အခန်း ၁၈၆၆
Vol. 125 Ch. 1866
အခန်း(၁၈၆၆) ချူးယွင်ဖန်း
ပြင်းထန်သောတိုက်ပွဲမရှိပေ။ စားသောက်ဆိုင်ပျက်စီးခြင်းမှကာကွယ်ရန် လူတိုင်းတည်ဆောက်ထားသောအတားအဆီးသည် အသုံးမဝင်ခဲ့ပေ။ ချူးယွင်ဖန်းသည် လင်းဖန်နှင့် အခြားသူများကို ချေမှုန်းရန် လက်ဖက်ရည်တစ်ခွက်သောက်ချိန်မျှသာလိုအပ်သည်။
ကွာခြားချက်က ကြီးမားလွန်းကြောင်း သံသယဖြစ်ရန်လိုပေ။ ထို့ကြောင့် ချက်ချင်းသတ်လိုက်သည်ဟုပင် ပြော၍ရ၏။
ဤအချိန်တွင် အခြေအနေကို နားမလည်သူများပင် ချူးယွင်ဖန်း၏ ခွန်အားသည် လင်ဖုန်းနှင့် အခြားသူများထက် များစွာသာလွန်ကြောင်း မြင်တွေ့နိုင်သည်။ ၎င်းတို့သည် တူညီသောအဆင့်တွင် မရှိကြောင်းပင် ပြောနိုင်သည်။
"ဒါက ပါရမီရှင်စာရင်းထဲက ပါရမီရှင်တစ်ယောက်ရဲ့ အစွမ်းလား။ ကွာခြားချက်က တကယ်ကို အရမ်းကြီးတယ်။"
ယခုအခါမှ လူများစွာက ၎င်းတို့၏ ယခင်ခန့်မှန်းချက်များ လုံးဝမှားယွင်းနေသည်ကို နောက်ဆုံးတွင် သဘောပေါက်လာကြသည်။ မူလက လင်ဖုန်းနှင့် အခြားသူများသည် ပါရမီရှင်စာရင်းထဲက ပါရမီရှင်တွေတမျှ မသန်မာလျှင်ပင် ဖန်ဆင်းရှင်အဆင့်ကို ရောက်ပြီးသား ပါရမီရှင်များမှတပါး ကွာဟချက်က မများလှသည်ဟု ၎င်းတို့ထင်ခဲ့သည်။ ၎င်းတို့ ရှုံးနိမ့်ခဲ့လျှင်ပင် ပြင်းထန်သော တိုက်ပွဲတစ်ခုပြီးမှဖြစ်သင့်သည်။
သို့သော်လည်း လက်တွေ့ဘဝက ၎င်းတို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ ခါးသီးသောတိုက်ပွဲတစ်ခုအပြီးတွင် ရှုံးနိမ့်မှုဆိုသည်မှာ မရှိပေ။ ပါရမီရှင်စာရင်းရှိပါရမီရှင်တစ်ဦးက လက်ဖက်ရည်တစ်ခွက်စာအချိန်အတွင်း သူတို့ကို အနိုင်ယူခဲ့သည်။ ၎င်းတို့ကြားမှ ကွာဟချက်ကို ကျိုးကြောင်းဆီလျော်စွာ တွက်ချက်၍မရပေ။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးအစွမ်းကို ပြသခဲ့သူက တကယ်တမ်းတွင် ၎င်းတို့က အတုအယောင်ဟုထင်နေကြသည့် ချူးယွင်ဖန်းဖြစ်သည်ဟူသောအချက်ပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် အခြားသူများက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေနိုင်သည်မဟုတ်ပေလော။
ပါရမီရှင်စာရင်းထဲပါဝင်သူနှင့် မပါဝင်သူများကြားမှ ကွာခြားချက်က အလွန်ကြီးမားလှသည်။
လူအများအပြားက ၎င်းတို့ရှေ့မှ မြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြသည်။ ၎င်းတို့၏ ကမ္ဘာ့အမြင်က လုံးဝပြိုလဲသွားပြီဟုခံစားလိုက်ရသည်။ ချူးယွင်ဖန်းကို သူမည်သို့ ရှံးနိမ့်ခဲ့သည်ကို ယဲ့ယင် ယခုအချိန်ထိ မှတ်မိနေဆဲဖြစ်သည်။ ထိုအချိန်က ချူးယွင်ဖန်းက ပါရမီရှင်အဆင့်သို့ဝင်ကာစသာရှိသေးသည်ဖြစ်ရာ သူ၏လက်ရှိအနေအထားနှင့် များစွာကွာခြားသေးသည်။
ယခု တစ်နှစ်ကျော်ကြာပြီးနောက် ချူးယွင်ဖန်းက ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ လင်ဖုန်း၏ ခွန်အားက လွန်ခဲ့သည့်တစ်နှစ်က ချူးယွင်ဖန်း၏ခွန်အားနှင့် ညီမျှခဲ့သည်။
ယင်းက ရှုံးနိမ့်မှုတစ်ခုတင်မဟုတ်ဘဲ အရှက်ရစရာတစ်ခုဖြစ်သည်။
ဤအချိန်တွင် ယဲ့ယင်က ချူးယွင်ဖန်းအား ဤမျှရှက်ဖွယ်ကောင်းသောပုံစံဖြင့် ရှုံးနိမ့်ခြင်းမရှိသည့်အတွက် အနည်းငယ်ဝမ်းသာနေသည်။ မူလက သူ၏ခွန်အားတိုးတက်လာသောကြောင့် ချူးယွင်ဖန်းအား ဆုံးရှုံးသွားသောဂုဏ်သတင်းကို ပြန်လည်ရရှိရန် စိန်ခေါ်လိုခဲ့သည်။ သို့သော် ဤအချိန်တွင် ထိုအတွေးသည် လုံးဝပျောက်ကွယ်သွားခဲ့သည်။
တစ်နှစ်ခန့်အတွင်းတွင် ယဲ့ယင်၏တိုးတက်မှုက မနည်းလှပေ။ သူကိုယ်တိုင်ပင် လွန်ခဲ့သော တစ်နှစ်ခန့်ကထက် အနည်းဆုံး နှစ်ဆမျှ သန်မာလာမည်ဟု ယုံကြည်နေသည်။
ပါရမီရှင်စာရင်းထဲ၌ ပါသော လီချန်းယွမ်က ဖန်ဆင်းရှင်အဆင့်သို့ရောက်သွားပြီဖြစ်သည်။ ပါရမီရှင်းစာရင်းထဲရှိ အခြားသူများသာမက ပါရမီရှင်စာရင်းကို စိတ်ဝင်စားနေသည့် ယဲ့ယင်ပင် အလွန်အမင်းလှုံ့ဆော်ခံခဲ့ရသည်။ ထိုသို့ ဆက်သွားမည်ဆိုပါက ပါရမီရှင်စာရင်းထဲက လူများနှင့် ပို၍ ဝေးကွာသွားမည်ကို ၎င်းတို့ သဘောပေါက်လာကြသည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကျင့်ကြံမှုအောက်၌ မည်မျှပင် ကုန်ကျစားရိတ်ရှိစေကာမူ ယဲ့ယင်သည် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆတိုးစေခဲ့သည်။ သို့သော် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါ သူသည် အလွန်သေးငယ်နေဆဲဖြစ်သည်။ ထို့ကြောင့် ကြီးမားသော ကွာဟချက်ကို ခံစားခဲ့ရသည်။
တစ်နှစ်ကြာသွားသော်လည်း သူနှင့် ချူးယွင်ဖန်းကြားက ကွာဟချက်က ကျဉ်းမြောင်းမသွားဘဲ ပို၍ကျယ်လာသည်။ ထိုသို့ကောက်ချက်ချပြီးနောက် ယဲ့ယင်က ခါးသက်စွာပြုံးလိုက်သည်။ သူ့ရင်ထဲ၌ ပို၍ အံ့အားသင့်သွားသည်။
ချူးယွင်ဖန်းက နတ်ဆိုးတစ်ကောင်လား။
ချူးယွင်ဖန်း၏ တိုက်ခိုက်နိုင်စွမ်းက ဖန်ဆင်းရှင်အဆင့်သို့ပင်ကျော်ကာ ပို၍ ကြီးမားနိုင်သည်။ သူသည် အကန့်အသတ်မရှိသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ထင်ရသည်။
ထိပ်တန်းကျောင်းသားနှင့်စာကျက်နတ်ဘုရားကြားကွာခြားချက်ကဲ့သို့ပင်ဖြစ်ရာ ထိပ်တန်းကျောင်းသားတစ်ယောက်က အမှတ် ၁၀၀ ရှိသောကြောင့် အမှတ် ၁၀၀ ရခြင်းဖြစ်ကာ စာကျက်နတ်ဘုရားကမူ အမှတ်တစရာသာရှိသဖြင့် အမှတ်တစ်ရာရခြင်းဖြစ်သည်။ တကယ်တမ်းတွင် ကမ္ဘာနှစ်ခု ကွာခြားသည်။ အမှတ်များကို တစ်ထောင် သို့မဟုတ် တစ်သောင်းထိမြှင့်လိုက်သည်နှင့် ၎င်းတို့ကြားက ကွာခြားချက်ကို ရှင်းရှင်းလင်းလင်းသိနိုင်သည်။
လူတိုင်းက ချူးယွင်ဖန်းကို ကြည့်လိုက်ကြသည်။ ထိုမြင်ကွင်းကိုမြင်သောအခါ သူအဘယ်ကြောင့် ဝင်ရောက်စွက်ဖက်ခြင်းမပြုခဲ့သည်ကိုနောက်ဆုံး ၎င်းတို့ သဘောပေါက်သွားကြသည်။
သူ့အမြင်အရ ၎င်းတို့၏တိုက်ပွဲက ကလေးများ အိမ်ထဲတွင်ဆော့နေသည့်အလား ပျင်းစဖွယ်ကောင်းလွန်းလှသည်။ သူ အနည်းငယ်မျှ ဝင်ရောက်စွက်ဖက်ချင်စိတ်မရှိပေ။
လင်ဖုန်းနှင့် အခြားသူများက ချူးယွင်ဖန်းကို မတိုက်ခိုက်ခဲ့လျှင် သူလည်း ၎င်းတို့ကိုတိုက်ခိုက်မည်မဟုတ်ပေ။ ဤအကြောင်းကို စဉ်းစားမိသောအခါ လူတိုင်း အနည်းငယ် စိတ်ထိခိုက်သွားကြသည်။ သူတို့ဂုဏ်ယူရသော အစွမ်းသတ္တိကို ချူးယွင်ဖန်းရှေ့တွင် ပြောရန်မထိုက်တန်ပေ။
တစ်ဖက်တွင်မူ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများအားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ လင်ဖုန်း၏ အရှက်ရမှုကို ကိုင်တွယ်ဖြေရှင်းရန် သူတို့တွင် အင်အားလုံးဝမရှိပေ။ နောက်ဆုံးတွင် ယဲ့ယင်ကို ဝင်ရောက်စွက်ဖက်ရန်သာ တောင်းဆိုနိုင်ခဲ့သည်။ ချူးယွင်ဖန်းလည်း မြို့တော်တွင် ရှိနေလိမ့်မည်ဟု မည်သူသိခဲ့မည်နည်း။ သူသည် လင်ဖုန်းနှင့် အခြားသူများကို တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ပြီး အံ့အားသင့်ဖွယ် ခွန်အားကို ပြသခဲ့သည်။
ရုတ်တရက် ၎င်းတို့က ထိုဥယျာဥ်ပွဲတော်၏ အဓိကကျောရိုးကိုတွေ့လိုက်ရပြီဟု ခံစားလိုက်ကြရသည်။ မူလခေါင်းဆောင်က ယဲ့ယင်မဟုတ်ဘဲ ရုတ်တရက်ပေါ်လာသည့် ချူးယွင်ဖန်းပင်ဖြစ်သည်။
ကြယ်ကြေါကောင်းကင်ဂိုဏ်းသားများက ခဏတာမှင်သက်နေပြီးမှာ သူ့ကိုနှုတ်ဆက်ရန်ထွက်လာကြသည်။
"နှုတ်ဆက်ပါတယ်၊ စီနီယာချူး!"
ချူးယွင်ဖန်းသည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဤကြယ်ကြွေကောင်းကင်ဂိုဏ်းသားများအားလုံးက တပည့်စစ်များဖြစ်သည်ကိုတွေ့ခဲ့သည်။ လက်ရွေးစင်တပည့်များ သို့မဟုတ် အတွင်းတပည့်များ မရှိပေ။ သို့သော် ၎င်းသည် အဓိပ္ပာယ်ရှိသည်။ မင်းသမီး ယွင်ယန်၏ ဂုဏ်သတင်းဖြင့် ဤဥယျာဉ်ပွဲတော်သို့ ဖိတ်ကြားခံရသူများသည် အနည်းဆုံး တပည့်စစ်များ သို့မဟုတ် ဂိုဏ်းအသီးသီးမှ လက်ရွေးစင်တပည့်များ ဖြစ်ရမည်။ အလွန်ကျော်ကြားသော ပါရမီရှင်များပင်လျှင် သူမ၏အာရုံကို ဆွဲဆောင်ရန် ခက်ခဲလိမ့်မည်။ အဆုံးစွန်အားဖြင့် ဤစစ်မှန်သောတပည့်များအားလုံးသည် ၎င်းတို့၏ ငယ်စဉ်က အလွန်ကျော်ကြားသော ပါရမီရှင်များဖြစ်ကြသည်။
"ထိုင်ပါ” ချူးယွင်ဖန်းက အေးဆေးစွာပြောလိုက်သည်။
ဤတပည့်စစ်များသည် အထူးသဖြင့် ကျေးဇူးတင်နေသော ယန်ရှို့က စိတ်လှုပ်ရှားနေသည်။ ယခင်က သူသည် လင်ဖုန်း၏ လက်ချက်ဖြင့် အကြီးအကျယ်ရှုံးနိမ့်ခဲ့ကာ တိုက်ခိုက်မှုတစ်ခုကိုပင် မခံနိုင်ခဲ့ပေ။ အခြေအနေများ ပြောင်းလဲသွားပြီး ကံကြမ္မာသည် ဤမျှမြန်ဆန်စွာ ရောက်ရှိလာလိမ့်မည်ဟု မည်သူထင်မည်နည်း။
လင်ဖုန်းက ချူးယွင်ဖန်းထံမှ သင်ခန်းစာတစ်ခုကို အလွယ်တကူ ရရှိခဲ့ပြီဖြစ်၍၊ သူ ချူးယွင်ဖန်းအား ချက်ချင်းကျေးဇူးတင်နေမိသည်။
"စီနီယာချူး၊ ဥယျာဉ်ပွဲတော်ကို တက်ရောက်ဖို့ ရောက်လာတာလား"တပည့်စစ်တစ်ဦးကမေးလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် ငါ့ကို မင်းသမီးယွင်ယန်ဖိတ်ထားလို့” ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ စီနီယာချူးက ဖိတ်ကြားခံရဖို့ ထိုက်တန်ပါပေတယ်။ ဒါပေမယ့် ကျွန်တော်တို့က စီနီယာချူးနဲ့ မတူဘူး။ ကိုယ့်ဘာသာ ဒီကိုလာခဲ့ကြတာ” နောက်ထပ်တပည့်စစ်တစ်ဦးက ပြောသည်။
ဤအချိန်တွင် ချူးယွင်ဖန်းသည် ဤလူများသည် ဥယျာဉ်ပွဲတော်သို့ တက်ရောက်ရန် လာကြသော်လည်း ဖိတ်ကြားချက်မရရှိကြောင်း အခြားသူများထံမှ သိရှိခဲ့ရသည်။ အမှန်တကယ်တွင် အနည်းငယ်သာ ဖိတ်ကြားချက်များ ရရှိခဲ့ကြသည်။ ကျန်သူများမှာ ၎င်းတို့ဘာသာ လာခဲ့ကြခြင်းဖြစ်သည်။ သို့သော် မင်းသမီးယွင်ယန်က ၎င်းတို့ကို ငြင်းဆိုခြင်းမပြုခဲ့ပေ။
ရုတ်တရက် အားလုံးစကားပြောနေကြစဥ် အဆောက်အဦးအပြင်ဘက်မှ ကျယ်လောင်သည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ချူးယွင်ဖန်း! ထွက်လာခဲ့စမ်း"
--