← Chapters

အခန်း ၁၈၆၅

Vol. 125 Ch. 1865

အခန်း ၁၈၆၅

Vol. 125 Ch. 1865

အခန်း(၁၈၆၅) ပွဲချင်းပြီး သုတ်သင်မှု

“ပါရမီရှင်စာရင်း”ဟူသော စကားတစ်လုံးတည်းက အရာအားလုံးကို တားဆီးရန် လုံလောက်သည်။ လူအများက ချူးယွင်ဖန်း၏ ပါရမီရှင်စာရင်းအဆင့်သတ်မှတ်ချက်က အကြီးမားဆုံးချဲ့ကားပြောဆိုမှုဟု ခံစားရသော်လည်း မည်သို့ပင်ဖြစ်စေကာမူ သူသည် စာရင်းထဲ၌ ပါနေဆဲဖြစ်သည်။ ယဲ့ယင်ပင် ဦးညွတ်ထားရသည်မှာ အံ့သြဖွယ်မရှိပေ။

ချူးယွင်ဖန်က ယဲ့ယင်၏ စကားများကို မှတ်ချက်မပေးခဲ့ပေ။ သူ၏ခွန်အားနှင့်ဆိုပါက သူတမင်ပုန်းနေမည်ဆိုလျှင် ထိုလူများသည် သူ့ကို သတိထားမိကြမည်မဟုတ်ပေ။

"အရေးမကြီးပါဘူး။ မင်း သူ့ကို ရင်ဆိုင်နိုင်ပါတယ်။ သူက အရေးမပါတဲ့သူပါ။" ချူးယွင်ဖန်က ဝင်မပါချင်သဖြင့် လက်ပြ၍ ငြင်းလိုက်သည်။ လင်းဖုန်က ဤသည်ကို ကြားသောအခါ မျက်နှာတစ်ခုလုံး နီရဲသွားသည်။ ချူးယွင်ဖန်း၏ သဘောထားက ယန်ရှူးကို ဂရုမစိုက်ခဲ့သည့်အချိန်ကကဲ့သို့ပင်ဖြစ်ကာ ထိုစဥ်က ပြဿနာမရှိဟု ခံစားခဲ့ရသော်လည်း ယခုမူ ယင်းက ရိုးရှင်းစွာပင် အရှက်ခွဲနေခြင်းဖြစ်သည်ကို သူသဘောပေါက်သွားသည်။

"ချူးယွင်ဖန်၊ မင်း ငါ့ကို ဘယ်လိုအထင်သေးရဲတာလဲကွ!" လင်ဖုန်းက ချူးယွင်ဖန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

"စိတ်မကောင်းပါဘူး ငါမင်းကို မရည်ရွယ်ပါဘူး” ချူးယွင်ဖန်းက ပြောသည်။

မဟာယုံကြည်မှုဂိုဏ်းတပည့်များသည် ထိုစကားကို ကြားသောအခါ ၎င်းတို့၏ မျက်နှာများတောက်ပသွားကြသည်။ ချူးယွင်ဖန်းဆိုလျှင်ပင် သူ၏ ကန့်သတ်ချက်များကို သိရန်လိုသေးသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းတပည့်များသည် ယခုအချိန်၌ ချူးယွင်ဖန်းကို စိုက်ကြည့်နေကြသည်။ ထိုအချိန်၌ ၎င်းတို့ မည်သို့ အားနည်းချက်မျိုးပြနိုင်မည်နည်း။

“မဟာယုံကြည်မှုဂိုဏ်းရဲ့ အရာအားလုံးက အမှိုက်တွေလို့ ငါပြောချင်တာပါ"

ချူးယွင်ဖန်း ပြောပြီးသည်နှင့် ဆူညံသံများထွက်ပေါ်လာသည်။ မည်သူမျှ ထိုသို့အဖြစ်အပျက်မျိုးဖြစ်လာမည်ဟုမမျှော်လင့်ထားကြပေ။ လူအများက ရယ်ရခက် ငိုရခက်ဖြစ်နေကြသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများက တုံ့ပြန်လိုက်သောအခါ ၎င်းတို့အားလုံး ခေါင်းပြုတ်လုသည့်အတိုင်းအတာထိ ရယ်မောလှောင်ရယ်လိုက်ကြသည်။

ထိုမဟာယုံကြည်မှုဂိုဏ်းတပည့်များသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းကို အထင်သေးနေခြင်းဖြစ်ကာ ယခုမူ ချူးယွင်ဖန်းက ၎င်းတို့ကို ထိန်းချုပ်ရန် သူ့ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုနေသည်။

ယင်းက ၎င်းတို့ကို အရှက်ခွဲလိုက်ခြင်းဖြစ်သဖြင့် အားလုံး၏ မျက်နှာများ နီရဲကာ ဒေါသထွက်လာကြသည်။

"ချူးယွင်ဖန်း မင်းငါ့ဂိုဏ်းကို ဘယ်လိုစော်ကားရဲတာလဲ။ ကမ္ဘာပေါ်မှာ ဘယ်သူမှ မင်းကို အခုမကယ်တင်နိုင်ဘူး။ အားလုံးပဲ၊ အတူတကွ တိုက်ခိုက်ပြီး သူ့ကို ပြန်ပေးဆပ်ခိုင်းရအောင်!"

လင်ဖုန်းက ဒေါသတကြီး တောက်လောင်နေသည်။ အမိန့်တစ်ခုနှင့်အတူ မဟာယုံကြည်မှုဂိုဏ်းတပည့်များစွာက ထရပ်၍ ချူးယွင်ဖန်းကိုဝိုင်းထားကြသည်။ ဂိုဏ်းတစ်ခုကို အရှက်ခွဲ ခြင်းက ထိုကမ္ဘာတွင် အကြီးမားဆုံး ရန်လိုမှုဖြစ်သည်။ ယန်ရှို့ကလင်ဖုန်းကို အနိုင်မရနိုင်ကြောင်းသိသော်လည်း တိုက်ခိုက်ချင်နေဆဲဖြစ်သည်။ ထိုလူများသည် ၎င်းတို့ဂိုဏ်း၏ ဂုဏိသိက္ခာကို ၎င်းတို့ ကိုယ်ပိုင် အသက်အဖြစ်သတ်မှတ်ထားကြသည်။

မဟာယုံကြည်မှုဂိုဏ်းတပည့်များသည် ချူးယွင်ဖန်းက ပါရမီရှင်စာရင်း၌ ပါသည်ကိုသိသော်လည်း ဂရုမစိုက်ကြပေ။ ထို့အပြင် ထိုလူများအားလုံးက တပည့်စစ်များဖြစ်ကြကာ ၎င်းတို့က မဟာယုံကြည်မှုဂိုဏ်းတပည့်ထောင်‌ပေါင်းများစွာအနက် အကောင်းဆုံးဖြစ်သောကြောင့် ၎င်းတို့၏ မာနက သဘာဝကျစွာပင် မြင့်တက်လာသည်။

“မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”

မဟာယုံကြည်မှုဂိုဏ်းတပည့်များသည် ၎င်းတို့ တတ်နိုင်သမျှသော အရှိန်အဝါများဖြင့် ချက်ချင်း ပေါက်ကွဲထွက်လာကာသည်။ ထို့ကြောင့် ၎င်းတို့ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မြင်ကြည့်နိုင်သည်။

"မဟာယုံကြည်မှုလက်သီး!" လင်ဖုန်းကတိုက်ခိုက်လိုက်သည်။

ယန်ရှို့နှင့် ရင်ဆိုင်ခဲ့သည့် အချိန်နှင့်နှိုင်းယှဥ်လျှင် ထိုလက်သီးချက်မှ ပေါက်ကွဲထွက်လာသည့် အ င်အားက နှစ်ဆထက်မက ကြောက်မက်ဖွယ်ကောင်းသည်။ ယန်ရှို့နှင့်ရင်ဆိုင်ခဲ့စဥ်က သူ၏ခွန်အားအပြည့်အဝကို အသုံးမပြုခဲ့ပေ။ ယခုမှသာ သူ၏ခွန်အားအပြည့်အဝကို အသုံးပြုခြင်းဖြစ်သည်။ စကြဝဠာသတ္တမအဆင့်၏ ကြောက်မက်ဖွယ်အစွမ်းကို ချက်ချင်းပြသခဲ့သည်။ တစ်ချိန်တည်း၌ပင် အခြား မဟာယုံကြည်မှုဂိုဏ်းတပည့်များကလည်း မဟာယုံကြည်မှု လက်သီးကို စတင်လုပ်ဆောင်ခဲ့ကြသည်။

"ပေါ်လာပြီ! မဟာယုံကြည်မှုလက်သီး!" တစ်စုံတစ်ယောက်က အော်လိုက်သည်။

မဟာယုံကြည်မှု ဂိုဏ်းရှိ ထိုလက်သီးသည် ကြယ်ကြွေကောင်းကင်လက်ဝါးသိုင်းနှင့်အတူတူပင်ဖြစ်ကာ ၎င်းတို့က ဂိုဏ်း၏ အဆုံးစွန်သောနည်းစနစ်များဖြစ်၍ ပုံမှန်အားဖြင့် တပည့်စစ်များနှင့် လက်ရွေးစင်များကိုသာ သင်ကြားပေးသည်။

ထိုအချိန်၌ပင် ထို မဟာယုံကြည်မှုဂိုဏ်းတပည့်များအားလုံးက ထိုလက်သီးကို တစ်ပြိုင်နက်တည်းအသုံးပြုကြကာ ပုံစံတစ်ခုဖွဲ့စည်းလိုက်ကြသည်။ လက်သီးအင်အားက စုစည်း၍ ချူးယွင်ဖန်းကို ရိုက်ခတ်သွားသည့် ကြောက်မက်ဖွယ် လက်သီးချက်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။

မဟာယုံကြည်မှုဂိုဏ်းတပည့်များအားလုံး ဒေါသထွက်နေသော်လည်း ချူးယွင်ဖန်းက ပါရမီရှင်စာရင်းဝင်တစ်ယောက်ဖြစ်သည်ကို ၎င်းတို့ သတိရကြသည်။ ထို့ကြောင့် ၎င်းတို့သတိထားသည်မှာ သဘာဝကျသည်။

"မင်းတို့အားလုံး အရမ်းဆူညံလွန်းတယ်!"

ကောင်းကင်၌ ကြီးမားသော အပေါက်ကြီးတစ်ပေါက်ကို ဖောက်ခွဲနိုင်ပုံရသည့်‌‌ ကြောက်မက်ဖွယ်လက်သီးအင်အားကို ရင်ဆိုင်ရသောအခါ ချူးယွင်ဖန်းက လှောင်ရယ်၍ လက်တစ်ချောင်းဆန့်ထုတ်လိုက်သည်။

ဘမ်း

ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ချူးယွင်ဖန်း၏ လက်ညှိုးက တားဆီးလိုက်သည်။ သူ အားအနည်းငယ်သုံးလိုက်သောအခါ ကျောက်တုံးကြီးတမျှကြီးမားသော လက်သီးက ရုတ်တရက်ကွဲသွားကာ ဝိဉာဥ်စွမ်းအင်အဖြစ်ပြောင်းလဲ၍ ‌ကောင်းကင်တစ်ခွင်ပြည့်သွားစေသည်။

လူတိုင်း အံ့သြသွားကြသည်။ ချူးယွင်ဖန်းက ထိုကြောက်မက်ဖွယ်လက်သီးကို ဤမျှလွယ်လင့်တကူ တားနိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ လင်ဖုန်းနှင့်အခြားသူများလည်း အတူတူပင်ဖြစ်သည်။ အားလုံးပူးပေါင်းတိုက်ခိုက်သော အစွမ်းသတ္တိက ပါရမီရှင်စာရင်းဝင်ပါရမီရှင်များပင် အလေးထားရမည့်အရာဖြစ်သည်။

ချူးယွင်ဖန်းက ၎င်းတို့၏ တိုက်ခိုက်မှုများကို ဤမျှ လွယ်လင့်တကူဖျက်ဆီးနိုင်မည်လော။

၎င်းတို့ တုံ့ပြန်နိုင်ခြင်းမပြုမီ ချူးယွင်ဖန်းက သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ဝှေ့ယမ်းလိုက်သည်။ လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရည်က ရေစက်များအဖြစ်ပြောင်းလဲသွားကာ မဟာယုံကြည်မှုဂိုဏ်း၏တပည့်များဆီ ပျံသန်းသွားသည်။

ဗွမ်း

ဗွမ်း

ဗွမ်း

မဟာယုံကြည်မှုဂိုဏ်း၏ တပည့်များ ပြင်းထန်စွာထိခိုက်ခံရသကဲ့သို့ ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ကြသည်။ ၎င်းတို့က စားသောက်ဆိုင်ထဲမှ လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ဆင်းသက်ကြ၏။ တပည့်များအားလုံး အပြင်းအထန် ဒဏ်ရာရသည်နှင့်ပါးစပ်အပြည့် သွေးများအန်ထွက်လာကြသည်။ ထို့နောက် ၎င်းတို့က စားသောက်ဆိုင်မှ လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာကြ၏။

ချက်ချင်းပင် တစ်နေရာလုံး၌ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်သွားသည်။ မဟာယုံကြည်မှုဂိုဏ်းတပည့်များသည် ၎င်းတို့၏ ရင်ဘတ်များကို ဆုပ်ကိုင်ကာ အော်လိုက်ကြသည်။ အချို့လူများသည် ၎င်းတို့၏ ရင်ဘတ်များ ပေါက်ကွဲသွားသည်ကိုမြင်လိုက်ကြရသည်။ ၎င်းတို့၏ ရင်ညွန့်ရိုးပင် ရေမြှားကြောင့် ကျိုးသွား၏။

ချက်ချင်းပင် မဟာယုံကြည်မှုဂိုဏ်းတပည့်များ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ကြကာ ၎င်းတို့၏ တိုက်ခိုက်ရေးအစွမ်းကို ဆုံးရှုံးသွားခဲ့သည်။ ယင်းကို စဥ်းစားမိသောအခါ လူများစွာက ပင့်သက်ရှိုက်လိုက်ကြသည်။

ထိုတပည့်များအားလုံး စကြဝဠာအဆင့်၏ တပည့်စစ်များဖြစ်သည်။ ၎င်းတို့ထဲတွင် လင်ဖုန်းက စကြဝဠာအဆင့် သတ္တမအဆင့်ရှိ ကြောက်မက်ဖွယ်သက်ရှိတစ်မျိုးဖြစ်သည်။ သူသည် ပါရမီရှင်စာရင်းထဲမှ ပါရမီရှင်များတမျှ မသန်မာလှလျှင်ပင် ကွာခြားချက်က မများလှပေ။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် သတ္ထုကဲ့သို့ မာကျောကာ အထူးသဖြင့် အရိုးများကမာကျောလှသည်။ ၎င်းတို့ကအလွယ်တကူ မကျိုးကျေနိုင်သည့် နတ်ဘုရားလက်နက်များနှင့်ဆင်တူသည်။

သို့သော် ချူးယွင်ဖန်းက ရေမြှားအဖြစ် လက်ဖက်ရည်ကို အသုံးပြု၍ ၎င်းတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်။ ၎င်းတို့ကြားက ကွာခြားချက်က အလွန်ကြီးမားလွန်းသဖြင့် တွက်ချက်ရန်ပင်မဖြစ်နိုင်ပေ။

"ဒီလောက် အစွမ်းထက်တယ်... ဒါက ပါရမီရှင်စာရင်းထဲက ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစွမ်းလား" တစ်ယောက်ယောက်က မှင်သက်စွာ ပြောလိုက်သည်။

မျှော်လင့်ထားသကဲ့သို့ တိုက်ပွဲက မဖြစ်လာခဲ့ပေ။ လက်ဖက်ရည်တစ်ခွက်တည်းဖြင့်တိုက်ပွဲကို အဆုံးသတ်လိုက်ကြရ၏။

--

All Chapters