← Chapters

အခန်း (၁၄၄)

Vol. 15 Ch. 144

အခန်း (၁၄၄)

Vol. 15 Ch. 144

အခန်း (၁၄၄) ဆေးလုံးတွေက ဆေးယဉ်ပါးမှု ဖြစ်စေနိုင်တာလား။ စနစ်က နောက်ထပ် နတ်ဘုရားအဆင့် ဆုလာဘ်တစ်ခု ထုတ်ပေးလိုက်ပြန်ပြီ

"ထပ်စပြန်ပြီ"

"အဲဒီ နင်းဖန်က သူတော်စင်မိန်းမပျိုကို ထပ်ပြီး လှည့်စားနေပြန်ပြီ၊သနားစရာ ငါ့ရဲ့ နတ်ဘုရားမက သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကြောင့် လမ်းလွဲသွားတော့မလိုပဲ"

"မှန်တယ်…သူက အပြင်စည်း အစမ်းခန့်တပည့် ပဲလေ၊ ကျင့်ကြံခြင်းအကြောင်း သူက ဘာသိလို့လဲ"

" သူတော်စင်မိန်းမပျိုက နင်းဖန်ကို နတ်ဘုရားစိတ်အာရုံ သန့်စင်ဖို့ သင်ပေးနေတာ ရှင်းနေလျက်နဲ့ သူတို့ နှစ်ယောက်ကြားက အဆင့်အတန်းက လုံးဝ ပြောင်းပြန်ဖြစ်နေတယ်... တကယ်ကို ဒေါသထွက်စရာပဲ"

"နင်းဖန်၊ အို နင်းဖန်... မင်း သူတော်စင်မိန်းမပျိုကို ဒူးထောက်ရင်တောင် မလွန်ဘူး"

" သူတော်စင်မိန်းမပျိုက အရမ်း ရိုးသားလွန်းတယ်"

သူတော်စင်မိန်းမပျိုက နင်းဖန်အတွက် ကလေးရှစ်ယောက်လောက် မွေးပေးပြီး သူ့ကို ပညာပေးသင့်တယ်"

တစ်ယောက်က စတင်ပြောလိုက်ရာ နောက်တစ်ယောက်ကဝင်တားလိုက်သည်။

"ညီလေး... မင်း ဆက်မပြောတာ ကောင်းမယ်"

"မင်းက ကလေးအကြောင်းတွေတောင် ပြောနေပြီဆိုတော့ သူတော်စင်မိန်းမပျို နင်းဖန်လက်ထဲ ပါသွားမှာကို တကယ်ကြောက်နေတာပဲ"

"ဒါပေမယ့် သူတို့က ညတိုင်း အတူတူအိပ်နေကြတာလေ။ တစ်နေ့ ကလေးရလာမယ် ဆိုတာလည်း ဖြစ်နိုင်တာပဲမလား"

"တောင်းပန်ပါတယ်။ ဆက်မပြောကြပါနဲ့တော့။ အဲဒီမြင်ကွင်းကို ငါ စိတ်ကူးတောင် မယဉ်ရဲဘူး။ ငါ့ရဲ့ နတ်ဘုရားမလေး"

"မင်းတို့တွေ... အဲဒီလို ကောလာဟလတွေပြောပြီး ငါ့ရဲ့ တာအိုနှလုံးသားကို အနှောင့်အယှက် ပေးရဲတယ်ပေါ့"

"..."

ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။

နင်ဖန်တို့နှစ်ဦး အပြန်အလှန် ဆက်ဆံမှုကို ကြည့်ရင်း တပည့်များ မှာ နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားခဲ့သည်။

ထို မြင်ကွင်းက လူ အားလုံး၏ တည်ငြိမ်မှုကို ဆုံးရှုံးသွားစေခဲ့သည်။ ကျန်းချင်းဟန်၏ အမာခံ ပရိသတ်များစွာသည် နင်းဖန်ကို လုံးဝ အရှက်မရှိသူဟု ခေါ်ဆိုကာ စတင်ကျိန်ဆဲတော့၏။

နင်းဖန်သည် မသိလျှင်လည်း ရိုးရိုးသားသားမမေးဘဲ၊ သူမ၏ တိုးတက်မှုကို စစ်ဆေးပေးမည်ဟူသော အကြောင်းပြချက်ဖြင့် သူတော်စင်မိန်းမပျိုထံမှ သတင်းအချက်အလက်များကို အတင်းအကျပ် နှိုက်ထုတ်နေခဲ့ပါသည်။ ဤသည်က တကယ့်ယောကျ်ားတစ်ယောက်၏ အပြုအမူမျိုး မဟုတ်ပေ။

သို့သော် အချို့သော တပည့်များသည် သူတို့၏ ဆက်ဆံရေးကို အချိန်အတော်ကြာကတည်းက သဘောတူလက်ခံထားခဲ့ကြ၏။ ။

ဂိုဏ်း၏ အကြီးအကဲ များ အားလုံးက သူတို့ကို ချီးကျူးနေကြပြီး ကျေနပ်အားရမှုများ ပြည့်နှက်နေခဲ့၏။

"ချင်းဟန် ပြန်လည် ကျင့်ကြံရတဲ့ ကြိုးစားမှုက နောက်ဆုံးတော့ အလကား မဖြစ်ခဲ့ပါဘူး..."

"ရုပ်ခန္ဓာကိုယ် အင်အား ဂျင်း ၂.၈ သန်း ဟာ နင်းဖန်ရဲ့ ဂျင်း ၁၆ သန်းနဲ့ အလှမ်းဝေးပေမယ့် အခြေခံအုတ်မြစ်‌ တွေထဲမှာ ထိပ်တန်း အဆင့်တွေထဲဝင်ပြီး သူမရဲ့ တာအိုကို သက်သေပြဖို့နဲ့ နတ်ဘုရားဖြတ်သန်းခြင်းနယ်ပယ်ကို အောင်မြင်ဖို့ လုံလောက်ပါတယ်..."

"ဒါ့အပြင် ချင်းဟန်ဟာ ခန္ဓာကိုယ် တစ်ခုတည်းမှာ ကျင့်စဉ်နှစ်ခု ကိုကျင့်ကြံ ထားတယ်... သူမရဲ့ အခြေခံအုတ်မြစ်က ပိုတောင် အားကောင်းသေးတယ်"

" ကောင်းကင်က ငါတို့ ဂိုဏ်းကို တကယ်ပဲ မျက်နှာသာပေးပုံ ရတယ်... ငါတို့ ထိုက်ရီအစစ်အမှန်ဂိုဏ်းက ဒီ ရွှေခေတ်မှာ ထွန်းကားဖို့ ကံကြမ္မာ ပါလာတာပဲ"

တပည့်များနှင့် မတူဘဲ အကြီးအကဲများသည် သူတို့၏ အင်အား စမ်းသပ်မှု ရလဒ်များကို ပို၍ စိတ်ဝင်စားနေကြသည်။

ကျန်းထန်၏ ရလဒ်က လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။ သူမသည် ပြန်မကျင့်ကြံမှီက ဂျင်း ၁.၆ သန်းနီးပါးရှိသည့် အခြေခံအုတ်မြစ် ဖြစ်ခဲ့သော်လည်း၊ ယခု နင်းဖန်နှင့်အတူ မိုးကြိုးရေကန်၏ တတိယစက်ဝိုင်းတွင် ကျင့်ကြံပြီးနောက် လုံးဝအသွင်ပြောင်းလဲကာ ဂျင်း ၂.၈ သန်းအထိ တိုးတက်သွားခဲ့သည်။ ဤအင်အားသည် သမိုင်းတစ်လျှောက်လုံးရှိ ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင်ပင် ထိပ်ဆုံးအယောက် ၅၀ အတွင်း ဝင်နိုင်သည်။

သို့သော် နင်းဖန်မှာမူ သာမန်အတိုင်း တွေး၍မရသည့် ထူးခြားသည့်ပါရမီရှင် ဖြစ်သည်။ သူသည် ပါရမီရှင်အားလုံး ကျော်ဖြတ်နိုင်ခြင်းမရှိသည့် အထွတ်အထိပ်တွင် ခန့်ညားစွာ ရပ်တည်နေခြင်း ဖြစ်သည်။

"စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ်က အဓိကအားဖြင့် နတ်ဘုရားအာရုံနဲ့ စိတ်ဝိညာဉ်စွမ်းအားကို လေ့ကျင့်ဖို့ အာရုံစိုက်ရတာပါ။ နင်းဖန်ရဲ့ 'အကန့်အသတ်မဲ့ စိတ်ဝိဉာဏ်ပင်လယ် ' က အဆင့်မြင့် ကောင်းကင်ဘုံအဆင့်ရှိတဲ့ ဝိညာဉ်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုနဲ့ အတူတူ‌ လောက်ပဲ။"

ရွှီယိုဝေ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။

ရှောင်ချာက ဝင်ပြောလိုက်သည်။

"တကယ်ပါပဲ... ဒါပေမယ့် နည်းစနစ်က ဘယ်လောက်ပဲ ကောင်းကောင်း ပြင်ပ အကူအညီ လိုအပ်သေးတယ်... နတ်ဘုရားစိတ်အာရုံကို မြှင့်တင်ဖို့ အကောင်းဆုံး နည်းလမ်းက ဆေးလုံးတွေ စားခြင်းပဲ..."

"ငါ့ရဲ့ ဆေးခန်းမမှာ နတ်ဘုရားစိတ်အာရုံကို ချဲ့ထွင်ပေးနိုင်တဲ့ အဋ္ဌမအဆင့် ကောင်းကင်ဘုံ ဆေးလုံး အများကြီး ရှိသေးတယ်... တစ်ယောက်ကို သုံးလုံးပဲ ကန့်သတ်ထားတာ... နင်းဖန် အဲဒါတွေကို အရင်သောက်သင့်တယ်၊ ပြီးမှ တခြား သန့်စင်တဲ့ နည်းလမ်းတွေကို စမ်းကြည့်သင့်တယ်..."

အခြားသူများ လည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြ၏။ ဆေးဖော်စပ်သူတစ်ဦး၏ အဆင့်အတန်းသည် အဘယ်ကြောင့် ဤမျှ မြင့်မြတ်ရသနည်း။ ဆေးဂိုဏ်းသည် ကြီးမားသော တိုက်ခိုက်ရေး စွမ်းအား မရှိသော်လည်း အင်အားစုအားလုံးက လေးစားကြောက်ရွံ့ရသော ထိပ်တန်းအဆင့် ဂိုဏ်းတစ်ခု အဘယ်ကြောင့် ဖြစ်လာနိုင်သနည်း။

ဆေးလုံးများသည် လူအများကို ကုသကယ်တင်ပေးနိုင်ရုံသာမက ကျင့်ကြံခြင်းအတွက်လည်း အများကြီး အထောက်အကူပြု‌ လေသည်။ အထူးသဖြင့် ဦးနှောက်၏ အနက်ရှိုင်းဆုံးနေရာရှိ အသိစိတ်ပင်လယ်မှ လာသော 'နတ်ဘုရားစိတ်အာရုံ' ဆိုသည်မှာ သန့်စင်ရန် အလွန်ခက်ခဲလှပေသည်။

ဆေးဖော်စပ်သည့်အတတ်ပညာ မပေါ်ပေါက်မီကမူ ၎င်းကို မြှင့်တင်ရန်အတွက် အထူးနည်းလမ်းများဖြင့်သာ ရှိခဲ့သည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်သည် ကောင်းကင်နှင့်မြေကြီး၏ ထူးဆန်းသော မီးတောက်များကို အသုံးပြု၍ ဆေးလုံးဖော်စပ်ခြင်းအတတ်ပညာကို ကျွမ်းကျင်လာခဲ့ကြပြီး၊ ကျင့်ကြံခြင်းလောကအတွက် လမ်းစသစ် တံခါးတစ်ချပ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

လီချန်မင်း က မေးလိုက်သည်။

"ညီလေးရှောင်၊ အဋ္ဌမအဆင့် ဆေးလုံး အဆင့်က နည်းနည်း နိမ့်မနေဘူးလား... နတ်ဘုရားစိတ်အာရုံကို မြှင့်တင်ပေးနိုင်တဲ့ ဒသမအဆင့် ဆေးလုံးတွေ မရှိဘူးလား... "

"နတ်ဘုရား အာရုံကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးတွေက အလွန် ရှားပါးပြီး... ရှေးဟောင်းခေတ် မှာတောင် အများစုဟာ ဆဋ္ဌမ ဒါမှမဟုတ် သတ္တမ အဆင့်လောက်ပဲ ရှိတာ..."

"အခု အဋ္ဌမအဆင့် ဆေးလုံးတွေ ရှိတာက နှစ်သန်းပေါင်းများစွာ အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် ဒီဆေးလုံးကို ဖန်တီးခဲ့တဲ့ ပါရမီရှင် ဆေးဖော်စပ်သူ တစ်ယောက်ရဲ့ ကျေးဇူးကြောင့်ပဲ"

"မင်းပြောတဲ့ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ဆိုတာ ဒီကမ္ဘာမှာ လုံးဝ မရှိဘူး။ နင်းဖန် ကိုယ်တိုင် ဆေးဖော်မြူလာကို ဖန်တီးနိုင်ရင်တစ်မျိုးပေါ့"

ပြစ်တင်ကြိမ်းမောင်းခံရပြီးနောက် လီချန်မင် အနည်းငယ် ရှက်သွားခဲ့၏။ သူက ပြောလိုက်သည်။

"နင်းဖန်က တကယ် ဖန်တီးနိုင်ရင်ရော..."

ရှောင်ချာသည် လီချန်မင် မယုံကြည်သေးကြောင်း မြင်ပြီး ပြန်လည်ချေပရန် ပြင်လိုက်၏။ သို့သော် နင်းဖန်၏ ထူးဆန်းမှုကို တွေးမိပြီး ထိုစကားများကို ပြန်မျိုချလိုက်သည်။

နောက်ဆုံးတွင် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

" အကယ်၍ သူသာ နတ်ဘုရား အာရုံကို မြှင့်တင်ပေးနိုင်တဲ့ ဒသမအဆင့် ဆေးညွှန်းကို တကယ် ဖန်တီးနိုင်ရင် နင်းဖန်ဟာ ဆေး တာအိုမှာ အမြင့်ဆုံး ဂုဏ်ပြုမှုကို ရရှိလိမ့်မယ်... နှစ်သန်းပေါင်း ရာနဲ့ချီ ကြာရင်တောင် သူဟာ ဆေးဖော်စပ်သူ အားလုံးရဲ့ ကိုးကွယ်မှုကို ခံရပြီး နတ်ဘုရား တစ်ပါးအဖြစ် ရိုသေလေးစားခံရလိမ့်မယ်"

ဆေးလောကတွင် ဆေးလုံးဖော်စပ်နိုင်ရုံထက် ဆေးညွှန်းအသစ်ကို တီထွင်ဖန်တီးနိုင်သူများကသာ အစစ်အမှန် လေးစားမှုကို ရရှိကြခြင်း ဖြစ်သည်။ နင်းဖန်သည် လက်ရှိကမ္ဘာ၌ တစ်ဦးတည်းသော နတ်ဘုရားအဆင့် ဆေးဖော်စပ်သူဖြစ်သော်လည်း၊ နတ်ဘုရားအဆင့် ဆေးနည်းကိုပါ ဖန်တီးနိုင်မည်လားဆိုသည်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

သို့သော်လည်း ရှောင်ချာနှင့် လီချန်မင်တို့၏ စကားဝိုင်းကို ကြားရပြီးနောက် လူတိုင်းက နင်းဖန်အပေါ် မျှော်လင့်ချက် ပိုမိုကြီးထွားလာကြသည်။ တစ်ချိန်တည်းမှာပင် အကြီးအကဲများ ဆွေးနွေးနေကြစဉ် နင်းဖန်နှင့် ကျန်းထန်တို့သည် ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ်သို့ ရောက်ရှိလာခဲ့ကြသည်။

"စီနီယာအစ်ကို... ဆေးခန်းမထဲမှာ စိတ်အာရုံကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံး တစ်မျိုးတည်းပဲ ရှိတယ်... ဒီဆေးလုံးကို 'အစွန်းနှစ်ဖက် ဖုန်မှုန့်သန့်စင် ဆေးလုံး' လို့ ခေါ်ပြီး အဋ္ဌမအဆင့် ကောင်းကင်ဘုံ ဆေးလုံး အဖြစ် သတ်မှတ်ထားတယ်..."

"တစ်ကြိမ် သောက်သုံးတိုင်း နတ်ဘုရားစိတ်အာရုံကို အနည်းငယ်တိုးစေနိုင်တယ်၊ ဒါပေမယ့် စိတ်ဝိညာဉ်ပုံသွင်းခြင်းရဲ့ ကနဦး အဆင့်မှာပဲ သောက်သုံးနိုင်ပြီး နောက်ထပ် ထပ်သောက်ရင်အသုံးမဝင်တော့ဘူး”

"အများဆုံး သုံးလုံး ပဲ သောက်လို့ရတယ်။ မဟုတ်ရင် ဆေးလုံး အဆိပ်တွေ ခန္ဓာကိုယ်ထဲမှာ စုပုံလာလိမ့်မယ်..."

ကျန်းထန်သည် ပင်မခန်းမထဲသို့ ဝင်လိုက်သည်နှင့် သူမ၏စိတ်ထဲ၌ မှတ်ဉာဏ်များစွာ ပေါ်လာသဖြင့် နင်းဖန်ကို အသေးစိတ် ရှင်းပြနေခဲ့သည်။ နင်းဖန်သည်လည်း အရေးကြီးသည့် သတင်းအချက်အလက်များကို ဂရုတစိုက် မှတ်သားရင်း၊ သူတို့နှစ်ဦးသည် ဆေးခန်းမ၏ ထိပ်ဆုံးထပ်သို့ ရောက်ရှိသွားခဲ့ကြသည်။

ထိုအဆင့်မြင့်ဆေးလုံးများ ထားရှိရာအခန်းထဲတွင် သူတို့သည် 'အစွန်းနှစ်ဖက် ဖုန်မှုန့်သန့်စင် ဆေးလုံး' စုစုပေါင်း ၂၆ လုံးကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤဆေးလုံးသည် အထက်တန်းစားတပည့်များ စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ်သို့ တက်လှမ်းပြီးနောက် အဓိကလိုအပ်သည့် ဆေးလုံးဖြစ်သဖြင့် အကြီးအကဲများက အများအပြား ဖော်စပ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ကန့်သတ်ချက်များကြောင့် သူနှင့် ကျန်းထန်သည် တစ်ဦးလျှင် သုံးလုံးစီသာ ယူခွင့်ရှိခဲ့သည်။

"ဆေးလုံး သုံးလုံး၊ တစ်လုံးစီက နတ်ဘုရားစိတ်အာရုံကို အနည်းငယ်တိုးစေတယ်ဆိုတော့ ... ဒါက အရမ်း နည်းလွန်းတယ်... ဟူး"

နင်းဖန် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး အနည်းငယ် အကူအညီမဲ့မှုကို ခံစားလိုက်ရ၏။

နတ်ဘုရားစိတ်အာရုံသည် ကျင့်ကြံရန် ခက်ခဲသည်။အဋ္ဌမအဆင့် ကောင်းကင်ဘုံ ဆေးလုံးနှင့်ပင် တိုးတက်မှုမှာ အလွန် နည်းပါးလှပေသည်။

ဤကမ္ဘာတွင် ဒသမအဆင့် နတ်ဘုရားစိတ်အာရုံ ဆေးညွှန်း မရှိခြင်းမှာ နှမြောစရာပင် ဖြစ်သည်။ အကယ်၍သာ ရှိခဲ့လျှင် ထိုက်ရီအစစ်အမှန်ဂိုဏ်းက သေချာပေါက် ရှာဖွေပေးနိုင်မည်ဖြစ်ပြီး၊ နင်းဖန်လည်း ထိုဆေးလုံးကို ကိုယ်တိုင် ဖော်စပ်နိုင်မည် ဖြစ်သည်။

[ဒင် ပိုင်ရှင်သည် စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ်၏ ကနဦး အဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသောကြောင့်... စနစ်မှ အထူး ဆုလာဘ်တစ်ခု ထုတ်ပေးသည်။

ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး 'ရှန်ဝူပီရိ ဆေးလုံး' အတွက် ဆေးညွှန်း တစ်ခု။]

ရှန်ဝူပီရိ ဆေးလုံးသည် ဆေးအာနိသင် လုံးဝမလျော့ပါးစေဘဲ ဆေးလုံးပေါင်း တစ်သောင်းအထိ စားသုံးနိုင်သည်။

နင်းဖန် နောင်တရနေစဉ်မှာပင် စနစ်၏ အသံက စိတ်ထဲတွင် ထွက်ပေါ်လာခဲ့၏။ ၎င်းသည် ရုတ်တရက် ရောက်ရှိလာသဖြင့် သူသည် တစ်ခဏမျှ မှင်တက်သွားခဲ့ရသည်။

---

All Chapters