← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း (၂၂၉) ဖြူမည်း သေမင်းတမန်များ၏ ပြိုလဲခြင်း

ဖြူမည်း သေမင်းတမန်များသည် ၎င်းတို့အတွက် အဆိုးရွားဆုံးသော အရာများ ဆက်လက်ဖြစ်ပေါ်လာဦးမည်ကို အနည်းငယ်မျှပင် မသိရှိခဲ့ကြပေ။

ယွင်ဟွားက သူတို့ကို တစ်ချက် ကြည့်လိုက်၏။

သူမ၏ လက်လေးများက လက်သင်္ကေတများကို ဆက်တိုက် ပြုလုပ်နေပြီး ဖြူမည်း သေမင်းတမန်များမှာမူ လုံးဝ ထိတ်လန့်သွားကာ လည်ပင်းများ တောင့်တင်းလျက် နောက်သို့ ဆုတ်သွားကြလေသည်။

"ပုလဲလေး... မ... မဆင်မခြင် ဘာမှမလုပ်ပါနဲ့... သူတို့က ဒီဘဝမှာ မင်းရဲ့ ဘိုးဘေးတွေမှန်း ငါတို့ တကယ်မသိခဲ့လို့ပါ... သူတို့ကို မေးခွန်းတွေ မေးတဲ့အခါမှာလည်း သူတို့က ဘာမှကိုမပြောကြဘူး..."

"အိုး..."

ယွင်ဟွားက စကားကို ရပ်တန့်လိုက်ပြီး လက်သင်္ကေတများကို ဆက်လက် ပြုလုပ်နေလေသည်။

"ဒါက နင်တို့ရဲ့ တာဝန်ဆိုတာကို နားလည်ပေးနိုင်ပါတယ်... ဒါပေမဲ့ သူတို့က ဒီဘဝမှာ ငါ့ရဲ့ မိသားစုဝင်တွေဖြစ်နေတော့ သူတို့အတွက် တရားမျှတမှုကို ရှာဖွေပေးရမယ်..."

"ငါတို့ရဲ့ ဘိုးဘေးတွေက ဘိုးဘေးကမ္ပည်းပြားတွေထဲမှာ ရိုးသားသန့်စင်စွာနဲ့ တာဝန်ကျေပွန်စွာ ကျင့်ကြံခဲ့ကြပြီး ဘာမကောင်းမှုမှ မလုပ်ခဲ့ကြဘူး... နင်တို့က ဒါကို အခွင့်ကောင်းယူမယ်ဆိုရင်တော့ နင်တို့ကို ရိုက်နှက်ပြီးမှပဲ ကျေအေးပေးမယ်..."

"ဒါပေမဲ့..."

ဖြူမည်း သေမင်းတမန်များသည် မန်ဂျူဆာကာပန်း၏ ဤအခြေအနေကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားများမှာ နစ်မြုပ်သွားလေတော့သည်။

ယွင်ဟွားက ပြုံးလိုက်သော်လည်း သူမ၏ မျက်လုံးများထဲရှိ အလင်းရောင်မှာ နှင်းခဲကဲ့သို့ အေးစက်နေ၏။

"ငရဲပြည်ကို ပြန်ရောက်သွားတဲ့အခါ နင်တို့အတွက် ကျင့်ကြံဖို့ အရင်းအမြစ်တွေ အများကြီးရှိနေမှာမို့ အချိန်တိုအတွင်း ပြန်လည်သက်သာလာနိုင်တယ်... ဒါပေမဲ့ ငါ့ရဲ့ ဘိုးဘေးတွေအတွက်တော့ မတူဘူးလေ..."

"သူတို့က အဲ့အရာတွေကို သူတို့ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ တစ်စတစ်စ ရယူခဲ့ကြတာ... အဲ့ဒါကို နင်တို့နှစ်ယောက်က ခုလိုပဲ ဖျက်ဆီးပစ်လိုက်တယ်... ဒီကိစ္စကို ငါလုံးဝ သည်းမခံနိုင်ဘူး... နားလည်လား..."

ဖြူမည်း သေမင်းတမန်များသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကြသည်။

"ပုလဲ... ပုလဲလေး..."

"ကောင်းကင်ဘုံဧကရာဇ်ကို ခေါ်နေလည်း အလကားပဲ... စိတ်မပူပါနဲ့... သူတို့ကို လျော်ကြေးပေးဖို့ နင်တို့ရဲ့ ကျင့်ကြံခြင်းစွမ်းအား နည်းနည်းလေးကိုပဲ ယူသုံးမှာပါ..."

ယွင်ဟွားက လက်သန်းလေးကို ထောင်ပြကာ အလွန် ရိုးသားစွာပြုံးပြလိုက်၏။

နောက်တစ်စက္ကန့်တွင်။

"အား..."

"တော်ပြီ... တော်ပါတော့... နင် ကလေးမ... ဒါက နင်ပြောတဲ့ နည်းနည်းလေးဆိုတာလား..."

"ရပ်လိုက်စမ်း... နင် လူယုတ်မာ... အခုချက်ချင်း ရပ်လိုက်..."

"ဟွားဟွား... ဆက်ဆွဲ... ဆက်ဆွဲ... သူတို့ကို အမွေးမရှိတဲ့ ကြက်တွေ ဖြစ်သွားတဲ့အထိ ဆွဲပစ်လိုက်..."

သေခြင်းရှင်ခြင်းစာအုပ်သည် နောက်ဆုံးတွင် လက်စားချေနိုင်ခဲ့ပြီဖြစ်ရာ စိတ်လှုပ်ရှားစွာဖြင့် ပတ်ချာလည် ပျံသန်းနေလေသည်။ တစ်ခါတစ်ရံတွင် သူသည် ရှေ့သို့ တိုးလာပြီး သူတို့ကို ကန်ကျောက်လိုက်သေး၏။

ထိပ်ပြောင်နေသော ကြက်တစ်ကောင် ဖြစ်သွားလေပြီ။

တရားသူကြီးစုတ်တံက ရုတ်တရက် လင်းလက်သွားသည်။

သူသည် သဘောထားသေးသိမ်ပြီး ထိုနှစ်ယောက်အပေါ် အငြိုးထားကြောင်း ဝန်ခံလေသည်။ သူတိို့သည် သူ့က်ု လှည့်စားခဲ့ရုံသာမက အလုပ်များစွာကိုလည်း ခိုင်းစေခဲ့ပြီး သူ၏ အမွေးများကိုပင် နှုတ်ပစ်ခဲ့သည် မဟုတ်ပါလား။

နောက်ဆုံးတော့ အခွင့်အရေး ရလာခဲ့လေပြီ။

သူသည် ၎င်း၏ ငရဲကတ်ကြေးကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်ပြီး သူတို့၏ ခေါင်းများကို လျင်မြန်စွာ ညှပ်ချလိုက်လေသည်။

"အား..."

သေမင်းတမန်အဖြူမှာ လုံးဝ ပြိုလဲသွားပြီး စူးရှစွာ အော်ဟစ်လိုက်၏။

"နင် စုတ်တံအစုတ်လေး... ရပ်လိုက်စမ်း... အခုချက်ချင်း ရပ်လိုက်..."

သူက ထိုမျှလောက် အသည်းအသန် အော်ဟစ်နေသော်လည်း တရားသူကြီးစုတ်တံမှာ သူ့ကို လျစ်လျူရှုကာ အချက်အနည်းငယ်မျှဖြင့် ဖြတ်တောက်ခြင်းကို အပြီးသတ်လိုက်လေသည်။

ထို့နောက် ရေအနည်းငယ် လောင်းချလိုက်ပြီး ဓားတစ်ချောင်းထုတ်ကာ အလွန် သန့်ရှင်းပြောင်စင်သွားသည်အထိ ရိတ်ပစ်လိုက်သည်။

တောက်ပနေသော ကြက်ဥပြုတ်တစ်လုံးကဲ့သို့ တောက်ပကာ ပြောင်လက်နေလေသည်။

အပြီးသတ်သွားပြီးနောက် တရားသူကြီးစုတ်တံက ကြေးမုံတစ်ချပ်ကို ထုတ်ယူကာ သေမင်းတမန်အဖြူ၏ အရှေ့တွင် ထောင်ပြလိုက်၏။

ထိုခဏတွင်ပင်။

သူ၏ ကမ္ဘာကြီး ပြိုလဲသွားလေတော့သည်။

"အား..."

"ကျိန်စာသင့်မယ့်ကောင်... နင် စောင့်နေလိုက်... တစ်နေ့နေ့ နင် ငါ့လက်ထဲ ရောက်လာတဲ့အခါ နင့်ကို အဝတ်အစားတွေချွတ်ပြီး ဆီကြော်အိုးထဲ ပစ်ထည့်ပစ်မယ်..."

သူ၏ ဆံပင်များ... သူ၏ ထူထဲပြီး နက်မှောင်ကာ ချောမွေ့ရှည်လျားလှသော ဆံပင်များ…

"ဟွန့်... နင်ပဲ စောင့်နေလိုက်... ငါက အရင် လက်စားချေမှာပဲ..."

တရားသူကြီးစုတ်တံက သူ အနည်းငယ်မျှပင် မကြောက်ရွံ့ကြောင်း ကြေညာလိုက်လေသည်။

သေမင်းတမန်အမည်းသည်လည်း ခါးသီးစွာ ငိုကြွေးနေလေသည်။ သူက သူ၏ ဆံပင်များကို ဂရုမစိုက်သော်လည်း သူ၏ ကျင့်ကြံခြင်းစွမ်းအားကိုမူ အလွန် ဂရုစိုက်ပေသည်။

သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းပင်။

"နင် ကလေးမ... ဒါက နည်းနည်းလေးပဲလား... ငါ့ကျင့်ကြံခြင်းစွမ်းအား တစ်ဝက်တောင် ပါသွားပြီ... နင် စောင့်နေလိုက်... အစောကြီးမဟုတ်ရင်တောင် တစ်နေ့ နင် ငါ့လက်ထဲ ရောက်လာမှာပဲ... ဝါး... ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ..."

ဘာကြောင့်များ သူတို့သည် ဤပြဿနာကောင်များနှင့် လာဆုံတွေ့နေရသနည်း။

ယွင်ဟွားသည် သူမ ခိုးယူထားသော ကျင့်ကြံခြင်းစွမ်းအားများကို ကြောက်ရွံ့စွာဖြင့် သိမ်းဆည်းလိုက်ပြီး သူမ၏ မျက်နှာမှာ အနည်းငယ် ရှက်ရွံ့နေဟန်ရှိ၏။ သူမက လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူကာ သေမင်းတမန်အမည်း၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။

"အင်း... မ... မငိုပါနဲ့တော့..."

"အမည်းလေး... ဘယ်လိုဖြစ်တတ်လဲဆိုတာ နင် သိပါတယ်... တစ်ကြိမ်စလုပ်မိရင် ရပ်လို့မရတော့ဘူးလေ... အဆုံးမှာတော့ ပိုပိုပြီး ယူမိသွားတာပဲ... ကိစ္စမရှိပါဘူး... အဆင်ပြေသွားမှာပါ... နင် ပြန်ရောက်သွားတဲ့အခါ နည်းနည်းလောက် ပိုကြိုးစားလိုက်ရုံနဲ့ နင့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ မကြာခင် ပြန်ရလာမှာပါ..."

"ဘာပဲဖြစ်ဖြစ် သူတို့က ငါ့ရဲ့ ဘိုးဘေးတွေလေ… ငါက သူတို့ကို နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာဖို့ လေ့ကျင့်ပေးပြီး နင့်ရဲ့ အလုပ်တာဝန်တွေကို ပေါ့ပါးသွားစေဖို့ စီစဉ်နေရုံပါ... ဒါကို လုပ်ဖော်ကိုင်ဖက်အသစ်တွေအတွက် ကြိုတင်ပေးတဲ့ ကြိုဆိုခြင်း လက်ဆောင်တစ်ခုအဖြစ် သဘောထားလိုက်ပါ..."

သေမင်းတမန်အမည်းမှာ ဆို့နင့်သွားလေတော့သည်။

*ကြိုတင်ပြီး လက်ဆောင်ပေးတယ်ဆိုတာ ဘယ်နတ်ဘုရားက လုပ်တဲ့ကိစ္စလဲ... ငရဲပြည်မှာ အဲ့လိုမျိုး လုပ်ရိုးလုပ်စဉ်မရှိဘူး*

ဖြူမည်း သေမင်းတမန်များက ဆက်လက်၍ အော်ဟစ်ငိုယိုနေကြသဖြင့် ယွင်ဟွား၏ နားများပင် နာကျင်လာလေသည်။

"ပါးစပ်ပိတ်ထား..."

"နောက်တစ်ခါ ထပ်အော်ကြည့်လိုက်လေ... နင်တို့ဆီမှာ ကျန်နေသေးတဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ အကုန်လုံးကို ဆွဲထုတ်ပစ်လိုက်မယ်..."

ဖြူမည်း သေမင်းတမန်များမှာ နှုတ်ခမ်းများစေ့ကာ တိတ်ဆိတ်သွားကြပြီး အလွန်တရာ နာကြည်းနေဟန် ရှိလေသည်။

ငရဲလကျောက်သည် ထွက်ပေါ်လာကာ သူတို့ကို တစ်ချက် ကြည့်လိုက်ပြီး ပန်းကလေးအား ပြောလိုက်၏။

"အချိန်မဖြုန်းနဲ့တော့... အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေမှာ ငါတို့လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးတယ်..."

ဖြူမည်း သေမင်းတမန်များ ......

ကောင်းကင်ကြီးရေ…ဧကရာဇ်၏ အသည်းအသက်လေးသည် ပြဿနာကောင်သုံးကောင်နှင့် တကယ်ပင် အတူရှိနေခဲ့သည်ကိုး။

ယွင်ဟွားသည် သူတို့ကို မည်သို့ ဖြေရှင်းရမည်ကို မစဉ်းစားရသေးသဖြင့် လောလောဆယ်တွင် သူတို့ကို ကြိုးတုပ်ကာ ခေါ်သွားရန်သာ တတ်နိုင်တော့သည်။ သူမ ထောင့်ချိုးတစ်ခုသို့ ကွေ့လိုက်သည်နှင့် မြေပြင်ပေါ်တွင် လဲကျနေသော အမတ်လျူကို မြင်လိုက်ရ၏။

သူမက ပါးပြင်များကို ပွတ်သပ်လိုက်ပြီး သူ၏ ခြေထောက်တစ်ဖက်ကို ဆွဲကိုင်ကာ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီသို့ ပြေးသွားလေတော့သည်။

ယွင်ဟွား ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် တရားသူကြီး ချွေ့ကျွယ်က ရောက်ရှိလာလေသည်။

လေထုထဲတွင် သူ၏ ချစ်လှစွာသော ကလေးငယ်၏ ရနံ့သာမက ဖြူမည်း သေမင်းတမန်များ၏ အငွေ့အသက်များပါ ကျန်ရှိနေဆဲ ဖြစ်သည်။

သူ၏ အကြည့်များက စူးရှသွား၏။

သူသည် မြေပြင်ပေါ်ရှိ စုတ်ပြဲနေသော အဝတ်အစားစများနှင့် ဆံပင်များကို လျင်မြန်စွာ တွေ့ရှိသွားလေသည်။

သူက ၎င်းတို့ကို ခြေထောက်ဖြင့် အကြိမ်အနည်းငယ် ထိုးဆွကြည့်လိုက်ရာ သူ၏ ပါးစပ်မှာ ပြင်းထန်စွာ တွန့်လိမ်သွား၏။ ယင်းမှာ တကယ်ပင် ဖြူမည်း သေမင်းတမန် ထိုနှစ်ယောက် ဖြစ်နေလေသည်။

ဤရင်းနှီးနေသော နည်းလမ်း၊ ဤရက်စက်သော ချဉ်းကပ်မှုသည် ထိုပန်းစုတ်လေး၏ လက်ချက်ဖြစ်ကြောင်း သူ ခန့်မှန်းကြည့်ရန်ပင် မလိုတော့ပေ။

သူက အံကြိတ်လိုက်ပြီး ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

မြေပုံစာများသာရှိပြီး ရှုပ်ပွနေသော သင်္ချိုင်းမြေကို ကြည့်လိုက်ရင်း နန်ကုန်းယွမ်၏ နှလုံးသားမှာ ကျုံ့သွားကာ သူ၏ အမြဲတစေ အေးစက်ပြီး ခန့်ညားသော မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်နေသော အမူအရာတစ်ခု ပေါ်လာလေသည်။

*ကောင်မလေးက ထပ်ပြီး ထွက်ပြေးသွားတာလား... ဒါမှမဟုတ် တရားသူကြီး ချွေ့ကျွယ် ဖမ်းမိသွားပြီး ငရဲပြည်ကို ပြန်ခေါ်သွားတာများလား…*

"ရှောင်ရှင်းဟွာ... ရွှမ်ကျားတပ်စခန်းကို ချက်ချင်း ပြန်သွားပြီး ယုံအန်းမင်းသမီး ဘယ်ရောက်နေလဲဆိုတာ ရှာဖွေဖို့ ရနိုင်သမျှ လူအကုန်လုံးကို စုစည်းလိုက်စမ်း..."

"ဟုတ်ကဲ့ပါ အရှင်မင်းသား..."

ရှောင်ရှင်းဟွာက သူမ၏ ခန္ဓာကိုယ်ပေါ့ပါးခြင်း သိုင်းပညာရပ်ကို အသုံးပြုကာ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် သူတို့သုံးဦးလုံးသည် ရှည်လျားသော ခြေသံများကို ကြားလိုက်ရလေသည်။

လူတိုင်း ….

"သားတော်... တိုက်ဆိုင်လိုက်တာ..."

ကြင်ယာတော်စုသည် ပခုံးပေါ်တွင် အိတ်ကြီးတစ်လုံးကို ထမ်းထားပြီး လက်ထဲတွင် အိတ်ငယ်တစ်လုံးကို ကိုင်ဆောင်ထားသည်။ သူမ၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ဖုံးလွှမ်းနေသဖြင့် ပြေးလာခဲ့ကြောင်း သိသာနေလေသည်။

သူ၏ မိခင်အရင်းသာမက သူ၏ အဘွား၊ အိမ်ရှေ့စံကြင်ယာတော်၊ ယွင်မိသားစုနှင့် ချွေ့မိသားစုတို့သည်လည်း အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်လာကြပြီး သူတို့၏ နောက်တွင် စိုးရိမ်တကြီးဖြစ်နေသော အမျိုးသားတစ်စုလည်း လိုက်ပါလာကြသည်။

"မယ်တော်... ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ..."

"ငါတို့က ရှောင်ဟွားအာနဲ့အတူ စွန့်စားခန်း ထွက်ကြမလို့လေ... စကားမစပ်... ဒီကို အရင်လာခဲ့စမ်း... ရှောင်ဟွားအာကော ဘယ်မှာလဲ..."

ကြင်ယာတော်စုက လည်ပင်းကို ဆန့်ထုတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း လူတစ်ဦးတစ်ယောက်ကိုမျှ မမြင်ရပေ။

ယွင်ဝေသည်လည်း လူအုပ်ထဲမှ တိုးထွက်လာကာ

"အရှင်မင်းသား... ကျွန်မရဲ့ ညီမလေးကော ဘယ်မှာလဲ... သူမကို တရားသူကြီး ချွေ့ကျွယ် ပြန်ပေးဆွဲသွားတာများလား..."

နန်ကုန်းယွမ်က နှုတ်ခမ်းများကို စေ့ထားပြီး တိတ်ဆိတ်နေလေသည်။

သူ၏ တိတ်ဆိတ်နေမှုကြောင့် ယွင်ဝေက သူမ ခန့်မှန်းချက် မှန်ကန်သွားသည်ဟု ထင်မှတ်သွားပြီး လုံးဝ ပေါက်ကွဲသွားတော့သည်။

"ရှင်က ကျွန်မရဲ့ ညီမလေးကို သဘောကျနေတာဆို... ချွေ့ကျွယ်က သူမကို ပြန်ပေးဆွဲသွားတာကို ရှင်က ဘယ်လိုလုပ် ခွင့်ပြုထားနိုင်ရတာလဲ... ရှင်က ကျွန်မ လုပ်ခဲ့သလိုမျိုး အုတ်ခဲတစ်လုံး ကောက်ကိုင်ပြီး သူ့ကို ပြန်တိုက်ခိုက်ခဲ့သင့်တာပေါ့..."

"ဘာမှလုပ်လို့မရတော့ဘူးဆိုရင်တောင် ဓားတစ်ချောင်းယူပြီး ကိုယ့်ကိုယ်ကိုယ် သေအောင် ထိုးသတ်လိုက်လေ... ပြီးရင် ရှင့်ရဲ့ မိန်းမနောက်ကို ငရဲပြည်အထိ လိုက်သွားပြီး သူမကို ပြန်လုယူခဲ့ပေါ့..."

လူတိုင်း ….

နန်ကုန်းယွမ် ….

မင်းသားစုက ရုတ်တရက် အပြေးအလွှား ထွက်လာပြီး အံ့သြတကြီး အော်ဟစ်လိုက်၏။

"ဘာ... မင်း ဘာပြောလိုက်တယ် ကောင်မလေး... ငါ့သားက သူ့ရဲ့ ကိုယ်ရံတော် ရှောင်ရှင်းဟွာကို သဘောကျနေတာ မဟုတ်ဘူးလား..."

ရှောင်ရှင်းဟွာ …..

All Chapters