← Chapters

အခန်း (၃၀၀-၃၀၁)

Vol. 17 Ch. 300-301

အခန်း (၃၀၀-၃၀၁)

Vol. 17 Ch. 300-301

အပိုင်း (၃၀၀) ခင်ဗျားက ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။

စားပွဲက နှစ်ပိုင်းကွဲသွားပြီး ဘယ်နှင့်ညာသို့ လဲကျသွား၏။

ကျန်းပြောင်နှင့် ချီလျဲ့ တို့သည် ထိုနေရာတွင် မတ်မတ်ကြီး ရပ်နေကြသည်။

ချီလျဲ့က ကျန်းပြောင်အား အေးစက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေပြီး တစ်ခုခုကို စဉ်းစားနေပုံရ၏။

ကျန်းပြောင်ကလည်း အမူအရာကင်းမဲ့နေသည်။ သို့ပေမည့် သူ၏ ဘယ်ဘက်လက်မောင်းက သဘာဝမကျသော အနေအထားဖြင့် လိမ်ကောက်နေချေပြီ။

အဆစ်နေရာမှနေ၍ အင်အားကြီးမားစွာဖြင့် ချိုးခံလိုက်ရခြင်း ဖြစ်သည်။

ဖါးပါး သည် ချက်ချင်းပင် စိတ်အေးသွားပြီး မျက်လုံးထဲတွင် အံ့ဩဝမ်းသာရိပ်များ ပေါ်လာ၏။

တကယ်ပဲ ... ချီလျဲ့က လောကမှာ ပြိုင်ဘက်ကင်းပဲ။ ကျင်းတိုင်းပြည်မှာ သူ့ထက် သန်မာတဲ့သူ မရှိနိုင်ဘူး။

လီယွမ်ကျောက်သည် ကျန်းပြောင်၏ ဘယ်ဘက်လက်မောင်းကို ကြည့်ကာ မှင်သက်နေသည်။

လက်မောင်းလှဲပြိုင်တာက လက်မောင်းကိုတောင် ကျိုးသွားစေလိမ့်မည်ဟု မထင်ထားခဲ့သလို၊ ကျန်းပြောင် ရှုံးသွားလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။

ဖန်ကျန်းရီ၏ ရင်ထဲတွင် သွေးများ ယိုစိမ့်နေသလို ခံစားလိုက်ရ၏။

တောက် ... ငါ့ရဲ့ ကျန်းပြောင်ကို အနိုင်ကျင့်ရဲတယ်ပေါ့။ နောက်ကျမှ မင်းကို သတ်ဖို့ အခွင့်အရေး မရှာဘဲ နေမလား ကြည့်နေလိုက်။

ကျန်းပြောင်က သူ့နောက်ကို လိုက်လာတာ ဤမျှလောက် ကြာပြီဖြစ်သော်လည်း အပြင်လူတွေရဲ့ လက်ထဲမှာ ဤသို့ ပြင်းထန်တဲ့ ဒဏ်ရာမျိုး တစ်ခါမှ မရဖူးခဲ့ချေ။

သူ၏ စရိုက်အရဆိုလျှင် မနိုင်ဘူးဆိုပါက နောက်ပိုင်းတွင် ချီလျဲ့ကို သွားရှာပြီး ဆက်လက် ယှဉ်ပြိုင်ဦးမည်မှာ သေချာသည်။

မဖြစ်ဘူး ... နောက်ဆိုရင် ကျန်းပြောင်ကို သေချာ စောင့်ကြည့်ထားမှ ရမယ်။

ဖန်ကျန်းရီက အရှေ့သို့ တိုးသွားကာ ကျန်းပြောင်၏ ကျိုးနေသော လက်မောင်းကို ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်၏။ "မင်း ဘာမှမဖြစ်ဘူးမလား။"

ကျန်းပြောင်က ခေါင်းခါပြလိုက်သည်။

ညာဘက်လက်ဖြင့် ဘယ်ဘက်လက်မောင်းကို ကိုင်ကာ ဖြည်းညင်းစွာ လိမ်ချိုးလိုက်ရာ 'ဂျွတ်' ဟူသော အသံနှင့်အတူ အဆစ်လွဲနေသည်က နေရာပြန်ကျသွား၏။

ခပ်ဖွဖွ လှုပ်ရှားကြည့်လိုက်ချိန်မှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ချီလျဲ့က ကျန်းပြောင်၏ လက်မောင်းကို ကြည့်ရင်း ထင်တဲ့အတိုင်းပဲဆိုသည့် အမူအရာ ပေါ်လာ၏။

ထို့နောက် အေးစက်စက် ပြောလိုက်သည်။ "မင်း မဆိုးဘူး။ ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး ဆိုပေမဲ့ နောက်ပိုင်း အခွင့်အရေးရရင် တစ်ပွဲလောက် ချလို့ရတယ်။"

ကျန်းပြောင်က လက်မောင်းကို လှုပ်ရှားနေဆဲဖြစ်ပြီး ပြန်ပြောလိုက်၏။ "မင်းက ငါမြင်ဖူးသမျှထဲမှာ ခွန်အားအကြီးဆုံး လူပဲ။ ဘယ်ဘက်လက်မောင်း အားက ငါ့ထက် သာတယ်။ ဒါပေမဲ့ ငါ့ရဲ့ ပြိုင်ဘက်တော့ မဟုတ်သေးဘူး။"

ချီလျဲ့က ထိုစကားကို ကြားချိန်မှာတော့ ခဏတာ အံ့အားသင့်သွားပြီးနောက် ကျန်းပြောင်ကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

လီယွမ်ကျောက်က မျက်နှာပေါ်တွင် မကျေနပ်ဟန်ဖြင့် သူ့ကို ကြည့်နေ၏။

ကျန်းပြောင်က မင်းကို ပြိုင်ဘက်မဟုတ်ဘူးလို့ ပြောမှတော့ မင်းက သေချာပေါက် ပြိုင်ဘက် မဟုတ်တာပေါ့။

လက်မောင်းလှဲပြိုင်တာက ဘာကို သက်သေပြနိုင်မှာလဲ။ သူ့တစ်ကိုယ်လုံးမှာ ရှိတဲ့ လက်နက်ပုန်းတွေ ၊ လက်နက်တွေ အကုန်လုံး ထုတ်သုံးလိုက်ရင် မင်း ခုခံနိုင်ပါ့မလား။

ရန်ဖြစ်တာက ခွန်အားရှိရုံနဲ့ ဘာအသုံးကျမှာလဲ။ ငါတို့က နည်းစနစ်ကို ယှဉ်ကြတာကွ။

ထပ်ပြီး ရန်ဖြစ်မည့် အရိပ်အယောင်များ ရှိနေသည်ကို မြင်သောကြောင့် ဖန်ကျန်းရီက အမြန် တိုက်တွန်းလိုက်သည်။ "ကဲ... ယှဉ်ပြိုင်လို့လည်း ပြီးသွားပြီပဲ။ ထမင်းစားမယ်... ထမင်းစားမယ်။"

ဖါးပါး ကလည်း အရှေ့သို့ တိုးကာ ချီလျဲ့ကို ဖျောင်းဖျတားဆီးလိုက်၏။

ယနေ့ကိစ္စက ဤမျှလောက်နှင့် အဆုံးသတ်သင့်သည်။ သူတို့နှစ်ယောက် တိုက်ပွဲဖြစ်သွားပါက နောက်ဆက်တွဲ အကျိုးဆက်များကို ဘယ်သူမှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

လူတိုင်း စားပွဲတွင် ဝိုင်းထိုင်လိုက်ကြပြီး ဘယ်သူမှ စကားမပြောကြရာ လေထုက ခဏတာမျှ အနေရ ခက်သွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းလောင်လျူက အချိန်ကိုက်ပင် ထမင်းဟင်းများကို သယ်ဆောင်လာ၏။

သခင်လေး လာသည်ဖြစ်ရာ ကိုယ်တိုင် ထမင်းဟင်း သယ်လာပြီး အစွမ်းပြရမည်ဟု ရင်ထဲတွင် တွေးနေသည်။

ဒုတိယထပ်သို့ ရောက်သည်နှင့် ရှုပ်ပွနေသော မြင်ကွင်းကို မြင်ချိန်မှာတော့ ချက်ချင်းပင် ဝမ်းသာအားရ အမူအရာ ပေါ်လာသည်။ သို့ပေမည့် အမြန် မျက်နှာထား ပြန်တည်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်၏။

စားပွဲဆီသို့ အမြန်လျှောက်သွားကာ နှုတ်ဆက်လိုက်ပြီး ဘာမှမသိသလို ဟန်ဆောင်၍ ထမင်းဟင်းများကို ချထားကာ အောက်သို့ အမြန် ပြန်ဆင်းသွားတော့သည်။

အခေါက်ခေါက်အခါခါ လုပ်ပြီးချိန်မှာတော့ စားပွဲတစ်လုံးစာ မွှေးပျံ့နေသော ထမင်းဟင်းများ အဆင်သင့် ဖြစ်သွား၏။

အရက်နှင့် ဟင်းလျာများ စုံလင်သွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ဖိတ်ခေါ်လိုက်သည်။ "လာ လာ လာ ... ဆရာတော် .. ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ အစားအသောက်တွေက ဘယ်လိုနေလဲဆိုတာ မြည်းစမ်းကြည့်ပါအုံး။ သိုင်းသမားကြီး... ခင်ဗျားလည်း စားပါ။ အားနာမနေနဲ့။"

ဖါးပါး က ခေါင်းညိတ်ပြုံးပြပြီး လီယွမ်ကျောက်ကို လှည့်ကြည့်လိုက်၏။

လီယွမ်ကျောက်ကလည်း အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်ပြီး တူကို ကောက်ကိုင်လိုက်သည်။

သူ တူကို ကိုင်လိုက်သည်နှင့်တပြိုင်နက် ကျန်းပြောင်သည်လည်း အားနာမနေတော့ချေ။

လက်မောင်းလှံပြိုင်တာ ရှုံးသွားခြင်းက သူ၏ ခံတွင်းတွေ့မှုကို အနည်းငယ်မှ ထိခိုက်ခြင်း မရှိဘဲ အငမ်းမရ စတင် စားသောက်တော့၏။

ချီလျဲ့က ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ အားနာမနေတော့ဘဲ ပန်းကန်နှင့် တူကို ကိုင်ကာ အားပါးတရ စားသောက်တော့သည်။

ချက်ချင်းပင် ထမင်းစားပွဲသည် သူတို့နှစ်ယောက်၏ စစ်မြေပြင် ဖြစ်သွားပြန်၏။

ဖါးပါး သည် ထမင်းစားရန် မလောသေးဘဲ လီယွမ်ကျောက်အား လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

အစောပိုင်းက အခြေအနေ အရေးပေါ်နေသဖြင့် နှုတ်ဆက်ရန် အချိန်မရခဲ့ဘဲ ယခုမှသာ အချိန်ရတော့၏။ သူက ပြောလိုက်၏။ "အိမ်ရှေ့စံမင်းသားက ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိတယ်လို့ ကြားဖူးပါတယ်။ ဒီနေ့ တွေ့ရတာ တကယ်ကို ဟုတ်နေတာပဲ။"

လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် ဝမ်းသာအံ့ဩဟန် ပေါ်လာသည်။ "ဟုတ်လား… ကျုပ်ရဲ့ နာမည်ကျော်ကြားမှုက မြောက်ပိုင်းရုန်ကိုတောင် ရောက်နေပြီလား။ ဘယ်သူပြောတာလဲ။"

ဟမ်။

ဖါးပါး ၏ အတွေးများက အနည်းငယ် လိုက်မမီတော့ချေ။ ကျင်းတိုင်းပြည်က လူတွေက ဒီလိုပဲ နှုတ်ဆက်ကြတာ မဟုတ်ဘူးလား။

ဘာဖြစ်လို့ နောက်တစ်ကြောင်း ထပ်ရှိနေရတာလဲ။ ငါ လေ့လာထားတာက မပြည့်စုံလို့လား။

ခဏမျှ စဉ်းစားသော်လည်း အဖြေမပေါ်လာသောကြောင့် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "အာ ... ဘယ်သူပြောတာလဲဆိုတော့ ... ကြားဖူးတာပါ။"

လီယွမ်ကျောက်က အပူတပြင်း ဆက်မေးလိုက်သည်။ "ဘယ်သူ့ဆီက ကြားတာလဲ။"

မြို့တော်ထဲမှာ ဒီလို အကဲဖြတ်တတ်တဲ့လူ ရှိနေသေးတာလား။ ဒါဆို ကျုပ် သေချာပေါက် သိအောင် လုပ်ရမယ်။

ဖါးပါး မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ခပ်တင်းတင်းသာ ဖြေလိုက်ရ၏။ "မြို့ဝန်ဖန် ပြောတာ ကြားတာပါ။ ရပ်ကွက်ထဲက ပြည်သူတွေ ပြောတာ ကြားတာပါ။"

"ဒီလိုကိုး ..." လီယွမ်ကျောက်သည် စိတ်ပျက်သွားတော့သည်။ ဟုန်လုစီ ရုံးတော်မှာ အကဲဖြတ်တတ်တဲ့လူ ရှိနေတာလို့ ထင်နေခဲ့တာ။

ဘေးနားကလူတွေ ချီးကျူးတာက ဘာအဓိပ္ပာယ် ရှိမှာလဲ။

ဖါးပါး က စိတ်ကို ပြန်လည်စုစည်းလိုက်၏။ "မြို့ဝန်ဖန်က ပန်းရှန်းရပ်ကွက်ကို အိမ်ရှေ့စံ ကိုယ်တိုင် စီမံခန့်ခွဲနေတာလို့ ပြောတာ ကြားဖူးပါတယ်။ ဒီနေ့တော့ ကျုပ် မျက်စိပွင့်သွားခဲ့ပြီ။ အိမ်ရှေ့စံကများ စီမံခန့်ခွဲမှု နည်းလမ်းတွေကို သင်ပြပေးနိုင်မလား မသိဘူး။"

ရိုးရှင်းသော စကားပြောဆိုမှု အနည်းငယ် အပြီးတွင် ဖါးပါး ၏ ရင်ထဲ၌ သံသယများ စတင် ဝင်ရောက်လာ၏။

ပန်းရှန်းရပ်ကွက်က စည်ကားသာယာနေသည် ဆိုပေမဲ့ သူ၏ အမြင်တွင် လီယွမ်ကျောက်က အနည်းငယ် စိတ်မြန်လက်မြန်ရှိသော သာမန် လူငယ်လေး တစ်ယောက်လိုသာ ဖြစ်နေသည်။

သူ စိတ်ကူးထားသည့် တည်ငြိမ်ရင့်ကျက်ပြီး အေးအေးဆေးဆေး ရှိသော ပုံစံနှင့် တခြားစီပင် ဖြစ်နေ၏။

ဒီလိုလူမျိုးက ... တကယ်ပဲ သုညကနေ စတင်ပြီး ဧကရာဇ်ရဲ့ ထောက်ပံ့မှု မပါဘဲ နောက်ကျကျန်နေတဲ့ ရပ်ကွက်တစ်ခုကို သေချာ စီမံအုပ်ချုပ်နိုင်ပါ့မလား။

ဘယ်လိုကြည့်ကြည့် မဖြစ်နိုင်တဲ့ ပုံစံပဲ။

တစ်စုံတစ်ယောက်က သူ့ထံမှ ပညာသင်ယူချင်သည်ဟု ကြားလိုက်သည်နှင့် လီယွမ်ကျောက် စိတ်လှုပ်ရှား သွားတော့သည်။

ဆရာလုပ်ချင်တာက လူတိုင်းရဲ့ ပင်ကိုယ် ဗီဇပဲလေ။ အထူးသဖြင့် ယောကျ်ားတွေပေါ့။

အထူးသဖြင့် ဖါးပါး၏ နှိမ့်ချသင်ယူလိုသော အမူအရာကြောင့် လီယွမ်ကျောက်သည် ပို၍ပင် ဂုဏ်ယူ ဝင့်ကြွားလာ၏။

သူက ပြောလိုက်သည်။ "ကောင်းပြီ .. ခင်ဗျားက စေတနာအပြည့်နဲ့ မေးလာမှတော့ ကျုပ် သင်ပေးရတာပေါ့။"

ဖန်ကျန်းရီက ခေါင်းခါကာ သက်ပြင်းချလိုက်ပြီး မနေနိုင်ဘဲ မျက်လုံးများကို အုပ်ထားလိုက်မိ၏။

ရှက်စရာကောင်းလိုက်တာ။ လူငယ်ဆိုတော့လည်း ဒီလိုပဲ အတွေ့အကြုံနုနယ်သေးတာပေါ့။ တချို့ အကျင့်ဆိုးတွေက မပြင်နိုင်သေးဘူး။

ဖါးပါးသည် မျက်နှာတွင် အပြုံးများ ရှိနေသော်ငြား ရင်ထဲတွင်တော့ လီယွမ်ကျောက်အား အနည်းငယ် အထင်သေး သွားမိသည်။

ကျင်းတိုင်းပြည်ရဲ့ အိမ်ရှေ့စံက ဖန်ကျန်းရီ ပြောသလိုမျိုး လုံးဝ မဟုတ်ဘူး။ ငါတောင် အလိမ်ခံရတော့မလို့။

လီယွမ်ကျောက်သည် တူကို ကိုင်ကာ အရှေ့ရှိ ဟင်းပန်းကန်ကို ထိုးပြလိုက်၏။

ပြီးနောက် ခေါင်းတယိမ်းယိမ်းနှင့် ပြောလိုက်သည်။ "ဒီ ဟင်းကိုပဲ ဥပမာ ထားလိုက်ရအောင်။ ရောဂါက ပါးစပ်ကနေ ဝင်တယ်ဆိုတာ ဘာကြောင့်လဲဆိုတာ ခင်ဗျား သိလား။"

ဖါးပါး က ဇဝေဇဝါဖြင့် မေးလိုက်၏။ "ဘာဖြစ်လို့လဲ။"

လီယွမ်ကျောက်က အနည်းငယ် ပြုံးလိုက်သည်။ "ဘာကြောင့်လဲဆိုတော့ လောကကြီးမှာရှိတဲ့ အရာတိုင်းပေါ်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားလေးတွေ ရှိနေလို့ပဲ။ ပိုးမွှားလေးတွေက တခြား တိရစ္ဆာန်တွေလိုပဲ အမျိုးအစား အမျိုးမျိုး ခွဲခြားထားတယ်။ အဲဒီအထဲမှာ အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေ အများကြီးပါတယ်။ အဲဒီပိုးမွှားတွေကို စားမိရင် သဘာဝအရ လူတွေကို ဖျားနာစေမှာပေါ့။"

တကယ်လား။ ငါ မယုံဘူး။

ဖါးပါးသည် စားပွဲပေါ်ရှိ ဟင်းလျာများကို စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် နားမလည်မှုများ ပြည့်နှက်နေသည်။

ပိုးမွှားတဲ့လား။ မမြင်ရတဲ့အရာကို မင်းက ဘယ်လိုလုပ် မြင်ရတာလဲ။

လီယွမ်ကျောက်က တစ်ဖက်လူ နားမလည်ဖြစ်နေသည်ကို မြင်ချိန်မှာတော့ ရှင်းပြလိုက်၏။ "ပိုးမွှားလေးတွေကို သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး ဆိုပေမဲ့ သူတို့ ရှိနေတယ်ဆိုတာကိုတော့ သက်သေပြလို့ ရတယ်။ ခင်ဗျား စဉ်းစားကြည့်... ရာသီဥတု ပူပြင်းတဲ့အချိန်မှာ သိုးသားက ရက်အနည်းငယ်အတွင်း ပုပ်သိုးပျက်စီးသွားနိုင်ပေမဲ့ အရမ်းအေးတဲ့ ဆောင်းရာသီမှာကျတော့ လပေါင်းများစွာ ကြာအောင် သိမ်းထားနိုင်တယ်။ ဒါက ဘာကြောင့်လို့ ခင်ဗျား ထင်လဲ။"

ရုတ်တရက် ဖါးပါး၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် နှုတ်မှ ထွက်သွားသည်။ "ဘာလို့လဲဆိုတော့ ပိုးကောင်လေးတွေ အေးခဲသွားလို့လား။"

"သိပ်မှန်တယ်။ တော်တော် ဉာဏ်ကောင်းတာပဲ။ ဒီလိုဆိုရင် မမြင်ရတဲ့ ပိုးမွှားလေးတွေ ရှိနေတယ်ဆိုတာကို သက်သေပြလို့ရပြီ။

ပိုးမွှားတွေက လူတွေကို ဒုက္ခပေးနိုင်ပြီး ရေတွက်လို့ မရအောင် များပြားတယ် ဆိုပေမဲ့ လူတွေလိုပဲ ရေသောက်ဖို့ လိုတယ်၊ အသက်ရှူရတယ်၊ အအေးနဲ့ အပူကို ကြောက်ကြတယ်။ သူတို့ကို နှိမ်နှင်းနိုင်မယ့် နည်းလမ်းကို စဉ်းစားနိုင်ရင် အစားအသောက်တွေရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်ပြီး ပိုးမွှားတွေရဲ့ အန္တရာယ်ကို လျှော့ချနိုင်တယ်။ ကျုပ် ရပ်ကွက်ထဲက စားသောက်ဆိုင်တွေကို စီမံခန့်ခွဲရာမှာ အဆက်အသွယ် ဖြတ်တောက်တာကနေ စတင်ပြီး..."

လီယွမ်ကျောက်သည် အဆက်မပြတ် စကားပြောနေပြီး ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များကို သူ မည်သို့ ပြုပြင်ပြောင်းလဲခဲ့ကြောင်း အသေးစိတ် ပြောပြနေကာ အောင်မြင်မှုများကို ပြောချိန်တွင် မနေနိုင်ဘဲ ဂုဏ်ယူဝင့်ကြွားသော မျက်နှာထား ပေါ်နေ၏။

မျက်နှာချင်းဆိုင်ရှိ ဖါးပါးသည် ပါးစပ်ကြီး အဟောင်းသားဖြင့် အံ့အားတကြီး သူ့ကို စိုက်ကြည့်နေသည်။

အိမ်ရှေ့စံပြောတာ ဘာမှန်း သိပ်နားမလည်ပေမဲ့ အဓိပ္ပာယ်ရှိပြီး ယုတ္တိတန်ကာ စနစ်တကျ ရှိနေကြောင်းကိုတော့ သူ ခံစားလိုက်ရ၏?

ဝန်မခံချင်ဘူး ဆိုပေမဲ့ ငါတောင်မှ လက်ခံသွားရပြီလား။

ဒီလူငယ်ရဲ့ အတွေးအခေါ်တွေက ခုန်ပျံနေတာပဲ။ သာမန်လူတော့ လုံးဝ မဟုတ်ဘူး။

အပိုင်း (၃၀၁) အခွင့်အရေးရရင် လက်ဖက်ခြောက်နှစ်ပိဿာ လက်ဆောင်ပေးမယ်။

အချိန်အတော်ကြာ စကားပြောဆိုပြီးနောက် ဖါးပါး၏ လီယွမ်ကျောက်အပေါ် အမြင်မှာ ထပ်မံ ပြောင်းလဲသွားပြန်၏။

ဖန်ကျန်းရီကတော့ အစောတည်းက နားထောင်ရန် စိတ်မဝင်စားတော့ချေ။

လီယွမ်ကျောက် ပြောနေသောအရာများသည် လုံးဝကို စိတ်ကူးယဉ်ဆန်လွန်းပြီး ခေါင်းထဲပေါ်လာသလို ဆုံးဖြတ်ချက်ချထားခြင်းသာ ဖြစ်၏။ ပြောရတာ လှပသော်လည်း လက်တွေ့လုပ်ရာတွင်တော့ အလွန် ဆိုးရွားပေလိမ့်မည်။

သူ၏ အတွေ့အကြုံအရ ဆိုလျှင် လုံးဝ ကောင်းမွန်သော ရလဒ် ထွက်လာမည် မဟုတ်ချေ။

ဖါးပါးကဲ့သို့သော နိုင်ငံခြားသို့ သံတမန်အဖြစ် လာရောက်နိုင်သည့် အရာရှိက သေချာပေါက် အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်မည်မှာ သေချာသည်။

အဘယ်သို့ ဤမျှလွယ်လွယ်နှင့် လှည့်စားခံမည်နည်း။

သူ့ကို မှင်သက်သွားစေနိုင်သည်မှာ အဏုဇီဝပိုးမွှားများ ကဲ့သို့သော အဆင့်မြင့် အယူအဆများကို မကြားဖူးသောကြောင့်သာ ဖြစ်ပေမည်။

ဤကိစ္စနှင့် ပတ်သက်၍ ဖါးပါး၌ မည်သည့် အတွေ့အကြုံမှ လုံးဝ မရှိချေ။ ထို့ကြောင့် တစ်ဝက်တစ်ပျက်သာ သိသော လီယွမ်ကျောက်၏ လျှောက်ပြောသမျှကိုသာ နားထောင်နေရတော့သည်။

ထိုအရာက အတွေ့အကြုံ ကြွယ်ဝသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ကို လူငယ်လေး တစ်ယောက်က သင်ခန်းစာ ပေးနေသလိုပင်။

ကွမ်တမ်ဆေးပညာ၏ ကျန်းမာရေး အကျိုးကျေးဇူးများကို အကျယ်တဝင့် ပြောပြနေရာ ဘာပြောနေမှန်း လုံးဝ နားမလည်သော်ငြား အလွန် အစွမ်းထက်သည့်ပုံစံမျိုး ခံစားရသကဲ့သို့ ဖြစ်၏။

ယခုအချိန်တွင် ဖန်ကျန်းရီ၏ အာရုံစိုက်မှုက ကျန်းပြောင်ထံသို့ လုံးဝ ရောက်ရှိသွားပြီ ဖြစ်သည်။

သူတို့နှစ်ယောက် စကားပြောနေသည့် အချိန်အတွင်း စားပွဲပေါ်ရှိ ဟင်းလျာများမှာ အကုန်လုံး နီးပါး ပြောင်သလင်းခါသွားပြီ ဖြစ်၏။

ကျန်းပြောင် က တူတစ်ချောင်းတည်းဖြင့် ဟင်းငါးမျိုးကို ညှပ်ယူလိုက်ပြီး ချီလျဲ့အား စိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ဤထူးချွန်လှသော စွမ်းရည်က ချီလျဲ့ကို အကြီးအကျယ် တုန်လှုပ်သွားစေ၏။

မြောက်ပိုင်းရုန် လူမျိုးများက တူအသုံးပြုရာတွင် သိပ်မကျွမ်းကျင်ကြောင်း သိသာသော်လည်း ချီလျဲ့က အလျှော့မပေးဘဲ ထမင်းပန်းကန် တစ်ဝက်ခန့်ကို ပါးစပ်ထဲသို့ တိုက်ရိုက် လောင်းထည့်လိုက်သည်။

ဖန်ကျန်းရီမှာ ကြည့်ရင်းနှင့်ပင် နင်ချင်သလို ဖြစ်သွား၏။

ဒီနှစ်ယောက်ရဲ့ ပြိုင်ချင်ဆိုင်ချင်စိတ်က ကြောက်စရာပဲ။ ထမင်းစားတာတောင် ပြိုင်နေကြတာပါလား။

ဖါးပါး မှာ နားထောင်ရင်းနှင့် လည်ချောင်းများ ခြောက်သွေ့လာပြီး လောကသစ်တစ်ခု၏ တံခါးပေါက်ကို ဖွင့်လှစ်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။

အရက်တစ်ခွက် သောက်ပြီးနောက် ဟင်းတစ်လုတ် ညှပ်စားရန် ပြင်လိုက်သော်လည်း စားပွဲပေါ်ရှိ ဟင်းလျာများ အားလုံး ပြောင်သလင်းခါနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

တူကို ကိုင်လျက်သား နေရာတွင်ပင် မှင်သက်သွားတော့သည်။

ဖန်ကျန်းရီက ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ကျယ်လောင်စွာ အော်လိုက်၏။ "စားပွဲထိုး... နောက်တစ်ဝိုင်း ထပ်ချပေး။"

ထို့နောက် ဖါးပါးအား ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ချီလျဲ့ သိုင်းသမားကြီးရဲ့ အစားအသောက်က ဒီလောက် ကြီးမားလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီနေ့ အားနာနေဖို့ မလိုဘူး။ ကျုပ် ဒကာခံမယ်။ အားရပါးရ ဖ စားကြပါ။"

ဖါးပါးက ကျန်းပြောင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။ "ချီလျဲ့က မွေးရာပါ စစ်သူကြီး တစ်ယောက်ဆိုတော့ အစားအသောက် နည်းနည်း ကြီးတာ သေချာပါတယ်။ တစ်နပ်ကို နွားတစ်ကောင်တောင် စားနိုင်တယ်။ ဒါပေမဲ့ ဒီသိုင်းသမားကလည်း မဆိုးပါဘူး။"

ဖန်ကျန်းရီက ရင်ထဲတွင် တိတ်တဆိတ် ဆဲဆိုလိုက်သော်လည်း ဘာမှ ဆက်မပြောတော့ချေ။

လီယွမ်ကျောက်သည်လည်း တူကို မြှောက်ထားကာ အကြည့်များက လွတ်နေသော ပန်းကန်များဆီသို့ အဆက်မပြတ် ရွေ့လျားနေ၏။

တကယ်ကို ညှပ်စရာ ဘာမှမရှိတော့သည်ကို မြင်သောကြောင့် တူကို ချထားလိုက်ပြီး ချီလျဲ့ကို တိတ်တဆိတ် အကဲခတ်နေတော့သည်။

ခဏမျှ ကြည့်ပြီးနောက် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာ၏။

ထိုအချိန်တွင် ကျန်းလောင်လျူက ဟင်းအသစ်များ လာချပေးရန် အလုပ်ရှုပ်နေပြီး စားပွဲပေါ်ရှိ ပန်းကန်များ ကိုလည်း အသစ်တစ်စုံ လဲလှယ်ပေးလိုက်သည်။

ဖန်ကျန်းရီက ဟင်းတစ်ခွက်ကို ညှပ်ကာ စားရန် ပြင်နေစဉ် လီယွမ်ကျောက်က သူ၏ အင်္ကျီလက်ကို ရုတ်တရက် ဆွဲလိုက်၏။

ပြီးနောက် တီးတိုးပြောလိုက်သည်။ "ဖန်ကြီး... ခင်ဗျား ပြောကြည့်စမ်း... ဒီကောင် ဒီလောက် အရပ်ရှည်တာဆိုတော့... သူ့ဟာက ဘယ်လောက်တောင် ရှည်မလဲ။"

ဖန်ကျန်းရီ၏ မျက်နှာက ချက်ချင်း ရှုံ့တွသွားပြီး ဒေါသတကြီး တီးတိုးပြောလိုက်၏။ "ထမင်းစားနေတာလေ။ ဒီလောက် ရွံစရာကောင်းတဲ့ ကိစ္စတွေကို မပြောဘဲ နေလို့မရဘူးလား။"

"ခင်ဗျား စိတ်မဝင်စားဘူးလား။"

ထိုစကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီက မနေနိုင်ဘဲ ချီလျဲ့အား တစ်ချက် အကဲခတ်ကြည့်လိုက်မိသည်။

တောက်... စိတ်ဝင်စားသွားပြီ။

သူက ချောင်းဟန့်လိုက်၏။ "အဟမ်း ... ဆရာတော်.. ထမင်းစားပြီးရင် ရေချိုးသွားကြမလား။"

လီယွမ်ကျောက်က တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။

ဖါးပါး က မှင်သက်သွား၏။ "ရေချိုးမယ်။"

"အာ... ဟုတ်တယ်။ ရေချိုးမယ်။ ကျုပ်တို့ ကျင်းတိုင်းပြည်မှာ အထက်တန်းလွှာ အရာရှိကြီးတွေကနေ အောက်ခြေ လူတန်းစားတွေအထိ ရေချိုးရင်းနဲ့ စကားပြောရတာကို သဘောကျကြတယ်။ ဒါက သံယောဇဉ် တိုးပွားစေဖို့ လိုအပ်တဲ့ နည်းလမ်းပဲ။ လူနှစ်ယောက်က အဝတ်အစားမပါဘဲ ရင်ဆိုင်တွေ့ဆုံမှသာ ပွင့်ပွင့်လင်းလင်း ရှိနိုင်မယ်လေ။ ခင်ဗျား ဘယ်လိုထင်လဲ။"

ယခုအချိန်တွင် ဖါးပါး ၏ ဦးနှောက်များ အနည်းငယ် ရှုပ်ထွေးနေပြီဟု ခံစားရသည်။

လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသမျှ အရာအားလုံးက သူ၏ စိတ်ကူးထဲကနှင့် လုံးဝကို မတူညီချေ။

ကျင်းတိုင်းပြည်က လူတွေမှာ ဒီလို ဓလေ့စရိုက်မျိုး ရှိသေးတာလား။ ရေချိုးရင်း စကားပြောတာက ... အင်း … နည်းနည်းတော့ မယဉ်ကျေးသလိုပဲ။

ဒါပေမဲ့ အိမ်ရှေ့စံရဲ့ ပုံစံကို ကြည့်ရတာလည်း ထူးထူးခြားခြား ဖြစ်နေပုံ မရဘူး။

ဒါဆိုရင် ပြဿနာမရှိဘူးလို့ ဆိုလိုတာပဲ။

ဖါးပါးသည် ခေါင်းလှည့်ကာ ချီလျဲ့၏ သဘောထားကို မေးမြန်းလိုက်ပြီးနောက် ခေါင်းညိတ်ကာ သဘောတူ လိုက်၏။ "ကောင်းပြီလေ။ အရာအားလုံးကို အိမ်ရှေ့စံနဲ့ မြို့ဝန်ဖန် စီစဉ်တဲ့အတိုင်းပဲ လုပ်ကြတာပေါ့။"

သူ သဘောတူလိုက်သည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။

အချိန်အတော်ကြာပြီးနောက် လူတိုင်း စားသောက်ပြီးစီးသွားကြရာ ငွေရှင်းပြီး ထွက်ခွာရန် ပြင်ဆင်ကြတော့၏။

ကျန်းလောင်လျူသည် ဖားယားသော အပြုံးဖြင့် လျှောက်လာပြီး လက်ထဲတွင်လည်း ဘေလ်စာရွက်ကို ကိုင်ထားသည်။ "သခင်လေးတို့ ... ဒီတစ်နပ် စားတာ တော်တော်များတယ်။ ကျုပ် ကိုယ်တိုင် ရေးထားတဲ့ ဘေလ်စာရွက်ပါ။ ကျေးဇူးပြုပြီး ကြည့်ပေးပါအုံး။"

ဖန်ကျန်းရီက ဘေလ်စာရွက်ကို ယူကာ တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ဒေါသတကြီး အော်လိုက်၏။ "သောက်ကျိုးနည်း … ငွေတုံး တစ်ထောင်ကျော်တောင်။ ရွှေကို စားနေတာလား။ ခင်ဗျား ဆက်ပြီး လုပ်မစားချင်တော့ဘူးလား။"

"မဟုတ်ပါဘူး သခင်လေး။ ကျုပ် ပြောတာကို သေချာ နားထောင်ပါအုံး။"

ကျန်းလောင်လျူသည် ချက်ချင်းပင် ရုပ်ဆိုးသော မျက်နှာထားကို ဖန်တီးကာ ပြောလိုက်သည်။ "ကျုပ်တို့ရဲ့ စားသောက်ဆိုင်က အကောင်းဆုံး ပါဝင်ပစ္စည်းတွေကို ရွေးချယ်သုံးစွဲထားတာပါ။ စားဖိုမှူးကလည်း အကောင်းဆုံးပဲ။ သခင်လေးတို့က စားပွဲလေးဝိုင်းတောင် စားလိုက်တာဆိုတော့ ... ဈေးက သဘာဝအရ နည်းနည်း ကြီးသွားတာပါ။

အဓိကအချက်ကတော့ ... ကျုပ် ဆိုင်ထဲက သစ်မာစားပွဲနဲ့ ကုလားထိုင်တွေ၊ လက်ဖက်ရည်အိုးနဲ့ လက်ဖက်ရည်ပန်းကန်တွေ အားလုံးက ရှေးဟောင်းပစ္စည်းတွေချည်းပဲ။ ပြီးတော့ ဒီ ကြမ်းပြင်တွေလည်း နင်းခြေခံလိုက်ရတာ... အဲဒါတွေကိုတောင် ကျုပ် မတွက်ရသေးဘူး။"

ဖန်ကျန်းရီက ဖါးပါးအား အနေရခက်စွာ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "ထားလိုက်ပါတော့။ ခင်ဗျား ပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ ဒီလောက်ကြီးတာတော့ အရမ်းများတယ်။ ဘယ်မှာ ဒီလောက် ဈေးကြီးတဲ့ ရှေးဟောင်းပစ္စည်း ရှိလို့လဲ။"

"ကျုပ် ပြောတဲ့စကားတိုင်းက အမှန်တွေချည်းပါပဲ။"

ဖန်ကျန်းရီက အသက်ပြင်းပြင်းရှူလိုက်ပြီး ရင်ဘတ်ကို ပွတ်ကာ မျက်နှာပေါ်တွင် အနည်းငယ် နီရဲလာသည်။ ပြီးနောက် မပီမသ ပြောလိုက်သည်။ "ငွေတုံး တစ်ထောင်ကျော်က ဈေးကြီးလွန်းတယ်။ ကျုပ် အမြင်အရ ငွေတုံး တစ်ထောင်ပဲ ထားလိုက်။ အရင်ဆုံး အကြွေးမှတ်ထားလိုက်အုံး။ နောက်မှ ငွေလာရှင်းပေးမယ်။"

ကျန်းလောင်လျူက ရုတ်တရက် ဒူးထောက်ချလိုက်ပြီး 'ဒုတ် ဒုတ် ဒုတ်' နှင့် ခေါင်းသုံးကြိမ် ဆောင့်ချကာ ကျယ်လောင်စွာ ငိုယိုပြောဆိုတော့၏။ "မရပါဘူး သခင်လေး။ ကျုပ်က အရင်းအနှီး သေးသေးလေးနဲ့ လုပ်ရတာပါ... ကျေးဇူးပြုပြီး ကျုပ်ကို သနားပါအုံး။"

ဤသို့ ငိုယိုပြောဆိုလိုက်သည့် အသံတွင် ခံစားချက်များ ပြည့်ဝနေပြီး အသံက သနားစရာ ကောင်းလွန်းလှသဖြင့် ကြားရသူတိုင်း စိတ်မကောင်းဖြစ်ကာ မြင်ရသူတိုင်း မျက်ရည်ကျစေနိုင်သည်။

ဖန်ကျန်းရီက လီယွမ်ကျောက်နှင့် အခြားသူများအား အမြန် တီးတိုးမေးလိုက်သည်။ "အိမ်ရှေ့စံ... ပိုက်ဆံ ပါလား။ ကျုပ် ပိုက်ဆံ မပါလာဘူး။ အရင်ဆုံး နည်းနည်းလောက် ချေးပေးပါအုံး။"

လီယွမ်ကျောက်က ခေါင်းခါပြလိုက်၏။

ကျန်းပြောင်က ခေါင်းခါပြလိုက်သည်။

လုဖာက ခေါင်းခါပြလိုက်၏။

လူတိုင်း၏ အမူအရာများကို ဖါးပါးက အကုန် မြင်တွေ့နေရပြီး ဖန်ကျန်းရီ၏ မသဲမကွဲနှင့် သူ၏ နားထဲသို့ အတိအကျ ဝင်ရောက်လာသည်။

အမှန်အတိုင်း ပြောရလျှင် ငွေတုံး တစ်ထောင်ကို သူလည်း မထုတ်ပေးချင်ပေ။ ဤဘေလ်စာရွက်ပေါ်က ကိန်းဂဏန်းကို ကြားရုံနှင့်တင် ရင်နာစရာ ကောင်းနေ၏။

ဒီဘဝမှာ မပြောနဲ့၊ နောက်ဘဝရောက်ရင်တောင် ဘယ်သူကမှ ထမင်းစားဖို့ ငွေတုံး တစ်ထောင် သုံးမယ် မထင်ဘူး။

သို့ပေမည့် အခြေအနေက ဒီလို ဖြစ်လာပြီဆိုတော့ သူသာလျှင် ငွေထုတ်ပေးနိုင်တော့မည့် ပုံပေါ်နေသည်။

ဖါးပါး က မတ်တပ်ရပ်ကာ ကျန်းလောင်လျူ၏ အရှေ့သို့ လျှောက်သွားလိုက်၏။ "ကဲပါ... မအော်ပါနဲ့တော့။ ကျုပ် ရှင်းပေးပါ့မယ်။"

ဖန်ကျန်းရီက ချက်ချင်း အလောတကြီး ပြောလိုက်သည်။ "မရဘူး။ ဆရာတော်က ဘယ်လိုလုပ်ပြီး ရှင်းပေးလို့ ရမှာလဲ။ အပြင်လူတွေ ကြားသွားရင် ကျုပ်တို့ ကျင်းတိုင်းပြည်က ဧည့်ဝတ်မကျေဘူးလို့ ထင်ကုန်လိမ့်မယ်။"

ပြောရင်းနှင့် တိတ်တဆိတ် လက်ကိုဆန့်ထုတ်ကာ ကျန်းလောင်လျူအား ငါးဂဏန်း သင်္ကေတ ပြလိုက်၏။

ကျန်းလောင်လျူသည် ချက်ချင်းပင် သဘောပေါက်သွားသည်။ "အာ... သခင်လေးတို့ ... ကျုပ် မေ့သွားတယ်။ ကျုပ်တို့ စားသောက်ဆိုင်က မြို့တော်မှာ ထိပ်တန်း စားသောက်ဆိုင်ပါ။ VIP ဧည့်သည်တွေ ထမင်းစားရင် တစ်ဝက်ဈေးပဲ ပေးရတယ်။ ဒါပေမဲ့ VIP အခွင့်အရေးက လစဉ်ကြေး ပေးရပါတယ်။ ပုံမှန်အားဖြင့် တစ်ယောက်ကို တစ်လ ငွေဆယ်တုံး ကောက်ပါတယ်။ သခင်လေးတို့ အားလုံးက ပထမဆုံးအကြိမ် လာတာဆိုတော့ ပထမလအတွက် ငွေခြောက်တုံးပဲ ပေးရပါမယ်။ အားလုံးပေါင်း ငွေတုံး ငါးရာ့ ခြောက်တုံး ပေးရင် ရပါပြီ။"

ဖန်ကျန်းရီက ကျန်းလောင်လျူအား စွေကြည့်လိုက်၏။

ပထမလ ငွေခြောက်တုံးတဲ့လား။ ခင်ဗျားကိုတော့ တကယ် အရှုံးပေးပါတယ်။

ဤသို့ ဈေးတစ်ဝက် ကျသွားသည်ကို မြင်ချိန်မှာတော့ ဖါးပါး သည် ချက်ချင်းပင် အတော်လေး သက်သာရာ ရသွားသည်။

"မြို့ဝန်ဖန် ငြင်းဆန်နေစရာ မလိုပါဘူး။ အိမ်ရှေ့စံနဲ့ ခင်ဗျားတို့ကို ထမင်းကျွေးခွင့် ရတာကလည်း ဂုဏ်ယူစရာ တစ်ခုပါပဲ။"

ဖန်ကျန်းရီက အံကြိတ်ကာ အခက်တွေ့နေဟန်ဖြင့် ပြောလိုက်၏။ "ကောင်းပါပြီ။ ဒီငွေကို ကျုပ် ဆရာတော့်ဆီကနေ ချေးတယ်လို့ပဲ သတ်မှတ်လိုက်မယ်။ နောက်နေ့ကျရင် ကျုပ် ပြန်လာပေးပါ့မယ်။"

ဖါးပါးက ပြုံးကာ ပြောလိုက်သည်။ "မြို့ဝန်ဖန် အားနာနေပပြီ။ အကယ်၍ မြို့ဝန်ဖန် တကယ် စေတနာရှိတယ်ဆိုရင် ကျုပ်အတွက် တာ့ဖင် ထျန်းရှန်း လက်ဖက်ခြောက် နည်းနည်းလောက် ကိုယ်စား ဝယ်ပေးလို့ ရမလား။ ကျုပ်က လက်ဖက်ခြောက်ကို တော်တော်လေး စိတ်ဝင်စားလို့ပါ။"

ဖါးပါး၏ အပြစ်ကင်းစင်သော ပုံစံကို ကြည့်ရင်း ဖန်ကျန်းရီ၏ ရင်ထဲတွင် ရုတ်တရက် သနားစိတ်များ ဝင်လာ၏။

"ဆရာတော်ကလည်း အားနာနေပါတယ်။ အခွင့်အရေးရရင် ကျုပ် ခင်ဗျားအတွက် နောက်ထပ် လက်ဖက်ခြောက် နှစ်ပိဿာလောက် ထပ်ရှာပေးပါ့မယ်။"

All Chapters