← Chapters

အခန်း ၁၈၇၃

Vol. 125 Ch. 1873

အခန်း ၁၈၇၃

Vol. 125 Ch. 1873

အခန်း(၁၈၇၃) မင်းကိုတစ်ကွက်တည်းနဲ့ အနိုင်ယူပြီး ငါတို့ကြားက ကွာခြားချက်ကို ပြပေးမယ်

လူတိုင်း အံ့အားသင့်သွားကြသည်။ ဤအခြေအနေသည် ၎င်းတို့ မျှော်လင့်ချက်ထက် လုံးဝကျော်လွန်နေသည်။ ရလဒ်က ပြောင်းပြန်ဖြစ်နေလျှင်ပင် သူတို့ နားလည်နိုင်သေးသည်။ ကျန်းဖုန်းက ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ချူးယွင်ဖန်းက စကြဝဠာအဆင့်တွင်သာ ရှိနေသည်။ ၎င်းသည် ကျင့်ကြံမှုအဆင့် ကွာခြားချက်သာဖြစ်ဖြင့် တိုက်ပွဲစွမ်းရည် ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်သည်။

သို့သော်၊ ထိုသို့မဟုတ်ခဲ့ပေ။ ချူးယွင်ဖန်းသည် ကျန်းဖုန်း၏ လက်မောင်းတစ်ဖက်ကို တစ်ချက်တည်းဖြင့် ဖြတ်တောက်ပစ်လိုက်သည်။ ဤမြင်ကွင်းသည် လူတိုင်းတွေးနိုင်သော အတိုင်းအတာကို လုံးဝကျော်လွန်၍ အားလုံးကို အံ့သြစေခဲ့သည်။

ဤအချိန်တွင် လူတိုင်းက ချူးယွင်ဖန်း၏ ခံစားချက်ကင်းမဲ့၍ ဂရုမစိုက်သော အသွင်အပြင်ကို ကြည့်နေကြသည်။ အစကတည်းက ချူးယွင်ဖန်းသည် လူအများထင်ထားသကဲ့သို့ မဟုတ်ဘဲ တည်ငြိမ်ဟန်ဆောင်နေသည်ဟု ခံစားခဲ့မိကြသော်လည်း အမှန်တကယ်ပင် သူသည် အလွန် ခွန်အားကြီးမားသည်။ ဤလက်သီး၏ စွမ်းအားကို အစပိုင်းတွင် စိတ်ထဲမထားခဲ့သော ဟုယန်ကျိုးပင် သူ၏ အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။

"သခင်လေးဟုယန်၊ ဒီနှစ်ယောက်ထဲမှာ ဘယ်သူနိုင်မယ်လို့ မင်းထင်လဲ" မင်းသမီးယွင်ယန်က မေးလိုက်သည်။

ဟုယန်ကျိုးသည် မင်းသမီးယွင်ယန်၏ စကားများကို ကြားလိုက်ရသော်လည်း ချက်ချင်းဆုံးဖြတ်ချက်မချခဲ့ပေ။

"ချူးယွင်ဖန်းရဲ့ နောက်ခံအခြေအနေကို ကျွန်တော် မမြင်နိုင်ဘူး။ သူ့ကံကောင်းမှုတစ်ခုခု ကြုံတွေ့ခဲ့ရတာ ဖြစ်ရမယ်။ ဒါပေမယ့် စကြဝဠာအဆင့်က စကြဝဠာအဆင့်ပဲဆိုတော့ ဖန်ဆင်းရှင်အဆင့်ကို မရောက်သရွေ့ ဘာမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ကျန်းဖုန်းရဲ့ အစွမ်းက ဒီတစ်ခုတည်းနဲ့တင် အကန့်အသတ်မရှိပါဘူး”

ဟုယန်ကျိုး စဉ်းစား၍ ထိုသို့ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမည်သို့ပင်ကြည့်ကြည့် ကျန်းဖုန်းအနိုင်ရသင့်သည်။ ချူးယွင်ဖန်း အနိုင်ရနိုင်ခြေအလွန်နည်းပါးလှသည်။ သူက ထိုမျဥ်းကိုဖြတ်ကျော်ပြီးဖြစ်၍ ထိုကွာဟချက်ကိုသိသည်။

"ရှင်က သခင်လေးကျန်းကို အရမ်းယုံနေတာဆိုတော့ ကျွန်မက ချူးယွင်ဖန်းနိုင်မယ်လို့ လောင်းမယ်”

မင်းသမီးယွင်ယန်၏ စကားများက ဟုယန်ကျိုး၏ မျက်လုံးများကို အလင်းတစ်ခုဖြင့်လင်းသွားစေသည်။ သူသည် ချူးယွင်ဖန်းကို စူးရှသောအကြည့်ဖြင့် ကြည့်သည်။ ချူးယွင်ဖန်းကလည်း ဟုယန်ကျိုး၏ စူးရှသော အကြည့်ကို ခံစားမိသော်လည်း သူက လှောင်ပြောင်ရုံသာ ပြုံးလိုက်သည်။

ချူးယွင်ဖန်းသည် ကျန်းဖုန်းကို ဆက်လက်စိုက်ကြည့်နေပြီး အံ့သြတကြီးဖြင့် လျှာသပ်လိုက်သည်။ ကျန်းဖုန်းက ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိသွားသော ပါရမီရှင်တစ်ဦးအမှန်ပင်ဖြစ်သည်။ ဖန်ဆင်းရှင်အဆင့်သို့ မရောက်ရှိသေးသော ပါရမီရှင်စာရင်းရှိ အခြားပါရမီရှင်တစ်ဦးဦးဖြစ်ပါက သူ၏လက်သီးသည် ၎င်းတို့အား ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေရန် လုံလောက်သည်။

ဒုတိယအကွက်သုံးရန်မလိုဘဲ ၎င်းတို့ကို သတ်ပင်သတ်နိုင်လိမ့်မည်။ သို့သော် ယခုမူ သူက ကျန်းဖုန်း၏ လက်တစ်ဖက်ကိုသာ ဒဏ်ရာရစေခဲ့သည်။

သူ၏အတွေးများကိုသာ သိသွားပါက အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်သွားနိုင်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူက ပါရမီရှင်စာရင်းရှိ အလယ်အလတ်အဆင့်၌ရှိနေသူဖြစ်ကာ ဖန်ဆင်းရှင်အဆင့်သို့မရောက်သေးပေ။ ချူးယွင်ဖန်းက ကျန်းဖုန်း၏ လက်မောင်းကို တစ်ချက်တည်းဖြင့် ဒဏ်ရာရစေခဲ့သော်လည်း ကျေနပ်မှုမရှိသေးပေ။

“မင်းလည်စဥ်းလာခံတာလို့ ငါပြောသားပဲ" ချူးယွင်ဖန်းက အေးစက်စက်အပြုံးဖြင့် ပြောလိုက်သည်။

ကျန်းဖုန်း၏အကြည့်များ အလွန်အေးစက်နေသည်။ သူက ချူးယွင်ဖန်းကို စူးစူးရဲရဲကြည့်လိုက်သည်။

သူ့လက်မောင်းက တဂျွတ်ဂျွတ်မြည်သံများထွက်လာကာ ပျော့ခွေနေသော လက်မောင်းက ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော် သူ့အသက်ရှုသံက အနည်းငယ်တည်ငြိမ်ခြင်းမရှိပေ။

ချူးယွင်ဖန်းကို အနိုင်မယူနိုင်ရုံသာမက သူ့လက်မောင်းလည်း ဒဏ်ရာရခဲ့သည်။ ၎င်းက သူ့အတွက် အလွန်အရှက်ရဖွယ်ကောင်းလှသည်။

“မဟာပြောင်းလဲမှုလက်သီး”

ကျန်းဖုန်းက ထပ်မံ၍ အော်လျက်ပင် လက်သီးကို ဆုပ်လိုက်သောအခါ မရေမတွက်နိုင်အောင် များပြားလှသည့် ဝိဉာဥ်စွမ်းအင်များ သူ့လက်မောင်းပေါ်တွင်စုဝေးလာသည်။ ထို့နောက် သူ့နောက်၌ ဧရာမပုံရိပ်တစ်ခု မှုန်ဝါးဝါးပေါ်လာသည်။ ၎င်းသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့

စစ်မြေပြင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

"ဒါက မဟာပြောင်းလဲမှူလက်သီးရဲ့ ပေါ်လွင်မှုပဲ။ ဒီနည်းစနစ်ကို အဆုံးစွန်ထိ ကျင့်ကြံမှပဲ ပေါ်လွင်မှုကို နားလည်နိုင်မယ့် အခွင့်အရေးတစ်ခု ရှိလိမ့်မယ်။"

ဤမဟာယုံကြည်မှူဂိုဏ်း၏ တပည့်များသည် ထိုပုံရိပ်ကြီးကို ချက်ချင်းမှတ်မိသွားကြသည်။ ၎င်းသည်ကား မဟာယုံကြည်မှူဂိုဏ်း၏ ထင်ရှားပေါ်လွင်မှုဖြစ်သည်။ ဤတိုက်ခိုက်မှုကို အစွန်းရောက်စွာနားလည်မှသာ ကျင့်ကြံသူ၏ အယူအဆကို အမှန်တကယ်နားလည်မည်ဖြစ်၍ ဤပုံရိပ်ကို လက်တွေ့တွင် ပြန်လည်ဖော်ပြနိုင်မည်ဖြစ်သည်။

၎င်းသည်ကား မဟာယုံကြည်မှုဂိုဏ်း၏ တည်ထောင်သူ ဒဏ္ဍာရီလာ မဟာယုံကြည်မှုဂိုဏ်းနတ်ဘုရင်မှတပါး အခြားမဟုတ်ပေ။ ထိုစဥ်က မဟာယုံကြည်မှူဂိုဏ်းနတ်ဘုရင်က ကမ္ဘာကြီးကိုအောင်နိုင်ရန် အရပ်လေးမျက်နှာတွင် ရှုပ်ထွေးမှူများကို ငြိမ်သက်အောင်လုပ်ဆောင်ရန်နှင့် မဟာပြောင်းလဲမှုဂိုဏ်း၏ ကြီးကျယ်သော အုတ်မြစ်ကို တည်ထောင်ရန် တရှ၏ တည်ထောင်သူဘိုးဘေးနောက်သို့လိူက်ခဲ့သည်။ သူ့ကို ဂိုဏ်း၏ တည်ထောင်သူဟု ယူဆကြသည်။

ထိုခေတ်တွင် သူသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်း‌သော လူတစ်ဦးဖြစ်လာကာ မည်သူမျှ အနိုင်မရနိုင်သည့်နီးနီးပင်ဖြစ်သည်။ စစ်မြေပြင်၌ သူက ပြည်ခြားလူမျိူးများ၏ အစွမ်းထက်သော ရန်သူများစွာကို သတ်ဖြတ်ခဲ့သည်။ သူ၏ ဒဏ္ဍာရီများသည် ယနေ့အထိ တရှအတွင်းပျံ့နှံ့နေဆဲဖြစ်သည်။

ထိုလက်သီးသိုင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လေ၊ မဟာယုံကြည်မှုဂိုဏ်းနတ်တဘုရင်က ပိုမိုလက်တွေ့ကျလေဖြစ်သည်။ ယခုအချိန်တွင် ကျန်းဖုန်းက မဟာယုံကြည်မှုဂိုဏ်းနတ်ဘုရင်၏ အစောပိုင်းအဆင့်၌သာရှိသေးသည်။ သို့သော် သူ့အသက်အရွယ်တွင် သူ့ကို ရှားပါးသောပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။

‘သူက တကယ့်ပါရမီရှင်ပဲ’

မဟာယုံကြည်မှုလက်သီးကို လေ့ကျင့်ရာ၌ အကန့်အသတ်မရှိပေ။ တစ်နည်းအားဖြင့်ပြောရလျှင် မဟာယုံကြည်မှုနတ်ဘုရင်အဆင့်ထိ မည်သူမျှ လေ့ကျင့်နိုင်ခြင်းမရှိခဲ့သကဲ့သိူ့ ကန့်သတ်ချက်လည်းမရှိပေ။ လူတစ်ယောက်က ပိ၍ အစွမ်းထက်လေလေ ၎င်းတိူ့ကျင့်သုံးခဲ့သော မဟာယူံကြည်မှုလက်သီးက ပို၍ ကြောက်မက်ဖွယ်ကောင်းလေလေဖြစ်သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်သည် ရုတ်တရက် ချူးယွင်ဖန်းကို ဖိချလိုက်ပြီး သူ့ကို သေလုမတတ်ဖြစ်စေသည်။

၎င်းက ကျန်းဖုန်း၏ တကယ့် အားသာချက်ဖြစ်သည် မဟာယုံကြည်မှုနတ်ဘုရင်ကို နှိုးဆွပြီးနောက် သူအသုံးပြုခဲ့သည့် မဟာပြောင်းလဲမှုလက်သီး စွမ်းအားက နှစ်ဆတိုးလာသည်။ ကျွမ်းကျင်သူများကြားမှ တိူက်ပွဲတစ်ခု၌ အနည်းငယ်ကွာခြားခြင်းက ကြီးမားသော ခြားနားချက်ကို ဖြစ်စေရန် လုံလောက်သည်။ နှစ်တိူးလာသည်ကိ ထည်ပြောရန်ပင်မလိုပေ။ ကျန်းဖုန်း၏ မျက်နှာ၌ ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လွင်နေသည်။ ဤလှုပ်ရှားမှုသည် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေကာ ချက်ချင်းပင် အနိုင်ယူရန် လုံလောက်သည်။ ဟုယန်ကျိုး၏ အမူအရာပင် ပြင်းထန်လာသည်။ သူ့တွင် ထိုကဲ့သို့သော တိုက်ခိုက်မှုကို ခုခံရန် အခွင့်အရေး မရှိလှပေ။

"မင်းသမီး၊ ချူးယွင်ဖန်း အနိုင်ရလိမ့်မယ်လို့ ထင်နေတုန်းပဲလား" ဟုယန်ကျိုးက မေးလိုက်သည်။

"ကျွန်မ ယုံကြည်ပါတယ်။ ချူးယွင်ဖန်း အနိုင်ရလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်" မင်းသမီးယွင်ယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ရုတ်တရက် ချူးယွင်ဖန်းသည် ထိုပုံရိပ် ထုတ်လွှတ်လိုက်သော ကျန်းဖုန်းကို လှောင်ရယ်လိုက်သည်။

"ငါ မင်းကို တစ်ချက်တည်းနဲ့ အနိုင်ယူပြီး ငါတို့ကြားက ကွာဟချက်ကို ပြမယ်"

ချူးယွင်ဖန်းက စတင်လှူပ်ရှားလိုက်သည်။ ထို့နောက် သူသည် တောင်ပေါ်မှ ဆင်းလာသော ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ ခုန်တက်သွားသည်။ သူ့လက်ထဲတွင် မိုးကြိုးဓားတစ်ချောင်းကို ဆုပ်ကိုင်ထားသည်ဖြစ်ရာ ဓားအလင်းရောင်သည် ကောင်းကင်ယံတွင် ပျံ့နှံ့လျက် ပေတစ်ထောင်ကျော်သို့ ပျံ့နှံ့သွားသည်။ ထို့နောက် ချက်ချင်းပင် ၎င်းသည် မဟာပြောင်းလဲမှုနတ်ဘုရင်၏ ပုံရိပ်ကို လေထဲတွင် ထက်ခြမ်းခွဲလိုက်သည်။

ချက်ချင်းပင် ဓားအလင်းရောင်သည် လက်သီးအားကို ဖောက်ထွင်းကာ ကျန်းးဖုန်းပေါ်သို့ ကျရောက်သွားသည်။

ဘမ်း

ကျန်းဖုန်းက ဓားဖြင့်ထိုးခံလိုက်ရသည်။ ဓား၏အမြန်နှုန်းသည် အလွန်မြန်ဆန်လွန်းသဖြင့် သူထိုးခံရခြင်းမပြုမီ တုံ့ပြန်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။ သူသည် သွေးတစ်ပွက်အန်ထုတ်ကာ ကြိုးပြတ်နေသော စွန်တစ်စင်းကဲ့သို့ အဝေးသို့လွင့်စင်၍ မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူချက်ချင်းပင် ရှုံးနိမ့်သွား၏။

--

All Chapters