← Chapters

အခန်း ၁၈၇၀

Vol. 125 Ch. 1870

အခန်း ၁၈၇၀

Vol. 125 Ch. 1870

အခန်း(၁၈၇၀) သူရဲကောင်းအားလုံးရောက်ရှိလာခြင်း

ချူးယွင်ဖန်း ဆင်းလာကာ စားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။

စားသောက်ဆိုင်ထဲက တပည့်များသည် ချူးယွင်ဖန်းကို ယခင်ကနှင့်မတူသော အကြည့်များဖြင့်ကြည့်နေကြသည်။ နောက်ဆုံး၌ တကယ် တိုက်ခိုက်ခြင်းမျိုးမဟုတ်သည့်တိုင် ချူးယွင်ဖန်းက ကျန်းဖုန်ကို ဒဏ်ရာရစေခဲ့သည့်အချက်က ချူးယွင်ဖန်းကို အားလုံးက အမြင်သစ်ဖြင့်ကြည့်လာစေခဲ့သည်။

ကျန်းဖုန်းက ဖန်ဆင်းရှင်အဆင့်သို့ရောက်နေပြီဖြစ်သည်။ သူ ထိုအဆင့်ကို ဖြတ်ကျော်ပြီးသည်နှင့် သူ၏တိုက်ပွဲစွမ်းရည်က ဆယ်ဆတိုးလာလိမ့်မည်။ လူအများ၏အမြင်၌ ကျန်းဖုန်းကို ဒဏ်ရာရစေနိုင်သည်ကပင် မဖြစ်နိုင်သောအရာတစ်ခုဖြစ်နေပြီဖြစ်သည်။

သို့သော် လူတိုင်းခန့်မှန်းနိုင်သည်မှာ နောက်ဥယျာဉ်ပွဲတော်တွင် နှစ်ဖက်တိုက်ပွဲတစ်ခု မလွဲမသွေဖြစ်ပွားလိမ့်မည်။ ၎င်းတို့ထဲမှ ထွက်ခွာရန် အကြောင်းပြချက်မရှာပါက ရှောင်လွှဲ၍မရနိုင်ပေ။ သို့သော် ထိုအဆင့်အထိ ကျင့်ကြံနိုင်သော ကျွမ်းကျင်သူများမှာ အရှက်မရှိသူများမရှိပေ။ ထို့ကြောင့် အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ ထွက်ခွာရန် မဖြစ်နိုင်ပေ။

ချူးယွင်ဖန်းနှင့် ကျန်းဖုန်းတို့၏ လာမည့်တိုက်ပွဲသတင်းက မကြာမီတွင် ချက်ချင်းပျံ့နှံ့သွားသည်။ ဧကရာဇ်မြို့တော်တွင်ပင် ပါရမီရှင်စာရင်းအဆင့်ရှိ ထိုကဲ့သို့သောတိုက်ပွဲမျိုး ရှားပါးနေဆဲဖြစ်သည်။ အချိန်တိုအတွင်း မြို့ငယ်လေးတစ်ဝိုက်ရှိ ကောင်းကင်တွင် ပုံရိပ်များစွာ ပေါ်လာခဲ့သည်။ ဤတိုက်ပွဲကို ကြည့်ရှုလိုသော လူအများအပြားသည် ဧကရာဇ်မြို့တော်မှ အပြေးအလွှား ရောက်ရှိလာကြသည်။

တစ်နာရီက အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ သို့သော် ဤတစ်နာရီအတွင်းတွင် ယခင်စံနှုန်းထက် များစွာကျော်လွန်သော ကျွမ်းကျင်သူများ ရှိခဲ့သည်။ အနည်းဆုံး ယခင်ထက် နှစ်ဆပိုများခဲ့သည်။ ၎င်းတိုအားလုံးက ၎င်းတို့၏ဂိုဏ်းများမှ တပည့်စစ်အဆင့်ရှိ ကျွမ်းကျင်သူများဖြစ်သည်။ တပည့်စစ်တစ်ဦးမဟုတ်ပါက ဥယျာဉ်ပွဲတော်တွင် ပါဝင်ရန်ပင် အရည်အချင်းမပြည့်မီပေ။

ခေါင်းလောင်းသံမြည်သည်နှင့် ယွင်ယန်မင်းသမီး၏ ဥယျာဉ်ပွဲတော်သည် နောက်ဆုံးတွင် စတင်ခဲ့သည်။ အလင်းရောင်များသည် ကောင်းကင်ယံတွင် ဖြာထွက်နေကာ ပါဝင်ရန် အရည်အချင်းပြည့်မီသော ကျွမ်းကျင်သူများက ၎င်းတို့ပေါ်သို့ နင်းလိုက်ကြသည်။ ယွင်ယန်မင်းသမီး၏ စံအိမ်က မြို့ငယ်လေးနှင့်မဝေးပေ။ ကျယ်ဝန်းသော ဧရိယာ၌ ရှိ၍ သာယာလှပသော ရှု့ခင်းများလည်းရှိသည်။

တောင်များနှင့်မြစ်များသည် ခပ်ဝေးဝေး၌ရှိကာ သာယာလှပသည့်နေရာတစ်ခုကဲ့သို့ ထင်ရသည်။

ဥယျာဉ်ပွဲတော်ကို စံအိမ်တော်အလယ်ရှိ ဟင်းလင်းပြင်တွင် ကျင်းပခဲ့သည်။ အားလုံးက သုံးဦးမှ ငါးဦးအထိ အုပ်စုဖွဲ့နေကြကာ ၎င်းတို့ကို ဂိုဏ်းအမျိုးမျိုးနှင့် တပ်ဖွဲ့အမျိုးမျိုးအလိုက် အုပ်စုအမျိုးမျိုးခွဲထားသည်။

တရှကို ဂိုဏ်းကြီးဆယ်ဂိုဏ်းက ဦးဆောင်ထားသည်မှန်သော်လည်း ဂိုဏ်းအရေအတွက်က ဆယ်ခုထက် များစွာပိုသည်။ သို့သော် အခြေအနေက ရှုပ်ထွေးသည့်တိုင် ၎င်းတို့အားလုံးက ဧကရာဇ်နန်းတော်၏ အလံအောက်၌ စည်းလုံးနေကြသည်။

ချူးယွင်ဖန်းရောက်ရှိလာသောအခါ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်စစ်များနှင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းနှင့် ဆက်ဆံရေးကောင်းမွန်သော ဂိုဏ်းများမှ တပည့်အချို့စုဝေးခဲ့ကြသည်။ လူသုံးဆယ်မှ လေးဆယ်အထိရှိသည်။ ဤလောက၌ အစွမ်းသတ္တိကိုလေးစားကြသည်။ ချူးယွင်ဖန်းက ၎င်းတို့ထဲတွင် ပါရမီရှင်စာရင်း၌ အဆင့်သတ်မှတ်ခံထားရသည့် တစ်ဦးတည်းသောသူဖြစ်သည်။ ထိုအဆင့်က ယဲ့ယင်ကဲ့သို့သူပင် အစားထိုးမရသောအရာဖြစ်သဖြင့် သဘာဝကျစွာပင် ချူးယွင်ဖန်းက လူတိုင်း၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

၎င်းတို့က သူ့နောက်လိုက်များမဟုတ်ကြလျှင်ပင် သူ့အမိန့်အောက်၌ စုဝေးနေကြသည်။

ချူးယွင်ဖန်း၏ အဆင့်သတ်မှတ်ချက်က လွန်ခဲ့သော နှစ်များအတွင်း ပြောင်းလဲသွားပုံမပေါ်သော်လည်း သူ၏တိုးတက်မှုက ယဲ့ယင်ထက် အံ့သြဖွယ်ကောင်းသေးသည်။ ယဲ့ယင်က ဖန်ဆင်းရှင်အဆင့်သို့တက်လှမ်း၍ သူ၏တိုက်ခိုက်ရေးစွမ်းအင်က နောက်ထပ် ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သည့် ပြောင်းလဲမှုမျိုးမလုပ်နိုင်ပါက အကန့်အသတ်တစ်ခုသို့ရောက်နေပြီဖြစ်သော သူ့အတွက် ချူးယွင်ဖန်းနှင့်ရင်ဆိုင်ရန် အလွန်ခက်ခဲသွားလိမ့်မည်။

ကျန်ဂိုဏ်းကြီးဆယ်ဂိုဏ်းတွင် ၎င်းတို့၏ကိုယ်ပိုင်ဂိုဏ်းဂဏများရှိသည်။ သို့သော် ဤလူများထဲတွင် အကြီးဆုံးဂိုဏ်းဂဏနှစ်ခုရှိသည်။

၎င်းတို့ထဲမှ တစ်ခုမှာ ကျန်းဖုန်းနှင့် သူ၏မဟာမိတ်များ ဦးဆောင်သော မဟာယုံကြည်မှုဂိုဏ်းဖြစ်သည်။

မဟာယုံကြည်မှုဂိုဏ်း၏ ကျန်းဖုန်းကို ရင်ဆိုင်ရာတွင် အခြားလူတစ်စု ရှိသည်။ သူတို့ကို ငွေရောင်ဆံပင်ရှိသော လူငယ်တစ်ဦးက ဦးဆောင်သည်။ ထို ဆံပင်ဖြူဖြူများရှိသည့် လူငယ်က လက်နှစ်ဖက်ကိုနောက်တွင်ယှက်ကာ မှတ်တပ်ရပ်နေသည်။

ယင်းက ကံကြမ္မာဂိုဏ်းမှ ဟုယန်ကျိုး ဖြစ်သည်။

ထိုလူ၏ စရိုက်လက္ခဏာက ထင်ရှားသည်။ ဤပွဲတော်၌ ပါရမီရှင်စာရင်းက စုစုပေါင်း ပါရမီရှင်သုံးဦး ပါဝင်ခဲ့သည်။ ၎င်းတို့၏ အဆင့်များက မမြင့်မားလှသော်လည်း ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးထဲတွင် ပါရမီရှင်စာရင်းကို ဝင်ရောက်နိုင်သူများသည် သန်းပေါင်းများစွာသောလူများအနက်မှ ပြိုင်ဘက်ကင်းသူများဖြစ်ကြသည်။

ထို့အပြင် အလယ်ပိုင်းလွင်ပြင်တွင်မရှိသော ဂြိုလ်သားကျွမ်းကျင်သူများကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ အမှန်တကယ်တွင် ဤနှစ်ဦးသည် တရှ၏ လူငယ်မျိုးဆက်များကြားတွင် အရေပန်းအစားဆုံးဖြစ်သည်။

ထိပ်ဆုံးဆယ်ဂိုဏ်းစလုံးတွင် ပါရမီရှင်များစာရင်းတွင် ပါဝင်သော်လည်း ၎င်းတို့သည် ဤနေရာတွင် မရှိကြပေ။ ထို့ကြောင့် အားလုံးကို ချူးယွင်ဖန်း၊ ဟုယန်ကျိုး သို့မဟုတ် ကျန်းဖန်တို့က ဦးဆောင်ခဲ့သည်။

ချူးယွင်ဖန်းရောက်လာသည့်အခါ ဟုယန်ကျိုးက သူ့ကို တစ်ချက်သာကြည့်လိုက်သည်။ သူ့အတွေးကလည်း ကျန်းဖုန်း၏ အတွေးများနှင့်အတူတူပင်ဖြစ်ကာ သူသာ စည်းမကျော်လျှင် စည်းကျော်မည်မဟုတ်ပေ။ သို့သော် သူ၏ စွမ်းဆေင်ရည်က အံ့ဖွယ်ကောင်းနေလျှင်မူ ယင်းက အလွန်ကွာခြားသွားပေမည်။

အသက်အရွယ်ကွာခြားချက်က အရေးကြီးသည်။ ပုရွက်ဆိတ်များကို ကောင်းကင်က နတ်နဂါးများနှင့်နှိုင်းယှဥ်၍ မရနိုင်အောင် ကံကြမ္မာက အဆင့်သတ်မှတ်ထားသည်။ ချူးယွင်ဖန်းက ထိုမျဥ်းကို ဖြတ်ကျော်သွားသောအခါ ၎င်းတို့၏ ကျင့်ကြံမှုက မသိနိုင်သည့်အဆင့်သို့ရောက်သွားလိမ့်မည်။

လူတိုင်းက ၎င်းတို့သုံးဦးဆီသို့အာရုံစိုက်နေကြသည်။ ကျန်းဖုန်းက သေနေသောလူတစ်ဦးကိုကြည့်နေသည့်အလား ချူးယွင်ဖန်းကို အေးစက်စက်ကြည့်လိုက်သည်။

ရုတ်တရက် တစ်စုံတစ်ယောက်က "မင်းသမီး ယွမ်ယန် ရောက်ရှိလာပါပြီ" ဟု ကြေငြာလိုက်သည်။

လူတိုင်းက ကြည့်လိုက်သောအခါ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ယောက်က အိမ်ကြီး၏ အနက်ရှိုင်းဆုံးနေရာမှ ခြေလှမ်းကျဲကျဲနှင့်လျှောက်လာသည်ကိုတွေ့လိုက်ရသည်။

သူမ၏ ကျော့ရှင်းသော ခန္ဓာကိုယ်အချိုးအစား၊ လှပသော မျက်နှာသွင်ပြင်နှင့် နှင်းထက်ဖြူဖွေးသော အသားအရေကို ပိုင်ဆိုင်ထားသည်။

"မင်းသမီး ယွမ်ယန်!" ချူးယွင်ဖန်း၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။

မင်းသမီးယွင်ယန်သည် လှပသောဝတ်ရုံကို ဝတ်ဆင်ထားကာ ကြော့ရှင်း၍ မြင့်မြတ်သောပုံပေါက်သည်။ သူမတွင် သာမန်လူများမရှိသော မြင့်မြတ်သောအရှိန်အဝါရှိ၍ နဂါးအရှိန်အဝါအနည်းငယ်ပင်ရှိသည်။ ၎င်းကို အခြားသူများမမြင်အောင် ဖုံးကွယ်ထားနိုင်သော်လည်း ချူးယွင်ဖန်းထံမှ ဖုံးကွယ်၍မရပေ။ သူ့အမြင်တွင် မင်းသမီးယွင်ယန်၏ ဦးခေါင်းအထက်ရှိ ကံကြမ္မာသည် ရွှေရောင်နဂါးတစ်ကောင်ကဲ့သို့ ဖြစ်သည်။

ထိုအချက်က ချူးယွင်ဖန်းကို အံ့အားသင့်စေသည်။ အနာဂတ်ဘုရင်တစ်ပါး၏ ကံကြမ္မာကသာ ရွှေနဂါးတစ်ကောင်အဖြစ် ပေါ်လာနိုင်သည်ကို အားလုံးသိကြသည်။ ရှေးခေတ်က ဤသို့သောလူမျိုး မွေးဖွားလာသည်နှင့် အခြားမင်းသားများ၊ မင်းသမီးများသည် ၎င်းတို့နှင့်ယှဥ်ပြိုင်နိုင်ကြမည်မဟုတ်ပေ။

သို့သော် တရှ၌မူ ကွဲပြားသည်။ နိုင်ငံတော်၏ အမျိုးသားအင်အားသည် ရှေးခေတ်ကမ္ဘာထက် အဆတစ်ရာ ပိုမိုကြီးမားသည်။ ထို့ကြောင့် မင်းသားများနှင့် မင်းသမီးများစွာထဲတွင် ကံကောင်းနဂါးကို ဖွဲ့စည်းခဲ့သူ တစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသည်။ သို့သော် ၎င်းတို့အားလုံးသည် အတုအယောင်နဂါးများဖြစ်သည်။ နဂါးအမွေဆက်ခံစစ်ပွဲတွင် ထီးနန်းဆက်ခံခဲ့သော နောက်ဆုံးပုဂ္ဂိုလ်၏ ကံကြမ္မာသာလျှင် စစ်မှန်သောနဂါးအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

၎င်းတို့သည်ကား ကောင်းကင်ဘုံ၏ စစ်မှန်သော နဂါးကလေးဟုခေါ်ကြသူများဖြစ်ကြသည်။

အတုအယောင်နဂါးတစ်ကောင်သာဖြစ်သော်လည်း အလွန်အံ့အားသင့်စရာကောင်းလှသည်။ မင်းသမီးယွင်ယန်က ဤမျှအစွမ်းထက်သည်မှာ အံ့သြစရာမဟုတ်ပေ။ သူမသည် အခြားမင်းသားများနှင့် ယှဉ်ပြိုင်နိုင်ခဲ့သည်။ ဤအချက်ကပင် ထိုမင်းသမီးက သာမန်လူတစ်ဦးမဟုတ်ကြောင်း ပြသနေသည်။

မင်းသမီးကို မြင်သောအခါ လူတိုင်းက သူမကို နှုတ်ဆက်လိုက်ကြသည်။

ပြန်လည်နှုတ်ဆက်ပြီးနောက် မင်းသမီး ယွင်ယန်သည် လူအုပ်ရှေ့သို့ ရောက်ရှိလာကာ ၎င်းတို့ကိုကြည့်လိုက်သည်။

"ဒီမှာရှိတဲ့ လူတိုင်းက ကမ္ဘာကျော် သူရဲကောင်းတွေပါ။ ဒီနေ့ကျွန်မရဲ့အိမ်ကြီးကိုတက်ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်"

--

All Chapters