အခန်း ၁၈၆၃
Vol. 125 Ch. 1863
အခန်း(၁၈၆၃) ချူးယွင်ဖန်းကို အထင်သေးနေတာလား
သို့သော် ဤသည်မှာ အပေါ်ယံအချက်အလက်များသာဖြစ်သည်။ မင်းသမီး ယွင်ယန်သည် မကြာသေးမီနှစ်များအတွင်း တိုက်ပွဲများကို ရပ်တန့်ခဲ့သည်။ သို့သော် ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများပေးပို့သည့် အချက်အလက်များကို ဖတ်ပြီးနောက် မင်းသမီးယွင်ယန်က သူမ၏ အရည်အချင်းများကို ဆုံးရှံး၍ သာမန်လူတစ်ဦးဖြစ်လာမည်ဟု လုံးဝ ယုံကြည်၍ မရနိုင်ပေ။
မင်းသမီးယွင်ယန်က အင်အားအရ သာမန်အဆင့်သာရှိနိုင်သည့်တိုင် နန်းတော်အတွင်း သူမ၏ဂုဏ်သတင်းမှာ ခိုင်မာသည်။ ထို့ကြောင့် သူမသည် ပို၍ပင် ကြောက်စရာကောင်းလာသည်။
ချူးယွင်ဖန်းသည် မင်းသမီးယွင်ယန်သည် သူမ၏အစွမ်းသတ္တိကို ဖုံးကွယ်လိုခြင်းရှိမရှိ မသိသော်လည်း ဤလူများ၏ စကားဝိုင်းမှ မင်းသမီးယွင်ယန်က သူမ၏အစွမ်းသတ္တိကို ဖုံးကွယ်ရန် အစီအစဉ် မအောင်မြင်ခဲ့ပုံရသည်။ အပြည့်အဝဖုံးကွယ်ရန် မဖြစ်နိုင်ပေ။ သူမသည် အမှန်တကယ် သာမန်အဆင့်သို့ ရောက်ရှိလာသည်ကို မည်သူမျှ မယုံကြပေ။ သို့သော် သူမ၏ အခြေအနေအရ သူမ၏အစွမ်းသတ္တိကို ထင်ဟပ်စေရန် ထိုကဲ့သို့သော ရလဒ်ကို ဖန်တီးလိုခဲ့ပေမည်။
ထိုလူများ၏ စကားများသည် ချူးယွင်ဖန်းကို ဧကရာဇ်မိသားစု၏ ကျွမ်းကျင်သူများအား ပါရမီရှင်စာရင်း၌ အဘယ်ကြောင့် မထည့်သွင်းထားရသည်ကို နားလည်စေခဲ့သည်။ အစက သူ့အတွက် ယင်းက အလွန်ထူးဆန်းသည်။ ဂိုဏ်းတိုင်း၊ ဂိုဏ်းတိုင်း၌ အဆင့်သတ်မှတ်ချက်ဝင်သော ကျွမ်းကျင်သူများစွာရှိသော်လည်း ဩဇာကြီးမားသည့် ဧကရာဇ်မိသားစုက တစ်ယောက်မျှ ပါရမီရှင်စာရင်းထဲ၌ မပါဝင်ခဲ့ပေ။ ယင်းက အလွန်ထူးဆန်းသည်။ ချူးယွင်ဖန်း၏ အမြင်အရ ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲ၌ နံပါတ်တစ်ဂိုဏ်းဖြစ်သော ကံကြမ္မာဂိုဏ်းက ဧကရာဇ်မိသားစုတမျှ အင်အားမကြီးနိုင်ပေ။
ဧကရာဇ်မိသားစုသည် အလယ်ပိုင်းလွင်ပြင်၏အလယ်ဗဟိုတွင် နေထိုင်ခဲ့ကာ အရင်းအမြစ်များဖြစ်စေ၊ အုတ်မြစ်များဖြစ်စေ ၎င်းတို့သည် အကောင်းဆုံးဖြစ်သည်။ ထို့အပြင် ဘုရင်မျိုးဆက်များသည် ထိပ်တန်းပညာရှင်များဖြစ်ကာ ၎င်းတို့၏မျိုးရိုးဗီဇများကို မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းပေးခဲ့သည်။ ထိပ်တန်းပညာရှင်များ မရှိကြောင်းပြောခြင်းက မှားယွင်းသည်။
ဆန်းကြယ်နန်းဆောင်နှင့် တော်ဝန်မိသားစုတွင် တော်ဝင်မိသားစုဝင်များကို အဆင့်သတ်မှတ်ခြင်းမပြုရန် တိတ်တဆိတ် သဘောတူညီချက်တစ်ခု ထားရှိခဲ့ကြောင်း သိခဲ့ရသည်။
"ဒီလိုဆို ဆန်းကြယ်နန်းဆောင်ကိုတောင် တွန့်ဆုတ်စေမယ့်အရာတွေရှိနေသေးတာပဲ” ချူးယွင်ဖန်း စိတ်ထဲမှတွေးလိုက်သည်။
ဤလောက၏ ရေသည် နက်နက်ရှိုင်းရှိုင်းထိ စီးဆင်းနေသည်။
"ဥယျာဉ်ပွဲတော်ပွဲတစ်ခုရှိတိုင်း ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းက ထိပ်တန်းပါရမီရှင်တွေ ရှိနေလိမ့်မယ်။ ဒီတစ်ခါလည်း ခြွင်းချက်မဟုတ်ဘူး။ ကံကြမ္မာဂိုဏ်းက ဟုယန်ကျိုး ရောက်လာတယ်လို့ ကြားတယ်။ သူက ပါရမီရှင်စာရင်းမှာ ၄၅ ယောက်မြောက်နေရာမှာ ရှိတယ်။ သူ့ရဲ့အစွမ်းက ဖန်ဆင်းရှင်အဆင့်ကို ရောက်နေပြီ။"
ထိုလူအကြောင်းပြောလာသောအခါ လူအများက လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ ကံကြမ္မာဂိုဏ်းက ကမ္ဘာပေါ်တွင် နံပါတ်တစ်ဂိုဏ်းဖြစ်သည်။ ထိုနှစ်၏ ပါရမီရှင်စာရင်း၌ ဂိုဏ်းက လူအမြောက်အမြားပါရှိသည်။ ၎င်းတို့အနက် ဟုယန်ကျိုးက နောက်ဆုံးနေရာ၌ ရှိနေသည်။ သို့သော် ကံကြမ္မာဂိုဏ်း၏ နောက်ဆုံးအဆင့်၌ ရှိနေလျှင်ပင် ပြင်ပလူများ၏အမြင်၌ သူသည် ကြီးကျယ်ခမ်းနား၍ အစွမ်းထက်သော ပါရမီရှင်တစ်ဦးဖြစ်သည်။
“ကံကြမ္မာဂိုဏ်းက ဟုယန်ကျိုးအပြင် မဟာယုံကြည်မှုဂိုဏ်းက ကျန်းဖုန်းလည်း ဒီရောက်နေတယ်။ သူ့ခွန်အားက ဟုယန်ကျိုးနဲ့ တန်းတူရှိတယ်လို့ကြားတယ်။ သူက စာရင်းမှာ အယောက်ငါးဆယ်မြောက်ပဲ ရှိတယ်။ ကျွတ်.. .ကျွတ် တကယ် အံ့သြဖို့ကောင်းတာပဲ!"
"ဟုတ်တယ်။ ဒီဥယျာဉ်ပွဲတော်ရဲ့ အကြီးမားဆုံးဆွဲဆောင်မှုက သူတို့ပဲဖြစ်လိမ့်မယ်။"
"လူတိုင်းက ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းက ဆိုပေမယ့် အင်အားကောင်းတဲ့သူတွေနဲ့ နည်းတဲ့လူတွေရှိတယ်။ ဥပမာဆိုရင် ကြယ်ကြွေကောင်းကင်ဂိုဏ်းက ထိပ်တန်းဆယ်ဂိုဏ်းက တစ်ဂိုဏ်းဆိုပေမယ့် ယန်တန့်ရှန်ကလွဲလို့ ထင်ရှားတဲ့လူမရှိဘူးလေ”
"ဟုတ်တယ်။ ဒါပေမယ့် ယန်တန်ရှန်က ကြယ်ကြွေကောင်းကင်ဂိုဏ်းက အရှင်သခင်ဖြစ်ရင်တောင်မှ ငါတို့မြို့တော်မှာ လူငယ်ပညာရှင်တွေ မရေမတွက်နိုင်အောင် ရှိနေသေးတယ်။ သူ့ကို ထိပ်ဆုံးမှာ ထားဖို့ မဖြစ်နိုင်ဘူး။ တချို့လူတွေက ပါရမီရှင်စာရင်းမှာ ပါချင်တာတောင် မပါနိုင်ကြဘူး။ တချို့ကျတော့လည်း အခွင့်အရေးရှိရင်တောင် ပါရမီရှင်မဖြစ်ချင်ကြဘူး။ သူတို့ကြားကွာခြားချက်က အရမ်းကြီးတယ်”
"ငါ့ဂိုဏ်းရဲ့ ထူးချွန်ထက်မြက်တဲ့ တပည့်တိုင်း၊ မဟာယုံကြည်မှုဂိုဏ်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်တွေကို အလွယ်တကူ အနိုင်ယူနိုင်တယ်။ နတ်ရုပ်သေးဂိုဏ်း၊ ဆေးဘုရင်တောင်ကြားနဲ့ နတ်ဘုရားအဆောင်ဂိုဏ်းတွေကလည်း မျိုးဆက်သစ်ပညာရှင်တွေရှိတယ်။ ဒါက လုံးဝမခက်ဘူး”
အဝါရောင်ဝတ်ထားသည့် လူငယ်တစ်ဦးက ကျယ်လောင်စွာပြောလိုက်သည်။
သူ့မျက်နှာအမူအရာက အတော်အတန် မရိုးသားပေ။
"တကယ်တော့၊ ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းကို စာရင်းပြုစုဖို့ မလိုအပ်ဘူးလို့ ငါ အမြဲခံစားခဲ့ရတယ်။ ဂိုဏ်းတချို့က နှစ်ပေါင်းများစွာ အောက်ဆုံးမှာ ရှိနေခဲ့တယ်။ သူတို့ရဲ့ အဆင့်တွေကို တခြားဂိုဏ်းတွေဆီ ပေးလိုက်တာက ပိုကောင်းတယ်။"
အဝါရောင်ဝတ်ထားသည့် ထိုလူငယ်၏ မာနထောင်လွှားသော စကားများကို ကြားလိုက်ရသောအခါ စားသောက်ဆိုင်ထဲမှ လူများစွာ၏ မျက်နှာအမူအရာများပျက်သွားကြသည်။ ၎င်းတို့၏ ဝတ်စားဆင်ယင်မှုများမှတစ်ဆင့် ၎င်းတို့သည် ယခုတင် ဖော်ပြသွားသည့် ဂိုဏ်းများ၏ တပည့်များဖြစ်ကြောင်း မှန်းဆနိုင်သည်။ ထိုလူများအားလုံးက ဂိုဏ်း၏ ဂုဏ်သိက္ခာကို ၎င်းတို့၏ အသက်အဖြစ် သတ်မှတ်ထားကြသည်။ ယခု အဝါရောင်ဝတ်ထားသည့် လူငယ်က ၎င်းတို့ကို အထင်သေးလွန်းသဖြင့် လူတိုင်းဒေါသထွက်နေကြသည်။
ထိပ်ဆုံးဆယ်ဂိုဏ်းကြား၌ အမြဲတစေ ပဋိပက္ခများရှိနေခဲ့သည်။ ကံကြမ္မာဂိုဏ်း၊ သီလကျောင်းတော်နှင့် မဟာယုံကြည်မှုဂိုဏ်း တို့က ထိပ်ဆုံးဆယ်ဂိုဏ်း၏ ထိပ်ဆုံးဂိုဏ်းများဖြစ်ကြပါက ကြယ်ကြွေကောင်းကင်ဂိုဏ်း၊ နတ်ရုပ်သေးဂိုဏ်း၊ ဆေးဘုရင်တောတင်ကြားနှင့် နတ်ဘုရားအဆောင်ဂိုဏ်းတို့သည် ထိပ်ဆုံးဆယ်ဂိုဏ်း၏ အောက်ဆုံးဂိုဏ်းများဖြစ်ကြသည်။
ဂိုဏ်းသုံးခုဖြစ်သော နတ်ရုပ်သေးဂိုဏ်း၊ ဆေးဘုရင်တောင်ကြားနှင့် နတ်ဘုရာားအဆောင်ဂိုဏ်းများသည် အမြဲတစေ ထူးချွန်ထက်မြက်သော ပါရမီရှင်များရှိကာ ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့သည်။ သို့သော် တိုက်ခိုက်ရေးစွမ်းအားအရ ထိုဂိုဏ်းသုံးခုက အောက်ဆုံး၌ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဂိုဏ်းသုံးခု၏ အဓိက ဦးတည်ချက်က တိုက်ရိုက်တိုက်ခိုက်ရေးထက် အထောက်အပံ့ယိမ်းယိုင်နေသောကြောင့်ဖြစ်သည်။ လူအများစုက ထိုဂိုဏ်းသုံးခု၏ ကျွမ်းကျင်သူများကို ရင်ဆိုင်ရန် မလိုလားကြသော်လည်း တကယ်တိုက်ခိုက်မည်ဆိုပါက ထိုဂိုဏ်းသုံးခုက အောက်ဆုံး၌ရှိနေသည်။
သို့သော်၊ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများကမူ ကွဲပြားသည်။ ကန့်သတ်ချက်များစွာမရှိသကဲ့သို့ အောက်ဆုံးဂိုဏ်းသုံးခုအပြင် ၎င်းတို့သည် အားအနည်းဆုံးဂိုဏ်းဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများထဲတွင် အင်အားအကြီးဆုံးဖြစ်သည့် ယန်တန့်ရှန်ပင်လျှင် ပါရမီရှင်စာရင်းတွင် အယောက်နှစ်ဆယ်မြောက်နေရာ၌သာရှိသည်။
ယင်းက အလွန် ကသိကအောက်ဖြစ်ဖွယ်ကောင်းလွန်းသည့် အခြေအနေပင်ဖြစ်စသည်။
ထိပ်ဆုံးဂိုဏ်းဆယ်ဂိုဏ်းကြား ပဋိပက္ခများသည် မသေးငယ်ပေ။ အထက်ဂိုဏ်းနှင့် အောက်ဂိုဏ်းကြား ပဋိပက္ခများသည်လည်း မသေးငယ်ပေ။ အထက်ဂိုဏ်း၏ တပည့်များသည် အောက်ဂိုဏ်း၏ တပည့်များကို အထင်သေးကြကာ အောက်ဂိုဏ်း၏ တပည့်များလည်း အလားတူပင် ဒေါသထွက်ကြသည်။
"ဟုတ်တယ်။ ချူးယွင်ဖန်းက အရင်က အဆင့် ၃၀ မှာရှိတယ်လို့ ကြားပေမယ့် အခုတော့ လုံးဝကျရှုံးသွားပြီ။ နှစ်နှစ်အတွင်းမှာ သူလုံးဝကျရှုံးသွားလိမ့်မယ်လို့ ငါခန့်မှန်းတယ်။ တကယ်တော့ လူအတော်များများရဲ့ ခွန်အားက သူ့ထက် အများကြီးသာလွန်သွားပေမယ့် အဆင့်ကတော့ မပြောင်းလဲဘူး" အဝါရောင်ဝတ်ထားသည့်လူငယ်က မာနထောင်လွှားစွာပြောလိုက်သည်။
"မင်းက အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေတာ။ စီနီယာချူးအကြောင်း ပြောဖို့ မင်းမှာ အရည်အချင်းပြည့်မီတယ်လို့ မင်းထင်လား" လူငယ်တစ်ယောက်က ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ" အဝါရောင်ဝတ်ရုံဝတ်ထားသော လူငယ်က ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ လရောင်ဝတ်ရုံဝတ်ထားသည့် လူငယ်ကို လှမ်းကြည့်လိုက်သည်။
"ငါက ကြယ်ကြွေကောင်းကင်ဂိုဏ်းက ယန်ရှို့ပဲ” လူငယ်က အေးစက်စက်ပြောလိုက်သည်။
"ယန်ရှိုဟုတ်လား မင်းအကြောင်း တစ်ခါမှ မကြားဖူးဘူး။ ကြယ်ကြွေကောင်းကင်ဂိုဏ်းက ယန်တန်ရှန်နဲ့ ချူးယွင်ဖန်းတို့ကြောင့်ပဲ နာမည်ကြီးတာ ငါ သူတို့အကြောင်း ကြားဖူးတယ်။ ဘာလဲ မင်းမှာ တခြားအမြင်တွေ ရှိလို့လား" အဝါရောင်ဝတ်ထားသည့် လူငယ်က လှောင်ပြောင်လိုက်သည်။
“လူတိုင်းက ကိုယ့်ကိုယ်ကိုယ်ဘယ်လိုအရှက်ခွဲရမလဲဆိုတာ သိတယ်။ မင်းမှာ အစွမ်းအစရှိရင် ပြိုင်ပွဲတစ်ခုလုပ်ကြရအောင်" ယန်ရှို့ကပြောလိုက်သည်။
"ဘာလို့ ငါမရဲရမှာလဲ။ ငါ မဟာယုံကြည်မှုဂိုဏ်းရဲ့ လင်ဖုန်းက မင်းကို ငါ့ရဲ့ကျွမ်းကျင်မှုကို ပြမယ်။" အဝါရောင်ဝတ်ထားသောလူငယ်က မတ်တပ်ရပ်လိုက်သည်။
"ဒီနေရာက ငါ့ရဲ့ကျွမ်းကျင်မှုကို ကောင်းကောင်းပြဖို့ သေးလွန်းသေးတယ်။ ကောင်းကင်ကို သွားကြရအောင်။" ထို့နောက် လင်ဖုန်းက သူရှိနေသော နေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။
"တပည့်စစ်ပဲ… သူက တပည့်စစ်ပဲ!"
စားသောက်ဆိုင်ထဲက လူများစွာက စိတ်လှုပ်ရှားနေကြသည်။ ထိုအဆင့်ရှိသော ပညာရှင်တစ်ဦးကို ရှားရှားပါးပါးသာ မြင်ရလေ့ရှိသည်။
အထူးသဖြင့် ထိပ်တန်းဆယ်ဂိုဏ်း၏ တပည့်စစ်တစ်ဦးကိုဖြစ်သည်။
--