← Chapters

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း (၂၂၅) သူ ရောက်လာပြီ... သူ ရောက်လာပြီ…

“စိတ်မပူပါနဲ့... ငါ ဟွားဟွားက နင်တို့ရဲ့ တောင်းဆိုချက်တွေကို သေချာပေါက် ဖြည့်ဆည်းပေးမှာပါ…”

ယွင်ဟွားသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ ရယ်မောလိုက်၏။

"မမေ့ပါနဲ့... ဒီမင်းသမီးမှာ အနာဂတ်ကို တွက်ချက်နိုင်တဲ့ နက္ခတ်တာရာ လေ့လာရေးဌာနအရာရှိဆိုတဲ့ နောက်ထပ် ကိုယ်ပိုင်အမှတ်အသားတစ်ခုလည်း ရှိသေးတယ်ဆိုတာကို..."

"ဒါကြောင့် ရိုးရိုးသားသားသာ ဝန်ခံလိုက်စမ်းပါ..."

ထိုသို့ပြောပြီးနောက် ယွင်ဟွားသည် သူမ၏ ဆံထိုးကို ဆွဲဖြုတ်ရန် ပြင်လိုက်စဉ် တော်ဝင်ကြင်ယာတော်စု၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရလေသည်။

"ဘယ်က အရှက်မရှိတဲ့ ခွေးမလေးက တော်ဝင်မျိုးနွယ်အပေါ် အကြံအစည်လုပ်ရဲတာလဲ... သူမက သေချင်နေတာလား..."

"တော်ဝင်ကြင်ယာတော်စု... သူမ ဒီနေရာမှာ ရှိတယ်... သူမကို မြန်မြန် ဝိုင်းထားလိုက်ကြစို့..."

သခင်မတစ်ဦးက အလျင်အမြန် ဝင်ပြောလိုက်ပြီး နောက်ဆုံးတွင် ရှေ့သို့ အနည်းငယ် တိုးသွားနိုင်ခဲ့သည်။ သူမသည် တစ်နေကုန် အေးစက်သော လေပြင်းဒဏ်ကို ခံထားရသဖြင့် အေးခဲသေဆုံးလုနီးပါး ဖြစ်နေလေပြီ။

"မယ်တော်ကြီး... မလောပါနဲ့... ဖြည်းဖြည်းသွားပါ... နန်းတော်ထဲမှာ ပြဿနာရှာနေတဲ့သူကို ကျွန်တော်မျိုးမတို့ သေချာပေါက် ဖမ်းမိမှာပါ..."

အထိန်းတော်ကူသည် မယ်တော်ကြီးကို တွဲကူထားရပြီး သူမ၏ ခြေလှမ်းများကို အမီလိုက်နိုင်ရန် အတော်လေး ရုန်းကန်နေရ၏။ သူမ၏ သခင်မသည် အတင်းအဖျင်း နားထောင်ရန်အတွက် တကယ့်ကို အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်။

ရွှီချင်းကျူးသည် မလှမ်းမကမ်းမှ ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရချိန်တွင် အကြောက်တရားကြောင့် မျက်လုံးများ ပြူးကျယ်သွားလေသည်။

သူမသည် မစဉ်းစားမဆင်ခြင်ဘဲ တံခါးပေါက်မှ အပြေးအလွှား ထွက်သွားရန် ကြိုးစားလိုက်သော်လည်း တိုးဝှေ့လာသော လူအုပ်ကြီးကြောင့် နောက်သို့ ပြန်လည် တွန်းထုတ်ခံလိုက်ရသည်။ တစ်စုံတစ်ယောက်က အကြောင်းပြချက်တစ်ခုခုကြောင့် သူမ၏ ပွယောင်းနေသော အဝတ်အစားများကို ဆွဲဆုတ်လိုက်လေသည်။

မြင်ကွင်းသည် ခဏတာမျှ ရပ်တန့်သွားလေ၏။

"ဝါး... ငယ်ရွယ်မှုက တကယ့်ကို ကောင်းတာပဲ... ခါးနဲ့ ခြေတံတွေကို ကြည့်လိုက်ပါဦး... အသားတွေ လျော့ရဲနေတဲ့ ငါလို အဘွားကြီးနဲ့တော့ တခြားစီပါပဲလား..."

"ကျွတ် ကျွတ် ကျွတ်... ဒီကောင်မလေးက ဘယ်သူ့သမီးလဲ... ခုလိုမျိုး အဝတ်အစားတွေ ချွတ်ထားတာတောင် ငါတို့ရဲ့ တတိယမင်းသားက သူမကို ထိဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်နေတာ... သူက ဘယ်လောက်တောင် ရွံရှာနေလိုက်မလဲ..."

ရွှီချင်းကျူးမှာ ဆွံ့အသွားလေသည်။

"အား..."

သူမသည် ရှက်ရွံ့မှုနှင့် ဒေါသတို့ကြောင့် အော်ဟစ်လိုက်ပြီး ရင်ဘတ်ကို ဖက်ထားကာ ရုတ်တရက် လှည့်၍ အထိတ်တလန့်ဖြင့် ခုန်ဆွခုန်ဆွ ဖြစ်နေလေသည်။

"ဝါး... ကောင်မလေးရဲ့ တင်ပါးကလည်း ဖြူဖွေးနေတာပဲ..."

"တကယ့်ကို တင်းရင်းနေတဲ့ပုံပဲ..."

"ဟီးဟီး..."

ရွှီချင်းကျူးသည် အဝတ်အစားများကို ကောက်ယူကာ မျက်နှာပြင်အကွယ်သို့ ပုန်းရှောင်သွားစဉ် သူမ၏ အော်ဟစ်သံများမှာ ပို၍ ကျယ်လောင်လာလေသည်။

လူတိုင်းထံမှ ရယ်မောသံများ ဆက်လက် ထွက်ပေါ်လာ၏။

ယွင်ဟွားသည် စိတ်လှုပ်ရှားနေသော လူအုပ်ကြီးကို ကြည့်ကာ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး မှတ်မိရန် အပြင်းအထန် ကြိုးစားလိုက်သည်။

“ငါ သူတို့ကို ဒီနေရာကို မခေါ်ခဲ့ဘူးထင်တယ်…”

ဧကရာဇ်ဝမ်ရွှမ်းနှင့် သူ၏ အမတ်များသည် ၎င်းတို့၏ ဇနီးများ၊ သမီးများနှင့် မတူဘဲ တံခါးအပြင်ဘက်တွင် ရပ်နေကြသည်။

"ငါ... ငါ အထဲကိုတောင် မတိုးရသေးဘူး..."

ဧကရာဇ်ဝမ်ရွှမ်းသည် ခြေဖျားထောက်ကာ လည်ပင်းကို ဆန့်ထုတ်ကြည့်သော်လည်း အပြင်ဘက်တွင် ပိတ်ဆို့ခံထားရသဖြင့် အလွန်စိုးရိမ်ပူပန်နေပုံရလေသည်။

သူသည်လည်း တရားမျှတမှုကို ထိန်းသိမ်းလိုသေးသည် မဟုတ်ပါလား။

"မင်းတို့က ဘာလို့ နည်းနည်းလေးမှ မလောကြတာလဲ..."

ဧကရာဇ်ဝမ်ရွှမ်းသည် ယွင်ရှောင်ထျန်းနှင့် သူ၏ အဖွဲ့ကို အံ့သြစွာဖြင့် စိုက်ကြည့်လိုက်သည်။ သူသိထားသလောက်ဆိုလျှင် ဤကောင်များသည် အတင်းအဖျင်းပြောရာတွင် အမြန်ဆုံး ဖြစ်သည်။

"အရှင်မင်းကြီး... သူမက အဝတ်အစား ဝတ်မထားပါဘူး... ကျွန်တော်မျိုးက ယောကျ်ားကောင်းတို့ရဲ့ ကိုယ်ကျင့်တရားကို လိုက်နာပါတယ်..."

ယွင်ရှောင်ထျန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ကျွန်တော်မျိုးကတော့ မိန်းမကြောက်ရပါတယ်..."

ချန်ကျဲဟန်က ဝင်ပြောလိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးကတော့ ကြမ်းပြင်ပေါ်မှာ မအိပ်ချင်ပါဘူး..."

မင်းသားစုက သူ၏ ရပ်တည်ချက်ကို ဖော်ပြကာ ပြောလိုက်သည်။

"ခမည်းတော်... ကျွန်တော်မျိုးရဲ့ မိန်းမ ထွက်ပြေးသွားမှာကို စိုးရိမ်လို့ပါ..."

အိမ်ရှေ့စံက သူသာ အနီးကပ် မစောင့်ကြည့်ပါက သူ၏ ဇနီးသည် အတင်းအဖျင်းပြောတတ်သော မိစ္ဆာတစ်ကောင်နှင့်အတူ သိုင်းလောကထဲ လှည့်လည်ရန် ထွက်သွားမည်ဟု ခံစားနေရသည်။

ဧကရာဇ်ဝမ်ရွှမ်းမှာ ဆွံ့အသွားလေသည်။

ထို့ကြောင့် သူသည်သာ နှာဘူးအဘိုးကြီးတစ်ယောက် ဖြစ်နေသည်။

အထိန်းတော်ချောင်က ရှေ့သို့ တိုးလာပြီး ရိုသေစွာဖြင့် ပြောလိုက်၏။

“အရှင်မင်းကြီး... ရှေ့တန်းမှာ မယ်တော်ကြီးနဲ့ ဧကရီတို့ ရှိနေပြီးတော့ ယုံအန်းမင်းသမီးလည်း ဒီနေရာမှာ ရှိနေတဲ့အတွက် ကျွန်တော်မျိုးတို့က အေးအေးဆေးဆေး ထိုင်ပြီး ပွဲကြည့်လို့ ရပါပြီ..."

ဧကရာဇ်ဝမ်ရွှမ်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ နောက်တန်းရှိ လူများသည် ရှေ့တန်းမှ မြင်ကွင်းကို ခံစားနိုင်ကြသည်လေ။

အခန်းတွင်းရှိ လူများ၏ မှတ်ချက်များနှင့် ဝေဖန်မှုများကြောင့် လူအုပ်ထဲတွင် ရှိနေသော သခင်မရွှီမှာ မူးဝေသွားကာ ရွှီချင်းကျူးကို စိုက်ကြည့်ရင်း သွားကြိတ်ထားမိလုနီးပါး ဖြစ်သွားသည်။

ဤကျိန်ဆဲခံရမည့် ခွေးမလေး။ သူမက သူမရဲ့ အမေလိုပဲ အရှက်မရှိတာ။

ပို၍ ဒေါသထွက်စရာကောင်းသည်မှာ ထိုမယားငယ်သည် သခင်မကြီး၏ ဆွေမျိုးဝေးတူမဖြစ်ပြီး သူမက အမြဲတမ်း ကာကွယ်ပေးထားခြင် ဖြစ်သည်။

ဤနန်းတော်သို့ လာရောက်ခြင်းမှာလည်း အိမ်တော်ထဲတွင် ၎င်းတို့ ပြဿနာရှာမှုကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက သူမသည် ဤပြဿနာကောင် မယားငယ်၏ သမီးကို ခေါ်လာမည့်အစား အခြားမယားငယ်များ၏ သမီးများကိုသာ နန်းတော်သို့ ခေါ်လာမည် ဖြစ်သည်။

*အခုတော့ ကောင်းသွားပြီ..ငါတို့အားလုံး အတူတူ ကြီးပွားပြီး အတူတူ ဒုက္ခခံကြရတော့မယ်*

ဤသည်က ရွှီမိသားစု၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရုံသာမက ရွှီမိသားစုမှ အခြားမိန်းကလေးများ ခင်ပွန်းရှာရန် ပို၍ပင် ခက်ခဲသွားစေသည်။

သူမသည် အံကိုကြိတ်လျက် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားကာ သူမ၏ ဆံပင်ကို ဆွဲကိုင်ပြီး အပြင်သို့ ဆွဲထုတ်ကာ ပါးနှစ်ချက် ရိုက်ချလိုက်လေသည်။

တော်ဝင်ကြင်ယာတော်စုမှာ အလွန် ပါးနပ်လေသည်။ သူမသည် ရင်ခွင်ထဲမှ ဖိနပ်တစ်ရန်ကို ထုတ်ယူကာ အသင့်ကမ်းပေးရင်း ပြောလိုက်၏။

"ဒါကို သုံးလိုက်... နင့်လက်တွေ နာမှာ မဟုတ်ဘူး..."

သခင်မရွှီမှာ အံ့အားသင့်သွားလေသည်။

“ကျေးဇူးတင်ပါတယ်…*

သူမသည် ဖိနပ်ကို မဆိုင်းမတွ ကောက်ယူလိုက်သည်။ သူမသည် ဤသားအမိကို ပညာပေးရန် ဆန္ဒရှိနေသည်မှာ ကြာပြီဖြစ်ရာ ယနေ့တွင်တော့ အငယ်မကို အရင်ဆုံး ရှင်းလင်းရန် အခွင့်အရေးရသွားပြီ ဖြစ်သည်။

သူမက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ရွှီချင်းကျူး... နင်လုပ်ထားတဲ့ မိုက်မဲတဲ့ လုပ်ရပ်ကို ကြည့်လိုက်စမ်း... နင်က ယောကျ်ားတစ်ယောက်ကို အဲ့လောက်တောင် လိုချင်နေတာလား... မင်းသားတစ်ပါးကိုတောင် အကြံအစည်လုပ်ရဲတယ်ပေါ့... ငါတို့က အသက်ရှင်ရတာ အရမ်းကြာနေပြီမို့ ငရဲပြည်ကို စောစော အပို့ခံချင်နေတယ်လို့ နင် ထင်နေတာလား..."

ယွင်ဟွားသည် သူမ၏ လက်သေးသေးလေးကို တိတ်ဆိတ်စွာ မြှောက်ကာ ဖြည့်စွက်ပြောလိုက်သည်။

"ငရဲပြည်မှာ သရဲတစ္ဆေတွေ ပြည့်နှက်နေလို့ လောလောဆယ်တော့ သူတို့ကို လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်..."

သခင်မရွှီမှာ စကားဆို့သွားလေသည်။

*ယုံအန်းမင်းသမီး... နင်က ငရဲပြည်ကလာတယ်ဆိုတာ ကျွန်မ သိပေမယ့် ကျွန်မ လုပ်နိုင်တာကို ပြခွင့်ပြုပါဦးလား…*

“ဟားဟား... သူမက နင့်ကို အသက်ရှင်ရတာ ကြာလွန်းပြီလို့ တကယ်ထင်နေတာ... ဘယ်သူက နင့်ကို သူမရဲ့ ကိုယ်ပိုင်အမေထက် သာလွန်တဲ့ အိမ်ရှင်မဖြစ်ခိုင်းလို့လဲ... အခု သူမက မင်းသားရဲ့ ကြင်ယာတော် ဖြစ်လာပြီဆိုတော့ နောက်ပိုင်းကျရင် နင့်ကို စိန်ခေါ်နိုင်ပြီး သူမအမေ နေရာရဖို့အတွက် နင့်ကိုပါ တစ်ပါတည်း သတ်ပစ်နိုင်တယ်…”

သေခြင်းရှင်ခြင်းစာအုပ်က ပွဲကြည့်ရင်း ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်၏။

သခင်မရွှီ၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားကာ ဆုပ်ကိုင်ထားမှုကို ပို၍ တင်းကျပ်လိုက်လေသည်။

မျက်နှာပေါ်မှ နာကျင်မှုများ ရှိနေသော်လည်း ရွှီချင်းကျူး၏ မျက်လုံးများတွင် အငြိုးအတေးများ တောက်ပသွားကာ သခင်မရွှီကို ရုတ်တရက် တွန်းဖယ်လိုက်သည်။

"ကျွန်မ မလုပ်ပါဘူး... ကျွန်မ မလုပ်ပါဘူး... ကျွန်မလည်း လုပ်ကြံခံရတာပါ... ကျွန်မရဲ့ အပြစ်ကင်းစင်ကြောင်းကို သက်သေပြဖို့ ကျိန်ဆိုဝံ့ပါတယ်..."

"ဟမ့်.. အဲ့စကားကို ငါ အလွတ်ရတယ်..."

ယွင်ဟွား၏ ရွှင်လန်းသော အသံ ထွက်ပေါ်လာကာ သူမသည် စိတ်လှုပ်ရှားမှုများ တောက်ပနေလျက် လူအုပ်ထဲမှ တိုးထွက်လာလေသည်။

ရွှီချင်းကျူးမှာ ချက်ချင်း အေးခဲသွားလေတော့သည်။

"မြန်မြန်... ငါ့ကို ကျိန်ဆိုလိုက်စမ်းပါ... ငါက လိမ်ညာမှုတွေကို စမ်းသပ်ပေးတဲ့ လမ်းလျှောက်နေတဲ့ မိုးကြိုးပဲ... ပြီးခဲ့တဲ့အကြိမ် ကျိန်ဆိုခဲ့တဲ့သူက တော်တော်လေး အထိနာသွားပုံရတယ်... ဒါပေမယ့် နင်က အားနည်းတဲ့သူဆိုတော့ မိုးကြိုးပစ်ခံရပြီး သေသွားနိုင်တယ်..."

ယွင်ဟွားက ကောက်ကျစ်စွာ ပြုံးလိုက်ရာ ရွှီချင်းကျူး၏ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားစေသည်။

သေတဲ့အထိ ခုတ်ထစ်ပစ်မလို့လား…။

တရားသူကြီးစုတ်တံက နှုတ်ခမ်းကို သပ်လိုက်သည်။ ၎င်းသည် ထပ်၍ ဗိုက်ဆာလာပြန်ပြီ ဖြစ်၏။

“ကြော်မယ်... ကြော်မယ်... စုတ်တံက ဒယ်အိုးကို ချက်ချင်း ထုတ်ယူပြီး ဆီပူပေးလိုက်တယ်…”

ယွင်ဝေက တိုးညှင်းစွာ ဖြတ်ပြောလိုက်သည်။

"သူမကိုယုံရင် နင် အသက်ရှင်လိမ့်မယ်... သူမကို မယုံရင်တော့ နင် ပေါက်ကွဲသွားပြီး မည်းခြောက်သွားနိုင်တယ်..."

ပြီးခဲ့သည့်အကြိမ်က ထိုလူ၏ အစားအစာကို သူမ ကြော်ခဲ့သည်ကို သူမ မမေ့သေးပေ။ အနံ့က အလွန်မွှေးပျံ့လှသည်။ သူမသာ သက်ရှိလူသားတစ်ဦး မဟုတ်ခဲ့လျှင် တကယ့်ကို မြည်းစမ်းကြည့်ချင်မိမည် ဖြစ်သည်။

“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ပြီးခဲ့တဲ့အကြိမ်က အစပ်အရသာ... ဒီတစ်ကြိမ်တော့ ပေပေ့က ချဉ်စပ်အရသာ ပြောင်းချင်တယ်... ပြီးတော့ နောက်တစ်ကြိမ်ကျရင် စီချွမ်းငရုတ်ကောင်းအရသာ ဖြစ်ရမယ်…”

၎င်းက ပိုပြောလေ တရားသူကြီးစုတ်တံမှာ ပို၍ ထိန်းမနိုင်သိမ်းမရ သွားရည်ကျလေဖြစ်ကာ ၎င်း၏ သွားရည်မြိုချသံကြောင့် ရှိနေသူအားလုံးကို တုန်လှုပ်သွားစေသည်။

အသက်ရှင်နေစဉ်တွင် တရားစီရင်ခံရမည်ကို ကြောက်ရွံ့ပြီး တရားသူကြီးစုတ်တံ၏ အရေးအသားများကြောင့် မိမိ၏ သက်တမ်း လျော့ကျသွားမည်ကို စိုးရိမ်ရသည်။

သေဆုံးပြီးနောက်တွင်လည်း ၎င်းက စားသောက်ခြင်းကို ခံရဦးမည် ဖြစ်သည်။

*ကောင်းကင်ဘုံရေ... သင်က ငါတို့ကို သေတဲ့အထိ နှိပ်စက်ဖို့ ကြိုးစားနေတာလား…*

"ကျွန်မ... ကျွန်မ..."

ရွှီချင်းကျူး၏ မျက်နှာမှာ ရောင်ရမ်းကာ ကြီးမားနေ၏။ သူမသည် ယွင်ဟွား၏ စွမ်းရည်များကို သိရှိထားပြီး လောင်းကစားမလုပ်ရဲသော်လည်း သူမက ခေါင်းမာမာဖြင့် ဝန်ခံရန် ငြင်းဆန်နေဆဲပင် ဖြစ်သည်။

"ကျွန်မ... ကျွန်မ တကယ့်ကို အပြစ်ကင်းပါတယ်... ကျွန်မ လုပ်ကြံခံရတာပါ..."

ရွှီချင်းကျူးသည် မယ်တော်ကြီးရှေ့တွင် ရုတ်တရက် ဒူးထောက်လိုက်ပြီး အကြိမ်အနည်းငယ် ဦးညွှတ်လိုက်သည်။ နံ့သာပေါင်းမှာ လောင်ကျွမ်းသွားပြီဖြစ်ရာ အရောင် သို့မဟုတ် အနံ့ တစ်စုံတစ်ရာ မကျန်ရှိဘဲ မည်သည့် ခြေရာလက်ရာမျှ ချန်ထားခဲ့မည် မဟုတ်ပေ။

"မယ်တော်ကြီး... တတိယမင်းသားက ဆေးခတ်ခံရတာပါ... သူက ရုတ်တရက် အတင်းဝင်လာတာပါ... ကျွန်မက အပြစ်အကင်းဆုံးသူပါ..."

"မယ်တော်ကြီး... ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးပေးပါ..."

သူမသည် ရင်ကွဲမတတ် ငိုကြွေးနေသော်လည်း ရှိနေသူ မည်သူတစ်ဦးတစ်ယောက်မျှ အရူးများ မဟုတ်ကြပေ။ ယုံအန်းမင်းသမီးကဲ့သို့သော ဤ 'အတုအယောင်' လိမ်လည်သူအကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ချေ။

"ဟမ့်... ငါတို့က စုံစမ်းစစ်ဆေးမှာ မဟုတ်ဘူး... ငါတို့က ယုံအန်းမင်းသမီးကိုပဲ ယုံကြည်မှာ... ဒီကိစ္စနဲ့ ပတ်သက်ပြီး နင် ဘာလုပ်မှာလဲ..."

တော်ဝင်ကြင်ယာတော်စုက အခြေအနေကို စိတ်ဝင်စားစရာ ဖြစ်လာစေရန် ရုတ်တရက် ဗြုန်းစားကြီး ပြောလိုက်လေသည်။

ရွှီချင်းကျူးမှာ ဆွံ့အသွားလေသည်။

မယ်တော်ကြီး၏ မျက်နှာမှာ အလွန် ဆိုးရွားနေ၏။ သက်သေအထောက်အထား ရှာဖွေခြင်းက အချိန်ဖြုန်းခြင်းသာဖြစ်ပြီး သူမသည် ထိုမျှလောက် အလုပ်အားသူ မဟုတ်ပေ။

"ငါ့ရဲ့ ချစ်လှစွာသော ညီမလေးက နတ်ဘုရားရဲ့ ကောင်းချီးကို ရထားတာ... သူမကို ယုံကြည်တာက ဧကရာဇ်ကို ယုံကြည်တာထက် ပိုပြီး ထိရောက်တယ်..."

"အစောင့်တို့... အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတဲ့ ဒီမိန်းမကို ဆွဲထုတ်သွားကြစမ်း... သူမကို မိုင်သုံးဆယ်လောက် အဝေးကို ခေါ်သွားလိုက်... သူမရဲ့ စိတ်က မဖြူစင်စေနိုင်မှတော့ ရမ္မက်တွေကို ရှောင်ကြဉ်ဖို့ သီလရှင်ကျောင်းကိုသာ ပို့လိုက်တော့..."

"မယ်တော်ကြီး... ကျွန်မ တကယ့်ကို အပြစ်ကင်းပါတယ်... တကယ်ပါ..."

ရွှီချင်းကျူးသည် ငိုကြွေးရင်း မယ်တော်ကြီး၏ ခြေထောက်ကို ဖက်ထားရန် ကြိုးစားသော်လည်း ယွင်ဟွားက သူမကို ကန်ထုတ်လိုက်လေသည်။

"ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ ခြေထောက်ကို နင်က ဖက်ထားနိုင်မယ်လို့ ထင်နေတာလား..."

ယွင်ဟွားသည် သူမအား စိုက်ကြည့်လိုက်ပြီးနောက် မယ်တော်ကြီး၏ လက်မောင်းကို ပွတ်သပ်ကာ နှုတ်ခမ်းဆူလျက် ပြောလိုက်သည်။

"ငါကပဲ မယ်တော်ကြီးကို ဖက်ထားလို့ ရတာ..."

မယ်တော်ကြီး၏ ဒေါသထွက်နေသော မျက်နှာမှာ ချက်ချင်း လင်းလက်သွား၏။

"ဟုတ်တယ်... အခုကစပြီး ငါက နင့်ကိုပဲ အလိုလိုက်တော့မယ်..."

"ဒီကြင်ယာတော်ကလည်း လူတစ်ယောက်တည်းကိုပဲ မျက်နှာသာပေးတာ..."

တော်ဝင်ကြင်ယာတော်စုက သူမ၏ ချွေးမဖြစ်သူ အခြေတကျ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် စိတ်အနှောင့်အယှက်ပေးသော ထိုသားအဖကို ဖယ်ရှားကာ ငွေရှာနိုင်မည်ဟု တွေးလိုက်သည်။ သူမသည် နေ့စဉ် အိမ်တွင် ထိုင်လျက် နူးညံ့ပျော့ပျောင်းသော သူမ၏ ကောင်မလေးကို ပွေ့ဖက်ကာ ရွှေများကို ရေတွက်နေမည်ဖြစ်သည်။

တော်ဝင်မြို့တော်၏ အောက်ခြေတွင် ပုံရိပ်တစ်ခုက ၎င်း၏ အစစ်အမှန်ပုံစံကို ဖော်ထုတ်လိုက်လေသည်။

နေရာလွတ်ထဲရှိ ငရဲလကျောက်မှာ ထိတ်လန့်မှုကြောင့် ၎င်း၏ အိပ်မောကျနေရာမှ ရုတ်တရက် နိုးထလာလေသည်။

"သေပါပြီ... သေပါပြီ... သေပါပြီ..."

All Chapters