အခန်း ၁၈၇၅
Vol. 125 Ch. 1875
အခန်း(၁၈၇၅) မင်းကိုယ်မင်း ဘယ်သူထင်နေလဲ
ဟုယန်ကျိုးသည် ချူးယွင်ဖန်းထံသို့ လျှောက်လာကာ သူ့ကို အေးစက်စက် စိုက်ကြည့်နေသည်။
"မင်းက ကျန်းဖုန်းကို အနိုင်ယူခဲ့တာ ငါ့ကိုလည်း တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား"
"မင်းစမ်းသပ်ပြီးရင် မင်းအဲ့လို လုပ်နိုင်တဲ့ စွမ်းရည်ရှိမရှိ သိလိမ့်မယ်" ချူးယွင်ဖန်းက ဟုယန်ကျိုးကို ကြည့်လိုက်သည်။
ဟုယန်ကျိုးက အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏ မှော်စွမ်းအင်များသည် နတ်ဆိုးမီးလျှံလှိုင်းများကဲ့သို့ ဆူပွက်လာသည်။ သူ၏ မှော်စွမ်းအင်များ လောင်ကျွမ်းလာကာ နှိုင်းယှဉ်၍မရသော ဖြစ်စဉ်တစ်ခု ပေါ်လာသည်။ သူသည် ရွှေရောင်နေနတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပနေပြီး သူ့ခန္ဓာကိုယ်သည်လည်း နေကဲ့သို့သော မီးလျှံများဖြင့် လောင်ကျွမ်းနေသည်။
သူ့အကြည့်များ အေးစက်ကာ မှောင်မိုက်လျက် ကမ္ဘာကြီးကို အထက်စီးမှ ငုံ့ကြည့်နေသည့် နတ်ဘုရားတစ်ပါးနှင့်တူသည်။
ဟုယန်ကျိုး မကြာသေးမီက ပြသခဲ့သော ခွန်အားသည် ကျန်းဖုန်းထက်ပင် ပိုမိုအားကောင်းသည်။ သူ၏ အဆင့်သတ်မှတ်ချက်သည် ကျန်းဖူန်းထက် များစွာမြင့်မားသည်။ မဟုတ်ပါက သူသည် ကျန်းဖုန်းထက် အဆင့်မြင့်သတ်မှတ်ခံရမည်မဟုတ်ပေ။
ကျန်းဖုန်းသာ ဖန်ဆင်းရှင်အဆင့်သို့ရောက်သွားပါက ဟုယန်ကျိုးသည် ဖန်ဆင်းရှင်အဆင့်၏ ပထမအဆင့် အထွတ်အထိပ်သို့ နီးကပ်နေပြီဖြစ်ကြောင်း ချူးယွင်ဖန်း သဘောပေါက်လိုက်သည်။
တစ်နှစ်တာအတွင်း သူ၏ ကျင့်ကြံမှုသည် အလွန်ကြီးမားသော တိုးတက်မှုကို ရရှိခဲ့သည်
ကံကြမ္မာဂိုဏ်းကဲ့သို့သော နေရာတွင် အထွတ်အထိပ်၌ အဆင့်သတ်မှတ်ခံရနိုင်သော လူအနည်းငယ်ထဲမှ တစ်ဦးအတွက် မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။ ဟုယန်ကျိုး၏ အနာဂတ်သည် အကန့်အသတ်မရှိပေ။
နှိုင်းယှဉ်ကြည့်လျှင် ချူးယွင်ဖန်းသည် များစွာတည်ငြိမ်နေပုံရသည်။ သူ၏နတ်စွမ်းအားးအားလုံးကို သူ့ခန္ဓာကိုယ်မှ ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် မိုးကြိုးဓားတစ်ချောင်းသာ သူ့ပတ်လည်တွင် လှည့်ပတ်နေသည်။ သို့သော်လည်း ချူးယွင်ဖန်းက ကျန်းဖုန်းကို လျပ်စီး၏အမြန်နှုန်းဖြင့် အနိုင်ယူပြီးနောက်တွင် မည်သူမျှ ချူးယွင်ဖန်းကို လျှော့တွက်ဝံ့ခြင်း မရှိပေ။
မြေပြင်ပေါ်တွင် ကျန်းဖုန်းက ကောင်းကင်တွင် ပျံသန်းနေသော လူနှစ်ဦးကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ မူလက သူသည် ဤဥယျာဉ်ပွဲတော်တွင် အာရုံစိုက်မှု ရရှိလာမည်ဖြစ်ပြီး မင်းသမီး ယွမ်ယန်၏ ကြင်ယာတော် ဖြစ်လာရန်ပင် မျက်နှာသာပေးခံရနိုင်သည်ဟု ထင်ခဲ့သည်။
ထို့နောက် သူသည် ထိုထိပ်တန်းပါရမီရှင်များကို ကျော်လွှားကာ မဟာယုံကြည်မှုဂိုဏ်း၏ စစ်မှန်သော အုပ်စိုးရှင် ဖြစ်လာနိုင်သည်။ တိုက်ပွဲသည် စတင်နေပြီဖြစ်ကာ ဥယျာဉ်ပွဲတော်၏ အစတွင်ပင် သူ ဖယ်ရှားခံလိုက်ရမည်ဟုမည်သူသိမည်နည်း။ သူ့တွင် သူ၏အစွမ်းသတ္တိကို ပြသရန် အခွင့်အရေးမရှိခဲ့ဘဲ သူ၏အစွမ်းသတ္တိကို ပြသရန်ပင် အခွင့်အရေးမရှိလိုက်ပေ။
အဆုံးမရှိ အရှက်ရမှုများရှိခဲ့သည်။
အထက်ဖော်ပြပါ လူနှစ်ဦးစလုံးသည် သူ၏ အကြီးမားဆုံးပြိုင်ဘက်များအဖြစ် သတ်မှတ်ခံရသူများဖြစ်သည်။ ၎င်းတို့ နှစ်ယောက် ရှုံးနိမ့်ရန် သူ မစောင့်နိုင်တော့ပေ။ အထူးသဖြင့် သူ့ကို ဤကဲ့သို့ အဆုံးသတ်စေခဲ့သော ချူးယွင်ဖန်းကိုမူ အလွန်မုန်းတီးသဖြင့် အံကြိတ်ကာ ဒေါသပင် မထိန်းနိုင်တော့ပေ။
သူကအတွေးများနယ်ချဲ့နေချိန်၌ လူတိုင်းက အသက်ပင်မရှုနိူင်ကြတော့ဘဲ ပေါက်ကွဲတော့မည့် မကြုံစဖူးတိုက်ပွဲကို အာရုံစိုက်နေကြသည်။
"ဟား!"
ဟုယန်ကျိုးက ကျယ်လောင်စွာအော်လိုက်သည်။ နောက်ဆုံးတွင် သူသည် ဆက်လက်၍ မခံနိုင်တော့ဘဲ တိုက်ခိုက်လိုက်သည်။ သူ၏နတ်စွမ်းအားးသည် အဆုံးစွန်အထိ မြင့်တက်လာသည်။ အဆုံးမဲ့နတ်စွမ်းအားသည် ချက်ချင်းပင် လေထဲသို့ ပျံ့နှံ့သွားသော ခမ်းနားထည်ဝါသော နတ်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့နောက်တွင် မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော ပညာရှင်တစ်ဦး၏ အရိပ်အယောင် ပေါ်လာသည်။ လူတိုင်းသည် ဤပညာရှင်အပေါ်တွင် ကံကြမ္မာ၏ အရှိန်အဝါကိုပင် ခံစားမိကြသည်။ အဆုံးမဲ့ကံကြမ္မာသည် ၎င်းတို့အပေါ်သို့ ပေးအပ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
ဤသည်မှာ ကံကြမ္မာဂိုဏ်း၏ စစ်မှန်သော အဓိက နည်းပညာတစ်ခုဖြစ်သည်။ ကံကြမ္မာဂိုဏ်းသို့ ဝင်ရောက်နိုင်သူများအားလုံးသည် ပါရမီရှင်များမှ ပါရမီရှင်များဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်ဘုံမှ ကောင်းချီးပေးခံကာ ပြိုင်ဘက်ကင်းကြသည်။
ဟုယန်ကျိုးက ချူးယွင်ဖန်းကို ကြီးမားသော စွမ်းအင်လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ၎င်းသည် ကောင်းကင်ယံအထိ ရောက်ရှိနေသော အဆုံးမဲ့ ကံကြမ္မာအရှိန်အဝါတစ်ခုဖြစ်သည်။ ဤစွမ်းအင်လက်တစ်ဖက်တွင် ယှဉ်နိုင်စရာမရှိအောင် သိပ်သည်းသော နတ်စွမ်းအားတစ်ခု ပါဝင်သည်။ ၎င်းသည် ဖန်ဆင်းရှင်အဆင့်၏ အထွတ်အထိပ်ရှိ ပညာရှင်ဒါဇင်ပေါင်းများစွာ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် ညီမျှသည်။
ခဏတာအတွင်း၌ပင် လက်က ချူးယွင်ဖန်းကို ဆုပ်ကိုင်လိုက်ရာ သူ မလွတ်မြောက်နိုင်သကဲ့သို့ ရှောင်လွှဲမရနိုင်သည့် ကြောက်မက်ဖွယ် ခံစားချက်ကို ခံစားလိူက်ရသည်။ အမှန်တကယ်ပင် သူ့ကံကြမ္မာက ဟုယန်ကျိုး၏လက်ထဲ၌ ရှိနေသည့်အလားထင်ရသည်။
"ကံကြမ္မာဂိုဏ်းက ကျွမ်းကျင်သူတစ်ယောက်ဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒါက ကံကြမ္မာဂိုဏ်းရဲ့ တိုက်ပွဲစည်းချက်ပဲကွ” လူတစ်ဦးက အော်လိုက်သည်။
လူတိုင်းက ဟုယန်ကျိုးနှင့် ယခင်က တိုက်ခိုက်ဖူးခြင်းမရှိသော်လည်း ကံကြမ္မာဂိုဏ်းမှ အခြားပညာရှင်များနှင့် မတိုက်ခိုက်ဖူးဟု မဆိုလိုပေ။
"ဟုတ်တယ်။ ဒါက ကံကြမ္မာဂိုဏ်းရဲ့ စွမ်းအားပဲ။ မင်းရဲ့ကံကြမ္မာက သူတို့လက်ထဲမှာ ရှိနေသလိုပဲ။ သူ့ရဲ့ လက်ငါးချောင်းထဲကို မင်းရောက်သွားသလိုပဲ။ ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ကံကြမ္မာဂိုဏ်းဟာ ကမ္ဘာပေါ်၌ ထိပ်တန်းဂိုဏ်းဖြစ်၍ အင်အားအရ ၎င်းတို့သည် ဂိုဏ်းအမျိုးမျိူးထဲ၌ အကောင်းဆုံးဖြစ်သည်။
ကံကြမ္မာဂိုဏ်းမှ ထွက်ခွာသွားသော တပည့်များသည် အခြားဂိုဏ်းကြီးဆယ်ဂိုဏ်းမှ အဆင့်တူ တပည့်နှစ်ဦး သို့မဟုတ် အများအပြားကိုပင် အနည်းဆုံး တိုက်ခိုက်နိုင်သည်ဟူသော ဆိုရိုးစကားတစ်ခုပင် ရှိခဲ့သည်။ သူတို့သည် ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းမှ တပည့်များ မဟုတ်ပါက ကံကြမ္မာဂိုဏ်း၏ တပည့်များအတွက် မည်သည့်ခြိမ်းခြောက်မှုမျှ ဖြစ်လာနိုင်မည်မဟုတ်ပေ။
၎င်းတို့ရှေ့၌ ထိပ်တန်းကျွမ်းကျင်သူများသည်ပင် မည်သည့်အဓိပ္ပါယ်မျှမရှိပေ။ အဆင့်တူ ကျွမ်းကျင်သူမည်မျှပင်ရှိစေကာမူ ၎င်းတို့ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။ တစ်ဦးချင်းတိုက်ပွဲဖြစ်စေ၊ အုပ်စုလိုက်တိုက်ပွဲဖြစ်စေ ၎င်းတို့သည်ပြိုင်ဘက်ကင်းသလောက်နီးနီးပင်ဖြစ်၏။
ကံကြမ္မာဂိုဏ်းမှ ကျွမ်းကျင်သူများက ကံကြမ္မာဂိုဏ်း၏ ဒေါသကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်ဟု ဆိုကြသည်။ လူသားများသည် ကောင်းကင်ကို တိုက်ခိုက်နိုင်သည်လော။
လုံးဝမတိုက်ခိုက်နိုင်ခြင်းမျိုးတော့မဟုတ်ပေ။
ထို့ကြောင့် အခြားဂိုဏ်းများသည် ကံကြမ္မာဂိုဏ်း၏ ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။
"ချူးယွင်ဖန်း၊ ငါမင်းရဲ့ကံကြမ္မာကို မြင်တွေ့ပြီးပြီ။ မင်းကို ငါ့လက်ချက်နဲ့ အနိုင်ယူရလိမ့်မယ်။" ဟုယန်ကျိုး၏ မျက်နှာအမူအရာက အေးစက်နေကာ သူ့မျက်လုံးများက သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် တောက်ပနေသည်။ သူ့အသံက ယှဉ်နိုင်စရာမရှိအောင် အေးစက်နေသည်။
"ဘာ ကံကြမ္မာလဲ။ ငါတို့လို ကျင့်ကြံသူတွေက ကျင့်ကြံမှုနဲ့ ပတ်သက်လာရင် ကောင်းကင်ဘုံကို ဆန့်ကျင်ကြတယ်။ ကောင်းကင်ဘုံတောင်မှ ငါ့ ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး၊ ဒါဆို မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ"
ချူးယွင်ဖန်းက ထိုသိူ့ ဖိအားမျိုးကို ဂရုမစိုက်ပေ။ လှောင်ပြောင်ရုံသာ လှောင်ပြောင်လိုက်သည်။ ခဏတာအတွင်း၌ပင် သူ၏ ဓားမှ အလင်းရောင်များ ဖြာထွက်လာသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်၌ မိုးကြိုးဓားခုနစ်ချောင်း ဖြစ်ပေါ်လာသည်။ မိုးကြိုးစွမ်းအားများ လုံးလုံးလျားလျား စုဝေးလာ၏။
ဓားတိုင်းသည် မိုးကြိုးအလင်းဖြင့် တောက်ပနေကာ ရန်သူအားလုံးကို သုတ်သင်ရှင်းလင်းလိုက်သည်။
ဝှစ်ရှ်!
လျှပ်စီးဓားများ ချက်ချင်းပင် ပျံ့နှံ့သွားကာ ကောင်းကင်ယံကို ဖြတ်၍ ကြီးမားသော လက်မောင်းကို တည့်တည့် ထိုးစိုက်သွားသည်။
ဘမ်း
ချူးယွင်ဖန်း၏ဓားသည် ကြီးမားသောလက်မောင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။ လူတိုင်းရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော ကြီးမားသောလက်သည် လေထဲသို့ ပြိုလဲသွားပြီး လူတိုင်းရှေ့တွင် ကွဲကြေသွားသည်။ ခဏတာအတွင်း၌ပင် လွန်ခဲ့သောအခိုက်အတန့်က လူတိုင်းကို ဖိနှိပ်ထားခဲ့သည့် ကြောက်မက်ဖွယ်လက်ကြီးက ၎င်းတို့၏ ကံကြမ္မာကို ထိန်းချုပ်ထားသည့်အလား ခံစားလိုက်ကြရကာ အရပ်အဘက်ဘက်သို့ ပျံ့နှံ့သွားသည့် ကြောက်မက်ဖွယ် တုန်ခါမှုလှိုင်းလုံးအဖြစ်ပြောင်းလဲသွားသည်။
"ဒါက မိုးကြိုးခရမ်းဓားဂိုဏ်းရဲ့ အဆုံးစွန်ဆုံးနည်းစနစ်လား။ သူတို့ ဒီလောက်မောက်မာတာ အံ့သြစရာမရှိဘူး။ ဒါပေမယ့် ဘာအသုံးဝင်လို့လဲ။ မိုးကြိုးခရမ်းဓားဂိုဏ်းက အဆင့်အမြင့်ဆုံးမှာရှိတဲ့လူတွေတောင် ငါ့ကံကြမ္မာဂိုဏ်းက အနိုင်ယူနိုင်ခဲ့တာပဲ” ဟုယန်ကျိုး၏ မျက်လုံးများသည် တောက်ပသောအလင်းရောင်ဖြင့် လက်ခနဲလင်းလာသည်။
--