အခန်း ၁၈၇၂
Vol. 125 Ch. 1872
အခန်း(၁၈၇၂) လက်သီးတစ်ချက်တည်းဖြင့် မသန်မစွမ်းဖြစ်ခြင်း
ပါရမီရှင်များ၏ တိုက်ပွဲ
အဆုံးသတ်ဖြစ်ရမည်ဟု လူများစွာကမမျှော်လင့်ထားကြပေ။ ထိုပါရမီရှင်များအားလုံး ကျိန်စာတိုက်ခိုက်လိုက်ရသည့်အလားခံစားလိုက်ကြရသည်။ ၎င်းတို့ ဤစည်းမျဥ်းများချိုးဖောက်သည့်သူမျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။
ထိုလူများ ရူးနေကကြသည်လော။
၎င်းတို့၏ ဂုဏ်သတင်းကို ဂရုမစိုက်ကြပေလော။
ချူးယွင်ဖန်းနှင့် ကျန်းဖုန်းတို့၏ တိုက်ပွဲတွင် မည်သူနိုင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ထိုကဲ့သို့သော စိတ်လှုပ်ရှားဖွယ်တိုက်ပွဲကို ကြုံတွေ့ပြီးနောက်တွင် မည်သူမျှ ၎င်းတို့ကဲ့သို့ သာမန်လူများကြား တိုက်ပွဲကို အာရုံစိုက်လိုစိတ် မရှိကြပေ။ သာမန်လူများ၏အမြင်၌ ၎င်းတို့အားလုံးကဒေသကို တုန်လှုပ်စေခဲ့သည့် ပါရမီရှင်များဖြစ်ကြသည်။ ဂိုဏ်းအသီးသီး၌ တပည့်စစ်များဖြစ်လာခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ပေ။ သို့သော် ၎င်းတို့နှင့် ပါရမီရှင်စာရင်းထဲမှ အရေးပါသူများကြား၌ ကြီးမားသော ကွာဟချက်တစ်ခုရှိနေသည်ကို ၎င်းတို့ ရှင်းရှင်းလင်းလင်းသိကြသည်။
သို့သော်လည်း သူတို့တွင် ပြောစရာစကား မရှိပေ။ ကျန်းဖုန်းနှင့် ချူးယွင်ဖန်း နှစ်ဦးစလုံးသည် ၎င်းတို့အား စော်ကားရန် တတ်နိုင်သူများ မဟုတ်ကြပေ။ လူများစွာ၏ နောက်ကွယ်မှ အပြစ်တင်ဝေဖန်မှုကို ခံခဲ့ရသော ချူးယွင်ဖန်းပင်လျှင် စကြဝဠာအဆင့်၏ အထွတ်အထိပ်ရှိ သာမန်ကျင့်ကြံသူများသည် သူ့နှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း လွန်ခဲ့သော တစ်နှစ်ကျော်က အစွမ်းသတ္တိအပြည့်ဖြင့် သက်သေပြခဲ့သည်။
"ကောင်းပြီ!" ကျန်းဖုန်းက ရယ်မော၍ လေထဲသို့ ပျံတက်သွားသည်။
လေထဲတွင် အတားအဆီးတစ်ခုရှိနေကာ ၎င်းက ဥယျာဥ်ပွဲတော်ရှိ ထိုပါရမီရှင်များအတွက် အထူးအသုံးပြုနို်ငမည့် နေရာလေးတစ်ခုကို သီးခြားဖန်တီးပေးသည်။ ကျန်းဖုန်းက ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် မူလက မြို့ငယ်လေးတွင်ရှိနေခဲ့ကာ ဥယျာဥ်ပွဲတော်တွင် မပါခဲ့သော ကင်းထောက်များနှင့် ကျွမ်းကျင်သူများသည် တိုက်ပွဲကို နောက်ဆုံး၌ မြင်နိုင်ခဲ့ကြရသည်။
သို့သော် ၎င်းတို့လည်း အနည်းငယ်အံ့သြသွားကြသည်။ ကျန်းဖုန်းက ပထမဆုံးတိုက်ပွဲတွင် အဘယ်ကြောင့် တိုက်ခိုက်ရမည်ကို သူတို့ နားမလည်ကြပေ။ ကျန်းဖုန်း၏ ပြိုင်ဘက်ကား မည်သူဖြစ်မည်နည်း။
သို့သော် မကြာခင်၌ပင် ၎င်းတို့၏ သံသယများ အဖြေရသွားသည်။ ချူးယွင်ဖန်းလည်း လေထဲသို့ ပျံတက်သွားသည်ကို ၎င်းတို့မြင်လိုက်ရသည်။ သူ အ တားအတဆီးထဲသို့ ဝင်သွားသောအခါ ကျန်းဖုန်နး၏ အရှိန်အဝါများပေါက်ကွဲသွားသည်။ သူက ပြိုင်ဘက်ကင်းသော ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါအဖြစ်ပြောင်းလဲတော့မည့် အင်မော်တယ်ဥတစ်လုံးကဲ့သို့ဖြစ်သည်။
အစောပိုင်းတိုက်ခိုက်မှုသည် ချူးယွင်ဖန်းကို ထိခိုက်မှုမရှိစေနိုင်သည့်အပြင် ချူးယွင်ဖန်းကြောင့်ပင် ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ချူးယွင်ဖန်း၏အစွမ်းသည် အလွန်ထူးခြားကာ သာမန်လူများနှင့် နှိုင်းယှဉ်၍မရကြောင်း ကျန်းဖုန်း နားလည်လာခဲ့သည်။
ဤတစ်ကြိမ်၌ ကျန်းဖုန်းက အမှန်တကယ်ပင် အထွတ်အထိပ်သို့ရောက်ရှိသွားပြီဖြစ်သည်။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အတားအဆီးအပြင်ဘက်က လူအများက ယင်းကို မခံစားရသော်လည်း ၎င်းတို့မြင်ခဲ့ရသည့် ထိတ်လန့်မှုကိုမူ ခံစားမိနေဆဲဖြသည်။
ဘမ်း
ကျန်းဖုန်းက သူ့ခြေထောက်ကိုဆောင့်နင်းလိုက်သောအခါ ကောင်းကင်တစ်ခုလုံး တုန်ခါသွားသည်။ ကံကောင်းထောက်မစွာဖြင့် အတားအဆီးတစ်ခုက ပိတ်ဆို့ထားသည်။ မဟုတ်ပါက ကမ္ဘာကြီးတစ်ခုလုံဂပပြိုကွဲသွားလိမ့်မည်။
"ဖန်ဆင်းရှင်အဆင့်! ဒါက ဖန်ဆင်းရှင်ရဲ့ စွမ်းအားပဲ”
မည်သည့် ပါရမီရှင်က အော်လိုက်သည်ကိုမသိရသော်လည်း လူတိုင်း၏ အတွေးများ ကျိုးပျက်သွားကြသည်။ ဖန်ဆင်းရှင်အဆင့်၏ စွ၎်းအားကို ထိုပါရမီရှင်များ မြင်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် ၎င်းတို့နှင့် မျိုးဆက်တူ ဖန်ဆင်းရှင်အဆင့်သို့ ရောက်သွားသူတစ်ဦးကိုမြင်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ တူညီသော မျိုးဆက်၌ ဖန်ဆင်းရှင်အဆင့်သို့ရောက်ရှိခဲ့သူ အနည်းငယ်သာရှိခဲ့သည်။
ထိုလူများသည် များသောအားဖြင့် အလွယ်တကူ တိုက်ခိုက်လေ့မရှိပေ။ အကယ်၍ တိုက်ခိုက်ခဲ့လျှင်ပင် ၎င်းတို့၏ အစစ်အမှန်အစွမ်းကိုထုတ်ဖော်ပြရန် လူအနည်းငယ်ကသာ ဖိအားပေးနိုင်လိမ့်မည်။ တိတိကျကျကပြောရပါက ထိုသို့သော မြင်ကွင်းမျိုးကို ၎င်းတို့ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
၎င်းတို့က ထိုစွမ်းအားနှင့် ခြေတစ်လှမ်းသာလိုတော့သော်လည်း ထိုအဆင့်ကိုဖြတ်ကျော်ရန် အရည်အချင်းပြည့်မီသူ အနည်းငယ်သာရှိသည်။ ၎င်းတို့က ပါရမီရှင်များနှင့် တပည့်စစ်များဖြစ်ကြသော်လည်း ၎င်းတို့ကြားမှ ကွာခြားချက်က ထင်ရှားသည်။
ပါရမီရှင်စာရင်းထဲက လူများစွာက ဖန်ဆင်းရှင်အဆင့်ကို ဝင်ရောက်နိုင်မည်ဆိုသည်က သေချာသလောက်ရှိ သော်လည်း အခြား တပည့်စစ်များက အတူတူဟု ပြော၍ မရပေ။ ၎င်းတို့ထြမှ အနည်းငယ်မျှသာ ဖန်ဆင်းရှင်အဆင့်ကို ဝင်ရောက်နိုင်မည်ဖြစ်ကာ ထို့ကြောင့်ပင်ကွာခြားချက်က ကြီးမားလာခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ကျန်းဖုန်းဆီသို့ စုပုံလာကာ သူ၏လက်သီးထဲသို့ တိုက်ရိုက်စီးဝင်နေသည်ကို လူတိုင်းမြင်နိုင်သည်။
"ဒါကြီးက အရမ်းကြောက်စရာကောင်းတာပဲ။ ကျန်းဖုန်းရဲ့အစွမ်းက စကြဝဠာအမြင့်ဆုံးအဆင့်တောင် ရှင်နိုင်မှာမဟုတ်ဘူး”
“ဒါက ကျန်းဖုန်းရဲ့တကယ့်အစွမ်းပဲ။ ချူးယွင်ဖန်းကြောင့် သူခုဏက ဒဏ်ရာရခဲ့တာ မတော်တဆဖြစ်မယ်”
"ဖန်ဆင်းရှင်ရဲ့ အစွမ်းသတ္တိဟာ စကြဝဠာထက်တောင် သာလွန်ပါသေးတယ်။"
သို့သော်လည်း မကြာမီတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူတို့ သဘောပေါက်သွားကြသည်။ ချူးယွင်ဖန်းသည် ကျန်းဖုန်း၏ ခွန်အားကို အထွတ်အထိပ်သို့ ရောက်စေရန် မြှင့်တင်နေသည်ကို ဂရုမစိုက်သကဲ့သို့ ကျန်းဖုန်းကို အေးစက်စွာ ကြည့်နေသည်ကိုသာ သဘောပေါက်လိုက်ကြသည်။
ချူးယွင်ဖန်းက နတ်ဆိုးတစ်ပါးအလား အေးစက်စွာ ရပ်နေခဲ့သည်။ သူက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကိုလည်း ထုတ်လွှတ်ခဲ့သည်။ ကြီးမားသော ဆူညံသံများ ပြုလုပ်ခဲ့သော ကျန်းဖုန်းနှင့်မတူဘဲ သူက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သော်လည်း အလွန်အံ့အားသင့်စရာ ကောင်းနေပြီ ဖြစ်သည်။
"ချူးယွင်ဖန်း၊ မင်းငါ့တိုက်ခိုက်မှုကို ချိုးဖျက်ပြီး ငါ့လက်ကို ဒဏ်ရာရစေခဲ့တယ်။ ဒါ ငါ့ အမြင့်ဆုံးတိုက်ခိုက်ရေးအစွမ်းလို့ ထင်နေရင် မင်း အရမ်းမှားနေပြီ” ကျန်းဖုန်းက ရယ်မော၍ လက်သီးတစ်ချက်ထိုးလိုက်သည်။
“မဟာယုံကြည်မှုပြောင်းလဲခြင်းလက်သီး”
ထိုတိုက်ခိုက်မှုက ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ပျံ့နှံ့ကာ ကမ္ဘာကြီးတစ်ခုလုံဂ ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ကြောက်မက်ဖွယ် လက်သီးစွမ်းအားက ၎င်းတို့အားလုံးကို ဖိနှိပ်ထားသည်။ ၎င်းတို့ကို အတားအဆီးနှင့်ခွဲထားသော်လည်း လူများစွာက မိမိတို့ပေါ်ရောက်လာသည် ထိုက်တောင်၏ ဖိအားကို ခံစားမိကြဆဲပင်ဖြစ်သည်။
ဖန်ဆင်းရှင်အဆင့်၏ အရှိန်အဝါသည် ထိုအစီအရင်ကို ဖြတ်သန်းသွားသောကြောင့် လူတိုင်းသည် ကြီးမားသောဖိအားကို ခံစားရသည်။ မဟာပြောင်းလဲမှုလက်သီးက ကျန်းဖုန်း၏ လက်ထဲ၌ အဆုံးစွန်ဆုံးအဆင့်သို့ ထုတ်လွှတ်ထားလျက်ရှိကာ အမှန်တကယ်ပင် ပြီးပြည့်စုံသောအဆင့်သို့ရောက်သွားသည်။
မရေမတွက်နိုင်အောင်များပြားသော လူများ အံ့သြသွားကြသည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းသောအ တိုင်းအတာတစ်ခုထိ အစွမ်းထက်သည်။ ကျန်းဖုန်း၏ ကျင့်ကြံမှုအဆင့်နှင့်ဆိုပါက အထွတ်အထိပ်အဆင့်သို့ရောက်သောအခါ မဟာယုံကြည်မှုဂိုဏ်းချုပ် သို့မဟုတ်တ အနည်းဆုံး ပထမအဆင့် အထွတ်အထိပ်အကြီးအကဲဖြစ်လာနိုင်ခြေရှိသည်။
ဤအချိန်တွင် ချူးယွင်ဖန်း လှုပ်ရှားလိုက်သည်။ သူ၏ လက်ငါးချောင်းကို လက်သီးအဖြစ် ဆုပ်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားက ပျံ့နှံ့သွားသည်။ စွမ်းအင်များသည် တိုင်တစ်တိုင်ကဲ့သို့ ပန်းထွက်လာသည်။ သူ ထိုးလိုက်သောအခါ လက်သီးစွမ်းအားသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
ချူးယွင်ဖန်း၏ လက်သီးချက်သည် လျှပ်စီးကဲ့သို့ မြန်ဆန်ကာ မဟာယုံကြည်မှု လက်သီးချက်ကို တိုက်ရိုက်ချိန်ရွယ်ထားသည်။ ထို့နောက် ရွှေရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွားသည်ကို လူတိုင်းမြင်တွေ့ခဲ့ရကာ ၎င်းကပင် မဟာယုံကြည်မှုပြောင်းလဲခြင်းလက်သီးကို ထိပ်တိုက် ထိုးနှက်လိုက်သည်။ ထို့နောက် မဟာယုံကြည်မှုလက်သီးတစ်ခုလုံးကို စုတ်ဖြဲကာ ကျန်းဖန်း၏ လက်သီးဆီသို့ တည့်တည့်ထိသွားသည်။
ဘမ်း
ကျန်းဖုန်း၏ လက်သီးက ရွှေရောင်အလင်းတန်းကို ထိမှန်သွားသည်။ ချက်ချင်းပင် လူတိုင်းက သူ့အော်သံကိုကြားလိုက်ကြရသည်။ ထို့အလင်းတန်းကြောင့်ပင် သူ့လက်တစ်ချောင်းလုံး ကျိုးသွားသည်။ ထိုရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းကို လူတိုင်းမြင်လိုက်ကြရကာ သေမတတ်ကြောက်လန့်သွားကြသည်။ ချက်ချင်းပင် တစ်နေရာလုံးတိတ်ဆိတ်သွားကြသည်။ လူတိုင်း၏ အသက်ရှုသံကိုပင် ကြားနေကြရ၏။ ၎င်းတို့ရှေ့မှ မြင်ကွင်းကိုစိုက်ကြည့်ကာ အားလုံး ကြောက်ရွံ့နေကြသည်။
"ဟင်-ဒါဘယ်လိုဖြစ်နိုင်မှာလဲ" တစ်စုံတစ်ယောက်က မှင်သက်စွာပြောလိုက်သည်။
--