← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း (၂၂၄) နောက်ထပ် စုံတွဲတစ်တွဲ ရောက်ရှိလာခြင်း

"တတိယမင်းသား... ချင်း... ချင်းကျူးက ရှင်ခုလို ခံစားနေရတာကို မကြည့်ရက်ပါဘူး... ရှင့်အတွက် ကျွန်မကိုယ်ကျွန်မ စတေးဖို့ ဆန္ဒရှိပါတယ်..."

သူမသည် သနားစရာကောင်းဟန်ဆောင်ကာ တတိယမင်းသား၏ စိတ်နှလုံးကို လှုပ်ခတ်ရန် ကြိုးစားနေလေ၏။

သူမသည် ဤအစီအစဉ်ကို အသေအချာ ရေးဆွဲခဲ့ရသဖြင့် ဤအခွင့်အရေးကို လက်လွတ်မခံလိုပေ။

သူမ၏ မျက်လုံးများတွင် မျက်ရည်များဝဲတက်နေပြီး တတိယမင်းသား၏ အနီးသို့ တိုးကပ်သွားကာ သူမ၏ ဆွဲဆောင်မှုများကို သူ တွန်းလှန်နိုင်မည်ဟု မယုံကြည်ပေ။

တတိယမင်းသားသည် အလွန်ဒေါသထွက်နေသဖြင့် ကျိန်ဆဲချင်စိတ်များပင် ပေါ်ပေါက်လာလေ၏။

သူသည် သူမအား စူးရဲစွာ စိုက်ကြည့်ကာ ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ခွေးမ... ဘာကို စတေးတာလဲ... ငါကသာ စတေးခံနေရတာ... ငါ့ရဲ့ သန့်စင်မှုက ငါ့ရဲ့ အနာဂတ်ဇနီးအတွက် ရည်ရွယ်ထားတာ..."

"မင်း... မင်း ထပ်ပြီး အနားကပ်လာဝံ့ရင်... ငါ မင်းသားက မင်းရဲ့ ခေါင်းကို ရိုက်ခွဲပစ်မယ်..."

ဤစကားကို ကြားလိုက်ရသောအခါ…

ရွှီချင်းကျူး၏ မျက်နှာမှာ ဖြူရော်သွားလေ၏။ သူမက သူမကိုယ်သူမ ပေးအပ်ခဲ့သော်လည်း သူက သူမကို အထင်သေးနေဆဲဖြစ်သည်။ သူ၏ မှောင်မိုက်သော မျက်လုံးများတွင် ပြတ်သားမှုများ တောက်ပနေလေသည်။

"တတိယမင်းသား... ကျွန်မတို့ ခုလိုအခြေအနေမျိုး ဖြစ်နေပြီဆိုတော့... ချင်းကျူးက ဘယ်သူ့ကိုမှ မျက်နှာမပြရဲတော့ဘဲ ရှင့်ကိုသာ အညံ့ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး..."

"ဒါ့အပြင်... ဒီဆေးက ယောက်ျားနဲ့ မိန်းမ အတူရှိနေမှသာ ဖြေဖျောက်နိုင်မှာပါ... မဟုတ်ရင် ရှင် ပေါက်ကွဲပြီး သေဆုံးသွားလိမ့်မယ်... ချင်းကျူးက ရှင့်ကို ဘာမှမဖြစ်စေချင်ဘူး..."

ဤသို့ပြောပြီးနောက် သူမသည် နောက်သို့ လှမ်းကာ လည်ပင်းရှိ နောက်ဆုံးချည်နှောင်ထားသော ကြိုးကို ဆွဲဖြုတ်ရန် ပြင်လိုက်လေ၏။

“ဝါး…”

“စိတ်လှုပ်ရှားစရာ အပိုင်းက စတင်တော့မယ်... ပြီးတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလည်း ပေါ်လာတော့မယ်... စုတ်တံလေး... မြန်မြန်လေး မှတ်တမ်းတင်ထားလိုက်…”

“ပေပေ့က အခု မှတ်တမ်းတင်နေတယ်... ဒီသတင်းအချက်အလက်တွေကို မုန့်ပိုဆီ ပေးပြီး ကာမရာဂဇာတ်လမ်းတွေ ရေးခိုင်းမယ်…ပန်းကလေးအတွက် လဲလှယ်ဖို့လေ..”

ယွင်ဟွား၏ လက်ချောင်းထိပ်လေးများတွင် ယင်စွမ်းအင်များ အနည်းငယ် စုစည်းနေလေ၏။ ရှောင်ရှူးရှူးသည် ထိုစဉ်က သူမကို လှည့်စားခဲ့သော ပြဿနာကောင်သုံးအပေါ် အငြိုးထားနေဆဲဖြစ်ကြောင်း သူမ သိထားသည်။ သူ့ကို အနည်းငယ် ခံစားရစေရန် လုံလောက်ပေသည်။ မည်သို့ပင်ဖြစ်စေ သူသည် သူမ၏ မောင်လေးဖြစ်နေသေး၏။ အခြားသူများက သူ့ကို အန္တရာယ်ပြုသည်ကို သူမ မည်သို့ ခွင့်ပြုနိုင်မည်နည်း။

ရွှီချင်းကျူး၏ လုပ်ရပ်များနှင့် ကလေးငယ်နှစ်ဦး၏ စကားဝိုင်းကြောင့် တတိယမင်းသားမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆေးအာနိသင်များ ယာယီပြိုကျသွားကာ အသက်ရှင်သန်လိုစိတ်များ ပြင်းပြလာစေလေ၏။

"အစ်မကြီး... ကယ်ပါဦး... မင်းရဲ့ မောင်လေးက အကွက်ဆင်ခံနေရပြီ... သူ့ရဲ့ မျက်လုံးတွေ ပျက်စီးတော့မယ်... ငါ့ရဲ့ သန့်စင်မှုက မင်းရဲ့ တတိယအစ်မအတွက်... မင်းရဲ့ တတိယအစ်မအတွက်ပဲ..."

တတိယမင်းသားသည် အမျိုးသမီးသုံးဦး၏ အတွေးများကို သူ ကြားနေရကြောင်း အော်မပြောရဲသဖြင့် သွယ်ဝိုက်သော နည်းလမ်းဖြင့်သာ အော်ဟစ်နိုင်လေ၏။

ကြည့်ကြသေးတာပေါ့လေ။

သူသည် မြို့တော်ရှိ ချမ်းသာကြွယ်ဝသော မိသားစုများမှ ယဉ်ကျေးသော သခင်မလေးများကို ငြီးငွေ့နေပြီဖြစ်သော်လည်း ထိုမိန်းကလေး၏ ဒေါသကြီးသော စရိုက်နှင့် ကိုယ်ရည်ကိုယ်သွေးကို နှစ်သက်ကာ သူတို့နှစ်ဦးမှာ အတော်လေး သင့်မြတ်ကြလေသည်။

ကလေးငယ်နှစ်ဦးမှာ ချက်ချင်းပင် ဆွံ့အသွားလေ၏။

ယွင်ဟွား၏ လက်မှာလည်း ချက်ချင်းပင် ရပ်တန့်သွားသည်။

ယွင်ယာက ခေါင်းကို ရုတ်တရက် လှည့်ကာ ယွင်ဝေကို ကြည့်လိုက်လေ၏။

ယွင်ဝေက အံကိုကြိတ်လိုက်၏။ သူမအတွက် ချန်ထားခဲ့သည်မှာ အလကားသက်သက်သာ ဖြစ်သည်ဟု တွေးလိုက်ပြီး တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်ကာ ဆဲဆိုလိုက်လေ၏။

"လူယုတ်မာ... နင်က ငါ့ကို အခွင့်ကောင်းယူဖို့ ကြိုးစားရဲတယ်ပေါ့... နင့်ကို ငါ သတ်ပစ်မယ်..."

ထိုရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ တတိယမင်းသားက မျက်နှာပေါ်တွင် အရူးတစ်ယောက်ကဲ့သို့ ပြုံးဖြီးဖြီး ဖြစ်သွားလေ၏။

"ဝါး..."

"တစ်ယောက်ယောက်က ငါ့ရဲ့ အလှအပကို တပ်မက်နေတယ်... ဝေဝေ... မင်းက နောက်ဆုံးတော့ ငါ့ကို ကယ်တင်ဖို့ ရောက်လာခဲ့ပြီ..."

သူသည် မြေပြင်မှ ရုတ်တရက် ထလာပြီး ယွင်ဝေကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေ၏။

သူ၏ မျက်လုံးများသည် တံခါးဆီသို့ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲဖြစ်စေ အကြိမ်အနည်းငယ် အကဲခတ်ကြည့်လိုက်သည်။

ကံကောင်းသွားသည်။

အကယ်၍ ပတ်ဝန်းကျင်တွင် ကြည့်ရှုနေသူများ မရှိပါက သူသည် လုံးဝကို အရှက်ကွဲသွားမည် ဖြစ်သည်။

“သေစမ်း..."

သူက အော်ဟစ်လိုက်ပြီး သူ၏ ဝိုင်းစက်နေသော မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားလေ၏။

“ပန်းကလေး... ခုနလေးတင် ပြဿနာကောင်သုံးရဲ့ ကံကြမ္မာက ရုတ်တရက် ပေါ်လာတယ်... သူနဲ့ နင့်ရဲ့ တတိယအစ်မက စုံတွဲတွေပဲ…”

သေခြင်းရှင်ခြင်းစာအုပ်သည် သူ၏ ရင်ဘတ်လေးကို ပုတ်လိုက်ပြီး အရာအားလုံးကို ရှုပ်ထွေးသွားစေလုနီးပါး ဖြစ်သွားလေ၏။

ပန်းကလေး၏ မောင်လေးသည် သူမ၏ တတိယအစ်မ၏ ခင်ပွန်း ဖြစ်လာလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပေ။

တရားသူကြီးစုတ်တံသည်လည်း မကောင်းမှုကျူးလွန်ခဲ့သူမှာ သူ မဟုတ်သည့်အလား ပုံဆောင်ခဲလုံးကို သူ၏ သိုလှောင်နယ်မြေထဲသို့ ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်လေ၏။

အားလုံး..…

“ဘာ..”

ယွင်ဟွားသည် သူမကိုယ်သူမ အာရုံချောက်ချားနေသည်ဟု ထင်မှတ်ကာ နားရွက်များကို ပြင်းပြင်းထန်ထန် ကုတ်ခြစ်လိုက်ပြီး ယုံကြည်ရန် ခက်ခဲနေလေ၏။

ထိုစကားများကို ကြားလိုက်ရသောအခါ ယွင်ဝေမှာ လုံးဝ ဆွံ့အသွားလေ၏။

တတိယမင်းသားတစ်ဦးတည်းသာလျှင် သူ၏ ခန္ဓာကိုယ်မှ မသက်မသာဖြစ်မှုများကို သည်းခံနေရသော်လည်း သူ၏ စိတ်နှလုံးမှာမူ ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေလေသည်။

သူနှင့် ငရုတ်သီးလေးတို့သည် စုံတွဲဖြစ်လာပြီး ယွင်မိသားစုထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း သိလိုက်ရသည်။

တတိယမင်းသားသည် ယွင်ဝေကို ဖက်ထားရသည်မှာ အလွန်အမင်း သက်သောင့်သက်သာရှိကြောင်း ခံစားလိုက်ရ၏။ သူ၏ မျက်လုံးများမှာ နီရဲနေပြီး သူမ၏ ပါးပြင်ကို အလိုအလျောက် ပွတ်သပ်ကာ ပြောလိုက်လေသည်။

"ဝေဝေ... ဗျောက်အိုးလေး... ငါ နေလို့မကောင်းဘူး... ငါ့ကို ထိပေးပါဦး..."

သူ စကားပြော၍ မဆုံးမီ ယွင်ဝေသည် မှောင်မိုက်သော မျက်နှာထားဖြင့် သူပေးထားသော ကျောက်စိမ်းအုတ်ခဲလေးကို ယူကာ ပထမဆုံးအကြိမ် ရိုက်ချလိုက်ခြင်းကို အောင်မြင်စွာ ပြီးမြောက်သွားလေ၏။

ထိုလူယုတ်မာသည် သူမအား လူဆိုးတစ်ယောက်ကဲ့သို့ ပြုမူရဲသည်ဖြစ်ရာ သူ့ကို သတိလစ်သွားအောင် လုပ်လိုက်ခြင်းက ကောင်းမွန်သောအရာပင် ဖြစ်သည်။

ယွင်ဝေသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ နားရွက်ဖျားများမှာ အလိုအလျောက် ပူထူလာလေ၏။

နန်ကုန်းယွမ်သည် မြေပြင်ပေါ်ရှိ တတိယမင်းသားကို လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများမှာ မျဉ်းတစ်ကြောင်းလို တင်းကျပ်သွားလေ၏။

ယွင်မိသားစုတွင် တစ်နေ့တည်းဖြင့် စုံတွဲနှစ်တွဲ ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။

အကယ်၍ အချိန်ကို နောက်ပြန်ဆုတ်နိုင်မည်ဆိုလျှင် ပြီးခဲ့သည့်အကြိမ်က သူ သန့်စင်မှု ဆုံးရှုံးလုနီးပါးဖြစ်ခဲ့စဉ်က သူသည် စိတ်ပြောင်းသွားပြီး တတိယမင်းသား၏ အရှက်မဲ့မှုကို သေချာပေါက် သင်ယူခဲ့မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည် ထိုမိန်းကလေးနှင့် စေ့စပ်ပြီးဖြစ်နေလောက်ပြီ ဖြစ်သည်။

နန်ကုန်းယွမ်သည် သေခြင်းရှင်ခြင်းစာအုပ်ကို ဆွဲထုတ်ကာ လှုပ်ယမ်းပစ်ချင်စိတ်များ အမှန်တကယ် ဖြစ်ပေါ်လာလေ၏။

သူ၏ ကံကြမ္မာကို ဘာလို့ မစစ်ဆေးရတာလဲ။ သူနဲ့ ဤမိန်းကလေးက ဘယ်တော့များမှ နောက်ဆုံးမှာ အတူတူရှိသွားကြမှာလဲ။

ယွင်ဟွားသည် မိန်းမောတွေဝေနေခြင်းမှ ရုတ်တရက် သတိဝင်လာပြီး သူမ၏ လက်ချောင်းထိပ်မှ ယင်စွမ်းအင် အမျှင်တန်းလေးကို ထုတ်လွှတ်ကာ ပြဿနာကောင်သုံး၏ ခန္ဓာကိုယ်အတွင်းရှိ ဆေးအာနိသင်များကို ဖြေဖျောက်ပေးလိုက်လေ၏။ မည်သို့ပင်ဖြစ်စေ သူသည် သူမ၏ မောင်လေး ဖြစ်နေသေးရာ သူ ဒုက္ခရောက်နေသည်ကို သူမ လက်ပိုက်ကြည့်မနေနိုင်ပေ။

“အင်း…ငါ့ရဲ့ တတိယအစ်မအတွက် အရိုက်ခံနိုင်မယ့်သူကို ရှာတွေ့ဖို့ မျှော်လင့်ထားခဲ့ပေမယ့်... ပြဿနာကောင်သုံးလို လှည့်စားမှုကို ခံရတဲ့သူနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး…”

“ငါ့ရဲ့ တတိယအစ်မက နည်းနည်းလေး ရက်စက်တတ်တော့... အစ်မကြီးဖြစ်တဲ့ ငါကပဲ သူ့ကို အသက်ပိုရှည်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ သင်ပေးဖို့ လိုအပ်ပုံရတယ်…”

“ဟုတ်တယ်... သူမက ငါ့ထက်တောင် ပိုပြီး ရက်စက်သေးတယ်…”

ဘေးတွင် ရပ်နေသော ရွှီချင်းကျူးသည် ရုတ်တရက် ပေါ်လာသော လူကို ကြည့်လိုက်ရာ သူမ၏ မျက်နှာမှာ ချက်ချင်းပင် အရောင်အဆင်း ကင်းမဲ့သွားကာ ပြာနှမ်းဖြူရော်သွားပြီး နေရာတွင် ယိမ်းယိုင်စွာ ရပ်နေလေ၏။

"နင်... နင်တို့တွေ...ဘယ်လိုလုပ်ပြီး အတင်းဝင်လာနိုင်တာလဲ…”

*သူမရဲ့ အကြံအစည်တွေ... မင်းသားကြင်ယာတော်ဆိုတဲ့ သူမရဲ့ အဆင့်အတန်းတွေ…*

ထို့နောက် ယွင်ဟွားသည် သူမ ရှိနေသည်ကို သတိပြုမိသွားပြီး သူမ၏ မျက်လုံးများက သူမအား အထက်အောက် အကဲခတ်ကြည့်ရှုလိုက်ကာ လေချွန်လိုက်လေသည်။

“ဝါး... အတော်လေး ဖြူဝင်းတာပဲ... အင်း... ခန္ဓာကိုယ် အချိုးအစားကလည်း တော်တော်လေး ပြည့်စုံတာပဲ..."

“နွေဦးရှုခင်းက လှပပေမယ့်... ကံမကောင်းစွာနဲ့ သူမရဲ့ မျက်နှာက သိပ်မလှဘူး... တတိယအစ်မနဲ့ ယှဉ်လိုက်ရင် အများကြီး နိမ့်ကျနေတယ်…”

အားလုံး....

နန်ကုန်းယွမ်…

သူသည် သူ၏ မျက်လုံးများကို စော်ကားမိမည်ကို စိုးရိမ်သဖြင့် လွန်ခဲ့သော အချိန်ကတည်းက မျက်လုံးများကို မှိတ်ထားခဲ့လေ၏။ ကံကောင်းစွာဖြင့် သူသည် အချိန်တစ်လျှောက်လုံး တံခါးဝတွင် ရှိနေခဲ့ပြီး တတိယမင်းသားကို တစ်ချက်သာ လှမ်းမြင်လိုက်ရသည်။

သို့သော် လှည့်စားတတ်ပြီး ဆိုးယုတ်လှသော ထိုလေချွန်သည့် အပြုအမူမှာ သူ၏ မိခင်ဖြစ်သူနှင့် လုံးဝ တစ်ထပ်တည်းပင် ဖြစ်နေလေ၏။

ရွှီချင်းကျူး၏ မျက်နှာမှာ အလွန်အမင်း ရုပ်ဆိုးသွားလေ၏။ လှောင်ပြောင်နေသော လေသံကြောင့် သူမမှာ ဒေါသထွက်ကာ တုန်ယင်လာသည်။

မိန်းကလေးများက သူမ၏ ကိုယ်လုံးတီးကို မိသွားသဖြင့် သူမသည် မြေပြင်မှ အဝတ်အစားအချို့ကို အမြန်ဆွဲယူကာ ကမန်းကတန်း ဝတ်ဆင်လိုက်ပြီး သူမ၏ မျက်လုံးများထဲရှိ ဆိုးယုတ်သော အကြည့်များကို ဖုံးကွယ်ရန် မကြိုးစားတော့ပေ။

"ထွက်သွား... အားလုံး ထွက်သွားကြစမ်း..."

သူမ၏ အတွင်းစိတ်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်လာပြီး သူမကို ထွက်သွားရန် ပြင်းပြင်းထန်ထန် တွန်းအားပေးနေလေ၏။

"မဖြစ်နိုင်ဘူးလေ..."

"ငါတို့အားလုံးက မိန်းမတွေချည်းပဲ... ဘာကို ကြောက်စရာရှိလို့လဲ... နင့်မှာရှိတာ ငါ့မှာလည်း ရှိတာပဲ..."

ယွင်ဟွားက သူမထက် မနိမ့်ကျကြောင်း ပြသသည့်အနေဖြင့် ရင်ဘတ်ကို ကော့လိုက်လေ၏။

“ပန်းကလေး... ချစ်စရာကောင်းအောင် ဟန်ဆောင်နေတာကို ရပ်လိုက်တော့... နင်က ရိုးတံဖြောင့်တဲ့ ပန်းလေးတစ်ပွင့်ပါပဲ... ဘာမှ ထူးခြားမှုမရှိဘူး…”

သေခြင်းရှင်ခြင်းစာအုပ်သည် ပန်းကလေးနှင့် နေ့တိုင်း အိပ်စက်နေသဖြင့် အရာအားလုံးကို ဖတ်ရှုပြီးဖြစ်လေ၏။

ယွင်ဟွား…

“အဲ့ဒါကို ထပ်ပြောကြည့်စမ်း... ငါ နင့်ကို ရိုက်ပစ်မယ်..”

ယွင်ဟွားသည် နှာခေါင်းရှုံ့လိုက်ပြီး ရွှီချင်းကျူး၏ အနီးသို့ တိုးကပ်သွားကာ တိုးတိတ်စွာ ရယ်မောလိုက်လေသည်။

"နင့်မှာ သတ္တိတွေရှိနေတာပဲ... နင်က တတိယမင်းသားကို အကွက်ဆင်ခဲ့ပြီးတော့... အခု နင့်ကိုယ်နင် မှန်တယ်လို့ ထင်နေတာလား..."

ရွှီချင်းကျူး၏ မျက်နှာအမူအရာမှာ ရုတ်တရက် ထိတ်လန့်သွားလေ၏။

"နင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်... ငါ... ငါလည်း ထောင်ချောက်ဆင်ခံခဲ့ရတာ..."

သူမ စကားပြောပြီးသည်နှင့် ယွင်ဟွားကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့လိုက်လေသည်။

သူမ၏ လှည့်ကွက်ငယ်လေးများသည် သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့ထံမှ သဘာဝကျစွာပင် မလွတ်မြောက်နိုင်ခဲ့ဘဲ ၎င်းတို့သည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားလေ၏။

“ပန်းကလေး... သွားရိုက်... ငါ့ရဲ့ ပန်းကလေးကို အဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်ရဲတယ်ပေါ့... သူမရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပြီး ဆံပင်တွေကို ဆွဲနှုတ်ပစ်ကြမယ်…”

သေခြင်းရှင်ခြင်းစာအုပ်သည် နတ်ဆိုးတစ်ကောင်ကဲ့သို့ လူများကို ရိုက်နှက်နေပြီး သူ၏ မျက်နှာအမူအရာလေးများမှာ အလွန်စုံလင်နေလေ၏။

“ရှူးရှူး ပြောတာ မှန်တယ်..”

“ဟွားဟွား... ငါတို့က သူမကို ကိုယ်လုံးတီးချွတ်ပြီး ရေကန်ထဲကို ပစ်ချကာ အေးခဲသေဆုံးအောင် လုပ်ပစ်မယ်..”

တရားသူကြီးစုတ်တံသည် ရွှီချင်းကျူး၏ ရှေ့သို့ ပျံသန်းသွားကာ သူ၏ လက်ငယ်လေးကို ဝှေ့ယမ်းလျက် ဆူးပါသော တုတ်တိုတစ်ချောင်းနှင့် ဆူပွက်နေသော ဆီအိုးတစ်လုံးကို ချက်ချင်း ထုတ်ယူချင်စိတ်များ ဖြစ်ပေါ်နေလေ၏။

All Chapters