← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

🍋 Chapter 155

ကျောက်ဖန်သည် အစပိုင်းတွင် ကျောက်ရှင်းကို ဒုက္ခပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

သို့သော် သူမ ပတ်ဝန်းကျင်ရှိလူများ၊ အထူးသဖြင့် ကုမ္ပဏီ၏အမာခံဒေါက်တိုင်များက သူမ တူမအား အမြဲလိုလိုချီးမွမ်းနေကြသည်ကိုမြင်သောအခါ သူမ စိတ်နေစိတ်ထားမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သူမသည် သူမအစ်ကိုကြီးကဲ့သို့ ထက်မြက်မှုရှိပြီး သူမ၏ တူမကဲ့သို့ လှပမှုရှိသည်ဟု ခံစားရသဖြင့် သူမသည် သူတို့နှစ်ဦးထက် မည်သည့်နေရာတွင်မှ မနိမ့်ကျဟုယူဆထား သည်။

သို့သော် သူမသည် အဘယ်ကြောင့် အမြဲတမ်း ဇာတ်ပို့နေရာမှာပဲ နေနေရသနည်း။

သူမ အစ်ကိုဖြစ်သူ ထောင်ကလွတ်လာသည်နှင့်တစ်ပြိုင်နက် သူမသည် ကုမ္ပဏီတွင် တစ်ဖန်အပိုလူပြန်ဖြစ်သွားပေလိမ့်မည်။

သူမ လက်မခံနိုင်ပေ။

အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များက သူမ စိတ်ဓာတ်ကို စတင်ပြောင်းလဲစေခဲ့သည်။

သူမသည် အရှုံးမပေးလိုရုံသာမက မနာလိုဝန်တိုမှုကိုပါ စတင်ခံစားလာရသည်။

သူမ 'အချဉ်ဓာတ်' တွေ တက်နေပြီဖြစ်သည်။

သူမ အစ်ကိုကြီးအပေါ် 'အချဉ်ပေါက်' နေသလို၊ သူမ တူမအပေါ်တွင်လည်း 'အချဉ်ပေါက်' နေမိသည်။

သူတို့ အကူအညီလိုသည့်အခါ သူမက အပင်ပန်းခံ အလုပ်လုပ်ပေးရပြီး၊ ၎င်းတို့ မလိုအပ်တော့သည့်အခါကျမှ သူမကို ဘေးဖယ်ထုတ်ခံရမည်မှာ အဘယ်ကြောင့်နည်း။

ထို့ကြောင့် ဤတစ်ကြိမ်တွင် သူမ ပေါက်ကြားအောင်လုပ်ခဲ့သည့် အချက်အလက်များမှာ ယခင်ကထက် ပိုပြင်းထန်လှသည်။

ထို့အပြင် မာခွန်းမှ ၎င်းတို့ Baoge မှာစားသောက်နေသည်ကို သိသွားရသည့် အကြောင်းရင်းမှာလည်း သူမက တစ်ဆင့်ခံလူတစ်ယောက်မှတစ်ဆင့် သတင်းပေးခဲ့သောကြောင့် ဖြစ်သည်။

သူမ ရည်ရွယ်ချက်မှာ မာခွန်းအား အသုံးချ၍ သူမ တူမကို နှိပ်ကွပ်ရန်ဖြစ်သည်။

အမှန်စင်စစ် ကျိုးထျန်း၏ဒေါသမှာလည်း ဤနေရာမှ မြစ်ဖျားခံသည်။ မာခွန်းက လူကောင်းတစ်ယောက်လော။

သူသည် ရိုက်ကွင်းပေါ်တွင် ကျောက်ရှင်းကို သေလုနီးပါးအထိ ဖြစ်အောင်လုပ်ခဲ့သူဖြစ်သည်။

ကျောက်ဖန်သည် အလွန်မိုက်မဲလှသည်။ သူမ၏ ရည်မှန်း ချက်အောင်မြင်ရန်အတွက် မသုံးသင့်သည့် အင်အားစုများကို အသုံးချခဲ့သည်။

ယခုအခါ သူမသည် ခေါင်းပင် မဖော်ရဲတော့ဘဲ သူမ ဆံပင်များကိုလက်ဖြင့် ဆုပ်ကိုင်ထားကာ အလွန်အမင်းစိတ်လှုပ် ရှားနေမိသည်။

အချိန်အတော်ကြာပြီးနောက် သူမက နောက်ဆုံးတွင် စကား ပြောလာသည်။

"ကျေးဇူးပြုပြီး ဒါကို ရှင်းရှင်းကို မပြောပါနဲ့"

တစ်ဖက်လူ အကုန်လုံးကို ခန့်မှန်းမိသွားပြီဖြစ်ရာ သူမ ဆက်ပြီး မဖုံးကွယ်တော့ပေ။ ၎င်းမှာ ဝန်ခံလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

"အကယ်၍ ငါ သူမကို ပြောဖို့ စီစဉ်ထားရင် ခင်များတစ် ယောက်တည်းကို ဘာလို့ သီးသန့်ခေါ်တွေ့ပါ့မလဲ"

ကျိုးထျန်း နောက်ဆုံးတွင် သူ့ တူကို ကိုင်လိုက်ပြီး စတင် စားသောက်တော့သည်။

"ငါ... ငါ မှားသွားပါတယ်။ မနက်ဖြန် ကုမ္ပဏီကနေ ငါ နုတ်ထွက်ပါ့မယ်"

ကျောက်ဖန်သည် ယခုအခါ အလွန်စိတ်ပျက်အားငယ်နေမိသည်။ သူမ အစ်ကိုကြီးက သူမအားနိုင်ငံခြားတွင်ပညာ သင်နိုင်အောင် ထောက်ပံ့ပေးခဲ့သည်များကို သူမ သတိရနေမိသည်။

ငယ်ရွယ်သော ကျောက်ရှင်းနှင့်အတူ ဆော့ကစားခဲ့ဖူးသည်များကိုလည်းကောင်း၊ ထိုသားအဖနှစ်ယောက်နှင့်အတူ ကုမ္ပဏီ၏တိုးတက်မှုများကို ဂုဏ်ပြုခဲ့ကြသည်များကိုလည်းကောင်း သူမ ပြန်လည် မြင်ယောင်နေသည်။

သူမ၏ဘဝမှာ သူတို့သားအဖကို ဗဟိုပြု၍လည်ပတ်နေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်လည်း သူမ ဤမျှလောက် မနာလိုဖြစ်ခဲ့ခြင်းဖြစ်နိုင်ပေသည်။

ကျောက်ရှင်းတို့သားအဖရှေ့တွင် သူမကိုယ် သူမ အမြဲတမ်း အပြင်လူတစ်ယောက်လို ခံစားခဲ့ရသည်။

ယခုအခါ သူမ နောင်တရမိသွားပြီဖြစ်သည်။ တကယ့် အမှားကြီး မကျူးလွန်မိခင်မှာ နောင်တရခွင့်ရခဲ့သည်မှာ ကံကောင်းလှသည်။

ဒီကျိုးထျန်း သူမကို နိုးထလာစေရန် ဘုရားသခင်က စေလွှတ်လိုက်သူ ဖြစ်နိုင်ပေသည်။

'ကောင်းပြီလေ၊ ငါ့ရဲ့ စိတ်တွေကို အမြင်ခံလိုက်ရပြီဆိုတော့ ငါ ဟွမ်ရှီမှာ ဆက်နေလို့ မဖြစ်တော့ဘူး။

ဒါလည်း ကောင်းပါတယ်၊ စိတ်အေးသွားတာပေါ့'

သို့သော် ကျိုးထျန်း၏စကားများက သူမကို အလွန်အမင်း အံ့အားသင့်သွားစေသည်။

"မဟုတ်ဘူး၊ ခင်များ နုတ်ထွက်ဖို့ မလိုပါဘူး။ အထွေထွေမန်နေဂျာအဖြစ် ဆက်လုပ်လို့ ရတယ်"

ကျိုးထျန်း အစားအသောက်ကို စားရင်း သူမကို ကြည့်ကာ ပြောလိုက်သည်။

"အာ၊ ဘာဖြစ်လို့လဲ"

ကျိုးထျန်း အားမလိုအားမရ ပြုံးလိုက်သည်။

‘ဒီ ကျောက်မိသားစုဝင်တွေက ဘာလို့ ဒီလောက်အထိ ပွင့်လင်းလွန်းနေကြတာလဲ။ အကယ်၍ တခြားသူသာဆိုလျှင် သူက ရာထူးမှာဆက်ထားမည်ဟု ပြောသည့်အခါ ပထမဆုံး တုံ့ပြန်မှုမှာ ငိုယိုပြီး ကျေးဇူးတင်စကားတွေ တသသ ပြောကြမှာ မဟုတ်လား’

‘ဒါပေမဲ့ သူမကတော့ သူ့ကို ဘာလို့လဲလို့ ပြန်မေးနေတုန်းပဲ၊ သူ စိတ်ပြောင်းသွားမှာကို မကြောက်ဘူးလား’

‘ဟင်း... ကြည့်ရတာ သူမနဲ့ ကျောက်ရှင်းက ရုပ်ချင်းတူရုံတင်မကဘဲ အတွေးအခေါ်ပုံစံကလည်း ဆင်တူနေပုံပဲ’

"ဘာလို့လဲဟုတ်လား? ခန့်မှန်းကြည့်လေ"

ကျောက်ဖန် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်ကာ ဇဝေဇဝါ ဖြစ်နေသည့်ပုံစံဖြင့် ကြည့်နေသည်။

"ကျောက်ရှင်းရဲ့ ဦးနှောက်က ကုမ္ပဏီကိုစီမံခန့်ခွဲဖို့ သင့်တော် တယ်လို့ ခင်ဗျား ထင်လား"

ကျောက်ဖန် သူမ၏ ခေါင်းကို ပြတ်ပြတ်သားသား ခါပြလိုက်ကာငြင်းဆိုလိုက်သည်။

"ဒါဆိုရင် ကိစ္စက ပြီးသွားပြီပေါ့၊ နင်တို့ ကျောက်မိသားစုမှာ ဒီသုံးယောက်ပဲ ရှိတာလေ၊ အခုမှ နောက်ထပ်တစ်ယောက် ထပ်မွေးဖို့ကလည်း နောက်ကျသွားပြီ"

ကျိုးထျန်းသည် ဟွမ်ရှီနှင့် သူ့ ပတ်သက်မှုမှာ ကျောက်ရှင်းနှင့် သူ၏ဆက်ဆံရေးကြောင့်ဖြစ်ကြောင်း ကောင်းကောင်း သိထားသည်။

အကယ်၍ ဟွမ်ရှီ၏မန်နေဂျာက ကျောက်မိသားစုဝင် မဟုတ်တော့ပါက ဟွမ်ရှီအပေါ် သူ၏ သြဇာညောင်းမှုမှာ သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။ ယင်းမှာ သူ မမြင်လိုသော အခြေအနေမျိုးဖြစ်သည်။

သူသည် ကျောက်ဖန်အားဖယ်ရှားပစ်ရန် စဉ်းစားခဲ့ဖူးသော် လည်း ယခု သူတို့၏အပြန်အလှန် ဆက်ဆံမှုအပြီးတွင် သူ စိတ်ကူး ပြောင်းလဲသွားခဲ့သည်။

သူမ၏ဆွဲဆောင်မှုရှိသော အလှအပတစ်ခုတည်းနှင့်တင် သူမသည် တန်ဖိုးမဖြတ်နိုင်သော အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်နေသည်။

အကယ်၍ သူမကို သူ့ ရည်ရွယ်ချက်များအတွက် အသုံးချနိုင်မည်ဆိုပါက တစ်နေ့တွင် သူမက အလွန်အသုံးဝင်လာနိုင်ပေသည်။

ထို့အပြင် ယခုအခါ သူမ၏အားနည်းချက်ကို သူ သိထားပြီးဖြစ်ရာ သူမက သူ့ကိုမကူညီမှာကို သူ စိုးရိမ်စရာ မလိုတော့ပေ။

အချက်အလက် အားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် သူမကို သူမ၏ ရာထူးမှာပဲ ဆက်ထားခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ကျိုးထျန်းသည် အလွန်ကျိုးကြောင်းဆီလျော်သူဖြစ်ပြီး သာမန် စိတ်လှုပ်ရှားမှုလေးတွေအတွက်နှင့် သူ၏ အကျိုး စီးပွားကို စတေးမည့်သူ မဟုတ်ပေ။

"နင် ဒီရာထူးမှာ နင့် အလုပ်ကို ဆက်ပြီး ကောင်းကောင်းလုပ်နိုင်ပါတယ်၊ ဒါပေမဲ့ နင့်မှာ နောက်ထပ် သစ္စာဖောက်ချင်တဲ့ ဆန္ဒမျိုးရှိနေတာကို ငါ့ကို အသိမပေးမိစေနဲ့၊ မဟုတ်ရင်တော့..."

ကျိုးထျန်း အမူအရာ ပြောင်းလဲသွားပြီး သူ့ မျက်လုံးများက ရုတ်တရက် စူးရှသွားသည်။

"မဟုတ်ရင်တော့... နုတ်ထွက်ရုံတင်နဲ့ ပြီးမှာမဟုတ်ဘူး၊ နင် နောင်တရသွားအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ငါ့မှာ အများကြီး ရှိတယ်"

ကျောက်ဖန် ထိုကဲ့သို့သော အရာမျိုးကို ထပ်မလုပ်တော့ကြောင်း ပြသသည့်အနေဖြင့် ခေါင်းကိုအပြင်းအထန် ညိတ်ပြလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမ မျက်လုံးများက ဟိုဒီ လှုပ်ရှားသွားကာ ကျိုးထျန်းကို တစ်ဖက်သတ် ပြန်ကြည့်လိုက်သည်။

ထို့နောက် သူမသည် မတ်တပ်ရပ်လိုက်ပြီး သူမ စားပွဲကို ကျိုးထျန်းအနားသို့ တိုးကပ်လိုက်ကာ သူ့ကို ကိုယ်ချင်းကပ်လျက် ပုစွန်ထုပ်ကြီးတစ်ကောင်ကို ယူကာ အခွံကို သေချာနွှာပြီး ကျိုးထျန်း ပါးစပ်သို့ ခွံ့ပေးလိုက်သည်။

ကျိုးထျန်းမှာ သူမ၏အပြုအမူကြောင့် ကြောင်သွားပြီး ပါးစပ်ကိုဟကာ စားလိုက်မိသည်။

"နင် ဘာလုပ်နေတာလဲ"

ပုစွန်ကို မျိုချပြီးနောက် သူ မေးလိုက်သည်။

"ငါ့ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးပြီး ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်လို့ပါ"

သူမက ပြောရင်း သူမ၏ရှပ်အင်္ကျီ အပေါ်ဆုံး ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်သည်။

သူမက သူ့ဘက်သို့ အနည်းငယ် ကိုင်းလိုက်ရာ သူ့ အမြင်ထောင့်မှ ကြည့်လျှင် အနက်ရောင် ဇာနားကွပ်ထားသော အထည်စလေးတစ်ခု၏ အပေါ်ယံ ပုံရိပ်ကို မြင်လိုက်ရသည်။

"ဝိတ်တာ၊ ဝိတ်တာ၊ ကြက်မည်းနဲ့ ဂေါ့ဂျီသီး စွပ်ပြုတ် တစ်ပွဲ ထပ်မှာမယ်၊ ပြီးတော့ ဂေါ့ဂျီသီး လက်ဖက်ရည်လည်း တစ်ခွက်ပေးဦး၊ အမြန်လေးနော်!"

ကျိုးထျန်းသည် ရုန်းထွက်ရန်ကြိုးစားသော်လည်း ကျောက်ဖန်က သူမ လက်မောင်းဖြင့် သူ့ကို မြဲမြံစွာဆုပ်ကိုင်ထား သည်။

သူသည် အလွန်အာဟာရဖြစ်စေမည့် အစားအစာအချို့ကို မှာယူရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ကျိုးထျန်း စားသောက်ပြီးပြန်ထွက်လာသည့်တိုင်အောင် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေဆဲဖြစ်ပြီး သူ ဘာတွေ စားခဲ့သည်ကိုပင် မမှတ်မိတော့ပေ။

ကျောက်ဖန်က သူ့အား အစာခွံ့ပေးနေစဉ်မှာပင် သူမ၏ လက်ချောင်းများဖြင့် သူ့ လက်မောင်းကို ပွတ်သပ်နေခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ် ဘာမှမဖြစ်ပျက်ခဲ့သော်လည်း အမျိုးသမီးများ၏စွမ်းအားကို သူ ကောင်းကောင်းကြီး ခံစားလိုက်ရသည်။

သူသည် ကုန်စုံဆိုင်လေးတစ်ခုကို အမြန်ရှာလိုက်ပြီး နို့တစ်ပုလင်း ဝယ်သောက်လိုက်သည်။ သောက်ပြီးနောက် နှုတ်ခမ်းကို သပ်လိုက်သည်။

"ဟင်း... အစားစားပြီးရင် ဘာလို့ နို့သောက်ချင်နေမှန်း မသိဘူး"

...

ပြဿနာမှာ တစ်ဝက် ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။

အတွင်းပဋိပက္ခကို ဖြေရှင်းပြီးနောက် နောက်ထပ် စိန်ခေါ်မှုမှာ အပြင်ဘက် ပြဿနာပင်။

နာရီဝက်ခန့်အကြာတွင် ကျောက်ရှင်းသည် Weibo ပေါ်တွင် ထုတ်ပြန်ချက်တစ်ခု တင်လိုက်သည်။

"လတ်တလော ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ရှင်းပြချက် တချို့ ပေးချင်ပါတယ်!"

ဤခေါင်းစဉ်က ကြည့်ရှုသူပေါင်းများစွာကို ဆွဲဆောင်လိုက်သည်။

"ကျောက်ရှင်း တုံ့ပြန်လိုက်ပြီဟေ့!"

"နတ်သမီးလေး ထုတ်ပြောလိုက်ပြီ၊ လာကြဟေ့ သတင်းဦး သတင်းထူးတွေ!"

Weibo ပို့စ်တွင် အချက်နှစ်ချက်ကို ဖော်ပြထားသည်။

"ပထမအချက်၊ လွန်ခဲ့တဲ့နှစ်ရက်က အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ကျွန်မနဲ့ အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ပြောရရင် အဲ့ဒါတွေက အခြေအမြစ်မရှိဘဲ လုပ်ကြံထားတာတွေပါ”

"အမှန်တရားကတော့၊ ဒီအမျိုးသားဟာ မသင့်တော်တဲ့ နည်းလမ်းတွေနဲ့ ကျွန်မရဲ့လိပ်စာကို ရှာဖွေပြီး ကျွန်မ အိမ်ရှေ့အထိလာရောက်ကာ အဆမတန်တောင်းဆိုမှုတွေ လုပ်ခဲ့တာဖြစ်ပြီး ကျွန်မကတော့ ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပါတယ်”

"ဒီအမျိုးသားဟာ တခြားသူမဟုတ်ပါဘူး၊ အရင် 'ဟိုတယ် ခန်း ဖြစ်ရပ်' မှာ ပါဝင်ခဲ့တဲ့ မစ္စတာမာခွန်းပဲ ဖြစ်ပါတယ်!"

"ဒုတိယအချက်၊ ကျွန်မနဲ့ လျှို့ဝှက်ဆန်းပြားတဲ့ အမျိုးသားတစ်ဦး လေဆိပ်မှာအပြင်းအထန်ပြေးလွှားနေတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ပြောရရင်

အဲ့ဒါက ကျွန်မ ရှန်ဟိုင်းမှာ 'Planetary Home' နဲ့ 'Despair World' ဂိမ်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ ပရိုမိုးရှင်းဗီဒီယို ရိုက်ကူးနေစဉ်အတွင်း ထန်းချိုင်နည်းပညာက ဝန်ထမ်းတွေနဲ့အတူ ပရိသတ်တွေကြားထဲကနေ တိမ်းရှောင်နေချိန်မှာ ရိုက်မိထားတာဖြစ်ပါတယ်။

အဲ့ဒီမှာ ကောလဟာလ ထွက်နေသလိုမျိုး ချစ်သူရည်းစား မပါဝင်ပါဘူး”

"လူတိုင်း ကျွန်မကို ဆက်ပြီးအားပေးကြဖို့ မျှော်လင့်ပါတယ်။ ဒီလို လုပ်ကြံဖန်တီးပြီး မဟုတ်မမှန် စွပ်စွဲထားတဲ့ သတင်းမှားတွေကို ကျွန်မနဲ့အတူ ပြတ်ပြတ်သားသား ဆန့်ကျင်ပေးကြပါဦး!"

စာသား၏အဆုံးတွင် သူမသည် ထန်းချိုင်နည်းပညာ ၏ တရားဝင် Weibo အကောင့်ကိုလည်း Tag တွဲထားသည်။

ထိအရာအားလုံးမှာ ကျိုးထျန်း စီစဉ်ပေးထားခြင်းဖြစ် သည်။

ကျောက်ရှင်း၏ထုတ်ပြန်ချက် ထွက်လာပြီး တစ်မိနစ်ပင် မပြည့်မီမှာပင် ထန်းချိုင်နည်းပညာ မှ ၎င်း၏ ပရိုမိုးရှင်းဗီဒီယိုအသစ်ကို Weibo ပေါ်တွင် တင်လိုက်ပြီး ဟွမ်ရှီရုပ်ရှင်ထုတ် လုပ်ရေးကလည်း တစ်ချိန်တည်းမှာပင် တင်လိုက်သည်။

၎င်းက သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှုပင်။

အများပြည်သူမှာ ဤကဲ့သို့သော ရှင်းပြချက်မျိုးကို ကျင့်သားရနေပြီဖြစ်ရာ လူအများအပြားက ယုံကြည်ကြမည် မဟုတ်ပေ။

သို့သော် ကျောက်ရှင်းထုတ်ပြန်ချက်မှာ ထူးခြားနေသည်၊ အဘယ်ကြောင့်ဆိုသော် မာခွန်း၏နာမည် ပါဝင်နေသော ကြောင့် ဖြစ်သည်။

မာခွန်းက ဘယ်သူလဲ။ သူ သေဆုံးသွားပြီးနောက် သူ့ Weibo မှာ သူသည် သေထိုက်သူဖြစ်ကြောင်း ရေးသားထားသော မှတ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

မာကျန်းဟဲသည် သူ့သားအပေါ် အွန်လိုင်းမှ စော်ကားပြောဆိုမှုများကို ရပ်တန့်ရန် အကောင့်ကိုပင် ဖျက်ပစ်ခဲ့ရသည်။

သူ ပါဝင်နေသဖြင့် ထိုထုတ်ပြန်ချက်သည် အများပြည်သူကြားတွင် ချက်ချင်းယုံကြည်စိတ်ချရမှု ရရှိသွားသည်။

"ဒါဆို နတ်သမီးလေးကို နှောင့်ယှက်ခဲ့တာ အဲ့ဒီ လူယုတ်မာပေါ့။ ဒါဆိုရင်တော့ သေချာပေါက် မှန်မှာပဲ”

"တောက်... ဒီအမှိုက်က ကျောက်ရှင်းကိုတောင် နှောင့်ယှက်ရဲတယ်လား! လက်မခံနိုင်ဘူး! ငါ သူ့သင်္ချိုင်းကို သွားတူးပစ်မယ်!"

"နတ်သမီး ကျောက် ပြောတာ မှန်ဖို့ များပါတယ်။ ဒီကာမ ဂုဏ် လိုက်စားတဲ့ကောင်က အမျိုးသမီး နာမည်ကြီးတွေနဲ့ ကစားရတာ ဝါသနာပါတာပဲ၊ ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ် ဟိုတယ်ဘွတ်ကင် စာရင်းမှာ ကျောက်ရှင်း နာမည်မပါခဲ့ဘူး။ အဲ့ဒီတုန်းက နတ်သမီးလေး သူ့ကို ငြင်းလိုက်လို့ ဖြစ်မှာပဲ”

"တော်သေးတာပေါ့၊ နတ်သမီးလေးက အခုထိ သန့်ရှင်းနေတုန်းပဲ၊ ငါ့နှလုံးသားထဲက နတ်သမီးလေးအတိုင်းပဲ”

🍋 Chapter 156

ကျောက်ရှင်းသည် အင်တာနက်ပေါ်မှ တုံ့ပြန်မှုများကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

"ဝါး... တကယ်ကို အထင်ကြီးစရာပဲ! သူပြောသလိုပဲ၊ ကြည့်ရှုသူအားလုံးနီးပါးက ငါ့ဘက်မှာပဲ!"

ကျိုးထျန်းသည် Despair World နှင့် Planetary Home တို့၏ ပူးပေါင်းပရိုမိုးရှင်းဗီဒီယိုကို ကြော်ငြာရန်အတွက် လေဆိပ်ဖြစ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဤ Weibo ပို့စ်မှာ ကျောက်ရှင်း၏ ကိုယ်ရေးကိုယ်တာပုံရိပ်ကို ရှင်းပြရန်အတွက် အဓိကဖြစ်သောကြောင့် ပြန်လည်မျှဝေမှု အရေအတွက်မှာ အလွန်များပြားမည်မှာ သေချာသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမက "နိုင်ငံတော်အဆင့် နတ်သမီး" အဖြစ် လူသိများသူဖြစ်ရာ ရေပန်းစားနေသည့် အကြောင်း အရာတစ်ခုကို ထွက်ရှင်းသည့်အခါ trending စာရင်းထဲဝင်ရန် ပိုက်ဆံပေးပြီး ကြော်ငြာနေစရာပင် မလိုပေ။

လူကြိုက်များမှု အရှိန်အဟုန်က ဤမျှမြင့်မားနေသည်ကို အသုံးမချလျှင် နှမြောစရာကောင်းပေလိမ့်မည်။

ဗီဒီယိုကို ကြော်ငြာရန်အတွက် ၎င်းကို အသုံးပြုခြင်းက အကောင်းဆုံးပင် မဟုတ်ပါလား။

"မျှော်လင့်ထားသလိုပါပဲ၊ သူ့ကို အကူအညီတောင်းပြီး ဒါကို ဖြေရှင်းခိုင်းတာ မှန်ကန်တဲ့ ရွေးချယ်မှုပဲ၊ ဟားဟားဟား၊ ကျိုးထျန်းက ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သူက ငါ့အတွက် အသုံးချခံတစ်ခုပါပဲ၊ ငါ့အတွက် သူ အလုပ်လုပ်ပေးရတာပဲလေ!"

ကျောက်ရှင်းသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ သူမကိုယ်သူမ အလွန်အမင်းသဘောကျနေပြီး ကျိုးထျန်းက သူမနောက်တွင် မတ်တပ်ရပ်နေပြီဖြစ်သည်ကိုပင် သတိမထားမိပေ။

"ဟားဟားဟား၊ ယောင်္ကျားတွေက နောက်ဆုံးတော့ အကုန် လုံး လူအတွေချည်းပါပဲ။ ငါ လက်ညှိုးလေး တစ်ချက် လှုပ်ပြလိုက်ရုံနဲ့ သူက နားထောင်ရတာပဲ"

ကျိုးထျန်း သူမအား ဉာဏ်ရည်မမှီသူတစ်ဦးအား ကြည့်သည့် သနားစဖွယ်အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

"အဟမ်း!"

သူ ရည်ရွယ်ချက်ရှိရှိ ချောင်းတစ်ချက် ဟန့်လိုက်သည်။

ထိုအခါမှ ကျောက်ရှင်းက တစ်ယောက်ယောက်ရှိနေမှန်း သတိပြုမိသွားပြီး လှည့်ကြည့်လာသည်။

ထို့နောက် သူမ မျက်လုံးများက ဟိုဒီလှုပ်ရှားသွားပြီး ပြောလိုက်သည်မှာ

"ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာကျိုး၊ ကျွန်မကို ဒီလောက်အထိ ကူညီပေးတဲ့အတွက်။ ရှင်သာ မရှိရင် ကျွန်မတော့ တကယ့်ကို ဒုက္ခအကြီးအကျယ်ရောက်နေမှာ သေချာတယ်"

သူမသည် ကျေးဇူးတင်လွန်း၍ မျက်ရည်ကျဟန်ဆောင်ကာ သရုပ်ဆောင်ပြလိုက်သေးသည်။

ကျိုးထျန်း သက်ပြင်းချလိုက်သည်၊

"နင်က ဒီလောက်အထိ ဦးနှောက်မရှိလို့သာ မဟုတ်ရင် ငါ နင့်ကိုထိုးမိတာ ကြာပြီ"

"ဦးနှောက်မရှိတာက ရှင်ပဲ!"

သူမ၏ ကျေးဇူးတင်နေသည့် မျက်နှာပေးမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သွားဖြဲပြကာ လက်သီးကို ဝှေ့ယမ်းလိုက်သည်။

"ကဲပါ၊ တစ်နေ့လုံး စိတ်ကူးယဉ်မနေနဲ့တော့။ နင့်ရဲ့ အားလပ် ချိန်တွေကို ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်တဲ့နေရာမှာ သုံးဦး။ နင့်မျက်နှာကိုလည်း ကြည့်ဦး၊ ရှန်ဟိုင်းရောက်ကတည်းက ဝလာလိုက်တာ"

"နင် ငါ့အစားအသောက်တွေကို နေ့တိုင်း စားသောက်ပြီးတော့ အလကားနေရင်း အရိုးပေါ် အရေတင်အောင် အလုပ်လုပ်နေတာလား"

"ဝလာတာက ရှင်..."

သူမ အသံမှာ ယုံကြည်မှု အနည်းငယ် လျော့နည်းသွားသည်၊ သူမ လတ်တလောတွင် ပေါင်ချိန်စက်ပေါ် မတက်ရဲသေးပေ။

ဒဏ်ရာရထားသောကြောင့် သူမမှာ ရုပ်ရှင်ရိုက်ကူးခြင်း၊ အစီအစဉ်များတွင် ပါဝင်ခြင်း သို့မဟုတ် ဖျော်ဖြေပွဲများ တက်ရောက်ခြင်းတို့ မလုပ်ရသဖြင့် အနည်းငယ် စားသောက်မှု ကျွံသွားခြင်းဖြစ်သည်။

အမှန်စင်စစ် သာမန်မိန်းကလေးများနှင့် နှိုင်းယှဉ်လျှင် သူမက ပိန်လွန်းသည်ဟု သတ်မှတ်နိုင်သော်လည်း အလုပ်လုပ်နေချိန်တုန်းတွင် သူမမှာ ကြောက်စရာကောင်းလောက်အောင် ပိုပိန်ခဲ့သည်။

ကျိုးထျန်း စောစောက ကိစ္စအတွက် လက်စားချေသည့်အနေဖြင့် သူမကို စကားလုံးများဖြင့် ရည်ရွယ်ချက်ရှိရှိ ဆွပေးလိုက်ခြင်း ဖြစ်သည်။

'သူမက ငါ့ကို အသုံးချခံအဖြစ် သုံးမယ်ဟုတ်လား? ဒီမှာ ဘယ်သူက အသုံးချခံဖြစ်နေလဲဆိုတာ ငါ သိချင်မိတယ်။ T-brand ကို Short ရောင်းပြီး ငါ အမြတ်အများကြီး ရထားတာ၊ သူ့ကို ဆေးကုသစရိတ်အတွက် အနီရောင်အိတ်အကြီးကြီးပေးမလို့ စဉ်းစားထားတာ၊ အခုတော့ အဲ့ဒါကို မေ့ပစ် လိုက်တာပဲ ကောင်းမယ်ထင်တယ်'

သူ လက်လှမ်းပြီး ကျောက်ရှင်း၏ ဆံပင်များကို ဖွပစ်လိုက်ကာ အမြန်ပြေးထွက်သွားသည်။

သူမ ခြေထောက်မှာ ဒဏ်ရာရထားသဖြင့် သူ့ကို မမီနိုင်ဘဲ ဆိုဖာပေါ်တွင်သာ အားမလိုအားမရ ဒေါသထွက်နေရတော့သည်။

"ကျိုးထျန်း၊ ရှင် လူဆိုးကြီး! ရှင် ကျွန်မကို နှိပ်စက်တယ်လို့ မုယန်ကို သွားတိုင်မယ်!"

ထိုအချိန်မှာပင် ရေချိုးပြီးခါစ လျိုမုယန်က သူမ အခန်းထဲမှ ထွက်လာသည်။

ကျောက်ရှင်း၏ရှုပ်ပွနေသော ဆံပင်များကို မြင်သည်နှင့် ၎င်းမှာ ကျိုးထျန်း လက်ချက်မှန်း သူမ သိလိုက်သည်။

"သူ့ကို အမြဲတမ်း တမင်သက်သက် စိတ်မဆိုးအောင်မလုပ်ပါနဲ့၊ ဒါက သူမရဲ့ ဒဏ်ရာကျက်ဖို့အတွက် မကောင်းဘူး"

လျိုမုယန် အပြစ်တင်သလို ပြောလိုက်သည်။

"ရပါတယ်၊ သူမက နည်းနည်းလေး ရိုးအတာပါ။ ရိုးအတဲ့သူတွေက ပုံမှန်အားဖြင့် ကျန်းမာရေးသိပ်ကောင်းကြတယ်၊ သူမ မကြာခင် ပြန်ကောင်းလာမှာပါ"

လျိုမုယန် ပြုံးလိုက်သည်။

"သူမက ရိုးအတာ မဟုတ်ပါဘူး၊ နည်းနည်းလေး... နုနယ်တာပါ"

"ကဲပါ၊ ဒါတွေ ထားလိုက်တော့။ အခု ငါ အချိန်နည်းနည်း ရနေတုန်း စိတ်လည်း ကောင်းနေတာနဲ့၊ ဟော့ပေါ့ မစားရတာ ကြာပြီ၊ သွားစားကြမလား"

"ငါလည်း သွားချင်တယ်!"

ကျောက်ရှင်းက ချက်ချင်း လက်ထောင်လိုက်သည်။

"အေးလေ၊ အတူတူ သွားကြတာပေါ့၊ ဒါပေမဲ့ နင် လိုက်မယ်ဆိုရင် နင် ပိုက်ဆံရှင်းရမယ်၊ ဘာပဲဖြစ်ဖြစ် ငါ နင့်ကို အများကြီး ကူညီပေးထားတာပဲလေ"

"နှမြောလိုက်တာ!"

သူတို့ သုံးယောက် အတူတူထွက်လာကြရာ ဟိုတယ်ဧည့်ခန်း တွင် မပြန်ရသေးသည့် ကျောက်ဖန်နှင့် တိုးကြသည်။

"အဒေါ်၊ ရှန်ဟိုင်းမှာ ဘာလုပ်နေတာလဲ"

"အော်... ငါ ဒီနားက ဖြတ်သွားရင်းနဲ့ ဝင်လာတာပါ"

ကျောက်ရှင်းနှင့် မတူဘဲ ဤအမျိုးသမီးမှာ မျက်တောင်မခတ်ဘဲလိမ်ပြောနိုင်သည်၊ ၎င်းမှာ အလွန်သဘာဝကျလှသည်။

ကျိုးထျန်း သူမကို မြင်သောအခါ မျက်လုံးများမှာ မှေးသွားပြီး မကောင်းသော ခံစားချက်တစ်ခုဝင်လာသည်။

"အာ... ကျွန်တော်တို့ အခုပဲ ညစာစားဖို့ ထွက်မလို့၊ အတူတူ သွားကြရအောင်"

"အင်း၊ ငါလည်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ"

ကျောက်ဖန် ခေါင်းညိတ်ပြပြီး ကျိုးထျန်းကိုကြည့်ကာ ပြုံးပြသည်၊ သူမက သူ့ကို လုံးဝမသိသလိုမျိုး ဟန်ဆောင်ထား သည်။

ကျောက်ဖန်က ကျောက်ရှင်းအား သူမ၏ ရုံးသုံးကားပေါ်သို့ ကူတွဲတင်ပေးလိုက်ပြီး သူတို့လေးယောက်မှာ ဟော့ပေါ့ဆိုင်သို့ ဦးတည်ထွက်ခွာလာကြသည်။

ကျိုးထျန်းက လူသိများသူများ ပါဝင်နေသဖြင့် သီးသန့်ခန်းရှိသော ဆိုင်ကို အထူးရွေးချယ်ထားသည်။

ထိုကားမှာ ခုနစ်ယောက်စီး ဗန်ကားဖြစ်သည်။ လျိုမုယန်က ယဉ်ကျေးစွာဖြင့် တတိယတန်းတွင် သွားထိုင်ပြီး ကျိုးထျန်း အမြန်လိုက်သွားသော်လည်း ကျောက်ရှင်းက သူ့ကို တားလိုက်သည်။

"ငါ မုယန်နဲ့ အတူတူထိုင်မယ်"

ကျိုးထျန်း အားမလိုအားမရဖြင့် ဒုတိယတန်းတွင် ထိုင်လိုက်ရပြီး ကျောက်ဖန်က ပြုံးလျက် သူ့ဘေးတွင် ဝင်ထိုင်သည်။

ခရီးစဉ်မှာ နာရီဝက်ခန့် ကြာမြင့်မည်ဖြစ်ပြီး မိန်းကလေးနှစ်ယောက်မှာ နောက်ခန်းတွင် စကားပြောနေကြသည်။

ကျိုးထျန်းကမူ မျက်လုံးမှိတ်ကာ အနားယူနေသည်။

သူသည် Da Long ကုမ္ပဏီ၏ စီမံခန့်ခွဲသူများနှင့် တွေ့ဆုံရန် အကြောင်းကို စဉ်းစားနေဆဲ ဖြစ်သည်။

သူသည် လျူထုန်တနှင့် သူ့ အဖွဲ့ကို ဖိတ်ကြားထားပြီးဖြစ်ကာ အခု Da Long က သူတို့ကို လွှတ်ပေးဖို့ပဲကျန်တော့ သည်။

သူ့တွင် ခိုင်မာသော အစီအစဉ်တစ်ခု ရှိထားပြီးဖြစ်သော် လည်း အသေးစိတ်အချက်အလက်များကိုမူ ဆက်လက် စဉ်းစားရန် လိုအပ်နေသေးသည်။

သူ စဉ်းစားနေစဉ်မှာပင် သူ့ ခြေကျင်းဝတ်ကို တစ်ခုခုက ထိတွေ့နေသလို ခံစားလိုက်ရသည်။

မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဖြူဖွေးနုနယ်သော ခြေထောက်တစ်ဖက်က သူ့ ခြေသလုံးကို ခြေချောင်းလေးများဖြင့် တို့ထိနေသည်ကို တွေ့လိုက်ရသည်။

ကျိုးထျန်းအနေဖြင့် ဘယ်သူလုပ်သလဲဆိုတာကို လှည့်ကြည့်နေစရာပင် မလိုပေ။

ကျောက်ဖန်သည်လည်း မျက်လုံးမှိတ်ကာ အိပ်ချင်ဟန် ဆောင်နေပြီး သူမ၏ ဒေါက်ဖိနပ်ကို ချွတ်ထားခြင်းဖြစ် သည်။

ကျိုးထျန်း သူမ၏ "ဆွပေးမှု" ကို ရှောင်ရှားရန် ကားတံခါးဘက်သို့ တမင်တိုးကပ်လိုက်သည်။

ကျောက်ဖန်ကမူ သူ့ အပြုအမူကို သတိပြုမိသွားပြီးမျက် လုံးကို အနည်းငယ်ဖွင့်ကာ သူ့ကို မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။

‘ဒီအမျိုးသမီး... ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?’

‘ညစာစားတုန်းက ငါ သူမကို ပြတ်ပြတ်သားသား မငြင်းခဲ့လို့ အခု သူမက အခွင့်ကောင်းယူနေတာလား?’

‘ဘာလို့ ငါ မြှူဆွယ်ခံနေရသလို ခံစားနေရတာလဲ?’

‘ငါက အရမ်းငယ်သေးလို့ ဒီနည်းလမ်းနဲ့ ဖမ်းစားလို့ရမယ်လို့ သူမ ထင်နေတာလား?’

ကျိုးထျန်း ဦးနှောက်မှာ အဆက်မပြတ် ဆန်းစစ်နေပြီး ဤအမျိုးသမီးကို ချက်ချင်းသတိထားလိုက်မိသည်။

‘သူမက အာဏာကို လိုချင်နေတုန်းပဲလား? ငါ သူမကို ဖွင့်ချခဲ့ပေမယ့် ဟွမ်ရှီကို ဆက်ပြီး စီမံခန့်ခွဲခိုင်းထားလို့ သူမရဲ့ အတွေးတွေ ပြောင်းလဲသွားပြီး ငါ့ကို ပစ်မှတ်ထားဖို့ ဆုံးဖြတ်လိုက်တာလား?’

‘အကယ်၍ အဲ့ဒီလိုသာဆိုရင်တော့ ငါ့ရဲ့ သဘောထားကို ပြောင်းရလိမ့်မယ်။ သူမက ငါ့ကို ဒီလိုမျိုးဆက်ပြီး မြှူဆွယ်နေရင် ငါတို့ကြားက ဦးဆောင်မှုကပြောင်းလဲသွားပြီး သူ့ကို အလုပ်ခိုင်းဖို့ ခက်ခဲသွားလိမ့်မယ်’

ဤသို့ တွေးမိသည်နှင့် ကျိုးထျန်း မျက်လုံးမှိတ်လျက် အသာအယာ ရယ်မောလိုက်သည်။

ထို့နောက် သူသည် တိုက်ရိုက်ပင် လက်လှမ်းလိုက်ပြီး ကျောက်ဖန်၏ပေါင်ကို ပုတ်လိုက်သည်။

ကျောက်ဖန်မှာ ကျပ်ထုတ်နေသော စကတ်တိုကို ဝတ်ထားပြီး ခြေအိတ်ရှည် ဝတ်မထားသဖြင့် သူမ၏ ပေါင်သားများမှာ ပေါ်လွင်နေသည်။

ကျိုးထျန်း ခပ်ပြင်းပြင်း ရိုက်လိုက်သဖြင့် ဖြတ်ကနဲ အသံထွက်ပေါ်လာသည်။

သူမ၏ အမူအရာမှာ မြှူဆွယ်နေသည့် ပုံစံမှ အလွန်အမင်း အံ့အားသင့်သွားသည့် ပုံစံသို့ ချက်ချင်းပြောင်းလဲသွားသည်။

‘ဟက်... ငါ့ကို ကစားချင်တာလား? ဘယ်သူက ဦးဆောင်သူလဲဆိုတာ ပြပေးမယ်’

ယခုအခါ ကျောက်ဖန်မှာ စိတ်လှုပ်ရှားသွားရသူ ဖြစ်သည်။ သူမနောက်ရှိ လူနှစ်ယောက်က ခုနကဖြစ်ပျက်သွားသည်ကို သတိမထားမိစေရန် တိတ်တဆိတ် စစ်ဆေးလိုက်ပြီး ကျိုးထျန်းကို တစ်ချက်ကြည့်ကာ ခေါင်းငုံ့ပြီးငြိမ်သက်သွားသည်။

‘သေချာပါတယ်၊ လူရှုပ်တစ်ယောက်ကို ကိုင်တွယ်ဖို့ နည်းလမ်းက သူမထက် ပိုပြီးရှုပ်ပြဖို့ပဲ’

‘ငါ့ကို လှည့်ကွက်တွေ သုံးချင်တာလား? မလွယ်ဘူးလေ’

သူမသည် ကျိုးထျန်း၏အားနည်းချက်ကို ရှာတွေ့ပြီဟု ထင်ကာ ခဏမျှ စိတ်လှုပ်ရှားခဲ့သည်။

သို့သော် သူမထက် အများကြီးငယ်သော ထိုကောင်လေးမှာ ဒီလောက်အထိ ရဲတင်းလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။

သူ့ရဲ့ ချစ်သူက သူ့နောက်မှာတင် ရှိနေတာ မဟုတ်ဘူးလား?

သူ ဘာလို့ ဒီလောက်ထိ ရဲတင်းနေရတာလဲ?

သူ မကြောက်ဘူးလား?

အကယ်၍ သူ တကယ် မကြောက်ဘူးဆိုရင် သူမကရော?

တစ်နေ့ကျလို့ သူက သူမကို အသုံးမဝင်တော့ဘူးလို့ ထင်သွားရင် သူမက အထုတ်အပိုးပြင်ပြီး ပြန်ထွက်သွားရမှာလား?

မဖြစ်နိုင်ဘူး!

သူမမှာ သူ့ရဲ့အားနည်းချက် ရှိနေပြီ ဖြစ်ပြီး သူမလည်း သူ့အပေါ်မှာ သြဇာရှိဖို့လိုအပ်ပေသည်။

မဟုတ်လျှင် သူမ တစ်သက်လုံး နှာခေါင်းအုပ်ကြိုးဆွဲရာ ကနေရလိမ့်မည်။

ဤသို့ တွေးမိသည်နှင့် ကျောက်ဖန်နောက်ဆုံးတွင် ခေါင်းမော့လိုက်ပြီး ပြင်းထန်သော အစီအမံများကို လုပ်ဆောင်ရန် အသင့်ပြင်လိုက်သည်။

All Chapters