← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 17 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 17 Ch. 195-196

အခန်း (၁၉၅)

ကွင်းစ်နယ်မြေမှာရှိတဲ့ ဘယ်သူမှ သူသတင်းစာထဲမှာ ရေးဖို့ စိတ်ကူးထားတဲ့ အကြောင်းအရာတွေရဲ့ အပိုင်းအစလေးတစ်ခုကိုတောင် ယုံကြည်ကြမှာ မဟုတ်ပါဘူး။ ဂျင်မီကတော့ ဒါကို သတင်းစာတိုက်ကတောင် ထုတ်ဝေပေးမှာ မဟုတ်ဘူးဆိုတာ သေချာနေတာပေါ့။ သူ့ရဲ့ အထက်လူကြီးတွေက သူ့ကို အကြောင်းအရာတွေကို လုပ်ကြံရေးသားနေတယ်ဆိုပြီး အပြစ်တင်ကြမှာကိုး။

ဒါက ကင်းစ်နယ်မြေထဲက အရာရာတိုင်းဟာ ဘယ်လောက်အထိ မယုံနိုင်စရာ ကောင်းနေလဲဆိုတာကို ပြသနေတာပါပဲ။

တစ်ပတ်ကြာအောင် လှည့်ပတ်ကြည့်ရှုပြီးတဲ့နောက်မှာတော့၊ သူတို့တွေဟာ ရထားလမ်းစနစ်ကို သုံးပြီး ကွင်းစ်နယ်မြေဆီကို ခရီးပြန်ခဲ့ကြပါတယ်။ သူတို့ ခရီးသွားရတာ နှစ်ရက်တောင် မပြည့်ခင်မှာပဲ ရထားဘူတာရုံဆီ ပြန်ရောက်သွားခဲ့ကြပြီး၊ ဒရာကွန်ဘွန်းတွေနဲ့ နီယိုအော်ကပ်စ်ရဲ့ ဒေသခံတွေက ဆီးကြို နှုတ်ဆက်ခဲ့ကြတာပေါ့။

ဂျင်မီက မိုက်ကယ်ကို သူ့ကုမ္ပဏီရဲ့ အတွင်းပိုင်း လုပ်ဆောင်ချက်တွေအကြောင်း သေသေချာချာ သိခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ညဉ့်တော်တော်လေး နက်နေပြီဖြစ်လို့ ဆီမီးခွက်တွေလည်း လောင်ကျွမ်းနေခဲ့ပြီ ဖြစ်ပေမဲ့ ဂျင်မီကတော့ လုံးဝ အိပ်လို့မရနိုင်ခဲ့ပါဘူး။

သူက ကုတင်ပေါ်ကနေ ထလိုက်ပြီး စားပွဲခုံဆီ လျှောက်သွားကာ... သူ့ရဲ့ စာအုပ်အသေးလေးထဲက လွတ်နေတဲ့ စာမျက်နှာအလွတ်ကို စိုက်ကြည့်ရင်း၊ ရီနေးတားကုမ္ပဏီအပေါ် သူ တွေးမိသမျှ အချက်အလက်တွေကို စုစည်းဖို့ ကြိုးစားနေခဲ့တာပေါ့။

ပထမဆုံးအနေနဲ့ သူ အရင်တုန်းက တွေးထားခဲ့တဲ့ အတွေးတွေက တကယ့်ကို အမှားကြီး မှားခဲ့တာပါပဲ။ သူက ရီနေးတားကို နီယိုအော်ကပ်စ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီအသစ်လေးတစ်ခုပဲလို့ ထင်မှတ်ထားခဲ့တာကိုး။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့... ဒါက သူတို့ရဲ့ နယ်မြေချဲ့ထွင်မှု သက်သက်သာ ဖြစ်ပြီး၊ ကင်းစ်နယ်မြေမှာကတည်းက အခိုင်အမာ အခြေစိုက်ပြီးသား ဖြစ်နေတာ ဖြစ်ပါတယ်။

'အခိုင်အမာ အခြေစိုက်တယ်' ဆိုတဲ့ စကားလုံးကတောင် နည်းနေပါသေးတယ်။ သူတို့က ကင်းစ်နယ်မြေကို စိုးမိုးထားကြတာလို့ ပြောတာက ပိုပြီးတော့ သင့်တော်လိမ့်မယ်။

ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ ထဲက ကုမ္ပဏီတွေဟာ ကွင်းစ်နယ်မြေထဲမှာ နယ်မြေလက်မဝက်လောက် ရဖို့အတွက် အချင်းချင်း ပြိုင်ဆိုင် တိုက်ခိုက်နေကြတဲ့ အချိန်မှာ... ရီနေးတားကုမ္ပဏီကတော့ ဘယ်သူမှ မသိလိုက်ခင်မှာတင် နယ်မြေတစ်ခုလုံးကို မြန်မြန်ဆန်ဆန်ပဲ ထိန်းချုပ်ပစ်လိုက်တာကိုး။

တကယ်လို့ သူက ခန့်မှန်းခြေ တွက်ကြည့်မယ်ဆိုရင်... ရီနေးတားကုမ္ပဏီဟာ သူတို့အားလုံး အခု လက်ရှိ ရပ်တည်နေကြတဲ့ တော်ဝင်တိုက်ကြီးပေါ်မှာရှိတဲ့ နယ်မြေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒါက သမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ ကြီးမားလှတဲ့ နယ်မြေပမာဏကြီး ဖြစ်တာကြောင့်... ဗန်ဒါဘစ် လုပ်ငန်းစုကြီးတောင်မှ သူတို့ရဲ့ အထွတ်အထိပ် ကာလမှာ ဒါမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေါ့... သူတို့မှာ တစ်ကမ္ဘာလုံးမှာ နယ်မြေတွေ ရှိနေနိုင်တာ မှန်ပေမဲ့လည်း၊ တော်ဝင်တိုက်ကြီးပေါ်မှာတော့ ဒီလောက်အထိ ကြီးမားတဲ့ နယ်မြေပမာဏကို မထိန်းချုပ်နိုင်ခဲ့ကြပါဘူး။ ရီနေးတား ပေါ်မလာခင်အထိ ဘယ်ကုမ္ပဏီမှ ဒါကို မလုပ်နိုင်ခဲ့ကြဘူးလေ။

ဒီအချက်တစ်ခုတည်းနဲ့တင်၊ ဂျင်မီအနေနဲ့ ရီနေးတားကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ ထဲမှာ အဆင့် ၂၅၀ အတွင်းကို ရောက်ရှိနေပြီဆိုတာ သေချာပေါက် သိလိုက်ရတာပေါ့။

ပြီးတော့ ဒါက သူတို့ရဲ့ နယ်မြေပမာဏ သက်သက်ပဲ ရှိပါသေးတယ်။ ဂျင်မီက သူတို့ရဲ့ ကြွယ်ဝမှုနဲ့ ဘဏ္ဍာရေး အင်အားကိုပါ ထည့်ပြီး မတွက်ချက်ရသေးဘူးလေ။

ဒါပေမဲ့ ရီနေးတားရဲ့ ကုန်ပစ္စည်းတွေက ကင်းစ်ဘရစ်ချ်မြို့နဲ့ ကင်းစ်နယ်မြေရဲ့ နယ်မြေ ၉၉ ရာခိုင်နှုန်းလောက်မှာ ဘယ်လောက်တောင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေလဲဆိုတာကို မြင်တွေ့ခဲ့ရပြီးတဲ့နောက်မှာတော့... သူတို့တွေဟာ ရွှေဒင်္ဂါးတွေကို ဘီလီယံနဲ့ချီပြီး ရှာဖွေနေကြတာ သေချာသလောက်ပါပဲ။

သူတို့ရဲ့ ထုတ်လုပ်မှုနှုန်းက တကယ့်ကို ကြောက်စရာကောင်းတဲ့ အချက်ဖြစ်တာ မှန်ပေမဲ့လည်း... ဒါက ရီနေးတားရဲ့ တကယ့် စွမ်းအားအစစ်အမှန် မဟုတ်သေးပါဘူး။

အဲဒါကတော့ သူတို့ရဲ့ မြန်ဆန်လှတဲ့ ကုန်ပစ္စည်းပေးပို့မှုစနစ်ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ထန်းတန်း ကုမ္ပဏီကြီး ၅၀၀ ထဲမှာ အချိန်တိုအတွင်း ကုန်ပစ္စည်း အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့အားလုံးရဲ့ အားနည်းချက်ကတော့ ကုန်ပစ္စည်းတွေကို မြင်းရထားတွေ ဒါမှမဟုတ် လှည့်လည်ရောင်းချသူတွေနဲ့ပဲ ပို့ဆောင်နိုင်ကြတဲ့ အချက်ပါပဲ။

သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ကွင်းစ်နယ်မြေတစ်ခုလုံးမှာ ပြန့်နှံ့သွားဖို့အတွက် လနဲ့ချီပြီး အချိန်ပေးရတတ်သလို... တိုက်ကြီးရဲ့ အပြင်ဘက်အထိ ပျံ့နှံ့ဖို့ဆိုရင်တော့ နှစ်နဲ့ချီပြီး အချိန်ယူရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရီနေးတားကုမ္ပဏီကတော့ ရက်ပိုင်း ဒါမှမဟုတ် နာရီပိုင်းလောက်နဲ့တင် လုပ်နိုင်တာကိုး။

သူတို့ရဲ့ ကွန်ကရစ် လမ်းမကြီးတွေနဲ့ မော်တော်ကားတွေကတင် အချမ်းသာဆုံး ကုမ္ပဏီတွေ သုံးနေကြတဲ့ အကောင်းဆုံး မြင်းရထားတွေထက်အများကြီး ပိုပြီး ကောင်းမွန်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကားတွေကလည်း ရထားတွေနဲ့ ရထားလမ်းစနစ်ကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။

တစ်ခေါက်တည်းနဲ့ သူတို့ ပို့ဆောင်နိုင်တဲ့ ကုန်ပစ္စည်း ပမာဏက တကယ့်ကို အံ့ဩစရာ ကောင်းလွန်းလှပါတယ်။

ဥပမာအနေနဲ့ ပြောရရင်... သတ္တုလုပ်ငန်း လုပ်ကိုင်တဲ့ ရိုးရာကုမ္ပဏီတစ်ခုဟာ သံမဏိတစ်တန်ကို တစ်နေရာကနေ တစ်နေရာကို ပို့ဆောင်ဖို့အတွက်... မြင်းရထား အစင်း ၅၀ လောက်ကို ငါးသုတ်ခွဲပြီး ပို့ဆောင်ရမှာ ဖြစ်ပါတယ်။ အားလုံးကို ခြုံကြည့်ရင် အကွာအဝေးပေါ် မတည်ပြီး အနည်းဆုံး ခရီးသွားရက် နှစ်လ ဒါမှမဟုတ် အဲဒီထက်မက ကြာမြင့်မှာ ဖြစ်တာပေါ့။

ဒါက အဲဒီသတ္တုကုမ္ပဏီအနေနဲ့ ဒီကုန်ပစ္စည်းတွေကို လမ်းညွှန်ပြသဖို့အတွက် ကုန်သည်အုပ်စု စောင့်ရှောက်ရေး အဖွဲ့တစ်ခုလုံးကို ငှားရမ်းရမှာ ဖြစ်တာကြောင့်... ငှားရမ်းခအတွက် ပိုက်ဆံအမြောက်အမြား ကုန်ကျမှာ ဖြစ်ပါတယ်။

ပြီးတော့ တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့မယ်ဆိုရင်... အထူးသဖြင့် ပင်လယ်ရေကြောင်း ခရီးတွေမှာ ဖြစ်လေ့ရှိသလိုမျိုး ဆိုရင်တော့... သူတို့ ဘာမှ ပြန်မရဘဲ ပိုက်ဆံတွေ အများကြီး ဆုံးရှုံးသွားမှာကိုး။

ဒါတွေကို နှိုင်းယှဉ်ကြည့်ရင် ရီနေးတားကုမ္ပဏီကတော့ တစ်ရက်တောင် မပြည့်တဲ့ အချိန်အတွင်းမှာတင် ကုန်ကျစရိတ် အနည်းငယ်လေးနဲ့ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ဟာ ကုန်ကျစရိတ် အနည်းငယ်လေးပဲ သုံးရတာကြောင့် အသုံးစရိတ်တွေ သက်သာပြီး ကုန်ပစ္စည်းတွေကို ပိုပြီးတော့ ရောင်းချနိုင်မှာ ဖြစ်တာပေါ့။

ဂျင်မီက သူ့ရဲ့ အတွေးတွေကို စာအုပ်ထဲမှာ ချရေးလိုက်ပြီး၊ ရီနေးတားကုမ္ပဏီရဲ့ အားသာချက် အားလုံးကို တွက်ချက်ကြည့်လိုက်တဲ့ အခါမှာတော့... နောက်ဆုံး ရလဒ်တစ်ခုတည်းကိုပဲ ရရှိခဲ့ပါတယ်... အဲဒါကတော့ ရီနေးတားကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ ထဲမှာ အဆင့် ၁၀၀ အတွင်းကို ရောက်ရှိနေပြီဆိုတာပါပဲ။

သူက ခန့်မှန်းချက်တွေကို တတ်နိုင်သမျှ လျှော့ပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ တကယ်လို့ သူက အမှန်အတိုင်း တွက်ချက်မယ်ဆိုရင်... သူတို့ရဲ့ အဆင့်က ဒီထက်မက ပိုပြီး မြင့်မားနေမှာ သေချာပါတယ်။

ဒါပေမဲ့ အခုလောလောဆယ်တော့၊ သူက ရီနေးတားကုမ္ပဏီရဲ့ အဆင့်က နံပါတ် ၁၀၀ ဖြစ်တယ်ဆိုတာကို ၁၀၀၀ ရာခိုင်နှုန်း စိတ်ချနေတာပေါ့။

ဒါပေမဲ့ တရားဝင် အနေနဲ့ကတော့... သူတို့က ကွင်းစ်နယ်မြေမှာရှိတဲ့ တိုးတက်လာနေတဲ့ ကုမ္ပဏီအသစ်တွေလိုပဲ အဆင့် သတ်မှတ်ချက်ထဲမှာ မပါဝင်သေးပါဘူး။ သူတို့က ထိပ်တန်း အဆင့် ၁၀၀ နေရာနဲ့ ထိုက်တန်ပါတယ်ဆိုတာကို တဖြည်းဖြည်းချင်း သက်သေပြသွားရမှာ ဖြစ်ပါတယ်။

"နောက်ဆုံး ကိစ္စတစ်ခုပဲ ကျန်တော့တယ်..." လို့ ဂျင်မီက သူ့ဘာသာ တိုးတက်လေး ရေရွတ်လိုက်ပါတယ်။ "လုံခြုံရေး ကိစ္စပေါ့"

သူက အန်ဂိုရာမြို့က ဒေသခံတစ်ယောက် ဖြစ်တာကြောင့်၊ ကိုယ်ခံအားနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ အများကြီး ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့မြို့မှာ အတော်ဆုံး မှော်ဆရာတွေနဲ့ စစ်သည်တော်တွေ ရှိကြတာကိုး။ ဒါက မြို့ထဲမှာရှိတဲ့ မှော်မျှော်စင်နဲ့ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့တို့ကြောင့် ဖြစ်ပြီး၊ နှစ်တိုင်းနှစ်တိုင်း တကယ့် ပါရမီရှင်တွေကို မြေတောင်မြှောက်ပေးနေတာ ဖြစ်ပါတယ်။

သူတို့ ကျောင်းပြီးသွားတဲ့ အခါမှာတော့၊ များသောအားဖြင့် ကာကွယ်ရေး လိုအပ်တဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ငန်းတွေက သူတို့ကို လိုက်ပြီး ငှားရမ်းလေ့ ရှိကြပါတယ်။ စစ်သည်တော်တစ်ယောက်က ပါရမီ ပိုရှိလေ... လစာနဲ့ အကျိုးခံစားခွင့်တွေကို ပိုပြီး ကောင်းကောင်း ရရှိလေ ဖြစ်မှာကိုး။ ဒါကြောင့် အချမ်းသာဆုံး ကုမ္ပဏီတွေကပဲ အတော်ဆုံး စစ်သည်တော်တွေကို ငှားရမ်းနိုင်ကြတာ ဖြစ်ပါတယ်။

ခိုင်မာတဲ့ ကုမ္ပဏီအချို့ကတော့ သူတို့ရဲ့ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့ကို မြေတောင်မြှောက်ပေးလေ့ ရှိကြပေမဲ့... သာမန် ကုမ္ပဏီတွေကတော့ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ ဒါမှမဟုတ် မှော်ပညာရှင်အစည်းအရုံး ကနေ စစ်သည်တော်တွေနဲ့ မှော်ဆရာတွေကို ငှားရမ်းပြီး လုံခြုံရေး ယူလေ့ ရှိကြတာပေါ့။

ဒါပေမဲ့ ရီနေးတားကုမ္ပဏီ ကတော့... ဂျင်မီ တွေ့မြင်ခဲ့ရသလောက် သူတို့ရဲ့ ကိုယ်ပိုင် လုံခြုံရေးပုံစံမျိုးကို မြေတောင်မြှောက်ပေးနေတဲ့ အရိပ်အယောင် ရှိပါတယ်။

အဲဒါကတော့ ဒရာကွန်ဘွန်းတွေပဲ ဖြစ်ပါတယ်။

ဂျင်မီက ဒါမျိုး မျိုးနွယ်စုကို တစ်ခါမှ မမြင်ဖူးတာကြောင့် သူတို့ရဲ့ ပင်ကိုယ် ပါရမီကိုတော့ သေချာ မသိပါဘူး။ ဒါပေမဲ့ ကြည့်ရသလောက်တော့ သူတို့က မိုက်ကယ်ရဲ့ သီးသန့် လုံခြုံရေးအဖွဲ့ ဖြစ်ဟန်တူပါတယ်။

ဒါကြောင့် သူက ဒီဒရာကွန်ဘွန်းတွေက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာကို သေသေချာချာ သိဖို့ ဆုံးဖြတ်လိုက်တာပေါ့။

တော်သေးတာက နီယိုအော်ကပ်စ်ထဲမှာ ရီနေးတားနိုင်ငံသားအချို့နဲ့ ဒရာကွန်ဘွန်းတွေကြားထဲမှာ နေ့တိုင်း ကိုယ်ခံပညာရပ်မန္တန် ကျင့်ကြံတဲ့ အလေ့အထ ရှိနေတာပါပဲ။

* * * * * * * * *

စာစဉ်(၁၇)

အခန်း (၁၉၆)

မိုက်ကယ်က မနက်စောစော အိပ်ရာကနိုးတာနဲ့ နီယိုအော်ကပ်စ်ရဲ့ အပြင်ဘက်မှာရှိတဲ့ ကိုယ်ခံပညာရပ်မန္တန် ကျင့်ကြံတဲ့နေရာဆီကို တိုက်ရိုက်ပဲ ပျံသန်းခဲ့ပါတယ်။ သူ လေ့ကျင့်ရေးကွင်းဆီ ဆင်းသက်လိုက်တဲ့အချိန်မှာ မနက်စောစော ထပြီး ချွေးထွက်အောင် အလုပ်လုပ်နေကြတဲ့သူအချို့ကို တွေ့လိုက်ရတာပေါ့။ အဲဒီနေရာမှာတော့ သစ်သား လေ့ကျင့်ရေးလက်နက်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ရှီနာ တစ်ယောက် မနက်စောစော ထလေ့ကျင့်နေတဲ့သူတွေထဲမှာ ပါဝင်နေခဲ့ပြီး သူမရဲ့ မြားတောက်ထဲမှာ မြား ၅ စင်းပဲ ကျန်ရှိတော့တာကိုး။ ကျန်တဲ့မြားတွေကတော့ ပစ်မှတ်ရဲ့ အလယ်တည့်တည့်မှာပဲ အစီအရီ စိုက်ဝင်နေခဲ့ကြတာ ဖြစ်ပြီး၊ သူမက တစ်စင်းမှ လွဲချော်တာ မရှိခဲ့ပါဘူး။ လုံးဝကို အားလုံး အလယ်တည့်တည့်ပါပဲ။

မိုက်ကယ်က သူမရဲ့ ဘေးနားကို လျှောက်သွားပြီး၊ ကိုယ်ပိုင် လေးနဲ့မြား တစ်စုံကို ကောက်ယူလိုက်ပါတယ်။ သူ့မှာ ဒီလက်နက်ကို သုံးပြီး ပစ်ခတ်ခဲ့ဖူးတဲ့ အတွေ့အကြုံက အလွန်ကို အကန့်အသတ် ရှိလှပေမဲ့လည်း... ခေတ်သစ်ကာလက ပရော်ဖက်ရှင်နယ် မြားပစ်သမား အားလုံးရဲ့ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကိုတော့ အပြည့်အစုံ ရရှိထားတာ ဖြစ်ပါတယ်။ ဒါကတော့ နိုဗာရဲ့ ကျေးဇူးကြောင့် ဖြစ်တာပေါ့။

[မင်းရဲ့ ဦးနှောက်ထဲကို တိုက်ရိုက် ဆက်သွယ်ပါတယ်...]

[အလိုလျောက်အစွမ်းပြတဲ့ ပင်ကိုယ်စွမ်းရည်ကို စတင်နေပါတယ်]

ရုတ်တရက်ဆိုသလိုပဲ သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက မတ်သွားခဲ့ပြီး၊ လေးကို ကိုင်ထားတဲ့ အရှိန်ကလည်း တင်းကျပ်သွားကာ... လေတိုက်နှုန်းနဲ့ ပစ်မှတ်ရဲ့ အကွာအဝေးကို တွက်ချက်ပြီး ပစ်မှတ်ရဲ့ အလယ်တည့်တည့်ဆီကို သူ့ရဲ့ မျက်လုံးက အာရုံစိုက်လိုက်တာပေါ့...

မြားက ပစ်မှတ်ရဲ့ အလယ်တည့်တည့်ဆီကို စိုက်ဝင်သွားခဲ့ပါတယ်။ ရှီနာက မိုက်ကယ်အတွက် လက်ခုပ်တီးပေးပြီး တကယ့်ကို ကောင်းမွန်တဲ့ ပစ်ခတ်မှုတစ်ခု ဖြစ်တယ်ဆိုပြီး ချီးကျူးခဲ့တာပေါ့။ ဒါပေမဲ့... အဲဒီနောက်မှာတော့ သူမက မြား ၅ စင်းကို တစ်ပြိုင်တည်း ဆက်တိုက် ပစ်ခတ်လိုက်တာကြောင့်... အဲဒီမြားတွေက မိုက်ကယ်ရဲ့ မြားကို အလယ်ကနေ ဖောက်ထွက်သွားခဲ့ပြီး အပိုင်းအစ တစ်ထောင်လောက်အထိ ကွဲကြေသွားစေခဲ့ရတာပေါ့။

ရှီနာက မိုက်ကယ်ကို ကြည့်ပြီး ပြုံးစိစိ အမူအရာလေး လုပ်ပြလိုက်ပါတယ်။

"အဟမ်း... ကျွန်မက ကျွန်မရဲ့ အလုပ်ကို မြဲအောင် လုပ်နေရုံတင်ပါ၊ သခင်"

သူမ သိထားတာက မိုက်ကယ်ဟာ ဘယ်သူ့အကူအညီမှ မပါဘဲနဲ့တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ဘေးနားမှာ ဒရာကွန်ဘွန်းတွေလိုမျိုး ကာကွယ်ပေးမယ့်သူတွေ ရှိနေတာက ပိုပြီးတော့ ဘေးကင်းနိုင်တာကိုး။

မိုက်ကယ်က ပုခုံးတွန့်ပြလိုက်ပြီး လက်လျှော့လိုက်ပါတယ်။ သူ့မှာ တိုက်ခိုက်ရေး အရည်အချင်းတွေကို အပြီးသတ် သင်ယူချင်တဲ့ အလိုဆန္ဒမျိုး မရှိတာကြောင့် ဒါတွေကို ပညာရှင်တွေဆီမှာပဲ လွှဲထားဖို့ ဆုံးဖြတ်လိုက်တာပေါ့။

အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ၊ လေ့ကျင့်ရေးကွင်းထဲမှာ လူတွေ ပိုပြီးတော့ စုစည်းရောက်ရှိလာကြပါတယ်။ ယူနာ က သူမရဲ့ ဓားမြှောင်အပါးလေးနဲ့အတူ ပေါ့ပါးတဲ့ ကိုယ်ဟန်အနေအထားအချို့ကို လုပ်ဆောင်နေခဲ့တာကြောင့် သူမဘက်ကို လှည့်ကြည့်မိတဲ့သူတိုင်းကို အံ့ဩမှင်သက်သွားစေခဲ့တာပေါ့။

ဒါပေမဲ့ မိုက်ကယ်လိုပဲ သူမကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အပြည့်အဝ ရှိနေပါသော်လည်း၊ ဒါတွေကို အက်ဂ်နက်စ် နဲ့ သူမရဲ့ အစောင့်တွေဆီမှာပဲ လွှဲထားချင်တာ ဖြစ်ပါတယ်။ အဲဒီလိုမှသာ သူမက သံတမန်တစ်ယောက်အနေနဲ့ သူမရဲ့ အလုပ်အပေါ်မှာပဲ အာရုံစိုက်နိုင်မှာကိုး။

ကျန်တဲ့ ဒရာကွန်ဘွန်းတွေလည်း နောက်ဆုံးမှာ ရောက်ရှိလာခဲ့ကြပြီး၊ နောက်ဆုံးမှ ရောက်လာတဲ့သူကတော့ ဂျာကူ ပဲ ဖြစ်ပါတယ်။ သူက နေမင်းကြီးက အထွတ်အထိပ် နေရာကို ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်ပေမဲ့ အခုထိ သမ်းဝေနေတုန်းပါပဲ။

မိုက်ကယ်ကတော့ ထုံးစံအတိုင်းပဲ ယူနာ၊ ဖတ်ချ် တို့နဲ့အတူ ဘေးနားက ခုံတန်းလျားပေါ်မှာ ထိုင်နေခဲ့တာပေါ့။ သူတို့တွေဟာ သူတို့ရဲ့ အရင်ဘဝအကြောင်းတွေကို ပြန်ပြောင်းပြောဆိုရင်း၊ အဲဒီကမ္ဘာရဲ့ အချို့သောအရာတွေကို ဘယ်လောက်တောင် လွမ်းဆန်းနေမိလဲဆိုတာကို ပြောဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။

"နင် ငါ့ကို ရေခဲမုန့်တစ်ခု အကြွေးတင်နေတုန်းပဲနော်" လို့ ယူနာက ဆိုပါတယ်။

"ငါလည်း ပေးဖို့ ကြိုးစားနေတာပါပဲ" လို့ သူက သူမကို စိတ်ကျေနပ်အောင် ပြန်ပြောလိုက်တယ်။

"ငါ အခုထိ ဗနီလာကို ရှာမတွေ့သေးလို့ပါ။ ဒါနဲ့... နင် ကွင်းစ်နယ်မြေထဲမှာ အဲဒါကို ဘယ်နေရာကနေ ဝယ်လို့ရလဲဆိုတာ သိလား"

ယူနာက သူ့ကို စနောက်တဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်တာပေါ့။

"ဒါက ငါတို့ရဲ့ သဘောတူညီချက် မဟုတ်ဘူးလေ၊ လူကြီးမင်း။ ငါက နင့်ကို စီးပွားရေး တိုးတက်ဖို့အတွက် လမ်းညွှန်ပေးရမယ်၊ နင်က ငါ့ကို ရေခဲမုန့် ပေးရမယ်၊ အဲဒီကြားမှာ ကျော်လို့မရတဲ့ စည်းတစ်ခု ရှိတယ်လေ"

ခဏလောက် ငြိမ်သွားပြီးတဲ့နောက်မှာတော့၊ ယူနာက မိုက်ကယ်ဘက်ကို ပြန်လှည့်လာခဲ့ပါတယ်။

"ဒါနဲ့ စကားမစပ်... နင်က ကိုယ်ခံပညာရပ်မန္တန်တွေ အများကြီးရှိတဲ့ နေရာမျိုး လိုအပ်တယ်လို့ ငါ့ကို ပြောခဲ့ဖူးတယ် မဟုတ်လား။ ဂျင်မီနဲ့ စကားပြောပြီးတဲ့နောက်မှာ အန်ဂိုရာမြို့မှာ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ ရှိတယ်ဆိုတာကို ငါ သတိရသွားတယ်။ ငါ အဲဒီမှာရှိတဲ့ အဆင့်မြင့် စစ်သည်တော်အချို့ကို သိတာမို့လို့ သူတို့ရဲ့ မန္တန်စာချုပ်တွေကို နင် ကြည့်ရှုခွင့်ရအောင် ငါ ကူညီပေးလို့ ရနိုင်တယ်"

မိုက်ကယ်က ဒါကို ကြားလိုက်ရတဲ့အခါ တကယ့်ကို ဝမ်းသာသွားခဲ့ရတာပေါ့။ သူက ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့အကြောင်းကို သေသေချာချာ မသိတာကြောင့် တကယ်လို့ သူတို့နဲ့ သွားပြီး စကားပြောရင် သူတို့ရဲ့ တံခါးတွေကို ဖွင့်ပေးလာအောင် လုပ်ဖို့အတွက် တော်တော်လေး အခက်တွေ့ရမှာကိုး။

ဒါပေမဲ့ တော်သေးတာက သူ့မှာ သံတမန် သူငယ်ချင်းတစ်ယောက် ရှိနေလို့ပါပဲ။

"ငါ့မှာ အဲဒီမှာရှိတဲ့ မှော်မျှော်စင်နဲ့လည်း ဆက်သွယ်မှုအချို့ ရှိသေးတယ်။ နင် ငါ့အကူအညီ လိုဦးမလား"

မိုက်ကယ်က ခေါင်းခါပြလိုက်ပါတယ်။ "ဆီဘက်စတီယန်က ငါ့ကို သူတို့ရဲ့ မျှော်စင်သခင်နဲ့ မိတ်ဆက်ပေးထားပြီးသားပါ"

"ဆန်းကြယ်တဲ့ မှော်ပညာရပ်တွေမှာ ပါရမီရှင်တစ်ယောက် ဖြစ်ရတာ တကယ်ကို ကောင်းတာပဲနော်" လို့ ယူနာက ဆိုပါတယ်။

"နင်ကလည်း ပြောရသေးတယ်၊ ကောင်းကင်ဘုံစစ်သည်တော် အလုပ်သင် မိန်းကလေး"

ယူနာက မသွားခင် သူ့ကို လျှာထုတ်ပြောင်ပြပြီး၊ အက်ဂ်နက်စ်နဲ့အတူ သွားရောက် လေ့ကျင့်ဖို့အတွက် ထွက်ခွာသွားခဲ့တာပေါ့။

မိုက်ကယ်က နေရောင်အောက်မှာ ဆက်ပြီး လဲလျောင်းနေဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ... ကြီးမားလှတဲ့ အရိပ်ကြီးတစ်ခုက သူ့ရဲ့ မျက်လုံးတွေကို ဖုံးကွယ်သွားခဲ့ပြီး မြင်ကွင်းကို ပိတ်ဆို့လိုက်တာကို ခံလိုက်ရပါတယ်။ သူက မော့ကြည့်လိုက်တဲ့အခါ၊ အော့ခ်တွေက ရိုရိုသေသေ မျက်နှာပေးတွေနဲ့ သူ့ရဲ့ အနားကို လျှောက်လာတာကို မြင်တွေ့လိုက်ရတာပေါ့။

"ဟို... လူသား ဆရာ။ ကျွန်တော်တို့လည်း ဒီတိုက်ခိုက်မှုထဲမှာ ပါဝင်ချင်လို့ပါ ခင်ဗျာ။ ဆရာ ဘာတွေပဲ ပြင်ဆင်နေပါစေ... ကျွန်တော်တို့က ဆရာ့ကို ကာကွယ်ဖို့အတွက် အသင့်ရှိနေပါတယ်"

သူ့ရဲ့ အရှေ့မှာတော့ အော့ခ် ၁၆ ကောင်လောက် ရှိနေခဲ့ပြီး... သူတို့က လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုနဲ့ ဝံပုလွေအော့ခ် မျိုးနွယ်စုကြားထဲမှာ ညီတူညီမျှ ပါဝင်နေကြတာ ဖြစ်ပါတယ်။

မိုက်ကယ်က ပထမဆုံး သူပုန်နှစ်ကောင်ကို စည်းရုံးပြီးတဲ့နောက်၊ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေကို တခြားမျိုးနွယ်စုအပေါ် ထားရှိတဲ့ ရန်ငြိုးတွေကို စွန့်လွှတ်ဖို့အတွက် ထပ်ပြီး စည်းရုံးခိုင်းခဲ့တယ်။ ဒါကြောင့် ဒီတော်လှန်ရေးအတွက် အင်အားက တဖြည်းဖြည်းချင်း ပိုပြီး ကြီးမားလာခဲ့တာ ဖြစ်ပါတယ်။

ဘယ်လို တော်လှန်ရေးလဲလို့ မေးရင်တော့၊ အော့ခ်တွေကို သူတို့ရဲ့ မျိုးနွယ်စု ခေါင်းဆောင်တွေရဲ့ စကားကို နားမထောင်ဘဲ၊ မျိုးနွယ်စု နှစ်ခုကြားထဲမှာ စည်းလုံးညီညွတ်မှု ရရှိစေဖို့အတွက် တိတ်တဆိတ် လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုကြီးပဲ ဖြစ်တာပေါ့။

သူတို့ရဲ့ အင်အားက ရက်ပိုင်းအတွင်းမှာတင် တဖြည်းဖြည်းချင်း ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေါ့၊ မိုက်ကယ်အနေနဲ့ ဂုဏ်ထူးဆောင် ရီနေးတားနိုင်ငံသားတစ်ယောက် ဖြစ်လာခြင်းရဲ့ အကျိုးကျေးဇူးတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု မရှိပါဘူးလို့တော့ ငြင်းဆိုလို့ မရပါဘူး။

ဒါပေမဲ့ အော့ခ်တွေက သူတို့ရဲ့ လက်ထဲမှာ ချောကလတ်တုံးလေးတွေ ရှိနေတဲ့အချိန်မှာ အတူတူ အလုပ်လုပ်ဖို့ ပိုပြီးတော့ လိုလားနေကြတာကတော့ ရှင်းလင်းနေတာပေါ့။

"မင်းတို့က ငါတို့ရဲ့ ကိုယ်ခံပညာရပ်မန္တန် လေ့ကျင့်မှုထဲမှာ ပါဝင်ချင်တာလား"

ကြည့်ရတာ အော့ခ်တွေက အတွေးတစ်ခု လွဲမှားနေကြတဲ့ ပုံစံမျိုးပါပဲ။ သူတို့က မိုက်ကယ်က စစ်ပွဲတစ်ခုခုကို ဆင်နွှဲဖို့ ပြင်ဆင်နေတာလို့ ထင်မှတ်နေကြတာ ဖြစ်ပြီး၊ အထူးသဖြင့် နီယိုအော်ကပ်စ် တစ်ခုလုံးမှာ လေ့ကျင့်မှုတွေ လုပ်ဆောင်နေတာကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ့် အမှန်တရားကတော့၊ မိုက်ကယ်က ဒရာကွန်ဘွန်းတွေကို နေ့ရက်တွေအတွင်းမှာ အလုပ်တစ်ခုခု လုပ်စေချင်ရုံ သက်သက်သာ ဖြစ်ပါတယ်။ သူတို့က တခြားရီနေးတား နိုင်ငံသားတွေ အလုပ်တွေကို ကြိုးကြိုးစားစား လုပ်နေတာကို မြင်တွေ့ရတဲ့အခါ၊ သူတို့ရဲ့ အရည်အချင်းတွေက ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ မကိုက်ညီတာကြောင့် ဘာမှမလုပ်ဘဲ နေနေရတာကို စိတ်ဓာတ်ကျနေကြလို့ ဖြစ်ပါတယ်။

"ကောင်းပြီလေ... မင်းတို့က လေ့ကျင့်မှုထဲမှာ ပါဝင်ချင်တယ်ဆိုရင်တော့ ငါ မတားပါဘူး"

အော့ခ်တွေက မိုက်ကယ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကျေးဇူးတင်တဲ့အနေနဲ့ သူတို့ရဲ့ ပေါင်တွေကို ရိုက်လိုက်ကြပြီး တုန်ခါသံတွေကို ထုတ်လွှတ်လိုက်ကြတာပေါ့။ အဲဒီနောက် သူတို့တွေက ဒီနေ့အတွက် ဒရာကွန်ဘွန်းတွေကို လေ့ကျင့်ရေး အစီအစဉ်တွေ ညွှန်ကြားပေးနေတဲ့ အက်ဂ်နက်စ် ဆီကို အပြေးအလွှား လျှောက်သွားခဲ့ကြပါတယ်။

မိုက်ကယ်က အော့ခ်တွေ အက်ဂ်နက်စ်ရဲ့ အနားကို လျှောက်သွားတာကို စောင့်ကြည့်နေခဲ့တယ်။ အက်ဂ်နက်စ်ကလည်း ခဏလောက် ရပ်နားလိုက်ကာ သူတို့ရဲ့ လက်ရှိ ကြံ့ခိုင်မှု အဆင့်အတန်းကို သေသေချာချာ စစ်ဆေးကြည့်လိုက်တာပေါ့။ သူမက ကျေနပ်တဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး၊ သူတို့နဲ့ သင့်တော်မယ့် လေ့ကျင့်ရေး ဖော်တွေကို အသီးသီး ခွဲဝေပေးလိုက်ပါတယ်။

သူက အော့ခ်တွေ ဘယ်လိုမျိုး တိုက်ခိုက်မလဲဆိုတဲ့ အချက်ကို တော်တော်လေး စိတ်ဝင်စားနေမိတာပေါ့။ အထူးသဖြင့် မျိုးနွယ်စု နှစ်ခုကြားထဲက ကွဲပြားခြားနားတဲ့ တိုက်ခိုက်ရေး ပုံစံတွေကိုပါပဲ။

ပြီးတော့ အံ့ဩစရာကောင်းတာက၊ အော့ခ်တွေကို မောင့်ဂိုမာရီ အစောင့်အရှောက်တွေထဲက တကယ့် ထိပ်တန်း အဖွဲ့ဝင်တစ်ယောက်နဲ့ ယှဉ်ပြိုင်ဖို့ တွဲပေးလိုက်တာပါပဲ။ အဲဒီအချိန်ကျမှပဲ မိုက်ကယ်က အော့ခ်တွေဆိုတာ မူလကတည်းက သူတို့ရဲ့ ထူးဆန်းတဲ့ အလေ့အထကျင့်စဉ်တွေကြောင့်တင် နာမည်ကြီးတာ မဟုတ်ဘဲ၊ စစ်မြေပြင်ပေါ်က သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်း ဂုဏ်သိက္ခာတွေကြောင့်ပါ နာမည်ကျော်ကြားလှတဲ့ မျိုးနွယ်စု ဖြစ်တယ်ဆိုတာကို ရုတ်တရက် သတိရသွားပါတော့တယ်။

* * * * * * * * *

All Chapters