← Chapters

အခန်း ၁၈၆၇

Vol. 125 Ch. 1867

အခန်း ၁၈၆၇

Vol. 125 Ch. 1867

အခန်း(၁၈၆၇) နောက်တစ်ယောက်က လာလည်စင်းခံပေးနေတယ်

စားသောက်ဆိုင်ထဲက လူတိုင်းက ချူးယွင်ဖန်းကို ကြည့်လိုက်ကြသည်။

ချက်ချင်းပင် လူတိုင်း၏ ကောင်းကင်ယံ၌ ပျံသန်းနေသော အရပ်ခပ်ရှည်ရှည် ချောမောသော လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ စားသောက်ဆိုင်ကို ငုံ့ကြည့်နေသော သူ့မျက်လုံးများက အေးစက်နေသည်။

"မဟာယုံကြည်မှုဂိုဏ်းရဲ့ ကျန်းဖုန်းပဲ”

တစ်ယောက်ယောက်က ထိုလူက မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်လိုက်သည်။

ပါရမီရှင်စာရင်းဝင်သော မဟာယုံကြည်မှုဂိုဏ်း၏ တပည့်စစ်ကျန်းဖုန်းပင်ဖြစ်သည်။

လူတိုင်း အနည်းငယ် တုန်လှုပ်သွားကြသည်။ ချူးယွင်ဖန်း၏ အစွမ်းကြောင့် ၎င်းတို့ အံ့အားသင့်နေကြဆဲဖြစ်သော်လည်း ကျန်းဖုန်း၏ ပါရမီရှင်စာရင်းတွင် အဆင့်မှာ ချူးယွင်ဖန်းထက် မြင့်မားနေသည်။ အရေးကြီးဆုံးမှာ ကျန်းဖုန်းသည် ဖန်ဆင်းရှင်အဆင့်သို့ အမှန်တကယ် ရောက်ရှိနေပြီဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူ့ကို စကြဝဠာအဆင့်များအနက်မှ ခွဲထုတ်ရန် လုံလောက်သည်။

စားသောက်ဆိုင်တွင် စကြဝဠာအဆင့်မရောက်သေးသော်လည်း ၎င်းတို့၏

ဂိုဏ်းအသီးသီးရှိ ဖန်ဆင်းရှင်အဆင်၌ရှိသောသော ကျွမ်းကျင်သူများစွာရှိသည်။

ထို့ကြောင့် ၎င်းတို့က ထိုအကြောင်းနှင့်ပတ်သက်၍ မရင်းနှီးကြပေ။ လူတစ်ယောက်ဖန်ဆင်းရှင်အဆင့်သို့ရောက်သွားပါက ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားက ဆယ်ဆတိုးလာမည်ကို ၎င်းတို့ နားလည်ကြသည်မှာ သဘာဝကျသည်။

ဖန်ဆင်းရှင်တစ်ဦးကို ဆန့်ကျင်ရင် စကြဝဠာအဆင့်ရှိသူ ပမာဏများခြင်းက အဓိပ္ပါယ်မရှိပေ။

အကောင်းဆုံး စကြဝဠာအဆင့်ရှိသူများပင် ပါရမီရှင်စာရင်း၌ ပါသည့်တိုင် အတူတူပင်ဖြစ်သည်။

၎င်းတို့ အဆင့်ဖြတ်ကျော်သွားခြင်းက အဆင့်ဖြတ်ကျော်သွားခြင်းသာဖြစ်သည်။ အဆင့်နှစ်ခုကြားမှ ကွာဟချက်က နှိုင်းယှဥ်၍ မရနိုင်ပေ။ သို့သော် ကျန်းဖုန်းရောက်ရှိလာခြင်းကို မည်သူမျှ အံ့သြခြင်းမရှိပေ။ လင်ဖုန်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများကို အရှက်ခွဲ၍ ယန်ရှို့၊ ယဲ့ယင်နှင့် ချူးယွင်ဖန်းတို့ကို တစ်ယောက်ပြီးတစ်ယောက်ပေါ်လာစေသကဲ့သို့ပင်ဖြစ်သည်။

ချူးယွင်ဖန်းသည် လင်ဖုန်းနှင့် အခြားသူများကို အနိုင်ယူခဲ့ကာ မဟာယုံကြည်မှုဂိုဏ်းကို အမှိုက်ဟုပင် ပြောခဲ့သည်။ ထိုဂိုဏ်းက မည်သို့မျှ မလုပ်ပါကသာ ထူးဆန်းနေလိမ့်မည်။ ထိုအချိန်တွင် ယဲ့ယင် စိုးရိမ်လာသည်။ ကျန်းဖုန်းသည် မကောင်းသော ရည်ရွယ်ချက်ဖြင့်ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ချူးယွင်ဖန်းအပေါ် မည်မျှပင်ယုံကြည်မှုရှိစေကာမူ ကျန်းဖုန်း၏အဆင့်က ချူးယွင်ဖန်းထက်သာလွန်သည်။ သူသည် ဖန်ဆင်းရှင်အဆင့်သို့ရောက်နေပြီဖြစ်သော ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ထိုသို့သော လူမျိုးကို ချူးယွင်ဖန်း ကိုင်တွယ်၍ မရနိုင်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ဖြတ်ကျော်နိုင်သည့် လူအရေအတွက်က အကန့်အသတ်ရှိသည်။

အခြားသော ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများပင် တည်ကြည်သောအမူအရာများ ရှိကြသည်။ ရှင်းနေသည်မှာ ၎င်းတို့၏အတွေးက ယဲ့ယင်၏အတွေးများနှင့် များများစားစားကွာခြားခြင်းမရှိပေ။

"စီနီယာချူး၊ သူ့ကို ဘာလို့ရှောင်ရမှာလဲ။ ကျန်းဖုန်းက ဒီကို လှုပ်ရှားရဲမယ်လို့ မထင်ဘူး။ ဘာပဲဖြစ်ဖြစ် ဒါက မင်းသမီးယွင်ယန်ရဲ့ နယ်မြေပဲ" တပည့်စစ်တစ်ဦးက အကြံပြုသည်။

သူက ကြောက်တတ်၍မဟုတ်ပေ။ သို့သော် ကျန်းဖုန်း၏ ခွန်အားက အခြားသူများထက် အဆများစွာသာလွန်သည်။ ၎င်းတို့နှစ်ဦး အတူတူတိုက်ခိုက်ကြလျှင်ပင် ကျန်းဖုန်း၏ ခွန်အားမဟုတ်ဟု ပြော၍ရသည်။ ၎င်းတို့နှစ်ဦးကြားက ကွာဟချက်က ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်ဖြစ်သည်။

“ဘာမှမဖြစ်ဘူး နောက်တစ်ယောက် လာပြီး လည်စင်းခံရုံပါပဲ" ချူးယွင်ဖန်း ပြုံး၍ပင် လက်ဖက်ရည်ကို ဆက်သောက်လိုက်သည်။

"ချူးယွင်ဖန်း!" ကျန်းဖုန်း စိတ်မရှည်ဖြစ်လာသည်။

"မင်းက ကြောက်တတ်ပြီး ပွင့်ပွင့်လင်းလင်း ထွက်လာဖို့ မဝံ့ရဲဘူးဆိုရင် ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့!"

မျက်စိတစ်မှိတ်အတွင်း၌ပင် ကျန်းဖုန်းက စတင်လှုပ်ရှားလိုက်သည်။ သူ၏ ကြီးမားသော လက်က ရုတ်တရက် ထွက်လာကာ မရေမတွက်နိုင်အောင် များပြားလှသည့် ဝိဉာဥ်စွမ်းအင်များနှင့်ဖွဲ့စည်းထားသည့် ဧရာမ လက်ဖဝါးပုံစံအဖြစ် စုစည်းသွားသည်။ ဧရာမလက်ဖဝါးပုံစံပေါ်၌ သင်္ကေတတစ်ခု၏အလင်းရောင်က တဖျပ်ဖျပ်လင်းနေသည်။ ၎င်းသည် သဘာဝတရားမှ စုစည်းထားသည့် သင်္ကေတတစ်ခုဖြစ်သည်။

စားသောက်ဆိုင်ထဲမှ လူတိုင်းက ကောင်းကင်မှ ဖိအားတစ်ခုဆင်းသက်လာကာ ၎င်းတို့အပေါ်သို့ ဖိထားသည်ကို ခံစားလိုက်ိကြရသည်။ ထိုခံစားချက်ကြောင့် ၎င်းတို့ အသက်ရှုရန်ပင် ခက်ခဲနေသည်။ မူလက ၎င်းတို့ခန္ဓာကိုယ်ထဲ၌ မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသည့် သွေးများ အားလုံး ရပ်တန့်သွားတော့မည့်အလား ခံစားလိုက်ရသည်။

လူတိုင်းက တစ်ယောက်နှင့်တစ်ယောက်မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုကို မြင်နိုင်ကြသည်။

၎င်းက ဖန်ဆင်းရှင်တစ်ဦး၏ ရောင်ဝါပင်ဖြစ်၏။ ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိသောအခါ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကမ္ဘာကြီးကို တုန်လှုပ်စေသော အပြောင်းအလဲများကို ကြုံတွေ့ရလိမ့်မည်။ ဤအပြောင်းအလဲသည် အသက်၏အဆင့်တွင် နောက်ထပ် ခုန်ပျံကျော်လွှားမှုတစ်ခု ဖြစ်သည်။

"သွားကြစို့!" ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်စစ်တစ်ဦးက ကြုံးဝါးလိုက်သည်။

၎င်းတို့က ဖန်ဆင်းရှင်အဆင့်တမျှ စွမ်းအားမကြီးကြသော်လည်း တပည့်စစ်များဖြစ်ကြသည်။ ၎င်းတို့ထဲတွင် ထိပ်တန်းပါရမီရှင်မဟုတ်သူမရှိပေ။

ထို့နောက် ခဏအတွင်း၌ ၎င်းတို့၏ခန္ဓာကိုယ်များမှ ရောင်စုံနတ်စွမ်းအားအလင်းတန်းများ ထွက်ပေါ်လာကာ

ထိုကြီးမားသော လက်ကို ခုခံရန်ကြိုးစားကြသည်။ သို့သော် အသုံးမဝင်ပေ။ ၎င်းတို့၏ ခုခံမှုက ကြီးမားသော လက်ကို ခဏတာမျှပင် နှေးကွေးအောင်မလုပ်နိုင်ခဲ့ပေ။ ကြီးမားသော လက်ဝါးချက်ကြီးကိုသာ ကြည့်နေနိုင်ကြသည်။ နှေးကွေးသည်ဟုထင်ရသော်လည်း တကယ်တမ်းတွင် မိုးကြိုးကဲ့သို့ မြန်ဆန်သည်။

ဤအချိန်တွင် ယဲ့ယင်သည်လည်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ နတ်စွမ်းအားများအားလုံးက ခေါင်းအထက်တွင် ထီးတစ်စင်းသဖွယ်စုစည်းသွားကာ ထိုတိုက်ခိုက်မှုကိုရင်ဆိုင်ရန် ပြင်ဆင်နေသည်။ ကျန်းဖုန်းက ဤနေရာတွင် တစ်စုံတစ်ယောက်ကို သတ်ရဲလိမ့်မည်ဟု သူမယုံသော်လည်း ထိုကဲ့သို့ ဖမ်းဆီးခံရမည်ကိုမူ သူဆန္ဒမရှိပေ။

"ငါ... ပါရမီရှင်စာရင်းထဲ ဝင်ချင်တဲ့သူတွေထဲက တစ်ယောက်ပဲ... ငါ... လက်လျှော့မှာ မဟုတ်ဘူး!" ယဲ့ယင်က သူ၏နတ်စွမ်းအားကို မြှင့်တင်ကာ အော်လိုက်သည်။

သူသည် ဤတိုက်ခိုက်မှုကို သူ၏ဆန္ဒနှင့် ကျင့်ကြံမှုကို လျှော့ချရန် အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ချူးယွင်ဖန်း မပေါ်လာမီ တပည့်ကြီးများစာရင်း၌ ဒုတိယနေရာတွင် ခိုင်မာစွာထိုင်နိုင်သည့် ယဲ့ယင်က သာမန်လူတစ်ယောက် မဟုတ်ဟု တွေးကြည့်နိုင်သည်။

သို့သော်လည်း သူပိုမိုခုခံလေလေ၊ တန်ပြန်တိုက်ခိုက်မှုက ပိုမိုအားကောင်းလာလေလေဖြစ်ကာမျက်စိတစ်မှိတ်အတွင်း၌င် သူက ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်လိုက်သည်။

သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်မှုအငွေ့အသက်များဖြတ်ပြေးသွားသည်။ ဖန်ဆင်းရှင်အဆင့်က အစွမ်းထက်ကြောင်း သူသိသော်လည်း ကျန်းဖုန်း၏ အစွမ်းကဖန်ဆင်းရှင်အဆင့်သို့ရောက်လာသည့် ကျွမ်းကျင်သူအများစုထက် များစွာသာလွန်ကြောင်း ထင်ရှားသည်။ ယဲ့ယင်က အခြားသူများနှင့်တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့သော်လည်း တကယ်တမ်းတွင် တိုက်ခိုက်မှုတစ်ခုကိုပင် သူမတားဆီးနိုင်ခဲ့ပေ။ ထို့အပြင် သူတစ်ဦးတည်းလည်းမဟုတ်ပေ။ ခုခံရန်ကြိုးစားသောအခြားသူများလည်း သွေးများအန်ထုတ်လိုက်ကြသည်။

ရုတ်တရက်၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်း၏ ဤအခိုက်အတန့်တွင်၊ လက်ဖက်ရည်ကို အေးအေးဆေးဆေးသောက်နေဆဲဖြစ်သော ချူးယွင်ဖန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုသည် သူ့လက်ထဲတွင် စုစည်း၍ ထွက်ပေါ်လာသည်။ လက်ဖဝါးအရွယ်ခန့်ရှိသော ဓားအလင်းတန်းသည် ကောင်းကင်ကိုဖြတ်၍ ပြတင်းပေါက်မှတစ်ဆင့် ကြီးမားသောလက်ထဲသို့ ဝင်သွားသည်။

ဧရာမလက်ကြီးက ထိုးဖောက်ခံရကာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ဖိနှိပ်နိုင်သည့် အရှိန်အဝါကလည်း ပျောက်ကွယ်သွားသည်ကို ၎င်းတို့အားလုံး ခံစားလိုက်ကြရသဖြင့် သက်ပြင်းချလိုက်ကြသည်။ ထိုခံစားချက်က အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ၎င်းတို့ နောက်တစ်ကြိမ် မကြုံချင်ကြတော့ပေ။

ဤအချိန်တွင် သူတို့ကယ်တင်ခံရခြင်း၏ အကြောင်းရင်းမှာ တည်ငြိမ်ဟန်တူသော ချူးယွင်ဖန်းကြောင့်ဖြစ်ကြောင်း နောက်ဆုံးတွင် သူတို့သဘောပေါက်ခဲ့ကြသည်။ အစပိုင်းတွင် အားလုံးက ချူးယွင်ဖန်းကို အထင်မကြီးခဲ့ကြကာ ချူးယွင်ဖန်းသည် ကျန်းဖုန်းနှင့် မယှဉ်နိုင်ဟုပင် ၎င်းတို့ထင်ခဲ့ကြသ်ည။

သို့သော်လည်း လက်တွေ့ဘဝက ၎င်းတို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။

"မဟုတ်ဘူး၊ သူက တိုက်ခိုက်မှုကို တန်ပြန်တာ မဟုတ်ဘူး။ ကြည့်စမ်း! ကျန်းဖုန်း ဒဏ်ရာရသွားပြီ”

--

All Chapters