← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

🍋 Chapter 153

"မပူပါနဲ့၊ မင်းနဲ့ တစ်ခု ပြောစရာ ရှိလို့ပါ"

ကျိုးထျန်းသည် ပြုံးလျက် အခန်းထဲသို့ လှမ်းဝင်လိုက်ပြီးနောက် ကြောင်သွားသည်။

ရှောင်မန်သည် စောစောက အဘယ့်ကြောင့် စိတ်လှုပ်ရှားနေပြီး သူ့ကို အခန်းထဲ မဝင်စေချင်ရသလဲဆိုတာ အံ့ဩစရာ မရှိတော့ပေ။

မိန်းကလေးများမှာ သတိကြီးတတ်ကြပြီး အမျိုးသားတွေက မသင့်တော်တာတစ်ခုခု လုပ်မှာ စိုးရိမ်ခြင်း ဖြစ်မည်ဟု သူ ထင်ခဲ့မိသည်။

သို့သော် အခုမှ သူ နားလည်သွားသည်မှာ ထိုအခန်းထဲတွင် ပြည့်နှက်နေသော... ခေတ်ပေါ်အနုပညာများကို အပြင်လူ မြင်သွားမှာ စိုးရိမ်နေခြင်းပင်။

ကုတင်၊ ကြမ်းပြင်၊ ဆိုဖာ အားလုံးမှာ စားကြွင်းစားကျန် အိတ်ခွံတွေနဲ့ ဝတ်ပြီးသား အဝတ်အစားတွေ ပြန့်ကျဲနေသည်။

ကျိုးထျန်း ရှောင်မန်ကို ပြန်ကြည့်လိုက်သည်။

‘ဟင်း... ဒီလောက် တောင့်တင်းနေတာ၊ ဒါတွေ အကုန်လုံး အစားအသောက်တွေ အများကြီး စားထားလို့ ဖြစ်ရမယ်’

"အဟမ်း!"

သူသည် ကသိကအောက် ဖြစ်မှုကို လျှော့ချရန် ချောင်းတစ်ချက် ဟန့်လိုက်သည်။

သူက ထိုင်ပြီး စကားပြောဖို့ နေရာရှာချင်သော်လည်း ခြေချစရာ နေရာပင် မရှိသဖြင့် မတ်တပ်ရပ်ပြီးပဲ ပြောဖို့ ဆုံးဖြတ်လိုက်သည်။

"ကဲ ရှောင်မန်၊ မင်းတို့ရဲ့ ကျောက်ရှင်းက အခု သတင်းဆိုးတွေနဲ့ တိုက်ခိုက်ခံနေရတာ မင်း သိတယ် မဟုတ်လား"

ရှောင်မန် စကားမပြောဘဲ ခေါင်းညိတ်ပြသည်။

သူမအနေဖြင့် ယောင်္ကျားလေးများနှင့် စကားပြောရတာ အားနည်းတာလား၊ သို့မဟုတ် ကျိုးထျန်းနှင့် ပထမဆုံးတွေ့တုန်းက မယဉ်ကျေးခဲ့မိလို့ အခု အပြစ်မကင်းသလို ခံစားနေရတာလားတော့ သူ မသိပေ။

"မင်း သိတယ်ဆိုရင်တော့၊ ကျောက်ရှင်းက ဒီကိစ္စကို ငါ့ကို ကိုင်တွယ်ခိုင်းထားတယ်ဆိုတာ သူမ မင်းကို ပြောပြလား"

ရှောင်မန် ထပ်ပြီး ခေါင်းညိတ်ပြပြန်သည်။

"အိုကေ၊ ဒါဆိုရင် မင်းရဲ့ အကူအညီလိုတယ်။ Huanxi Films (ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေး) မှာ ကျောက်ဖန်ဆိုတဲ့ မန်နေ ဂျာတစ်ယောက် ရှိတယ် မဟုတ်လား"

(TN - ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေး လို့ သုံးသွားပါ့မယ်)

"ဟုတ်ကဲ့၊ အဲ့ဒါ ကျွန်မတို့ရဲ့ အထွေထွေမန်နေဂျာပါ"

ရှောင်မန် နောက်ဆုံးတော့ စကားပြောလာသည်။

သူမ စကားပြောလာရတဲ့ အကြောင်းရင်းမှာ ကျောက်ဖန်၏ အဆင့်အတန်းမှာ ထူးခြားသောကြောင့်ဖြစ်သည်။ သူမမှာ ကျောက်ရှင်းရဲ့ အဒေါ် ဖြစ်သည်။

"ဟုတ်ပြီ။ သူမကို အခုချက်ချင်း ဆက်သွယ်လိုက်၊ ကျောက်ရှင်းက သူမကို တွေ့ချင်နေတယ်၊ မနက်ဖြန် ရှန်ဟိုင်းကို လာခဲ့ပေးပါလို့ပြောလိုက်၊ ဟိုတယ်စားသောက်ဆိုင်မှာ တွေ့ကြမယ်လို့ပေါ့"

"ဒါက ရှင်းရှင်းရဲ့ တောင်းဆိုချက်လားဟင်"

ရှောင်မန်မှာ သိသိသာသာကို ဇဝေဇဝါ ဖြစ်သွားသည်။ ဘာအကြောင်းမှ မရှိဘဲ ဘာလို့ တွေ့ချင်ရတာလဲ။

"ငါ ဆိုလိုတာက ဒါက သူမရဲ့ ဆန္ဒပဲ၊ မင်းက ဆက်သွယ်ပေးရုံပဲ၊ တခြား ဘာမှ စိတ်ပူနေစရာမလိုဘူး"

ကျိုးထျန်းက လေးနက်စွာပြောလိုက်ရာ သူ့ စကားလုံးများမှာ အမိန့်ပေးသံ ပါဝင်နေသဖြင့် အတော်လေး ခန့်ညားထည်ဝါလှသည်။

ရှောင်မန်မှာ သူ့ အရှိန်အဝါကြောင့် လန့်သွားပြီး ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြမိသည်။

ကျိုးထျန်းလည်း ဆက်ပြီး ဘာမှ မပြောတော့ဘဲ လှည့်ထွက်လာခဲ့သည်။

ရှုပ်ပွပြီး ကြည့်မကောင်းသော နေရာမှာ သူ ဆက်မနေချင်တော့ပေ။

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းသို့ ခရီးရှည် နှင်လာခဲ့သော ကျောက်ဖန်သည် သူမ ကိုယ်ပိုင်ကားပေါ်မှ ဆင်းလာသည်။

၎င်းမှာ ကုမ္ပဏီ အထွေထွေမန်နေဂျာတစ်ယောက်ရဲ့ အထူးအခွင့်အရေးဖြစ်သည်။

ပုံမှန်အားဖြင့် ကျောက်ရှင်းနဲ့ သူမသာ ကိုယ်ပိုင်ကား စီးခွင့်ရှိသည်။

ယခုအခါ သူမ၏အစ်ကိုကြီး ထောင်ထဲရောက်နေသဖြင့် ကုမ္ပဏီမှာ ဦးဆောင်မည့်သူ မရှိဖြစ်နေသည်။

ကျောက်ရှင်းမှာလည်း အလုပ်တွေ ရှုပ်နေပြီး ကုမ္ပဏီကို စီမံခန့်ခွဲဖို့ အချိန်ရော အရည်အချင်းရောမရှိသဖြင့် ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေး၏အာဏာမှာ သူမလက်ထဲရောက်နေခြင်း ဖြစ်သည်။

ကျောက်ရှင်းအဖေ ထောင်မကျခင်ကတည်းက ကိုယ်တိုင် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့အရင်းနှီးဆုံး ဆွေမျိုးတွေကိုပဲ ယုံကြည်လို့ ရတာကိုး။

စားသောက်ဆိုင်သို့ ရောက်သောအခါ ကျောက်ဖန်ပတ်ဝန်း ကျင်ကို လိုက်ကြည့်လိုက်သည်။

အစားအသောက်စားချိန် မဟုတ်သဖြင့် ဆိုင်ထဲတွင် လူရှင်းနေပြီး စားသောက်ရင်း စကားပြောနေသည့် စားပွဲ သုံးလေးလုံးသာ ရှိသည်။

သူမ တူမကို ထိုလူတွေထဲမှာ မတွေ့ရပေ။

"ထူးဆန်းလိုက်တာ၊ ရှင်းရှင်းလေး ငါ့ကို ဒီကို ဖိတ်ထားတာ မဟုတ်ဘူးလား။ သူမ အလျင်လိုနေတယ်ဆိုပြီး အတင်းလာခိုင်းတာ၊ အခုတော့ သူမ အရိပ်အယောင်တောင် မမြင်ရဘူး"

သူမ တွေဝေနေစဉ်မှာပင် စားသောက်ဆိုင် မန်နေဂျာကပြုံးလျက် ချဉ်းကပ်လာသည်။

"ဟယ်လို၊ လူကြီးမင်းက မစ္စကျောက်လားခင်ဗျာ"

"ဟုတ်ကဲ့၊ ကျွန်မပါပဲ"

"လူကြီးမင်းကိုစောင့်နေတဲ့ ဧည့်သည်က စောင့်နေတာ ကြာပါပြီ။ သီးသန့်ခန်းကို ခေါ်သွားပေးဖို့ ကျွန်တော့်ကို မှာထားပါတယ်"

"အော်၊ ဒါဆိုရင် လမ်းပြပေးပါဦး"

‘ကျောက်ရှင်းက လူသိများတဲ့သူ ဖြစ်လို့ လူမြင်ကွင်းမှာ တိုက်ရိုက်မထွက်တာ ဖြစ်နိုင်တယ်၊ ဒါကြောင့် သီးသန့်ခန်း ယူထားတာ ဖြစ်မယ် ‘ ဟု သူမ တွေးလိုက်သည်။

စားသောက်ဆိုင် မန်နေဂျာ၏လမ်းပြမှုဖြင့် သူတို့နှစ်ဦးမှာ ထောင့်စွန်းရှိ ဆိတ်ငြိမ်သော သီးသန့်ခန်းငယ်လေးသို့ ရောက်ရှိလာကြသည်။

ကျောက်ဖန်က တံခါးဖွင့်လိုက်သည့်အခါ အထဲတွင် အမျိုး သားတစ်ယောက်တည်းသာရှိပြီး ဟင်းလျာတွေ ပြည့်နေတဲ့ စားပွဲကိုကြည့်ကာ ငေးငိုင်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူမှာ နာရီဝက်မက စောင့်နေသော ကျိုးထျန်းပင်။

သူလည် မူလအမိန့်ပေးစင်တာတွင် ထိုင်နေသော လူကြီးတစ်ယောက်ကဲ့သို့ ခန့်ခန့်ညားညား ပုံစံဖမ်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် အတန်ကြာအောင် စောင့်လိုက်ရပြီး ဟင်းတွေကလည်း စားလို့မရသေးတာကို မြင်သောအခါ ထိုကဲ့သို့သော ပုံစံဖမ်းရန်မှာ မသင့်တော်ဘူးလို့ ခံစားလိုက်ရသည်။

ထို့ကြောင့် သူ ငေးနေမိခြင်း ဖြစ်သည်။

ကျောက်ဖန် ဝင်လာတာနဲ့ သူမကို အခြေအနေမဲ့သွားအောင် လုပ်ဖို့ သူ စီစဉ်ထားသော်လည်း ယခုအခါ သူက ပုံစံပျက်နေသဖြင့် သူ့ အမူအရာကို ပြန်ပြင်လိုက်ရသည်။

"ရှင်က ဘယ်သူလဲ"

"ကျောက်ရှင်းရော ဘယ်မှာလဲ"

ကျိုးထျန်း မျက်နှာကို တစ်ရှူးအစိုဖြင့် သုတ်လိုက်ပြီး ခေါင်းခါလိုက်ကာ ခွန်အားပါပါဖြင့် မတ်တပ်ရပ်လိုက်သည်။

"ဟယ်လို၊ ကျွန်တော် ကျိုးထျန်း ပါ"

"အော်၊ မစ္စတာကျိုး၊ တွေ့ရတာ ဝမ်းသာပါတယ်!"

ကျောက်ဖန်က ထိုနာမည်ကို ကြားသည်နှင့် သူ ဘယ်သူလဲဆိုတာ ချက်ချင်း သိလိုက်သည်။

ဒါ အဓိက ရင်းနှီးမြှုပ်နှံသူ၊ လူကုံထံ တစ်ယောက်ပဲ။ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ သူမ ယဉ်ကျေးရမည်။

သူမသည် ရင်းနှီးမြှုပ်နှံမှုစာချုပ်ကို အရင်က တံဆိပ်တုံး ထုပေးခဲ့ဖူးပြီး သူမ တူမကလည်း သူ့အကြောင်းကို ခဏခဏ ပြောပြလေ့ရှိသည်။

သူမက အမြန်လှမ်းလာပြီး ကိုယ်ကို အနည်းငယ်ကိုင်းကာ ရိုသေမှုပြလျက် ကျိုးထျန်းနှင့် လက်ဆွဲနှုတ်ဆက်သည်။

သူတို့နှစ်ဦးမှာ အတော်လေး နီးကပ်နေသဖြင့် ကျိုးထျန်းက သူမကို အရင် ကဲခတ်လိုက်သည်။

'အင်း... ကျောက်ရှင်းက သူမအဖေဆီက ရုပ်ရည်ကို အမွေရထားတာ ဖြစ်မယ်။ ဒီကျောက်ဖန်က ကျောက်ရှင်းနဲ့ ၇၀ ရာခိုင်နှုန်းလောက် တူတယ်။ အထူးသဖြင့် မျက်လုံးတွေပေါ့၊ ကျောက်မိသားစုရဲ့ မျက်လုံးတွေက ပုံမှန်ထက် ပိုတောက်ပပုံရတယ်'

ကျောက်ဖန်က အသက် ၂၅၊ ၂၆ နှစ်လောက်သာ ထင်ရသော် လည်း ကျိုးထျန်း သူမ အချက်အလက်များကို ဖတ်ထားပြီးသား ဖြစ်သည်။

သူမသည် အသက် ၂၉ နှစ် ရှိပြီဖြစ်ကာ အိမ်ထောင်မရှိ၊ ကလေးမရှိသူ ဖြစ်သည်။

သူမ အနေဖြင့် ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပြီး မျိုးရိုးဗီဇကောင်းသဖြင့် သူမ၏ ရှိရင်းစွဲအသက်ထက် အများကြီး ပိုနုပျိုနေသည်။

သူမက ကျောက်ရှင်းထက် မျိုးဆက်တစ်ဆက်ကြီးသော် လည်း အသက်အရတော့ သိပ်မကွာလှပေ။

အမျိုးသမီးများကို ရိုသေသည့်အနေဖြင့် ကျိုးထျန်းက ပုံမှန်အားဖြင့် အသာအယာသာ လက်ဆွဲနှုတ်ဆက်လေ့ရှိသည်။

သို့သော် ကျောက်ဖန်မှာမူ သူ့ကို မျက်နှာသာပေးလိုသည့် ဆန္ဒရှိနေပုံရပြီး သူ့လက်ကို ဆယ်စက္ကန့်မက မြဲမြံစွာ ဆုပ်ကိုင်ထားသဖြင့် သူ့မှာ အနည်းငယ် အနေရခက်သွားရသည်။

“မစ္စကျောက်၊ ကျွန်တော်တို့ ထိုင်ပြီး စားရင်းသောက်ရင်း စကားပြောကြမလား? ဒီက အစားအစာတွေက တော်တော်ကောင်းတယ်၊ မြည်းစမ်းကြည့်ဖို့ ထိုက်တန်ပါတယ်”

“ဧည့်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာကျိုး။ တကယ်တော့ ကျွန်မက တိုက်ရမှာပါ။ ဟွမ်ရှီ ကို ရှင်ကူညီပေးတာက တကယ့်ကို အသက်ကယ်လိုက်တာပါပဲ။ ကျွန်မ ရှင့်ကို ဂုဏ်ပြုပြီး တစ်ခွက်သောက်ချင်ပါတယ်!”

သူမက ဝိုင်ခွက်ကို ယူပြီး ကျိုးထျန်း ထံသို့ ကမ်းပေးလိုက်သည်။

“မလောပါနဲ့ဦး၊ အရင် မသောက်ကြရအောင်။ အလုပ်ကိစ္စကို အရင်ပြောရအောင်။ ကိစ္စတွေ ပြီးသွားလို့ ခင်များ စိတ်ပါသေးတယ်ဆိုရင် ကျွန်တော် အတူ သောက်ပါ့မယ်”

ကျိုးထျန်း၏ သဘောထားကို မြင်တော့ ကျောက်ဖန်မှာ အံ့အားသင့်သွားသည်။

‘ဒါက ငါတို့ ပထမဆုံးတွေ့တာလေ။ ဒီကျေးဇူးရှင်ကို ငါ စော်ကားမိတာ မရှိပါဘူး။ သူ ဘာလို့ ငါ့ အပေါ် ဒီလောက် အေးစက်နေရတာလဲ'

သူမ ဖန်ခွက်ကို ပြန်ချလိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

“မစ္စတာကျိုး၊ ကျောက်ရှင်းက ကျွန်မကို ဒီနေ့ ဖိတ်လိုက်တာပါ။ ဘယ်လိုဖြစ်လို့ ရှင် ဖြစ်နေရတာလဲ? သူမကိုလည်း မတွေ့မိပါဘူး”

“အာ၊ သူမ လာမှာ မဟုတ်ပါဘူး၊ သူမ နာမည်ကို သုံးပြီး ကျွန်တော် ခင်များကို ဖိတ်လိုက်တာပါ။ သူမ မပါဘဲ ခင်များနဲ့ ပြောစရာ ရှိလို့ပါ”

ကျိုးထျန်း ပြုံးလိုက်ပြီး ကိုယ်ကိုမတ်မတ်ထိုင်ကာ သူမကို အလွန်လေးနက်သော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

ကျောက်ဖန် စိတ်မအေး ဖြစ်သွားသည်။

သူ ဘာလိုချင်သလဲဆိုသည်အား သူမ နားမလည်ပေ၊

သို့သော် ထိုသူမှာ သူမ၏ ကျေးဇူးရှင် ဖြစ်နေသဖြင့် သူမ သူ့ကို မစော်ကားရဲပေ။ သူမ အတင်းပြုံးလိုက်ရုံသာ တတ်နိုင်သည်။

"ရှင် ဘာကိစ္စများ ရှိလို့လဲ မစ္စတာကျိုး"

"ကဲ၊ အရင်ဆုံး ဒါလေးတွေကို ကြည့်လိုက်ပါဦး"

သူသည် မနေ့က Weibo ပို့စ်ကို ပြသထားသော သူ့ ဖုန်းကို ကျောက်ဖန် ရှေ့သို့ ချပေးလိုက်သည်။

"ဒါကို ကျွန်မ သိပြီးသားပါ။ ကုမ္ပဏီက စုံစမ်းစစ်ဆေးနေပြီး သတင်းဆိုးတွေရဲ့ သက်ရောက်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်" ဟု ကျောက်ဖန်က သတင်းကို ဖတ်ပြီးနောက် ပြန်ဖြေသည်။

"ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ စုံစမ်းစစ်ဆေးပါစေ၊ ဘာမှ တွေ့မှာ မဟုတ်ဘူး မဟုတ်လား"

ကျိုးထျန်း သူမကို ပြုံးလျက်ကြည့်နေသော်လည်း ထိုအပြုံးက သူမ ကျောရိုးတလျှောက် အေးစက်သွားစေသည်။

၎င်းမှာ ခင်မင်ရင်းနှီးသည့် အပြုံး မဟုတ်ပေ။

သူမသည် အလိုအလျောက် တံတွေးကို မျိုချလိုက်ပြီး ကျိုးထျန်းနှင့် ဝေးရာသို့ အနည်းငယ် ဆုတ်လိုက်မိသည်။

"မန်နေဂျာကျောက်၊ ခင်များရဲ့ ကုမ္ပဏီ ဟွမ်ရှီ ရုပ်ရှင်ထုတ် လုပ်ရေးထဲမှာ ကျောက်ရှင်းနဲ့ ပတ်သက်တဲ့ သတင်းဆိုးတွေကို ပေါက်ကြားအောင် လုပ်နေတဲ့ သူလျှိုတစ်ယောက် ရှိနေတယ်ဆိုတာ သိရဲ့လား"

"ကျွန်မ... ကျွန်မ မသိပါဘူး။ ကျွန်မတို့ ကုမ္ပဏီကလူတိုင်းက ဝန်ထမ်းဟောင်းတွေချည်းပါပဲ။ ဘယ်သူမှ ကျောက်ရှင်းကို သစ္စာဖောက်မှာ မဟုတ်ပါဘူး"

ကျိုးထျန်း ခေါင်းခါလိုက်ပြီး အားမလိုအားမရ ဖြစ်ဟန်ဖြင့် ပြောလိုက်သည်၊

"ဟုတ်တယ်၊ သူတို့အားလုံးက ဝန်ထမ်းဟောင်းတွေ၊ သူငယ် ချင်းဟောင်းတွေ၊ ဆွေမျိုးတွေတောင် ဖြစ်နေကြတာပဲ။ ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ"

"ကျွန်တော် တကယ်ကို နားမလည်လို့ပါ မန်နေဂျာကျောက်၊ ခင်များများ ကျွန်တော့်ကို ပြောပြနိုင်မလား"

ကျိုးထျန်း မတ်တပ်ရပ်လိုက်ပြီး စားပွဲကိုလက်ဖြင့် ဒုန်းကနဲ ရိုက်လိုက်သည်။

ဒုန်း!

စားပွဲမှ အသံကျယ်ကြီး ထွက်ပေါ်လာပြီး ဟင်းပန်းကန်များမှာလည်း တုန်ခါသွားကြသည်။

သူ့ရှေ့တွင် ထိုင်နေသော ကျောက်ဖန်မှာ ထိတ်လန့်သွားလွန်းသဖြင့် ထိုင်ရာမှ လွင့်မတက်ရုံတည်း ရှိတော့သည်။

"ဒါဆို ဘာကြောင့် လုပ်ခဲ့တာလဲဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလား!"

ကျိုးထျန်း ကုလားထိုင်၏လက်တင်ကို ကိုင်ကာ ကျောက်ဖန် အနားသို့တိုးကပ်သွားပြီး မေးလိုက်သည်။

🍋 Chapter 154

ကျိုးထျန်းသည် ကျောက်ဖန်အနားသို့ အရှိန်အဝါကြီးမားစွာဖြင့် တိုးကပ်သွားရာ သူမအတွက် ထွက်ပြေးစရာနေရာမရှိသလို ခံစားလိုက်ရသည်။

၎င်းမှာ သူလိုချင်သော အကျိုးသက်ရောက်မှုပင်။

တစ်ချိန်တည်းမှာပင် သူ့ရဲ့ဒေါသများကို ဖော်ထုတ်တဲ့ နည်းလမ်းလည်း ဖြစ်သည်။

ပထမဆုံးအနေနဲ့ သူ့ရဲ့ဆရာဖြစ်သူ မိသားစုကို ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ ဟွမ်ရှီဆိုတဲ့ သစ္စာဖောက်တပည့် ရှိခဲ့သည်။

အခုလည်း ကျောက်ရှင်းအပေါ်မှာ ဒီလိုကိစ္စမျိုး ဖြစ်ပျက်နေသောကြောင့် သူ ပိုပြီးဒေါသထွက်နေမိသည်။

ဂျက်ဆီ၏စောင့်ကြည့်ထောက်လှမ်းမှုမှာ မမှားနိုင်ပေ။ ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေး၏ အစစ်အမှန် စီမံခန့်ခွဲသူဖြစ်တဲ့ ကျောက်ဖန်က သူမရဲ့တူမဖြစ်သူနဲ့ ပတ်သက်တဲ့ သတင်းဆိုးတွေကို ပေါက်ကြားအောင်လုပ်နေခဲ့ခြင်းပင်!

မိသားစုဝင်အချင်းချင်း မကူညီနိုင်တာက တစ်ကြောင်း၊ အခုလို ကိုယ့်မိသားစုကို ပြန်ပြီး ဒုက္ခပေးနေသည်မှာ တကယ်ကို ခွင့်မလွှတ်နိုင်သောကိစ္စဖြစ်သည်။

ကျောက်ဖန်မှာ သိသိသာသာ တုန်လှုပ်သွားပြီး ဘာပြောရမှန်းမသိဘဲ သူမ နှုတ်ခမ်းကို ကိုက်ထားမိသည်။

"ပြောစမ်းပါဦး၊ ခင်များ ဘာတွေတွေးနေတာလဲ? ဘာကြောင့် ကျောက်ရှင်းရဲ့ အပုပ်နံ့တွေကို ဖြန့်ခဲ့တာလဲ? ပြီးတော့ ကျွန်တော်သိသလောက်ဆိုရင် ဒါက ပထမဆုံးအကြိမ် လုပ်တာလည်း မဟုတ်ဘူး!"

ကျိုးထျန်း နောက်သို့ နှစ်လှမ်းဆုတ်ကာ ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်သည်။

စားပွဲပေါ်ရှိ ဇွန်းမှာ သူစားပွဲကိုရိုက်လိုက်သည့် တုန်ခါမှုကြောင့် အရှိန်မသေသေးဘဲ လည်နေဆဲဖြစ်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ဇွန်းလေး ငြိမ်သွားချိန်မှ ကျောက်ဖန်က ဖြည်းညှင်းစွာ စကားပြောလာသည်။

"ရှင်က ရှင်းရှင်း ရဲ့နောက်ကွယ်မှာ ကျွန်မကို ဒီလိုမျက်နှာ ချင်းဆိုင် မေးခွန်းထုတ်ဖို့အတွက် တိတ်တဆိတ် ဖိတ်ခဲ့တာပေါ့လေ?"

"ဟုတ်တယ်၊ ကျောက်ရှင်းက အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းဆိုးတွေကို ကိုင်တွယ်ပေးဖို့ ကျွန်တော့်ဆီမှာ အကူအ ညီတောင်းခဲ့တယ်။ ဒါက ပြဿနာတစ်ခုဖြစ်နေတာကြောင့် အမြစ်ကနေ ဆွဲနှုတ်ပြီး နောက်ဆက်တွဲ ပြဿနာမရှိအောင် ရှင်းပစ်ရတာကို ကျွန်တော် သဘောကျတယ်"

ကျိုးထျန်းသည် ကျောက်ရှင်းအတွက် အင်တာနက်ပေါ်မှာ အချိန်ပြည့် လိုက်ရှင်းနေရတာမျိုး မလုပ်ချင်ပေ။

သူ လုပ်ဖို့ဆုံးဖြတ်ပြီးကတည်းက တစ်ခါတည်းနဲ့ အပြီးအ ပြတ် ရှင်းလင်းပစ်ချင်သည်။

ကျောက်ဖန်က သူမ နှုတ်ခမ်းကို စေ့ထားပြီး ခဏမျှစဉ်းစားကာ ပြောလိုက်သည်။

"ရှင်က ရှင်းရှင်းဆီမှာ ရင်းနှီးမြှုပ်နှံထားတာပဲ၊ အခု သူမကို ကူညီနေတာက သူမက ရှင့်ကို သူ့ကိုယ် သူ ပေးဆပ်လိုက်လို့ မဟုတ်လား?"

ကျိုးထျန်း ခေါင်းခါကာ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သော်လည်း သူမက သိသိသာသာကို မယုံကြည်ဘဲ အထင် သေးသည့်အပြုံးဖြင့် ရယ်မောလိုက်သည်။

"ရှင်းရှင်းက တကယ်ကံကောင်းတာပဲ၊ အရပ်ရှည်ပြီးချော မောတဲ့၊ ငယ်ရွယ်ပြီး သူမအပေါ် ကောင်းတဲ့သူတစ်ယောက်ကို တွေ့ထားတာကိုး"

ဒီတစ်ခါတော့ ကျိုးထျန်း ခေါင်းညိတ်လိုက်သည်။ ဟုတ်သည်။ "အရပ်ရှည်ပြီး ချောမောတယ်" ဆိုသည့် စကားလုံးက တိကျပါသည်။

ကျောက်ဖန် ပြောပြီးနောက် ပြုံးလျက် သူမ၏ကုတ်အင်္ကျီ ကြယ်သီးကို ဖြုတ်လိုက်သည်။

အမျိုးသမီး ဝတ်စုံအောက်တွင် ဝိုင်နီရောင် ရှပ်အင်္ကျီကို ဝတ်ထားပြီး ၎င်းက သူမအပေါ်တွင် အတော်လေးကျပ်နေပုံရသည်။ အထူးသဖြင့် ရင်ဘတ်နားရှိ ကြယ်သီးများမှာ ပေါက်ထွက်တော့မည့်အတိုင်း ဖြစ်နေသည်။

သူမ ကုတ်အင်္ကျီကို ကော်ဇောပေါ်သို့ ပစ်ချလိုက်ပြီး သူမ ဆံပင်ကို ဖြေချလိုက်သည်။

မူလကတော့ ထက်မြက်သည့် စီးပွားရေးလုပ်ငန်းရှင် အမျိုး သမီးပုံစံ ဖြစ်အောင် ဆံပင်ကိုအမြင့်မှာ စည်းထားသော် လည်း အခုမူ သူမ၏လှိုင်းတွန့်ဆံပင်ရှည်များက ဝိုင်နီရောင်နဲ့ အနက်ရောင် ဝတ်စုံပေါ်သို့ဝဲကျလာကာ သူမ အရှိန်အဝါက လုံးဝ ပြောင်းလဲသွားသည်။

ယခင် အနည်းငယ်တည်ကြည်ပြီး ထက်မြက်သည့် အမူအရာမှ ရုတ်တရက် ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသည့် အလှအပအဖြစ် ပြောင်းလဲသွားသည်။

အထူးသဖြင့် သူမ မျက်လုံးများမှာ နူးညံ့ပြီး အိပ်မက်ဆန်သည့် အရည်အသွေးများ ရှိနေသည်။

သူမက ဆံပင်ကို လက်တစ်ဖက်ဖြင့် သပ်လိုက်ရာ နားတစ် ဖက်ပေါ်လာပြီး နောက်လက်တစ်ဖက်ဖြင့် သူမ နှုတ်ခမ်းပေါ်တွင် လက်ချောင်းကို တင်လိုက်သည်။

ကျိုးထျန်း မျက်လုံးများမှာ မျက်ခွံထဲမှ ထွက်မတတ် ဖြစ်သွားသည်။

သူသည် ဆယ်စက္ကန့်ခန့် ကြောင်သွားပြီးမှ သတိပြန်ဝင်လာသည်။

‘ခဏလေး၊ ငါက ရင့်ကျက်တဲ့ အမျိုးသမီးတွေကို မကြိုက်ဘူး၊ ဒါပေမဲ့ ဒီအမျိုးသမီးကတော့ တကယ့်ကို အံ့ဩစရာပဲ။ အပြုအမူ အနည်းငယ်နဲ့တင် အမျိုးသားတစ်ယောက်ကို စိတ်လွတ်သွားအောင် လုပ်နိုင်တာပဲ’

သို့သော် သူက အလွယ်တကူလှည့်စားခံရမည့်သူ မဟုတ်ပေ။ သူ့ နားထင်ကို ပွတ်လိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

"မင်းတို့ ကျောက်မိသားစုဝင်တွေက ဆရာတစ်ယောက် တည်းဆီမှာ သင်တန်းတက်ထားကြတာလား? ဘာလို့ တစ်ခုခုဖြစ်တိုင်း အဝတ်အစားတွေ ချွတ်ကြတာလဲ?"

သူသည် ထိုညက ကျောက်ရှင်းကို သတိရသွားကာ ကျောက်ဖန်ကို ကြည့်လိုက်သည်။

သို့သော် ဤကိစ္စကို တွေးမိရင်း သူတို့နှစ်ဦးကို စိတ်ထဲတွင် ခဏမျှ နှိုင်းယှဉ်ကြည့်လိုက်သည်။

အလိုလို ခံစားရသည်မှာ ကျောက်ဖန်က ပိုပြီးကြွက်သားရှိပုံရသည်။ အသက်အရွယ်ကြောင့် ဖြစ်နိုင်မလား?

ကျောက်ဖန်သည် သူ၏အားမလိုအားမရ ဖြစ်နေသည့် မျက်နှာကို မြင်သောအခါ အနည်းငယ် စိတ်ပျက်သွားသည်။

'ဒါ အလုပ်မဖြစ်ဘူးလား?'

'ရှင်းရှင်းလေးက သူ့ကို ဘယ်လိုများမြှူဆွယ်ထားလဲဆိုတာ မယုံနိုင်ဘူး။ သူက အပြစ်ကင်းတဲ့ ပုံစံမျိုးကို ပိုကြိုက်တာလား?'

ကျိုးထျန်း သူ့ရှေ့မှ အမျိုးသမီးကို ကြည့်နေမိသည်။ သူမ မျက်လုံးများမှာ တစ်ခုခုကို အပြင်းအထန် စဉ်းစားနေသည့်အတိုင်း ဟိုဒီလှုပ်ရှားနေသည်။

သူ မျက်နှာကို လက်ဖြင့် အုပ်လိုက်သည်။

‘သူမကတော့ ကောင်းတဲ့အရာ ဘာမှတွေးနေမှာမဟုတ်ဘူး!'

"မန်နေဂျာကျောက်၊ အပင်ပန်းမခံပါနဲ့တော့။ ကျွန်တော့်မှာ ခင်များကို ပြင်ပေးစရာ အချက်နည်းနည်းရှိတယ်"

ကျိုးထျန်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲရှိ အာရုံများကို ရှင်းထုတ်လိုက်သည်။

"ပထမအချက်၊ ရုပ်ရှင်ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်တော်က ကျောက်ရှင်းကြောင့် ရင်းနှီးမြှုပ်နှံခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့က သာမန် သူငယ်ချင်းတွေပါ၊ ကျွန်တော်တို့ကြားမှာ ဘာမှမရှိခဲ့ဘူး။ ခင်များ အများကြီး တွေးနေတာပါ"

"ဒုတိယအချက်၊ ကျွန်တော်က ခင်များထင်သလို လူမျိုးမဟုတ်ဘူး။ ဒါကြောင့် ခင်များရဲ့... မြှူဆွယ်မှုကြောင့် ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး"

"ကျွန်တော် ဒီမှာထိုင်နေတာက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ပါ၊ အဲ့ဒီပြဿနာက ခင်များပဲ!"

ထိုစကားကိုကြားသောအခါ ကျောက်ဖန် မျက်မှောင်ကြုတ်သွားပြီး သူမ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

"ကျွန်မ မယုံဘူး။ ရှင်နဲ့ ရှင်းရှင်းကြားမှာ ဘာမှမရှိဘူးဆိုရင် ရှင် ဘာလို့ ဒီရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံမှာလဲ?"

"ဒီမေးခွန်းကို မေးတာ ခင်များ ပထမဆုံးလူ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အရင်အဖြေကိုပဲ ပေးပါ့မယ်.... ပိုက်ဆံကြောင့်ပါ၊ ကျွန်တော်က ဒီရုပ်ရှင်ရဲ့Box Office အောင်မြင်မှုကို ယုံကြည်လို့ပါ။ မယုံရင်တောင် အချိန်က အရာအားလုံးကို သက်သေပြပါလိမ့်မယ်"

နောက်လဝက်နေရင် ရုပ်ရှင်ရုံတင်တော့မည်ဖြစ်ရာ Box Office ဝင်ငွေက အကောင်းဆုံး ရှင်းပြချက် ဖြစ်လိမ့်မည်။

ကျိုးထျန်း၏ယုံကြည်မှုရှိသည့် အမူအရာကို မြင်တော့ စောစောက ယုံကြည်မှုအပြည့်ရှိနေသည့် ကျောက်ဖန်မှာလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

'သူ အမှန်အတိုင်း ပြောနေတာလား?'

'ဒါလည်း ဟုတ်တာပဲ။ အကယ်၍ သူက ရမ္မက်ကြောင့် ရင်းနှီးမြှုပ်နှံတာ မဟုတ်ရင်တော့ အခု ငါ့အပေါ် အေးစက်နေတာက အဓိပ္ပာယ်ရှိသွားပြီ'

'ဒါပေမဲ့ အဲ့ဒီလိုဆိုရင် ကိစ္စတွေက ပိုပြီး ခက်ခဲသွားပြီ' ဟု သူမ စိတ်ထဲတွင် တွေးလိုက်သည်။

တစ်ဖက်လူက ပြန်ပြီး ငြိမ်သက်သွားသည်ကို မြင်တော့ ကျိုးထျန်းက စကားစလိုက်သည်။

"ဒီလိုလုပ်ပါ၊ ခင်များ ဘာကြောင့် ဒါကို လုပ်ခဲ့လဲဆိုတာ ကျွန်တော် သေချာမသိသေးပေမယ့် သာမန်အားဖြင့်တော့ ခန့်မှန်းနိုင်ပါတယ်။ ကျွန်တော် ပြောကြည့်မယ်၊ မှန်လားဆိုတာ ကြည့်ပေးပါ"

သူသည် ကျောက်ဖန် နှင့် ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေး တို့၏ အချက်အလက်များကို သေချာပြန်လည်စစ်ဆေးခဲ့ပြီးနောက် အကြံတစ်ခုရလာခြင်း ဖြစ်သည်။

“ခင်များက ကျောက်ရှင်းနဲ့ မတူဘူး။ သူမ အမြဲတမ်းလိုချင်ခဲ့တာက ပိုက်ဆံပဲ၊ ဘာလို့လဲဆိုတော့ သူမရဲ့အဖေ ထောင်ကလွတ်ဖို့ ပိုက်ဆံလိုအပ်လို့ပဲ”

“ဒါပေမဲ့ ခင်များကတော့ အာဏာကိုလိုချင်တာ ၊ ဟွမ်ရှီရုပ် ရှင်ထုတ်လုပ်ရေးကို ထိန်းချုပ်ချင်တာ!”

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်ဖန်မျက်လုံးများမှာ သိသိသာသာကို ဟိုဒီလှုပ်ရှားသွားပြီး သူမ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေကြောင်း ပြသနေသည်။

သူမ တုံ့ပြန်မှုကို မြင်တော့ ကျိုးထျန်း သူမှန်သွားပြီဆိုတာ သိလိုက်ရသည်!

" အခု ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေးမှာ အာဏာ အတော်အ တန်ရှိနေပြီ။ ကျွန်တော် မြင်ရတဲ့ အချက်အလက်တွေအရ ခင်များ တကယ်ပဲ ကောင်းကောင်းလုပ်ဆောင်နေပါတယ်။ ပြဿနာတွေက ဖြေရှင်းဖို့ ခက်ခဲလွန်းနေတာပဲ ရှိတာပါ။

ခက်တာက ခင်များ အစ်ကိုကြီးရဲ့အကြွေးတွေက များလွန်းနေပြီး ပြန်ဖြေရှင်းဖို့မတတ်နိုင်ခဲ့ဘူး"

"ဒါပေမဲ့ ကုမ္ပဏီက ဒီလောက်အထိဒုက္ခမရောက်ခဲ့ရင် ခင်များက တကယ်ကိုအရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်မှာပါ"

"ဒါကြောင့်လည်း အာဏာရဲ့အရသာကို စွဲလန်းသွားတာပေါ့"

"အစကတော့ ဟွမ်ရှီကပျက်စီးတော့မယ့် အခြေအနေမှာ ရှိနေပြီး ခင်များလည်း လက်လျှော့ဖို့ ပြင်ဆင်ထားပြီးသား။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် ဟွမ်ရှီက ပြန်အသက်ဝင်လာတယ်။

ဒါကြောင့် စိတ်ပျက်အားငယ်မှုကို ကြုံတွေ့ခဲ့ဖူးတဲ့ ခင်များက ကုမ္ပဏီရဲ့အာဏာကို ဆုပ်ကိုင်ထားဖို့ ပိုပြီး ပြတ်သားသွားတာပဲ"

"ဒါပေမဲ့ ခင်များက နောက်ဆုံးတော့ ယာယီခေါင်းဆောင်တစ်ယောက်ပဲလေ။ ခင်များရဲ့အစ်ကိုကြီးသာ ထောင်က လွတ်လာရင် ခင်များက ချက်ချင်းဖယ်ရှားခံရမှာပဲ။ သူ လုံးဝ အနားယူသွားရင်တောင် စီမံခန့်ခွဲမှုကိုကျောက်ရှင်းကိုပဲ လွှဲပေးမှာ၊ ခင်များကို မဟုတ်ဘူး"

"ဒါကြောင့် ခင်များလုပ်သမျှရဲ့ ရည်ရွယ်ချက်က ခင်များရဲ့ အစ်ကိုကြီးထောင်က လွတ်မလာအောင် တားဆီးဖို့ပဲ!"

ကျိုးထျန်း သူမ စိတ်တွင်း ဆန္ဒကို ဖွင့်ချလိုက်သည်။

သူသည် မနေ့က တစ်နေ့လုံး ထိုအကြောင်းကိုတွေးတောခဲ့ပြီး ဤရှင်းပြချက်တစ်ခုတည်းသာ အဓိပ္ပာယ်ရှိသည်။

ကျောက်ရှင်း နာမည်ကြီးလာလေလေ၊ သူမ ဝင်ငွေ ပိုများလာလေလေဖြစ်ပြီး သူမ၏အဖေက အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို ပြန်ဆပ်နိုင်ရင် ပြစ်ဒဏ်လျှော့ပေါ့ခွင့် ရနိုင်မည်ဖြစ်သည်။

ကျောက်ဖန် အတွက်တော့ သူမ၏အထွေထွေမန်နေဂျာ ရာထူးကို ဆက်ထိန်းထားနိုင်ဖို့ သူမ အစ်ကိုဖြစ်သူ၏ ထောင်ဒဏ် လျှော့ပေါ့မှုကို တားဆီးဖို့ လိုအပ်သည်။

ဤလမ်းကြောင်းအတိုင်း စဉ်းစားကြည့်လျှင် သူမသည် ကျောက်ရှင်း၏ဝင်ငွေရှာနိုင်စွမ်းကို လျှော့ချပစ်ဖို့ လိုအပ် နေသည်။

ထို့အပြင် ကျောက်ရှင်း ပိုက်ဆံပိုရလေလေ၊ ကုမ္ပဏီမှာ သူမရဲ့အဆင့်အတန်းက ပိုမြင့်လာလေလေဖြစ်မည်။

သူမနဲ့ ပတ်သက်တဲ့ သတင်းဆိုးတွေကို ဖြန့်လိုက်ခြင်းက ကုမ္ပဏီမှာ သူမ၏နေရာကို ဖိနှိပ်ထားနိုင်ပြီး ချမ်းသာကြွယ်ဝမှုတွေ အမြန်မစုဆောင်းနိုင်အောင် တားဆီးနိုင်ကာ ကုမ္ပဏီအပေါ် ထိန်းချုပ်မှုကို ထိခိုက်စေသည်။

သို့သော် ယခုတစ်ခါမှာတော့ သူမ အနည်းငယ် အလျင်လိုသွားသည်။

"Planetary Home" က သိသိသာသာကို အောင်မြင်တော့မည် ဖြစ်သည်။ ရုံတင်ချိန်က အလွန်များပြားသည်။ အရည် အသွေးကသာ မဆိုးဘူးဆိုရင် အောင်မြင်မှာ သေချာသည်။

ထို့အပြင် သူမအနေဖြင့် ရုပ်ရှင်၏အရည်အသွေးကို ကောင်း ကောင်းသိသည်။

သူမအစ်ကို ကိုယ်တိုင် ဦးဆောင်ပြီး စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ထားတဲ့ ပရောဂျက်ဖြစ်သောကြောင့် အရည်အသွေးက ထိပ်တန်းအဆင့်ဖြစ်မည်မှာ သံသယဖြစ်စရာ မလိုပေ။

ရုပ်ရှင်အောင်မြင်တော့မည့် အခြေအနေကို မြင်သောအခါ ကျောက်ရှင်းမှ ကုမ္ပဏီကို ကယ်တင်လိုက်ပြီဆိုတဲ့ ကောလ ဟာလတွေ ထွက်ပေါ်နေသည်။

သူ့တူမ ကုမ္ပဏီအား ပြန်လာတိုင်း ဝန်ထမ်းအားလုံး လမ်းဘေးမှာ စီတန်းပြီးကြိုဆိုကြသည်။

ထိုအရာမှာ သူမကိုယ်တိုင် တစ်ခါမှမရရှိဖူးသည့် ဆက်ဆံမှုမျိုးဖြစ်သည်။

အထူးသဖြင့် သူမအစ်ကိုနဲ့အတူ ကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့ ဝန်ထမ်းဟောင်း အနည်းငယ်ကဆိုရင် ကျောက်ရှင်းအား သူမအစ်ကို၏ကိုယ်ပွားတစ်ခုလို မြင်နေကြသည်။

၎င်းတို့က သူမကို မကြာခဏချီးကျူးလေ့ရှိပြီး သူမမှာ သူမအစ်ကို ငယ်ငယ်တုန်းကလို အရှိန်အဝါမျိုးရှိသည်ဟု ပြောလေ့ရှိသည်။

ထိုအရာအားလုံးမှာ သူမအတွက် သည်းခံနိုင်စရာမဟုတ်တော့ပေ။

All Chapters