← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း (၂၂၂) လူတိုင်းက အတင်းအဖျင်းပြောဆိုခြင်းကို စွဲလမ်းနေကြသည်

ရွှီချင်းကျူးက မိုက်မဲသူ မဟုတ်ပါချေ။

ယုံအန်းမင်းသမီးသည် အလွန်ရက်စက်လှ၏။ သူမသည် အနည်းငယ် ရန်စခံရသည်နှင့် တစ်စုံတစ်ယောက်၏ ခေါင်းကို ခွဲပစ်လိမ့်မည်ဖြစ်သည်။ မြို့တော်ရှိ လူတိုင်းက သူမကို ကြောက်လန့်နေကြပြီး သူမတွင် ဧကရာဇ်နှင့် မယ်တော်ကြီးတို့၏ အကာအကွယ် ရှိနေသည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။

သူမ၏ မျက်လုံးများထဲတွင် မနာလိုမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ အကယ်၍ သူမသည် ယခုအချိန်တွင် ထိုအနိုင်ကျင့်တတ်သူ၏ တတိယအစ်မကို သွားရောက်ရန်စမိပါက သူမ၏ ကံကြမ္မာသည် ဆိုးရွားသွားပေလိမ့်မည်။

ရွှီချင်းကျူး၏ အကြည့်များသည် တတိယမင်းသား၏ ထွက်ခွာသွားသော ကျောပြင်နောက်သို့ လိုက်ပါသွားပြီး သူမ၏ စိတ်ထဲတွင် ရဲတင်းသော အကြံအစည်တစ်ခု စတင်ပေါ်ပေါက်လာလေသည်။

အကယ်၍ အောင်မြင်ခဲ့ပါက တတိယမင်းသား၏ ကြင်ယာတော်ရာထူးသည် သူမ၏ လက်ထဲတွင် ခိုင်မြဲစွာ ရှိနေပေလိမ့်မည်။

ရွှီချင်းကျူးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။

“အဖေ... သမီး အရက်နည်းနည်း ပိုသောက်မိသွားတယ်... လေညင်းခံဖို့ အပြင်ထွက်ချင်တယ်..."

သူမက နှုတ်ဆက်လိုက်ပြီး သူမအဖေ တုံ့ပြန်မှု မပေးနိုင်မီ သူမ၏ စကတ်ကိုမကာ သူ့နောက်သို့ လိုက်သွားလေသည်။

နန်းတွင်းစည်းမျဉ်းများအရ မိသားစုဝင်များနှင့်အတူ လိုက်ပါလာသော အစေခံများသည် ညီလာခံခန်းမကြီးထဲသို့ ဝင်ခွင့်မရှိဘဲ အပြင်ဘက်တွင်သာ စောင့်ဆိုင်းနေရလေသည်။

"သခင်မလေး..."

ရွှီချင်းကျူးက သူမ၏ နားထဲသို့ ညွှန်ကြားချက်အချို့ကို ချက်ချင်း တီးတိုးပြောလိုက်ရာ အစေခံမလေး၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားပြီး ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားလေသည်။

"သခင်မလေး... အကယ်၍ ဒီကိစ္စကို လူသိသွားမည်ဆိုရင် ဖြစ်လာမယ့်အရာက..."

ရွှီချင်းကျူးက သူမအား အေးစက်စွာ တစ်ချက်ကြည့်လိုက်ရာ အစေခံမလေးမှာ နောက်ထပ် စကားတစ်ခွန်းမျှ ထပ်မပြောရဲတော့ပေ။

ညီလာခံခန်းမကြီးထဲတွင် သေခြင်းရှင်ခြင်းစာအုပ်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။

"ပန်းကလေး... မြန်မြန်လုပ်... မြန်မြန်လုပ်... နောက်ထပ် ဇာတ်လမ်းကောင်းတစ်ခု စတင်တော့မယ်.. လက်လွတ်မခံနဲ့..."

ဤမျှသာဖြစ်သည်။

၎င်းသည် အတောင်ပံများကို ခတ်ကာ ခန်းမအပြင်ဘက်သို့ ပြေးထွက်သွားပြီး တရားသူကြီးစုတ်တံကလည်း နောက်မှ အနီးကပ် လိုက်ပါသွားလေသည်။

ယွင်ဟွားမှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း သေခြင်းရှင်ခြင်းစာအုပ် မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောအခါ ငြိမ်ငြိမ် မထိုင်နိုင်တော့ချေ။

နန်ကုန်းယွမ်၏ မျက်လုံးများသည် နက်ရှိုင်းပြီး မှန်းဆရခက်နေလေသည်။ သူက ယွင်ဟွားအား ချက်ချင်း ခေါ်လိုက်၏။

"ယုံအန်း..."

ထိုစကားလုံးနှစ်ခွန်း သူ၏ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အိမ်ရှေ့စံမင်းသား ဝေမျှပေးခဲ့သော အတွေ့အကြုံများက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။

သူက လည်ချောင်းတစ်ချက် ရှင်းလိုက်ရာ သူ၏ နားရွက်ဖျားလေးများ အနည်းငယ် နီမြန်းနေပြီး သူ၏ အသံမှာ နက်ရှိုင်းကာ ဆွဲဆောင်မှု ရှိနေလေသည်။

"ဟွားအာ... ငါ လေညင်းခံဖို့ အပြင်ထွက်ချင်တယ်... ငါ့ကို တွန်းပေးနိုင်မလား..."

ဟွားအာတဲ့လား။

ယွင်ဟွားမှာ ခဏတာမျှ ဆွံ့အသွားလေသည်။

သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ဤစကားလုံးနှစ်ခွန်းကို ယခင်က လူအမြောက်အမြားထံမှ ကြားခဲ့ဖူးသော်လည်း သူမ၏ စိတ်ထဲတွင် မည်သည့်ခံစားချက်မျှ မဖြစ်ပေါ်ခဲ့ပေ။ သို့သော် သူက ထိုစကားကို ပြောလိုက်ချိန်တွင်မူ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့်... သူမ၏ နှလုံးသားကို တစ်ချက် ခုန်သွားစေခဲ့သည်။

“ငါ့ကို ခေါင်းဆောင်လို့ ခေါ်သင့်တယ်…”

ယွင်ဟွားက သူ့အား ချက်ချင်း ပြင်ပေးလိုက်ပြီး ဘီးတပ်ကုလားထိုင်ကို မသိမသာ ရှေ့သို့ တွန်းသွားလေသည်။ ရှောင်ယွမ်ယွမ်၏ အသံမှာ အလွန် နူးညံ့သိမ်မွေ့နေပြီး ဆွဲဆောင်မှုရှိနေသည့်အလား ပင်ဖြစ်သည်။

"ကောင်းပြီလေ... ဟွားအာ..."

နန်ကုန်းယွမ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူမကိုယ်သူမ "ရှောင်ယွမ်ယွမ်" ဟု ခေါ်ချိန်တွင် "ခေါင်းဆောင်" ဟူသော စကားလုံးကို အလိုအလျောက် လျစ်လျူရှုခဲ့ပုံကို အတုခိုးလိုက်လေသည်။

သူမကို ထိုသို့ ပထမဆုံးအကြိမ် ခေါ်လိုက်ချိန်တွင် သူ၏ အသံမှာ အနည်းငယ် အနေရခက်နေပုံပေါ်သော်လည်း ဒုတိယအကြိမ်တွင်မူ ချောမွေ့စွာ ထွက်ပေါ်လာပြီး သူ၏ မျက်လုံးများထဲတွင် အလိုလိုက်လိုသော အရိပ်အယောင်တစ်ခု ရှိနေလေသည်။

"ရှောင်ယွမ်ယွမ်... အကယ်၍ နင် ငါ့ကို အဲ့လိုဆက်ခေါ်နေမယ်ဆိုရင် ငါက..."

ယွင်ဟွားသည် ရပ်တန့်ကာ သူ့အား ပြင်ပေးရန် ဟန်ပြင်လိုက်စဉ် ခန်းမအပြင်ဘက်မှ သေခြင်းရှင်ခြင်းစာအုပ်၏ အရေးတကြီး အော်ဟစ်သံက သူမ၏ အတွေးများကို အနှောင့်အယှက်ပေးလိုက်လေသည်။

"ပန်းကလေး... မြန်မြန်လုပ်... မြန်မြန်လုပ်... စိတ်လှုပ်ရှားစရာ အခိုက်အတန့်လေး စတင်တော့မယ်.."

ကမ္ဘာကြီးက ကျယ်ပြောလှသော်လည်း ဖရဲသီးစားခြင်းက အရေးကြီးဆုံးအရာပင် ဖြစ်လေသည်။

ယွင်ဟွားသည် ခေါ်ဝေါ်မှုပုံစံနှင့် ပတ်သက်၍ စိတ်မပူတော့ဘဲ သူမ၏ လက်ငယ်လေးကို စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းကာ ပြောလိုက်၏။

"လာပါ... ရှောင်ယွမ်ယွမ်...နင့်ရဲ့ ခေါင်းဆောင်က နင့်ကို ဖရဲစေ့လေးတွေ ယူဖို့ ခေါ်သွားပေးမယ်..."

"ကောင်းပါပြီ... ဒါဆိုရင် မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်... ဟွားအာ..."

လူတိုင်း၏ မျက်လုံးများက အရောင်လက်သွားကြလေသည်။

ဘေးတွင် ရပ်နေသော တော်ဝင်ကြင်ယာတော်စုသည် သူမသား၏ ဤရဲတင်းသော ပြုမူမှုကြောင့် အလွန် အံ့အားသင့်သွားပြီး ပါးစပ်ပိတ်ရန်ပင် မေ့သွားလေသည်။

ဤသည်က... ဤသည်က…

အရာအားလုံးကို ဖြတ်သန်းဖူးသူ တစ်ယောက်အနေဖြင့် သူမသည် ယွမ်အာကို ထိုစဉ်က သူ့အဖေနှင့် အတိအကျ တူညီနေသည်ဟု မြင်လိုက်လေသည်။

ဝိုး…

တော်ဝင်ကြင်ယာတော်စုမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ရှောင်ဟွားအာနှင့် သွေးသောက်ညီအစ်မ ဖွဲ့မည့်အကြံကို ချက်ချင်း စွန့်လွှတ်လိုက်လေသည်။ သူမက မတ်တတ်ရပ်ကာ သူတို့နောက်သို့ ခိုးကြောင်ခိုးဝှက် လိုက်သွားလေသည်။

ဧကရာဇ်ဝမ်ရွှမ်းမှာ ဆက်၍ ငြိမ်ငြိမ်မထိုင်နိုင်တော့ချေ။

"အဟမ်း... ငါကိုယ်တော် ရုတ်တရက် ကိစ္စတစ်ခု သတိရသွားလို့ ခဏလောက် ထွက်သွားဖို့ လိုအပ်တယ်..."

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အထိန်းတော်ချောင်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီး ခန်းမထဲမှ ဝင့်ကြွားစွာ ထွက်ခွာသွားလေသည်။

နောက်တစ်စက္ကန့်တွင်။

သူ၏ ဂုဏ်ကျက်သရေရှိသော အမူအရာများ ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများထဲတွင် အရေးတကြီး လောဆော်မှုများဖြင့် အစားထိုးသွားကာ အုပ်ချုပ်သူတစ်ဦးနှင့်ပင် မတူတော့ချေ။

"အထိန်းတော်ချောင်... အဲ့ကောင်မလေး ဘယ်ဘက်ကို ထွက်ပြေးသွားတာလဲ..."

မယ်တော်ကြီးသည် မျက်လုံးလှန်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။

"ဧကရာဇ်က တကယ်ပါပဲ... ကောင်မလေးရဲ့ ရင်တွင်းစကားကို သူတစ်ယောက်တည်း ကြားနိုင်တယ်လို့ တကယ်ပဲ ထင်နေတာလား... သူက ဇာတ်လမ်း ဘယ်လိုဖြစ်လာမလဲဆိုတာကို ကြည့်ချင်နေရင်လည်း ဒီအတိုင်း ပြောလိုက်သင့်တယ်... ဒီနေရာမှာရှိတဲ့ လူတိုင်းက အရူးတွေမှမဟုတ်တာ..."

"အိုး... ငါလည်း ကိစ္စတစ်ခု ရှိသေးတယ်ဆိုတာ ရုတ်တရက် သတိရသွားတယ်... အထိန်းတော်ကူ... ငါ့ကို ချုံဟွားနန်းဆောင်ဆီ ပြန်ပို့ပေစမ်း..."

ဧကရီမှာ စကားမဆိုနိုင်ဖြစ်သွားလေသည်။

"မယ်တော်... ချွေးမတော်က မယ်တော်နဲ့ လိုက်ခဲ့မယ်... လမ်းမှာ စကားပြောဖော် တစ်ယောက်ရှိတာ ပိုကောင်းတယ်..."

လူအုပ်ကြီးမှာ မယုံကြည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။ အာဏာအရှိဆုံး ပုဂ္ဂိုလ်သုံးဦးစလုံး ပျောက်ကွယ်သွားကြပြီဖြစ်သည်။ သူတို့ ဆွံ့အနေဆဲတွင်ပင် လူရိပ်အချို့က အလျင်အမြန် ပြေးထွက်သွားကြလေသည်။

လူတိုင်းမှာ ဆွံ့အသွားကြလေသည်။ ယွင်မိသားစု၊ ချွေ့မိသားစု၊ ချန်မိသားစုနှင့် ကျန်းမိသားစုအတွက် ထိုင်ခုံများပင် လွတ်နေလေပြီ။

နောက်တစ်ခဏတွင်။

"အမတ်လီ... ငါတို့ အပြင်ထွက်ပြီး သိုင်းပညာ အနည်းငယ် ဖလှယ်ကြစို့..."

"နန်းတော်ထဲက မိန်ဟွာပန်းတွေက အရမ်းလှတယ်လို့ ကြားဖူးတယ်... သခင်မဝမ်... ကျွန်မတို့ အတူတူ သွားကြည့်ကြမလား..."

"အရမ်းကောင်းတယ်... သခင်မကျောက်... သွားကြစို့..."

ပွဲကြည့်ပရိသတ်များက ထွက်ခွာရန် ဆင်ခြေများရှာလိုက်ကြပြီး တစ်ချိန်က သက်ဝင်လှုပ်ရှားကာ ပျော်ရွှင်စရာကောင်းသော ခန်းမကြီးမှာ ချက်ချင်းပင် လူသူကင်းမဲ့သွားလေသည်။

ရင်တွင်းစကားများကို မကြားနိုင်သူများသာလျှင် အနည်းငယ် တွေဝေစွာ ကျန်ရစ်ခဲ့ကြလေသည်။

သူတို့ကလည်း ရိုးရှင်းစွာပင် မတ်တတ်ရပ်ကာ နောက်မှ လိုက်သွားကြသဖြင့် အုပ်စုမှာ တဖြည်းဖြည်း ကြီးမားလာလေသည်။

"ရှောင်ရှူးရှူး... အဲ့ဟာက ဘယ်လို စိတ်လှုပ်ရှားစရာ ဇာတ်လမ်းမျိုးလဲ..."

ယွင်ဟွားသည် ယခုအခါ ကျင့်ကြံသူတစ်ဦးဖြစ်နေပြီဖြစ်ရာ သီအိုရီအရဆိုလျှင် သူမသည် မည်သည့် နှောင့်ယှက်မှုမျိုးကိုမဆို ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။

သို့သော်လည်း သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ယင်စွမ်းအင်များက သူမ၏ မိသားစုနှင့် သူငယ်ချင်းများကို ထိခိုက်စေမည်ကို စိုးရိမ်သဖြင့် သူမက ၎င်းတို့ကို ခန္ဓာကိုယ်ထဲတွင် ချိတ်ပိတ်ထားပြီး လိုအပ်မှသာ အသက်သွင်းလေ့ရှိသည်။

ထို့အပြင် ဤကမ္ဘာကြီးက ငြိမ်းချမ်းနေပြီး သူမတွင် အသက်ကယ်ရတနာတစ်ခု ရှိနေသဖြင့် အချိန်တိုင်း သတိထားနေရန် မလိုအပ်ပေ။

ဆိုလိုသည်မှာ လူအုပ်ကြီးတစ်အုပ် သူမနောက်မှ လိုက်လာကြသည်ကို သူမ လုံးဝ မသိရှိခဲ့ပေ။

နန်ကုန်းယွမ်သည် သူ၏ နက်နဲသော အတွင်းအားဖြင့် သူတို့ ရှိနေသည်ကို ကြာမြင့်စွာကတည်းက သိရှိထားလေသည်။ သူတို့က ခိုးကြောင်ခိုးဝှက်သာ လိုက်နိုင်ချိန်တွင် သူက ဟွားအာနှင့်အတူ ရှေ့တန်းတွင်ရှိနေပြီး သူမနှင့် အတူရှိနေခြင်းကို တစ်ဦးတည်း ခံစားနိုင်မည်ဟု တွေးကာ ပြုံးလိုက်လေသည်။

ထိုအကြောင်းကို တွေးကြည့်လိုက်လျှင်။

ထိုကောင်မလေး၏ နှလုံးသားထဲတွင် ငါက နံပါတ်တစ်ဖြစ်နေမည်မှာ သေချာလှသည်။

သူ၏ အပြုံးများ မပျောက်ကွယ်သွားမီပင် သူ၏ နောက်ဘက်မှ ထိုကောင်မလေး၏ တတိယအစ်မ၏ အသံ ထွက်ပေါ်လာလေသည်။

"ညီမလေး... နင် ဘယ်သွားမလို့လဲ... တစ်ယောက်ယောက်ကို ရိုက်ခွဲတော့မလို့လား..."

ယွင်ဝေက သူမ၏ လက်ထဲတွင် ကျောက်စိမ်းအုတ်ခဲတစ်တုံးကို ကိုင်ထားပြီး အပြင်းအထန် မောဟိုက်နေသော ယွင်ယာကလည်း အုတ်ခဲတစ်တုံးကို ကိုင်ထားလျက် သူမဘေးတွင် ရပ်နေလေသည်။

"ညီမလေး... နင့်ရဲ့ ဒုတိယအစ်မနဲ့ ငါက နင့်ကို ကူညီဖို့ ရောက်လာတာ... အခုကစပြီး ငါတို့တွေက တုံလင်ရဲ့ မကောင်းဆိုးဝါးညီအစ်မသုံးဖော် ဖြစ်လာပြီး လောကမှာရှိတဲ့ ဘယ်သူ့ကိုမဆို ခြေမှုန်းနိုင်တဲ့ ပြိုင်ဘက်ကင်းတွေ ဖြစ်လာပြီ...ဝါးဟားဟားဟား..."

ယွင်ဟွား၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။

အရိပ်ထဲတွင် ရှိနေသူများသည်လည်း ယွင်ဝေ၏ စရိုက်လက္ခဏာကို အလွန် အားကျသွားကြလေသည်။ သူမက တိုက်ရိုက်ပင် ဝင်ရောက်တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။

ယွင်ဟွားမှာ ရွေးချယ်စရာ မရှိတော့သဖြင့် သူမ၏ လက်ညိုးကို နှုတ်ခမ်းပေါ်တင်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်ရသည်။ အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြပြီး သေခြင်းရှင်ခြင်းစာအုပ်၏ ဦးဆောင်မှုနောက်သို့ လိုက်ကာ တစ်နေရာသို့ ပြေးသွားကြလေသည်။

သေခြင်းရှင်ခြင်းစာအုပ်က ပုံဆောင်ခဲဘောလုံးကို ထုတ်ယူလိုက်၏။

"ရှောင်ရှူးရှူး... အဲ့တာနဲ့ ဘာလုပ်မလို့လဲ..."

သေခြင်းရှင်ခြင်းစာအုပ်က ရယ်မောလိုက်သည်။

"ဒါကို မှတ်တမ်းတင်ထားမယ်... ပြဿနာကောင် သုံးကို တစ်သက်လုံး သေချင်သွားအောင် လုပ်ပစ်မယ်..."

"ပြဿနာကောင်သုံးတဲ့လား... ငါ့ရဲ့ မောင်လေး တတိယမင်းသားလား..."

ယွင်ဟွားက အံ့အားသင့်စွာဖြင့် မေးလိုက်၏။

"သူက ဒီတစ်ကြိမ် ဘယ်လိုလှည့်ကွက်မျိုးသုံးဖို့ စီစဉ်နေတာလဲ..."

"ပန်းကလေး... မဟုတ်ဘူး... ဒီတစ်ကြိမ် သူက လှည့်စားခံလိုက်ရတာ... ဟားဟားဟား..."

သေခြင်းရှင်ခြင်းစာအုပ်၏ ဝမ်းသာအားရ ဖြစ်နေသော နတ်ဆိုးဆန်ဆန် ရယ်မောသံက လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားပြီး သူတို့ကို လန့်ဖျပ်သွားစေသည်။

တတိယမင်းသားတဲ့လား။

ဘုရားရေ။

တော်ဝင်သွေးကြောကို အဆိပ်ခတ်ရဲလောက်အောင် မည်သူက ဤမျှ ရဲတင်းနေရသနည်း။

ဩဇာကြီးမားသူများ၏ ဖြူရော်နေသော မျက်နှာများကို မြင်လိုက်ရသောအခါ လူတိုင်း ချက်ချင်းပင် နောက်ဆုတ်သွားကြလေသည်။

အင်း…ထိုရဲရင့်သော စစ်သည်တော်... မင်း အသက်ရှင်နေသေးဖို့ မျှော်လင့်ပါသည်။

All Chapters