အခန်း (၁၈၇-၁၈၈)
Vol. 16 Ch. 187-188
အခန်း (၁၈၇)
မိုက်ကယ်က သူ့လက်ထဲမှာ ရှိနေတဲ့ မီသရယ် မှော်ဝင်ပစ္စည်းအသစ်လေးကို ငေးကြည့်လိုက်ပါတယ်။
ပြီးတော့ လက်ဖျစ်တစ်ချက်တီးပြီး ဘတ်စကတ်ဘောလုံးတစ်လုံးစာလောက်ရှိတဲ့ မီးတောက်တစ်ခုကို ဖန်တီးလိုက်ရာကနေ ဧရာမမီးလျှံကြီးတစ်ခုအဖြစ် တဟုန်းဟုန်း တောက်လောင်သွားစေခဲ့တယ်။
ဒါဟာ တကယ်တော့ မီးပွားလို့ခေါ်တဲ့ ရိုးရိုးရှင်းရှင်း ကြယ်တစ်လုံးမန္တန်ပဲ ဖြစ်ရမှာပါ။ သူ့လက်ထိပ်ပေါ်မှာ မီးတောက်သေးသေးလေးတစ်ခုပဲ ထွက်လာရမှာ ဖြစ်ပေမဲ့ အခုတော့ သားရေချပ်ဝတ်တန်ဆာကိုတောင် အရည်ပျော်စေနိုင်တဲ့အထိ ပြင်းထန်လွန်းနေခဲ့ပါတယ်။
လက်ထဲက မီသရယ် မှော်ဝင်ပစ္စည်းဟာ သူ့ရဲ့ မန္တန်အစွမ်းအပေါ်မှာ အကြီးအကျယ် သက်ရောက်မှုရှိနေတာကတော့ အစကတည်းက အထင်အရှားပါပဲ။ သူ မန္တန်ထုတ်လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက် မှော်ဝင်ပစ္စည်းဆီကနေ ရုတ်တရက် တောက်ပတဲ့ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဒါဟာ မီးဒြပ်စင်မန္တန်ကို အားဖြည့်ပေးဖို့အတွက် အလုပ်လုပ်နေတာကို ပြသနေခဲ့တာပေါ့။
သူ မန္တန်ကို ရပ်လိုက်ပြီးတဲ့နောက်မှာတော့ လက်ထဲက မီးလျှံကြီး ကွယ်ပျောက်သွားသလို မီသရယ် မှော်ဝင်ပစ္စည်းရဲ့ အလင်းတန်းလည်း မှိတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အထဲမှာ လင်းထိန်နေတဲ့ အပြာရောင်နဲ့ အနီရောင်အမှုန်လေးတွေကတော့ ပျောက်ကွယ်မသွားဘဲ အမြဲတည်ရှိနေတုန်းပါပဲ။
အခုလိုမျိုး အားကောင်းအောင် လုပ်ပေးတဲ့အာနိသင်က ပုံမှန် မီသရယ် မှော်ဝင်ပစ္စည်းတွေမှာဆိုရင် လုံးဝ မဖြစ်နိုင်တဲ့အရာပါ။ ဘာပဲဖြစ်ဖြစ် ပုံမှန်ဆိုရင် အမြုတေတွေထဲမှာ မီးရော ရေပါ မှော်စွမ်းအင်တွေ ရှိနေတဲ့အတွက် မီးနဲ့ ရေ မန္တန်နှစ်ခုလုံးကိုပဲ မြှင့်တင်ပေးနိုင်မှာ ဖြစ်လို့ပါပဲ။
ဒါပေမဲ့ ဒီ မီသရယ် ဗားရှင်းအသစ်ကတော့ သူ့ဘာသာသူ အပိုင်းလိုက် ခွဲခြားနိုင်ပြီး လက်ရှိ ထုတ်လွှတ်လိုက်တဲ့ လိုအပ်တဲ့ ဒြပ်စင်တစ်ခုတည်းကိုပဲ သီးသန့်ထုတ်သုံးသွားနိုင်တာပါ။
မိုက်ကယ်က ရေလုံးမန္တန်တစ်ခုနဲ့ ထပ်ပြီး စမ်းသပ်ကြည့်တဲ့အခါမှာလည်း ရလာတဲ့ ရေလုံးကြီးက သူထင်ထားတာထက် အများကြီး ပိုကြီးနေတာကို တွေ့လိုက်ရပါတယ်။ တကယ်တော့ အဲဒါက အရမ်းကြီးလွန်းနေတာကြောင့် ဘေးနားက ပန်းပဲဖိုတစ်ခုကိုတောင် မီးငြိမ်းသွားစေလုနီးပါး ဖြစ်ခဲ့ရတာပေါ့။
"ဒီလိုမျိုး ရှာဖွေတွေ့ရှိမှုရဲ့ အသုံးချနိုင်စွမ်းတွေကတော့ အဆုံးအစမရှိနိုင်တော့ဘူး"
"သခင် မိုက်ကယ်... ကျွန်တော်တို့ကို အဲဒါ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးပါဦး" လို့ သရိန်းက စိတ်လှုပ်ရှားမှုတွေ အတိုင်းထက်အလွန် ဖြစ်ပေါ်နေရင်းနဲ့ တောင်းဆိုလိုက်ပါတယ်။
သူတို့အတွက် ကံမကောင်းတာကတော့ မိုက်ကယ်ဟာ ကြယ်ငါးပွင့်မန္တန်ဖြစ်တဲ့ သတ္တုပုံသွင်းခြင်းကို သုံးပြီးမှသာ မီသရယ်ရဲ့ ဖွဲ့စည်းပုံကို အခြေခံကအစ ပြောင်းလဲပစ်နိုင်တာပါပဲ။
ရှေးဟောင်းလူပုတွေက တကယ့်ကို အရည်အချင်းရှိကြပြီး သူတို့ရဲ့ အဆင့်ကျော်ဖြတ်မှုနဲ့ အရမ်းနီးစပ်နေပြီဆိုပေမဲ့လည်း ကြယ်ငါးပွင့်အဆင့်ကို ရောက်ဖို့အတွက်ကတော့ အဝေးကြီးလိုပါသေးတယ်။
"တောင်းပန်ပါတယ်၊ ဒါပေမဲ့ လောလောဆယ်တော့ ဒါကို ကျွန်တော်တစ်ယောက်တည်းပဲ လုပ်နိုင်ဦးမယ့်ပုံပဲ" လို့ မိုက်ကယ်က သူတို့ကို ရှင်းပြလိုက်ပါတယ်။
ဒါကို ကြားလိုက်ရတဲ့အခါ သူတို့တွေ စိတ်ပျက်သွားကြပေမဲ့ သရိန်းကတော့ နောင်အနာဂတ်မှာ ဒီထက်မက ပိုပြီး ကြိုးစားကြဖို့ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ စကားတွေပြောရင်း သူတို့ရဲ့ စိတ်ဓာတ်ကို အမြန်ပဲ ပြန်ပြီး ဆွဲတင်လိုက်ပါတယ်။
မိုက်ကယ်လည်း အဲဒီနေ့ရက် ရောက်လာမယ့်အချိန်ကို စောင့်မျှော်နေမှာပါပဲ။ ဘာပဲဖြစ်ဖြစ် သူက ဒီလို ပိုကောင်းတဲ့ မီသရယ် ဗားရှင်းအသစ်ကို တစ်ယောက်တည်း မဖန်တီးချင်ဘူးလေ။ လက်သီးဆုပ်အရွယ်အစားရှိတဲ့ အတုံးလေးတစ်တုံးလုပ်ဖို့တင် သူ့မှာ အချိန်တွေ အများကြီး ပေးလိုက်ရတာကိုး။ တကယ်လို့ သူ့အတွက်ရော ဒရာဂွန်ဘွန်းမောင်နှမတွေအတွက်ပါ ချပ်ဝတ်တန်ဆာအပြည့်အစုံ လုပ်ရမယ်ဆိုရင် ဒီထက်မက အချိန်တွေ အများကြီး ပိုပေးရလိမ့်မယ်လို့ သူ တွက်ချက်မိနေပါတယ်။
သူက စမ်းသပ်မှုတွေထပ်လုပ်ဖို့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို ထုရိုက်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ၊ သူ့ရဲ့ အရိပ်ထဲကနေ ဖတ်ချ်က ရုတ်တရက် ခုန်ထွက်လာပြီး သူ့ပခုံးပေါ်ကို ဆင်းသက်လိုက်တာကို တွေ့လိုက်ရပါတယ်။
"သခင်... အစ်မ ရှီနာက သခင့်ကို စကားပြောချင်လို့တဲ့" လို့ ဖတ်ချ်က သတင်းပို့လိုက်ပါတယ်။
"ရှီနာ... သူမ ဘာလိုချင်လို့ပါလိမ့်..."
မိုက်ကယ်က ရှေးဟောင်းလူပုတွေကို နှုတ်ဆက်လိုက်ပြီး အရိပ်ထဲကို ခုန်ဝင်လိုက်ပါတယ်။ သူ နီယိုအော်ကပ်စ်ကို ချက်ချင်း ပြန်ရောက်သွားတဲ့အခါ မြေပြင်ပေါ်မှာ ဒူးထောက်နေတဲ့ အော့ခ်နှစ်ယောက်ကို သေသေချာချာ အကဲခတ်ကြည့်နေတဲ့ ရှီနာ့ကို တွေ့လိုက်ရတာပေါ့။
ရှီနာက မိုက်ကယ်ကို ဦးညွှတ်လိုက်ပြီး "သူတို့တွေ ချုံပုတ်ထဲကနေ ဘေ့စ်ဘောပွဲတွေကို တိတ်တဆိတ် ချောင်းကြည့်နေခဲ့ကြတာကို ကျွန်မ သတိပြုမိလိုက်လို့ပါ" လို့ ပြောလိုက်ပါတယ်။
မိုက်ကယ်က အော့ခ်နှစ်ယောက်ကို ကြည့်လိုက်တဲ့အခါ သူတို့က တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဘက်ဖြစ်နေတဲ့ မျိုးနွယ်စုနှစ်ခုက ဖြစ်နေတာကြောင့် တကယ်ပဲ အံ့ဩသွားခဲ့ရပါတယ်၊ တစ်ယောက်က ဝံပုလွေအော့ခ်ဖြစ်ပြီး နောက်တစ်ယောက်က လိပ်ပြာဆူးအော့ခ် ဖြစ်နေတာကိုး။
ဒါ့အပြင် သူတို့ရဲ့ မျက်နှာတွေကို ကြည့်ပြီး သူတို့က နီယိုအော်ကပ်စ်ရဲ့ တံခါးဝဆီကို ကိုကိုးစေ့အိတ်တွေ အမြဲလာပို့ပေးနေတဲ့ အစောင့်တွေဆိုတာကိုလည်း သူ မှတ်မိလိုက်ပါတယ်။
ဒါပေမဲ့ သူ သတိထားမိတဲ့ အထူးဆန်းဆုံးအချက်ကတော့ အဲဒီအော့ခ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ဆဲဆိုတာ ဒါမှမဟုတ် တိုက်ခိုက်ဖို့ ကြံစည်တာမျိုး လုံးဝ မလုပ်ကြတာပါပဲ။ သူ မြင်နေရတာသာ မှန်မယ်ဆိုရင် သူတို့နှစ်ယောက်ကြားမှာ ဘာရန်လိုတဲ့ စိတ်ဓာတ်မှ ရှိမနေတဲ့ပုံပါပဲ။ ပုံမှန်ဆိုရင်တော့ အခုချိန်ဆို အနည်းဆုံးတော့ တစ်ယောက်ကိုတစ်ယောက် အမြင်ကတ်ဖွယ် အကြည့်တွေနဲ့ စိုက်ကြည့်နေကြပြီ ဖြစ်ရမှာပါ။ ဒါပေမဲ့ အခုတော့ သူတို့ကြားမှာ မျက်မှောင်ကြုတ်တာမျိုး ဒါမှမဟုတ် နှုတ်ခမ်းမဲ့တာမျိုးတောင် တစ်ချက်မှ မရှိခဲ့ပါဘူး။
"တစ်ခုခု ရှင်းပြဖို့ ရှိကြလား" လို့ သူက သူတို့ကို တည့်တည့်ပဲ မေးလိုက်ပါတယ်။
အော့ခ်နှစ်ယောက်ဟာ မိုက်ကယ်ကို ဒူးထောက်လိုက်ကြပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်စကား ဆိုကြပါတော့တယ်။
"ကျွန်တော်တို့ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ အို ကြင်နာတတ်တဲ့ လူသားခင်ဗျာ။ ကျွန်တော်တို့က ဘေ့စ်ဘောဂိမ်းကို ပျော်ပျော်ပါးပါး ကြည့်ချင်ရုံတင်သက်သက်ပါ"
"တကယ်ပြောတာပါ၊ ကျွန်တော်တို့ နီယိုအော်ကပ်စ်အပေါ် ဘာအန္တရာယ်မှ ပေးဖို့စိတ်မရှိပါဘူး၊ ဒီအတိုင်း ကစားပွဲကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ချင်တဲ့ စိတ်ဆန္ဒလေးကြောင့်ပဲ လာခဲ့ကြတာပါ..."
အော့ခ်နှစ်ယောက်ဟာ သူတို့ ဘေ့စ်ဘောကွင်းကို ဘယ်လိုမျိုး တိုက်တိုက်ဆိုင်ဆိုင် ရှာဖွေတွေ့ရှိခဲ့ပုံနဲ့၊ ဘေ့စ်ဘောကစားနည်းကို ဘယ်လိုအကြောင်းတွေကြောင့် စတင်ပြီး သဘောကျစွဲလန်းသွားခဲ့ရပုံ အခြေအနေမှန်သမျှကို အကုန်လုံး ဖွင့်ဟပြောပြလိုက်ကြပါတယ်။
မိုက်ကယ်ကတော့ အော့ခ်တွေဟာ သူ ပထမဆုံး ကစားနည်းကို မိတ်ဆက်ပေးခဲ့တုန်းက ရီနေးတားရဲ့ လူတွေလိုပဲ ဘေ့စ်ဘောအပေါ်မှာ တကယ့်ကို ရူးသွပ်နေကြပြီဆိုတာကို ကောင်းကောင်း ရိပ်မိသွားခဲ့ပါတယ်။
"အဲလိုဆိုရင်လည်း ဘေ့စ်ဘောကြည့်ချင်တယ်ဆိုတာက ပြဿနာမရှိပါဘူး" လို့ သူက ပြောရင်း ဒူးထောက်နေတဲ့ သူတို့နှစ်ယောက်ကို တွဲထူပေးလိုက်ပါတယ်။ "နောက်တစ်ခါကျရင်တော့ ကွင်းနားကို ဒီအတိုင်းပဲ လာခဲ့လိုက်ပါ၊ မင်းတို့ အားပေးတဲ့နေရာမှာ ထိုင်ကြည့်ဖို့ ဒါမှမဟုတ် သူတို့နဲ့အတူတူ ကစားပွဲမှာ ပါဝင်ခွင့်ရဖို့ ငါတို့ ခွင့်ပြုပေးလို့ ရတာပဲ"
အော့ခ်နှစ်ယောက်ဟာ မိုက်ကယ်ကို ကျေးဇူးတင်တဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လိုက်ကြပါတယ်။ သူတို့အနေနဲ့ ရီနေးတားရဲ့ လူတွေ၊ မောင့်ဂိုမာရီတွေနဲ့အတူ ဘေ့စ်ဘောပွဲတစ်ခု ကစားခွင့်ရဖို့ထက် ပိုပြီး လိုလားတမ်းတတာ ဘာမှ မရှိတော့ဘူးလေ။
"အရှင် မိုက်ကယ်... နောက်ထပ် အရေးကြီးတာတစ်ခု ရှိပါသေးတယ်"
ရှီနာက မိုက်ကယ်အနားကို တိုးလာပြီး ထူးဆန်းတဲ့ တုန်ခါမှုတွေနဲ့ ပတ်သက်ပြီး သူမ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို တိုးတိုးလေးကပ်ပြောလိုက်ပါတယ်။
မိုက်ကယ်ရဲ့ မျက်လုံးတွေထဲမှာ မီးတောက်တစ်ခု ဖျတ်ခနဲ လင်းသွားခဲ့ပါတယ်။ သူ့ရဲ့ စပ်စုချင်စိတ်က တကယ့်ကို ပြင်းပြသွားခဲ့ပြီလေ။ တကယ်လို့ သူမ ပြောတာသာ မှန်မယ်ဆိုရင်တော့ မိုက်ကယ်အနေနဲ့ မျိုးနွယ်စုနှစ်ခုကြားက ပြည်တွင်းစစ်ကိုတားဆီးပြီး သူတို့ကို စည်းစည်းလုံးလုံးနဲ့ အဖွဲ့အစည်းတစ်ခုတည်းဖြစ်အောင် လုပ်ဆောင်ဖို့အတွက် ပိုပြီးတော့တောင် အကြောင်းပြချက် ခိုင်လုံသွားခဲ့ပါပြီ။
ဝံပုလွေအော့ခ်တွေနဲ့ လိပ်ပြာဆူးအော့ခ်တွေကြားက မထင်မှတ်ထားတဲ့ အဲဒီတုန်ခါမှုဟာ သူတို့ရဲ့ တကယ့် အစစ်အမှန် အလားအလာတွေကို လှမ်းမြင်လိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ဒီမျိုးနွယ်စုနှစ်ခုဟာ အရင်တုန်းက အဖွဲ့အစည်းတစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေ ဖြစ်ခဲ့ကြရတဲ့ အကြောင်းရင်းနဲ့၊ ရှေးဟောင်းကာလတုန်းက သူတို့တွေ ဘယ်လိုမျိုး အတူယှဉ်တွဲ နေထိုင်နိုင်ခဲ့ကြသလဲဆိုတာရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုခုတော့ သေချာပေါက် ရှိနေရမှာပါ။
"အဲဒါကို နောက်တစ်ခေါက် ပြန်ပြီး စမ်းကြည့်ပေးလို့ ရမလား" လို့ မိုက်ကယ်က အော့ခ်တွေကို မေးလိုက်ပါတယ်။
ဒါပေမဲ့ အော့ခ်တွေကတော့ မိုက်ကယ် ဘာအကြောင်းပြောနေမှန်း လုံးဝကို သိပုံမရပါဘူး။ သူတို့ရဲ့ ထုံးတမ်းစဉ်လာတွေ တစ်ခုနဲ့တစ်ခု တိုက်ဆိုင်သွားတဲ့အခါ ဘယ်လိုအာနိသင်မျိုး ထွက်ပေါ်လာတတ်သလဲ၊ ဒါမှမဟုတ် အဲဒါက တကယ်ရော အစွမ်းပြရဲ့လားဆိုတာကို သူတို့ကိုယ်တိုင်လည်း မသိကြဘူးလေ။
သူတို့တွေဟာ နှစ်ပေါင်းများစွာ အချိန်အကြာကြီး တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ပြီး အော်ဟစ်ဆဲဆိုနေခဲ့ကြတာ ဖြစ်ပေမဲ့လည်း၊ အဲဒီကနေ ထွက်လာတဲ့ တစ်ခုတည်းသော အာနိသင်ကတော့ တောအုပ်တစ်ခုလုံးကို ဆူညံသွားစေတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အသံကြီးပဲ ရှိခဲ့တာပါ။ ဒါကတော့ ရှီနာ ပြောပြတဲ့ အာနိသင်မျိုးနဲ့ လုံးဝကို ကွဲပြားခြားနားနေတာ သေချာပါတယ်။
ဒါပေမဲ့လည်း အော့ခ်တွေဟာ မိုက်ကယ်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး သူတို့ရဲ့ ကိုးကွယ်မှု ထုံးတမ်းစဉ်လာတွေကို စတင်လိုက်ကြပါတယ်။
ဝံပုလွေအော့ခ်က သူ့ရဲ့ ရင်ဘတ်ကို ထုလိုက်ပြီး၊ လိပ်ပြာဆူးအော့ခ်ကလည်း သူ့ရဲ့ ဆူးတွေကို တုန်ခါစေလိုက်ပါတယ်။
အဲဒီကနေ ထွက်လာတဲ့ အသံတွေက မယုံနိုင်လောက်အောင် နားဝင်ချိုတဲ့ စည်းချက်တစ်ခု ဖြစ်ပေါ်လာစေပြီး၊ အဲဒီနောက်မှာတော့ နိုဗာ ဆီကနေ မထင်မှတ်ထားတဲ့ အကြောင်းကြားချက်တစ်ခု ချက်ချင်း ရောက်ရှိလာပါတော့တယ်။
[မင်းရဲ့ မြေဒြပ်စင်မှော်စွမ်းအင် ကျင့်ကြံမှုအရှိန်ဟာ ၁၀၀ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါပြီ။]
* * * * * * * * *
စာစဉ်(၁၆)
အခန်း (၁၈၈)
မိုက်ကယ်က သူ့မျက်စိရှေ့က အကြောင်းကြားချက်ကို ကြည့်ပြီး မျှော်လင့်ထားတဲ့အတိုင်း တကယ့်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ပါတယ်။
အမုန်းဆုံး ပြိုင်ဘက်မျိုးနွယ်စုနှစ်ခုကြားက ကွဲပြားခြားနားချက်တွေကို ဘေးဖယ်ထားပြီး အလံတစ်ခုတည်းအောက်မှာ အတူတူလက်တွဲလုပ်ဆောင်ကြတာက လူတိုင်းအတွက် တကယ့်ကို ပိုကောင်းမယ့်အရာပဲလို့ ဒါက သူ့ကို ပိုပြီး ယုံကြည်သွားစေခဲ့တာပေါ့။
တကယ်လို့ သူတို့တွေက သူတို့ရဲ့ အလေ့အထကျင့်စဉ်ကိုပဲ ဆက်လုပ်ပြီး ပြိုင်ဆိုင်တဲ့စိတ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်နေကြဦးမယ်ဆိုရင်တော့၊ အဲဒါက ၁ ကီလိုမီတာ ပတ်လည်မှာရှိတဲ့ ဘယ်သူ့ကိုမဆို အိပ်ရေးပျက်စေမယ့် စိတ်အနှောင့်အယှက်ဖြစ်စရာ ဆူညံသံကြီးပဲ ထွက်လာမှာပါ။
ဒါပေမဲ့ သူတို့တွေသာ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်ပြီး ပြိုင်ဘက်တွေလို မဟုတ်ဘဲ ညီအစ်ကိုတွေလို ဆက်ဆံကြမယ်ဆိုရင်တော့၊ သူတို့ကိုယ်တိုင် ထင်ထားတာထက်တောင် အများကြီး ပိုပြီး သန်မာလာနိုင်ကြပါတယ်။
ဘာပဲဖြစ်ဖြစ်၊ မှော်စွမ်းအင်တွေကို တိုက်ရိုက် စုပ်ယူမှုနှုန်း မြင့်တက်လာတာက သူတို့တစ်ယောက်ချင်းစီရဲ့ ခွန်အားကိုရော၊ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အင်အားကိုပါ တိုက်ရိုက် သက်ရောက်မှုရှိနေတာကိုး။
အခုလောလောဆယ်တော့ အဲဒီအော့ခ်နှစ်ယောက်ကြားက တုန်ခါမှုက မြေဒြပ်စင်မှော်စွမ်းအင် မြင့်တက်လာတဲ့ ရလဒ်တစ်ခုပဲ ထွက်ပါသေးတယ်။
မိုက်ကယ်ရဲ့ ခန့်မှန်းချက်အရဆိုရင် ဒါဟာ သူတို့မျိုးနွယ်စု တစ်ခုလုံးက မွေးရာပါ ပါရမီအရ မြေဒြပ်စင်နဲ့ နီးစပ်မှုရှိကြလို့ဖြစ်ပြီး၊ သူတို့တွေ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ မြေကမ္ဘာအရှင်သခင်မ အပေါ် အသည်းအသန် ကိုးကွယ်ယုံကြည်ကြတဲ့ စိတ်ဆန္ဒတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အခုချိန်မှာတင် ဒါက အော့ခ်တွေအတွက်ရော ရီနေးတားရဲ့ လူတွေအတွက်ပါ တကယ့်ကို ကြီးမားလှတဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပါပြီ။
ဒါပေမဲ့ သူတို့သာ မိုက်ကယ်နဲ့ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာကြမယ်ဆိုရင်တော့၊ သူတို့ရဲ့ သွေးမျိုးဆက် ဆက်နွှယ်မှုတွေကို ဆင့်ကဲပြောင်းလဲပစ်နိုင်မယ့် အခွင့်အရေး ရရှိမှာ ဖြစ်သလို၊ ဒြပ်စင်တွေအပေါ် ကျွမ်းကျင်မှုတွေကိုလည်း မြှင့်တင်နိုင်ပြီး ဒြပ်စင်အားလုံးမှာ ထက်မြက်လာနိုင်ကြမှာ ဖြစ်ပါတယ်]။
မိုက်ကယ်ရဲ့ တွေးဆချက်အရဆိုရင် ဒါဟာ အော့ခ်တွေရဲ့ တုန်ခါမှုကို မြေဒြပ်စင်မှော်စွမ်းအင် တစ်မျိုးတည်းတင်မကဘဲ၊ ကျန်တဲ့ မှော်စွမ်းအင်အားလုံးရဲ့ ကျင့်ကြံမှုနှုန်းကိုပါ မြင့်တက်လာစေဖို့ ဖြစ်ပေါ်စေလိမ့်မယ်လို့ တွေးနေမိတာပေါ့။
ဒါကတော့ သီအိုရီသက်သက်... မျှော်လင့်ချက်အပြည့်နဲ့ တွေးလိုက်တဲ့ အတွေးတစ်ခုပဲ ဆိုပါတော့။ ဒါပေမဲ့လည်း ဒါက မိုက်ကယ်အတွက် မျိုးနွယ်စုနှစ်ခုလုံးကို စည်းလုံးစေမယ့် သူ့ရဲ့ အစီအစဉ်တွေကို ပိုပြီး အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် လုံလောက်တဲ့ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။
"မင်းတို့ကြားက မိတ်ဆွေသံယောဇဉ်ကြောင့် ထွက်လာတဲ့ ရလဒ်ကို မင်းတို့ကိုယ်တိုင် မမြင်ကြဘူးလား" လို့ မိုက်ကယ်က အော့ခ်တွေကို မေးလိုက်ပါတယ်။
မိုက်ကယ်က ထောက်ပြလိုက်တော့မှ သူတို့နှစ်ယောက်သား နည်းနည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားကြပေမဲ့လည်း ဒါကို လုံးဝကြီး ငြင်းပယ်တာမျိုးတော့ မလုပ်ကြပါဘူး။
ဘေ့စ်ဘောအပေါ်မှာ ထားရှိတဲ့ သူတို့ရဲ့ တူညီတဲ့ စိတ်ဝင်စားမှုတွေကြောင့်ပဲ၊ အရင်တုန်းက သူတို့ပြိုင်ဘက် အော့ခ်တွေအကြောင်း ကြားဖူးသမျှ ဇာတ်လမ်းတွေနဲ့ ကောလာဟလတွေ အကုန်လုံးက သူတို့ရဲ့ မိဘတွေ၊ သူငယ်ချင်းတွေနဲ့ မျိုးနွယ်စုခေါင်းဆောင်တွေ ကိုယ်တိုင်က လိမ်ညာပြောဆိုထားခဲ့ကြတာတွေပဲဆိုတာကို သူတို့ သဘောပေါက်သွားခဲ့ကြတာပါ။
ဝံပုလွေအော့ခ်တွေက ကြွက်သားဗလကိုပဲ အားကိုးပြီး ရုန်းရင်းဆန်ခတ် လုပ်တတ်တဲ့ အသုံးမကျတဲ့သူတွေ မဟုတ်ကြပါဘူး။ သူတို့က တကယ့်ကို ပါးနပ်ပြီး ဆင်ခြင်တုံတရား ရှိကြပါတယ်၊ ဒါကိုလည်း အဲဒီ ဝံပုလွေအော့ခ်လေးက ဘေ့စ်ဘောရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချောင်းကြည့်ရုံသက်သက်နဲ့တင် အမြန်ဆုံး နားလည်သွားခဲ့တာက သက်သေပြနေတာပဲလေ။ သူက ကစားပွဲမှာ အနိုင်ရဖို့အတွက် အကောင်းဆုံး အကွက်တွေနဲ့ နည်းဗျူဟာတွေကိုပါ ထောက်ပြနိုင်ခဲ့တာကိုး။
ပြောင်းပြန်အနေနဲ့ ပြောရရင်လည်း လိပ်ပြာဆူးအော့ခ်တွေက သူတို့ ပြောလေ့ရှိကြသလိုမျိုး သူရဲဘောကြောင်တဲ့ အကောင်တွေ မဟုတ်ကြပါဘူး။ သူတို့က ကိုယ့်အသက်ရှင်သန်ဖို့အတွက် သူငယ်ချင်းတွေကို လမ်းခွဲပြီး ပစ်ပယ်သွားတတ်တဲ့ မယုံကြည်ရတဲ့ အော့ခ်တွေလို့ လူတွေ ပြောခဲ့ကြဖူးပေမဲ့၊ အခု အဲဒီ လိပ်ပြာဆူးအော့ခ်လေးက ဒါကို မဟုတ်ကြောင်း သက်သေပြလိုက်ပါတယ်။
သူတို့တွေ ရှီနာ့ဆီမှာ မိသွားခဲ့တဲ့ အချိန်တုန်းက၊ လိပ်ပြာဆူးအော့ခ်လေးဟာ သူ့ရဲ့ သူငယ်ချင်းအသစ်လေးကို ဘယ်သူမှ မရိပ်မိခင် ဒီနေရာကနေ အလွယ်တကူ ထွက်သွားနိုင်စေဖို့အတွက်၊ သူ့ကိုယ်သူ အဖမ်းခံပြီး ဆိတ်ကွယ်ရာအဖြစ် အနစ်နာခံဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ရမယ်။
ဘယ်သူရဲဘောကြောင်သူမှ ဒါမျိုး မလုပ်နိုင်ပါဘူး။ ဒါလေးတစ်ခုတည်းနဲ့တင် လိပ်ပြာဆူးအော့ခ်တွေဟာ ဝံပုလွေအော့ခ်တွေလိုပဲ တကယ့်ကို သတ္တိရှိကြတယ်ဆိုတာ အထင်အရှားပါပဲ။
"ငါ မင်းတို့ မျိုးနွယ်စုအပေါ် အထင်မှားခဲ့တာပဲ" လို့ ဝံပုလွေအော့ခ်က ဝန်ခံလိုက်ပါတယ်။
"ငါလည်း ငါ့အမှားကို ဝန်ခံရမှာပါပဲ။ ငါ မင်းအပေါ်ရော မင်းတို့ မျိုးနွယ်စုအပေါ်ပါ အစွဲတွေ ရှိခဲ့မိတာပါ။ ဒါပေမဲ့ ငါတို့ ထင်ထားတာထက် ပိုပြီး တူညီတဲ့အချက်တွေ အများကြီး ရှိနေတယ်ဆိုတာ အခုတော့ သေချာသွားပါပြီ"
လိပ်ပြာဆူးအော့ခ်က ဝံပုလွေအော့ခ်ဆီကို လက်ကမ်းပေးလိုက်ပါတယ်။
သူတို့နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြတာကတော့၊ ဂိုးလ်စတုန်း နိုင်ငံတော် ပျက်စီးသွားပြီးကတည်းက မျိုးနွယ်စုနှစ်ခုကြားမှာ ပထမဆုံးအကြိမ်အဖြစ် စစ်မှန်တဲ့ စစ်ပြေငြိမ်းမှုကို ကိုယ်စားပြုလိုက်တာပါပဲ။
"ဒါနဲ့ နေပါဦး... မင်းတို့ မျိုးနွယ်စုတွေက ဘာဖြစ်လို့ အစကတည်းက တိုက်ခိုက်နေခဲ့ကြတာလဲ" လို့ မိုက်ကယ်က မေးလိုက်ပါတယ်။
"ကျွန်တော် မွေးကတည်းက လိပ်ပြာဆူးအော့ခ်တွေကို မုန်းတီးဖို့ပဲ သင်ယူခဲ့ရတာပါ။ ကျွန်တော့်ရဲ့ မျိုးနွယ်စုခေါင်းဆောင်က တခြားမျိုးနွယ်စုအပေါ် မနှစ်သက်တာကို အတိအကျ ပြသခဲ့တာဖြစ်ပြီး၊ ကျွန်တော်တို့ကလည်း ဘာမေးခွန်းမှ မမေးဘဲ သူ့စကားတွေကိုပဲ လိုက်နာခဲ့ကြတာပါ"
"ကျွန်တော်လည်း အဲဒီလို ပတ်ဝန်းကျင်မှာပဲ ကြီးပြင်းလာခဲ့ရတာပါ။ ကျွန်တော့်ရဲ့ ခေါင်းဆောင်က ဝံပုလွေအော့ခ်တွေ သန့်စင်မွန်မြတ်သောနယ်မြေမှာ ကိုးကွယ်တဲ့ နည်းလမ်းတွေက စော်ကားပြောဆိုစရာထက် မနည်းဘူးလို့ ပြောခဲ့ဖူးတယ်။ အဲဒီနယ်မြေက ကျွန်တော်တို့ လက်ထဲမှာ ရှိနေတာကမှ ပိုပြီး သင့်တော်လိမ့်မယ်လို့ သူက ဆိုတယ်"
မိုက်ကယ်က ဝံပုလွေအော့ခ်ရဲ့ ဘေးနားက ကိုကိုးစေ့အိတ်ကြီးကို ကြည့်လိုက်ပါတယ်။ သူတို့ပြောပြချက်အရဆိုရင် ဒါက သန့်စင်မွန်မြတ်သောနယ်မြေကနေ ထွက်လာတဲ့ သူတို့ရဲ့ မွန်မြတ်တဲ့ အသီးအနှံ ဖြစ်ရမယ်။
သူက ဒါကို အမှန်တရားတစ်ခုအနေနဲ့ လက်ခံထားခဲ့ပေမဲ့၊ ဘာကြောင့် အဲလိုဖြစ်ရတာလဲဆိုတာကိုတော့ တစ်ခါမှ မစဉ်းစားမိခဲ့ပါဘူး။
"မင်းတို့အတွက် ကိုကိုးစေ့တွေက ဘာလို့ ဒီလောက်အထိ ထူးခြားနေရတာလဲ"
အဲဒီမေးခွန်းက ဒီအချိန်အတောအတွင်းမှာ သူ့စိတ်ထဲမှာ အမြဲတမ်း ရှိနေခဲ့တဲ့ မေးခွန်းတစ်ခုပါပဲ။
သူ့မေးခွန်းကို အဖြေပေးတဲ့အနေနဲ့၊ အော့ခ်နှစ်ယောက်ဟာ သူတို့အိတ်ထဲကနေ ကိုကိုးစေ့ တစ်စေ့စီကို ယူလိုက်ပြီး သွားကြားထဲကို ထည့်လိုက်ကြပါတယ်။ အဲဒီနောက် အံသွားတွေနဲ့ ကိုက်ခွဲလိုက်တဲ့အချိန်မှာ၊ အစေ့ရဲ့ ခါးသက်သက် အရသာက ပါးစပ်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တာကြောင့် သူတို့မျက်နှာတွေက ချက်ချင်းပဲ ရှုံ့မဲ့သွားကြတာပေါ့။
ဒါပေမဲ့ သူတို့ မျက်မှောင်ကြုတ်၊ နှုတ်ခမ်းမဲ့ပြီး မျက်စိမှိတ်နေကြရတဲ့ အချိန်မှာတောင်၊ အော့ခ်တွေက အဲဒီ ကိုကိုးစေ့တွေကို မရရအောင် ကြိုးစားပြီး တစ်ချက်တည်းနဲ့ မျိုချပစ်လိုက်ကြပါတယ်။
မိုက်ကယ်က သူတို့ ကိုကိုးစေ့ စားတဲ့ပုံစံကို ကြည့်ပြီး နည်းနည်းတော့ အံ့ဩသွားခဲ့ရပါတယ်။ သူတို့ ဒီလောက်အထိ ရိုသေလေးစားပြီး ကိုးကွယ်ကြတဲ့ အရာတစ်ခုဆိုရင်တော့၊ နှစ်ပေါင်းများစွာ စားသုံးလာခဲ့ကြတဲ့အတွင်းမှာ အဲဒီ ခါးသက်သက် အရသာကို ကျင့်သားရနေကြပြီလို့ သူ ထင်ထားခဲ့တာကိုး။
ဒါပေမဲ့ သူတို့ မျက်နှာကို ကြည့်ရသလောက်တော့ အခုချိန်အထိ ကိုကိုးစေ့ စားရတာကို တကယ်ကို မုန်းတီးနေကြတုန်းပဲဆိုတာ သိသာလွန်းနေပါတယ်။
ဒါဆိုရင် သူတို့က ဘာဖြစ်လို့ အဲဒီ ခါးသက်သက် အရသာကို သည်းခံပြီး စားနေကြရတာလဲ၊ ပြီးတော့ အရှင်သခင်မက သူတို့ကို ဒီလို ဆုလာဘ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ထုံးတမ်းစဉ်လာတွေကိုပါ ဘာလို့ လုပ်နေကြရတာလဲဆိုတဲ့ မေးခွန်းက ပေါ်လာပြန်ပါတယ်။
အဖြေကတော့ စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာ မိုက်ကယ်ရဲ့ ရှေ့မှောက်မှာတင် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ဝံပုလွေအော့ခ်ရဲ့ ခန္ဓာကိုယ်ထဲကနေ သိသိသာသာကို အနီရောင် စွမ်းအင်အငွေ့အသက်တွေ အရှိန်အဟုန်နဲ့ ပေါက်ကွဲထွက်လာခဲ့တာကြောင့် ရှီနာ တကယ်ပဲ ထိတ်လန့်သွားခဲ့ရပါတယ်။
သူမက မိုက်ကယ်ရဲ့ အရှေ့ကို ချက်ချင်း ဝင်လိုက်ပြီး သူမရဲ့ လေးကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်ကို ကာကွယ်ဖို့အတွက် သူမမျက်လုံးထဲမှာ ပြတ်သားတဲ့ အားမာန်တွေ ရှိနေခဲ့တာပဲလေ။
မျက်တောင်တစ်ခတ်စာတောင် မကြာလိုက်ဘဲ၊ လိပ်ပြာဆူးအော့ခ်ရဲ့ ခန္ဓာကိုယ်ထဲကနေလည်း အပြာရောင် စွမ်းအင်အငွေ့အသက်တွေ ထပ်ပြီး ပေါက်ကွဲထွက်လာခဲ့ပြန်ရာ၊ အဲဒါက သူ့ရဲ့ ခွန်အားကို သာမန်ထက် အနည်းဆုံး နှစ်ဆလောက်အထိ မြင့်တက်သွားစေခဲ့ပါတယ်။
ရှီနာက အော့ခ်တွေကို ရန်လိုတဲ့ အသွင်အပြင်တွေ ရှိနေသေးတယ်ဆိုပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့တာပါ။ မိုက်ကယ်က သူမရဲ့ ပုဆိန်ကို ကိုင်ထားတဲ့ လက်ပေါ်ကို ညင်ညင်သာသာလေး ဖိချပေးလိုက်တော့မှပဲ သူမ စိတ်အေးသွားခဲ့ရတာပေါ့။
မိုက်ကယ်ကတော့ ဒါက သူ့ကို တိုက်ခိုက်ဖို့ ကြံစည်နေတာ မဟုတ်ဘူးဆိုတာ သိထားပြီးသားပါ။
ဒါဟာ ကိုကိုးစေ့တွေက သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုအာနိသင်မျိုး သက်ရောက်မှုရှိလဲဆိုတာကို ကိုယ်တိုင် ပြသပေးနေတာပဲ ဖြစ်ပါတယ်။
ဝံပုလွေအော့ခ်လေးဟာ အရပ်က အနည်းငယ် ပိုပြီး မြင့်လာသလို၊ သူ့ရဲ့ ကြွက်သားထုကလည်း စက္ကန့်ပိုင်းအတွင်းမှာတင် သိသိသာသာကို ထွားကြိုင်းလာခဲ့ပါတယ်။ သူ့ရဲ့ ကြီးထွားလာတဲ့ ခန္ဓာကိုယ်က အရင်ကထက် အများကြီး ပိုပြီး ကြောက်စရာကောင်းတဲ့ ပုံစံပေါက်သွားစေခဲ့တာပေါ့။