← Chapters

အခန်း ၁၈၆၄

Vol. 125 Ch. 1864

အခန်း ၁၈၆၄

Vol. 125 Ch. 1864

အခန်း(၁၈၆၄) ယဲ့ယင်က ဦးညွတ်လိုက်တယ်

‘ဟား’

ယန်ရှို့က အေးစက်စွာနှာခေါင်းရှုံ့ကာ သူရပ်နေရာမှ ပျောက်ကွယ်သွားသည်။

လူတိုင်းက ၎င်းတို့၏ နတ်ဘုရားဆန္ဒများမှတစ်ဆင့် ကောင်းကင်ယံတွင် လူနှစ်ဦးလုံး ပေါ်လာသည်ကို မြင်တွေ့ခဲ့ကြသည်။

"ကြယ်ကြွေကောင်းကင်လက်ဝါးချက်!"

ယန်ရှို့က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီးနောက် ဦးဆော်တိုက်ခိုက်လိုက်သည်။ သူက ကြောက်မက်ဖွယ်ကောင်းသော ကြယ်ကြွေကောင်းကင်လက်ဝါးချက်ဖြင့်တိုက်ရိုက်ရိုက်ချလိုက်သည်။

“စကြဝဠာ စတုတ္ထအဆင့်”

ယန်ရှိုက လှုပ်ရှားမှု စတင်လိုက်သည်နှင့် ချူးယွင်ဖန်းသည် သူ၏အစွမ်းသတ္တိကို ခန့်မှန်းပြီးသားဖြစ်သည်။ သူသည် ယန်ရှို့ကို ယခင်က မမြင်ဖူးပေ။ ၎င်းတို့ဂိုဏ်း၌ တပည့်စစ်အလွန်များပြားလွန်းသည်ဖြစ်ရာ သူ ၎င်းတို့အားလုံးကို တွေ့ဆုံနိုင်မည်မဟုတ်ပေ။ ယန်ရှို့၏ အစွမ်းသတ္တိသည် ဝမ်ယိဖန်၏အစွမ်းသတ္တိနှင့် အများဆုံးတူညီသည်။

"ငရဲကိုသွား!" လင်ဖုန်းကလည်း တန်ပြန်တိုက်ခိုက်ခဲ့သည်။

“မဟာပြောင်းလဲခြင်းလက်သီး”

ဘမ်း

ထိုလက်သီးထွက်လာသည်နှင့် တစ်ကမ္ဘာလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ထိုလက်သီးက ယန်ရှို့၏ ကြယ်ကြွေကောင်းကင်လက်ဝါးချက်ကို ချက်ချင်းထိုးဖောက်ကာ သူ့ခန္ဓာကိုယ်ပေါ်သို့ကျရောက်သွားသည်။

ယန်ရှိုက သွေးတစ်ပွက်အန်ထုတ်၍ ကြိုးပျက်သွားသည့် စွန်တစ်စင်းကဲ့သို့ နောက်သို့လွင့်စင်သွားသည်။ ထို့နောက် တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ယန်ရှို့ ရှုံးနိမ့်သွားခဲ့သည်။

"စကြဝဠာ သတ္တမအဆင့်!"

လူတိုင်းက ပင့်သက်ရှိုက်လိုက်ကြသည်။ သဘာဝအတိုင်း လင်ဖုန်း၏ ကျင့်ကြံမှုက စကြဝဠာအဆင့် သတ္တမအဆင့်ရောက်နေကြောင်း အားလု့းက မြင်နိုင်သ်ည။ သူသည် ပါရမီရှင်စာရင်းထဲရှိ ပါရမီရှင်များနှင့်ယှဥ်နိုင်လောက်အောင် အရည်အချင်းမရှိသော်လည်း သာမန်တပည့်စစ်များကြား၌ အသန်မာဆုံးတစ်ဦးဖြစ်သည်။

ယန်ရှို့ချက်ချင်းရှုံးနိမ့်သွားသည်မှာ အံ့သြဖွယ်မဟုတ်ပေ။

"အမှိုက်ပဲ။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားတွေက လုံးဝ အရည်အချင်းမရှိဘူး" လင်ဖုန်နးက အေးစက်စွာ ပြောလိုက်သည်။

သူက လူအုပ်ကို ဝေ့ဝိုက်ကြည့်လိုက်သောအခါ လူအများအပြားက ခေါင်းငုံ့လိုက်ကြသည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများက လင်ဖုန်းကို စိုက်ကြည့်နေကြဆဲဖြစ်သည့်တိုင် မည်သူမျှ သူ့ကို စိန်ခေါ်ရဲခြင်းမရှိပေ။ ယခုနှစ်တွင် မင်းသမီးယွင်ယန်၏ ဥယျာဉ်ပွဲတော်သည် စွမ်းအားကြီးမားသော လူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများ၌ အစွမ်းထက်သော လူများလည်း ရှိခဲ့သည်။

ယန်ရှို့က လင်ဖုန်းကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သော်လည်း သူ၏အစွမ်းသတ္တိကို တပည့်စစ်များကြား၌ အင်အားနည်းသည်ဟု မယူဆနိုင်ပေပ။ လင်ဖုန်း၏ အစွမ်းသတ္တိဖြင့် လက်ရှိ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများကို နှိမ်နင်းရန် မည်သို့မျှ ခက်ခဲမည်မဟုတ်ဟု တွေးကြည့်နိုင်သည်။

လင်ဖုန်းက ဆင်းလာကာ စားပွဲဆီသို့ ပြန်သွားထို်သည်။ ယခင်က လူတိုင်းက သူ့ကို မာန်တက်နေခြင်းသာဖြစ်သည်ဟုထင်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိုနေရာတွင် ရှိနေသူများစွာက ထိုသို့ မတွေးကြပေ။ ပါရမီရှင်စာရင်းတွင် ပါရမီရှင်တစ်ဦးမှလွဲ၍ မည်သူမျှ သူ့ကို ခိုင်မာစွာ ဖိနှိပ်နိုင်မည်မဟုတ်ဟု သူတို့ ခံစားကြရသည်။

"စီနီယာလင်၊ ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့တာ အတော်ကြာခဲ့ပြီ။ စီနီယာရဲ့ ခွန်အားတွေလည်း တိုးတက်လာပြီ” မဟာယုံကြည်မှုဂိုဏ်းတပည့်တစ်ဦးက ရှေ့သို့ထွက်လာကာ လင်ဖုန်းကို နှုတ်ဆက်သည်။

လင်းဖန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော အခြားကျွမ်းကျင်သူများလည်း ရှေ့တိုးလာကြသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများသာ ဒေါသထွက်နေကြသည်။ နတ်ရုပ်သေးဂိုဏ်း၊ နတ်ဘုရားအဆောင်ဂိုဏ်းနှင့် ဆေးဘုရင်တောင်ကြားတို့၏ တပည့်များအတွက်မူ

မပျော်ရွှင်ကြသော်လည်း ၎င်းတို့သည် ၎င်းကို ကျင့်သားရနေပြီဖြစ်သည်။ ၎င်းတို့သည် တိုက်ခိုက်ရာတွင် ကျွမ်းကျင်ခြင်းမရှိသောကြောင့် အောက်ခြေတွင် ရှိနေရန် ကျင့်သားရနေပြီဖြစ်သည်။ ဤဂိုဏ်းကြီးသုံးခု၏ အခန်းကဏ္ဍသည် ဤတွင် မပါဝင်ပေ။

"ဟုတ်ပါတယ်၊ ကျုပ်ခရီးသွားနေလို့လလေ။ စကြဝဠာအဆင့်ရဲ့ အထွတ်အထိပ်ကို မရောက်မချင်း ပြန်မလာဖို့တွေးထားတယ်" လင်းဖန်က ဂုဏ်ယူစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဒီလောက်သေးငယ်တဲ့ ကောင်တစ်ကောင်ကို အနိုင်ယူနိုင်တာက ပြောစရာမလိုပါဘူး။ တကယ့်တပည့်စစ်တစ်ယောက် မဟုတ်ရင် ကျုပ်စိတ်မဝင်စားဘူး"

လင်ဖုန်းက မည်သည့်စကားမျှ မပြောနိုင်လောက်‌အောင်ပျင်းရိနေသည်။ ၎င်းတို့အားလုံးသည် ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းမှ တစ်စုမှဖြစ်သော်လည်း ထိပ်တန်း ဂိုဏ်းသုံးခုနှင့် အောက်ဂိုဏ်းအနည်းငယ်ကြား ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးသာဖြစ်သည်။ သူတို့အားလုံးသည် တပည့်စစ်များသာဖြစ်သော်လည်း ဂိုဏ်းကြီးသုံးခု၏ တပည့်စစ်များကမူ သိသိသာသာ ပိုမိုသန်မာကြသည်။

ထိုမျှ အင်အားမရှိပါက သူ မည်ကဲ့သို့ ဤသို့မာနထောင်လွှားသော စကားများကိုပြောရဲမည်နည်း။

“လင်ဖုန်း မင်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းတပည့်တစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ပြီး အရှက်မရှိကြွားရဲတယ်။ မင်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းကို အထင်သေးနေတာ။ ဒီနေ့ ငါမင်းကို အနိုင်ယူမယ်။"

စားသောက်ဆိုင်အပြင်ဘက်မှ တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းသည် အသံလာရာဆီသို့ ကြည့်လိုက်ကြသောအခါ လရောင်ဝတ်ရုံဖြူဖွေးသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ထိုသူသည် အသက် ၂၇ နှစ် သို့မဟုတ် ၂၈ နှစ်ခန့်ရှိပြီး ယန်ရှို့ရှေ့၌ နေနေသည်။

"ယဲ့ယင်လား” လင်ဖုန်းက ထိုလူကိုမြင်သောအခါ သူ့အမူအရာက အနည်းငယ်တည်ကြည်သွားသည်။

ယန်ရှို့ကို သူအထင်သေးသော်လည်း ယဲ့ယင်ကိုမူ လျစ်လျူမရှု့ဝံ့ပေ။

ယဲ့ယင်သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်ကြီးများထဲမှ တစ်ဦးဖြစ်သည်။ ခွန်အားအရ ၎င်းတို့သည် ပါရမီရှင်စာရင်းတွင် မပါဝင်ပါက မည်သူမျှ သူ့ကို ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။

"အခု မင်းက ထိုက်တန်တဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်နေပြီ" ယဲ့ယင်က မာနထောင်လွှားသော အမူအရာဖြင့် လင်ဖုန်းကိုကြည့်လိုက်သည်။

သို့သော်လည်း ယဲ့ယင်၏ အကြည့်က စားသောက်ဆိုင်ကို ဖြတ်သွားသောအခါ ပြတင်းပေါက်ကို မှီထားသည့် ချူးယွင်ဖန်းလည်း ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

ချူးယွင်ဖန်း အနိုင်ယူခဲ့သည့်အချိန်ကို ပြန်တွေးမိသောအခါ ယဲ့ယင်၏ မျက်လုံးများအနည်းငယ်ကျဥ်းသွားသည် ။တစ်နှစ်ကျော်ကြာပြီးဖြစ်သော်လည်း သူ့စိတ်ထဲ၌ ယခုအချိန်ထိ ကြည်လင်နေဆဲဖြစ်သည်။

"မင်းဒီရောက်နေတာလား" သူ့မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခုပေါ်လာသည်။

"ဒါဆို ငါ့လည်ပင်းကို ထုတ်ပြဖို့ မလိုအပ်ဘူး"

ရီယင်သည် လွန်ခဲ့သောတစ်နှစ်က ချူးယွင်ဖန်း၏လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယခု သူ၏ခွန်အားလည်း တိုးတက်လာသော်လည်း လွန်ခဲ့သောတစ်နှစ်က ချူးယွင်ဖန်းကို ကိုင်တွယ်ရန် မလုံလောက်သေးပေ။

လူတိုင်း၏ အကြည့်များသည် ယဲ့ယင်၏ အကြည့်နောက်သို့လိုက်ကာ ချူးယွင်ဖန်းကိုမြင်လိုက်ကြရသည်။ လူများစွာက ပြတင်းပေါက်ဘေး၌ လူတစ်ဦး အေးအေးဆေးဆေးထိုင်နေသည်ကိုပင် မသိလိုက်ကြသဖြင့် အံ့သြသွားကြသည်။ ယင်းက ၎င်းတို့အဆင့်ထိ ကျင့်ကြံခဲ့သော ပညာရှင်များအတွက် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ အတိုင်းအတာတစ်ခုအတွင်း၌ အရာအားလုံးကို ၎င်းတို့၏ နတ်ဘုရားဆန္ဒများဖြင့် ဖုံးအုပ်ထားခဲ့သည်။

"ငါ သူ့ကို မှတ်မိတယ်။ သူ့ရဲ့ ပန်းချီကားတွေကို အရင်က မြင်ဖူးတယ်။ အဲ့တာ ချူးယွင်ဖန်း မဟုတ်ဘူးလား" တစ်စုံတစ်ယောက်က ရုတ်တရက် အံ့သြတကြီး ပြောလိုက်သည်။

သူ့စကားများသည် စားသောက်ဆိုင်တစ်ခုလုံးကို ချက်ချင်းပေါက်ကွဲသွားစေသည်။ လူတိုင်း၏ မျက်စံများ ချက်ချင်းကျုံ့သွားသည်။ ယင်းက ပါရမီရှင်စာရင်းထဲမှ နောက်ထပ်ပါရမီရှင်တစ်ဦးပင်ဖြစ်သည်။

အရေးကြီးဆုံးအချက်က ၎င်းတို့က လင်ဖုန်းနှင့် ယန်ရှို့တို့၏ တိုက်ပွဲကို ဦးတည်စေခဲ့သည့် ချူးယွင်ဖန်းအကြောင်း ဆွေးနွေးနေကြခြင်းဖြစ်သည်။ ယခု အဓိကပုဂ္ဂိုလ်က ၎င်းတို့ရှေ့၌ ရောက်နေခဲ့သည်။ ၎င်းတို့က အသားထူသော်လည်း အနည်းငယ်တော့ ကြောက်နေကြဆဲဖြစ်သည်။

ယဲ့ယင်က ထိုလူငယ်လေးကို အဘယ်ကြောင့် ဤမျှ ယဥ်ကျေးစွာဆက်ဆံနေသည်ကို အခု နားလည်သွားကြသည်။ ယဲ့ယင်သည် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားပြီဟူသော သတင်းတစ်ပုဒ်ရှိခဲ့ဖူးသည်ကို လူအများကမှတ်မိကြသည်။ တစ်နှစ်ကျော်သာရှိသေးသော်လည်း လူအများက အခုအချိန်ထိ မှတ်မိနေကြဆဲဖြစ်သည်။

လင်ဖုန်းနှင့်အခြားသူများ၏ မျက်နှာအမူအရာများပင် ချက်ချင်းပြောင်းလဲသွားသည်။ ချူးယွင်ဖန်းအပေါ် မည်မျှပင် မထီမဲ့မြင်ပြု‌စေကာမူ သူသည် ပါရမီရှင်စာရင်းတွင် စစ်မှန်သော ပါရမီရှင်တစ်ဦးဖြစ်သည်။ ချူးယွင်ဖန်း၏ ကျော်ကြားမှုတစ်ခုတည်းကပင် ၎င်းတို့ကို ခြိမ်းခြောက်ရန် လုံလောက်သည်။

--

All Chapters