အခန်း (၉၂၃-၉၂၄)
Vol. 93 Ch. 923-924
အခန်း (၉၂၃) ပင်လယ်ပြင်သို့ထွက်၍ နတ်ဘုရားရှာပုံတော်ဖွင့်ခြင်း၊ မင်းတို့ ငရဲတောင်ကို ငါ တကယ် ရှာမတွေ့ဘူးလို့ ထင်နေတာလား
ဝေမြို့တော်
လီယန်ချူသည် မှော်လွန်းပျံ ကို စီးနင်းမောင်းနှင်ကာ ဤအရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ ရင်းနှီးကျွမ်းဝင်နေသည့် စည်ကားသိုက်မြိုက်လှသော လမ်းမကြီးများ၊ လမ်းမပေါ်တွင် သွားလာလှုပ်ရှားနေကြသည့် ဈေးသည်များနှင့် အလုပ်သမားများ၊ အမျိုးကောင်းသား သခင်လေးများနှင့် သခင်မလေးများ၊ စာဆိုတော်များနှင့် သူဌေးကုန်သည်များ၊ ဇာတ်မင်းသားများနှင့် လောကဓံလူမိုက်များအားလုံးကို မြင်တွေ့လိုက်ရသည့်အခါ လီယန်ချူသည် ရုတ်တရက်ဆိုသလို ရင်ထဲ၌ အလွန်အမင်း ရင်းနှီးနွေးထွေးသော ခံစားချက်ကို ခံစားလိုက်ရသည်။
ကန္တာရဆန်းနယ်မြေထဲရှိ ကျန့်အန်းမြို့မှ လူသားများနှင့် အခြားမြို့ကြီးများမှ လူသားအားလုံးသည် သိုင်းပညာကိုသာ တစ်စိုက်မတ်မတ် ကျင့်ကြံကြသဖြင့် တစ်နှစ်ပတ်လုံး လေ့ကျင့်ခန်းလုပ်ထားသောကြောင့် ခန္ဓာကိုယ်များမှာ ထွားကျိုင်းသန်မာလှရာ၊ သူ့ကို တစ်ပုံစံတည်း တညီတညွတ်တည်း ဖြစ်နေသည့် ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။ သို့ဖြစ်ရာ သူသည် ဤဝေမြို့တော်တွင်သာ နေထိုင်ရသည်ကို ပိုမိုနှစ်သက်မိသည်။
ကျိုဖုန်းတောင်မှ ထွက်ခွာလာပြီးနောက်၊ ကျွေ့ဟွာသည် လေကိုစီး၍ ပျံသန်းကာ ရှောင်ဖုန်းတောင်သို့ အရင်ဆုံး ပြန်သွားခဲ့သည်။ ရှောင်ဖုန်းတောင်တွင် သူမမိခင်၏ ရွှေရောင်ရုပ်ထု ရှိနေပြီး၊ သူမ၏ သွေးမျိုးဆက်အတွင်းမှ နက်နဲဆန်းကြယ်လှသော ခေါ်ယူမှုတစ်ခုကို ခံစားနေရသည်။ ၎င်းသည် သူမ၏ သွေးမျိုးဆက်ပြဿနာကို ဖြေရှင်းပေးနိုင်မည့်အလား ဆန်းကြယ်လွန်းလှသော ခံစားချက်မျိုး ဖြစ်သည်။ ထို့ပြင် အကယ်၍ သွေးမျိုးဆက်ပြဿနာကို မဖြေရှင်းနိုင်ပါက သူမအနေဖြင့် လူသားအသွင်သို့ ထပ်မံပြောင်းလဲနိုင်တော့မည် မဟုတ်ပေ။ ကျွေ့ဟွာသည် ဤရက်ပိုင်းအတွင်း ဤကိစ္စအတွက် အနည်းငယ် စိတ်ညစ်ညူးနေခဲ့ရသည်။
ထို့ကြောင့် ဝေမြို့တော်သို့ ပြန်လည်ရောက်ရှိလာသူမှာ လီယန်ချူ တစ်ဦးတည်းသာ ဖြစ်သည်။
သူသည် ချင်းယွန်းတာအိုကျောင်းတော်၏ ရှေ့သို့ ရောက်ရှိလာပြီး၊ မျက်နှာချင်းဆိုင်ရှိ စီးပွားရေး အလွန်အမင်း ကောင်းမွန်လှသော ထိုက်ဖင်တည်းခိုခန်း ကို ကြည့်လိုက်မိသည့်အခါ အနည်းငယ် အံ့ဩသွားခဲ့ရသည်။ တည်းခိုခန်းအောက်တွင် ဆွဲဆောင်မှုအပြည့်ရှိပြီး ကောက်ကြောင်းအလှများ ပေါ်လွင်နေသည့် ရင့်ကျက်သော အမျိုးသမီးတစ်ဦး ရပ်နေခဲ့သည်။
သူမ၏ ရင်သားအစုံမှာ ပြည့်တင်းထွားအိနေပြီး ဝတ်ဆင်ထားသော အဝတ်အစားများပင် ပေါက်ထွက်မတတ် ဖြစ်နေကာ ဘေးတိုက်ကြည့်မည်ဆိုပါက ပို၍ပင် အံ့ဩစရာကောင်းလောက်အောင် မောက်ကြွလှပနေသည်။
သူမ၏ အသားအရေမှာ ဝင်းပနုနယ်လှပြီး မျက်နှာသွင်ပြင်မှာ လက်ရာမြောက်လှပကာ ညှို့ဓာတ်အပြည့်နှင့် ဝေဝေဆာဆာ ရှိလှသည်။
လီယန်ချူသည် မသိမသာ အံ့ဩသွားရင်း "ပြန်လာပြီလား" ဟု မေးလိုက်မိသည်။
တည်းခိုခန်းအတွင်းရှိ ရင့်ကျက်ပြီး အလှပဆုံးသော အမျိုးသမီးသည် လှည့်ကြည့်လိုက်ရာ၊ ရေပြင်ကျယ်ကဲ့သို့ ကြည်လင်လှပသော မျက်ဝန်းအစုံတွင် ဝမ်းမြောက်ရွှင်လန်းမှုများ ပြည့်နှက်သွားခဲ့ရသည်။ ၎င်းမှာ ယခင်က ပင်လယ်ပြင်သို့ ထွက်ခွာသွားခဲ့သော ဆိုင်ရှင်မ ပင် ဖြစ်သည်။
ဆိုင်ရှင်မသည် လီယန်ချူကို မြင်သောအခါ ခြေလှမ်းအမြန်လှမ်း၍ လျှောက်လာပြီး ချိုသာစွာ ပြုံးလိုက်ရင်း
"ဒီတစ်ခေါက် ဘာလို့ ဒီလောက်တောင် ကြာသွားရတာလဲ" ဟု ဆိုလိုက်သည်။
လီယန်ချူက
"မင်းက ပင်လယ်ထဲကို အရင်ဆုံး ထွက်သွားတာလေ ဟုတ်တယ်မလား" ဟု ပြန်ပြောလိုက်သည်။
ဆိုင်ရှင်မက ညှို့ဓာတ်ပြည့်ဝသော မျက်ဝန်းအစုံဖြင့် သူ့ကို စောင်းငဲ့ကြည့်လိုက်ပြီးနောက်၊ ရုတ်တရက်ဆိုသလိုပင် သူ၏ ရင်ခွင်ထဲသို့ ခပ်ဖွဖွလေး တိုးဝင်ဖက်တွဲလိုက်တော့သည်။ လီယန်ချူသည် ပြည့်တင်းအိစက်လှသော ခန္ဓာကိုယ်၏ ရုန်းကန်မှုကို ခံစားလိုက်ရရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူတို့နှစ်ဦးသည် အနောက်ဘက်ခြံဝန်းအတွင်းရှိ ဆိတ်ငြိမ်သန့်ရှင်းသော အခန်းထဲသို့ ရောက်ရှိလာကြသည်။
လီယန်ချူက ဇွတ်အတင်း မေးမြန်းလိုက်သည်
"တကယ်ပဲ ဘာကိစ္စရှိလို့လဲ။ ဘာလို့ ဒီလောက်တောင် အလောတကြီး ပင်လယ်ထဲကို ထွက်သွားရတာလဲ။"
ဆိုင်ရှင်မက မျက်တောင်ခပ်ဖွဖွ ခတ်လိုက်ရင်း
"တစ်ယောက်ယောက်ရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရလို့လေ" ဟု ဆိုလိုက်သည်။
လီယန်ချူ၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားပြီး "ဘယ်သူလဲ" ဟု မေးလိုက်မိသည်။
ဆိုင်ရှင်မက နှုတ်ခမ်းကို ဖိစေ့လိုက်ပြီး ဆံပင်ကို ခပ်ဖွဖွ သပ်တင်လိုက်ရာ၊ တစ်ခဏချင်းအတွင်း ဆွဲဆောင်မှုအပြည့်ရှိသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့ပြီး
"ဘယ်သူမှ လိုက်မသတ်ပါဘူး... ရှင့်ကို စတာ၊ ပင်လယ်ပြင်ကို ထွက်ပြီး နတ်ဘုရားသွားရှာတာ"
ဟု ပြောလိုက်သည်။
လီယန်ချူက "နတ်ဘုရားရှာတာလား။ မင်းကိုယ်မင်း ရွှီဖူ လို့ ထင်နေတာလား" ဟု ဆိုလိုက်၏။
ဆိုင်ရှင်မက အံ့ဩသွားပြီး "ရွှီဖူက ဘယ်သူလဲ" ဟု မေးလိုက်သည်။
လီယန်ချူက ရှင်းမပြဘဲ "တကယ်ပဲ ဘာဖြစ်တာလဲ" ဟု ဆက်လက်မေးမြန်းလိုက်သည်။
လီယန်ချူ၏ ဇွတ်အတင်း မေးမြန်းမှုအောက်တွင် ဆိုင်ရှင်မသည် နောက်ဆုံးတွင်မှ ဖွင့်ဟရှင်းပြလာခဲ့သည်။ သူမသည် ယခုတစ်ခေါက် ပင်လယ်ပြင်သို့ ထွက်ခွာသွားခြင်းမှာ နတ်ဆေးပင်ကို ရှာဖွေရန်ဖြစ်သော်လည်း ဘာမှရှာမတွေ့ခဲ့သဖြင့် ပင်လယ်ပြင်မှနေ၍ အမြန်ပြန်လာခဲ့ခြင်း ဖြစ်သည်။
လီယန်ချူက အံ့ဩသွားပြီး "နတ်ဆေးပင်ကို ရှာပြီး ဘာလုပ်မလို့လဲ" ဟု မေးလိုက်မိသည်။
ဆိုင်ရှင်မက သက်ပြင်းတစ်ချက်ချလိုက်ရင်း
"ငါလည်း မကြာသေးခင်ကမှ သိလိုက်ရတာ... ခန္ဓာကိုယ်ထဲက စွမ်းအားတွေ လည်ပတ်တဲ့နေရာမှာ ကြီးမားတဲ့ ဟာကွက်တစ်ခု ရှိနေတယ်၊ အဲဒါကို ကုသဖို့အတွက် နတ်ဆေးပင်တစ်ပင် လိုအပ်နေလို့ပါ" ဟု ဆိုလိုက်သည်။
လီယန်ချူသည် ကြားလိုက်ရသောအခါ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တိုးတိုးလေး မေးလိုက်သည်။
"အသက်အန္တရာယ် ရှိလား"
ဆိုင်ရှင်မက အံ့ဩသွားပြီး သဘောကျစွာ ရယ်မောလိုက်ရင်း
" အဲဒီလောက်အထိ မပြင်းထန်ပါဘူး၊ ကျင့်စဉ်တိုးတက်မှုကို ထိခိုက်စေရုံသက်သက်ပါပဲ" ဟု ဆိုသည်။
လီယန်ချူသည် ဆိုင်ရှင်မ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို ထပ်မံ၍ မမေးမြန်းတော့ပေ။ ဤသူသည် သူ၏ အနီးကပ်ဆုံးသော လူသားတစ်ဦး မဟုတ်ပါလော။
ဆိုင်ရှင်မက သက်ပြင်းချလိုက်ရင်း
"ငါ တည်းခိုခန်းထဲမှာ ဗေဒင်တစ်ချက် တွက်ကြည့်လိုက်တာ... ဒီလောကထဲမှာ နတ်ဆေးပင် မရှိတော့ဘူးတဲ့၊ ဒါကြောင့် ပင်လယ်ပြင်ကို ထွက်ပြီး ကံကြမ္မာကို စမ်းသပ်ကြည့်တာပေါ့၊ ဒါပေမဲ့ ကျယ်ပြောလှတဲ့ ပင်လယ်ကြီးထဲမှာ ဘယ်လိုမှ ရှာမတွေ့နိုင်ခဲ့ဘူး"
ဟု ဆိုလိုက်ရာ စကားလုံးများထဲတွင် အနည်းငယ် စိတ်ပျက်အားငယ်မှုများ ပါဝင်နေသည်။
လီယန်ချူက ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်ပြီး "ငါ့မှာ ရှိတယ်" ဟု ဆိုလိုက်၏။
ဆိုင်ရှင်မသည် ဆွံ့အသွားခဲ့ရပြီး၊ ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြည့်ဝသော မျက်ဝန်းအစုံဖြင့် လီယန်ချူကို စိုက်ကြည့်လိုက်မိသည်။ နီမြန်းပြီး ဆွဲဆောင်မှုရှိလှသော နှုတ်ခမ်းလေးသည် အနည်းငယ် ပွင့်ဟသွားပြီး
"ငါပြောတာက နတ်ဆေးပင်ကို ပြောတာနော်၊ အလွန်အမင်း သန့်စင်တဲ့ ရတနာပစ္စည်းတွေ ဒါမှမဟုတ် သာမန်ဆေးဘက်ဝင်အပင်တွေကို ပြောတာ မဟုတ်ဘူး"
ဟု ဆိုလိုက်သည်။
လီယန်ချူက ဘာမှရှင်းမပြဘဲ၊ ကမ္ဘာငယ်ထဲမှ ထိုရွှေရောင်နတ်ဆေးပင်ကို ထုတ်ယူလိုက်သည်။ ဆန်းကြယ်လှသော အရှိန်အဝါတစ်ခုသည် တစ်ခဏချင်းအတွင်း ပျံ့လွင့်ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် အတိုင်းအဆမရှိ ပြည့်လျှံနေသော သက်စောင့်သက်ဓာတ်များ ကိန်းအောင်းနေချေပြီ။ သေသေချာချာ အာရုံခံကြည့်မည်ဆိုပါက ဤရွှေရောင်နတ်ဆေးပင်၏ ဘေးပတ်ပန်းကျင်တွင် လွင့်မျောနေသော ဖျော့တော့တော့ နတ်ဘုရားအရှိန်အဝါများကိုပါ ခွဲခြားသိမြင်နိုင်သည်။
ဆိုင်ရှင်မသည် လုံးဝ အံ့ဩမှင်သက်သွားခဲ့ရသည်။
လီယန်ချူက သူမကို စိုက်ကြည့်လိုက်ရင်း
"ဒါက ငါ ဟော့ထုံတောင်ကနေ လုယူလာခဲ့တဲ့ နတ်ဆေးပင်ပဲ၊ မင်းသာ ငါပြန်လာတာကို စောင့်နေမယ်ဆိုရင် ပင်လယ်ပြင်ကို သွားစရာမလိုတော့ဘူး" ဟု ဆိုလိုက်သည်။
ဆိုင်ရှင်မသည် ရွှေရောင်နတ်ဆေးပင်ကို ကိုင်မြှောက်လိုက်ပြီး ခေတ္တမျှအကြာတွင် သက်ပြင်းချလိုက်မိသည်။
"ဒီတစ်ခေါက် အပြင်ထွက်လိုက်တာ တကယ်ပဲ အပိုဖြစ်သွားတာပဲ။"
လီယန်ချူက နှုတ်ခမ်းကို မသိမသာ မဲ့လိုက်သည်။
ဆိုင်ရှင်မသည် လီယန်ချူ၏ ခန့်ညားချောမောလှသော မျက်နှာကို စိုက်ကြည့်လိုက်ရင်း တိုးတိုးလေး ဆိုလိုက်သည်။
"ဒါက နတ်ဆေးပင်ကြီးလေ... ရှင်က ဒီအတိုင်းပဲ ပေးလိုက်တာလား။"
လီယန်ချူက သဘာဝကျကျပင်
"ဒါပေါ့... ဒီလောကပေါ်မှာရှိတဲ့ နတ်ဆေးပင်အားလုံးကို စုလိုက်ရင်တောင် မင်းတစ်ယောက်တည်းကို မယှဉ်နိုင်ပါဘူး" ဟု ဆိုလိုက်သည်။
ဆိုင်ရှင်မသည် ကြားလိုက်ရသောအခါ အံ့ဩသွားပြီးနောက်၊ တစ်ကိုယ်လုံး လှုပ်ခါသွားသည်အထိ အားရပါးရ ရယ်မောလိုက်တော့သည်။
ပြည့်တင်းအိစက်လှသော ရင်သားအစုံမှာ အဝတ်အစားများကို ပေါက်ထွက်မတတ် လှုပ်ရှားသွားခဲ့ရပြီး၊ သူမသည် ရှေ့သို့ တိုးလာကာ လီယန်ချူ၏ ပါးကို ခပ်ဖွဖွလေး နမ်းလိုက်သည်။
လီယန်ချူက စိတ်မရှည်သလိုဖြင့် သူမ၏ တင်ပါးကို ခပ်ဖွဖွလေး ရိုက်လိုက်ရာ၊ ဆိုင်ရှင်မ၏ မျက်နှာသည် ရုတ်တရက် နီမြန်းသွားခဲ့ရပြီး ဝင်းပနေသော ပါးပြင်ပေါ်တွင် ဆွဲဆောင်မှုရှိလှသော ရှက်သွေးများ ဖြန်းပက်သွားခဲ့ရသည်။
ဆိုင်ရှင်မသည် သူ၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး နှုတ်ခမ်းချင်း ထပ်မံ၍ ဖိကပ်နမ်းစုပ်လိုက်ပြန်သည်။ ဤကဲ့သို့သော တိုင်းပြည်ကို ပျက်စီးစေနိုင်လောက်အောင် လှပချောမောလှသော အလှပဂေးမလေးကို ရင်ခွင်ထဲသို့ ထည့်ထားရသည့် အရသာမှာ အမှန်တကယ်ပင် ဖော်ပြမတတ်အောင် ကောင်းမွန်လှပေသည်။
အခန်းတွင်းမှနေ၍ အဝတ်အစားများ ချွတ်လိုက်သည့် တရှူးရှူးမြည်သံများ ထွက်ပေါ်လာခဲ့ပြီး၊ ပြင်းထန်လှသော တိုက်ပွဲကြီးတစ်ခုသည် စတင်ရန်အတွက် အရှိန်ယူနေခဲ့ချေပြီ။
………………
ငရဲတောင်
ဤတောင်သည် အလွန်အမင်း မတ်စောက်လှပြီး၊ ဘေးပတ်ဝန်းကျင်တွင် ကြီးမားလှသော အစီအရင်များဖြင့် ဝန်းရံထားကာ တောင်အတွင်း၌ နေရာအနှံ့ ကွင်းပြင်များ ရှိနေသည်။ ၎င်းမှာ ရှေးဟောင်း ကျင့်ကြံခြင်းနယ်မြေကြီးတစ်ခု ဖြစ်သည်။
ငရဲတောင်ရှိ ကျင့်ကြံသူများသည် လူသေအလောင်းကို ကျင့်ကြံခြင်းနှင့် ကျိန်စာတိုက်ခြင်းဆိုင်ရာ ဘေးထွက်လမ်းစဉ် မန္တန်များကို အလွန်အမင်း ကျွမ်းကျင်ကြသည်။ ၎င်းသည် မူလက လောကပြင်ပတွင် သီးခြားတည်ရှိနေသည့် ကြီးမားလှသော အင်အားစုကြီးတစ်ခု ဖြစ်သော်လည်း၊ မကြာသေးခင်ရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ပြင်းထန်လှသော ရိုက်ခတ်မှုများကို ခံလိုက်ရသည်။ တောင်အတွင်းရှိ လူငယ်မျိုးဆက်သစ် ပါရမီရှင်များသာမက တောင်အတွင်းရှိ အဆင့်မြင့် ပညာရှင်ကြီးများပါ ဆက်တိုက်ဆိုသလို သေဆုံးပျက်စီးခဲ့ကြရသည်။
ဤအချိန်တွင်၊ တောင်အတွင်း၌ ကျန်ရစ်စောင့်ကြပ်နေသော တတိယအဆင့် ပညာရှင် နန်ကုန်းလျို သည် လူသေအလောင်းကို ထိန်းချုပ်ခြင်းမန္တန်ကို ကျင့်ကြံနေခဲ့သည်။
ငရဲတောင်၏ ချန်နိုင်ငံအတွင်းရှိ အခြေစိုက်စခန်း အမြောက်အမြားသည် မကြာသေးမီကပင် ချန်နိုင်ငံ တော်ဝင်အစိုးရ၏ ပြင်းထန်လှသော ချေမှုန်းခြင်းကို ခံလိုက်ရပြီး အမှန်တရားဂိုဏ်းများ၏ လိုက်လံသတ်ဖြတ်ခြင်းကိုပါ ခံခဲ့ရသည်။ သို့သော် ငရဲတောင်သည် ပြင်းထန်လှသော ရိုက်ခတ်မှုများကို ခံလိုက်ရစေဦးတော့၊ ၎င်းမှာ အလွန်အမင်း ရှေးကျလှသော ကျင့်ကြံခြင်း အင်အားစုကြီးတစ်ခု ဖြစ်နေဆဲပင်။ တည်နေရာမှာ အလွန်အမင်း ဖုံးကွယ်ထားရုံမျှမက၊ အစွမ်းထက်လှသော တောင်စောင့်အစီအရင် အမျိုးမျိုးပါ ရှိနေသဖြင့် သာမန်ဂိုဏ်းများနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။
နန်ကုန်းလျိုသည် မူလက ငရဲတောင်၏ အဆင့်မြင့်ပညာရှင်များထဲတွင် အလယ်အလတ်အဆင့်လောက်သာ ရှိသော်လည်း၊ ယခုအခါတွင်မူ သူသည် ငြင်းပယ်၍မရသော ငရဲတောင်၏ မဟာအကြီးအကဲကြီး ဖြစ်လာခဲ့ချေပြီ။ အဘယ်ကြောင့်ဆိုသော် သူ၏ အထက်တွင်ရှိသော လူများအားလုံး သေကျေပျက်စီးသွားခဲ့ကြရသောကြောင့် ဖြစ်သည်။ ပို၍ သနားစရာကောင်းသည်မှာ သူ၏ နောက်တွင်ရှိသော လူများပါ အကုန်လုံး သေဆုံးသွားခဲ့ကြခြင်းပင်။
နန်ကုန်းလျို၏ ရှေ့တွင် အစွမ်းထက်လှသော ရှေးဟောင်းလူသေအလောင်းကြီးတစ်ခု ရှိနေသည်။ ၎င်းမှာ ခန္ဓာကိုယ် ထွားကျိုင်းလှသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး၊ နန်ကုန်းလျိုက ကြီးမားလှသော ဂူသင်္ချိုင်းကြီးတစ်ခုထဲမှ တူးဖော်ယူလာခဲ့ခြင်း ဖြစ်သည်။ အမျိုးမျိုးသော ရတနာပစ္စည်းများကို ထည့်သွင်း၍ ကျင့်ကြံပြီးနောက်၊ ယခုအခါ အလွန်အမင်း အစွမ်းထက်လှသော ဇွန်ဘီ ကြီးတစ် ကောင််အဖြစ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ချေပြီ။ ၎င်းကို မိမိ၏ ခန္ဓာကိုယ်ခွဲတစ်ခုအဖြစ် အသုံးချနိုင်သည်။
ယခုအခါ ကျင့်ကြံခြင်း အောင်မြင်သွားခဲ့ပြီ ဖြစ်သဖြင့်၊ နန်ကုန်းလျိုသည် လေကို ပြင်းထန်စွာ ရှူထုတ်လိုက်မိသည်။
"တကယ့်ကို ကောင်းတာပဲ... အကယ်၍ အခု ငရဲတောင်တစ်ခုလုံးရဲ့ ကျင့်စဉ်အရင်းအမြစ်တွေကို ငါတစ်ယောက်တည်း သုံးစွဲခွင့်မရခဲ့ဘူးဆိုရင်၊ ဒီအလောင်းကောင် ကို ဒီမျှအထိ အစွမ်းထက်တဲ့အဆင့် ရောက်အောင် ကျင့်ကြံနိုင်လိမ့်မှာ မဟုတ်ဘူး။"
ဤမျှအထိ တွေးမိသောအခါ၊ ငရဲတောင်၏ မဟာအကြီးအကဲ နန်ကုန်းလျိုသည် မိမိ၏ ဂိုဏ်းကြီး ဤကဲ့သို့ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရခြင်းမှာလည်း ဆိုးဝါးသော ကိစ္စတစ်ခု မဟုတ်ဟု ခံစားလိုက်ရသည်။
"မိစ္ဆာဂိုဏ်း အမြောက်အမြား ပူးပေါင်းပြီး ချွန်းချိုးလင်ကို သွားရောက်တိုက်ခိုက်ကြတာ... ဒီကိစ္စက တကယ့်ကို ကောင်းလှချေရဲ့။"
"ဒီချွန်းချိုးလင်ကလည်း တကယ့်ကို မောက်မာလွန်းတာပဲ၊ အင်အားတစ်ခုတည်းနဲ့ မိစ္ဆာလောကကြီးတစ်ခုလုံးကို စိုးမိုးချင်နေတာ... အခုလို ရလဒ်မျိုးနဲ့ ရင်ဆိုင်ရတာ တကယ့်ကို စိတ်ကျေနပ်စရာ ကောင်းလှတယ်။"
သူ ရရှိထားသော သတင်းအချက်အလက်များအရ၊ ချန်နိုင်ငံအတွင်းရှိ မိစ္ဆာဂိုဏ်းများသာမက လောကပြင်ပတွင် ပုန်းအောင်းနေကြသည့် မိစ္ဆာပညာရှင်ကြီး အမြောက်အမြား၏ တပည့်များပါ ချွန်းချိုးလင်၏ လက်ထဲတွင် သေဆုံးခဲ့ကြရသဖြင့်၊ လူတိုင်း အပြင်သို့ ထွက်ခွာလာကြခြင်း ဖြစ်သည်။ ဤသည်မှာ ကြီးမားထည်ဝါလှသော မိစ္ဆာလောက၏ စစ်ပွဲကြီးတစ်ခု ပေတည်း။
အချို့သော လူများသည် ကလဲ့စားချေရန်အတွက် ဖြစ်နိုင်သလို၊ အချို့သော လူများသည်လည်း ရှုပ်ထွေးနေသော အခြေအနေကို အသုံးချ၍ ဤမျှအထိ ကြီးမားလှသော အင်အားစုကြီးကို တိုက်ခိုက်ကာ အတွင်းမှ ကျင့်စဉ်အရင်းအမြစ်များကို ခွဲဝေယူရန်အတွက် ဖြစ်သည်။ သို့ဖြစ်ရာ စစ်ပွဲမှာ ပိုမို၍ ပြင်းထန်လာခဲ့ရသည်။
ဟော့ထုံတောင် ပြီးဆုံးသွားပြီးနောက်၊ ၎င်းမှာ ချွန်းချိုးလင်ကို လိုက်လံချေမှုန်းသည့် ကြီးမားလှသော စစ်ပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ချွန်းချိုးလင်မှ ကျင့်ကြံသူများသည် ဟော့ထုံတောင် ေနယ်မြေ ပွင့်လှစ်စဉ်အချိန်အတွင်း မိစ္ဆာလောကမှ ဂိုဏ်းတူချင်းများကိုပါ သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်သည်။
ကိုင်တွယ်ပုံမှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှပြီး လူသေအလောင်းကို ဖျက်ဆီးကာ ဝိညာဉ်ကိုပါ ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ဤမိစ္ဆာပညာရှင်ကြီးများကို ဤမျှအထိ ဒေါသထွက်အောင် ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။ မည်သည့်အချိန်တွင်မဆို မည်သူမဆို စိုးမိုးဗိုလ်ကျချင်လာပါက လုပ်ဖော်ကိုင်ဖက်များ၏ ပြင်းထန်လှသော ဆန့်ကျင်မှုကို ခံရမြဲ ဖြစ်သည်။
ဤလူများထဲတွင် အလွန်အမင်း ရှေးကျလှသော မိစ္ဆာပညာရှင်ကြီးများ ပါဝင်နေသည်။ ဤနှစ်ပိုင်းအတွင်း ယခင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီဟု ထင်မှတ်ထားကြသော မိစ္ဆာပညာရှင်ကြီး အမြောက်အမြားသည် ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာကြပြီး လောကထဲတွင် သဲလွန်စများကို ချန်ထားခဲ့ကြသည်။ သို့ဖြစ်ရာ နန်ကုန်းလျိုသည် ချွန်းချိုးလင်အနေဖြင့် ဤမျှအထိ ကြီးမားလှသော မိစ္ဆာလောက စစ်ပွဲကြီးထဲတွင် အသက်ရှင်ကျန်ရစ်နိုင်လိမ့်မည်ဟု မထင်ပေ။
သူ၏ ချွန်းချိုးလင်ထဲရှိ သူလျှိုများ၏ သတင်းပေးချက်အရ၊ ချွန်းချိုးလင်၏ ပထမအဆင့် ပညာရှင်ကြီး သုံးဦးစလုံး ဆက်တိုက်ဆိုသလို သေဆုံးပျက်စီးခဲ့ကြရသဖြင့် အခြေအနေမှာ ငရဲတောင်ထက်ပင် ပိုမိုဆိုးဝါးနေခဲ့ချေပြီ။ လူငယ်မျိုးဆက်၏ ပါရမီရှင်များဖြစ်ကြသော လွီအော် နှင့် ဝမ်ရှန်းကျုံး တို့ပါ အသတ်ခံခဲ့ရသည်။
"အဲဒီဘိုးဘေးကြီးသာ တံခါးပိတ်ကျင့်ကြံရာကနေ အပြင်ကို ထွက်မလာဘူးဆိုရင်၊ ချွန်းချိုးလင်ဟာ အမှန်အကန် ပျက်စီးသွားလိမ့်မယ်။"
နန်ကုန်းလျိုက ခပ်ဖွဖွလေး ပြုံးလိုက်မိသည်။
ချွန်းချိုးလင်သည် ငရဲတောင်ကဲ့သို့ပင် အလွန်အမင်း ဖုံးကွယ်ထားသော နေရာတစ်ခု ဖြစ်သည်။ အမှန်တရားဂိုဏ်းများသည် ချွန်းချိုးလင်၏ တည်နေရာကို ရှာမတွေ့နိုင်ကြသော်လည်း၊ မိစ္ဆာလောကမှ အထူးသဖြင့် ရှေးကျလှသော မိစ္ဆာဘုရင်ကြီးများ လှုပ်ရှားလိုက်သည့်အခါ သဘာဝကျကျပင် ချွန်းချိုးလင်၏ တည်နေရာကို ရှာဖွေတွေ့ရှိသွားကြခြင်းပင်။ နန်ကုန်းလျိုသည် ယခုအခါ တစ်ချက်တည်းဖြင့် ငရဲတောင်၏ အရှင်သခင် ဖြစ်လာခဲ့သဖြင့် စိတ်ခံစားမှုမှာ အလွန်အမင်း ကောင်းမွန်နေပြီး၊ အေးအေးဆေးဆေး ထိုင်၍ ပွဲကြည့်နေရုံမျှသာ ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင်၊ သူသည် အလွန်အမင်း ပြင်းထန်လှသော အရှိန်အဝါတစ်ခု ငရဲတောင်၏ ပတ်ဝန်းကျင်အနီးအနားတွင် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ဤအရှိန်အဝါမှာ အလွန်အမင်း ရှေးကျလှသည်။
နန်ကုန်းလျိုသည် မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ယံထက်တွင် တိမ်တိုက်များနှင့် မြူခိုးများ ဝန်းရံနေသည်ကို တွေ့လိုက်ရသည်။ ဝေဝါးနေသော မြင်ကွင်းထဲတွင် ကြီးမားလှသော ရေပြင်ကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး၊ ၎င်းမှာ အခြားကမ္ဘာတစ်ခု၏ မြင်ကွင်းအလား ထင်မှတ်ရကာ ငရဲတောင်၏ ကောင်းကင်ထက်သို့ ကျရောက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ တံလျှပ်တစ်ခုကဲ့သို့ပင် အလွန်အမင်း တိကျပြတ်သားပြီး စစ်မှန်လှသည်။
ဤမြင်ကွင်းကို သူတစ်ဦးတည်းသာမက ငရဲတောင်အတွင်းရှိ အဆင့်မြင့်ပညာရှင် အားလုံးပါ မြင်တွေ့လိုက်ကြရသဖြင့်၊ လူတိုင်း အသက်ရှူသံများကို အောင့်ထားလိုက်ကြမိသည်။ အဓိကမှာ ဤမြင်ကွင်းထဲမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် လူကို ထိတ်လန့်တုန်လှုပ်သွားစေသောကြောင့် ဖြစ်သည်။
မြင်ကွင်းတစ်ခုတည်းသာမက အသံမှာလည်း အလွန်အမင်း တိကျပြတ်သားလှရာ၊ ငရဲတောင်ရှိ ကျင့်ကြံသူအားလုံးသည် ထိုရေလှိုင်းများ တရစပ် ရိုက်ခတ်နေသည့် အသံများကိုပါ ကြားနေရသည်။ ဤမျှအထိ ကျယ်ပြောလှသော ရေပြင်ကျယ်ကြီး၏ ဘေးပတ်ဝန်းကျင်တွင် မြေပြင်ကို တုန်ခါသွားစေနိုင်သော ခြေသံများ ထွက်ပေါ်လာခဲ့ပြီး၊ ရေမျက်နှာပြင်ထက်တွင် ဖျော့တော့တော့ မြူခိုးများ ကိန်းအောင်းနေသည်။
နန်ကုန်းလျို၏ မျက်နှာပေါ်တွင် ဆွံ့အမှင်သက်သော အမူအရာများ ထွက်ပေါ်လာခဲ့ပြီး အမှန်တကယ် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မသိနိုင်ချေ။ သို့သော် သူ၏ ရင်ထဲတွင်မူ ပြင်းထန်လှသော အန္တရာယ်အချက်ပေးသံများ တရစပ် မြည်ဟည်းနေချေပြီ။
ရုတ်တရက်၊ မြူခိုးများထဲမှနေ၍ မြင့်မားထည်ဝါလှသော ခန္ဓာကိုယ် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပုံရိပ်မှာ ဝေဝါးနေသဖြင့် သေသေချာချာ မမြင်ရသော်လည်း၊ ဝေဝါးနေသော အနေအထားအရ ၎င်းမှာ နဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ရှေးဟောင်းနတ်ဘုရားကြီးတစ်ဦး ဖြစ်ကြောင်း တွေ့လိုက်ရပြီး အရှိန်အဝါမှာ အလွန်အမင်း ပြင်းထန်လှသည်။
ဤနဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမ သတ္တဝါကြီးသည် အလွန်အမင်း စစ်မှန်လှပြီး၊ သူသည် တစ်လှမ်းချင်းစီ လျှောက်လာခဲ့ကာ ရုတ်တရက်ဆိုသလို လက်ကို ဆန့်ထုတ်၍ အောက်သို့ ရိုက်ချလိုက်တော့သည်။
ကောင်းကင်ယံထက်မှနေ၍ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ဧရာမ လက်ဝါးကြီးတစ်ချက် ကျရောက်လာခဲ့ပြီး လူကို ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မျိုး ပေးစွမ်းနေကာ၊ အတွင်း၌ အတိုင်းအဆမရှိ ပြည့်လျှံနေသော ဖျက်ဆီးခြင်း စွမ်းအားများ ကိန်းအောင်းနေချေပြီ။
နန်ကုန်းလျို၏ မျက်ဝန်းအစုံသည် အလွန်အမင်း ပြောင်းလဲသွားခဲ့ပြီး၊ ချက်ချင်းပင် ကောင်းကင်ယံထက်သို့ ပျံတက်လိုက်ကာ လက်ထဲတွင် မန္တန်များကို ငရဲတောင်၏ တောင်စောင့်အစီအရင်ကြီးကို ပွင့်လှစ်လိုက်တော့သည်။
ဒုန်း ဒုန်း ဒုန်း
ထိုဧရာမလက်ဝါးကြီးသည် ကောင်းကင်မှ ကျရောက်လာခဲ့ပြီး တောင်စောင့်အစီအရင်၏ အပေါ်သို့ ရိုက်ချလိုက်ရာ၊ တစ်ခဏချင်းအတွင်း တောင်စောင့်အစီအရင်၏ အပေါ်ရှိ အလင်းတန်းများကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။
နန်ကုန်းလျိုသည် ဤသည်ကို မြင်သောအခါ လေကို ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ ငရဲတောင်၏ အမွေအနှစ်မှာ အလွန်အမင်း ရှေးကျလှပြီး၊ ဒဏ္ဍာရီများအရ ငရဲတောင်ကို အစောဆုံး စတင်တည်ထောင်ခဲ့သူမှာ မြေပြင်နတ်ဘုရားအဆင့်သို့ ခြေတစ်ဖက်လှမ်းထားသော အဆင့်မြင့်ပညာရှင်ကြီးတစ်ဦး ဖြစ်သည်ဟု ဆိုသည်။ သို့သော် နန်ကုန်းလျို၏ ငရဲတောင်ထဲရှိ ရာထူးအရ ဤမျှအထိ နက်နဲလှသော လျှို့ဝှက်ချက်များကို မသိနိုင်ချေ။ တောင်စောင့်အစီအရင်မှာ နှစ်ပေါင်းများစွာအထိ ပွင့်လှစ်ခဲ့ခြင်း မရှိသော်လည်း၊ ၎င်း၏ ပြင်းထန်လှသော စွမ်းပကားကို မည်သူမျှ သံသယမဝင်ခဲ့ကြဖူးချေ။ သို့သော် ယခုအခါတွင်မူ တစ်ခဏချင်းအတွင်းမှာပင် ပြင်းထန်စွာ တုန်ခါသွားခဲ့ရချေပြီ။
ဖွတ်။
အစီအရင်ကို ထိန်းချုပ်ထားသော နန်ကုန်းလျိုသည် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး မျက်ဝန်းအစုံတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့ရသည်။
ထိုရေပြင်ကျယ်ကြီးထဲမှ နဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော နတ်ဘုရားကြီးသည် လက်ကို ထပ်မံဆန့်ထုတ်၍ အောက်သို့ ထပ်မံရိုက်ချလိုက်ပြန်သည်။
ဒုန်း ဒုန်း ဒုန်း
တောင်စောင့်အစီအရင်၏ နတ်အလင်းတန်းများသည် ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး စွမ်းအားကာကွယ်ရေးတံတိုင်းမှာလည်း ပြိုလဲလုမတတ် ဖြစ်သွားခဲ့ရသည်။ နှစ်ချက်တည်းဖြင့်ပင် ငရဲတောင်၏တောင်စောင့်အစီအရင်ကြီးကို ချေမှုန်းဖျက်ဆီးပစ်လုနီးပါး ဖြစ်သွားခဲ့ခြင်းပင်။
မိုးကောင်းကင်ယံထက်မှနေ၍ ပြင်းထန်လှသော ဒေါသသံကြီး ထွက်ပေါ်လာခဲ့ပြီး၊ ထိုနဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမလူကြီးသည် တိမ်တိုက်များနှင့် မြူခိုးများ ဝန်းရံနေသော ရေပြင်ကျယ်ကြီးထဲမှ လျှောက်လှမ်းထွက်ခွာလာခဲ့ကာ၊ ငရဲတောင်၏ အပေါ်တွင် ကောင်းကင်၌ ရပ်တန့်လိုက်တော့သည်။
ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီး ရှိနေခြင်းသည် ငရဲတောင်၏ ကျင့်ကြံသူအားလုံးကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ သူတို့ ကျင့်ကြံထားသည်မှာ အလွန်အမင်း ရှေးကျလှသော လူသေအလောင်း ထိန်းချုပ်ခြင်းမန္တန် ဖြစ်သဖြင့်၊ ငရဲတောင်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းလူသေအလောင်း အမြောက်အမြားကို ဖုံးကွယ်ထားခဲ့ရာ၊ ယခုအခါ ဆက်တိုက်ဆိုသလို ဆင့်ခေါ်လိုက်ကြသည်။ တစ်ခဏချင်းအတွင်း ငရဲတောင်၏ ဘေးပတ်ဝန်းကျင်တွင် သေမင်းအငွေ့အသက်များ လွှမ်းခြုံသွားခဲ့ရသည်။
သို့သော် ထိုနဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမလူကြီးနှင့် ယှဉ်လိုက်ပါက အနည်းငယ်မျှသာ ရှိတော့သည်။
နန်ကုန်းလျို၏ အသံသည် တောင်စောင့်အစီအရင်ကို အားကိုး၍ ဟိန်းထွက်လာခဲ့သည်။
"မင်းက တကယ်ပဲ ဘယ်သူလဲ။ ဘာလို့ ငါတို့ ငရဲတောင်ကို လာရောက်ကျူးကျော်တာလဲ။"
ထိုနဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမလူကြီးသည် အေးစက်စွာဖြင့် စကားပြောလိုက်ရာ၊ အသံမှာ မိုးကြိုးပစ်လိုက်သည့်အလား ဟိန်းထွက်သွားခဲ့ရသည်။
"လှံရှည်ကြီးကို အမြန်ဆုံး အပ်စမ်း။"
ဤအသံမှာ အလွန်အမင်း ရှေးကျပြီး ကျယ်ပြောလှကာ၊ လေးလံလှသော သမိုင်းကြောင်း အငွေ့အသက်များကို သယ်ဆောင်ထားသည်။ စကားပြောဆိုရာတွင် လူ့လောက၌ စစ်မှန်စွာ ပြောဆိုနေခြင်း ဖြစ်သော်လည်း၊ အလွှာလိုက် အာကာသများကို ဖြတ်သန်းလာခဲ့သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
နန်ကုန်းလျိုသည် မျက်မှောင်ကို ပြင်းထန်စွာ ကုတ်လိုက်မိသည်။ မည်သည့်လှံရှည်ကြီးလဲ၊ သူ တစ်ခါမျှ မကြားဖူးချေ။ ဤနဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမလူကြီးသည် လှံရှည်ကြီးအတွက်နှင့် ရောက်ရှိလာခြင်းလား။
ထို့နောက် သူ၏ အသံသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် ဟိန်းထွက်သွားခဲ့သည်။
"ဘာလှံရှည်ကြီးလဲ။ မင်းမှာ တစ်ခုခု အထင်လွဲမှုများ ရှိနေတာလား။"
သို့သော် သူ စကားပြောနေသည့် အချိန်တွင် တောင်စောင့်အစီအရင်ကြီးကို မိမိ၏ စွမ်းအားအားလုံး သုံး၍ နေခဲ့သည်။ ငရဲတောင်အတွင်းရှိ အစီအရင်မျက်စိများ ဆက်တိုက်ဆိုသလို လင်းထိန်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ ဘေးနားရှိ အရှိန်အဝါ အလွန်အမင်း ပြင်းထန်လှသော ရှေးဟောင်းလူသေအလောင်းကြီးသည်လည်း သူ၏ ဘေးနားသို့ ပျံသန်းရောက်ရှိလာခဲ့ပြီး၊ သူ၏ ကိုယ်စား ငရဲတောင် တောင်စောင့်အစီအရင်ကြီးကို ပြင်းထန်စွာ အသုံးပြု ခြင်းကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအားတန်ပြန်သက်ရောက်မှု ဒဏ်ရာများကို လွှဲပြောင်းခံယူပေးလိုက်သည်။
နဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမလူကြီးသည် ဒေါသများ ပြင်းထန်စွာ ပေါက်ကွဲလာခဲ့ပြီး သတ်ဖြတ်ခြင်း အရှိန်အဝါများ လုံးဝ ပေါ်ထွက်လာခဲ့သည်။
"အဲဒီနေ့တုန်းက မင်းတို့ အဲဒီလှံရှည်ကြီးကို လုယူခဲ့တုန်းက၊ ဒီနေ့လို နေ့မျိုး ရှိလာလိမ့်မယ်လို့ မတွေးမိခဲ့ဘူးလား။"
"မင်းတို့ ငရဲတောင်ကို ငါ တကယ် ရှာမတွေ့ဘူးလို့ ထင်နေတာလား။"
သူ၏ အသံကြောင့် ပြင်းထန်စွာ တုန်ခါသွားခဲ့သဖြင့်၊ ငရဲတောင်အတွင်းရှိ ကျောက်တုံးများနှင့် တောင်နံရံများမှာ တဖြည်းဖြည်းနှင့် အောက်သို့ ပြိုကျလာခဲ့ရသည်။ နဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမလူကြီးသည် လက်သီးတစ်ချက်ဖြင့် အောက်သို့ ထုချလိုက်တော့သည်။
ငရဲတောင် တောင်စောင့်အစီအရင်က ဖန်တီးထားသော ကာကွယ်ရေး အလင်းတံတိုင်းပေါ်တွင် တစ်ခဏချင်းအတွင်း ကြီးမားလှသော အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ရသည်။ သူ၏ ဘေးနားရှိ ရှေးဟောင်းလူသေအလောင်းကြီးက ဒဏ်ရာများကို လွှဲပြောင်းခံယူပေးခဲ့စေဦးတော့၊ နန်ကုန်းလျိုသည် ကြီးမားလှသော သွေးတစ်လုတ်ကို ထပ်မံ၍ အန်ထုတ်လိုက်ရပြန်သည်။ သို့သော် သူ၏ မျက်မှောင်မှာ ပိုမို၍ ပြင်းထန်စွာ ကုတ်လိုက်မိသည်။
ဒုန်း ဒုန်း ဒုန်း
လက်သီးတစ်ချက် ထပ်မံကျရောက်လာခဲ့ပြီး တောင်စောင့်အစီအရင်ပေါ်တွင် ထပ်မံ၍ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ပြန်ရာ၊ ကြည့်ရသည်မှာ ကြာရှည်စွာ တောင့်ခံနိုင်တော့မည်မဟုတ်ပေ။ နန်ကုန်းလျိုသည် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားခဲ့ရပြီး၊ မူလက မိမိကိုယ်တိုင် ငရဲတောင်၏ အရှင်သခင် ဖြစ်လာခဲ့သဖြင့် ပျော်ရွှင်နေခဲ့ပြီး မိမိ၏ အထက်တွင်ရှိသော ထိုအဆင့်မြင့်ပညာရှင်ကြီးများ သေဆုံးသွားခဲ့ကြခြင်းကို ဝမ်းသာနေခဲ့မိသော်လည်း၊ ယခုအချိန်တွင်မူ သူသည် ငရဲတောင်အတွင်းရှိ ထိုအစွမ်းထက်လှသော အဆင့်မြင့်ပညာရှင်ကြီးများ ယခုအချိန်အထိ ရှိနေသေးရန် အလွန်အမင်း မျှော်လင့်မိတော့သည်။
ကောင်းကင်ကြီး ပြိုကျလာခဲ့လျှင်ပင် မိမိထက် အရပ်မြင့်သော လူများက တောင့်ခံပေးထားနိုင်သည် မဟုတ်ပါလော။
နန်ကုန်းလျိုသည် ရင်ထဲ၌ ဝမ်းနည်းဒေါသထွက်မိသည်၊ သူသည် ငရဲတောင်၏ အရေးကိစ္စများကို စတင်ကိုင်တွယ်ခဲ့သည်မှာ မကြာသေးမီကမှ ဖြစ်သော်လည်း၊ ယခုအခါ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခုသည် အာကာသကို ဖြတ်သန်းလာခဲ့ပြီး ငရဲတောင်၏ တည်နေရာကိုပါ တိကျပြတ်သားစွာ ရှာဖွေတွေ့ရှိသွားခဲ့ခြင်းပင်။
သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ၊ သူသည် မကြာမီမှာပင် နားလည်သွားခဲ့ရသည် ၎င်းမှာ အမှန်စင်စစ် နယ်မြေတစ်ခုခုထဲတွင်၊ တောင်အတွင်းရှိ အဆင့်မြင့်ပညာရှင်ကြီးများသည် ဤနဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမလူကြီး၏ လက်ထဲမှ ထိုလှံရှည်ကြီးကို လုယူခဲ့ကြပြီး၊ မိမိတို့၏ ဂိုဏ်းအမည်နာမကိုပါ ပေးအပ်ခဲ့သဖြင့် တစ်ဖက်လူက လိုက်လံရှာဖွေလာခြင်း ဖြစ်ရမည်။
သို့သော် တစ်ဖက်လူအနေဖြင့် လျှိုဝှက်နယ်မြေကို ဖြတ်သန်း၍ ဤမျှအထိ လိုက်လံသတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြဖူးချေ။
နန်ကုန်းလျိုသည် စိတ်ထဲတွင် အလွန်အမင်း ဝမ်းနည်းဒေါသထွက်မိသည်။
"ဒီကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲ။ ဘာလို့ ငါ့ကို လာပြီး အပြစ်ပေးရတာလဲ။"
သူသည် စိတ်ထဲတွင် အတွေးများကို အမြန်ဆုံး လှည့်ပတ်လိုက်ပြီး၊ ငရဲတောင်၏ ရှေးဟောင်းတောင်စောင့်အစီအရင်ကြီးကို အစွမ်းကုန် ဆက်လက်ထိန်းသိမ်းလိုက်သည်။ သို့သော် ဤနဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမလူကြီး၏ ထပ်မံ၍ ပြင်းထန်လှသော တိုက်ခိုက်မှုအောက်တွင်၊ အစီအရင်ကြီးသည် ဝုန်းခနဲ မြည်ဟည်းကာ လုံးဝ ပျက်စီးသွားခဲ့ရတော့သည်။
အုန်း
ပြင်းထန်လှသော နဂါးဟိန်းသံကြီး ထွက်ပေါ်လာခဲ့ပြီး ကျင့်စဉ်အဆင့်နိမ့်လှသော ငရဲတောင် ပညာရှင်များ၏ ဝိညာဉ်များမှာ တစ်ခဏချင်းအတွင်း ပြင်းထန်စွာ တုန်ခါကာ ကွဲအက်ပျက်စီးသွားခဲ့ရတော့သည်။ ဤနဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီး၏ ကျင့်စဉ်အဆင့်မှာ အလွန်အမင်း ပြင်းထန်လှပြီး နက်နဲလွန်းလှသဖြင့်၊ နန်ကုန်းလျိုသည် မျက်နှာတစ်ခုလုံး လုံးဝ ပျက်သွားခဲ့ရကာ၊ ဤမျှအထိ အစွမ်းထက်လှသော တည်ရှိမှုကြီးနှင့် ဇွတ်အတင်း ထိပ်တိုက်တွေ့ခြင်းမှာ တကယ့်ကို ပညာမရှိသော ကိစ္စတစ်ခု ဖြစ်သည်။
သူသည် တိမ်တိုက်များကို စီး၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည့် အချိန်တွင်၊ ကောင်းကင်ယံထက်ရှိ ထိုရေပြင်ကျယ်ကြီးထဲမှနေ၍ မျက်လုံးခြောက်လုံး ပါရှိသော ဧရာမလိပ်ကြီးတစ်ကောင် ထပ်မံထွက်ပေါ်လာခဲ့လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ၎င်းသည် ငရဲတောင်၏ တောင်ထိပ်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့ပြီး၊ ခပ်ဖွဖွလေး တစ်ချက် မှုတ်ထုတ်လိုက်ရာ ရေမြူခိုးများမှာ ငရဲတောင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တော့သည်။
"မင်းတို့ရဲ့ ဂိုဏ်းအမည်ကိုပါ ပေးဝံ့သေးတယ်၊ တကယ်ပဲ မင်းတို့ ငရဲတောင်ကို ငါတို့ ရှာမတွေ့ဘူးလို့ ထင်နေတာလား။"
မျက်လုံးခြောက်လုံး ပါရှိသော ဧရာမလိပ်ကြီးသည် လူသားစကားကို ပြောဆိုလိုက်ရင်း အေးစက်စွာ ရယ်မောလိုက်သည်။ ယခုတစ်ခေါက် ငရဲတောင်၏ တည်နေရာကို ရှာဖွေတွေ့ရှိသွားခြင်းမှာ၊ သူနှင့် ထိုနဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမလူကြီးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ရလဒ်ပင် ဖြစ်သည်။
သူတို့နှစ်ဦးသည် တိုက်ခိုက်လေလေ ပိုမို၍ ဒေါသထွက်လေလေ ဖြစ်ခဲ့ရသဖြင့် နောက်ဆုံးတွင် လက်နက်ချင်း ငြိမ်းချမ်းရေးယူလိုက်ကြပြီး၊ တိုက်ခိုက်မှုဦးတည်ချက်ကို လှံရှည်ကြီးကို လုယူသွားခဲ့သော ငရဲတောင်၏ အပေါ်သို့ လှည့်ပြောင်းလိုက်ကြခြင်း ဖြစ်သည်။ ဤမျှအထိ ရှေးကျပြီး အစွမ်းထက်လှသော တည်ရှိမှုကြီး နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြသဖြင့်သာ၊ ယနေ့တွင် ဤကဲ့သို့သော မြင်ကွင်းမျိုး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
နန်ကုန်းလျိုသည် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားခဲ့ရသည်။ ကောင်းကင်ယံထက်ရှိ ဤမျက်လုံးခြောက်လုံး ပါရှိသော ဧရာမလိပ်ကြီး၏ အရှိန်အဝါမှာ၊ ထိုနဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမလူကြီးထက် အနည်းငယ်မျှ ဆုတ်ယုတ်ခြင်း မရှိချေ။ ထို့ပြင် ထိုမြူခိုးများတွင် အရှိန်အဝါများကို ပိတ်ဆို့ထားနိုင်သော စွမ်းပကား ရှိနေသဖြင့်၊ သူ၏ စိတ်အာရုံမှာ အပြင်ဘက်သို့ လုံးဝ ဖြန့်ကြက်၍ မရတော့ကြောင်း သိလိုက်ရသည်။
ထို့ပြင် မြူခိုးများထဲတွင် ပြင်းထန်လှသော အဆိပ်အတောက်များ ကိန်းအောင်းနေသဖြင့်၊ သူ၏ စိတ်အာရုံသည် မြူခိုးများနှင့် ထိတွေ့လိုက်ရုံမျှဖြင့် စိတ်ထဲတွင် ဗာဟီရများ ဖြစ်ပေါ်လာခဲ့ရပြီး ခေါင်းများ မူးနောက်လာခဲ့ရသည်။
နန်ကုန်းလျိုသည် စိတ်ထဲတွင် အလွန်အမင်း ဝမ်းနည်းဒေါသထွက်မိပြီး ဟိန်းဟောက်လိုက်သည်။
"ရန်သူကို ခုခံကြစမ်း။"
သို့သော် ဤမျှအထိ ရှေးကျပြီး အစွမ်းထက်လှသော တည်ရှိမှုကြီး နှစ်ဦး ပူးပေါင်းတိုက်ခိုက်မှုအောက်တွင်၊ ငရဲတောင် တပည့်များသည် ဤကြီးမားလှသော မြူခိုးများထဲမှ ထွက်မပြေးနိုင်ကြရုံမျှမက၊ အဆင့်မြင့်ပညာရှင်ကြီး နှစ်ဦး၏ လိုက်လံသတ်ဖြတ်ခြင်းကိုပါ ခံခဲ့ကြရသည်။ ထို့ပြင် ငရဲတောင်တစ်ခုလုံးသည်လည်း ပြင်းထန်စွာ ကွဲအက်ပျက်စီးသွားခဲ့ရချေပြီ။
ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း နတ်ဘုရားပညာရပ် အမျိုးမျိုးသည် ကောင်းကင်မှ ကျရောက်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင် ပြိုလဲပျက်စီးသွားခဲ့ရရာ၊ ကမ္ဘာပျက်မည့် မြင်ကွင်းတစ်ခုအလား ထင်မှတ်ရသည်။ ဘေးပတ်ဝန်းကျင်ရှိ ငရဲတောင် တပည့်များသည် ဤမြူခိုးများထဲမှ ထွက်ပြေးရန် ကြိုးစားကြသော်လည်း၊ တစ်ခဏချင်းအတွင်းမှာပင် စိတ်ဓာတ်များ ဖောက်ပြန်သွားခဲ့ကြရပြီး၊ မကြာမီမှာပင် ခန္ဓာကိုယ်ပေါ်ရှိ သွေးသားများ ဆုတ်ယုတ်ပျက်စီးကာ ဖြူဆွတ်လှသော အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။ အရိုးစုများသည်လည်း အလွန်အမင်း မြန်ဆန်စွာဖြင့် ပုပ်သိုးပျက်စီးသွားခဲ့ရပြီး၊ နှစ်ပေါင်းထောင်ချီ ဖြတ်သန်းခဲ့ရသည့်အလား ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ကျင့်စဉ်အဆင့် အမြင့်မားဆုံးဖြစ်သော နန်ကုန်းလျိုပင်လျှင် သေဘေးမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။ ငရဲတောင်တစ်ခုလုံးသည် လုံးဝ ပြိုလဲပျက်စီးသွားခဲ့ရချေပြီ။
နန်ကုန်းလျို မသေဆုံးမီ အချိန်တွင်၊ သူ၏ ရင်ထဲ၌ နောက်ဆုံး ကျန်ရှိနေခဲ့သော အတွေးမှာ
"တကယ်ပဲ ဘယ်သူက သူတို့ရဲ့ လှံရှည်ကြီးကို လုယူသွားခဲ့တာလဲ။"
ဤမျှအထိ ရှေးကျပြီး အစွမ်းထက်လှသော ကျင့်ကြံခြင်း အင်အားစုကြီးသည်၊ ယနေ့တွင် တစ်ခဏချင်းအတွင်း လုံးဝ ပျက်စီးသွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြဖူးချေ။
……
ငရဲတောင်၏ ဘေးပတ်ဝန်းကျင် မိုင် ၃၀ ခန့်အကွာတွင်။
လူအုပ်စုတစ်စုသည် ကောင်းကင်ယံထက်မှ ထိုအစွမ်းထက်လှသော တည်ရှိမှုကြီး နှစ်ဦး ကျရောက်လာသည်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။ ရှေးကျပြီး အစွမ်းထက်လှသော ငရဲတောင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝ ပျက်စီးသွားခဲ့ရပြီး တောင်တစ်ခုလုံး ပြိုလဲသွားခဲ့ရချေပြီ။
ထည်ဝါရိုသေဖွယ်ကောင်းသော အဘိုးအို ဘုန်းကြီးတစ်ဦးက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
"ထောင်ပေါင်းများစွာသော ဒုက္ခတွေကို ဖြတ်သန်းပြီးမှ ငရဲတောင်ကို ရှာဖွေတွေ့ရှိခဲ့တာ... ဒါပေမဲ့ တစ်ယောက်ယောက်က ငါတို့ထက် အရင်ဦးအောင် လာပြီး ဖျက်ဆီးသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။"
၎င်းမှာ တာရှန်းကော်မှ သက်ကြီးဝါကြီး ဘုန်းတော်ကြီးဖြစ်ပြီး၊ တတိယအဆင့် ပညာရှင်ကြီး ဘာရှုဘုန်းတော်ကြီး ပင် ဖြစ်သည်။
သူ၏ ဘေးနားတွင် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် တာအိုဆရာတစ်ဦး ရှိနေပြီး၊ အမူအရာမှာ ထူးခြားလှကာ သက်ပြင်းချလိုက်မိသည်။
"ဟုတ်ပါတယ်... ငရဲတောင်ရဲ့ တည်နေရာကို ရှာဖွေဖို့အတွက်၊ ငါလည်း စွမ်းအားအားလုံးကို သုံးစွဲခဲ့ရတာ... ဒါပေမဲ့ ငါတို့ရဲ့ မျက်စိရှေ့မှောက်မှာတင် လုံးဝ ပျက်စီးသွားခဲ့ရပြီ။"
အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး နှုတ်ခမ်းမွှေး ပူပူနှင့် ထွားကျိုင်းလှသော အမျိုးသားတစ်ဦးက သူတို့နှစ်ဦး၏ သက်ပြင်းချသံများကို ဖြတ်ပြောလိုက်သည်။
"မင်းတို့အနေနဲ့ ဝမ်းမြောက်သင့်တာက၊ ငါတို့ အရင်က ငရဲတောင်ထဲကို မဝင်ရောက်ခဲ့တာပဲ ဖြစ်တယ်။"
ဤထွားကျိုင်းလှသော အမျိုးသားမှာ တရားရုံးတော်ချုပ်မှ ရွှီထျန်းနန် ဖြစ်ပြီး၊ စောစောက စကားပြောခဲ့သော ခရမ်းရောင်ဝတ်စုံဝတ် တာအိုဆရာမှာ လုံဟူရှန်း မှ ကျောက်ထျန်းရှီး ပင် ဖြစ်သည်။ သူတို့၏ ဘေးပတ်ဝန်းကျင်တွင် အခြားသော တတိယအဆင့် ပညာရှင် အမြောက်အမြားပါ ရှိနေကြသည်။ ၎င်းမှာ ချန်နိုင်ငံတော်ဝင်အစိုးရ၏ ငရဲတောင်အပေါ် ကလဲ့စားချေခြင်းပင် ဖြစ်သည်။
လုံဟူရှန်းမှ ကျောက်ထျန်းရှီးသည် ဗေဒင်တွက်ခြင်းကို အလွန်အမင်း ကျွမ်းကျင်လှသဖြင့်၊ ကြီးမားလှသော ပေးဆပ်မှုများကို ပြုလုပ်ပြီးနောက်မှသာ ငရဲတောင်၏ တည်နေရာကို ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
တတိယအဆင့် ပညာရှင် အမြောက်အမြားသည် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသော်လည်း၊ မထင်မှတ်ဘဲ ထိုမြင်ကွင်းကို တိုက်ရိုက် မြင်တွေ့လိုက်ရခြင်းပင်။
အခန်း (၉၂၄) - ကမ္ဘာငယ်နှင့် ဝိညာဥ်နတ်ဘုရားတို့၏ တိုက်ပွဲကြီး ၊ ခြောက်ခြားဖွယ် မော်ရှန်းတောင် ဖြစ်ရပ်ဆန်း
ထိုလူစုထဲတွင် အေးစက်တည်ငြိမ်ပြီး ထူးခြားလှပသည့် ပုံရိပ်လွှာတစ်ခု ပါဝင်နေသည်။ သူမကား တတိယအဆင့် ကျင့်ကြံခြင်းနယ်ပယ်ထဲသို့ ခြေလှမ်းစတင် လှမ်းဝင်နိုင်ခဲ့သည့် မင်ဟော် ပင် ဖြစ်၏။ သူမ၏ ဘေးနားတွင်တော့ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။
သူမ၏ ရုပ်ရည်မှာ အလွန်အမင်း လှပချောမောနေသည်ဟု မဆိုသာသော်လည်း စိတ်နှလုံးကို အေးချမ်းစေသည့် တည်ငြိမ်အေးဆေးသော အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားရာ မြင်တွေ့ရသူတိုင်း စိတ်ထဲတွင် တစ်သက်မမေ့နိုင်လောက်အောင် စွဲထင်ကျန်ရစ်စေပေသည်။
အဆင့်မြင့်ကျင့်ကြံသူ လူကြီးမင်းများအားလုံးသည် ဗိုလ်မှူး ပြောသည့် စကားများမှာ မှန်ကန်ကြောင်း ကောင်းစွာ နားလည်သဘောပေါက်ထားကြသည်။
အကယ်၍များ သူတို့သာ စောစောစီးစီး ငရဲတောင် ထဲသို့ စစ်ချီတိုက်ခိုက်ခဲ့ကြမည်ဆိုလျှင် ယခုအချိန်၌ ကောင်းကင်ယံထက်တွင် ပေါ်ပေါက်နေသည့် ထိုကြောက်မက်ဖွယ်ရာ အစွမ်းထက် သက်ရှိကြီးနှစ်ကောင်၏ ခွဲခြားမှုမရှိဘဲ အကုန်အစင် သုတ်သင်ချေမှုန်းမည့် တိုက်ခိုက်မှုအောက်တွင် ပျက်စီးပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။
ရွှီထျန်းနန် သည် ကောင်းကင်ယံကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်ကာ ရင်ထဲရှိ ခံစားချက်ကို ဆက်လက် ရေရွတ်လိုက်သည်။
"ငရဲတောင်ရဲ့ လုပ်ရပ်တွေက ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို နှိုးဆွမိသွားတာပဲ။ အခုလို ကြောက်စရာကောင်းတဲ့ တန်ခိုးရှင်တွေကို သွားပြီး ရန်စမိမှတော့... ဒီလို ကပ်ဘေးမျိုးနဲ့ ရင်ဆိုင်ရတာ သူတို့ အလှည့် ရောက်ပြီလို့ပဲ ပြောရမှာပေါ့"
လူတိုင်းက ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းတညိတ်ညိတ် လုပ်ကြသော်လည်း ရင်ထဲတွင်တော့ တုန်လှုပ်ခြောက်ခြားမှုများ မပြယ်သေးချေ။
တောတောင်လျှို့ဝှက်နယ်မြေများထဲတွင် ရတနာလုယူကြသည်မှာ ကျင့်ကြံခြင်းလောက၏ သာမန်လုပ်ရိုးလုပ်စဥ် ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။ သူတို့ကိုယ်တိုင်လည်း ငယ်ရွယ်စဥ်အချိန်က ထိုကဲ့သို့သော ကိစ္စရပ်များကို မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ဖူးသည်။
သို့သော်လည်း လျှို့ဝှက်နယ်မြေထဲမှနေ၍ အပြင်လောကအထိ အငြိုးတကြီး လိုက်လံသုတ်သင် နှိမ်နင်းခြင်းမျိုးကိုမူ သူတို့တစ်ခါမျှ မကြုံဖူးချေ။ ဤအချက်ကပင် စိတ်ထဲတွင် အလွန်တရာ တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းနေတော့သည်။
နတ်သမီးတစ်ပါးကဲ့သို့ အေးစက်တည်ငြိမ်လှသည့် မင်ဟော် က ရုတ်တရက် နှုတ်ခမ်းဟကာ ပြောလိုက်သည်။
"ဒီလောက် အစွမ်းထက်တဲ့ သက်ရှိကြီးနှစ်ကောင်ရဲ့ လက်ထဲကနေ အဲဒီ လှံကြီးကို လုယူသွားနိုင်ခဲ့တယ်ဆိုတော့... ငရဲတောင်က အဲဒီကျင့်ကြံသူကလည်း တကယ်ကို အောက်ခြေမသိနိုင်အောင် နက်နဲဆန်းကြယ်တဲ့သူပဲ ဖြစ်ရမယ်"
ကိုယ်လုံးကိုယ်ထည် ထောင်ထောင်မောင်းမောင်းနှင့် စူးရှထက်မြက်သော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် တရားရုံးတော်ချုပ် ၏ တတိယအဆင့် ကျင့်ကြံသူ ရွှီထျန်းနန် သည် မျက်ခုံးပင့်ကာ တွေးတောလိုက်ပြီး
"မင်ဟော် ပြောတာ မှန်တယ်။ အဲဒီလူရဲ့ အစွမ်းက... ငရဲတောင် တစ်ဂိုဏ်းလုံးမှာ အားအကိုးရဆုံးနဲ့ အကြောက်ရဆုံး ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်"
ထိုစဥ် ပေါင်ရှုးဆရာတော် က ဝင်ရောက်မိန့်ကြားသည်။
"ပြီးခဲ့တဲ့အချိန်တုန်းက ငရဲတောင်ဟာ မြောက်ပိုင်းနယ်ခြားမြို့တော်ကို အမြစ်ပြတ်ချေမှုန်းဖို့ အဆင့်မြင့် ကျင့်ကြံသူတွေကို စေလွှတ်ခဲ့သေးတယ်။ အဲဒီ ဆန်းကြယ်တဲ့လူဟာ မြို့တော်အပြင်ဘက် တိုက်ပွဲမှာတင် သေဆုံးသွားခဲ့ပြီ ထင်တယ်"
ဆရာတော်က ထိုကိစ္စကို ထုတ်ဖော်ပြောဆိုလိုက်သည်တွင် လူတိုင်း၏ အကြည့်များသည် တည်ငြိမ်စွာ မတ်တပ်ရပ်နေသည့် ကိုယ်လုံးကိုယ်ထည် ကြီးမားထွားကျိုင်းသော သက်ကြီးရွယ်အို အမျိုးသားကြီးတစ်ဦးထံသို့ မပြတ်တမ်း ရောက်ရှိသွားကြတော့သည်။
ထိုအဘိုးအိုသည် ဘာမျှမလုပ်ဘဲ ငြိမ်သက်စွာ ရပ်နေရုံမျှဖြင့်ပင် သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် လွန်စွာ ဖိနှိပ်မှု ရှိလှသည်။ ကျန်းမာသန်စွမ်းပြီး အားမာန်ပြည့်ဝနေသည့် သွေးလေအရှိန်အဝါများ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေကာ လူသတ်ငွေ့ အကြွင်းအကျန်အချို့လည်း ရောယှက်နေသည်။
ထိုကြီးမားထွားကျိုင်းသော ခန္ဓာကိုယ်နှင့် ရွှီမိသားစု၏ ဘိုးဘေးကြီး က အေးစက်စက် လေသံဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။
"ငရဲတောင်ကို ငါ့လက်နဲ့ကိုယ်တိုင် မချေမှုန်းလိုက်ရတာ... ငါ့ရင်ထဲက အာဃာတဒေါသတွေ မပြေနိုင်သေးဘူး"
ကျောက်တာအိုဆရာ ကလည်း ဘေးမှနေ၍ အလျင်အမြန် ဖျောင်းဖျရရှာသည်။
"အဘိုးအိုရွှီ ရေ... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး။ အပြင်က ပေါ်နေတဲ့ သက်ရှိကြီးနှစ်ကောင်က တို့တွေ သွားပြီး ရန်စလို့ရတဲ့ အရာတွေ မဟုတ်ဘူး"
မိသားစု ဘိုးဘေးကြီးက နှာခေါင်းရှုံ့ကာ အသံထွက်အောင် နှာမှုတ်လိုက်ပြီး
"သူတို့ကို အလကား သက်သက် သက်ညှာပေးလိုက်သလို ဖြစ်သွားတာပေါ့ မဟုတ်ရင်သာ ငါ့လက်ထဲကို ရောက်လာလို့ကတော့... ငရဲတောင်က လူတွေကို အရေခွံဆုတ်၊ အရိုးထုတ်ပြီး ငါ့ရဲ့ ရက်စက်တဲ့ နည်းလမ်းတွေကို ကောင်းကောင်းကြီး သိအောင် လုပ်ပေးလိုက်မှာ "
ရွှီမိသားစု ဘိုးဘေးကြီး၏ စကားလုံးတိုင်းတွင် ဖုံးကွယ်ထားခြင်းမရှိသည့် သတ်ဖြတ်လိုသော အငြိုးအတေး အငွေ့အသက်များ ပြည့်နှက်နေသည်။
ပြီးခဲ့သည့်ကာလက ငရဲတောင်သည် အဆင့်မြင့်ကျင့်ကြံသူများကို စေလွှတ်ကာ မြောက်ပိုင်းနယ်ခြားမြို့တော်ကို ဝိုင်းရံတိုက်ခိုက်ခဲ့ပြီး မြို့တော်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုကြီးမားလှသည့် အမုန်းတရားနှင့် နာကျည်းချက်များကို ခရုခွံထဲက ရေလို ရွှီမိသားစု ဘိုးဘေးကြီးက မေ့ပျောက်နိုင်ခြင်း မရှိသေးချေ။
ယခုအချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ပေါင်ရှုးဆရာတော်နှင့် ကျောက်တာအိုဆရာတို့ကိုပင် ကျော်လွန်သွားခဲ့ပြီး တတိယအဆင့်၏ အလယ်လတ်ပိုင်း သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ အရှိန်အဝါမှာ မြင့်မားလှသည့် တောင်ကြီးတစ်လုံးကဲ့သို့ ထုထည်ကြီးမားလှပြီး ကြည့်ရုံမျှဖြင့်ပင် ရင်တုန်ပန်းတုန် ဖြစ်စေသည်။
ထိုစဥ် အဝါရောင်ဝတ်စုံနှင့် တည်ငြိမ်အေးဆေးသော အမျိုးသမီးက ကောင်းကင်ယံကို မော့ကြည့်ရင်း ရုတ်တရက် ဆိုလာသည်။
"ကောင်းကင်ပေါ်က ကြီးမားလှတဲ့ အဲဒီရေကန်ကြီး က... ဒဏ္ဍာရီထဲမှာ ပါလေ့ရှိတဲ့ ယွန်းမုန်းကျောက်ကန် နဲ့ မတူဘူးလား "
လူတိုင်းသည် ထိုစကားကြောင့် အံ့အားသင့်သွားကြပြီး ကောင်းကင်ယံထက်ရှိ ကြီးမားလှသော ရေကန်ကြီးဆီသို့ အကြည့်လွှဲကာ သေချာကြည့်ရှုကြတော့သည်။
ယွန်းမုန်းကျောက်ကန်ကြီးသည် ရှေးဟောင်းခေတ်က လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်ခဲ့ပြီး လူ့လောကထဲမှ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ယခင်ကလည်း အဆင့်မြင့်ကျင့်ကြံသူ အများအပြားသည် ထိုကမ္ဘာငယ်ကို လိုက်လံရှာဖွေခဲ့ကြဖူးသော်လည်း နောက်ပိုင်းတွင် ထိုလူများပါ အစအနမကျန် ပျောက်ကွယ်သွားခဲ့ကြဖူးသည်။
ကျောက်တာအိုဆရာသည် လက်ချောင်းများကို အသုံးပြု၍ ဗေဒင်ကိန်းဂဏန်းများကို အလျင်အမြန် တွက်ချက်ကြည့်လိုက်ပြီးနောက် လန့်ဖျတ်ကာ အော်မိတော့သည်။
"တကယ်ကြီး... ယွန်းမုန်းကျောက်ကန် ဖြစ်နေတာပဲ "
ဤကဲ့သို့ ကြီးမားလှသည့် ကိစ္စရပ်မျိုးကို သူ၏ ကောင်းကင်လျှို့ဝှက်ချက် နိမိတ်ဖတ်ခြင်းအတတ်ဖြင့် တွက်ချက်၍ ရနိုင်ပေသည်။
သို့သော်လည်း ရှေးဟောင်းခေတ်က နဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော နတ်ဘုရားကြီးနှင့် မျက်လုံးခြောက်လုံးပါသော လိပ်ဘီလူးကြီးတို့၏ မူလဇစ်မြစ် အစစ်အမှန်က ဘာလဲဆိုသည်ကိုမူ... ကျောက်တာအိုဆရာ အနေဖြင့် တွက်ချက်၍ မရသည်တော့ မဟုတ်ပါ။ သို့သော် တွက်ချက်ရန်အတွက် အလွန်တရာ ကြီးမားလှသော တန်ဖိုးကို ပေးဆပ်ရမည် ဖြစ်သည်။ သူ၏ လက်ထဲတွင်ရှိသော အစွမ်းထက်သည့် သံလိုက်အိမ်မြှောင် ကို အသုံးပြုလျှင်ပင် သူကိုယ်တိုင်လည်း ဒဏ်ရာအနာတရ အကြီးအကျယ် ခံစားရမည် ဖြစ်သည်။
လူတိုင်းသည် ကျောက်တာအိုဆရာ၏ စကားကြောင့် ပိုမိုအံ့သြမှင်သက်သွားကြပြီး ကောင်းကင်ယံရှိ ကမ္ဘာငယ်ကြီးဆီသို့ မျက်တောင်မခတ်တမ်း ငေးကြည့်နေကြတော့သည်။
ကျောက်တာအိုဆရာသည် ခတ္တမျှ စဥ်းစားတွေးတောလိုက်ပြီးနောက် ထိုအရှိန်အဟုန်ကို အသုံးချ၍ ယွန်းမုန်းကျောက်ကန် တည်ရှိရာနေရာ သို့မဟုတ် ထိုအစွမ်းထက် သက်ရှိကြီးနှစ်ကောင်၏ နောက်ခံသမိုင်းကြောင်းကို ဆက်လက်တွက်ချက်ခြင်း မပြုတော့ရန် ဆုံးဖြတ်လိုက်သည်။
ဤမြင်ကွင်းသည် ရေထဲက အရိပ်၊ တံလျှပ်ကဲ့သို့ ထင်ယောင်ထင်မှား မြင်ကွင်းမျိုးနှင့် တူညီနေသည်။ အချို့သော အချိန်များတွင် ၎င်းသည် စိတ်ကူးယဉ် အတုအယောင်မျှသာ ဖြစ်နိုင်သော်လည်း... တစ်ခါတစ်ရံတွင်မူ အစစ်အမှန်လည်း ဖြစ်နေတတ်ပေသည်။
အထူးသဖြင့် ကွဲပြားခြားနားသော အခြေအနေအချို့အောက်တွင် အချို့သော လျှို့ဝှက်နယ်မြေများ သို့မဟုတ် ထူးခြားသည့် သီးခြားဟင်းလင်းပြင်များ လူ့လောကထဲသို့ ထိုးဖောက်ထင်ဟပ်ပြသလာခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။
…
ငရဲတောင် သည် ယွန်းမုန်းကျောက်ကန် ထဲမှ ထွက်ပေါ်လာသော အစွမ်းထက် သက်ရှိကြီးနှစ်ကောင်၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် မကြာခင်မှာတင် အပိုင်းပိုင်းအစစ ပြိုလဲပျက်စီးသွားခဲ့ရသည်။
သို့သော်လည်း ထိုသက်ရှိကြီးနှစ်ကောင်သည် ချက်ချင်း ထွက်ခွာသွားခြင်း မရှိဘဲ ပျက်စီးသွားသော နယ်မြေထဲတွင် တစ်ခုခုကို ရှာဖွေနေကြသကဲ့သို့ ပြုလုပ်နေကြသည်။ ခတ္တမျှ ကြာပြီးနောက်တွင် ကောင်းကင်ယံထက်ရှိ ကြီးမားသော ရေကန်ကြီးသည် စတင်၍ ကွေးကောက်တွန့်လိမ်လာကာ အလင်းရောင်များမှာလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်လာတော့သည်။
မျက်လုံးခြောက်လုံးပါသော လိပ်ဘီလူးကြီးသည် မကျေမနပ်ဖြစ်စွာဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ နဂါးခေါင်းနှင့် လူခန္ဓာကိုယ်ရှိသော ဘီလူးကြီးကလည်း သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက်... နောက်ဆုံးတွင် ကောင်းကင်ယံထက်မှ ထိုကြီးမားသော ရေကန်ကြီး၏ မြင်ကွင်းသည် တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားလေတော့သည်။
ပျက်စီးသွားသော ငရဲတောင်၏ အပျက်အစီးများပေါ်တွင် ရှိနေသည့် ထိုအစွမ်းထက် သက်ရှိကြီးနှစ်ကောင်၏ ပုံရိပ်များသည်လည်း ရေကန်ကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားကြသည်။ ရေကန်ကြီး၏ မြင်ကွင်း ပျောက်ကွယ်သွားသည်နှင့်အမျှ ထိုတန်ခိုးရှင် သက်ရှိကြီးနှစ်ကောင်သည်လည်း လူ့လောကထဲမှ နောက်တစ်ကြိမ် ထပ်မံ၍ ကွယ်ပျောက်သွားကြပြန်သည်။
မလှမ်းမကမ်းနေရာတွင် ကျောက်တာအိုဆရာသည် လက်ချောင်းများကို တွက်ချက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
"ကောင်းကင်နိမိတ်ကို ဖုံးကွယ်ထားတာလား"
ရွှီထျန်းနန် က ဘေးမှနေ၍ မေးမြန်းသည်။
"ဘာဖြစ်လို့လဲ"
ကျောက်တာအိုဆရာက တိုးညင်းသော လေသံဖြင့် ဆိုသည်။
"ခုနက ငါ့စိတ်ထဲမှာ ရုတ်တရက် အတွေးတစ်ခု ဝင်လာလို့။ အဲဒီ လှံကြီးကို လုယူသွားတဲ့သူက... တကယ်ပဲ ငရဲတောင်က လူ ဟုတ်ရဲ့လား တခြား အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ယောက်က ရုပ်ဖျက်ပြီး လုပ်သွားတာမျိုးကော မဖြစ်နိုင်ဘူးလား "
ရွှီထျန်းနန် က မျက်ခုံးပင့်လိုက်ပြီး
"တကယ်ကြီး အဲလို ဖြစ်နိုင်ချေ ရှိတာပဲ"
သို့သော် ချက်ချင်းဆိုသလိုပင် သူက ပြုံးလိုက်ကာ
"ဒါပေမဲ့ ဒီလောက်အထိ လူပါးဝပြီး ကောက်ကျစ်တဲ့သူမျိုးတော့ ရှိမယ်မထင်ပါဘူး"
သူ၏ အကြည့်များသည် အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားပြီး သက်ရှိတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်းမရှိတော့သည့် ငရဲတောင်ဆီသို့ ရောက်ရှိသွားကာ စိတ်မကောင်းစွာဖြင့် ဆက်ပြောသည်။
"တကယ်လို့သာ အဲဒီလိုမျိုး ဖြစ်ခဲ့မယ်ဆိုရင်တော့... ဒီနေ့ ငရဲတောင် တစ်ဂိုဏ်းလုံး ပျက်စီးသွားရတာ တကယ်ကို မတရား အသေဆိုးနဲ့ သေသွားရတာပဲ"
လူတိုင်းသည် ထိုစကားကို ကြားသောအခါ ငရဲတောင်၏ အပျက်အစီးပုံကြီးကို လှမ်းကြည့်လိုက်ကြပြီး မျက်နှာအမူအရာများမှာ ထူးဆန်းအံ့သြဖွယ် ဖြစ်နေကြတော့သည်။
…………
ဝေမြို့တော်
လီယန်ချူ နှင့် ဆိုင်ရှင်မ တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြစဥ်... လီယန်ချူ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဆိုင်ရှင်မက တိုးညင်းသော လေသံဖြင့် မေးမြန်းသည်။
"ဘာဖြစ်လို့လဲ"
လီယန်ချူက ခေါင်းခါပြလိုက်ပြီး
"ဘာမှမဖြစ်ပါဘူး။ ခုနက နှာချေချင်စိတ် ရုတ်တရက် ပေါက်လာလို့ပါ"
ကျင့်ကြံခြင်းနယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကျင့်ကြံသူတစ်ဦးအတွက် ဤကဲ့သို့ ခံစားချက်မျိုး ပေါ်ပေါက်လာခြင်းမှာ အလွန်ထူးဆန်းလှပေသည်။
ဆိုင်ရှင်မ က သဘောကျစွာ ရယ်မောလိုက်ပြီးနောက်... သူမ၏ မျက်ဝန်းများက 'ရှင် ကျွန်မကို နောက်နေတာလား' ဟု မေးနေသကဲ့သို့ ရှိသည်။
သို့သော် ချက်ချင်းပင် ဆိုင်ရှင်မက ခြံဝင်းအတွင်း၌ ပျံသန်းကစားနေသည့် ရွှေကျီးကန်းလေး ကို လက်ညှိုးထိုးပြရင်း သက်ပြင်းချကာ ဆိုသည်။
"ကျွန်မ တကယ်ပဲ ပင်လယ်ထဲကို မသွားခဲ့သင့်ဘူး။ ရှင်က ဒဏ္ဍာရီထဲက ရွှေကျီးကန်းကိုတောင် ရှာတွေ့နိုင်တယ်ဆိုတော့... ရှင့်အတွက် ရှာမတွေ့နိုင်တဲ့အရာ ဆိုတာ ရှိဦးမလားပဲ"
လီယန်ချူက ပြုံးလိုက်ပြီး ခုနက စိတ်ထဲတွင် ဖြစ်ပေါ်သွားသည့် ထူးဆန်းသော ခံစားချက်ကို ဆက်လက်တွေးတောမနေတော့ဘဲ
"ရွှေကျီးကန်းလေးရဲ့ ကျင့်ကြံခြင်းအဆင့်အရဆိုရင်... မူလစိတ်အသိဉာဏ် တွေ ပွင့်နေရမှာ ဖြစ်ပေမဲ့ အခု သူ့ရဲ့ မျက်လုံးတွေကို ကြည့်ကြည့်ပါဦး"
လီယန်ချူက ပြီးခဲ့သည့်ကာလအတွင်း သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ဆိုင်ရှင်မ အား အသေးစိတ် ပြောပြလိုက်သည်။
ဆိုင်ရှင်မ သည် ထိုအကြောင်းအရာများကို နားထောင်ရင်း အလွန်ပင် စိတ်လှုပ်ရှား စိတ်ဝင်စားမိသလို ဝမ်းသာပီတိလည်း ဖြစ်မိသည်။
ကျိုဖုန်းတောင် ၏ မြေအောက်ကမ္ဘာ ရှေးဟောင်းမြို့တော်၊ ဟောထုံတောင် လျှို့ဝှက်နယ်မြေ၊ ထို့ပြင် ယခုတစ်ခေါက် သွားရောက်ခဲ့သည့် သဲကန္တာရ လျှို့ဝှက်နယ်မြေအထိ... လီယန်ချူ ရရှိခဲ့သော ကျင့်ကြံခြင်း အထောက်အကူပြု ရတနာအရင်းအမြစ်များမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလှပေသည်။
ဝါးခမောက်ဆောင်းထားသည့် အမျိုးသားကဲ့သို့သော တန်ခိုးရှင်ကြီး၏ စုဆောင်းထားမှုများတင် ဂိုဏ်းကြီးတစ်ခုလုံး၏ ရတနာတိုက်နှင့် နှိုင်းယှဥ်နိုင်လောက်ပေသည်။ သဲကန္တာရ လျှို့ဝှက်နယ်မြေထဲမှ ရရှိခဲ့သည့် ထူးခြားဆန်းပြားသော ရတနာများအကြောင်းကိုမူ ဆိုနေရန်ပင်မလိုတော့ချေ။
လီယန်ချူ၏ စကားကို ကြားသောအခါ ဆိုင်ရှင်မက ညှို့ဓာတ်ပြည့်ဝသော အပြုံးဖြင့် ရယ်မောလိုက်ပြီး
"ရှင် ပြောတော့... နဂါးသွေးကြော ရှိတဲ့ အဲဒီလျှို့ဝှက်နယ်မြေထဲမှာ ရွှေကျီးကန်းတစ်ကောင်ရဲ့ အရိုးစုကို မြင်ခဲ့ရတယ် ဆို"
လီယန်ချူက
"ဟုတ်တယ်။ ရွှေကျီးကန်းလေးက အဲဒီအရိုးစုဆီကနေ ရွှေကျီးကန်းရဲ့ အစွမ်းတွေကို အပြည့်အဝ ဆက်ခံရရှိသွားတာ"
ဆိုင်ရှင်မ က ရှင်းပြသည်။
"အဲဒီလို အစွမ်းတွေကို အပြည့်အဝ ဆက်ခံရရှိနိုင်ဖို့အတွက် အခြေအနေတစ်မျိုးပဲ ရှိတယ်"
လီယန်ချူက အံ့အားသင့်သွားပြီး ထပ်ဆင့်မေးမြန်းလိုက်သည်။
"ဘာအခြေအနေမျိုးလဲ"
ဆိုင်ရှင်မ က တည်ငြိမ်စွာဖြင့်
"အဲဒီအရိုးစုက... သူ့ရဲ့ မူလခန္ဓာကိုယ်ဟောင်း ဖြစ်နေတာမျိုးပေါ့"
လီယန်ချူက ပိုမိုအံ့သြသွားရပြီး
"သူ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ် ဟုတ်လား"
"မှန်တယ်" ဆိုင်ရှင်မ က ခေါင်းညိတ်ပြကာ
"ရွှေကျီးကန်းမျိုးနွယ်စုဟာ ဖီးနစ်ငှက်တွေနဲ့ ဆင်တူတဲ့ အချက်ရှိတယ်။ ဖီးနစ်ငှက်တွေက မီးလျှံတွေထဲကနေ တစ်ကျော့ပြန် အသက်ပြန်ရှင်လာနိုင်သလို... ရွှေကျီးကန်းတွေကလည်း ပြာပုံထဲကနေ ရုန်းထွက်ပြီး အသစ်တစ်ဖန် မွေးဖွားခြင်း ကို ပြုလုပ်နိုင်ကြတယ်"
လီယန်ချူက လွန်စွာအံ့သြသွားပြီး
"ဒါဆို မင်း ပြောချင်တာက... ငါ အဲဒီ နဂါးသွေးကြော လျှို့ဝှက်နယ်မြေထဲမှာ မြင်ခဲ့ရတဲ့ ရွှေကျီးကန်း အရိုးစုက ရွှေကျီးကန်းလေး အသစ်တစ်ဖန် မမွေးဖွားခင်တုန်းက သူ့ရဲ့ ခန္ဓာကိုယ်ဟောင်းပေါ့ ဟုတ်လား"
ဆိုင်ရှင်မ က ခေါင်းခါပြလိုက်ပြီး
"အဲဒီလို ဖြစ်နိုင်ချေ ရှိတယ်လို့ပဲ ပြောတာပါ။ သူ့ရဲ့ အခြေအနေက တော်တော်လေး ထူးခြားတယ်။ ဝိညာဉ်က အပြည့်အဝ ရှိနေပေမဲ့... စွမ်းအားကြီးတဲ့ တားမြစ်ပိတ်ပင်ချက် တစ်ခုအောက်မှာ မိနေသလိုမျိုးပဲ"
လီယန်ချူသည် ရွှေကျီးကန်းလေး၏ ဝိညာဉ်ထဲတွင် မည်သည့် တားမြစ်ချက်မျှ ရှိနေသည်ကို တစ်ခါမျှ သတိမပြုမိခဲ့သဖြင့် အံ့သြစွာဖြင့် မေးလိုက်သည်။
"အဲဒီ တားမြစ်ချက်ကို ဖျက်ဆီးပစ်လို့ ရမလား"
ဆိုင်ရှင်မ ၏ စွမ်းရည်များကို သူ ကောင်းစွာ သိရှိထားသည်။ ရှေးဟောင်း စုန်းနတ်ဘုရား ဝိညာဉ်၏ ကျိန်စာကိုပင် ဆိုင်ရှင်မ က အလွယ်တကူ ဖြေဖျောက်ပေးနိုင်ပြီး တခြားသူ၏ ခေါင်းပေါ်သို့ ပြောင်းရွှေ့ပေးနိုင်ခဲ့ဖူးသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ဆိုင်ရှင်မ က ခေါင်းခါပြလိုက်ပြီး
"အခုလောလောဆယ်တော့ ကျွန်မလည်း မဖြေနိုင်သေးဘူး"
ထိုစကားတစ်ခွန်းကပင် အချက်အလက်များစွာကို အရိပ်အမြွက် ပြသနေသည်။ ပထမအချက်မှာ ထိုတားမြစ်ချက်သည် အလွန်အမင်း အစွမ်းထက်နေခြင်း ဖြစ်ပြီး၊ ဒုတိယအချက်မှာမူ ယခုမဖြေနိုင်သေးသော်လည်း နောင်တစ်ချိန်တွင်မူ ဆိုင်ရှင်မ အနေဖြင့် ဖြေဖျောက်နိုင်လိမ့်မည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
လီယန်ချူက ခတ္တမျှ စဥ်းစားလိုက်ပြီးနောက်
"ငါ နတ်ဘုရားထိန်းချုပ်ခြင်း အစွမ်းကို သုံးပြီး သူ့ရဲ့ ဝိညာဉ်ထဲမှာ သခင်အဖြစ် သတ်မှတ်တဲ့ အမှတ်အသား လုပ်ထားတာ။ အဲဒါကော တစ်ခုခု သက်ရောက်မှု ရှိနိုင်မလား "
ဆိုင်ရှင်မ က သာယာလှပစွာ ပြုံးလိုက်ပြီး
"အဲဒါကတော့ ဘာမှမဖြစ်ပါဘူး။ အသစ်တစ်ဖန် မွေးဖွားလာပြီးတဲ့နောက်မှာ ဝိညာဉ်က ကလေးလေးတစ်ယောက်လို အသစ်စက်စက် ဖြစ်နေတာ။ ရှင်က အခုအချိန်မှာ အမှတ်အသား လုပ်ထားတာဆိုတော့... နောင်တစ်ချိန် သူက တားမြစ်ချက်ကို ချိုးဖျက်ပြီး အတိတ်ကို သတိရလာရင်တောင် အဲဒီအမှတ်အသားကို ဖျက်ပစ်လို့ ရမှာမဟုတ်ဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ကိုလည်း ဘာအန္တရာယ်မှ မဖြစ်စေပါဘူး"
လီယန်ချူက ခေါင်းညိတ်လိုက်ပြီး
"သူ့ရဲ့ မူလ ဇစ်မြစ်အစစ်အမှန်ကိုကော ကြည့်လို့ ရမလား"
ဆိုင်ရှင်မ က ခေါင်းခါပြပြန်ကာ
"တားမြစ်ချက်က သမိုင်းမတင်မီခေတ်ကတည်းက ရှိခဲ့တာဆိုတော့ အလွန် ရှေးကျလွန်းတယ်။ သူ အသစ်တစ်ဖန် မမွေးဖွားခင်တုန်းက... မသေမျိုးနတ်ဘုရား အဆင့်ထက် မနိမ့်တဲ့ တန်ခိုးရှင်တစ်ပါး ဖြစ်ခဲ့မယ် ဆိုတာလောက်ပဲ ကြည့်လို့ ရတယ်"
လီယန်ချူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မျက်ဝန်းများထဲတွင် အံ့သြရိပ်များ ထင်ဟပ်သွားသည်။
သူက ရှေးဟောင်းခေတ်က ကျန်ရစ်ခဲ့တဲ့ သားရဲရတနာလေးတစ်ကောင်ကို ရှာတွေ့ခဲ့တာ ထင်နေခဲ့သော်လည်း... ယခုကြည့်ရသည်မှာ စွမ်းအားများ အားနည်းနေသည့် ရှေးဟောင်း တန်ခိုးရှင်ကြီးတစ်ပါးကို ရှာတွေ့ထားခဲ့ခြင်း ဖြစ်နေပေသည်။
"ဒါဆို... သူ့ရဲ့ အစွမ်းတွေ ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာတာက သားရဲမျိုးနွယ်စု ဖြစ်နေလို့ မဟုတ်ဘဲ... သူက သူ့ရဲ့ မူလ အစွမ်းတွေကို ပြန်ပြီး နိုးထစေနေတာပေါ့ ဟုတ်လား "
လီယန်ချူ၏ စကားအဆုံးတွင် ဆိုင်ရှင်မက ခေါင်းညိတ်ပြလိုက်ပြီး
"မှန်တယ်။ ကျွေ့ဟွာ တို့လို ကောင်တွေကသာ အစကနေ စပြီး ကျင့်ကြံနေရတာ။ ရွှေကျီးကန်းလေးကတော့ သူ့ရဲ့ မူလအစွမ်းတွေကို ပြန်လည်ရယူနေရုံပဲ"
လီယန်ချူက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။
အကယ်၍ ဆိုင်ရှင်မ သာ စောစောက အမှတ်အသားလုပ်ထားခြင်းက ဘာမှမဖြစ်နိုင်ကြောင်း မပြောခဲ့လျှင်... သူသည် ယခုအချိန်၌ ထိုအမှတ်အသားကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းရန် စဥ်းစားမိမည် ဖြစ်သည်။
"သူက အတိတ်က မှတ်ဉာဏ်တွေနဲ့ အစွမ်းတွေ ပြန်ရလာရင်... နည်းနည်းတော့ ပြဿနာရှိနိုင်တယ်"
သို့သော် ဆိုင်ရှင်မ က အသစ်တစ်ဖန် မွေးဖွားပြီးနောက်တွင် ပြုလုပ်ထားသည့် အမှတ်အသားဖြစ်သဖြင့် အစွမ်းများ ပြန်လည်ရရှိလာလျှင်ပင် ဖျက်ဆီး၍ မရနိုင်ကြောင်း ပြောထားခဲ့ပြီး ဖြစ်သည်။
"အမှတ်အသားကို ဒီအတိုင်း ချန်ထားတာကမှ... ပိုပြီး စိတ်ချရဦးမယ်"
………………
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လတာ အချိန်ကာလ ကုန်ဆုံးသွားခဲ့လေပြီ။
လီယန်ချူသည် ဝေမြို့တော်၌သာ စိတ်အေးချမ်းသာစွာဖြင့် တာအိုကျမ်းစာ များကို လေ့လာကျင့်ကြံနေခဲ့သည်။
ဤတစ်လအတွင်းတွင် ချန်နိုင်ငံ အတွင်း၌ ကြီးမားလှသော အဖြစ်အပျက်များစွာ ပေါ်ပေါက်ခဲ့သည်။ ဝေမြို့တော်သည် ရေကြောင်းလမ်း ကုန်သွယ်မှု ကောင်းမွန်သဖြင့် အပြင်လောကမှ ကျင့်ကြံသူများနှင့် သိုင်းလောကသား များ၊ လူတန်းစားပေါင်းစုံ လာရောက်စုဝေးရာ နေရာတစ်ခု ဖြစ်နေသည်။
အထူးသဖြင့် ဆိုင်ရှင်မ ဖွင့်လှစ်ထားသည့် 'ထိုက်ဖင်တည်းခိုခန်း' ထဲတွင် လူအများအပြား နေ့စဥ်နှင့်အမျှ ဝင်ထွက်သွားလာနေကြသဖြင့်... လီယန်ချူသည် ဝေမြို့တော်မှ အပြင်သို့ ခြေတစ်လှမ်းမျှ မလှမ်းဘဲနှင့်ပင် အပြင်လောကမှ သတင်းအချက်အလက် အများအပြားကို ကောင်းစွာ သိရှိနေရသည်။
သူ့ကို အံ့သြတုန်လှုပ်စေဆုံး သတင်းမှာ 'ငရဲတောင်' တစ်ဂိုဏ်းလုံး အမြစ်ပြတ် ချေမှုန်းခံလိုက်ရသည့် သတင်းပင် ဖြစ်သည်။
လီယန်ချူ ထိုသတင်းကို စတင်ကြားရစဥ်ကမူ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။ သူ ငရဲတောင်နှင့် စတင်ထိတွေ့ခဲ့သည့် အချိန်မှစ၍ ထိုအမှောင်အင်အားစုသည် လူ့လောကထဲတွင် မကောင်းမှု ဒုစရိုက်ပေါင်းစုံကို ပြုလုပ်ကာ သွေးချောင်းစီးစေခဲ့သည်။ လူမဆန်သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ် အများစုမှာ ငရဲတောင်၏ လက်ချက်များသာ ဖြစ်ကြသည်။
ဥပမာအားဖြင့် ပြီးခဲ့သည့်အကြိမ် မြောက်ပိုင်းနယ်ခြားမြို့တော်တွင် ငရဲတောင်၏ အဆင့်မြင့်ကျင့်ကြံသူများသည် လူသားများစွာ၏ အသက်ကို ယဇ်ပူဇော်ခဲ့ကြပြီး၊ အသူရာဓားကွက်ကို ကျင့်ကြံဟန်ဆောင်ကာ အပြင်လောကမှ ကျင့်ကြံသူများကို မြို့တော်သို့ လာရောက် အသေခံရန် မြှူဆွယ်ခဲ့ကြသည်။ ထိုတစ်ကြိမ်တည်းတင် ငရဲတောင်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ အရေအတွက်မှာ မနည်းလှပေ။
မှန်ပါသည်၊ ငရဲတောင်မှ လူအများအပြားလည်း လီယန်ချူ၏ လက်ချက်ဖြင့် မြေကျခဲ့ရဖူးသည်။
ယခုတစ်ခေါက် သဲကန္တာရ လျှို့ဝှက်နယ်မြေထဲသို့ သွားရောက်ခဲ့စဥ်ကလည်း ငရဲတောင်၏ အစအနများကို တွေ့ရှိခဲ့ရသော်လည်း... နောက်ပိုင်းတွင် ထိုငရဲတောင်မှ လူများမှာ ဘာသတင်းမျှ မကြားရတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
သူတို့သည် ဒုံအင်းအိုင် အနီးတွင် မသေဆေးကို ရှာမတွေ့ခဲ့ကြ၍လား၊ သို့မဟုတ် ဆေးရှာဖွေသည့်လူများ အရှေ့တောအိုင်ထဲတွင်တင် သေဆုံးသွားခဲ့ကြ၍လား၊ သို့တည်းမဟုတ် ထိုလျှို့ဝှက်နယ်မြေကို တာဝန်ယူထားသည့် အဆင့်မြင့်ကျင့်ကြံသူသည် သူ၏လက်ထဲတွင်တင် အသက်ပျောက်သွားခဲ့၍လား... ဆိုသည်ကိုမူ လီယန်ချူလည်း သေချာမသိချေ။
လီယန်ချူသည် ငရဲတောင်၊ ချွန်းချိုးလင် ၊ နှင့် ရှန်းရှန်နန်းတော် ဟူသော အမှောင်ကျင့်ကြံခြင်း အင်အားစုကြီး သုံးခုကို အမြဲတစေ ဂရုပြု စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။ ငရဲတောင် ပျက်စီးသွားသည့် သတင်းက သူ့ကို လွန်စွာ အံ့သြစေခဲ့သော်လည်း... ဤသတင်းမှာ လုံးဝအစစ်အမှန် ဖြစ်သည်။ လုံဟူရှန်း မှ ကျောက်တာအိုဆရာ ကိုယ်တိုင် ဝေမြို့တော်သို့ လာရောက်ကာ အားရပါးရ ပြောပြခဲ့ခြင်း ဖြစ်ပေသည်။
လီယန်ချူသည် ထိုဖြစ်ရပ်တစ်ခုလုံး၏ အစအဆုံး အကြောင်းအရင်းများကို နားထောင်ပြီးနောက်တွင် ဆွံ့အလျက် မှင်သက်သွားရတော့သည်။
ကျောက်တာအိုဆရာက စိတ်လှုပ်ရှားစွာဖြင့်
"ရှေးဟောင်းခေတ် ကမ္ဘာငယ်ထဲက အစွမ်းထက်တဲ့ သက်ရှိကြီးနှစ်ကောင်က... ဟင်းလင်းပြင်ကို ဖြတ်ကျော်လာပြီး ငရဲတောင်ကို အမြစ်ပြတ် ချေမှုန်းပစ်လိုက်တာကွာ။ အဲဒီ လှံကြီးကို ဘယ်သူက လုသွားလဲဆိုတာတော့ မသိရပေမဲ့... ဘာပဲဖြစ်ဖြစ် လူ့လောကအတွက်တော့ ကပ်ဘေးတစ်ခုကို ဖယ်ရှားလိုက်နိုင်တာပဲ"
လီယန်ချူသည် သူ ပြီးခဲ့သည့်အချိန်က ရောက်ရှိခဲ့သော လျှို့ဝှက်နယ်မြေမှာ ဒဏ္ဍာရီထဲက ယွန်းမုန်းကျောက်ကန် ဖြစ်နေကြောင်း သိရသောအခါ အလွန်အံ့အားသင့်သွားရသည်။
အကြောင်းမှာ ရော်ဖူတောင် မှ ဦးလေးဖြစ်သူ ကျိုးရွှမ် သည် ထိုကမ္ဘာငယ်ကို လိုက်လံရှာဖွေရင်းနှင့်ပင် နယ်ပယ်ပြင်ပ မိစ္ဆာနတ်ဆိုးများ၏ ဝါးမြိုခြင်းကို ခံခဲ့ရခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူကိုယ်တိုင် ထိုကမ္ဘာငယ်ထဲသို့ အမှန်တကယ် မရောက်ရှိခဲ့ဖူးသဖြင့် ယခုအချိန်အထိ သေချာမသိသေးချေ။
လီယန်ချူအနေဖြင့် ကံကံ၏အကျိုးသည် လည်ပတ်နေပြီး... ကောင်းကင်ဘုံသည် မကောင်းသူကို ဘယ်တော့မှ သက်ညှာမည်မဟုတ် ဟုသာ စိတ်ထဲတွင် ရေရွတ်နိုင်တော့သည်။
လောကကြီးထဲတွင် ပျံ့နှံ့နေသည့် ကောလာဟလ သတင်းများတွင် ချဲ့ကားပြောဆိုထားမှုများ ရှိနိုင်သော်လည်း... လုံဟူရှန်း ကျောက်တာအိုဆရာ၏ နှုတ်မှ တိုက်ရိုက်ထွက်ပေါ်လာသည့် စကားဖြစ်သဖြင့် အလွန်တရာ တိကျမှန်ကန်ပေသည်။ အကြောင်းမှာ ထိုဖြစ်ရပ် ဖြစ်ပွားစဥ်က သူတို့ကဲ့သို့သော တတိယအဆင့် ကျင့်ကြံသူ လူကြီးမင်းများ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်၏။
လီယန်ချူသည် ဝေမြို့တော်၌သာ စိတ်အေးချမ်းသာစွာဖြင့် ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်နေခဲ့သည်။
ကျောက်တာအိုဆရာ ထွက်ခွာသွားပြီး နှစ်ရက်အကြာတွင် တရားရုံးတော်ချုပ်၏ ဒုတိယအရာရှိ ဗိုလ်မှူးရွှီ သည် ဝေမြို့တော်သို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။
ထိုထောင်ထောင်မောင်းမောင်းနှင့် မုတ်ဆိတ်မွေး ဗလပွနှင့် အလယ်လူကြီးသည် ယခင်က လီယန်ချူနှင့်အတူ ကျန်းနန်နယ်မြေတွင် မိစ္ဆာဂိုဏ်းများကို အကြီးအကျယ် လိုက်လံနှိမ်နင်းသည့် စစ်ဆင်ရေးကို ဆင်နွှဲခဲ့ဖူးသူ ဖြစ်သည်။ သူသည် ယခုအချိန်တွင် မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နှက်နေကာ
"လီတာအိုဆရာ... မင်းအနေနဲ့ ချွန်းချိုးလင် အကြောင်းကို သိလား"
ဟု ရွှီထျန်းနန် က မေးမြန်းလိုက်သည်။
လီယန်ချူက
"သိတာပေါ့၊ သူတို့နဲ့ အကြိမ်အနည်းငယ်လောက် ရင်ဆိုင်ခဲ့ဖူးတယ်"
ဟု ပြန်လည်ဖြေကြားသည်။
ရွှီထျန်းနန် သည် ခတ္တမျှ မှင်သက်သွားရသည်။
မူလက သူသည် လီယန်ချူအား ရှေးဟောင်း မိစ္ဆာအင်အားစုကြီးဖြစ်သော ချွန်းချိုးလင် အကြောင်းကို ရှင်းပြရန် လာခဲ့ခြင်း ဖြစ်သော်လည်း...လီတာအိုဆရာက ထိုဂိုဏ်းနှင့်ပင် ရင်ဆိုင်ဖူးသည်ဟု ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း သူက ဂရုမစိုက်ဘဲ ဆက်လက်၍ ဝမ်းသာအားရ ပြောဆိုသည်။
" ချွန်းချိုလင် ဟာ... ချန်နိုင်ငံအတွင်းက မိစ္ဆာဂိုဏ်းတွေရဲ့ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရတယ်။ တောတောင်တွေထဲမှာ ပုန်းအောင်းနေတဲ့ မိစ္ဆာအဆင့်မြင့်ကျင့်ကြံသူ အများအပြား သွားရောက်တိုက်ခိုက်ကြတာဆိုတော့... မြေငလျင်လှုပ်ပြီး တောင်တွေပါ ပြိုကျတဲ့အထိ တိုက်ပွဲက ပြင်းထန်ခဲ့တာ ။ ချွန်းချိုးလင် ရဲ့ ဘိုးဘေးကြီးကိုယ်တိုင် ထွက်လာခဲ့ရတယ်။ အကယ်၍ သူသာ နောက်ဆုံးအချိန်မှာ ထွက်မလာခဲ့ရင်... ချွန်းချိုလင် လည်း ငရဲတောင်လိုပဲ လူ့လောကထဲကနေ ပျောက်ကွယ်သွားလုနီးပါး ဖြစ်သွားခဲ့တာ"
လီယန်ချူက မျက်ခုံးပင့်လိုက်ပြီး
" ချွန်းချိုးလင် လည်း... အဖျက်ဆီးခံရမလို ဖြစ်သွားတာလား "
ချွန်းချိုးလင် မှ လူအများအပြားကိုလည်း သူကိုယ်တိုင် သတ်ဖြတ်ခဲ့ဖူးသည်။ သူသည် ထိုဂိုဏ်းတည်ရှိရာနေရာကို အကြိမ်ကြိမ် ရှာဖွေခဲ့ဖူးသော်လည်း... ချွန်းချိုးလင် တပည့်များ၏ ဝိညာဉ်ထဲတွင် ပြင်းထန်သော တားမြစ်ချက်များ ရှိနေသဖြင့် ဂိုဏ်းတည်နေရာကို ရှာဖွေနိုင်ခြင်း မရှိခဲ့ချေ။
ရွှီထျန်းနန်က ခေါင်းညိတ်ပြကာ
" ချွန်းချိုးလင်က သဲလွန်စ ရှာမရအောင် လျှို့ဝှက်လွန်းလှတာ။ အခုတစ်ခေါက်တော့ လောကပြင်ပမှာ ပုန်းအောင်းနေတဲ့ မိစ္ဆာပညာရှင်ကြီးတစ်ယောက်က... အဲဒီ မိစ္ဆာတွေအားလုံးကို စုစည်းပြီး သွားရောက်တိုက်ခိုက်ခဲ့တာလို့ ပြောကြတယ်"
သူက ခတ္တမျှ ရပ်လိုက်ပြီးနောက် ထပ်လောင်းပြောကြားသည်။
"မင်းလည်း သိတဲ့အတိုင်းပဲ... အဲဒီ မိစ္ဆာတွေအချင်းချင်း သတင်းအချက်အလက် အပြန်အလှန် ရရှိမှုက တို့တွေထက် ပိုပြီး လျင်မြန်ကြတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ အသက်ရှင်နေခဲ့ကြတဲ့ ရှေးဟောင်း မိစ္ဆာအိုကြီးတွေပေါ့"
လီယန်ချူက ခေါင်းညိတ်လိုက်သည်။
ထိုစကားမှာ အမှန်ပင် ဖြစ်သည်။ အစိုးရမင်းများနှင့် အမှန်တရားဂိုဏ်းများ ရှာမတွေ့နိုင်သည့် နေရာများကို... မိစ္ဆာဂိုဏ်းများအချင်းချင်းကြားတွင်မူ ထိုမျှလောက် လျှို့ဝှက်နေမည်မဟုတ်ချေ။
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ မိစ္ဆာကျင့်ကြံသူ အချို့ကို အရှင်ဖမ်းဆီးကာ ချွန်းချိုးလင် ၏ တည်နေရာကို သွယ်ဝိုက်၍ မေးမြန်းခဲ့သင့်သည်ဟု ရုတ်တရက် နောင်တရမိသွားသည်။
" ချွန်းချိုးလင် ဘိုးဘေးကြီးက နောက်ဆုံးမှာ ထွက်လာခဲ့တာလား "
လီယန်ချူက မေးလိုက်သည်။
ရွှီထျန်းနန် က
"ဟုတ်တယ်။ ချွန်းချိုးလင် ဟာ ချန်နိုင်ငံရဲ့ မိစ္ဆာလောကမှာ အကြီးအကဲလုပ်ချင်လို့... မင်ရှန်းနယ်မြေ အတွင်းမှာ လူအများအပြားကို သတ်ဖြတ်ခဲ့ရာကနေ ဒီသတင်းက ပေါက်ကြားသွားခဲ့တာ"
"မင်းလည်း သိတဲ့အတိုင်းပဲ... အခုလို အပြောင်းအလဲ ကာလကြီးမှာ ရှေးဟောင်း ကျင့်ကြံသူ အများအပြား ပြန်လည်ပေါ်ထွက်လာကြတယ်။ ဟောထုံတောင်က ၃၆ ခုသော လျှို့ဝှက်နယ်မြေတွေထဲက တစ်ခု ဖြစ်ပြီး... အဲဒီနေရာ ပွင့်သွားတုန်းက ပါရမီရှင် လူငယ် အများအပြား သွားခဲ့ကြတယ်။ အဲဒီလူတွေအားလုံးက နောက်ခံအင်အား အကြီးကြီးတွေ ရှိကြတာ။ သူတို့ကို ချွန်းချိုးလင် က သတ်ပစ်ခဲ့မှတော့... အဲဒီနောက်ခံ အင်အားစုတွေက ဒီအတိုင်း ငြိမ်နေကြမှာ မဟုတ်ဘူးလေ"
"ဒါတင်မကသေးဘူး... အခုတစ်ခေါက် တိုက်ပွဲမှာ ချန်နိုင်ငံအတွင်းက မိစ္ဆာတွေတင်မကဘဲ... အနောက်ဘက် နယ်စပ်ဒေသနဲ့ မြောက်ဘက် ကန္တာရဒေသတွေက မိစ္ဆာအဆင့်မြင့် ကျင့်ကြံသူတွေပါ အကုန်လုံး သွားရောက် ပူးပေါင်းခဲ့ကြတာ"
ရွှီထျန်းနန် သည် အလွန်ပင် စိတ်ကြည်လင် နေပုံရသည်။ မိစ္ဆာအချင်းချင်း ခွေးကိုက်သလို ကိုက်ကြခြင်းမှာ... တရားရုံးတော်ချုပ်တွင် မိစ္ဆာများနှင့် နတ်ဆိုးများကို နှိမ်နင်းရသည့် စစ်ဆင်ရေးအဖွဲ့ခေါင်းဆောင် ဖြစ်သော သူ့အတွက် အလုပ်များစွာ သက်သာသွားစေပေသည်။
ရွှီထျန်းနန် က လေသံကို လျှို့ဝှက်စွာ ပြောင်းလဲလိုက်ပြီး
"လီတာအိုဆရာ... ချွန်းချိုးလင် ဘိုးဘေးကြီးက ဘယ်လိုလူလဲဆိုတာ မင်း သိလား"
ဟု မေးလိုက်သည်။
လီယန်ချူက တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြကာ
"အလယ်အလတ် အရွယ်အစားရှိတဲ့ စာပေ ပညာရှိတစ်ယောက်လား "
ယခုတစ်ကြိမ်တွင်မူ ရွှီထျန်းနန် သည် တကယ်ကြီး မျက်လုံးအဝိုင်းသားဖြင့် အံ့အားသင့်သွားရတော့သည်။
အခြားသူတစ်ယောက်အား သတင်းအချက်အလက်များ ပြောပြရာတွင်... အစပိုင်းတွင် စကားအချို့ဖြင့် ဆွဲဆောင်ကာ စိတ်ဝင်စားအောင် ပြုလုပ်ရလေ့ရှိသည်။
သို့သော် လီယန်ချူနှင့် စကားပြောသည့်အခါတွင်မူ... လီယန်ချူက အဖြေကို ကြိုတင်သိရှိနေသဖြင့် သူ့မှာ ပြောရသည့် အရသာ ပျောက်ဆုံးသွားရရှာသည်။
"မင်း... မင်း ဘယ်လိုလုပ် သိနေတာလဲ"
ဟု ရွှီထျန်းနန် က မယုံနိုင်စွာ မေးမိသည်။
လီယန်ချူက အေးဆေးစွာဖြင့်
"အရင်က သူနဲ့ ရင်ဆိုင်ဖူးတယ်လို့ ပြောပြီးပြီလေ။ သူ့ရဲ့ ဝိညာဉ်ခွဲ အချို့ကို... ကျုပ် ကိုယ်တိုင် အမှုန့်ခြေပစ်ခဲ့တာ"
"ဘာ... ဘာပြောလိုက်တယ်"
ရွှီထျန်းနန် က အလန့်တကြား အော်မိတော့သည်။
ရရှိထားသည့် သတင်းအချက်အလက်များအရ ချွနိးချိုးလင် ဘိုးဘေးကြီးမှာ မြေပြင်နတ်ဘုရား အဆင့်ရှိသည့် တန်ခိုးရှင်ကြီး ဖြစ်သည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ခု ပြဿနာရှိနေသဖြင့် အမြဲတစေ ဂူအောင်း၍ စွမ်းအား ပြန်လည်ဖြည့်တင်းနေခဲ့ရခြင်း ဖြစ်သည်။ ယခုတစ်ကြိမ် မိစ္ဆာဂိုဏ်းများ၏ အကြီးအကျယ် ဝိုင်းရံတိုက်ခိုက်မှုကြောင့် ချွန်းချိုလင် ဘိုးဘေးကြီးသည် ကျင့်ကြံခြင်း ပျက်စီးသွားခဲ့ရပြီး သတ်မှတ်ချိန်ထက်စော၍ ထွက်လာခဲ့ရခြင်း ဖြစ်ပေသည်။
သူသည် ယခုအချိန်အထိ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးရှင်တစ်ဦး ဖြစ်နေဆဲ ဖြစ်သော်လည်း... နတ်ဘုရားအဆင့်သို့ အပြည့်အဝ ပြန်လည်မရောက်ရှိသေးခြင်းမှာ အမှန်တရားဂိုဏ်းများအတွက် အလွန်ပင် စိတ်အားတက်ကြွဖွယ်ရာ သတင်းကောင်းတစ်ခု ဖြစ်သည်။
သတင်းလာရောက် မျှဝေသည့် ရွှိထျန်းနန် တစ်ယောက်မှာမူ ဆွံ့အအံ့သြလျက် ရှိနေတော့သည်။ လီယန်ချူသည် နတ်ဘုရားတစ်ပါး၏ ဝိညာဉ်ခွဲများကို အကြိမ်ကြိမ် အမှုန့်ခြေခဲ့ဖူးလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ချေ။
ဤအချက်က... တကယ်ကို စိတ်အားတက်ကြွဖွယ်ရာ သတင်းကောင်းကြီး ဖြစ်နေပေသည်။
လီယန်ချူသည် ရွှီထျန်းနန် ၏ နှုတ်မှတစ်ဆင့် ယခုတစ်ကြိမ် မိစ္ဆာတိုက်ပွဲကြီး၏ နောက်ဆုံးရလဒ်ကို ကောင်းစွာ နားလည်လိုက်ရသည်။ ချွန်းချိုးလင် သည် ပျက်စီးသွားခဲ့ရပြီး... သွားရောက်တိုက်ခိုက်ခဲ့ကြသည့် မိစ္ဆာအဆင့်မြင့် ကျင့်ကြံသူများအနက် ဆယ်ပုံတစ်ပုံမျှသာ အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။
ချွန်းချိုးလင် ဘိုးဘေးကြီးသည် ဂူအောင်းရာမှ စောစီးစွာ ထွက်လာခဲ့ရသဖြင့် မကောင်းဆိုးဝါးများကို အရောတဝင် သတ်ဖြတ်နိုင်ခဲ့သော်လည်း... သူ၏ ကျင့်ကြံခြင်း အောက်ခြေအုတ်မြစ်မှာ ပျက်စီးသွားခဲ့ရသည်။ ထို့ကြောင့် ထွက်ပြေးလွတ်မြောက်သွားသည့် မိစ္ဆာများကို လိုက်လံသုတ်သင်ခြင်း မပြုနိုင်တော့ဘဲ... ဝေးလံသောနေရာသို့ အလျင်အမြန် ထွက်ပြေးပုန်းအောင်းသွားခဲ့ရသည်။
ထိုမိစ္ဆာအဆင့်မြင့် ကျင့်ကြံသူများသည်လည်း ကြောက်လန့်တုန်လှုပ်သွားကြသဖြင့် မည်သူမျှ ထိုနေရာသို့ ပြန်မသွားရဲကြတော့ချေ။ မူလက ချွန်းချိုးလင် ၏ ကျန်ရစ်ခဲ့သော တပည့်များမှာ အသက်ရှင်လွတ်မြောက်နိုင်မည့် အခွင့်အရေး ရှိခဲ့ပေသည်။
"အဲဒီတပည့်တွေရဲ့ နောက်ဆုံးရလဒ်ကကော ဘာဖြစ်သွားလဲ"
လီယန်ချူက မေးလိုက်သည်။
ဤမျှတိုတောင်းလှသော အချိန်ကာလအတွင်း ချွန်းချိုးလင် ၏ ကိစ္စရပ်များပါ ဤကဲ့သို့ ပြီးဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့မိချေ။
ရွှီထျန်းနန် က ထိုအကြောင်းကို ပြောရင်း ခပ်ပြုံးပြုံးဖြင့်
"မူလကတော့... သူတို့တွေ ချွန်းချိုးလင် တည်ရှိတဲ့ တောင်တန်းပေါ်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာ အသေအချာပဲ"
"ဒါပေမဲ့ တိုက်ပွဲပြီးတဲ့နောက်မှာ တစ်ယောက်ယောက်က သွားကြည့်တော့... ချွန်းချိုးလင် တပည့်တွေအားလုံးဟာ တစ်ယောက်မကျန် အသတ်ခံထားရပြီးပြီ ဖြစ်နေတယ်။ ဘယ်သူမှ အသက်ရှင်မကျန်ခဲ့ဘူး "
"ဒါတင်မကသေးဘူး... ချွန်းချိုးလင် ရဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ရတနာတွေအားလုံးလည်း အခိုးခံလိုက်ရတယ်။ ဘယ် မိစ္ဆာအိုကြီးက ရှုပ်ထွေးနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး လုပ်သွားလဲဆိုတာတော့ မသိရဘူး။ ငရဲတောင်ထက် မသာပါဘူး... တောင်တစ်ခုလုံးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ရိုက်ခွဲပစ်ခဲ့ကြတာ"
လီယန်ချူက ခေါင်းညိတ်လိုက်သည်။
ဤမျှလောက်များပြားလှသော အဆင့်မြင့်တန်ခိုးရှင်များ တိုက်ခိုက်ကြရာတွင်... တောင်ကြီးတစ်လုံး ပျက်စီးပြိုလဲသွားခြင်းမှာ သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။ အထူးသဖြင့် မူလက နတ်ဘုရားအဆင့်ရှိသည့် တန်ခိုးရှင်ကြီးတစ်ဦး ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
ရွှီထျန်းနန် က
"ကြားရသလောက်တော့... ချွန်းချိုးလင် ထဲက ချောင်ချောင် လို့ ခေါ်တဲ့ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ကြောင့် ဒီပြဿနာတွေ စဖြစ်တာတဲ့။ အဲဒီအချိန်တုန်းက မိစ္ဆာအများအပြားက ချွန်းချိုးလင် ကို အဲဒီလူကို အပ်နှံဖို့ တောင်းဆိုခဲ့ကြပေမဲ့... မင်းလည်း သိတဲ့အတိုင်းပဲ မိစ္ဆာတွေရဲ့ ဒေါသက ပြင်းထန်လွန်းတော့ စကားအနည်းငယ် ပြောပြီးတာနဲ့တင် နှစ်ဖက်စလုံး အပြန်အလှန် သတ်ဖြတ်ကြတော့တာပဲ"
လီယန်ချူသည် ရုတ်တရက် နားလည်သွားသည့် အမူအရာဖြင့်
"သြော်... အဲလိုကိုး" ဟု ရေရွတ်လိုက်သည်။
တိုတောင်းလှသော တစ်လတာ အချိန်ကာလအတွင်းတွင် ရှေးဟောင်း ကျင့်ကြံခြင်း အင်အားစုကြီး နှစ်ခုစလုံး ပျက်စီးသွားခဲ့ရသည်။ ဤအချက်က မည်သူမျှ မျှော်လင့်မထားခဲ့သည့် အရာဖြစ်သဖြင့် ချန်နိုင်ငံတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
ဒါတင်မကသေးဘဲ လီယန်ချူသည် ရွှီထျန်းနန် ၏ နှုတ်မှတစ်ဆင့်... ယခုအချိန်တွင် လောကကြီး၏ စွမ်းအားပိတ်ဆို့မှု ကန့်သတ်ချက်များ လျော့ပါးလာသဖြင့် တာ့ရှန်းကော်ဘုရားကျောင်း မှ ကျဲခုန်း ရဟန်းတော် သည် တတိယအဆင့် ကျင့်ကြံခြင်းနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
ကြားရသလောက်ဆိုလျှင် ရဟန်းတော်သည် အစွမ်းထက်လှသည့် ရှေးဟောင်း ဓာတ်တော် တစ်လုံးကိုပါ ဆက်ခံရရှိခဲ့သဖြင့်... ချန်နိုင်ငံ၏ အမှန်တရားဂိုဏ်းများအတွက် နောက်ထပ် အစွမ်းထက် ကျင့်ကြံသူတစ်ဦး တိုးပွားလာခဲ့ခြင်း ဖြစ်ပေသည်။
သူတို့နှစ်ဦးသည် စကားစမြည် ပြောဆိုရင်း အလွန်ပင် စိတ်ချမ်းမြေ့နေကြသည်။
ရုတ်တရက်...
ရွှီထျန်းနန် ၏ ခါးတွင် ချိတ်ဆွဲထားသည့် သတင်းပို့ ကျောက်စိမ်းပြား သည် ပြင်းထန်စွာ တုန်ခါလာတော့သည်။
သူက ကျောက်စိမ်းပြားကို ဖြုတ်ယူ၍ သတင်းကို ဖတ်ရှုလိုက်စဥ်... ချက်ချင်းပင် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားကာ အကြီးအကျယ် အရောင်ပြောင်းလဲသွားတော့သည်။
လီယန်ချူက မျက်မှောင်ကြုတ်လိုက်ပြီး
"ဘာဖြစ်လို့လဲ" ဟု မေးမြန်းလိုက်သည်။
ရွှီထျန်းနန် သည် အသက်ကို ပြင်းပြင်းရှူသွင်းကာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက်... ခေါင်းမော့၍ ပြောလိုက်သည်။
"မော်ရှန်းတောင် ကနေ ချိတ်ပိတ်ထားတဲ့ နဂါးချုပ်တွင်း ထဲကနေ... နယ်ပယ်ပြင်ပက အစွမ်းထက် ပညာရှင်နှစ်ယောက် ထွက်လာခဲ့ပြီ။ သူတို့က မော်ရှန်းတောင် တစ်ခုလုံးကို တားမြစ်ချက်နဲ့ ပိတ်ဆို့ထားလိုက်ပြီ ဖြစ်လို့... ဂိုဏ်းထဲက တပည့်တွေအားလုံး အသက်ရှင်လား၊ သေလားဆိုတာကို ဘာမှမသိရတော့ဘူး"
"မော်ရှန်းတောင် တစ်ခုလုံးကို... တားမြစ်ချက်နဲ့ ပိတ်ဆို့ထားလိုက်တာ ဟုတ်လား "
လီယန်ချူက မျက်ခုံးပင့်လိုက်သည်။
ရွှီထျန်းနန် က
"ဟုတ်တယ်။ မော်ရှန်းတောင် တစ်ခုလုံး အပြင်လောကနဲ့ ပြတ်တောက်သွားအောင် ပိတ်ဆို့ခံလိုက်ရတာ။ နည်းနည်းလေး မှားယွင်းသွားတာနဲ့... ငရဲတောင်ရဲ့ နောက်ဆက်တွဲ လမ်းစဥ်အတိုင်း အမြစ်ပြတ် ဖျက်ဆီးခံရမယ့် အခြေအနေမျိုး ရောက်နေတယ်။"
"မော်ရှန်းတောင်ရဲ့ အကြီးအကဲ တစ်ယောက်ပဲ ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တယ်။ သူပြောပြချက်အရဆိုရင်... အဲဒီ ရန်သူနှစ်ယောက်ထဲက တစ်ယောက်က အမှန်တရားဂိုဏ်း ရဲ့ သွေးဝိညာဥ်ဂိုဏ်း က ရှေးဟောင်း ပညာရှင်ကြီး ဖြစ်တယ်လို့ သိရတယ်"
ရွှီထျန်းနန် ၏ မျက်နှာအမူအရာမှာ လွန်စွာ လေးနက်တည်ကြည်နေပြီး
"ငါ သံသယဖြစ်တာကတော့... သူတို့က အမှန်တရားဂိုဏ်းက လူတွေကို ကယ်ဆယ်ဖို့ လာအောင် တမင်သက်သက် ထောင်ချောက်ဆင်ပြီး မြှူဆွယ်နေတာမျိုး ဖြစ်လိမ့်မယ်"
လီယန်ချူ၏ မျက်နှာသည် ချက်ချင်းပင် အေးစက်ခက်ထန် သွားတော့သည်။
"သွေးဝိညာဥ်ဂိုဏ်း ဟုတ်လား”