← Chapters

အခန်း (၁၉၃၁-၁၉၃၂)

Vol. 194 Ch. 1931-1932

အခန်း (၁၉၃၁-၁၉၃၂)

Vol. 194 Ch. 1931-1932

အခန်း (၁၉၃၁) - ရှေးဦးမိစ္ဆာ

“မပြီးသေးဘူး ဟုတ်လား”

ထိုစကားကို ကြားလိုက်ရချိန်တွင် လူအုပ်ကြီး၏ စိတ်ထဲ၌ တုန်လှုပ်ချောက်ချားသွားကြသည်။ ယခုမျက်မှောက်တွင် မြင်တွေ့နေရသည့် သန်းနှင့်ချီသော လူသားနှင့် နတ်ဆိုးမျိုးနွယ် ကျင့်ကြံသူများသည် နယ်မြေကိုးခု၏ အထက်တန်းလွှာ အင်အားစု အများစုကို လွှမ်းခြုံထားပြီးဖြစ်သည် မဟုတ်ပါလား။

သို့ဆိုလျှင် မိမိတို့ မသိလိုက်ဘဲ နယ်မြေကိုးခုသည် ကျန်းရန်သူတော်စင်တို့၏ လက်အောက်သို့ လုံးဝ ကျရောက်ကာ အစားထိုးခြင်း ခံလိုက်ရပြီလော။

သန်းနှင့်ချီသော ကျင့်ကြံသူများသည် ရွှေရောင်အလင်းတန်းကို ချိုးဖျက်ရန် တညီတညွတ်တည်း အင်အားသုံးနေကြပြီး ရွှေရောင်အလင်းမှာလည်း ထိုတိုက်ခိုက်မှုများကြောင့် လှိုင်းလုံးများသဖွယ် တုန်ခါနေတော့သည်။ အထူးသဖြင့် ကျန်းရန်သူတော်စင်တို့၏ လက်ဝါးများ ထိကပ်ထားသည့် နေရာများတွင် ရွှေရောင်အလင်းမှာ မှောင်မိုက်သော အခိုးအငွေ့များ၏ ဝါးမြိုတိုက်စားခြင်းကို အကြီးအကျယ် ခံနေရသည်။

အကာအကွယ်အတွင်းရှိ ကျင့်ကြံသူများ၏ ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွားကြသည်။ နတ်ဆိုးမျိုးနွယ် ပထမဧကရာဇ်၏ ဓာတ်တော်သည် ဤမျှပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် နှစ်ပေါင်းများစွာ အမှန်တကယ် ခံနိုင်ရည် ရှိပါ့မလား။ အကယ်၍ ရန်သူ့ဘက်မှ နောက်ထပ် ကျင့်ကြံသူ တစ်သန်းခန့်သာ ထပ်တိုးလာမည်ဆိုပါက ဤအလင်းဒိုင်းမှာ တစ်နှစ်ပင် ခံနိုင်ရည်ရှိတော့မည် မဟုတ်ချေ။

ရက်အနည်းငယ် ကြာသောအခါ... ကျန်းရန်သူတော်စင်၏ မျက်နှာမှာ ရုတ်တရက် အမူအရာ ပြောင်းလဲသွားပြီး သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများမှာလည်း ဆူဝေထကြွလာတော့သည်။ သူသည် ချက်ချင်းပင် လက်ကိုရုပ်သိမ်းကာ မိုင်အနည်းငယ်အကွာသို့ ဆုတ်ခွာသွားပြီး တရားထိုင်ကာ အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိနေရသည်။

ကျန်သူတော်စင်များမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ သူတို့အားလုံး တစ်ဦးပြီးတစ်ဦး တိုက်ခိုက်မှုကို ရပ်တန့်ကာ ဆုတ်ခွာသွားကြပြီး ကစဉ့်ကလျား ဖြစ်နေသော အရှိန်အဝါများကို ပြန်လည် ထိန်းချုပ်နေကြရတော့သည်။

“ငရဲမင်း ခန့်မှန်းခဲ့သလိုပဲ... သူတို့တွေက စိတ်တိုင်းကျ တိုက်ခိုက်လို့ မရဘူးပဲ”

“ဒါက လမ်းမှားကို ရွေးချယ်ခဲ့တဲ့ ရလဒ်ပဲလေ။ အစွမ်းထက်တာတော့ ဟုတ်ပါရဲ့၊ ဒါပေမဲ့ ဒီအမှောင်စွမ်းအားတွေရဲ့ နောက်ဆက်တွဲ တုံ့ပြန်မှုကို အချိန်မရွေး ခံရနိုင်တယ်”

“ငါတို့နဲ့တော့ မတူဘူးပေါ့... ငါတို့မှာသာ မသေမျိုးကျောက်တုံး လုံလောက်အောင် ရှိနေရင် အစွမ်း ၇၀၊ ၈၀ ရာခိုင်နှုန်းလောက် သုံးပြီး တိုက်ခိုက်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်မှု အများကြီး ရှိမှာမဟုတ်ဘူး”

ချန်ဖေးဖေး အပါအဝင် အဆင့် ၉ မသေမျိုးများ၏ မျက်လုံးထဲတွင် လှောင်ပြုံးများ ပေါ်လာသည်။ လုဖုန်းရှန်နှင့် ရှီးရှင်းဟိုင်တို့၏ လက်အောက်ခံ မသေမျိုးများမှာလည်း ကျန်းရန်သူတော်စင်တို့၏ အခြေအနေကို ရိပ်မိသွားကြပြီး ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာကြသည်။

ကန့်သက်ချက်ကျော်လွန်ခြင်း တတိယအဆင့် ရှိသော ထိုပုဂ္ဂိုလ်ကြီး ၁၀ ဦးကျော် တိုက်ခိုက်မှု ရပ်တန့်သွားသောအခါ ရွှေရောင်အလင်းတန်းမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာတော့သည်။ အမှောင်အခိုးအငွေ့များ စွဲကပ်နေသော နေရာများသည်လည်း ပြန်လည် ကြည်လင်လာသည့် အရိပ်အယောင်များ ပြသလာသည်။

“ဂူမော့ (ရှေးဦးမိစ္ဆာ)... မင်းက အခုထိ လက်မလှုပ်သေးဘူးလား၊ ဒါမှမဟုတ် ငါတို့ကြားက မဟာမိတ် စာချုပ်ကို ဖျက်ဆီးပစ်ချင်နေတာလား ”

ကျန်းရန်သူတော်စင်က ရုတ်တရက် ဟိန်းဟောက်လိုက်ရာ သူ၏ အသံမှာ ကောင်းကင်ယံတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ပဲ့တင်ထပ်သွားသည်။

ဂူမော့ (ရှေးဦးမိစ္ဆာ)

ရှောက်မုန့်ယွမ်နှင့် မိစ္ဆာမျိုးနွယ်များမှာ အလျင်မြန်ဆုံး တုံ့ပြန်မိကြပြီး မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။

“ရှေးဦးမိစ္ဆာဂိုဏ်း ကလည်း သူတို့နဲ့ ပူးပေါင်းသွားပြီလား ဒါက ဘာကြောင့်လဲ ”

ရှောက်မုန့်ယွမ်က လန်တောက်ချွန်း ကို မသိမသာ လှမ်းကြည့်လိုက်သည်။

“ငါ့ကို ဘာလာကြည့်တာလဲ ရှေးဦးမိစ္ဆာဂိုဏ်းက ဘာလို့ သူတို့နဲ့ ပေါင်းသွားရတာလဲဆိုတာ ငါလည်း သိချင်နေတာပဲ”

လန်တောက်ချွန်း က မျက်စိစောင်းကြည့်ကာ ပြန်ပြောလိုက်သည်။

ကျန်းရန်သူတော်စင်၏ ဟိန်းဟောက်သံအဆုံးတွင် ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့အပြားမှ သာယာနာပျော်ဖွယ် ရယ်မောသံတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းအတွင်းမှ အကာအကွယ် ရယူထားကြသော ကျင့်ကြံသူများသည်ပင် ရုတ်တရက် ခေါင်းထဲတွင် မူးဝေသွားကြသည်။ ကံကောင်းသည်မှာ ထိုမူးဝေမှုမှာ မပြင်းထန်လှဘဲ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရုံဖြင့် သက်သာသွားကြသည်။

သို့သော် အလင်းတန်း၏ အပြင်ဘက်ရှိ ကျင့်ကြံသူများမှာမူ ထိုမျှ ကံမကောင်းကြချေ။ သူတို့သည် အရက်မူးနေသော လူများကဲ့သို့ ယိမ်းထိုးလာကြပြီး အချို့မှာမူ လက်ထဲမှ အတတ်ပညာများမှာ ဘေးနားရှိလူများအပေါ်သို့ပင် မှားယွင်း ကျရောက်ကုန်ကြသည်။ ရွှေရောင်အလင်းကို ဝိုင်းဝန်းတိုက်ခိုက်နေသည့် စစ်ကြောင်းကြီးမှာ ခဏချင်းအတွင်း ပရမ်းပတာ ဖြစ်သွားတော့သည်။

လုဖုန်းရှန်၏ မျက်နှာမှာ တစ်ချက် ပျက်သွားပြီး ဟိုးအဝေးတစ်နေရာမှ ဟင်းလင်းပြင်ကို စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုနေရာတွင် ကြီးမားလှသော ရာဇပလ္လင်ကြီးတစ်ခုနှင့်အတူ ခန့်ညားလှသော စစ်တပ်ကြီးတစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။ ရာဇပလ္လင်ပေါ်တွင် လူဘီလူးကြီး တစ်ဦး ထိုင်နေသည်။

သူ၏ ကိုယ်အထက်ပိုင်းတွင် အဝတ်အစား လုံးဝ မရှိဘဲ သန်မာထွားကြိုင်းလှသော ကြွက်သားကြီးများက လေထဲတွင် ပေါ်လွင်နေသည်။ သူ၏ အသားအရေပေါ်တွင် မည်းနက်သော အရည်များ စီးဆင်းနေပုံရပြီး ထိုအရည်များမှာ သက်ရှိတစ်ခုကဲ့သို့ တစ်ခါတစ်ရံ ကြွတက်လာကာ တစ်ခါတစ်ရံ ပြန်လည် ကျုံ့ဝင်သွားတတ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ ရယ်မောသံကြောင့် စိတ်လွင့်နေကြသော ကျင့်ကြံသူများသည်လည်း သတိပြန်ဝင်လာကြပြီး ထိုလူကို ရန်သူလား မိတ်ဆွေလား မဝေခွဲနိုင်သော အကြည့်များဖြင့် သတိထား ကြည့်နေကြတော့သည်။

“ဂူမော့... မင်းကိုယ်မင်း နည်းနည်း ထိန်းစမ်း။ မဟုတ်ရင် မင်းက ငါတို့ထက် အရင် သေသွားလိမ့်မယ်”

ကျန်းရန်သူတော်စင်၏ မျက်လုံးထဲတွင် စိုးရိမ်တုန်လှုပ်မှု အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားပြီး အေးဆေးစွာ ပြောလိုက်သည်။

“မင်းတို့ရဲ့ နည်းလမ်းတွေက ဒီလောက်အထိ အားနည်းနေတာ မြင်ရတော့ ငါက မရယ်ဘဲ မနေနိုင်လို့ပါ”

ထိုလူဘီလူးကြီး၏ အသံမှာ ထူးဆန်းစွာပင် နူးညံ့ပျော့ပျောင်းနေပြီး လှပချိုသာသော အမျိုးသမီး အသံနှင့် ဆင်တူနေသည်။ အကယ်၍ သူ၏ ရုပ်သွင်ကို မမြင်ရဘဲ အသံကိုသာ ကြားရမည်ဆိုပါက အလွန်လှပသော မိန်းမပျိုတစ်ဦးဟု ထင်မှတ်ရပေလိမ့်မည်။

“ဒါက နတ်ဆိုးမျိုးနွယ် ပထမဧကရာဇ်ရဲ့ ဓာတ်တော်ပဲ။ သူ့ရဲ့ ကျင့်ကြံမှု အဆင့်အတန်းက ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ် ထဲမှာတောင် အားနည်းတဲ့သူ မဟုတ်ဘူး။ မင်းသာ ဒီဓာတ်တော်ရဲ့ အလင်းကို ချိုးဖျက်နိုင်ရင် ငါတို့ကို လှောင်ပြောင်ဖို့ မနှောင်းသေးပါဘူး”

ကျန်းရန်သူတော်စင်က အေးစက်စွာ ဆိုသည်။

ဂူမော့သည် ရွှေရောင်အလင်းတန်းနှင့် အထဲတွင် ရှိနေသော လူအုပ်ကြီးကို လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ ဟင်းလင်းပြင်အထပ်ထပ်ကို ဖောက်ထွက်ပြီး ယန်နတ်ဘုရား နှစ်ဦးဖြစ်သော ယွမ်ဟယ်နှင့် ဖန့်ကျန့်ထျန်းတို့အပေါ်သို့ ကျရောက်သွားသည်။

“ဒါက ရှေးဦးမိစ္ဆာဂိုဏ်းက ဂူမော့ပဲ။ ငါကတော့ သူ သေသွားပြီလို့ ထင်ထားတာ၊ အခုထိ အသက်ရှင်နေတုန်းပဲကိုး။ သူက ကျန်းရန်သူတော်စင်တို့ထက်တောင် အရင် လမ်းမှားပေါ် ရောက်နေခဲ့တာ၊ သူ့ရဲ့ ကျင့်ကြံမှုက သူတို့ထက် ပိုအစွမ်းထက်လိမ့်မယ်”

ဝမ်ချုံစန်း ၏ အသံမှာ ဖန့်ချန်၏ နားထဲသို့ ရုတ်တရက် တိုးဝင်လာသည်။

ရှေးဦးမိစ္ဆာဂိုဏ်း

ဖန့်ချန်၏ စိတ်ထဲတွင် တစ်ခုခုကို သတိရသွားသည်။ တစ်ချိန်က သူတွေ့ခဲ့ဖူးသော ချိရှမော်ကျွင်း မှာ ရှေးဦးမိစ္ဆာဂိုဏ်းမှ ဖြစ်သည်။ ဝမ်ချုံစန်းသည် ရှေးဦးမိစ္ဆာဂိုဏ်းနှင့် အမြဲတမ်း ပြိုင်ဆိုင်နေခဲ့သည်ကိုလည်း နောက်ပိုင်းမှ သူ သိခဲ့ရခြင်းဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာအတွင်း နယ်မြေကိုးခု၌ ရှေးဦးမိစ္ဆာဂိုဏ်း၏ လှုပ်ရှားမှုမှာ မသိသာလှသဖြင့် သူနှင့် တိုက်ရိုက် မထိတွေ့ခဲ့ဖူးချေ။

“ကျန်းရန်သူတော်စင်တို့ထက်တောင် သန်မာတယ် ဟုတ်လား သူတော်စင် တစ်ပိုင်း အဆင့် စွမ်းအားတွေ ရှိနေတုန်းများလား ”

ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားသည်။ ထို့ပြင် ဤ ဂူမော့ ၏ ရုပ်သွင်မှာလည်း တစ်နေရာရာတွင် မြင်ဖူးသလိုလို ရှိနေသဖြင့် မင်ရွှီ ခေတ်ကာလများတွင် တွေ့ခဲ့ဖူးခြင်းလားဟု တွေးမိနေသည်။

ထိုအချိန်တွင် ဂူမော့၏ အကြည့်မှာ ယွမ်ဟယ်တို့ထံမှ ရှောက်မုန့်ယွမ် ဆီသို့ ပြောင်းလဲသွားသည်။

“စစ်သူကြီးလေး”

“မှားနေပြီ... အခု ငါက စစ်သူကြီးအကြီးကဲ ဖြစ်နေပြီ”

ရှောက်မုန့်ယွမ်က ပြုံးလျက် သူ၏ လက်ထဲမှ ရှန်ပိဓား ကို မြှောက်ပြလိုက်သည်။

“ဂူမော့ စီနီယာကြီး... ရှန်ပိဓားကို မမြင်ဖူးဘူးလား”

“ရှန်ပိဓားက တကယ့် ရတနာကောင်း တစ်ခုပဲ”

ဂူမော့က ရှန်ပိဓားကို လောဘတကြီး ကြည့်ကာ ပြောလိုက်သည်။

“အကယ်၍ ငါ့ရဲ့ ဘိုးဘေးသာ အဲဒီတုန်းက ဒီဓားကို ရခဲ့မယ်ဆိုရင်၊ မင်းရဲ့ ဘိုးဘေးတွေ သိမ်းပိုက်သွားတာမျိုး မရှိခဲ့ရင်၊ ငါ့မျိုးနွယ်ရဲ့ အခြေအနေက ဒီနေ့လိုမျိုး သိက္ခာကျစရာ ဖြစ်နေမှာ မဟုတ်ဘူး။”

“စကားအပိုတွေ ပြောမနေနဲ့တော့... မင်းက တကယ်ပဲ သူတို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာလား သူတို့က ဟင်းလင်ပြင် အဆင့်မြင့် မဟာမိတ် လက်အောက်ကို ပြန်သွားချင်လို့ လုပ်နေတာ၊ မင်းကရော ”

ရှောက်မုန့်ယွမ်က တည်ငြိမ်စွာ ဆိုသည်

“မင်းတို့ ရှေးဦးမိစ္ဆာဂိုဏ်းလည်း ငါတို့လိုပဲ၊ ဟင်းလင်ပြင် အဆင့်မြင့် မဟာမိတ် ဆီ ပြန်သွားတာက အကျိုးယုတ်ဖို့ပဲ ရှိတယ်၊ ကောင်းကွက် တစ်ခုမှ မရှိဘူး။”

“အဲဒါကတော့ အတိအကျ ပြောလို့မရဘူးလေ”

ဂူမော့က ပြုံးလျက် ဆိုသည်

“ငါ့ရဲ့ အခု အခြေအနေကို ကြည့်စမ်း။ ဒီအတိုင်း ဆက်သွားရင် ငါ့ရဲ့ အတွင်းနယ်မြေ က ငါ့ကို ပြန်ပြီး ဝါးမြိုသွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူတော့၊ ဟိုဘက်ကို ပြန်သွားပြီး သူများရဲ့ ကျွန်၊ သူများရဲ့ အစေခံ လုပ်ပြီးတော့ပဲဖြစ်ဖြစ် အသက်ရှင်လမ်း ရှာရမှာပဲ။”

ရှောက်မုန့်ယွမ်၏ မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး ဘေးရှိ မိစ္ဆာကျင့်ကြံသူများသည်လည်း လေးနက်သော မျက်နှာထားဖြင့် ဂူမော့ကို စူးစိုက်ကြည့်လိုက်ကြသည်။

“မင်းက ကိုယ့်ကိုယ်ကိုယ် ကျွန်လုပ်ဖို့အထိ စိတ်ကူးနေတာလား ”

ရှောက်မုန့်ယွမ်က ဒေါသတကြီး ရယ်မောလိုက်သည်။

“မင်းရဲ့ ဘိုးဘေးသာ ဒါကို သိရင် ဒီလို သွေးမျိုးဆက်ကို ချန်ထားခဲ့မိတာ နောင်တရလိမ့်မယ် ”

“ငါ့ရဲ့ ဘိုးဘေး ဟုတ်လား”

ဂူမော့က တခစ်ခစ် ရယ်မောလိုက်ရာ ထိုနူးညံ့သော အသံမှာ ကြားရသူတိုင်းကို ကြက်သီးထစေသည်။ သူ၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီး

“အခုမှ ငါ့အိမ်က ဘိုးဘေးကို သတိရနေကြတာလား အဲဒီတုန်းက ငါ့ဘိုးဘေးဟာ ဆင်းရဲဒုက္ခပေါင်းစုံ ခံပြီး ဒီနေရာကို ရောက်လာခဲ့တယ်၊ လောကသုံးပါးကို ဖောက်ထွင်းခဲ့တယ်၊ နောက်ဆုံးတော့ သူ့အသက်ကိုတောင် စတေးခဲ့ရတယ်။ အဲဒီအချိန်မှာ မင်းတို့က ငါ့မျိုးနွယ်စုအပေါ် ဘယ်လို ဆက်ဆံခဲ့ကြသလဲ ”

လူအုပ်ကြီး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြသည်။

တစ်ချိန်က နယ်မြေကိုးခုသို့ ကျူးကျော်ဝင်ရောက်ခဲ့သော စစ်မှန်သော မိစ္ဆာ အနည်းငယ်ထဲတွင် ဤ ဂူမော့ ၏ ဘိုးဘေး ပါဝင်နေခြင်းလော။

“ဝမ်အိုကြီး... ဒီလူရဲ့ ဘိုးဘေးက ဘယ်သူလဲ”

ဖန့်ချန်က အသံလှိုင်းဖြင့် မေးလိုက်သည်။

“သူ့ဘိုးဘေး နာမည်က တိုက်ချုံလုံ လို့ ခေါ်တယ်။ သူတို့မျိုးနွယ်ထဲမှာ အတော်ဆုံး တစ်ယောက်ပဲ။ ကံကောင်းတာက သူ စောစော သေသွားလို့၊ မဟုတ်ရင် ငါတို့ ဒုက္ခ ပိုများလိမ့်မယ်”

ဝမ်ချုံစုန်းက ပြန်ပြောသည်။

တိုက်ချုံလုံ

ဖန့်ချန် သတိရသွားသည်။ သူတော်စင်မျှော်စင်တိုက်ပွဲ ပြီးဆုံးချိန်တွင် မိမိထက် ကျင့်ကြံမှုအဆင့် တစ်ဆင့် နိမ့်သော်လည်း တစ်ဆင့်တူတွင် ပထမရခဲ့သည့် ကျင့်ကြံသူ တစ်ဦးမှာ ဆုလာဘ်များကို မိမိနှင့် လာရောက် လုယူခဲ့ဖူးသည်။

ထို နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူ၏ နာမည်မှာ တိုက်ချုံလုံ ပင် ဖြစ်သည်။

“သူလား”

ဖန့်ချန်၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာတော့သည်။

အခန်း (၁၉၃၂) - မိစ္ဆာဂိုဏ်း၏ အကာအကွယ်ဖျက်တေး

ရှောက်မုန့်ယွမ်သည် သမိုင်းကြောင်း နောက်ကွယ်မှ အမှန်တရားအချို့ကို သိရှိထားပုံရသဖြင့် ဂူမော့၏ စကားများကို ခဏတာ ပြန်မပြောနိုင်ဘဲ ဖြစ်နေသည်။

ဂူမော့က ရုတ်တရက် တခစ်ခစ် ရယ်မောလိုက်ပြီး

“မင်းက ဘာလို့ ဒီလောက်တောင် အတည်ကြီး လုပ်နေတာလဲ အဲဒီကိစ္စတွေကို ငါ စိတ်ထဲမထားတာ ကြာပါပြီ။ အဲဒီတုန်းက ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေက လမ်းဘေးက ကြွက်တစ်ကောင်လို လူတိုင်းက ရွံရှာနှိမ်ချပြီး ဝိုင်းရိုက်ကြတဲ့အထိ ခက်ခဲခဲ့တာတောင် ငါ ခုထိ တောင့်ခံနိုင်ခဲ့တာပဲ မဟုတ်လား”

သူက ခဏမျှ ရပ်တန့်လိုက်ပြီးမှ

“ဒါ့အပြင် ဒီလို ကြပ်တည်းတဲ့ ပတ်ဝန်းကျင်ထဲမှာပဲ ငါ့ရဲ့ ကိုယ်ပိုင် အတွင်းနယ်မြေကိုလည်း အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့တယ်လေ”

“အတွင်းနယ်မြေ ဆိုတာက တကယ်တော့ ဘာကြီးလဲ”

ချန်အင်းရွှယ်သည် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ရှဲ့အာမန်တို့ဘက်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများ ဝင်းလက်သွားပြီး ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ဖန့်ချန်၏ ဘေးနားသို့ ရောက်ရှိသွားတော့သည်။

“ဖယ်စမ်း”

မော်ထျန်းတီကျန့်၏ မျက်လုံးများ စူးရှသွားသည်။

“ငရဲကြင်ယာတော် ရာထူးရရချင်းပဲ အရှိန်အဝါ ပြချင်နေတာလား ငါ့မောင်လေးဆီ ငါလာတာ နင့်နဲ့ ဘာဆိုင်လို့လဲ တကယ်လို့ နင် မကျေနပ်ရင် အခုပဲ မျက်နှာချင်းဆိုင်လိုက်လေ”

ချန်အင်းရွှယ်က အလျှော့မပေးဘဲ ပြန်အော်လိုက်သည်။ သူမသည် သူမ၏ ရှေ့မှ ကောင်းကင်ဘုံလမ်းစဉ် တစ်ပိုင်းအဆင့်ရှိသူကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိချေ။

“ဒါက ကျုပ်ရဲ့ တတိယစီနီယာ အစ်မပါ”

ဖန့်ချန်က မော်ထျန်းတီကျန့်ကို တစ်ချက် လှမ်းကြည့်ကာ ပြောလိုက်သည်။

“ဟွန်း...”

မော်ထျန်းတီကျန့်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ချန်အင်းရွှယ်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်နေသော်လည်း နောက်ထပ် ပြဿနာ ထပ်မရှာတော့ချေ။

မလှမ်းမကမ်းမှ ဖာထျန်းတို့ အဖွဲ့မှာ ဤမြင်ကွင်းကို ကြည့်ရင်း ချန်အင်းရွှယ်ကို စိတ်ထဲမှ ချီးကျူးမိနေကြသည်။ မော်ထျန်းတီကျန့် ပေါ်လာကတည်းက သူတို့မှာ ဆွံ့အသူများသဖွယ် ဘေးတစ်နေရာတွင် ငြိမ်ငြိမ်လေး ပုန်းနေခဲ့ကြပြီး စကားတစ်လုံးပင် မဟရဲကြချေ။ သူတို့၏ စိတ်ထဲတွင် မော်ထျန်းဌာန စီမံအုပ်ချုပ်သူအပေါ် ထားရှိသည့် ကြောက်ရွံ့စိတ်မှာ အမြစ်တွယ်နေဆဲ ဖြစ်သည်။

“ကိုးလေး... သူတို့ ပြောနေတဲ့ အတွင်းနယ်မြေ ဆိုတာက တကယ်တော့ ဘာလဲဟင်”

ချန်အင်းရွှယ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ သူမသည် အသံလှိုင်းဖြင့် လျှို့ဝှက်မမေးဘဲ ဒီအတိုင်းသာ မေးလိုက်ခြင်းမှာ ဖန့်ချန်သာ မသိခဲ့ပါက အခြားသော စီနီယာကြီးများကများ ဖြေကြားပေးမလားဟု မျှော်လင့်ချက်ဖြင့် ဖြစ်သည်။

“ကန့်သတ်ချက် ကျော်လွန်ပြီးတဲ့နောက်မှာ အတွင်းနယ်မြေကို တည်ဆောက်နိုင်ဖို့ အခွင့်အရေး ရလာတာပါ။ ဒီအဆင့်ကို ရောက်သွားရင် အတွင်းနယ်မြေဟာ ပိုင်ရှင်အတွက် မကုန်ခမ်းနိုင်တဲ့ စွမ်းအားတွေကို အမြဲတမ်း ပံ့ပိုးပေးနေတော့တာပဲ”

ဖန့်ချန်သည်လည်း အသံလှိုင်းကို မသုံးဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် ရှင်းပြလိုက်သည်။

စကားအဆုံးတွင် သူသည် ဂူမော့ကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းနက်များထဲ၌ လေးနက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဤသူ၏ အရှိန်အဝါသည် ကျန်းရန်သူတော်စင်တို့နှင့် ဆင်တူနေသည်။ ဆိုလိုသည်မှာ ဤသူသည်လည်း သူတော်စင်ကျမ်းစာ နည်းလမ်းဖြင့် အတွင်းနယ်မြေကို တည်ဆောက်ခဲ့ခြင်း မဟုတ်ပေ။

‘သူတို့ လျှောက်နေတဲ့ လမ်းက သိသိသာသာကို မှားနေတာ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည် တိုက်စားမှုက အရမ်းပြင်းထန်တယ်။ ဒါပေမဲ့ ဒီလူက အတွင်းနယ်မြေကိုတောင် တည်ဆောက်နိုင်ခဲ့တယ်ဆိုရင်... သူ ခံစားရမယ့် ပြန်လည်တိုက်စားမှု ဒဏ်က ကျန်းရန်သူတော်စင်တို့ထက် အဆပေါင်းများစွာ ပိုများလိမ့်မယ်’

ဖန့်ချန်၏ စိတ်ထဲတွင် သံသယတစ်ခု ပေါ်လာသည်။ အကယ်၍ လမ်းစဉ်က လုံးဝ မှားယွင်းနေပါလျက်နှင့် အတွင်းနယ်မြေကို တည်ဆောက်နိုင်ခဲ့သည်ဆိုပါက... ၎င်းမှာ မည်သို့သော အတွင်းနယ်မြေမျိုး ဖြစ်နေမည်နည်း။

ဖန့်ချန်၏ ရှင်းပြချက်ကြောင့် ထိုနေရာရှိ ကျင့်ကြံသူ အများအပြား၏ စိတ်ထဲမှ သံသယများ ပြေပျောက်သွားကြသည်။

“အော်... စီနီယာကြီးတွေ ပြောနေတဲ့ ကန့်သတ်ချက်ကျော်လွန်ခြင်းရဲ့ အထက်မှာ ပိုပြီး အစွမ်းထက်တဲ့ အဆင့်တွေ ရှိသေးတာကိုး...”

“ငါကတော့ အဆင့် ၉ ရဲ့ အထက်မှာ ကောင်းကင်ဘုံလမ်းစဉ်ပဲ ရှိတယ်လို့ ထင်နေတာ...”

“ဒါဆို အခုမြင်နေရတဲ့ ဂူမော့က ကောင်းကင်ဘုံလမ်းစဉ်နဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ သူက အတွင်းနယ်မြေကို တည်ဆောက်နိုင်ခဲ့ပြီဆိုတော့ ကောင်းကင်ဘုံလမ်းစဉ်ကိုတောင် ယှဉ်နိုင်နေပြီလား မသိဘူး”

လေထဲတွင် တိုးတိုးတိတ်တိတ် ရေရွတ်သံများ ပျံ့လွင့်နေသည်။ ဂူမော့က ထိုအချိန်တွင် ဆက်လက် ရယ်မောကာ ပြောလိုက်သည်။

“ဒါကြောင့် ငါ အတွင်းနယ်မြေကို တည်ဆောက်နိုင်ခဲ့တာဟာ မင်းတို့ရဲ့ ကျေးဇူးကြောင့်လို့တောင် ပြောလို့ရတယ်။ မင်းတို့ရဲ့ ကူညီမှု တွေသာ မပါခဲ့ရင် ဒီကနေ့လို အဆင့်မျိုး ရောက်အောင် ငါ့မှာ ဒီလောက်အထိ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်နဲ့ ဇွဲလုံ့လတွေ ရှိလာမှာ မဟုတ်ဘူး”

“ဂူမော့... မင်းရဲ့ လမ်းစဉ်က မူလကတည်းက မှားနေတာ။ မင်းက ဘယ်လောက်ပဲ ပါရမီထူးတဲ့ ပါရမီရှင် ဖြစ်နေပါစေ၊ ဒီလို မှားယွင်းတဲ့ လမ်းပေါ်မှာ အတွင်းနယ်မြေကို တည်ဆောက်ခဲ့ပေမဲ့ မင်းရဲ့ အခြေအနေက လုံးဝကို ပုံမှန်မဟုတ်တော့တာ မင်းကိုယ်မင်း သတိမထားမိဘူးလား”

ရှောက်မုန့်ယွမ်သည် ဂူမော့၏ ကိုယ်ပေါ်မှ စီးကျနေသော အမည်းရောင် အရည်များကို စိုက်ကြည့်ရင်း ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

ဂူမော့ကမူ ထိုအရည်များကို ဂရုမစိုက်ဟန်ဖြင့် အသာအယာ ပွတ်သပ်လိုက်ရာ သူ၏ မျက်လုံးထဲတွင် မြတ်နိုးတွယ်တာသည့် အရိပ်အယောင်များ ပေါ်လာသည်။

“မင်းတို့ မျက်လုံးထဲမှာတော့ ဒါတွေက ပုံမှန်မဟုတ်ဘူးလို့ မြင်လိမ့်မယ်။ ဒါပေမဲ့ ငါ့အတွက်တော့ ဒါတွေဟာ ငါ့ရဲ့ စွမ်းအား အရင်းအမြစ်တွေပဲ။ ပြန်လည်တိုက်စားမှု ဆိုတာက သူတို့ရဲ့ ဆန္ဒကြောင့် မဟုတ်ဘဲ ငါတို့ကိုယ်တိုင်က မသန်မာသေးလို့ပဲ။ အကယ်၍ ငါသာ လုံလောက်အောင် သန်မာမယ်ဆိုရင် သူတို့တွေက သဘာဝအတိုင်းပဲ လိမ္မာလာလိမ့်မယ်”

ခေတ္တမျှ ရပ်တန့်ပြီးနောက် သူသည် ရှောက်မုန့်ယွမ်ကို မော့ကြည့်လိုက်သည်။

“မင်း သူတို့ကို ကြောက်နေတာက မင်းရဲ့ စိတ်ဓာတ်က သိမ်ငယ်လွန်းလို့ပဲ။ တစ်ခါတစ်လေကျရင် အကြောင်းရင်းကို မင်းကိုယ်တိုင်ဆီမှာပဲ ပြန်ရှာကြည့်သင့်တယ်”

လော့ရွှယ်သူတော်စင်သည် ကျန်းရန်သူတော်စင်ကို မသိမသာ လှမ်းကြည့်လိုက်ရာ ကျန်းရန်သူတော်စင်က ဘာမှမပြောဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။

“ရှောက်မုန့်ယွမ်၊ လန်တောက်ချွန်း... မင်းတို့ထဲက တစ်ယောက်က ရှန်ပိတပ်ဖွဲ့ကို ကိုယ်စားပြုတယ်၊ နောက်တစ်ယောက်က သန့်စင်သော မိစ္ဆာသွေးအနွယ် ကို ကိုယ်စားပြုတယ်။ ဒါပေမဲ့ ငါကတော့ မိစ္ဆာမျိုးနွယ်ရဲ့ တကယ့် အစစ်အမှန် အစွမ်းထက်သူတွေကို ကိုယ်စားပြုတာ”

“ငါ့ရဲ့ နောက်လိုက်တွေကို ကြည့်လိုက်စမ်း... သူတို့ထဲမှာ ဘယ်သူက မင်းတို့လို ပျော့ညံ့နေလို့လဲ မင်းတို့က သေလုမြောပါး ဖြစ်နေတဲ့ ဒီနေရာလေးကိုပဲ မျှော်လင့်ချက် ထားနေရုံတင်မကဘဲ ပိုးဟပ်တွေလို နိမ့်ကျတဲ့ လူသားမျိုးနွယ်တွေနဲ့တောင် ပူးပေါင်းနေသေးတယ်လား ”

ဂူမော့က အေးစက်စွာ ပြုံးလျက်

“မင်းတို့ နှစ်ယောက်လုံးကို ငါ အခွင့်အရေး တစ်ခု ပေးမယ်။ ငါနဲ့အတူ နယ်မြေကိုးခုကနေ ထွက်သွားကြစမ်း။ ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ် ဆီကို ပြန်သွားကြမယ်။ အဲဒီနေရာကမှ ငါတို့ ကျင်လည်ရမယ့် တကယ့် စစ်မြေပြင်ပဲ”

“ငါတို့က နယ်လှည့် သောင်းကျန်းသူတွေအဖြစ်ပဲ နေချင်နေမယ်၊ တခြားမျိုးနွယ်ရဲ့ ခွေးဖြစ်၊ ကျွန်ဖြစ်တော့ မခံနိုင်ဘူး”

လန်တောက်ချွန်းက တည်ငြိမ်စွာ ဆိုသည်

“မင်း ဒီလို ဖြစ်လာမှန်း သိရင် အဲဒီတုန်းက မင်းရဲ့ ဘိုးဘေးကို သတ်ပစ်ခဲ့သင့်တာ။ ဒါဆို ဒီနေ့လို ကိစ္စမျိုးတွေ ကြုံလာရမှာ မဟုတ်ဘူး”

“နားမဝင်တဲ့ လူတွေပဲ”

ဂူမော့က ခေါင်းကို ခါယမ်းလိုက်ပြီး

“သမီး... မိစ္ဆာဂိုဏ်းရဲ့ အကာအကွယ်ဖျက်တေး ကို တီးခတ်လိုက်စမ်း”

“ဟုတ်ကဲ့ပါ”

အေးစက်လှပသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဂူမော့၏ နောက်ကွယ်မှ စစ်တပ်ကြီးထဲမှ ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီး တစ်ဦးသည် လေထဲသို့ ပျံတက်လာသည်။ သူမသည် ဟင်းလင်းပြင်တွင် ထိုင်ချလိုက်ပြီး သူမ၏ ဒူးပေါ်တွင် ရှေးဟောင်း စောင်းတစ်လက်ကို တင်လိုက်သည်။ ထိုအမျိုးသမီး၏ မျက်နှာထားမှာ အေးစက်နေပြီး သူမ၏ မျက်လုံးထဲတွင် ရှေ့မှ စောင်းမှတစ်ပါး အခြားအရာ မရှိတော့ဟန် တူသည်။

“အဲဒါ ကြာနီနတ်မိမယ် စီနီယာ မဟုတ်ဘူးလား”

“သူမက ငါတို့ရဲ့ ကျွယ်မင် အမာခံ မဟုတ်တော့ဘူးလေ၊ အခုတော့ မိစ္ဆာမျိုးနွယ် ဖြစ်နေပြီ။ ဒါပေမဲ့ သူမက ရှေးဦးမိစ္ဆာဂိုဏ်းက ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး”

ကျွယ်မင် အမာခံတပည့်များကြားတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာပြီး လူအများအပြားက ဖန့်ချန်ကို ထူးဆန်းသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။

အကြောင်းမှာ တစ်ချိန်က ကြာနီနတ်မိမယ် ဟု လူသိများသည့် သူမသည် ဖန့်ချန်နှင့်အတူ ကျွယ်မင်နန်းတော်သို့ စတင်ဝင်ရောက်ခဲ့သူ ဖြစ်သောကြောင့်ပင်။ ထို့ပြင် သူတို့နှစ်ဦးမှာ အမာခံတပည့်များ ဖြစ်လာကြသည်အထိ တစ်ယောက်နှင့်တစ်ယောက် အလွန် ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်ကို အားလုံးက သိထားကြသည်။ ကျွယ်မင်နန်းတော်မှ မိစ္ဆာကျင့်ကြံသူများကို ရှင်းလင်းချိန်တွင်လည်း သူမ အလွယ်တကူ ထွက်ခွာနိုင်ခဲ့ခြင်းမှာ ဤငရဲမင်း ဖန့်ချန်နှင့် ပတ်သက်မှု ရှိနေနိုင်သည်ဟု အားလုံးက တွေးတောနေကြခြင်းဖြစ်သည်။

“ကိုးလေး... ဒါက ကြာနီနတ်မိမယ် မဟုတ်လား”

ချန်အင်းရွှယ်က အံ့အားသင့်စွာ မေးလိုက်သည်။

ဖန့်ချန်သည် ကြာနီနတ်မိမယ် ကို စူးစိုက်ကြည့်နေမိသည်။ ထိုအချိန်တွင် စောင်းသံ စတင် ထွက်ပေါ်လာပြီး ပထမဆုံးသော အသံမှာပင် လူတစ်ယောက်ကို စစ်မြေပြင်အလယ်သို့ ရောက်သွားစေသကဲ့သို့ ခံစားရစေကာ သွေးများကို ဆူပွက်လာစေသည်။

ကံကောင်းသည်မှာ လူတိုင်းက ရွှေရောင်အလင်းတန်း၏ အကာအကွယ်အောက်တွင် ရှိနေသဖြင့် ထိုခံစားချက်မှာ အလွန်အမင်း မပြင်းထန်လှချေ။ သို့သော် အပြင်ဘက်ရှိ ကျင့်ကြံသူများအတွက်မူ လုံးဝ ကွဲပြားသွားသည်။ သူတို့သည် ထို အကာအကွယ်ဖျက်တေး ကို ကြားလိုက်ရချိန်တွင် သူတို့၏ အရှိန်အဝါများမှာ အဆပေါင်းများစွာ တိုးမြင့်လာသလို ခံစားလိုက်ရတော့သည်။

“ဒီ မိစ္ဆာဂိုဏ်းရဲ့ အကာအကွယ်ဖျက်တေး က ငါ့ရဲ့ ရှန်ပိဓားနဲ့ အာနိသင်ချင်း ဆင်တူနေတာပဲ...”

ရှောက်မုန့်ယွမ်၏ မျက်လုံးများ လေးနက်သွားသည်။

“အစ်ကိုကြီး လန်...ကြာနီနတ်မိမယ် က သန့်စင်သော မိစ္ဆာသွေးအနွယ်က မဟုတ်ဘူးလား ”

ဖန့်ချန်က လန်တောက်ချွန်းထံ အသံလှိုင်းဖြင့် လှမ်းမေးလိုက်သည်။

“မဟုတ်ဘူးလေ”

လန်တောက်ချွန်းက ထူးဆန်းသော အမူအရာဖြင့်

“သူမက အမြဲတမ်း ဂူမော့ရဲ့ မွေးစားသမီးအဖြစ် ရှိနေခဲ့တာပဲ”

ဂူမော့၏ မွေးစားသမီး ဟုတ်လား

ဖန့်ချန်၏ စိတ်ထဲတွင် တစ်ခုခုကို သတိပြုမိသွားပြီး ကြာနီနတ်မိမယ် ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် အေးစက်သော မျက်နှာထားဖြင့် စောင်းတီးနေသည့် ကြာနီနတ်မိမယ် သည်လည်း ခေါင်းကို မော့လိုက်ပြီး ဖန့်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားပြီးနောက်တွင်မူ သူမက ချက်ချင်းပင် ခေါင်းပြန်ငုံ့ကာ စောင်းကို ဆက်လက် တီးခတ်နေတော့သည်။

စောင်းသံမှာ ပိုမို ပြင်းထန်လာသည်နှင့်အမျှ ဂူမော့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ လက်ဝါးကို ရွှေရောင်အလင်းတန်းရှိရာသို့ ချိန်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ လက်ဝါးထဲမှ ထိတ်လန့်ဖွယ် ကောင်းလှသော အမည်းရောင် အလင်းတန်းကြီး တစ်ခု ပေါက်ကွဲထွက်လာပြီး ရွှေရောင်အလင်းပေါ်သို့ ဝုန်းကနဲ ကျရောက်သွားတော့သည်။

ခဏချင်းအတွင်းမှာပင် ဧရိယာ အကျယ်ကြီး တစ်ခုလုံးမှာ ထိုအမည်းရောင် အလင်းတန်း၏ ဝါးမြိုတိုက်စားခြင်းကို ခံလိုက်ရသည်။ ဤတိုက်ခိုက်မှု တစ်ချက်တည်း၏ အာနိသင်မှာ ကျန်းရန်သူတော်စင်တို့ အဖွဲ့ ရက်ပေါင်းများစွာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် ရလဒ်ထက်ပင် အဆပေါင်းများစွာ သာလွန်နေတော့သည်။

ကျန်းရန်သူတော်စင်တို့သည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်တစ်ကြိမ် လက်လှမ်းကာ တိုက်ခိုက်လိုက်ကြပြန်သည်။ မိစ္ဆာဂိုဏ်း၏ အကာအကွယ်ဖျက်တေး စတင်တီးခတ်လိုက်ချိန်မှစ၍ သူတို့ ကိုယ်ပေါ်ရှိ စွမ်းအားပြန်လည်တိုက်စားမှု များမှာလည်း အနည်းငယ် လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

All Chapters