← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 16 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 16 Ch. 191-192

အခန်း (၁၉၁)

လေ့ကျင့်ရေး အပိုင်းတွေ ဆက်လက် ဖြစ်ပေါ်နေတာနဲ့အမျှ၊ ဒရာဂွန်ဘွန်းတွေဟာ နောက်ဆုံးမှာတော့ နောက်ထပ် ခြေတစ်လှမ်းကို အသီးသီး လှမ်းနိုင်ခဲ့ကြပြီး ကြယ်သုံးပွင့်အဆင့်ရှိတဲ့ စစ်သည်တော်တွေ ကိုယ်စီ ဖြစ်လာခဲ့ကြပါတယ်။

သူတို့ရဲ့ ပင်ကိုယ်ပါရမီနဲ့ ကြိုးစားအားထုတ်မှုတွေက ဒီလို အဆင့်တက်လှမ်းမှုအတွက် အဓိက အထောက်အကူ ဖြစ်စေခဲ့တာ မှန်ပေမဲ့လည်း၊ အော့ခ်တွေရဲ့ အော်ဟစ်သံတွေဆီကလာတဲ့ ထူးဆန်းတဲ့ အာနိသင်ကလည်း အများကြီး သက်ရောက်မှု ရှိခဲ့တယ်ဆိုတာကိုတော့ ငြင်းပယ်လို့ မရပါဘူး။

ပြီးတော့ ဒီကနေ အကျိုးကျေးဇူး ရရှိနေကြတာက သူတို့ချည်းပဲ မဟုတ်ပါဘူး။ အက်ဂ်နက်စ်ရဲ့ လူတစ်ပိုင်းသတ္တုဝါ မဟာမိတ်တွေတောင်မှ သူတို့ရဲ့ ကျင့်ကြံမှုနှုန်းတွေ အများကြီး မြင့်တက်လာတဲ့ လက္ခဏာတွေကို ပြသနေခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့တွေက သူတို့ရဲ့ ခွန်အားတွေကို မြှင့်တင်ဖို့အတွက် ဆေးဝါးတွေနဲ့ အကူအညီမှန်သမျှကို ရရှိနိုင်တဲ့ မောင့်ဂိုမာရီ စောင့်ရှောက်ရေးအဖွဲ့တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့လည်း၊ ဒါဟာ သူတို့ရဲ့ မှော်စွမ်းအင်အမြုတေတွေကို မြှင့်တင်ဖို့အတွက် သူတို့ ကြုံဖူးသမျှထဲမှာ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်နေခဲ့တာ ဖြစ်ရမယ်။

အက်ဂ်နက်စ်ကတော့ ဒါတွေအားလုံးအတွက် စီမံနေတဲ့ လူသားလေးကို မကြည့်ဘဲ မနေနိုင်ခဲ့သလို၊ သူ့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ စွမ်းပကားတွေအပေါ်မှာလည်း အံ့ဩမှင်သက်နေရုံကလွဲလို့ တခြားမရှိတော့ပါဘူး။

နာရီအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့၊ လူတိုင်းဟာ လေ့ကျင့်ရေးတွေကြောင့် ပင်ပန်းနွမ်းနယ်ကုန်ကြတာပေါ့။ မိုက်ကယ်ကတော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ်က အရင်နေ့တွေကထက် အနည်းဆုံး နှစ်ဆလောက် ပိုပြီး ထွက်ပေါ်လာခဲ့တယ်ဆိုတာ သိနိုင်ခဲ့ပါတယ်။

သူက အော့ခ်တွေကို သူတို့ရဲ့ ပင်ပန်းလှတဲ့ ပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်ပေမဲ့၊ သူတို့ကတော့ အမောတောင် မဖောက်ရသေးကြောင်း ပြသလိုက်ကြတာပေါ့။ သူတို့က သူပေးခဲ့တဲ့ ချောကလက်အတွက် တကယ်ပဲ ကျေးဇူးတင်နေကြတာကြောင့် ဒါက သူတို့အတွက်တော့ တကယ့်ကို လွယ်ကူလွန်းတဲ့ အရာတစ်ခုပါပဲ။

သူတို့တွေကို ရီနေးတားရဲ့ လူတွေနဲ့အတူ ဘေ့စ်ဘော စိတ်ကြိုက်ကစားခွင့် ပေးလိုက်ပြီးတဲ့နောက်မှာတော့၊ အော့ခ်နှစ်ယောက်သား နောက်ဆုံးမှာ သူတို့ရဲ့ သတ်မှတ်ထားတဲ့ တောအုပ်တွေဆီကို အသီးသီး ပြန်သွားခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့ မထွက်ခွာခင်မှာ မိုက်ကယ်က သူတို့ကို နောက်ထပ် အကူအညီတစ်ခု ထပ်ပြီး တောင်းဆိုခဲ့ပါသေးတယ်။

"မင်းတို့ရဲ့ မျိုးနွယ်စုတွေအပေါ်မှာ ထားရှိတဲ့ ပြိုင်ဘက်တွေအပေါ် အမြင်တွေကို ပြောင်းလဲပစ်နိုင်မယ်ဆိုရင်တော့ တကယ်ကို ကောင်းမှာပဲ"

အော့ခ်နှစ်ယောက်က မိုက်ကယ် ပြောသလို လုပ်ဆောင်ချင်ကြပေမဲ့၊ သူတို့ရဲ့ အမုန်းဆုံး ပြိုင်ဘက်တွေနဲ့ ချက်ချင်း သူငယ်ချင်းတွေ ဖြစ်လာဖို့အတွက် သူတို့ရဲ့ မျိုးနွယ်စုဝင်တွေကို ဖျောင်းဖျဖို့က တကယ်ကို ခက်ခဲလိမ့်မယ်ဆိုတာ သူတို့ သိနေခဲ့ကြတာပေါ့။

ဒီတခြား မျိုးနွယ်စုအပေါ် ပြိုင်ဆိုင်လိုတဲ့ စိတ်ဆန္ဒတွေက သူတို့ မွေးကတည်းက သေတဲ့အထိ သင်ယူလာခဲ့ရတဲ့ အရာတွေလေ။

တကယ်လို့ ဒီအော့ခ်တွေသာ တစ်ယောက်နဲ့တစ်ယောက် မတွေ့ခဲ့ကြဘူးဆိုရင်တော့၊ မျိုးနွယ်စုနှစ်ခုကြားက ပြိုင်ဆိုင်မှုတွေက မလိုအပ်ဘူးဆိုတာကို သူတို့ သဘောပေါက်သွားကြမှာ မဟုတ်ပါဘူး။ သူတို့အပေါ် ထားရှိတဲ့ အစွဲတွေနဲ့ မုန်းတီးမှုတွေ အားလုံးက လိမ်ညာမှုတွေအပေါ်မှာပဲ အခြေခံထားတာဆိုတာကိုလည်း သိသွားကြမှာ မဟုတ်ပါဘူး။

သူတို့ရဲ့ မျိုးနွယ်စုဝင်တွေကို ဖျောင်းဖျနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့၊ သူတို့ ကိုယ်တိုင် တခြား မျိုးနွယ်စုနဲ့ ဘယ်လောက်အထိ တူညီနေလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ ပြသနိုင်ဖို့ပဲ ရှိပါတယ်။

သူတို့ရဲ့ ပြိုင်ဘက်တွေက သူတို့နဲ့ ထပ်တူပဲဆိုတာကို မြင်တွေ့နိုင်သရွေ့တော့၊ လိပ်ပြာဆူးအော့ခ်တွေရော ဝံပုလွေအော့ခ်တွေပါ အားလုံးက မျိုးစိတ်တစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေပဲဆိုတာကို သဘောပေါက်သွားကြမှာ ဖြစ်ပါတယ်။

"အဲဒါက ခက်လိမ့်မယ်၊ လူသားခင်ဗျာ။ ရန်သူနဲ့ ပူးပေါင်းတာက ကျွန်တော်တို့ကို မျိုးနွယ်စုကနေ မောင်းထုတ်ခံရစေနိုင်တယ်" လို့ ဝံပုလွေအော့ခ်က ပြောလိုက်ပါတယ်။

"ကျွန်တော်တို့ဘက်မှာလည်း အတူတူပါပဲ" လို့ လိပ်ပြာဆူးအော့ခ်ကလည်း သဘောတူလိုက်တာပေါ့။

မိုက်ကယ်က အဲဒါ ခက်ခဲလိမ့်မယ်ဆိုတာ သိပေမဲ့၊ အခုထိ မျှော်လင့်ချက် ရှိနေဆဲပါပဲ။ ဒီအော့ခ်နှစ်ယောက် သူငယ်ချင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ အချက်ကတင် မျိုးနွယ်စုနှစ်ခုလုံး စည်းလုံးဖို့အတွက် ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို လုံလောက်တဲ့ သက်သေ ပြသနေတာပဲလေ။

"ကောင်းပြီလေ၊ တကယ်လို့ အားလုံး ကျရှုံးသွားခဲ့ရင်တောင်၊ ကျွန်တော်တို့မှာ နောက်ဆုံး လက်နက်တစ်ခု ကျန်သေးတာပဲ" လို့ မိုက်ကယ်က သူတို့ကို ပြောလိုက်ပါတယ်။

"ဒါလေးနဲ့ပဲ သူတို့ကို ဆွဲဆောင်လိုက်ကြတာပေါ့"

သူက သူတို့ကို ချောကလက်ဘားတစ်ခု ပြသလိုက်တဲ့အခါ၊ အော့ခ်နှစ်ယောက်မှာ သူတို့ရဲ့ မျိုးနွယ်စုဝင်တွေကို ဒီစည်းလုံးရေး အစီအစဉ်ထဲ ပါဝင်လာအောင် ဘယ်လို ဖျောင်းဖျရမလဲဆိုတဲ့ စိတ်ကူးအချို့ ရရှိသွားခဲ့ကြပါတော့တယ်။

နောက်ထပ် ရက်အနည်းငယ်အတွင်းမှာပဲ၊ အော့ခ်နှစ်ယောက်ဟာ သူတို့ရဲ့ မျိုးနွယ်စုဝင်တွေဆီကို ကိုကိုးစေ့တွေနဲ့ လုပ်ထားတဲ့ ဆန်းကြယ်လှတဲ့ အစားအစာအသစ်အကြောင်း ကောလာဟလတွေ စတင် ဖြန့်ဝေခဲ့ကြပါတယ်။ ပြီးတော့ အဲဒီ ကောလာဟလတွေအရဆိုရင်၊ ဒီအစားအစာက အရင်လို ခါးသက်သက် အဆိပ်အတောက် အရသာမျိုး မရှိဘူးလို့ ဆိုတာကိုး။

ဒါပေါ့... အော့ခ်အများစုက ဒါကို မယုံကြဘဲ၊ လူနည်းစုလောက်ပဲ သူ့ဆီကို ချဉ်းကပ်လာခဲ့ကြပါတယ်။

"ဒါက တကယ်ပဲလား" လို့ ဝံပုလွေအော့ခ် အမျိုးသမီးလေးတစ်ယောက်က မေးလိုက်တာပေါ့။

"တိုးတိုးနေ၊ တခြားသူတွေကို လျှောက်မပြောနဲ့ဦး။ ငါ့မှာ နည်းနည်းပဲ ပါတာ။ အများကြီးနဲ့ မဝေမျှချင်ဘူး"

အဲဒီနောက် သူက သူ့ရဲ့ အိတ်ထဲကနေ ချောကလက်ဘားတစ်ခု ထုတ်ယူလိုက်ပြီး၊ သူ့အရှေ့က အော့ခ်သုံးယောက်ကို ပြသလိုက်ပါတယ်။

သူတို့တွေက အဲဒီ ချောကလက်ဘားကို စူးစမ်းလိုစိတ်တွေနဲ့ စိုက်ကြည့်နေကြတာပေါ့။

အဲဒီအော့ခ်က သူတို့တွေ ဆာလောင်မွတ်သိပ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို မြင်လိုက်ရတာနဲ့၊ နောက်ဆုံးမှာတော့ သူတို့တစ်ယောက်ချင်းစီကို စားဖို့အတွက် ချောကလက် တစ်စစီ ပေးလိုက်ပါတော့တယ်။

ချောကလက်က ပါးစပ်ထဲမှာ အရည်ပျော်သွားတာနဲ့တင်၊ အော့ခ်အမျိုးသမီးလေးက အံ့ဩလွန်းလို့ အော်ဟစ်လုနီးပါး ဖြစ်သွားခဲ့ရတာပေါ့။ သူက တခြားသူတွေရဲ့ အာရုံစိုက်မှုကို မခံရလေအောင် သူမရဲ့ ပါးစပ်ကို ချက်ချင်း ဖုံးအုပ်ထားလိုက်ရပါတယ်။

ဒီလို သေးငယ်တဲ့ ကောလာဟလလေး ဖြန့်ရတဲ့ ရည်ရွယ်ချက်ကတော့ လူအနည်းငယ်လောက်ပဲ ချောကလက်အကြောင်း သိစေချင်လို့ပါပဲ။ တကယ်လို့ မျိုးနွယ်စုခေါင်းဆောင်သာ ဒါကို ကြားသွားမယ်ဆိုရင်တော့၊ သူတို့ မျိုးနွယ်စုအတွက်ပဲ သီးသန့် သိမ်းပိုက်ထားချင်မှာ ဖြစ်ပြီး၊ ဒါက မျိုးနွယ်စုနှစ်ခုကြားက ရှိရင်းစွဲ ပြိုင်ဆိုင်မှုတွေကို ပိုပြီး ဆိုးရွားသွားစေမှာကိုး။

ဖြည်းဖြည်းချင်းပဲ၊ သူတို့တွေက အော့ခ်တွေကို စုဆောင်းပြီး သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေရဲ့ အမှန်တရားကို ပြသသွားကြမှာ ဖြစ်ပါတယ်။ အော့ခ်အများစုက သူတို့ကြားက ပဋိပက္ခတွေရဲ့ မိုက်မဲမှုတွေကို သဘောပေါက်သွားကြတာနဲ့၊ မျိုးနွယ်စုခေါင်းဆောင်တွေလည်း တခြားမျိုးနွယ်စုအပေါ် ထားရှိတဲ့ မုန်းတီးမှုတွေကို ပြန်လည် စဉ်းစားဖို့အတွက် အတင်းအကျပ် ဖိအားပေးခံရမှာ ဖြစ်ပါတယ်။

"ဒါကို ဘယ်ကနေ ရခဲ့တာလဲ" လို့ ဝံပုလွေအော့ခ်တွေက သူ့ကို မေးလိုက်ကြတာပေါ့။

"...မနက်ဖြန် ငါနဲ့အတူ လိုက်ခဲ့လေ။ ဘယ်က ရလဲဆိုတာ ငါ ပြပေးမယ်"

နောက်တစ်နေ့မှာတော့၊ ဝံပုလွေအော့ခ်ဟာ နီယိုအော်ကပ်စ်ဆီကို ကိုကိုးစေ့တွေ ပို့ဆောင်ဖို့အတွက် နောက်ထပ် အော့ခ်သုံးယောက်နဲ့အတူ လိုက်ပါလာခဲ့ပါတယ်။

"မင်း ပြောချင်တာက ဒီ 'ချောကလက်' ဆိုတာကို အဲဒီ လူသားတွေက လုပ်တာပေါ့ ဟုတ်လား သူက တကယ်ပဲ ခေါင်းဆောင် ပြောခဲ့သလို မြေကမ္ဘာအရှင်သခင်မရဲ့ ကောင်းချီးပေးခံရတဲ့သူ ဟုတ်လို့လား"

"တိုးတိုးနေ... ရောက်ပြီ" လို့ ဝံပုလွေအော့ခ်က ပြောလိုက်တာပေါ့။

ဒါပေမဲ့ တခြားသူတွေ မြင်ရသလောက်တော့၊ သူတို့တွေ နီယိုအော်ကပ်စ်ရဲ့ ဂိတ်တံခါးတွေနားကိုတောင် မရောက်သေးပါဘူး။ သူတို့က လူသားတွေနဲ့ လူတစ်ပိုင်းသတ္တုဝါတွေ ပြည့်နှက်နေတဲ့ ကွင်းပြင်ကြီးကို လှမ်းမြင်ရတဲ့ သံဇကာ အကာအကွယ်တစ်ခုရဲ့ အရှေ့တည့်တည့်မှာ ရောက်နေခဲ့ကြတာ ဖြစ်ပါတယ်။

"ငါတို့ ဒီမှာ ဘာလုပ်နေတာလဲ" လို့ သူတို့က မေးလိုက်ကြတာပေါ့။

"လမ်းကြုံလို့ ဝင်တာပါ။ ကစားပွဲကိုပဲ စောင့်ကြည့်လိုက်ပါ" လို့ သူက သူတို့ကို ပြောလိုက်ပါတယ်။

ဟုမ်းရန်း ရိုက်လိုက်တာကို မြင်တွေ့လိုက်ရတာက ဝံပုလွေအော့ခ်တွေရဲ့ စိတ်ထဲက တစ်စုံတစ်ခုကို နှိုးဆွပေးလိုက်သလိုပါပဲ။ အဲဒါက သူတို့ကို... စိတ်လှုပ်ရှားလာစေခဲ့တာပေါ့။

အဲဒါကြောင့်ပဲ၊ ဝံပုလွေအော့ခ်တွေ ပိုများလာတာနဲ့အမျှ ဘေ့စ်ဘောရဲ့ ပရိသတ်တွေ ဖြစ်လာခဲ့ကြတာပါပဲ။

တစ်ဖက်မှာလည်း၊ သူတို့နဲ့ သစ်ပင်အနည်းငယ်လောက်ပဲ ဝေးတဲ့ နေရာမှာ လိပ်ပြာဆူးအော့ခ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နောက်ထပ် အုပ်စုတစ်ခု ရှိနေခဲ့ပြန်ပါတယ်။ သူတို့တွေလည်း၊ ဒီ ဘေ့စ်ဘောလို့ ခေါ်တဲ့ ထူးဆန်းတဲ့ အားကစားနည်းအသစ်ကို စတင် စွဲလမ်းလာခဲ့ကြတာပေါ့။ မကြာခင်မှာပဲ သူတို့တွေ ကစားပွဲထဲမှာ အပြည့်အဝ နစ်မျောသွားခဲ့ကြရတာပါပဲ။

ဒါတွေအားလုံးကို နောက်ကွယ်ကနေ စီစဉ်ထားခဲ့ကြတဲ့ အော့ခ်နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဆုံလိုက်ကြပြီး၊ ဘယ်သူမှ မရိပ်မိအောင် ခေါင်းညိတ်ပြလိုက်ကြပါတယ်။

သူတို့ရဲ့ နောက်ထပ် အစီအစဉ် အဆင့်အတွက် အဆင်သင့် ဖြစ်သွားခဲ့ပါပြီ။

နီယိုအော်ကပ်စ်ရဲ့ တခြားတစ်ဖက်မှာတော့၊ မညီမညာ ဖြစ်နေတဲ့ လမ်းတစ်ခုပေါ်မှာ မြင်းရထား အုပ်စုကြီးတစ်ခုက ဖြည်းဖြည်းချင်း မောင်းနှင်လာနေခဲ့တာပေါ့။

သတင်းထောက်တစ်ဦး ဖြစ်လာဖို့ မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ ဂျင်မီကတော့ ပြတင်းပေါက်ကနေတစ်ဆင့် မိုးကုတ်စက်ဝိုင်းဆီကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာ၊ သူ မျှော်လင့်ထားတာထက် လုံးဝကို ကျော်လွန်နေတဲ့ အရာတစ်ခုကို မြင်တွေ့လိုက်ရပါတယ်။

"အဲဒါ ဘာကြီးလဲ" လို့ သူက ချောကလက် ကုန်သည်တွေကို မေးလိုက်ပါတော့တယ်။

* * * * * * * * *

စာစဉ်(၁၆)

အခန်း (၁၉၂)

နီယိုအော်ကပ်စ်ရဲ့ တည်ဆောက်ရေး ကာလကတော့ နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့ပါပြီ။ အဆောက်အဦးတွေနဲ့ ဖွဲ့စည်းပုံတွေ အားလုံးက ပြီးပြည့်စုံသွားခဲ့ပြီဖြစ်ပြီး၊ အလှဆင်ဖို့နဲ့ အချောသပ်ဖို့ အပိုင်းအစအချို့ပဲ ကျန်ပါတော့တယ်။ နီယိုအော်ကပ်စ်ရဲ့ ဒေသခံတွေအတွက်တော့ အခု အိမ်လို့ခေါ်နိုင်မယ့် နေရာတစ်ခု ရရှိသွားခဲ့ကြပြီပေါ့။

သူတို့ရဲ့ လူနေမှု အဆင့်အတန်းက ကွင်းစ်နယ်မြေမှာရှိတဲ့ တော်ဝင်မျိုးနွယ်တွေနဲ့ ဘီလီယံနာတွေထက်တောင် သာလွန်နေတာကြောင့်၊ ကိုယ့်ကိုယ်ကိုယ် တကယ့်ကို ကံကောင်းလှတယ်လို့ မှတ်ယူထားကြတာပေါ့။ ဘာပဲဖြစ်ဖြစ်၊ နီယိုအော်ကပ်စ်ကို ရီနေးတားနိုင်ငံတော်ရဲ့ စံနှုန်းတွေအတိုင်း တည်ဆောက်ထားတာ ဖြစ်ပြီး၊ အသုံးဝင်လှတဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ ဗိသုကာ လက်ရာတွေ အားလုံး ပါဝင်နေတာကိုး။

ဒါတင်မကဘဲ၊ ရထားလမ်းစနစ် တည်ဆောက်မှုကလည်း ပြီးစီးသွားခဲ့ပြီဖြစ်လို့၊ ကွင်းစ်နယ်မြေနဲ့ ကင်းစ်နယ်မြေကို တရားဝင် ချိတ်ဆက်ပေးလိုက်နိုင်ခဲ့ပါပြီ။

ဒါပေါ့... တကယ်လို့ တစ်စုံတစ်ယောက်က ဒီရထားစနစ်ကို သုံးချင်တယ်ဆိုရင်တော့၊ လူပု ဘုရင်နိုင်ငံတော်ရဲ့ လမ်းတံခါးခကို သင့်တော်တဲ့ ဈေးနှုန်းတစ်ခုပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဆိုလိုတာက နီယိုအော်ကပ်စ်မှာ ရှိနေတဲ့ ရီနေးတားရဲ့ လူတွေဟာ သူတို့ရဲ့ နိုင်ငံတော်ဆီကို ခရီးသွားရက် တစ်ရက်တည်းနဲ့တင် ပြန်ရောက်နိုင်ကြပြီ ဖြစ်သလို၊ ပြောင်းပြန် အနေနဲ့လည်း အတူတူပါပဲ။

ဒီလို ချိတ်ဆက်မှု အဆင်သင့် ဖြစ်သွားတာနဲ့၊ ကုန်ပစ္စည်းတွေရဲ့ စီးဆင်းမှုက အများကြီး ပိုပြီး ချောမွေ့လာခဲ့တာပေါ့။ ကင်းစ်နယ်မြေမှာရှိတဲ့ ကုန်ပစ္စည်းတွေ အားလုံးကို နီယိုအော်ကပ်စ်ရဲ့ ဒေသခံတွေ အလွယ်တကူ သုံးစွဲနိုင်လာကြပါတယ်။

ပြီးတော့ မျှော်လင့်ထားတဲ့အတိုင်း၊ အနာဂတ်မှာ ကွင်းစ်နယ်မြေရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကလည်း ဒီစီးပွားရေး အချက်အချာနေရာကနေ ကုန်ပစ္စည်းတွေကို အသုံးပြုလာကြမှာ ဖြစ်ပါတယ်။

မိုက်ကယ်က အင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေကို သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်စကားပြောလိုက်ပြီး၊ အားလပ်ရက်တစ်ခု ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ငြင်းဆိုခဲ့ကြတာပေါ့။

"စိတ်မပူပါနဲ့၊ ဆရာ။ ကျွန်တော်တို့မှာ ဆရာ စိတ်ကူးထားတဲ့ ရွှေလမ်းမကြီး စီမံကိန်းကို စတင်ဖို့အတွက် လုံလောက်တဲ့ ခွန်အားတွေ ရှိပါသေးတယ်" လို့ ဆိတ်လူသား အင်ဂျင်နီယာက ပြောလိုက်တဲ့အခါ၊ ကျန်တဲ့ သူ့ရဲ့ ရဲဘော်တွေကလည်း သူ့စကားကို ထောက်ခံခဲ့ကြပါတယ်။

အခုဆို နီယိုအော်ကပ်စ်ရဲ့ အခြေခံ အပိုင်းတွေ ပြီးသွားပြီ ဖြစ်တာကြောင့်၊ မိုက်ကယ်အနေနဲ့ ကွင်းစ်နယ်မြေထဲကို စတင် ခြေဆန့်ဖို့ အချိန်တန်ပါပြီ။ ဒါကို လုပ်ဆောင်ဖို့အတွက်၊ နယ်မြေတွေ အားလုံးကို လမ်းတစ်ခုတည်းအဖြစ် ချိတ်ဆက်ပေးမယ့် ရွှေလမ်းမကြီးကို ပြန်လည် တည်ဆောက်ဖို့ လိုအပ်ပါတယ်။

ဒါက တကယ့်ကို ကြီးမားလှတဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုဖြစ်တာကြောင့်၊ တတ်နိုင်သမျှ အမြန်ဆုံး စတင်လိုက်တာက ပိုကောင်းမှာပေါ့။ ဘာပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာတွေ အနေနဲ့ ဒီနေရာရဲ့ သဘာဝဘေးအန္တရာယ်တွေ ခဏခဏ ဖြစ်ပေါ်တတ်တဲ့ အခြေအနေတွေကြောင့်၊ လမ်းတွေကို ငလျင်ဒဏ် ခံနိုင်ရည်ရှိအောင် သေချာ ပြုလုပ်ထားကြရမှာကိုး။

"ကောင်းပြီလေ။ ဒါဆိုရင်လည်း အလုပ်စကြတာပေါ့" လို့ မိုက်ကယ်က မိုးကုတ်စက်ဝိုင်းဆီကို ဦးတည်နေတဲ့ လမ်းမကြီးကို ကြည့်ပြီး ပြောလိုက်ပါတယ်။

အခုလောလောဆယ်တော့၊ ဒီ လမ်းမကြီးက ပေါင်မုန့်ကို အလယ်ကနေ ဓားနဲ့ မွှန်းထားသလိုမျိုး နှစ်ခြမ်း ကွဲနေခဲ့တာပေါ့။ ဒါပေမဲ့ မကြာခင်မှာတော့၊ ဒါဟာ ကုန်သည်တွေနဲ့ စီးပွားရေး လုပ်ငန်းမျိုးစုံ အခြေချဖို့ အဆင်သင့် ဖြစ်နေမယ့်၊ ကျယ်ပြန့်ပြီး ညီညာလှတဲ့ နာမည်ကျော် ရွှေလမ်းမကြီး ဖြစ်လာတော့မှာပါပဲ။

မိုက်ကယ်က အင်ဂျင်နီယာတွေရဲ့ အလုပ်ကို စောင့်ကြည့်နေတဲ့ အချိန်မှာပဲ၊ မိုးကုတ်စက်ဝိုင်း ဆီကနေ သူတို့ဆီကို ဦးတည်လာနေတဲ့ တစ်စုံတစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရပါတယ်။

သူ့ရဲ့ မြှင့်တင်ထားတဲ့ အမြင်အာရုံကြောင့်၊ မိုက်ကယ်ဟာ စုစုပေါင်း မြင်းရထား ၁၀ စင်းလောက် ပါဝင်တဲ့ ကြီးမားလှတဲ့ မြင်းရထား အုပ်စုကြီးတစ်ခုကို မြင်လိုက်ရတာပေါ့။

ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က အလင်းဒြပ်စင် အမှတ်အသားတွေကို အာရုံစိုက်ကြည့်လိုက်တဲ့ အခါမှာတော့၊ သူတို့ထဲက အချို့က ကွင်းစ်နယ်မြေထဲကို ချောကလက်တွေသွားရောက် ရောင်းချဖို့ ထွက်ခွာသွားခဲ့ကြတဲ့ လှည့်လည်ရောင်းချသူတွေ ဖြစ်မှန်း သူ မှတ်မိလိုက်ပါတယ်။

ကြည့်ရတာ ပစ္စည်းတွေထပ်ဖြည့်ဖို့အတွက် ဒီလောက်အထိ စောစောစီးစီး ပြန်လာကြတာကို ကြည့်ရင်၊ စီးပွားရေးတော်တော်လေး အဆင်ပြေခဲ့ကြတဲ့ ပုံပါပဲ။ ဒါတင်မကဘဲ၊ သူတို့နဲ့အတူ နောက်ထပ် ဧည့်သည်အချို့လည်း ပါလာခဲ့ကြပါသေးတယ်။

သူတို့ထဲက အချို့က နီယိုအော်ကပ်စ်ရဲ့ အသစ်စက်စက် ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေကို ကြည့်ပြီး၊ မျက်နှာတွေပေါ်မှာ အံ့ဩတုန်လှုပ်မှုတွေ အပြည့် ဖြစ်နေတာကိုပါ သူ မြင်တွေ့နိုင်ခဲ့တာပေါ့။ အဲဒါကတော့ အစတုန်းက ချောကလက် ကုန်သည်တွေရဲ့ စကားကို ပုံကြီးချဲ့ပြီး ပြောနေတာလို့ပဲ သတ်မှတ်ထားခဲ့ကြတဲ့၊ အခုမှ အမှန်တရားကို မြင်ပြီး ဆွံ့အသွားကြတဲ့သူတွေရဲ့ မျက်နှာမျိုးပါပဲ။

ဒါပေမဲ့ ပြန်လည် မွမ်းမံထားတဲ့ နီယိုအော်ကပ်စ်ကို သူတို့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာကတော့ တကယ့်ကို မျက်စိပွင့်သွားစေခဲ့တာပေါ့။

မိုက်ကယ်က ကုန်သည်အုပ်စု ဂိတ်တံခါးတွေဆီကို ရောက်လာတဲ့အထိ ဆောက်လုပ်ဆဲဖြစ်တဲ့ ရွှေလမ်းမကြီးရဲ့ အဝင်ဝနားမှာပဲ စောင့်ဆိုင်းနေခဲ့ပါတယ်။

"ဆရာ မိုက်ကယ် နောက်တစ်ကြိမ် ပြန်တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"

ဝါရင့် လှည့်လည်ရောင်းချသူက မြင်းရထားပေါ်ကနေ ဆင်းလာပြီး၊ မိုက်ကယ်ကို ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်တာပေါ့။ သူတို့ ဘာလို့ အဲလို မလုပ်ဘဲ နေမလဲ။ မိုက်ကယ်ရဲ့ ကုန်ပစ္စည်းတွေကြောင့် သူတို့ရဲ့ သေတ္တာတွေထဲမှာ ရွှေဒင်္ဂါးတွေ ပြည့်နှက်နေခဲ့တာကိုး။

"ပစ္စည်းတွေ ထပ်ဖြည့်ဖို့ ပြန်လာကြတာလို့ မျှော်လင့်ပါတယ်"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့နဲ့အတူ ချောကလက် ကုန်သည်တွေ ဖြစ်ချင်ကြတဲ့ ကျွန်တော်တို့ရဲ့ သူငယ်ချင်းအချို့လည်း ပါလာကြတယ်ဗျ"

ကျန်တဲ့ ကုန်သည်တွေက မိုက်ကယ်ကို ကိုယ်ကို ကိုင်းညွှတ်ပြီး နှုတ်ဆက်လိုက်ကြပေမဲ့၊ မိုက်ကယ်ရဲ့... ငယ်ရွယ်မှုကို ကြည့်ပြီး သူတို့ရဲ့ မျက်လုံးတွေထဲမှာ မယုံနိုင်လောက်အောင် ဖြစ်နေကြတာကတော့ ထင်ရှားလွန်းနေပါတယ်။

သူတို့တွေက တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ကြပြီး၊ ချောကလက် ကုန်သည်တွေ ဖြစ်ခွင့်ပြုဖို့အတွက် သူ့ရဲ့ ခွင့်ပြုချက်ကို တောင်းခံခဲ့ကြတာပေါ့။

"အထဲဝင်ပြီး စကားပြောကြတာပေါ့" လို့ သူက ပြောရင်း သူတို့ကို နီယိုအော်ကပ်စ်ထဲကို ဖိတ်ခေါ်လိုက်ပါတယ်။

ကုန်သည် အုပ်စုကြီးတစ်ခုလုံးက မိုက်ကယ်ရဲ့ နောက်ကနေ အထဲကို လိုက်ပါလာခဲ့ကြတာပေါ့။

ဝါရင့် လှည့်လည်ရောင်းချသူက မိုက်ကယ်ရဲ့ ဘေးနားကို ကပ်လိုက်လာပြီး၊ သူတို့ကြားထဲက ငယ်ရွယ်တဲ့ အမျိုးသားတစ်ဦးဆီကို လက်ညွှတ်ထိုး ပြလိုက်ပါတယ်။

"ဪ... ဆရာ မိုက်ကယ်။ စိတ်မရှိပါနဲ့၊ ကျွန်တော်တို့နဲ့အတူ အန်ဂိုရာမြို့က သတင်းထောက်တစ်ယောက်လည်း ပါလာခဲ့တယ်ဗျ"

မိုက်ကယ်က အဲဒီ လူငယ်လေးဆီကို လှည့်ကြည့်လိုက်တဲ့ အခါမှာ၊ သူ့ရဲ့ မျက်လုံးတွေထဲက တောက်ပနေတဲ့ အရိပ်အယောင်တွေကို သတိပြုမိလိုက်တာပေါ့။ သူက စာအုပ်အသေးလေးတစ်အုပ်နဲ့ ခဲတံတစ်ချောင်းကို ကိုင်ထားပြီး၊ သူ့ရဲ့ အံ့ဩမှင်သက်မှုတွေ လျော့ကျသွားတာနဲ့ မြင်သမျှ အရာအားလုံးကို ချက်ချင်း ချရေးဖို့ အသင့်ပြင်ထားတဲ့ ပုံစံမျိုးပါပဲ။

သူက အဲဒီ သတင်းထောက်လေးရဲ့ အနားကို ချဉ်းကပ်သွားလိုက်ပါတယ်။

"...ဝိုး... အိုး... ဟိုင်း" လို့ သတင်းထောက်လေးက မဆင်မခြင် လွှတ်ခနဲ ပြောလိုက်မိတာပေါ့။

"နှုတ်ဆက်ပါတယ်၊ ကျွန်တော့်နာမည် ဂျင်မီ လို့ ခေါ်ပါတယ်၊ တစ်ကမ္ဘာလုံးက လူတွေ ဖတ်ရှုရမယ့် သတင်းစာတွေကို ရေးသားဖို့ မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ သတင်းထောက်တစ်ဦးပါ"

မိုက်ကယ်က သူ့ရဲ့ လက်ကို ကမ်းပေးလိုက်တဲ့အခါ၊ ဂျင်မီက ကသိကအောက်နဲ့ ပြန်လည် လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။

ဝါရင့် လှည့်လည်ရောင်းချသူက သူတို့ ဂျင်မီနဲ့ ဘယ်လို ဆုံခဲ့ကြလဲဆိုတာကို ရှင်းပြလိုက်တာပေါ့။

"မင်းက သတင်းထောက်တစ်ယောက်လား စိတ်ဝင်စားဖို့ ကောင်းသားပဲ။ သတင်းထောက်တစ်ယောက်က ငါတို့ ရီနေးတား ကုမ္ပဏီအကြောင်း ဘာတွေ သတင်းယူချင်လို့လဲ"

ဂျင်မီက သူ့ရဲ့ ပျာယာခတ်နေတဲ့ အခြေအနေကနေ ရုန်းထွက်လိုက်ပြီး၊ မိုက်ကယ်ကို တကယ့်ကို တည်ကြည်လေးနက်တဲ့ ပုံစံနဲ့ စိုက်ကြည့်လိုက်ပါတယ်။

"ဒါပေါ့... အမှန်တရားကို ရှာဖွေဖို့အတွက်ပါပဲ။ ရီနေးတားကုမ္ပဏီအကြောင်း ကြားရတဲ့ဇာတ်လမ်းတွေက ယုံကြည်ဖို့အတွက် အရမ်းကို ပုံကြီးချဲ့လွန်းနေလို့ပါ"

မိုက်ကယ်က သရော်ပြုံး ပြုံးလိုက်တာပေါ့။

"ဒါဆိုရင်၊ မင်းက အဲဒီ ကောလာဟလတွေ အကုန်လုံးကို ယုံကြည်နေတာပေါ့"

ဂျင်မီက နီယိုအော်ကပ်စ်ရဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး၊ အဆင့်မြင့်နည်းပညာတွေရဲ့ အငွေ့အသက်အချို့ကို လှမ်းမြင်လိုက်ရပါတယ်။ ဒီလို သာမန်ကာလျှံကာ ကြည့်လိုက်ရုံနဲ့တင်၊ သူ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတာ ကောင်းကောင်း သိလိုက်တာပေါ့။

"တခြား ဘယ်သတင်းထောက်မှတော့ ယုံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ကြီးမားတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိတော့မယ်ဆိုတဲ့ ခံစားချက် ရှိနေတာ။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို ရီနေးတားကုမ္ပဏီအကြောင်း မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခွင့် ပေးပါ" လို့ ဂျင်မီက ပြောရင်း မိုက်ကယ်ကို ၉၀ ဒီဂရီ ကိုယ်ကို ကိုင်းညွှတ်ပြီး တောင်းဆိုလိုက်ပါတယ်။

"ပြီးတော့ မင်း အဲဒီအချက်အလက်တွေနဲ့ ဘာလုပ်မှာလဲ"

ဂျင်မီက မတ်မတ် ပြန်ရပ်လိုက်တာပေါ့။

"အဲဒါကို သတင်းအဖြစ် ရေးချင်လို့ပါ၊ ဆရာ။ ဘာကြော်ငြာမှ မရှိဘဲနဲ့တော့၊ ဆရာ့ရဲ့ ကုမ္ပဏီက ကွင်းစ်နယ်မြေထဲမှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ကျွန်တော်သာ ဆရာတို့ရဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေနဲ့ အောင်မြင်မှုတွေ အားလုံးကို ချရေးခွင့် ရမယ်ဆိုရင်တော့၊ ဆရာ့အနေနဲ့ တစ်နေ့ကျရင် ဂုဏ်သရေရှိလှတဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းးထဲကို သေချာပေါက် ဝင်ရောက်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

* * * * * * * * *

All Chapters