← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁) အစ်ကိုကြီး၏ အမျိုးသားအချစ်ရေးရှုပ်ထွေးမှုများ

"ရှောင်မိန်... အဟွတ် အဟွတ်... သခင်မလေးကျန်း... ဒီနေရာမှာ ဝင်ထိုင်လို့ ရမလား..."

ယွင်ဟွားသည် အနီးသို့ တိုးကပ်သွားပြီး သူမ၏ မျက်လုံးများက ချက်ချင်းပင် အရောင်လက်သွားလေသည်။

"အိုး... နောက်ထပ် လှပတဲ့ မိန်းမပျိုလေးတစ်ဦးပါလား... ငါ့အကြိုက်ပါလား... ဒီမျက်နှာ... ဒီခန္ဓာကိုယ် အချိုးအစားက... ငါ့အစ်ကိုကြီးတော့ ကံကောင်းနေပြီ... ဟီးဟီးဟီး..."

ကျန်းစီကျင်းသည် ဤစကားများကြောင့် အလွန်ရှက်ရွံ့သွားပြီး ဘေးသို့ တိုးဖယ်ပေးကာ ပြောလိုက်၏။

"မင်းသမီး... ထိုင်ပါ..."

"အိုးမိုး... အသံလေးကလည်း သာယာလိုက်တာ... အစ်ကိုကြီးအတွက် ဖြစ်နေတာက နှမြောစရာပဲ... မဟုတ်ရင် ငါက ဒုတိယအလှမယ်လေးကို သူ့ကို ဆန့်ကျင်လာအောင် လုပ်ပစ်ချင်လိုက်တာ..."

ကျန်းစီကျင်းသည် ယွင်မိသားစုနှင့် ယခင်က အဆက်အသွယ် မရှိခဲ့ဖူးသဖြင့် ခဏတာမျှ မည်သို့ပြောရမည်ကို မသိဖြစ်သွားသည်။ သူမသည် ယွင်ချင်းမော့အား အလိုအလျောက် လှမ်းကြည့်လိုက်မိရာ ထိုသူနှစ်ဦး အကြည့်ချင်းဆုံသွားသည်ကို ယွင်ဟွားက ဖမ်းမိသွားလေသည်။

"ဟီးဟီး... ရှင် ငါ့အစ်ကိုကြီးကို သဘောကျနေတာမလား..."

"အနာဂတ်ယောင်းမ... အကယ်၍ သူ ရှင့်ကို အနိုင်ကျင့်ရင် ငါ့ကိုသာ ပြောလိုက်ပါ... သူ့ကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီ ပို့ပေးလိုက်မယ်..."

ယွင်ဟွားက တိုက်ရိုက်ပင် မေးချလိုက်သဖြင့် ကျန်းစီကျင်းမှာ ရုတ်တရက် အကြည့်လွှဲသွားရလေသည်။ သူမ၏ လက်ငယ်လေးများသည် မည်သို့လုပ်ရမည်ကို မသိဖြစ်ကာ သူမရှေ့ရှိ အစားအသောက်များ အားလုံးကို ယွင်ဟွားဘက်သို့ တွန်းပို့ပေးလိုက်၏။

"မင်းသမီး... ရှင်... ရှင် ပိုစားသင့်တယ်..."

ယွင်ဟွားက ရယ်မောလိုက်ပြီး မီးလောင်ရာလေပင့် ပြောလိုက်ပြန်သည်။

"ရှင့်အပေါ်ထားတဲ့ ငါ့အစ်ကိုကြီးရဲ့ အကြည့်တွေက တောင့်တမှုတွေနဲ့ ပြည့်လျှံနေတာပဲ.."

ဘုန်း ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။

ကျန်းစီကျင်း၏ မျက်နှာမှာ အလွန် နီမြန်းသွားကာ မှည့်ရင့်နေသည့်အလား ဖြစ်သွားလေသည်။

"ရှောင်ဟွားဟွား... အလှလေးကို စနောက်နေတာ ရပ်လိုက်တော့... နင့်အစ်ကိုကြီး မီးတောင်မှုတ်တော့မှာကို နင် မမြင်ဘူးလား..."

သေခြင်းရှင်ခြင်းစာအုပ်က ယွင်ချင်းမော့အား တစ်ချက်ကြည့်လိုက်ပြီး တိုးတိတ်စွာ ပြောလိုက်၏။

လူတိုင်းက သူတို့၏ ရယ်မောချင်စိတ်ကို မြိုသိပ်ထားကြသည်။ သခင်မများသည် အတွေ့အကြုံရှိသူများဖြစ်ကြပြီး ဤလူငယ်များကို နားလည်ပေးကြလေသည်။

ဘာကို ကြောက်စရာရှိမည်နည်း။

တရားသူကြီးစုတ်တံလေးက သူ၏ ခေါင်းလေးကို မော့ကာ ပြောလိုက်သည်။

"သူက မီးမှုတ်ရဲတယ်လား... အလှလေးကို မြှူဆွယ်ပြီး သူ့ကို ငိုအောင် လုပ်ပစ်ကြစို့..."

"ငါ့ရဲ့ပန်းကလေးက နောင်အနာဂတ်မှာ အလှလေးတွေကိုသာမက ချောမောတဲ့ ကောင်လေးတွေကိုပါ မြှူဆွယ်လိမ့်မယ်... ဧကရာဇ်ရဲ့ မောင်းမဆောင်ထက် ပိုကြီးမားတဲ့ ပန်းမောင်းမဆောင်ကြီး တစ်ခု တည်ဆောက်ကြစို့..."

ယွင်ဟွားက ပြုံးလိုက်ပြီး ပြန်ဖြေလေသည်။

"အင်း... ငါ စဉ်းစားကြည့်မယ်.. လူတိုင်း ဧကရာဇ် ဖြစ်ချင်ကြတာ မဆန်းဘူးပဲ... အလှလေးတွေ ဝန်းရံနေလို့ကိုး.."

နေ့စဉ်နေ့တိုင်း ရုပ်ရည်ချောမောသူများကို မြင်တွေ့နေရခြင်းက ဘဝကို ခံစားခြင်းပင်ဖြစ်သည်ဟု ယွင်ဟွားက ခံစားလိုက်ရသည်။

ဧကရာဇ်ဝမ်ရွှမ်းမှာ ဆွံ့အသွားလေသည်။

နန်ကုန်းယွမ်က သူ၏ မျက်နှာကို တိတ်ဆိတ်စွာ စမ်းသပ်လိုက်၏။

သူသည် ဤဝိုင်းရံထားမှုကြီးကို ဖောက်ထွက်နိုင်မည်ဟု ခံစားလိုက်ရသည်။

"စကားမစပ်..."

ယွင်ဟွားက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် စကားတစ်ခွန်းကို ပြောချလိုက်သည်။

"ရှောင်ရှူးရှူး... ငါ့အစ်ကိုကြီးက နေ့တိုင်း စာလုပ်ဖို့ အလုပ်ရှုပ်နေတာ မဟုတ်လား... ဒါဆိုရင် ကျန်းမိသားစုက မိန်းကလေးနဲ့ ဘယ်လိုပတ်သက်သွားရတာလဲ..."

ယွင်ချင်းမော့မှာ အံ့အားသင့်သွားရလေသည်။

"ရှောင်..."

သူ အသံထွက်ပေါ်လာခြင်း မရှိသေးမီပင် ယွင်ရှောင်ထျန်းက သူ၏ ပါးစပ်ထဲသို့ မုန့်တစ်ချပ် ထိုးသိပ်ထည့်လိုက်ပြီး ချွေ့ဝမ်ရှင်းကလည်း သူ၏ ခါးမှ အသားနုကို လိမ်ဆွဲလိုက်ရာ စားပွဲပေါ်တွင် အုတ်ခဲနှစ်တုံး ရုတ်တရက် ပေါ်လာလေသည်။

တစ်ခုက ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး အခြားတစ်ခုမှာ သာမန်ပင်ဖြစ်သည်။

"အစ်ကိုကြီး... နင့်ရဲ့ တတိယညီမက ညီမလေးဆီကနေ ခေါင်းခွဲတဲ့ နည်းလမ်းတစ်ခုကို မကြာသေးမီက သင်ယူထားတယ်... နင် စမ်းကြည့်ချင်လား... စိတ်မပူပါနဲ့... နင့်ရဲ့ တတိယညီမက သင့်တင့်လျောက်ပတ်အောင် ခွဲတတ်ပြီး အစ်ကိုကြီးကို သွေးထွက်အောင် လုပ်မှာမဟုတ်ဘူး..."

ယွင်ဝေက ဆိုးယုတ်စွာ ပြုံးလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ခြိမ်းခြောက်လိုသော ရည်ရွယ်ချက်များ ပြည့်နှက်နေ၏။

"အစ်ကိုကြီး... ငါ... ငါလည်း အရင်ဆုံး နည်းနည်းလောက် လေ့ကျင့်ချင်တယ်... ရနိုင်မလား..."

ယွင်ယာက ပြုံးလိုက်ရာ သူမ၏ တားဆီးချုပ်ချယ်မှုများကို စွန့်လွှတ်လိုက်ပြီးနောက် သူမ၏ နှလုံးသားထဲတွင် အံ့ဩစရာကောင်းလောက်အောင် ဝမ်းသာပျော်ရွှင်နေလေသည်။

ယွင်ချင်းမော့မှာ သီးပြီး သေလုမတတ် ဖြစ်သွားရကာ နာကျင်မှုကြောင့် သေမတတ်ဖြစ်သွားပြီး သေစေရန် ခြိမ်းခြောက်ခံလိုက်ရသည်။

သူသည် မျက်လုံးပြူးကာ တုန်ယင်လျက် သူ၏ အချစ်ရဆုံး မိသားစုဝင်များကို စိုက်ကြည့်နေလေသည်။

တကယ်ပင်။

အမှန်တကယ် အန္တရာယ်မရှိသည့်အချိန်တွင် သူ့မိသားစုသည်ပင် သူ၏ အကြီးမားဆုံး အန္တရာယ် ဖြစ်နေလေသည်။

*ညီမလေး... မင်း တစ်မိသားစုလုံးကို လမ်းမှားပေါ် ရောက်အောင် ခေါ်ဆောင်သွားခဲ့ပြီပဲ*

*လမ်းမှားပေါ် ရောက်သွားခဲ့ပြီ*

"ရှောင်ဟွားဟွား... ငါ နင့်ကို တစ်ခုခု ပြောပြမယ်... ငါတို့က လူစွမ်းကောင်းက ဒုက္ခရောက်နေတဲ့ မိန်းမလှလေးကို ကယ်တင်တယ်လို့သာ အမြဲပြောလေ့ရှိကြပေမယ့် နင့်အစ်ကိုကြီးရဲ့ ကိစ္စမှာတော့ ဒုက္ခရောက်နေတဲ့ မိန်းမလှလေးက လူစွမ်းကောင်းကို ကယ်တင်ခြင်း ဖြစ်သွားတယ်... နင့်အစ်ကိုကြီးက အရမ်းချောတော့ အထက်တန်းလွှာ မိသားစုတွေက မိန်းမပျိုလေးများစွာကိုသာမက သူ့ရဲ့ ကျောင်းက ကောင်လေးတစ်ယောက်ကိုပါ ဆွဲဆောင်နိုင်ခဲ့တယ်..."

ဖူး...

ယွင်ဟွားက လက်ဖက်ရည်များကို ပန်းထုတ်လိုက်သည်။

"ဝိုး... အဲ့တာက ပေါက်ကွဲထွက်လောက်စရာပဲ... ငါ့အစ်ကိုကြီးက အရှုံးပေးလိုက်လား... သူက အပေါ်ကလား အောက်ကလား..."

ရှောင်ယွမ်ယွမ်က အမျိုးသားများကို သဘောကျကြောင်း သိရှိပြီးကတည်းက ယွင်ဟွားသည် ဤအကြိုက်မျိုးရှိသူများကို ငြင်းပယ်ခြင်း မရှိတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက ၎င်းကို စွဲလမ်းလာခဲ့လေသည်။

လူတိုင်းမှာ အံ့အားသင့်သွားကြလေသည်။

၎င်းမှာ အမှန်တကယ်ပင် ပေါက်ကွဲထွက်လောက်စရာဖြစ်သည်။ လူတိုင်းက ပခုံးတွန့်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းရန် ကြိုးစားနေကြသော်လည်း တကယ်တမ်းတွင်မူ သူတို့၏ အတွင်းစိတ်ထဲ၌ ရူးသွပ်စွာ အော်ဟစ်နေကြလေသည်။

ယွင်ချင်းမော့သည် သူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ မျက်နှာမှာ အမည်းမှောင်ဆုံးသို့ ပြောင်းလဲသွားလေသည်။

သူ၏ ညီမလေးက ဤရှက်စရာကောင်းသော လျှို့ဝှက်ချက်ကို တူးဖော်တော့မည်ကို သိရှိထားသဖြင့် သူ၏ နဖူးကို ကူကယ်ရာမဲ့စွာ ပွတ်သပ်လိုက်၏။

"သနားစရာကောင်းတဲ့ နင့်အစ်ကိုကြီး... သူက သူ့ကို သူငယ်ချင်းတစ်ယောက်လို သဘောထားခဲ့ပေမယ့်လည်း အဲ့ကောင်လေးက သူ့ကို လိင်တူချစ်သူဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့တယ်... သူ မလုပ်နိုင်တော့တဲ့အခါ သူ့ကို မြှူဆွယ်ဖို့ ရည်ရွယ်ချက်နဲ့ အမျိုးသမီးတစ်ဦးအဖြစ် ဝတ်ဆင်ခဲ့ပေမယ့်လည်း နင့်အစ်ကိုကြီးက သူ့ကို ချက်ချင်း မှတ်မိသွားခဲ့တယ်..."

"အဲ့ကောင်လေးက ဒေါသထွက်ပြီး အဲ့နေရာမှာပဲ သူ့ရဲ့ ခံစားချက်တွေကို ဝန်ခံခဲ့တယ်.. နင့်အစ်ကိုကြီးလည်း အရမ်းကြောက်လန့်သွားပြီး ထွက်ပြေးခဲ့ရတယ်... နောက်ဆုံးတွင် သူ့မှာ လမ်းကြားတစ်ခုထဲမှာ ပုန်းအောင်းဖို့ ဖိအားပေးခံခဲ့ရပြီး အတင်းအကျပ် အရှုံးပေးရတော့မယ့် အခြေအနေ ဖြစ်နေခဲ့တယ်..."

လူတိုင်းက တွေးလိုက်ကြသည်။

"ဝိုး... အဲ့ဟာက စိတ်လှုပ်ရှားစရာပဲ..."

"ထမင်းချက်... ထမင်းချက်ပြီးသွားပြီလား..."

ယွင်ဟွားက မေးလိုက်သည်။

ယွင်ချင်းမော့မှာ မျက်လုံးပြူးသွားရလေသည်။

*ညီမလေး... မင်း အာရုံစိုက်နေတဲ့အရာက နည်းနည်း လွဲနေတယ် မဟုတ်လား*

"ကံကောင်းထောက်မစွာဖြင့် နင့်ရဲ့ အနာဂတ်ယောင်းမက သူမရဲ့ အစေခံတွေနဲ့အတူ ဈေးဝယ်ထွက်လာချိန်မှာ သူ့ကို ယွင်မိသားစုရဲ့ သားအကြီးဆုံးမှန်း မှတ်မိသွားပြီး သူ့ကို ကယ်တင်ဖို့ အပြေးရောက်လာခဲ့တယ်... မဟုတ်ရင် နင့်မှာ နောက်ထပ် အမျိုးသား ယောင်းမတစ်ယောက် ရလာလိမ့်မယ်..."

"အင်း... အချိန်ကြာလာတာနဲ့အမျှ နင့်အစ်ကိုကြီးနဲ့ ကျန်းမိသားစုက ကောင်မလေးတို့က တဖြည်းဖြည်း ရင်းနှီးလာကြပြီး တစ်ဦးအပေါ်တစ်ဦး ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တယ်... နင့်အစ်ကိုကြီးက အင်ပါယာစာမေးပွဲပြီးရင် လက်ထပ်ခွင့်တောင်းဖို့ စီစဉ်နေတယ်..."

သေခြင်းရှင်ခြင်းစာအုပ်သည် ရှည်လျားသော လှောင်ပြောင်သည့် လေသံဖြင့် အဆုံးသတ်လိုက်ရာ ပါဝင်ပတ်သက်နေသူ နှစ်ဦးစလုံးမှာ မြေကြီးအက်ကွဲကြောင်းထဲသို့ ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားစေသည်။

ယွင်ဟွားသည် သူမ၏ အစ်ကိုကြီးအား စနောက်သည့်အနေဖြင့် တစ်ချက် ကြည့်လိုက်ပြီး ထိုမြင်ကွင်းကို ပြန်လည်အမှတ်ရကာ ရယ်မောလိုက်သည်။

"စကားမစပ်... အဲ့ကောင်လေးကရော ဘယ်လိုနေလဲ... သူက ငါ့အစ်ကိုကြီးကို ဒုက္ခပေးနေတုန်းပဲလား..."

အကယ်၍ သူက ဆက်ပြီး အနှောင့်အယှက်ပေးနေမည်ဆိုလျှင် သူမအနေဖြင့် သူ့ကို ဒဏ္ဍာရီလာ နန်ဖုန်းရိပ်သာသို့ ပို့ဆောင်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းခါလိုက်ပြီး ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

“ နင့်အစ်ကိုကြီးက အခု သူ့ကို ရှောင်နေပြီး သူကလည်း အခြားနှစ်ယောက်ဆီကို အာရုံပြောင်းသွားလောက်အောင် ဉာဏ်ကောင်းတယ်..."

"ရှောင်ဟွားဟွား... ဒီတစ်ကြိမ် သူ့ရဲ့ပစ်မှတ်တွေက ဘယ်သူတွေလဲဆိုတာ နင် ဘာလို့ ခန့်မှန်းမကြည့်တာလဲ..."

သေခြင်းရှင်ခြင်းစာအုပ်၏ နောက်ပြောင်သည့် လေသံကြောင့် ထိုနေရာရှိ လူကြီးများနှင့် သခင်မများအားလုံး တုန်လှုပ်သွားကြလေသည်။

ပွဲကြည့်နေပြီး အတင်းအဖျင်းပြောဆိုနေကြသည့် အမူအရာများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

သူတို့က မိုက်မဲသူများ မဟုတ်ကြပေ။ ရှောင်ရှူးရှူးက ဤနေရာရှိ အမတ်များ၏ သားများထဲမှ တစ်ဦးကို ရည်ညွှန်းနေခြင်းမှာ သေချာလှသည်။

သူတို့၏ နှလုံးသားများမှာ လည်ချောင်းထဲသို့ ခုန်ထွက်လာမတတ် ဖြစ်သွားကြ၏။

ယွင်ဟွားသည် သူမ၏ ပါးစပ်ထဲသို့ အစားအစာတစ်လုတ်ကို ဖြည်းညင်းစွာ ထည့်လိုက်ပြီး ထိုနေရာရှိ လူငယ်အရည်အချင်းရှိသူများကို လှည့်ကြည့်ကာ သူမ အစ်ကိုကြီး၏ သိမ်မွေ့သော စိတ်နေသဘောထား၊ ရုပ်ရည်သွင်ပြင်တို့နှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် လူနှစ်ဦးအပေါ်သို့ အလျင်အမြန်ပင် အာရုံစိုက်သွားလေသည်။

"အမတ်ချန်ရဲ့မိသားစုနဲ့ အမတ်ကျန်းရဲ့ မိသားစုကလား..."

သူတို့ဘေးရှိ လူငယ်လေးများကလည်း အဆင်ပြေကြပါသည်။

သေခြင်းရှင်ခြင်းစာအုပ်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်.. သူက ချန်ကျဲဟန်ရဲ့ ဒုတိယသားနဲ့ ကျန်းဝမ်ချန်ရဲ့ မြေးအကြီးဆုံး နင့်ရဲ့ အနာဂတ်ယောင်းမရဲ့ အစ်ကိုကြီးပဲ..."

ယွင်ဟွား၏ မျက်လုံးများ အရောင်လက်သွားလေသည်။

"ဒါဆိုရင် ငါတို့... ငါတို့ ဒီအတိုင်းပဲ ထားလိုက်ကြမယ်..."

ချန်မိသားစုမှာ အံ့အားသင့်သွားရလေသည်။

ကျန်းမိသားစုမှာလည်း အံ့အားသင့်သွားရလေသည်။

ချန်ကျဲဟန်နှင့် ကျန်းဝမ်ချန်တို့သည် မနက်ဖြန် စောစောစီးစီးမှစ၍ သူ၏ နောက်ခံကို စတင်စုံစမ်းရန် တစ်ပြိုင်နက်တည်း ဆုံးဖြတ်လိုက်ကြပြီး အကယ်၍ သူ တစ်ခုခု မှားယွင်းစွာ လုပ်ဆောင်ထားသည် (သို့မဟုတ်) သူ့အား ဆန့်ကျင်မည့် သက်သေအထောက်အထား တစ်ခုခု တွေ့ရှိပါက သူ့ကို တိုက်ရိုက် နှင်ထုတ်ပစ်ရန် စဉ်းစားလိုက်ကြသည်။

"ရှောင်ဟွားဟွား... ဒါပေမယ့်လည်း သူ့ရဲ့ အဓိက အာရုံစိုက်မှုက ကျန်းမိသားစုအပေါ်မှာပိုဖြစ်တယ်.. သူက နင့်အစ်ကိုကြီးအပေါ် ရည်ရွယ်ချက် မရှိတော့ပေမယ့်လဘ်း သူ့ကို စောင့်ကြည့်နေဆဲ... နင့်အစ်ကိုကြီးက ကျန်းမိသားစုက မိန်းကလေးတစ်ဦးကို သဘောကျနေကြောင်း သူ ရှာဖွေတွေ့ရှိသွားလို့ သူက ကျန်းမိသားစုအပေါ် ပစ်မှတ်ထားလာခြင်း ဖြစ်တယ်..."

"သူ့ရဲ့အဓိက အကြံအစည်က အကယ်၍ သူ့ကို မရနိုင်ရင် နင့်အစ်ကိုကြီးနဲ့ ယောကျာ်းမရီးတော်သလို သဘောထားချင်တာပဲ.."

ယွင်ဟွား၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ ဤလူ၏ အကြံအစည်မှာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။

ချန်ကျဲဟန်မှာ သက်ပြင်းတစ်ချက် ချနိုင်သွားသော်လည်း ကျန်းဝမ်ချန်မှာမူ ဒေါသထွက်နေလေသည်။

"ဟွားဟွား... ကြည့်စမ်း... ငါတို့က ချန်မိသားစုရော ကျန်းမိသားစုနဲ့ပါ လက်ထပ်မယ့် အဆက်အသွယ်တွေ ရှိနေတယ်.. ငါတို့ မိသားစုက အမျိုးသားတွေအားလုံး ပစ်မှတ်ထားခံနေရတယ်... အဲ့တာက ငါတို့က မိသားစုတစ်ခု မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လား..."

တရားသူကြီးစုတ်တံလေးက သူ၏ စာမျက်နှာများကို လှန်လှောကြည့်ရင်း ရုတ်တရက် စကားတစ်ခွန်းကို ပြောချလိုက်သည်။

လူတိုင်းမှာ ဆွံ့အသွားကြလေသည်။

ဖော်ပြချက်က ကောင်းမွန်သော်လည်း ဤမျှ ပေါ့ပေါ့ဆဆ အသုံးမပြုသင့်ပေ။

မင်းသားစုမှာ နှလုံးကွဲကြေသွားရလေသည်။ သူသည် ယွင်မိသားစု၏ တံခါးပေါက်ကိုပင် ဖြတ်ကျော်မသွားနိုင်သည့် လူစားမျိုး ဖြစ်နေလေသည်။

ယွင်ဟွားသည် သူမအစ်ကိုကြီး၏ ဖရဲသီးစားခြင်းကို အဆုံးသတ်ပြီးနောက် သူမမှာ အလွန်ကျေနပ်သွားဟန်ရှိသည်။ လူတိုင်းက ဆက်လက်၍ စကားစမြည် ပြောဆိုနေကြသည်။ တတိယမင်းသားသည် ဝိုင်အနည်းငယ် ပိုသောက်ထားမိသဖြင့် မတ်တတ်ရပ်ကာ ညီလာခံခန်းမကြီး၏ အပြင်ဘက်သို့ လျှောက်သွားလေသည်။ သူ အပေါ့အပါးသွားရန် လိုအပ်နေ၏။

လူအုပ်ထဲတွင် မိန်းကလေးတစ်ဦး၏ မျက်လုံးများက ဟိုဟိုဒီဒီ ပြေးလွှားနေလေသည်။

သူမက ယွင်ဝေအား တစ်ချက်ကြည့်လိုက်ပြီးနောက် လူတို့၏ ခေါင်းများကို ခွဲရာတွင် ကျွမ်းကျင်သော ဒဏ္ဍာရီလာ ကျွမ်းကျင်သူ ယွင်ဟွားအား ကြည့်လိုက်ကာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ဖြစ်သွားလေသည်။

All Chapters