← Chapters

အခန်း ၁၈၇၄

Vol. 125 Ch. 1874

အခန်း ၁၈၇၄

Vol. 125 Ch. 1874

အခန်းး(၁၈၇၄) လူတိုင်း၏ ထိတ်လန့်မှု

ထိုတိုက်ခိုက်မှု၏ အမြန်နှုန်းက အလွန်မြန်လွန်းလှသဖြင့် လူများစွာက တုံ့ပြန်ရန် အချိန်ပင် မရှိခဲ့ကြပေ။ ယခင်က အလွန်မောက်မာခဲ့သည့် ကျန်းဖုန်းသည် တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့သည်။ ကျန်းဖုန်းက သွေးအန်ကာ ရှုံးနိမ့်သွားသည့်အခါမှသာ နောက်ဆုံးတွင် တုံ့ပြန်နိုင်ခဲ့ကြသည်။

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ လူတိုင်းသည် ပင့်သက်ရှိူကု်လိုက်ကြကာ ၎င်းတို့၏ မျက်ဆန်များ အနည်းငယ် ကျုံ့သွားကြသည်။ ဟုယန်ကျိုး၏ မျက်နှာအမူအရာပင် ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ်ပြောင်းလဲသွားသည်။ သူ့၌ ယခင်ကရှိခဲ့သော တည်ငြိမ်၍ ယုံကြည်မှုရှိသော အကြည့်မျိုး မရှိတော့ပေ။

မူလက သူသည် ချူးယွင်ဖန်းအကြောင်း မည်သို့မျှမတွေးခဲ့ပေ။ ချူးယွင်ဖန်းသည် ဖန်ဆင်းရှင်အဆင့်ကိုပင် မဖြတ်ကျော်ရသေးသော လူတစ်ယောက်သာ ဖြစ်သည်။ ၎င်းတိူ့အားလုံးက ပါရမီရှင်စာရင်းတွင် ပါဝင်နေသော်လည်း ပါရမီရှင်စာရင်း၏ အပေါ်နှင့်အောက်ရှိသူများသည် တစ်ဦးနှင့်တစ်ဦး လုံးဝကွဲပြားသည်။ ချူးယွင်ဖန်းသည် ပါရမီရှင်စာရင်း၏ ထိပ်ဆုံးသို့ရောက်ရှိခဲ့သည့် ပထမဆုံး ဖန်ဆင်းရှင်အဆင့်မဟုတ်သူဖြစ်သော်လည်း သူ့ကဲ့သို့သော ဖန်ဆင်းရှင်အတွက် အဓိပ္ပာယ်မရှိပေ။

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုက ကျန်းဖုန်းကိူ တိုက်ရိုက်ထိခိုက်စေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

ဟုယန်ကျိုးပင် ကျန်းဖုန်း၏ တိုက်ခိုက်မှုစွမ်းအားကို လျှော့တွက်၍မရပေ။

သို့သော်လည်း ဟုယန်ကျိုးက ငြိမ်သက်သွားသည်။

"ကျန်းဖုန်းက အရမ်းပေါ့ဆလွန်းတယ်။ ချူးယွင်ဖန်းက အားနည်းတယ်။ သူဘယ်လိုလုပ်လိုက်လဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့် ချူးယွင်ဖန်းက စစ်မှန်တဲ့ဖန်ဆင်းရှင်နဲ့ တိုက်ခိုက်တဲ့အခါ ကြာကြာမခံလောက်ဘူး"

ဟုယန်ကျိုးက ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။ ကျန်းဖုန်းသည် ချူးယွင်ဖန်းးကို အဘယ်ကြောင့်ရှုံးနိမ့်ခဲ့ရသည်ကို ဤအရာကသာ ရှင်းပြနိုင်သည်။ ဤအကြောင်းပြချက်ကသာ ကျိုးကြောင်းဆီလျော်သည်။ ဤအရာကို စဉ်းစားရင်း သူ့ကိုယ်သူ ယုံကြည်မှုပြန်ရလာသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ၏ခွန်အားက ချူးယွင်ဖန်းထက်သာလွန်နေသဖြင့် အဘယ်ကြောင့် ချူးယွင်ဖန်းကိူ ကြောက်နေရမည်နည်း။

သို့သော်လည်း ချူးယွင်ဖန်းသည် ကျန်းဖုန်းကို အစောပိုင်းတွင် ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပြီးဖြစ်သောကြောင့် ဟုယန်ကျိုးသည် ခဏတာမျှ တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့သည်။ သို့သော် သူသည် တိုက်ပွဲရာပေါင်းများစွာကို ကြုံတွေ့ခဲ့ရသော ပါရမီရှင်တစ်ဦးဖြစ်သောကြောင့် ချက်ချင်းပင် သူ၏ဉာဏ်ပညာကို ပြန်လည်ရရှိခဲ့သည်။ ချူးယွင်ဖန်းသာ ကျန်းဖုန်းကို အလွယ်တကူ အနိုင်ယူနိူင်ခဲ့ပါက အနည်းဆုံးအနေဖြင့် ပါရမီရှင်စာရင်းထဲမှ ထိပ်တန်းအဆင့်တချိူ့နှင့်နှိုင်းယှဥ်နိုင်မည်ဟု ဆိုလိုသည်မဟုတ်လော။

ဟုယန်ကျိုးသာမက ကျန်ရှိနေသည့် ရပ်ကြည့်နေသူများလည်း ချူးယွင်ဖန်းကိူ အံ့သြသွားကြသည်။ လူအများအပြားက ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို အထင်လွဲသွားသည်ဟုပင် ခံစားလိုက်ကြရသည်။

ချူးယွင်ဖန်း အစောပိုင်းက ပြသခဲ့သည့် ခွန်အားကြောင့် လူတိုင်း သံသယဝင်သွားကြသည်။ ယင်းက မည်သို့ဖြစ်နိုင်သနည်း။ ပါရမီရှင်များ၏တိုက်ပွဲက အလွန်ရိုးရှင်းသည်။ လက်တွေ့တွင် ကွာခြားသောအဆင့်တစ်ခု၌ရှိနေသည့် တည်ရှိမှုပင်ဖြစ်သည်။

ယခု အားလံးစဥ်းစားမိလိုက်ကြသောအခါ ချူးယွင်ဖန်းနှင့်တိုက်ခိုက်ရာ၌ ကျန်းဖူန်းက အစကတည်းက အားသာချက်မရှိဟု ထင်ရသည်။

ကျန်းဖုန်းက ပေါ့ပေါ့တန်တန် တိုက်ခိုက်ခဲ့သဖြင့် ချူးယွင်ဖန်းကို ရှုံးနိမ့်ခဲ့သည်ဟု လူများစွာက ခေါင်းမာစွာယုံကြည်နေကြသည်။

ကျန်းဖုန်းက ခဏတာပေါ့ဆမှုကြောင့် ရှုံးနိမ့်သွားသည်ဟု လူတိုင်းထင်ခဲ့ကြသည်။ ထိုအချိန်၌ ကျန်းဖုန်းအတွက် ဆင်ခြေရှာချင်လျှင်ပင် ရှာနိုင်မည်မဟုတ်တော့ပေ။ ၎င်းတိူ့၏ ခွန်အားက

ချူးယွင်ဖန်းနှင့် ကျန်းဖုန်းတမျှ မကောင်းလှသော်လည်း ၎င်းတို့၏အလားအလာများကောင်းသေးသည်။ ကံကောင်းသည်ဆိုသည်က အတိုင်းအတာတစ်ခုအထိ ၎င်းတို့ နားလည်ကြသည်။

သူ့ထက်ခွန်အားကြီးသောသူကို ကံကောင်းရုံဖြင့် အနိုင်ယူနိုင်လျှင်ပင် ရယ်စရာကောင်းနေပြီဖြစ်သည်။ ဖန်ဆင်းရှင်အဆင့်နှင့် စကြဝဠာအဆင့်များကြားကွာခြားချက်ကို ကံတစ်ခုတည်းဖြင့် ရှင်းပြ၍ မရတော့ပေ။

"ဒါက ချူးယွင်ဖန်းရဲ့ တကယ့် လျှို့ဝှက်ချက်လား"

"လွန်ခဲ့တဲ့တစ်နှစ်က သူအံ့သြဖို့ကောင်းတဲ့ကိစ္စကို ဖန်တီးခဲ့တယ်။ ဒါပေမယ့် လူတိုင်းက သူ့ရဲ့ အရှိန်အဝါ ပျောက်ကွယ်သွားပြီး သာမန်ပါရမီရှင်တစ်ယောက်ပဲ ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့ကြတဲ့အချိန်မှာပဲ သူက ပါရမီရှင်တစ်ယောက်ကို အရှက်ခွဲလို့ မရဘူးလို့ ထပ်ပြောပြန်တယ်။"

"မဆိုးပါဘူး၊ သူက အရမ်းသန်မာတယ်။ ကျန်းဖုန်းက သန်မာပေမယ့် ချူးယွင်ဖန်းနဲ့တော့ ယှဉ်လို့မရဘူး။"

လူတိုင်းက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ချူးယွင်ဖန်းကြောင့် အားလုံးနီးပါး အံ့အားသင့်သွားကြသော်လည်း မကြာမီတွင် ဟုယန်ကျိုး၏ စကားများကို ကြားလိုက်ရသည်။ သူတို့ သေချာစွာ စဉ်းစားကြည့်ကြသည်။ ဟုယန်ကျိုး၏ စကားများသည် အလွန်ကျိုးကြောင်းဆီလျော်သည်ဟုလည်း ခံစားလိုက်ကြရသည်။

ကျန်းဖုန်းက အလွန်ပေါ့ဆသွားလွန်းသည့်ပုံပေါ်သည်။

မင်းသမီးယွင်ယန်သည် ချူးယွင်ဖန်းကို ဂရုတစိုက်ကြည့်လိူက်သည်။ သူမ မည်သို့တွေးနေသည်ကို မည်သူမျှ မသိပေ။

ကျန်းဖန်း သွေးတစ်ပွက်အန်ထူတ်လိုက်သည်။ သူအတန်ငယ် သက်သာလာသော်လည်း အင်အားမစုစည်းနိုင်သေးပေ။ သူ၏ ရင်ညွန့်ရိုးလုံးဝ ကျိူးသွားသည်။ ကုသဆေးကိ ထုတ်ယူ၍ မျိုချရန်ပင် မနည်းကျိုးစားရသည်။ ထိုအခါမှသာ သူ့ဒဏ်ရာများ သက်သာလာ၏။

သို့သော်လည်း သူကျရှုံးသွားပြီဖြစ်ကြောင်း သူသိသည်။ ထိုတိုက်ခိုက်မှုက သူ့ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။ ယခု သူ သေလုမျောပါးအခြေအနေမှ နောက်ဆုံးတွင် လွတ်မြောက်သွားပြီဖြစ်သောကြောင့် ချူးယွင်ဖန်းနှင့် တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။ ကျန်းဖုန်း၏ မျက်လုံးများ၌ မယုံကြည်နိုင်မှုများ ဖြတ်ပြေးသွားသည်။ ချူးယွင်ဖန်းက အဘယ်ကြောင့် ဤမျှ အစွမ်းထက်ရသည်ကိူ သူနားမလည်နိုင်ပေ။

ချူးယွင်ဖန်းသည် သူ့လက်များကို နောက်ကျောတွင်ယှက်လျက် မတ်တပ်ရပ်နေသည်။ သူ၏ မိုးကြိုးဓားသည် သူ့ပတ်လည်တွင် လှည့်ပတ်နေကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို မှေးမှိန်စွာ ထုတ်လွှတ်နေသည်။ ဤအချိန်တွင် သူသည် ထိုတိုက်ခိုက်မှုမှ ထွက်ပေါ်လာသော စွမ်းအားများ ကင်းမဲ့နေ၍ မူလပုံပန်းသဏ္ဌာန်သို့ ပြန်ရောက်သွားပြီဖြစ်သည်။ ချူးယွင်ဖန်း၏ ခွန်အားသည် ရုတ်တရက် ပေါက်ကွဲသွားခြင်းလား သို့မဟုတ် ထိုမျှလောက် ခွန်အားရှိသည့် ကျန်းဖုန်းက ချူးယွင်ဖန်းအား သူ၏ စစ်မှန်သော ခွန်အားကို ထုတ်ဖော်ပြသရန် အတင်းအကျပ် မလုပ်နိုင်သောကြောင့် ကောင်းစွာ ဖုံးကွယ်ထားခြင်းလားဆိုသည်ကို မည်သူမျှ မပြောနိုင်ပေ။

ကျန်းဖုန်းအတွက် ယင်းက အကြီးအကျယ် အရှက်ကွဲမှူပင်ဖြစ်သည်။

ချူးယွင်ဖန်းကို ရှုံးနိမ့်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ယင်းမတိုင်မီက

ချူးယွင်ဖန်း၏ ခွန်နအား မည်မျှပင် သန်မာစေကာမူ စကြဝဠာအဆင့် အထွတ်အထိပ်၌သာရှိသေးသည်။ ထိုတိုက်ခိုက်မှု၏စွမ်းအားက စကြဝဠာအဆင့် အထွတ်အထိပ်သို့ကျော်လွန်သွားပြီဖြစ်သည်။ သို့သော် သူမစစ်ဆေးခဲ့သဖြင့် ချူးယွင်ဖန်း၏ထောင်ချောက်ထဲသို့ရောက်သွားခြင်းဖြစ်၏။

ရုတ်တရက် ချူးယွင်ဖန်းက ဟုယန်ကျိုးကို လှည့်ကြည့်လိုက်သည်။

"ဟုယန်ကျိုး၊ မင်းက အစကတည်းက ငါ့ကို မကျေမနပ်ဖြစ်နေတာ။ အဲ့လိုဆို မင်းလည်း လာပြီး ငါတို့ ဒီကိစ္စကို အဆုံးသတ်ရအောင်"

ချူးယွင်ဖန်း၏ စကားများသည် မြေပြိုမှုနှင့် ဆူနာမီကဲ့သို့ နောက်ထပ် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။

ကျန်းဖုန်းကို အနိုင်ယူပြီးခါစ ချူးယွင်ဖန်းက ဟုယန်ကျိုးကို စိန်ခေါ်နေခဲ့သည်။

‘သူတကယ်ပဲ အဲ့လောက် ယုံကြည်ချက်ရှိလား’

ကျန်းဖုန်းကို အနိုင်ယူရန်သုံးခဲ့သည့် နည်းလမ်းက ယာယီနည်းလမ်းမဟုတ်ဟုပင် ၎င်းတို့ ထင်ခဲ့ကြသည်။

သို့သော်လည်း မည်သူမျှ ချူးယွင်ဖန်း၏ မာနထောင်လွှားမှုအကြောင်း ပြောဆိုရဲခြင်း မရှိကြတော့ပေ။ ကျန်းဖုန်းကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သော ချူးယွင်ဖန်းသည် ထိုသို့ပြောဆိုရန် အရည်အချင်းများ အမှန်တကယ် ရှိသည်။

"တကယ့်ကို မာနကြီးတဲ့လူပဲ" ဟုယန်ကျိုးက အေးစက်စက် ရယ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် သူ၏ပုံရိပ်က မြေပြင်မှ ကျောက်တုံးတစ်တုံးကဲ့သို့ မြင့်တက်လာကာ ချူးယွင်ဖန်းရှေ့သို့ရောက်လာသည်။

--

All Chapters