အခန်း ၁၈၆၂
Vol. 125 Ch. 1862
အခန်း(၁၈၆၂) တန်စီယုအကြောင်း သတင်းရယူခြင်း
၎င်းက ကြီးမားသော ပဋိပက္ခများပြည့်နေသည့် ကမ္ဘာတစ်ခုဖြစ်ကာ ရှေးခေတ်မင်းဆက်များနှင့်မတူပေ။ တရှက အင်အားကြီးသော ပြည်ပလူမျိုးများဝိုင်းရံခံထားရကာ ၎င်းတို့ကို လောဘတကြီးစောင့်ကြည့်နေကြသည်။ ထို့ကြောင့် အလယ်ပိုင်းလွင်ပြင်ကို အချိန်မရွေးကျူးကျော်ရန် အဆင်သင့်ဖြစ်နေကြသည်။
ထို့အတွက်ကြောင့်ပင် မျိုးဆက်တိုင်းက အင်အားကြီးသော အုပ်စိုးရှင်တစ်ဦးကို ရွေးချယ်ရသည်။ ၎င်းတို့က အင်အားနည်းသော အုပ်စိုးရှင်တစ်ဦးကို ရွေးချယ်မိသည်နှင့် အလယ်ပိုင်းလွင်ပြင်က ဖျက်ဆီးခံရမည့် အန္တရာယ်နှင့်ရင်ဆိုင်ရလိမ့်မည်။
ထို့ကြောင့် မျိုးဆက်တိုင်း၏ ထီးနန်းအတွက် ယှဉ်ပြိုင်မှုသည် မင်းသားများနှင့် မင်းသမီးများအတွက် ၎င်းတို့၏ စွမ်းရည်များကို ပြသရန် ဇာတ်ခုံတစ်ခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် ဤမင်းသားများနှင့် မင်းသမီးများအတွက် ဖြစ်ရာ ၎င်းတို့တစ်ဦးစီသည် တော်ဝင်မိသားစုတွင် အကောင်းဆုံးပညာရေးနှင့် အရင်းအမြစ်အများဆုံးကို ခံစားခဲ့ကြသည်။ သာမန်လူများ အိပ်မက်သာမက်နိုင်သော်လည်း မရနိုင်သော ကျင့်ကြံမှုအရင်းအမြစ်များသည် သူတို့အတွက် မည်သည့် တန်ဖိုးမျှမရှိပေ။
ယင်းကို မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းလာခဲ့ကြခြင်းဖြစ်သည်။
ဧကရာဇ်မိသားစု၏ မျိုးဆက်တိုင်းလိုလိုတွင် ကမ္ဘာကြီးကို အံ့အားသင့်စေမည့် ကျွမ်းကျင်သူများစွာရှိခဲ့သည်။ ထို မင်းသား မင်းသမီးများသည် ၎င်းတို့နှင့် ရွယ်တူချင်းများကြား၌ ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထီးနန်းအတွက်တိုက်ပွဲတွင် ထိပ်တန်းပါရမီရှင်များနှင့် လက်ရွေးစင်များ ပါဝင်လေ့ရှိသည်။
ဂိုဏ်း၏ လိုအပ်ချက်များဖြစ်စေ၊ ၎င်းတို့၏ ကိုယ်ပိုင်လိုအပ်ချက်များဖြစ်စေ ထီးနန်းအတွက် တိုက်ပွဲဝင်၍ သူ့ကို ကူညီရန် မင်းသားသို့မဟုတ် မင်းသမီးတစ်ယောက်ကိုရွေးခြင်းမှတပါး ၎င်းတို့တွင် ရွေးချယ်စရာမရှိပေ။
ထီးနန်းအတွက် တိုက်ပွဲတိုင်းက အလွန်ပြင်းထန်လှသည်။ ထို့ကြောင့် တရှ၏ အုပ်ချုပ်သူများအားလုံးက သူရဲကောင်းများဖြစ်ကြကာ တရားရုံး၏ အရေးကြီးသော အရာရှိများသည် လူသားများကြားထဲမှ နဂါးနှင့် ဖီးနစ်များဖြစ်ခဲ့ကြသည်။ လူတစ်သန်းတွင်တစ်ယောက်သာ တရှကို တိုးတက်အောင်လုပ်နိုင်စွမ်းရှိသည်။
"မင်းသမီး ယွင်ယန်ဟုတ်လား စိတ်ဝင်စားစရာပဲ" ချူးယွင်ဖန်း ပြုံးလိုက်သည်။
တရှ၏ ပြည်တွင်းရေးကိစ္စများသည် အရာရှိအမျိုးမျိုး၏ ရွေးချယ်မှုကို ကန့်ကွက်ခြင်းမရှိပေ။ ၎င်းတို့က မျက်ကွယ်ပြုထားခြင်းမျိုးပင်မရှိပေ။ ယင်းက ၎င်းတို့ တပည့်စစ်များတွင်နောက်လိုက် အမြောက်အမြားရှိရမည်ဖြစ်သကဲ့သို့ အခြေခံမူလည်း အတူတူပ်ငဖြစ်သည်။ မည်သူနိုင်နိုင်ရှုံးရှုံး ၎င်းတို့တွင် အင်အားကောင်းသည့် ထောက်ခံသူ အမြောက်အမြားရှိလိမ့်မည်။ ထို့မှသာ ၎င်းတို့လက်ထဲက အာဏာကိုခိုင်မာစွာ ဆုပ်ကိုင်နိုင်လိမ့်မည်။
ချူးယွင်ဖန်းက မူလက မသွားချင်သော်လည်း ဖိတ်စာ၌ ငွေလက်ကောက်တစ်ကွင်းချိတ်ထားသည်ကိုမြင်လိုက်ရသည်။ အပြင်သူသာဆိုပါက ထိုလက်ကောက်အကြောင်း များများစားစားစဥ်းစားမိမည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းက ယင်းကိုမြင်သောအခါ တုန်လှုပ်သွားသည်။
‘ဒီငွေလက်ကောက်က တန်စီယုရဲ့ ဆက်သွယ်ရေးလက်ကောက်မဟုတ်ဘူးလား’
‘ဒီအဆင့်မြင့်နည်းပညာနဲ့လုပ်ထားတဲ့လက်ကောက်က တရှက ထုတ်လုပ်နိုင်ရဲ့ဟာမျိုးမဟုတ်ဘူး’
'မင်းသမီး ယွင်ယန်...' ချူးယွင်ဖန်း တွေးလိုက်သည်။
သူက မူလက ဒီဥယျာဉ်ပွဲတော်ကို တက်ရောက်ရန် မစီစဥ်ထားသော်လည်း ယခုမူ ယင်းအကြောင်း ပိုသိချင်သဖြင့် ထိုပွဲကို တက်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ယဲ့ချိုးရွှေဆီမှ တန်စီယုအကြောင်းသတင်းရခဲ့ခြင်းက တန်စီယုကို အကြီးဆုံးမင်းသမီးက နှစ်သက်၍ ဘုရင်အား ကုရှဲ့မင်းသမီးဂုဏ်ပုဒ်ကို တောင်းဆိုဲ့ခြင်းဖြစ်ကာ ယခု သူမက အကြီးဆုံးမင်းသမီး၏ လက်အောက်၌ ရှိနေကာ တော်ဝင်မိသားစု၌ လျို့ဝှက် ကျင့်ကြံနေသည်။
ထို့ကြောင့်ပင် ချူးယွင်ဖန်းသည် တန်စီယုအကြောင်း စုံစမ်းမေးမြန်းရန် တော်ဝင်မြို့တော်သို့ လာလိုခဲ့ခြင်းဖြစ်သည်။ ယခင်က သူသည် မည်သည့်အရေးယူမှုမျှ မလုပ်ခဲ့ပေ။ တော်ဝင်မြို့တော်သို့ မလာနိုင်ခြင်းမဟုတ်သော်လည်း ထိုအချိန်က သူသည် သာမန်လူငယ်တစ်ဦးသာ ဖြစ်သည်။ တော်ဝင်မြို့တော်သို့ လာခဲ့လျှင်ပင် မည်သည့်သတင်းကိုမျှ ရရှိရန် မဖြစ်နိုင်ပေ။
အကြီးဆုံးမင်းသမီးမှာ လက်ရှိဘုရင်၏အဒေါ်ဖြစ်သည်။ သူမသည် လက်ရှိဘုရင်၏ ထီးနန်းဆက်ခံမှုကို ထောက်ခံရန် ရွေးချယ်ခဲ့ကာ ထိုကိစ္စ၌ ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်။ လက်ရှိဘုရင်ထီးနန်းဆဆက်ခံပြီးနောက် သူမသည် တဖြည်းဖြည်း နောက်ဆုတ်သွားသော်လည်း သူမ၏ဩဇာလွှမ်းမိုးမှုမှာ လုံးလု့းလျားလျားလျော့ကျသွားခြင်းမရှိပေ။ အမှန်တကယ်တွင် ၎င်းသည်ပင် တိုးလာခဲ့သည်။
ယခင်က ချူးယွင်ဖန်းက ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ သာမန်တပည့်တစ်ဦးဖြစ်သော်လည်း ၎င်းတို့ဆီသွားလည်ခွင့်ပင်မရှိပေ။ သူ မည်မျှပင် စိုးရိမ်စေကာမူ သူ၏ စိုးရိမ်ပူပန်မှုကို ဖိနှိပ်ထားရုံသာရှိသည်။
သို့သော် ယခုမူ ကွဲပြားသွားပြီဖြစ်သည်။ သူက ကြယ်ကြွေကောင်းကင်၏ တပည့်ကြီးခြောက်ဦးထဲမှ တစ်ယောက်ဖြစ်လာခဲ့ရာ သူ၏ ဂုဏ်သတင်းက ယန်တန့်ရှန်၏ ဂုဏ်သတင်းအောက်၌ ရှိသည်ဆိုရုံသာ ဖြစ်၍ ပါရမီရှင်စာရင်း၌လည်း နာမည်ကြီးပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် ထိုအဆင့်အတန်းသည် တန်စီယုအကြောင်းမေးမြန်းနိုင်စွမ်းရှိလာသည်။
ယခု မင်းသမီးယွင်ယန်က ထိုလက်ကောက်ကို ပေးပို့လိုက်သောအခါ တန်စီယုအကြောင်းအချို့ကို သူမသိ၍ ချူးယွင်ဖန်းအားပြောပြလိုကြောင်း ထင်ရှားသည်။
မျက်စိတစ်မှိတ်အတွင်း၌ သုံးရက်ကုန်ဆုံးသွားခဲ့သည်။
နန်းတော်အပြင်ဘက်တွင် မြို့ငယ်များသည် နန်းတော်တစ်ဝိုက်တွင် ပြန့်ကျဲနေသည်။ မြို့တစ်မြို့တွင် မနက်စောစော၌လူစည်ကားနေသည်။ ယနေ့သည် ယွင်ယန်မင်းသမီး၏ ဥယျာဉ်ပွဲတော်ပွဲ တရားဝင်စတင်သောကြောင့် တစ်နိုင်ငံလုံးမှ လူများစွာ ဤမြို့သို့ ရောက်ရှိလာကြသည်။
"မင်းသမီး ယွမ်ယန်ရဲ့ နှစ်ပတ်လည် ဥယျာဉ်ပွဲတော်က စတော့မှာ။ အဲ့တာက နန်းတော်ရဲ့ အဓိကပွဲတော်တစ်ခုပဲ။ နှစ်စဉ်နှစ်တိုင်း လူငယ်ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရောက်လာလေ့ရှိတယ်။ ပါရမီရှင်စာရင်းက ပါရမီရှင်တွေတောင် ဒီပွဲကို လာလေ့ရှိတယ်"
"ဟုတ်တယ်။ အခု ယွင်ယန်မင်းသမီးရဲ့ ဂုဏ်သတင်း တိုးတက်လာတာနဲ့အမျှ ဥယျာဉ်ပွဲတော်ရဲ့ သြဇာလည်း မြင့်တက်လာတယ်။ မူလက ယွင်ယန်မင်းသမီးရဲ့ နောက်လိုက်တချို့ပဲ ပါဝင်ဆင်နွှဲကြလိမ့်မယ်”
"ဒါက သဘာဝကျပါတယ်။ မင်းသမီးယွင်ယန်က အနာဂတ်ဘုရင်ဖြစ်လာဖို့ ရေပန်းစားတဲ့ကိုယ်စားလှယ်လောင်းတစ်ယောက်ဆိုတော့ သူ့အစွမ်းသတ္တိက တကယ်မယုံနိုင်စရာပဲ လက်ရှိဘုရင်တောင် မင်းသမီးယွင်ယန်က အမျိုးသမီးမဟုတ်ရင် မင်းသားတွေထက်တောင် သာလွန်နိုင်တယ်လို့ ပြောခဲ့တယ်။"
မြို့ထဲက စားသောက်ဆိုင်တစ်ဆိုင်တွင် ဧည့်သည်အများအပြားက စိတ်အားထက်သန်စွာဖြင့်ဆွေးနွေးနေကြရာ အကြောင်းအရာအများစုက မင်းသမီးယွင်ယန်၏ ဥယျာဉ်ပွဲတော်အကြောင်းဖြစ်သည်။ မဟုတ်ပါက ထိုလူများသည် ဤသို့သောအကျိုးကျေးဇူးများရနိုင်မည်မဟုတ်ပေ
"မင်းသမီး ယွင်ယန်၏ လက်ရှိအစွမ်းက ဘယ်လောက်ရှိလဲဆိုတာ ငါသိချင်တယ်။ သူ့အစွမ်းက ပါရမီရှင်စာရင်းထဲက ပါရမီရှင်တွေနဲ့ အတူတူလောက်ရှိတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ဆန်းကြယ် နန်းဆောင်က တော်ဝင်မိသားစုကို ကြောက်လို့ တော်ဝင်မိသားစုရဲ့ ကျွမ်းကျင်သူတွေကို အဆင့်မသတ်မှတ်ဘူး။ ဒါကြောင့်လည်း လူအများက မခန့်မှန်းနိုင်ကြတာ”
"ဒီတစ်ခါ ကျွမ်းကျင်သူတွေ အများကြီး ရောက်လာကြပြီ။ သူတို့က ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းက လာကြတာကိုး။ မင်းသမီးယွင်ယန် ကိုယ်တိုင် အရေးယူတာကိုတောင် မြင်တွေ့ခွင့်ရနိုင်တယ်" တစ်ယောက်ယောက်က ယုံကြည်မှုရှိရှိ ပြောသော်လည်း အခြားသူများသည် သူ့ကိုမယုံကြပေ။
ချူးယွင်ဖန်းသည် ပြတင်းပေါက်တစ်ခုကို မှီကာ ဤစကားများကို နားထောင်နေသည်။
မင်းသမီးယွင်ယန်က ရှားရှားပါးပင် လှုပ်ရှားလေ့ရှိသော်လည်း ကြင်နာသနားတတ်သူတော့မဟုတ်ပေ။
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ သတင်းများအရ မင်းသမီးယွင်ယန်က ငယ်စဥ်က အံ့မခန်းသိုင်းပညာပါရမီကို ပြသခဲ့သည်။ သို့သော် ကြီးပြင်းလာသောအခါ ထိုကဏ္ဍ၌ သူမ၏ ပါရမီက တဖြည်းဖြည်းပျောက်ကွယ်သွားသကဲ့သို့ပင်ဖြစ်သည်။
--