← Chapters

အခန်း ၁၈၇၁

Vol. 125 Ch. 1871

အခန်း ၁၈၇၁

Vol. 125 Ch. 1871

အခန်း(၁၈၇၁) ဘယ်သူက လည်စင်းလာခံတာလဲ

"ဒီအခွင့်အရေးကို အသုံးချပြီး ငါ့နိုင်ငံတော်ရဲ့ သူရဲကောင်းတွေနဲ့ တွေ့ဆုံချင်ခဲ့တာ။" မင်းသမီးယွင်ယန်က ချိုမြိန်စွာ ပြုံးလိုက်သည်။

သူမ၏ အပြုံးက နွေဦးရာသီ၌ နွေးထွေးသော အခန်းတစ်ခန်းကဲ့သို့ပင်ဖြစ်သည်။ ထိုနေရာ၌ရှိနေသော လူငယ်ပါရမီရှင်များစွာက သူမကို မကြည့်ဘဲမနေနိုင်ကြပေ။ ၎င်းတို့ထဲမှ အများစုက ၎င်းတို့၏ မျက်လုံးများတွင် လေးစားအားကျမှုအငွေ့အသက်များရှိနေကြသည်။ မင်းသမီးယွင်ယန်၌ တရှတစ်ခွင်တွင် လေးစားအားကျရသူများစွာရှိသည်။

"ဗိုလ်ချုပ်ကြီး ချူးနဲ့တွေ့ရတာ အထူးစိတ်လှုပ်ရှားမိပါတယ်။ ဗိုလ်ချုပ်ကြီး၊ ကျွန်မ ရှင့်အကြောင်း အများကြီးကြားဖူးပါတယ်။ စကြဝဠာအဆင့်ရဲ့ အထွတ်အထိပ်အောက်က ကျင့်ကြံမှုအခြေခံနဲ့ ပါရမီရှင်စာရင်းမှာ ပါဝင်နိုင်တဲ့ တစ်ဦးတည်းသောသူက ရှင်ပဲမဟုတ်လား။ အခု ရှင့်ကို မြင်တော့ ရှင့်ရဲ့ ဂုဏ်သတင်းတွေနဲ့ ထိုက်တန်တယ်ဆိုတာ ကျွန်မသိလိုက်ပါပြီ" မင်းသမီးယွင်ယန်က ချီးကျူးစကားများအပြည့်နှင့် ချူးယွင်ဖန်းကိုကြည့်လိုက်သည်။

ချူးယွင်ဖန်းသည် ထက်မြက်သော ဓားနှစ်ချောင်းကဲ့သို့ သူ့အပေါ်တွင် အကြည့်တစ်ခုရောက်နေသည်ကို ခံစားလိုက်ရသည်။ သူ လှမ်းကြည့်လိုက်လိုက်သည့်အခါ ယင်းကာ ကျန်းဖုန်းနှင့် ဟုယန်ကျိုးတို့ဖြစ်သည်။

ချူးယွင်ဖန်း ရုတ်တရက် နားလည်သွားသည်။ သူ့အပြင် ကျန်းဖုန်း သို့မဟုတ် ဟုယန်ကျိုးတို့သည် ပါရမီရှင်စာရင်းတွင် ကျွမ်းကျင်သူများအဖြစ် ၎င်းတို့သည် အလွန်ဂုဏ်ယူကြသည်။ ၎င်းတို့သည် လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်သော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ယခုအခါ ၎င်းတို့သည် မင်းသမီးယွင်ယန်၏ ဥယျာဉ်ပွဲတော်သို့ တက်ရောက်နေကြသည်။ ဆိုလိုသည်မှာ ၎င်းတို့တွင် အဆင့်အတန်း အတိုင်းအတာတစ်ခုရှိသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် စိတ်ဆန္ဒ အတိုင်းအတာတစ်ခုရှိသည်။

ထိုသို့ဖြစ်ရသည့်အကြောင်းက ၎င်းတို့နှစ်ဦးလုံးက မင်းသမီးယွင်ယန်ကိုကြိုက်နေကြသောကြောင့်ဖြစ်ကာ မည်သို့ပင်ဆိုစေကာမူ မင်းသမီးတွင် ခင်ပွန်းမရှိသေးပေ။ တရှ၏ တော်ဝင်မိသားစုက ဤကိစ္စ၌ အမြဲတစေ ပွင့်လင်းသည့်အမြင်ရှိကြသည်။ ဘုရင်က အမွေဆက်ခံသူများကို အိမ်ထောင်ပြုပေးရန် ဖြစ်နိုင်ခြေက အလွန်နည်းပါးသည်။ မင်းသားများနှင့် မင်းသမီးများသည် ၎င်းတို့၏ အိမ်ထောင်ဖက်များကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိသည်။

အဆုံးစွန်အားဖြင့်၊ တရှ၏ ဧကရာဇ်မိသားစုသည် အလွန်ဩဇာကြီးမားသောကြောင့် ၎င်းတို့၏အုပ်ချုပ်မှုကို တည်ငြိမ်စေရန် အိမ်ထောင်ရေးကို မှီခိုရန် မလိုတော့ပေ။ ဧကရာဇ်မိသားစုသည် သေခြင်းတရားကို မရှာဖွေသရွေ့ တရှ၏အုပ်ချုပ်မှုကို အခြားသူများ လှုပ်ခါရန် မဖြစ်နိုင်ပေ။

မင်းသမီးများစွာထဲတွင် မင်းသမီးယွင်ယန်က အကောင်းဆုံးများထဲမှ တစ်ဦးဖြစ်သည်မှာ သံသယဖြစ်ရန်ပင်မလိုပေ။ သူမသည် အလွန်ရေပန်းစား၍ လူသိများသော မင်းသမီးများထဲမှ တစ်ဦးဖြစ်သည်။ ပါရမီရှင်များဟု ဆိုကြသော မရေရမတွက်နိုင်အောင်များပြားလှသည့် ပါရမီရှင်များသည် မင်းသမီးယွင်ယန်ကို ၎င်းတို့၏ပစ်မှတ်အဖြစ် လျှို့ဝှက်စာရင်းသွင်းကာ အချင်းချင်း အင်အားကြီးမားသော ပြိုင်ဘက်များအဖြစ် သဘောထားကြသည်။

ချူးယွင်ဖန်းအပေါ် မင်းသမီးယွင်ယန်၏ ချီးကျူးစကားကြောင့် နှစ်ဦးလုံး ခြိမ်းခြောက်ခံရသည့်အလား ခံစားလိုက်ရသည်။ ၎င်းတို့က ချူးယွင်ဖန်းကိုပင် ပြိုင်ဘက်တစ်ဦးအဖြစ် ဆက်ဆံကြသည်။ ယခုတစ်ကြိမ်တွင် ကျန်းဖုန်းသာမက ဟုယန်ကျိုး၏ ချူးယွင်ဖန်းအပေါ် အကြည့်များသည်လည်း ရန်လိုသော အမူအရာသို့ ပြောင်းလဲသွားသည်။

သို့သော် ချူးယွင်ဖန်းက ဂရုမစိုက်ပေ။ သူသည် မင်းသမီးယွင်ယန်ကို မျက်လုံးချင်းတည့်တည့် ဆုံအောင်ကြည့်လိုက်သည်။ သူ ဤပွဲတော်ကို တက်ရောက်ရခြင်း၏ အကြောင်းရင်းမှာ တန်စီယူ၏ တည်နေရာကို သိရန်သာဖြစ်သည်။ တန်စီယုက ဘွဲ့ချီးမြှင့်ခံရကြောင်းသာ သူသိသော်လည်း သူမ၏ တည်နေရာအတိအကျကို မသိရှိခဲ့ပေ။ မင်းသမီးယွင်ယန်ထံမှ စုံစမ်းရန် လိုအပ်သည်။

"အရမ်းယဥ်ကျေးလွန်းနေပါပြီ အရှင့်သမီး" ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။

ချူးယွင်ဖန်းကို ချီးကျူးပြီးနောက် ယွင်ယန်မင်းသမီးက ကျန်းဖုန်းနှင့် ဟုယန်ကျိုးတို့ထံ လှည့်သွားသည်။ သူမသည် လူများစွာနှင့်အတူ စကားပြောကာ ရယ်မောနေခြင်းကိုကြည့်ရြခင်းကပင် နွေဦးလေပြေတွင် ရေချိုးနေရသကဲ့သို့ ခံစားရစေသည်။ ချူးယွင်ဖန်းက သက်ပြင်းမချဘဲမနေနိုင်တော့ပေ။ ထို့ကြောင့် မင်းသမီးယွင်ယန်က ဤမျှကြီးမားသော ဆူညံသံများကို ဖန်တီးနိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

သူမသည် လူကြိုက်များသော မင်းသားအနည်းငယ်နှင့် ယှဉ်နိုင်သော ဂုဏ်သတင်းကို ရရှိနိုင်သည့် သာမန်အမျိုးသမီးတစ်ဦး မဟုတ်ပေ။ ဤဥယျာဉ်ပွဲတော်၏ အဓိကအချက်မှာ ယွင်ယန်မင်းသမီးဖြစ်ကြောင်း သံသယဖြစ်ရန်မလိုပေ။

ပြင်းထန်သည့် ဆွေးနွေးမှုများအပြီးတွင် ထိုဥယျာဉ်ပွဲတော်၏ အဓိကအကြောင်းအရာသို့ရောက်လာသည်။ ပါရမီရှင်အများအပြားက စမ်းကြည့်ရန် ကြိုးစားခဲ့ကြသည်။ ယင်းက လေ့ကျင့်ရေးအစီအစဉ်တစ်ခုဖြစ်ကာ တိုက်ပွဲမှ သင်ယူခဲ့သည်များကို အတည်ပြုကြမည်ဖြစ်သည်။

၎င်းတို့၏ သက်ဆိုင်ရာ ဂိုဏ်းများတွင် အကောင်းတကာ့အကောင်းဆုံးများ တပည့်စစ်များဖြစ်ကြသည်။ ၎င်းတို့၏ ကျော်ကြားမှုက ၎င်းတို့၏ ဂိုဏ်းများ၌သာ မှန်လေ့ရှိသည်။ ရုတ်တရက် ပါရမီရှင်စာရင်းထဲ ပါလာသည့် ချူးယွင်ဖန်းကဲ့သို့လူတစ်ဦးသာ လူတိုင်း၏ကျော်ကြားမှုနှင့် လူသိမှုများလာနိုင်သည်။

အခြားသူများ နာမည်ကြီးချင်ပါက အလားတူအခါသမယများတွင် ၎င်းတို့၏အစွမ်းသတ္တိကို ပြသရန် ထိုသို့အခွင့်အရေးမျိုးကို အားကိုးရမည်ဖြစ်သည်။ ၎င်းတို့၏ ဂုဏ်သတင်းများ ကြီးထွားလာမည်ဖြစ်ကာ ထိုသို့သောအခြေအနေများတွင် ၎င်းတို့၏ ဂုဏ်သတင်းက ကြီးမြတ်လာလေလေဖြစ်၍ ဂိုဏ်းများ၏ ဧကရာဇ်နန်းတော်မှ ပို၍ အာရုံစိုက်ခံရလေလေဖြစ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့၏ အနာဂတ်က အကန့်အသတ်ရှိမည်မဟုတ်ပေ

လက်ရှိကမ္ဘာကြီးသည် ပြိုင်ဆိုင်မှုပြင်းထန်သော ကမ္ဘာကြီးတစ်ခုဖြစ်သည်။ ကျွမ်းကျင်သူများစွာက ယှဥ်ပြိုင်နေသည့် ရွက်လှေထောင်ပေါင်းများစွာနှင့်တူသည်။ ၎င်းတို့က မိမိ၏ အရည်အချင်းကို တကယ်ပြနိုင်မှသာ ဂိုဏ်း၏ တက်တက်ကြွကြွပျိုးထောင်မှုကို ရနိုင်သည်။

ပြုစုပျိုးထောင်မှုလမ်းကြောင်းက အရင်းအမြစ်အမျိုးမျိုး၏အထောက်အပံ့မရှိ၍ မရပေ။ ဂိုဏ်း၏ အပြည့်အဝ ပျိုးထောင်ပေးမှုနှင့် မိမိ၏ အပြင်းအထန်လေ့ကျင့်မှု မည်သည်က ပိုသာသနည်း။

မင်းသမီးယွင်ယန်သည် ဤငယ်ရွယ်သောပါရမီရှင်များကို စုစည်းကာ အသုံးဝင်သူများကို သူမ၏နောက်လိုက်များဖြစ်လာစေရန် ဥယျာဉ်ပွဲတော်တစ်ခုကျင်းပခြင်းဖြစ်ကာ ဤငယ်ရွယ်သောပါရမီရှင်များသည် ဤအခွင့်အရေးကို အသုံးချကာ နာမည်ကြီးလာလိုခဲ့ကြသည်။ ဤအတွေးအခေါ်ကြောင့်ပင် မင်းသမီးယွင်ယန်၏ နှစ်ပတ်လည်ဥယျာဉ်ပွဲတော်သည် ပိုမိုကြီးမားလာပြီး သူမ၏ဩဇာလွှမ်းမိုးမှုမှာ ဆက်လက်တိုးပွားလာခဲ့သည်။

သို့သော် မင်းသမီးယွင်ယန်က ဥယျာဉ်ပွဲတော်၏ လေ့ကျင့်ရေးအစည်းအဝေးကို တရားဝင်စတင်ကြောင်း ကြေငြာလိုက်သောအခါ ပထမဆုံးခုန်ဆင်းမည့်သူက ကျန်းဖုန်းဖြစ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။

"ချူးယွင်ဖန်း၊ မင်း အခု ငါ့ကို တိုက်ခိုက်ရဲလား" ကျန်းဖုန်းက ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်လိုက်သည်။

ဒါကြောင့် မူလက ကြိုးစားရန် စိတ်အားထက်သန်နေသည့် ပါရမီရှင်များစွာ အံ့သြသွားကြသည်။ ၎င်းတို့က ကျန်းဖုန်းကို တစ်ယောက်ပြီးတစ်ယောက်ကြည့်လိုက်ကြကာ ၎င်းတို့၏ မျက်လုံးများက အဓိပ္ပါယ်တစ်မျိုးတည်းသာဖြစ်နေသည်။

"ရူးနေလား။ အခု ဘယ်လိုထွက်သွားရမှာလဲ။"

ပုံမှန်အတိုင်း စင်မြင့်ပေါ်သို့တက်မည့် ပထမဆုံးလူအုပ်စုမှာ ကျင့်ကြံမှုအားနည်းသူများသာဖြစ်သည်။ ကျောက်စိမ်းကိုဆွဲဆောင်ရန် အုတ်ခဲများပစ်ပေါက်သည့်နည်းလမ်းတစ်ခုအနေဖြင့် ထိုစစ်မှန်သောကျွမ်းကျင်သူများလှုပ်ရှားသည့်အခါ ၎င်းတို့တွင် အခွင့်အရေးရှိမည်မဟုတ်ကြောင်းလည်း ၎င်းတို့၏နှလုံးသားထဲတွင် နားလည်ထားကြသည်။

ကျန်းဖုန်းကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူများသည် ငါးမျှားစင်ပေါ်၌ ထိုင်လေ့ရှိကြကာ လူတိုင်းက ၎င်းတို့၏ပွဲများပြီးမှသာ ပေါ်လာလေ့ရှိသည်။ ယင်းက ၎င်းတို့၏အဆင့်အတန်းနှင့် ကိုက်ညီကာ လူတိုင်းကို ဖျော်ဖြေရန် အခွင့်အရေးပေးခဲ့သည်။

သို့သော် ယခု ကျန်းဖုန်းက လေ့ကျင့်ရေးစသည်နှင့်တိုက်ခိုက်ချင်နေသည်။

ထိုအချိန်၌ ထိုလူများအားလုံးက ကျန်းဖုန်းကို ခါးခါးသီးသီးကြည့်နေကြကာ အလွန်စိတ်ဓာတ်ကျကာ သတ်သေချင်စိတ်ပါပေါက်နေသည်။ ၎င်းတို့ထဲမှ များစွာက စားသောက်ဆိုင်၌ ချူးယွင်ဖန်းနှင့် ကျန်းဖုန်းတို့၏ ပဋိပက္ခကို မှတ်မိကြသည်။ ယွင်ယန်မင်းသမီး၏ ဓားစောင့်တားတီးယက်စ်က ရုတ်တရက်ပေါ်လာကာ ၎င်းတို့ကို မနှောက်ယှက်ခဲ့ပါက ၎င်းတို့ တိုက်ခိုက်ခဲ့ကြပြီးဖြစ်လိမ့်မည်။

သို့သော် ကျန်းဖုန်းက စိတ်မရှည်စွာ ခုန်ထွက်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ သူသည် နောက်ထပ် မစောင့်လိုတော့ကြောင်း သိသာသည်။

လူတိုင်းက ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်ကြသည်။ တကယ့်ဆုံးဖြတ်ချက်က ချူးယွင်ဖန်းလက်ထဲ၌ဖြစ်ကာ မင်းသမီးယွင်ယန်၏ ဥယျာဉ်ပွဲတော်၌ ချူးယွင်ဖန်းက ဆန္ဒမရှိပါက ကျန်းဖုန်းပင် အတင်းအကျပ်တိုက်ခိုက်၍ မရပေ။

"ဘာလို့ ငါမရဲရမှာလဲ။ မင်းက လည်စဥ်းပေးနေမှတော့ ငါလည်း မင်းခေါင်းကိုဖြတ်ပေးရတာပေါ့” ချူးယွင်ဖန်းကအေးစက်စွာပြောလိုက်သည်။

--

All Chapters