← Chapters

အခန်း ၁၈၆၉

Vol. 125 Ch. 1869

အခန်း ၁၈၆၉

Vol. 125 Ch. 1869

အခန်း(၁၈၆၉) တိုက်ပွဲကို ခဏတာတားခြင်း

လူတိုင်း ရုတ်ရုတ်သဲသဲ ပေါက်ကွဲသွားကြသည်။

စားသောက်ဆိုင်ထဲက လူများအားလုံးက သိုင်းပညာကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့၏အသိပညာက သာမန်လူများတွေးနိုင်သည်ထက် များစွာသာလွန်သည်။ ၎င်းတို့က နတ်ဆိုးဓားဂိုဏ်းဟူသည် မည်သို့သော ဂိုဏ်းမျိုးဖြစ်သည်ကို မြန်မြန်ဆန်ဆန် သတိရသွားကြသည်။

နတ်ဆိုးဓားဂိုဏ်းက ပြင်ပနယ်မြေမှ နတ်ဆိုးလမ်းကြောင်း၏ ဂိုဏ်းကြီးသုံးခုထဲမှ တစ်ခု

ဖြစ်ကာ နတ်ဆိုးလမ်းကြောင်းထဲမှ ဂိုဏ်းများအနက် တစ်ခုသာဖြစ်သော်လည်း နတ်ဆိုးဓား လက်စွဲစာအုပ်ကြောင့် နာမည်ကြီးသည်။ သို့သော် တတိယတန်းစားဂိုဏ်းတစ်ခုဖြစ်လျှင်ပင် ဂိုဏ်းခေါင်းဆောင်က ဖန်ဆင်းရှင်အဆင့် ကျွမ်းကျင်သူဖြစ်ရမည်ဖြစ်သည်။ ဖန်ဆင်းရှင်အဆင့်ကျင့်ကြံမှုမရှိပါက ပြင်ပနယ်မြေ၌ ဂိုဏ်းတစ်ခုတည်ထောင်ရန် အရည်အချင်းမရှိပေ။ မိနစ်ပိုင်းအတွင်း၌ ၎င်းတို့ကို မျိုချသွားလိမ့်မည်။

“နတ်ဆိုးဓားဂိုဏ်းကို ဆန်းကြယ်တဲ့လူတစ်ယောက်က တစ်ညတည်းနဲ့ ဖျက်ဆီးလိုက်တယ်လို့ ကြားတယ်။ ဂိုဏ်းတစ်ခုလုံးမှာ ဘယ်သူမှ အသက်ရှင်ကျန်ရစ်တာမရှိဘူး၊ နတ်ဆိုးဓားလက်စွဲစာအုပ်ကိုလည်း တစ်ယောက်ယောက်က ယူသွားတယ် ဘယ်သူလုပ်ခဲ့လဲဆိုတာ မသိသေးဘူး မဟုတ်လား။"

တချို့လူများသည် ထောက်လှမ်းရေးအစီရင်ခံစာ၌ မှတ်တမ်းတင်ထားသည့် နတ်ဆိုးဓားဂိုဏ်းအကြောင်း အချက်အလက်များကို ပြန်အမှတ်ရကြသည်။ ထိုစဥ်က နတ်ဆိုးဓားဂိုဏ်းက တစ်ညတည်းနှင့် ဖျက်ဆီးခံခဲ့ရသည်။ ဂိုဏ်းတစ်ခုလုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီးနောက် ဂိုဏ်းထဲက စာအုပ်များ အရင်းအမြစ်များနှင့် ပိုင်ဆိုင်မှုများအားလုံး လုယက်ခံခဲ့ရသည်။

ထိုစဥ်က ထိတ်လန့်ဖွယ်တစ်ခုဖြစ်ခဲ့သည်။ နတ်ဆိုးဓားဂိုဏ်းက အဘယ်ကြောင့် ဖျက်ဆီးခံခဲ့ရသည်ကို မည်သူမျှ မသိကြပေ။ ၎င်းတို့က ထိပ်တန်းကျွမ်းကျင်သူများကို လက်စားချေရန် ကြီးမားသော ပုဂ္ဂိုလ်တစ်ဦးကို စော်ကားမိခဲ့သည်ကိုသာ သိကြသည်။

ထိုစဥ်က နတ်ဆိုးဓားဂိုဏ်းခေါင်းဆောင်၏နေရာကို မသိရသေးပေ။ သူမသေဆုံးသွားပြီဟူသော ကောလဟာလများသာ ထွက်ပေါ်လာခဲ့သည်။ သို့သော် သူမ မသေရုံတင်မက မင်းသမီးယွင်ယန်၏ ဓားစောင့်ပင်ဖြစ်လာခဲ့သည်။ ထိုအကြောင်းစဥ်းစားမိသောအခါ လူအများ အံ့သြသွားကြသည်။ နတ်ဆိုးဓားဂိုဏ်းကိုဖျက်ဆီးပစ်ခဲ့သူက မင်းသမီးယွင်ယန်ဖြစ်နိုင်သလော။

အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက အလွန်ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။ မင်းသမီးယွင်ယန်၏ အစွမ်းသတ္တိက လူတိုင်းတွေးနိုင်သော ပမာဏကို ကျော်လွန်နေသည်ဟု ဆိုလိုသည်။ နှစ်များတစ်လျှောက် မင်းသမီးယွင်ယန်က အလယ်အလတ်အဆင့်ရှိကာ ဘယ်သောအခါကမျှ လှုပ်ရှားမှုမပြုလုပ်ခဲ့ဖူးဟု လူသိများသည်။ သို့သော် ဂုဏ်သတင်းအရ သူမသည် အခြား လူကြိုက်များသော မင်းသားများထက် နိမ့်ကျခြင်းမရှိပေ။ သုံးနှစ်အရွယ်ကလေးပင် ဤအတွက် အထူးအကြောင်းပြချက်မရှိဟု ယုံကြည်မည်မဟုတ်ပေ။

သို့သော် ဤခန့်မှန်းချက်သည် အလွန်ကြောက်စရာကောင်းနေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ပြင်ပနယ်ပယ်ရှိ တတိယတန်းစားဂိုဏ်းငယ်တစ်ခုတွင်ပင် ကျွမ်းကျင်သူများရှိသည်။ ၎င်းတို့၏အဆင့်တွင် ဖန်ဆင်းရှင်အနည်းငယ်ပင် ရှိသင့်သည်။ တရှ၏ ဧကရာဇ်မိသားစု၏ အစွမ်းသတ္တိကို ထည့်သွင်းစဉ်းစားလျှင် နတ်ဆိုးဓားဂိုဏ်းကို ဖျက်ဆီးရန်မှာ သဘာဝအတိုင်း လွယ်ကူသောကိစ္စဖြစ်သည်။ သို့သော် ဧကရာဇ်မိသားစုသည် မင်းသားများနှင့် မင်းသမီးများကြား ထီးနန်းလုပွဲတွင် ဘယ်သောအခါမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။

တစ်နည်းအားဖြင့် မင်းသမီးယွ၍်ယန်က နတ်ဆိုးဓားဂိုဏ်းကို သူမကိုယ်တိုင် တိတ်တဆိတ်ဖျက်ဆီးခဲ့ဖွယ်ရှိသည်။ နတ်ဆိုးဓားဂိုဏ်း ဂိုဏ်းခေါင်းဆောင်က သူမ၏ဓားအစေခံဖြစ်လာရသည့်အကြောင်းရင်းကို ရှင်းပြရန် အခြားနည်းလမ်းမရှိတော့ပေ။

ဖန်ဆင်းရှင်များသည် ကမ္ဘာပေါ်ရှိ ကျွမ်းကျင်သူအနည်းငယ်သာဖြစ်သည်။ ၎င်းတို့အားလုံးက ပညာရှင်အဆင့်ရှိ ပုဂ္ဂိုလ်များဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် ဂိုဏ်းတစ်ခုတည်ထောင်ရန် အရည်အချင်းပြည့်မီသည်။

ထိုအမျိုးသမီးက မာနကြီးသည့်အမူအရာ ရှိသော်လည်း သူမသည် အခြားသူတစ်ဦး၏ ဓားသမားဖြစ်လာကာ ရာထူးအဆင့်အတန်းပင်မရှိသည့်အပြင် သူမ၏ နာမည်ပင်ဖုံးကွယ်ခံလိုက်ရပြီဖြစ်သည်။ မင်းသမီးယွင်ယန်က ထိုသို့ဖြစ်လာရန် မည်သို့သော နည်းလမ်းမျိုးကို သုံးခဲ့သနည်း။

ကျန်းဖုန်းက တာဆီးယက်စ်ကို ကြည့်၍ မျက်လုံးများတွင် အံ့သြမှုများနှင့် ဇဝေဇဝါဖြစ်မှုများပြည့်နေသည်။

ထိုအမျိုးသမီးက သူ၏ အငွေ့အသက်ကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်သည်မှာ အံ့သြဖွယ်မဟုတ်တော့ပေ။ သူမကို သူမှတ်မိရသည့်အကြောင်းက တရှ၏ တပ်မတော်၌ တာဝန်ထမ်းဆောင်နေခဲ့စဥ်က သူ၏တပ်များကို ပြင်ပနယ်မြေများဆီ ဦးဆောင်ခဲ့ဖူးသောကြောင့်ဖြစ်သည်။ ထိုစဥ်က လျို့ချင်းယင်နှင့် တစ်ကြိမ်တွေ့ဖူးခဲ့သည္။ ထိုစဥ်က သူ သူမနှင့်လုံးဝမယှဥ်နိုင်ခဲ့ပေ။ လျို့ချင်းယင်၏ တကယ့်ပြိုင်ဘက်က မဟာယုံကြည်မှုဂိုဏ်း၏ အကြီးအကဲတစ်ဦးပင်ဖြစ်၏။

ကျန်းဖုန်းက ထိုနေရာတွင် ခဏတာသာရှိနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းက ဖန်ဆင်းရှင်တစ်ယောက် အစွမ်းကုန်တိုက်ခိုက်သည်ကို ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရခြင်းဖြစ်၏။ သို့သော် သူ့နှလုံးသားထဲ၌ နတ်ဆိုးတစ်ကောင်ကဲ့သို့ဖြစ်နေသောသူက မင်းသမီးယွင်ယန်၏ ဓားသမားဖြစ်လာမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ချက်ချင်းပင် မင်းသမီးယွင်ယန်အပေါ် သူ၏ အကဲဖြတ်ချက်က ချက်ချင်းပင် အဆင့်များစွာမြင့်တက်လာခဲ့သည်။ တရှ၏ဧကရာဇ်မိသားစုမှ ကျွမ်းကျင်သူများသည် ပါရမီရှင်စာရင်း၌ အဆင့်သတ်မှတ်ခံရမည်မဟုတ်သော်လည်း ၎င်းတို့ မည်မျှပင် ဂုဏ်ယူဝံ့ကြွားစေကာမူ ဧကရာဇ်မိသားစုမှ အဆင့်သတ်မှတ်ခံရရန် အရည်အချင်းပြည့်မှီသူများ အမှန်တကယ်ရှိကြောင်း ငြင်း၍ မရပေ။

သမိုင်းတစ်လျှောက် ဧကရာဇ်မိသားစုတွင် မရေမတွက်နိုင်အောင်များပြားသော ကျွမ်းကျင်သူများ ရှိခဲ့ပြီး ၎င်းတို့သည် အဆုံးမရှိ ပေါ်ထွက်လာခဲ့ကြသည်။ ၎င်းတို့အနက် အချို့သည် ပါရမီရှင်စာရင်းတွင် ပါဝင်ရန် အရည်အချင်းပြည့်မီခြင်းမှာ မထူးဆန်းပေ။

လူတိုင်း၏ စကားများကို ကြားပြီးနောက် ချူးယွင်ဖန်းက “ကမ္ဘာ” စာအုပ်၌ ဖတ်ခဲ့ရသည့် အချက်အလက်များနှင့်အတူ သူ့ရှေ့ရှိ ဤအမျိုးသမီးသည် နတ်ဆိုးဓားဂိုဏ်း၏ အမျိုးသမီးဂိုဏ်းခေါင်းဆောင် လျို့ချင်းယင်ဖြစ်နိုင်ကြောင်း သေချာသွားခဲ့သည်။

ကျန်းဖုန်းကဲ့သို့ပင် ချူးယွင်ဖန်၏ မင်းသမီးယွင်ယန်အပေါ်ကြောက်ရွံ့မှုက အဆင့်များစွာမြင့်တက်လာခဲ့သည်။ နောက်ဆုံးတွင် ဤကျွမ်းကျင်သူအဆင့် ပုဂ္ဂိုလ်များကို ကျွန်များကဲ့သို့ အမိန့်ပေးနိုင်ခြင်းသည် အံ့အားသင့်စရာကောင်းလှသည်။

"ဒီလို နိမ့်ကျတဲ့ကိစ္စကို ပြောစရာမလိုပါဘူး။ အားလုံးက အတိတ်မှာကျန်ခဲ့ပါပြီ။ ကျန်မ နန်းတော်ကို စိတ်ရင်းမှန်နဲ့ လက်ခံဝင်လာခဲ့ပါတယ်။ အရင်တည်းက နတ်ဆိုးဓားဂိုဏ်းခေါင်းဆောဆင် လျို့ချင်းယင်ဆိုတာ မရှိခဲ့ပါဘူး။ မင်းသမီးယွင်ယန်ရဲ့ ဓားသမား တားတီးယက်စ်ပဲရှိပါတယ်” တားတီးယက်စ်အခြားသူတစ်ဦး၏ ကိစ္စဖြစ်၍ သူမနှင့် မည်သို့မျှမဆိုင်သကဲ့သို့ မျက်နှာမျိုးဖြင့်ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် တာတီးယက်စ်က ဆက်ပြောသည်။

“သခင်လေးတို့ မင်းသမီးကို လေးစားမှုပြပေးပါ။ မြို့ထဲမှာ မတိုက်ခိုက်ကြပါနဲ့ အပြစ်မဲ့တဲ့သူတွေပါ ပါဝင်ပတ်သက်ကုန်ရမှာစိုးလို့ပါ။ ဖြေရှင်းစရာအငြှိုးအတေးတွေရှိရင် လက်ရည်စမ်းပွဲကျ တိုက်ခိုက်လို့ရပါတယ်”

“မိန်းကလေး ကျွန်တော် ဘာမှ မလုပ်ချင်ပါဘူး၊ ဒါကြောင့် ကန့်ကွက်စရာ မရှိပါဘူး" ချူးယွင်ဖန်က ယဥ်ကျေးစွာပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ ယွင်ယန်ဆီမှ တန်စီယု၏ သတင်းကို ကြားရမည်ဖြစ်၍ သူမကို မျက်နှာသာ ပေးရန် လိုအပ်သည်။

"ဟမ်၊ မင်းကံကောင်းတယ်။ မင်းသမီးကြောင့် ငါမင်းကို ညှာပေးလိုက်မယ်။ ဒါပေမယ့် သိပ်မကြာခင်ကျရင် မင်းဒီလိုကောင်းတဲ့ဘဝကို ရမှာမဟုတ်ဘူး။ မင်းကြောက်ရင် ပြေးတာ အကောင်းဆုံးပဲ!" ကျန်းဖုန်းက နှာခေါင်းရှုတ်လိုက်သည်။ မည်မျှပင် မကျေနပ်စေကာမူ ယခုအချိန်တွင် ရပ်လိုက်ရုံမှတပါး အခြားရွေးချယ်စရာမရှိပေ။ မဟုတ်ပါက တားတီးယက်စ် တစ်ဦးတည်းကပင် သူ့ကို ဒူးထောက်စေနိုင်သည်။ သူမက နတ်ဆိုးဓားဂိုဏ်း၏ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည်။

ကျန်းဖုန်း၏ ရွံရှာဖွယ်ကောင်းသည့် ရန်စမှုကို ကြားသောအခါ ချူးယွင်ဖန်းက ရယ်လိုက်သည်။

"မင်းက အရမ်းရိုက်နှက်ခံချင်နေတာဆိုတော့ မင်းရဲ့ဆန္ဒကို ငါဘာလို့ မဖြည့်စည်းပေးနိုင်ရမှာလဲ"သူက ပြောသည်။

"ကောင်းပြီ၊ ဒီလိုဆို နောက်မှ ဥယျာဉ်ပွဲတော်မှာ မင်းဘယ်လိုသေမလဲဆိုတာ ကြည့်ရအောင်။ ဟား!" ကျန်းဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် တားတီးယက်စ်ဆီသို့ လက်နှစ်ဖက်အုပ်ပြ၍ ပြောလိုက်၏။

“နှုတ်ဆက်ပါတယ်”

ထို့နောက် ကျန်းဖုန်းက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာပျောက်ကွယ်သွားသည်။

"ပဋိပက္ခပြေလည်သွားတဲ့အတွက် ကျွန်မ အရင်သွားပါတော့မယ်။ မင်းသမီးက တစ်နာရီအတွင်း စတင်မယ့် ဥယျာဉ်ပွဲတော်ပွဲကို အချိန်မီတက်ရောက်ဖို့ မျှော်လင့်တဲ့အကြောင်း ပြောပြဖို့ ကျွန်မကို ညွှန်ကြားထားပါတယ်၊ သခင်လေးချူး"

ချူးယွင်ဖန်း ခေါင်းညိတ်ပြလိုက်သည်။ ဥယျာဉ်ပွဲတော်ပွဲက တစ်နာရီအတွင်း စတင်မည်ဖြစ်ကာ မဟုတ်ပါက လူတိုင်း ရန်ဖြစ်နေရန်အချိန်မရှိပေ။ နောက်ဆုံးတွင်မူ ချူးယွင်ဖန်းနှင့် ကျန်းဖုန်းတို့၏ ကြီးမားသော တိုက်ပွဲကြီး ဖြစ်လာတော့မည်ဖြစ်သည်။

ယင်းက ပါရမီရှင်စာရင်းထဲရှိ ပါရမီရှင်များကြားမှ စစ်မှန်သော တိုက်ပွဲဖြစ်ကာ ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည်။

တာတီးယက်စ်က သူမ၏ အမိန့်များကို လိုက်နာပြီးနောက် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်။

--

All Chapters