← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း (၂၃၀) ယောက်ျားလေးကို သဘောကျတာလား ဒါမှမဟုတ် မိန်းကလေးကို သဘောကျတာလား

ထိုနေရာတစ်ဝိုက်တွင် ခေတ္တမျှ တိတ်ဆိတ်သွားလေ၏။

ယွင်ယာသည် လက်များ တုန်ယင်နေလျက် ယွင်ဝေ၏ ပါးစပ်ကို အုပ်ကာ ဆွဲခေါ်သွားလေသည်။

ဤတတိယအစ်မသည် မည်သည့်အရာကိုမဆို ရဲတင်းစွာ ပြောဆိုဝံ့ပေသည်။ သူမ၏ ညီမလေးကသာ ကာကွယ်မပေးထားလျှင် အသက်ရှင်နိုင်မည်ပင် မဟုတ်ပေ။

ရှောင်လီဟွာသည် လည်ပင်းကို ပုလိုက်ပြီး မိမိကိုယ်ကို လူမမြင်စေရန် ကြိုးစားကာ နောက်သို့ ဖြည်းညင်းစွာ ဆုတ်ခွာသွားလေ၏။

လူတိုင်းသည် အလွန်အံ့သြသွားကြပြီး မင်းသားနန်ကုန်းယွမ်ဆီသို့ လှည့်ကြည့်လိုက်ကြလေသည်။

"ရှင် ထပ်မဟဝံ့အောင် ကျွန်မ ဆုံးမပေးမယ်..."

တော်ဝင်ကြင်ယာတော်စုသည် သူမ၏ ဖိနပ်ကို ချွတ်ကာ မင်းသားစုကို မည်သည့်အားနာမှုမျှ မရှိဘဲ စတင်ရိုက်နှက်တော့၏။ တော်ဝင်ကြင်ယာတော်စု၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာလေသည်။

"ရှင် မျက်ကန်းနေတာလား... ကျွန်မတို့ရဲ့ သားက ရှောင်ရှင်းဟွာကို သဘောကျတယ်လို့ ဘယ်မျက်လုံးက မြင်လို့လဲ... သူက ဟိုကောင်မလေးကို သဘောကျနေတာ သိသာနေတာပဲ..."

သူမသည် ချွေ့ဝမ်ရှင်းနှင့် သဘောတူညီချက်တစ်ခု ရရှိထားပြီး ဖြစ်သည်။ သူ၏ ယုတ်မာသောပါးစပ်ဖြင့် ကောလာဟလများ ဖြန့်နေမှုကြောင့် သူမ၏ ချွေးမလေးသာ ထွက်ပြေးသွားပါက မင်းသားစုကို သေချာပေါက် အသေအလဲ လုပ်ပစ်မည် ဖြစ်၏။

မင်းသားစုသည် ပြန်လည်မခုခံဝံ့ဘဲ ခေါင်းကို လက်ဖြင့် ကာကွယ်လျက် မယ်တော်ကြီး၏ နောက်တွင် ပုန်းအောင်းနေကာ ခေါင်းမာစွာ ပြန်လည်ချေပလေသည်။

"အဲ့ကောင်မလေးက တကယ့်ကို တွေးနေတာ... သူမက သားတော်ဟာ ရှင်းဟွာနဲ့ ဖောက်ပြန်နေပြီး လီဟွာကိုတောင် နှင်ထုတ်လိုက်တယ်လို့ ပြောခဲ့တာပါ..."

"အဘိုးကြီးယွင်နဲ့ အဘိုးကြီးချန်တို့က သက်သေပြနိုင်ပါတယ်... အဲ့အချိန်က သူတို့နှစ်ယောက်စလုံး ရှိနေခဲ့တာပါ... ဘာပဲဖြစ်ဖြစ် အဲ့ကောင်မလေးကိုယ်တိုင် ပြောခဲ့တာဆိုတော့ မှားနိုင်စရာ အကြောင်းမရှိပါဘူး..."

နန်ကုန်းယွမ်သည် ရှောင်လီဟွာကို ဓားဖြင့် ထပ်မံ သတ်ပစ်ချင်စိတ်များ ပေါ်ပေါက်လာပြန်၏။

လူတိုင်းမှာ ဆွံ့အသွားကြလေသည်။

ယွင်ရှောင်ထျန်းနှင့် ချန်ကျဲဟန်တို့သည်လည်း စကားမဆိုနိုင်တော့ပေ။ သူတို့သည် လူတိုင်း၏ အကြည့်များနှင့် ဆုံတွေ့လိုက်ရချိန်တွင် နှုတ်ခမ်းများ ပြင်းထန်စွာ တုန်ယင်သွားကြ၏။

"ဟုတ်ပါတယ်…အဲ့တာက အမှန်ပါပဲ... ဒါပေမယ့် ကျွန်တော် ထင်တာက..."

ချန်ကျဲဟန် စကားမဆုံးမီမှာပင် မင်းသားစုက အလွန်ယုံကြည်မှုရှိသော လေသံဖြင့် ကြားဖြတ်ပြောလိုက်သည်။

"တွေ့လား... ငါ ပြောတာ မမှားဘူး..."

တော်ဝင်ကြင်ယာတော်စုခမျာ အလွန် ဒေါသထွက်သွား၏။ အလွန် တုံးအလှပါတကား။

သူသည် သားဖြစ်သူနှင့်အတူ နေ့စဉ် နန်းတော်သို့ သွားနေသော်လည်း ယွမ်အာက ရှောင်ဟွားဟွားအပေါ် အထူးဂရုစိုက် ဆက်ဆံနေသည်ကို တစ်ခါမျှ သတိမထားမိခဲ့ပေ။

တော်ဝင်ကြင်ယာတော်စုသည် အလွန် ဒေါသထွက်နေသဖြင့် သူနှင့် ဆက်၍ ငြင်းခုံမနေချင်တော့ပေ။ သူမသည် ခေါင်းကို လှည့်ကာ နန်ကုန်းယွမ်ကို ကြည့်လိုက်သည်။

"သားတော်... ကိုယ်တိုင်ပဲ ပြောပြလိုက်ပါ... သားက ရှင်းဟွာကို သဘောကျတာလား ဒါမှမဟုတ် ရှောင်ဟွားကို သဘောကျတာလား..."

နန်ကုန်းယွမ်မှာ ဘာပြောရမှန်း မသိဖြစ်သွားလေ၏။

အဘယ်ကြောင့် သူသည် ဤအရာအားလုံးကို ရင်ဆိုင်နေရသနည်း။ သူ ဖြေဆိုမည်လား ဒါမှမဟုတ် မဖြေဘဲ နေမည်လား။

နန်ကုန်းယွမ်သည် ယွင်မိသားစုနှင့် ချွေ့မိသားစုမှ အမျိုးသားများက သူ့အား မကောင်းဆိုးဝါး အကြံအစည်များဖြင့် စိုက်ကြည့်နေကြသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

မင်းသားစုသည် သားဖြစ်သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ စိတ်မရှည်တော့ပေ။

"မင်းက လူကြီးတစ်ယောက်ဖြစ်နေပြီကို ဘာတွေ အချိန်ဆွဲနေတာလဲ... မေးခွန်းတစ်ခုတည်းပါ... မင်းက ယောက်ျားလေးကို သဘောကျတာလား ဒါမှမဟုတ် မိန်းကလေးကို သဘောကျတာလား…

နန်ကုန်းယွမ်သည် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး မင်းသားစုအား ဝမ်းနည်းကြေကွဲဖွယ် အမူအရာဖြင့် ကြည့်ကာ စိတ်ထဲမှ တိတ်ဆိတ်စွာ ရေရွတ်လိုက်၏။

ဤသူသည် သူ၏အဖေအရင်း သူ၏ ကိုယ်ပိုင် ဖခင်ပင် ဖြစ်သည်တကား။

"ကျွန်တော် အာမခံနိုင်တယ်... ဝမ်းကွဲညီတော်က အတင်းအဖျင်းတွေကို သဘောကျပါတယ်... ပြီးတော့ သူ့မိန်းမကို ဘယ်လို အလိုလိုက်ရမလဲဆိုတာကို ကျွန်တော့်ဆီကတောင် သင်ယူခဲ့ပါသေးတယ်... ဝါးးးး..."

အိမ်ရှေ့စံကြင်ယာတော်က အိမ်ရှေ့စံ၏ ပါးစပ်ကို ရုတ်တရက် အုပ်လိုက်ပြီး ကြမ်းတမ်းစွာ ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း... ရှင် သေချင်နေရင် ကျွန်မ ရှင့်ကို လမ်းစပြပေးမယ်..."

မင်းသားဝမ်းကွဲ၏ မျက်နှာ မည်မျှ မည်းမှောင်နေသည်ကို မမြင်ဘူးလား။ သူက အခြေအနေကို ပို၍ ဆိုးရွားအောင် ဆက်လုပ်နေသေးသည်။

အိမ်ရှေ့စံသည် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်၏။ သူသည် ဝမ်းကွဲညီကို ကူညီနေခြင်းသာဖြစ်သည် မဟုတ်ပါလား။

တော်ဝင်ကြင်ယာတော်စုက သက်ပြင်းချလိုက်သည်။ သူမ၏ ချွေးမလောင်းလေးမှာ ဘေးကင်းသွားပြီ ဖြစ်၏။

လူတိုင်းသည် နန်ကုန်းယွမ်အား အဓိပ္ပာယ်ပါပါ အမူအရာများဖြင့် မျက်လုံးပြူးကာ ကြည့်လိုက်ကြလေသည်။

အိုး...

ထိုလှောင်ပြောင်နေသော အမူအရာနှင့် ထူးဆန်းသော လေသံတို့ကြောင့် နန်ကုန်းယွမ်မှာ စကားမဆိုနိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် သူ၏ နဖူးကို ပွတ်သပ်နေမိလေသည်။

မင်းသားစုသည်လည်း ဆွံ့အသွား၏။

*ငါ ထင်တာ မှားသွားတာလား… ငါ့သားက ယောကျာ်းချင်း သဘောကျတာ မဟုတ်ဘဲ မိန်းကလေးတွေကို သဘောကျတာပဲ*

သူသည် ယခုအခါ ယောက္ခမများစာရင်းတွင် ပါဝင်နိုင်ရုံသာမက ပထမဆုကိုပါ ရရှိနိုင်ပြီဟုတွေးကာ လူမိုက်တစ်ဦးကဲ့သို့ ပြုံးဖြီးနေလေသည်။

“ဟားဟားဟားဟား…”

ယွင်ဝေသည် သူမ၏ ညီမလေးအကြောင်းကိုသာ တွေးနေပြီး အလွန် စိုးရိမ်ပူပန်နေ၏။

"ကျွန်မ ပြောမယ်... ရှင်တို့အားလုံး အာရုံစိုက်နေတဲ့အရာက မှားမနေဘူးလား... မင်းသားက သူမကို သဘောကျတယ်ဆိုရင်တောင်မှ သူမ အဖမ်းခံရရင် အလကားပဲလေ... ရှင်တို့က တကယ်ပဲ သူ့ကို အရင်သေခိုင်းမလို့လား..."

ထိုအခါမှသာ လူတိုင်းက မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သတိထားမိသွားကြသည်။ တော်ဝင်ကြင်ယာတော်စုသည် သားဖြစ်သူ၏ နားရွက်ကို ဆွဲကာ ဆူပူလိုက်သည်။

"မင်းက ဘာအသုံးကျလို့လဲ... မင်းရဲ့ မိန်းမကိုတောင် ကာကွယ်မပေးနိုင်ဘူး..."

"ငါ့အမြင်ကို ပြောရရင် မင်း ငရဲပြည်ကိုသွားပြီး သူမကို ကယ်ထုတ်ဖို့ ကြိုးစားသင့်တယ်... မကယ်နိုင်ရင်လည်း အဲ့နေရာမှာပဲ နေခဲ့လိုက်တော့..."

ထိုသို့ပြောရင်း သူမသည် သူ့အား ဓားတစ်ချောင်းကို အလွန်ဂရုတစိုက် ကမ်းပေးလိုက်လေသည်။ ထိုကောင်မလေး ရှိနေသရွေ့ သူမ၏ သားသည် အသက်ရှင်လျက် ပြန်လာနိုင်မည်ဟု သူမ အခိုင်အမာ ယုံကြည်ထားလေသည်။

နန်ကုန်းယွမ်မှာ ဘာပြောရမှန်း မသိဖြစ်သွားပြန်၏။

ဤသူသည် သူ၏ ကိုယ်ပိုင်အမေ၊ သူ၏ အရင်းအချာမိခင်ပင် ဖြစ်သည်တကား။

နန်ကုန်းယွမ်သည် ကိုက်ခဲနေသော သူ၏ ခေါင်းကို ပွတ်သပ်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"အဲ့ကောင်မလေးကို တရားသူကြီး ချွေ့ကျွယ်က ဖမ်းသွားတယ်လို့ ကျွန်တော် တစ်ခါမှ မပြောခဲ့ပါဘူး... လျှောက်မတွေးကြပါနဲ့... ကျွန်တော် သူမရဲ့ အိမ်တော်ကို ရှာဖွေဖို့ ရွှမ်ကျားတပ်စခန်းကို စီစဉ်ပြီးပါပြီ..."

ရုတ်တရက်။

မလှမ်းမကမ်းမှ ရင်းနှီးနေသော ကျိန်ဆဲသံများ ထွက်ပေါ်လာ၏။ လူတိုင်းသည် အလွန် ဝမ်းသာသွားကြပြီး ထိုကောင်မလေးရှိရာသို့ ပြေးသွားရန် ပြင်လိုက်သော်လည်း သူတို့၏ စကားဝိုင်းကြောင့် ခြေလှမ်းများ ရပ်တန့်သွားကြလေသည်။

သူတို့သည် ထိတ်လန့်တကြားဖြင့် ပုန်းအောင်းရန် နေရာများကို စတင် ရှာဖွေကြလေသည်။ ယွင်ဝေသည် ရှေ့သို့ ပြေးထွက်ရန် ကြိုးစားသော်လည်း ယွင်ယာနှင့် ယွင်ချင်းမော့တို့က သူမကို မြေပြင်ပေါ်သို့ တင်းကျပ်စွာ ဖိချထားလိုက်ကြ၏။

"အမည်းလေး... အဖြူလေး... နင်တို့နှစ်ယောက်က ငါ့ရဲ့ အချက်အလက်တွေကို မဖော်ပြပါဘူးလို့ ကတိပေးထားပေမယ့်လည်း ငါ နင်တို့ကို မယုံကြည်ဘူး... ဘာပဲဖြစ်ဖြစ် ငါ့အပေါ်မှာ နင်တို့ရဲ့ ယုံကြည်ရမှုက သုညပဲ..."

“မှန်တယ် ပန်းကလေး... ငါတို့ ဖြူမည်း သေမင်းတမန်များကို လွှတ်ပေးလို့ မဖြစ်ဘူး... ငါတို့ သူတို့ကို အတော်လေး ဆိုးဆိုးရွားရွား လုပ်ထားပြီးပြီ... သူတို့သာ အကူအညီ သွားရှာရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်... “

သေခြင်းရှင်ခြင်းစာအုပ်က မည်သို့ပင်ဖြစ်စေ လူများကို လွှတ်ပေးရန် သဘောမတူပေ။

ငရဲပြည်တွင် နှစ်ပေါင်းရာနှင့်ချီ၍ နေထိုင်လာခဲ့ရာ ၎င်းသည် သူတို့၏ စရိုက်လက္ခဏာကို အူမချေးခါးမကျန် သိရှိထားသည်။ ဟိုဟိုဒီဒီ ကစားနေသော ထိုမျက်လုံးနှစ်စုံကို ကြည့်လိုက်ရုံဖြင့် မည်သည့် မကောင်းမှုမျိုး လုပ်တော့မည်ကို သေချာပေါက် သိရှိနိုင်၏။

“ဟွားဟွား... တခြားနည်းလမ်းတွေ အလုပ်မဖြစ်ရင် သူတို့ရဲ့ မှတ်ဉာဏ်တွေကို ဆွဲထုတ်ဖို့ ပေပေ့ရဲ့ ဝမ်ရှန်းကို သုံးလိုက်... “

မည်သို့ပင်ဖြစ်စေ ၎င်းသည် တစ်ကြိမ် လုပ်ဖူးပြီးဖြစ်ရာ ထပ်လုပ်ရန် မကြောက်ရွံ့တော့ပေ။ သူတို့သည် သာမန်လူများ မဟုတ်သဖြင့် အန္တရာယ်မှာ သုညပင် ဖြစ်သည်။ ၎င်းသည် မိမိ လိုချင်သလို ဆွဲထုတ်နိုင်လေသည်။

လူတိုင်းသည် တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ကြ၏။

တရားသူကြီး ချွေ့ကျွယ် တစ်ယောက်တည်းဖြင့်ပင် မလုံလောက်သေးဘဲ ယခုအခါ ဖြူမည်း သေမင်းတမန်များ တစ်စုံပါ ထပ်ရောက်လာကြပြန်သည်။

သူတို့သည် ဖြူမည်း သေမင်းတမန်များကို မမြင်နိုင်သော်လည်း သံကြိုးများ ချည်နှောင်ထားသည့် နေရာနှင့် သူမ၏ လက်ထဲတွင် ဆွဲခေါ်လာသော လူကိုမူ မြင်တွေ့နိုင်လေသည်...

လူတစ်ယောက်ပါတကား။

သူတို့သည် မိမိတို့၏ မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ကြ၏။ ထိုသူမှာ အမတ်လျူပင် ဖြစ်နေလေ၏။

နန်ကုန်းယွမ်သည် တောက်ပနေသော ထိပ်ပြောင်နှစ်ခုနှင့် သနားစရာကောင်းသော အသွင်အပြင်တို့ကြောင့် အလွန် အံ့အားသင့်သွားလေသည်။

ဤသည်မှာ ဒဏ္ဍာရီလာ ဖြူမည်း သေမင်းတမန်များပင် ဖြစ်သည်တကား။

ထိုသူမှာ ထိုကောင်မလေး၏ လက်ချက်ဖြင့် အတော်လေး အထိနာထားပုံရသည်။ သူမသည် တရားသူကြီးကို ကိုင်တွယ်နိုင်စွမ်း ရှိမရှိကို သူ တွေးတောနေမိ၏။ သူသည် သူ၏ ဓားလက်ကိုင်ကို ဖြည်းညင်းစွာ ပွတ်သပ်လိုက်ပြီး တရားသူကြီးထံမှ ကောင်မလေးကို ပြန်လုယူနိုင်မည့် အခွင့်အရေးများကို တွေးတောနေလေသည်။

လအနည်းငယ်ကြာပြီးနောက် အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေတွင် ယင်စွမ်းအင် အမြောက်အမြား ထပ်မံ စုဆောင်းမိနေပြီ ဖြစ်သည်။ ငရဲလကျောက်သည် ကလေးငယ်တစ်ဦးကဲ့သို့ အလွန် ဝမ်းသာပျော်ရွှင်သွားပြီး ၎င်းတို့ကို အာရုံစိုက် စုပ်ယူရန် နေရာတစ်ခုကို ရှာဖွေလိုက်လေသည်။

ယွင်ဟွားသည် သူမ၏ သိုလှောင်နယ်မြေထဲမှ ဂေါ်ပြားတစ်လက်ကို ထုတ်ယူကာ တွင်းတစ်တွင်း စတင် တူးလေတော့သည်။

တရားသူကြီးစုတ်တံသည် ပန်းကလေး၏ လှုပ်ရှားမှုများကို ကြည့်ရုံဖြင့် သူမ မည်သည့်အရာ လုပ်တော့မည်ကို သိရှိနိုင်၏။ ၎င်း၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားနေပြီး ဗိုက်ထဲမှ ကိရိယာများကို ထုတ်ယူကာ ယွင်ဟွားနှင့်အတူ စတင် အလုပ်လုပ်လေသည်။

“ဟွားဟွား... ပေပေ့လည်း ကူညီပေးမယ်... ငါတို့ နောက်ဆုံးတော့ ဤလူကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေမှာ အိပ်ဖို့ သယ်လာနိုင်ခဲ့ပြီ…”

တရားသူကြီးစုတ်တံသည် အလွန် ပျော်ရွှင်နေသဖြင့် ခေါင်းပေါ်ရှိ ဆံပင်အစုအဝေးလေးမှာ လေထဲတွင် လွှင့်လူးနေလေသည်။

တေးသံလေးတစ်သံ ညည်းတွားလိုက်ရင်း၊

“လာလာလာ... လာလာလာ... ငါက ငရဲပြည်ရဲ့ ကပ်ဘေးဒုက္ခလေးပါ... အရှင်လတ်လတ် မြှုပ်ဖို့ တွင်းတွေတူးနေတယ်... နောက်တစ်ယောက်က ဘယ်သူလဲ... လက်ချောင်းလေးတွေနဲ့ ရေတွက်ကြည့်ရအောင်... အဘိုးကြီး ဧကရာဇ်က ပထမဆုံး ဖြစ်လာမှာပဲ... “

ရွေးချယ်ခံရသူများအားလုံးမှာ ကြက်သီးထသွားကြလေသည်။

နားစွဲလွယ်သော ဤသီချင်းစာသားများနှင့် ဤကြောက်မက်ဖွယ်ကောင်းသော နေရာတို့ ပေါင်းစပ်သွားမှုသည် တကယ်ကို ထိတ်လန့်စရာကောင်းလှ၏။

သေခြင်းရှင်ခြင်းစာအုပ်သည် တွင်းတူးရာတွင် မပါဝင်ခဲ့ပေ။ ၎င်း၏ မျက်လုံးများက ဖြူမည်း သေမင်းတမန်များဆီသို့ စူးစိုက်ထားပြီး သတိမထားမိပါက သူတို့ ထွက်ပြေးသွားမည်ကို စိုးရိမ်နေလေသည်။

ယွင်ဟွားသည် သူ့အား အရှင်လတ်လတ် မြှုပ်နှံရန် တကယ် ရည်ရွယ်ထားခြင်း မရှိသဖြင့် တွင်းကို အတော်လေး တိမ်တိမ်သာ တူးထား၏။ ထို့နောက် သူမသည် အမတ်လျူကို အထဲသို့ ပစ်ချလိုက်ပြီး အလွန် ဂရုတစိုက်ဖြင့် သူ၏ ဗိုက်ကို မြေကြီးများ ဖုံးအုပ်ပေးလိုက်လေသည်။

အကယ်၍ သူမက သူ့ကို အပေါ်ပိုင်းအထိ ဖုံးအုပ်လိုက်ပါက အသက်ရှူကျပ်သွားမည်ကို သူမ စိုးရိမ်သောကြောင့် ဖြစ်သည်။

“ ဟွားဟွား... ရှောင်ယိုယိုက ယင်စွမ်းအင်တွေကို စုပ်ယူနေတယ်... ငါတို့ ပြန်သွားပြီး နင့်အဖေ... ဦးလေး... ဧကရာဇ်... အိမ်ရှေ့စံနဲ့ တတိယမင်းသားတို့ကို ဤနေရာသို့ ခေါ်လာပြီး ဤတွင်းထဲမှာ အားလုံး အိပ်ခိုင်းလိုက်ရအောင်... “

“ငါတို့ ထွက်ပြေးသွားရင် သူတို့ကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီ ရွှေ့ဖို့ နောက်ထပ် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး…”

ယွင်ဟွားက တီးတိုးလေး ပြောလိုက်သည်။

"ငါ တရားသူကြီးစုတ်တံနဲ့ ဆော့လို့ မဝသေးဘူး..."

All Chapters