွေက အများကြီး ပိုပြီး စျေးကြီးတယ်”

ဘတ္ထရီအစား ဟိုက်ဒရိုဂျင်ကားတွေမှာ ဟိုက်ဒရိုဂျင် သိုလှောင်ကန်တွေနဲ့ Fuel Cell Stackတွေ (လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးတဲ့ ကိရိယာတွေ) ကို တပ်ဆင်ထားရတာပါ။ လက်ရှိမှာတော့ အဲဒီ Fuel Cell Stackတွေရဲ့ စျေးနှုန်းက ဘတ္ထရီတွေထက် ပိုပြီး မြင့်မားနေခဲ့တာပဲ ဖြစ်ပါတယ်။

“ဒါကြောင့်မလို့ပဲ သူတို့တွေ ကျရှုံးခဲ့ရတာလား”

“ဒါကလည်း တစ်ပိုင်းပေါ့၊ ဒါပေမဲ့ အကြီးမားဆုံး ပြဿနာက အားသွင်းဇုံ ရှားပါးတာပဲ”

အစပိုင်းမှာ လျှပ်စစ်ကားတွေအတွက်လည်း အခြေခံ အဆောက်အဦး လိုအပ်ချက်က အလားတူ လိုအပ်ချက်မျိုးရှိခဲ့တာပါပဲ။ ဒါပေမဲ့ လျှပ်စစ်ဓာတ်အားကိုတော့ ပိုပြီး လွယ်လွယ်ကူကူ တပ်ဆင်လို့ ရပါတယ်။ ကြိုးတွေ သွယ်တန်းပြီး အားသွင်းကိရိယာတစ်ခု ထားလိုက်ရုံပဲလေ။

လိုအပ်ရင် အိမ်သုံး ပလပ်ပေါက်ကနေတောင် အားသွင်းဖို့က အဆင်ပြေပါတယ်။

“လျှပ်စစ်ကား အားသွင်းဇုံတွေကိုတော့ နေရာအနှံ့မှာ တွေ့နိုင်တယ်။ အဝေးပြေးလမ်း နားနေစခန်းတွေ၊ အစိုးရရုံးတွေ၊ တိုက်ခန်းတွေ၊ အဆောက်အဦးကြီးတွေနဲ့ ကုန်တိုက် ဒါမှမဟုတ် စျေးဝယ်စင်တာတွေရဲ့ ကားပါကင်တွေမှာတောင် ရှိနိုင်တယ်လေ။ ဒါပေမဲ့ ဟိုက်ဒရိုဂျင် အားသွင်းဇုံကတော့ တစ်နိုင်ငံလုံးမှာမှ ၁၂ ခုပဲ ရှိတာ”

“သူတို့တွေ ထပ်ပြီး ဆောက်လိုက်ရင် ရတာပဲ မဟုတ်ဘူးလား”

“အဲ့ဒါက အဆမတန် စျေးကြီးတယ်လေ”

“ဘယ်လောက်တောင်လဲ”

“အားသွင်းဇုံတစ်ခုကို အနည်းဆုံး ဝမ် သန်း ၃၀၀၀လောက် ရှိမယ်”

တက်ဂယူက အံ့ဩသွားခဲ့ရတယ်။

“တကယ်ပဲ အဲဒီလောက်တောင် များတာလား”

“ဒါက တည်ဆောက်မှု ကုန်ကျစရိတ် သက်သက်ပဲ ရှိသေးတာ၊ မြေနေရာ စျေးနှုန်းပါထည့်ပေါင်းရင် ပိုတောင်များဦးမယ်။ ဆိုးလ်မှာ အားသွင်းဇုံတစ်ခု ဆောက်မယ်ဆိုရင် အနည်းဆုံး ဝမ် သန်း ၅ထောင်လောက် လိုအပ်လိမ့်မယ်”

ကုန်ကျစရိတ်က ဘယ်လောက်ပဲ ရှိရှိ၊ အသုံးပြုသူ အရေအတွက် လုံလောက်အောင် ရှိမယ်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံရတာ တန်ပါတယ်။ ဒါပေမဲ့ ဒီလို ရင်းနှီးမြှုပ်နှံမှုမျိုးကို ကာမိအောင် လုပ်ဖို့အတွက် ဟိုက်ဒရိုဂျင်ကား အရေအတွက်က ဘယ်လောက်တောင် ရှိနေလို့လဲ။

“ဒါက ကြက်မနဲ့ ဥ ဘယ်သူက အရင် စပေါ်လဲဆိုတဲ့ ပြဿနာမျိုးပဲ”

ဟိုက်ဒရိုဂျင် အားသွင်းဇုံတွေ မရှိလို့ ဟိုက်ဒရိုဂျင်ကားတွေ မရှိတာ ဖြစ်ပြီး ဟိုက်ဒရိုဂျင်ကားတွေ မရှိလို့ ဟိုက်ဒရိုဂျင် အားသွင်းဇုံတွေ မရှိတာ ဖြစ်တာမလို့ပါ။ ဒါကြောင့်မလို့လည်း အစိုးရက အရင်ဆုံး အားသွင်းဇုံ တည်ဆောက်မှုကို ထောက်ပံ့ပေးပြီးမှ ဟိုက်ဒရိုဂျင်ကား အရေအတွက်ကို တိုးမြှင့်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

တကယ်တော့ တောင်ကိုရီးယား တစ်နိုင်ငံထဲကိုပဲ ကြည့်မယ်ဆိုရင်တော့ ဟိုက်ဒရိုဂျင်ကား မြှင့်တင်ရေး မူဝါဒက လုံးဝဥဿုံ မှားယွင်းနေတာတော့ မဟုတ်ပါဘူး။ တောင်ကိုရီးယားရဲ့ မြေပြင်အကျယ်အဝန်းက သေးငယ်ပြီး လူဦးရေသိပ်သည်းဆက ကမ္ဘာမှာ အမြင့်မားဆုံးထဲက တစ်ခု ဖြစ်တာမလို့ပါ။ ဒါတင်မကသေးဘဲ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းက မြို့တော်ဧရိယာမှာပဲ နေထိုင်ကြတာလေ။

မြို့လယ်ခေါင်နဲ့ ဒေသန္တရ နေရာအချို့မှာ အားသွင်းဇုံ အနည်းငယ်လောက် တည်ဆောက်ပေးရုံနဲ့တင် ပြဿနာတချို့ကို ပြေလည်သွားစေနိုင်ပါတယ်။

“အွန်ဆောင်း မော်တာက မှားနေတာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့နောက်ကနေ လိုက်မယ့်သူ မရှိတာက ပြဿနာပဲ”

လုပ်ငန်းအသစ်တွေမှာ ထုတ်လုပ်မှု ပမာဏအလိုက် စျေးနှုန်း သက်သာမှုက တကယ့်ကို အရေးကြီးပါတယ်။

လျှပ်စစ်ကားကော၊ ဟိုက်ဒရိုဂျင်ကားမှာပါ ပြဿနာတွေကကိုယ်စီ ရှိနေခဲ့တာပဲလေ။ တကယ်လို့ လီသီယမ်အိုင်ယွန် ဘတ္ထရီ စျေးနှုန်းတွေသာ အဆမတန် ကျဆင်းမသွားခဲ့ရင် ဟိုက်ဒရိုဂျင်ကားတွေက စျေးနှုန်းပိုင်းမှာ ယှဉ်ပြိုင်နိုင်စွမ်း ရရှိသွားခဲ့မှာပါ။

ဒါဆိုရင် ကုမ္ပဏီအမြောက်အမြားက ဟိုက်ဒရိုဂျင်ကား သုတေသန၊ တီထွင်မှုနဲ့ အမြောက်အမြား ထုတ်လုပ်မှုတွေထဲကို ဝင်ရောက်လာကြမှာ ဖြစ်ပြီး ကုန်ကျစရိတ်တွေ ကျဆင်းတာနဲ့ အားသွင်းဇုံ အခြေခံအဆောက်အဦး တိုးချဲ့တာတွေရဲ့ ကောင်းမွန်တဲ့ သံသရာတစ်ခု ဖြစ်ပေါ်လာမှာပါ။

“အခုတော့ အခြေအနေက လျှပ်စစ်ကားဘက်ကို လုံးဝ ဦးတည်သွားခဲ့ပြီ မဟုတ်ဘူးလား”

“ဒါက အမှန်ပဲ၊ ဒါပေမဲ့……”

အခုလိုမျိုး အစိုးရဘက်က ပံ့ပိုးပေးမှုက ဟိုက်ဒရိုဂျင်ကားတွေကို ပြည်တွင်းစျေးကွက်ထဲမှာတင် ကန့်သတ်ချက် ဖြစ်သွားစေနိုင်ပါတယ်။

ဒါပေမဲ့ သိပ်မမကြာခင်မှာတင် အံ့ဩစရာ ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာခဲ့တယ်။

Toyota၊ Audi၊ BMWနဲ့ တခြား ကုမ္ပဏီတွေက အွန်ဆောင်း မော်တာနဲ့အတူ မူပိုင်ခွင့်ဆိုင်ရာ မိတ်ဖက်အဖြစ် ပူးပေါင်းလိုက်ကြပြီး ဟိုက်ဒရိုဂျင်ကား တီထွင်မှု အစီအစဉ်တွေကို တစ်ပြိုင်ထဲ လူသိရှင်ကြား ကြေညာလာခဲ့ကြတာပါ။

All Chapters