← Chapters

အခန်း (၁၄၅)

Vol. 15 Ch. 145

အခန်း (၁၄၅)

Vol. 15 Ch. 145

အခန်း (၁၄၅) ဆေးလုံး၏ ကြောက်မက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ၊ နတ်ဘုရားစိတ်အာရုံကို အကန့်အသတ်မရှိ စစုဆောင်းခြင်း

ဒသမအဆင့် ဆေးညွှန်း ရှန်ဝူပိုင်ရိဆေးလုံး။

ဒသမအဆင့် ဆေးဖော်မြူလာတစ်ခု ရှိလျှင် ကောင်းမည်ဟု နင်းဖန် တွေးတောနေစဉ်မှာပင်၊ တိတ်ဆိတ်နေသော စနစ်က ရက်ရောသော ဆုလာဘ်ကို ချက်ချင်း ပေးအပ်လာခဲ့သည်။ နင်းဖန်သည် ယခင်က ' မပျက်စီးနိုင်သော ခန္ဓာကိုယ် မူလအစ ဆေးလုံး' ကို စားသုံးဖူးသဖြင့် ဒသမအဆင့် ဆေးလုံးများ၏ အစွမ်းထက်ပုံကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။

သူ၏ လက်ရှိ ရုပ်ခန္ဓာ အကန့်အသတ်မဲ့ တိုးတက်နိုင်ခြင်းမှာလည်း ထိုဆေးလုံးကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် ဒသမအဆင့် နတ်ဘုရားဆေးလုံး ရတော့မည်ဖြစ်၍ သူ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော် စနစ်ဆုလာဘ်မှ ရလာသော ဆေးဖော်မြူလာကို ဖတ်ကြည့်လိုက်သည့်အခါတွင်မူ နင်းဖန်တစ်ယောက် ဆွံ့အသွားခဲ့ရတော့သည်။

"ဒီ ဆေးလုံးက နည်းနည်း ထူးဆန်းနေသလိုပဲ"

ထိုဆေးလုံးသည် နတ်ဘုရားစိတ်အာရုံအမျိုးအစား ဆေးလုံးတစ်ခု ဖြစ်သော်လည်း၊ တိုက်ရိုက်အစွမ်းပြပြီး စွမ်းအားကို ချဲ့ထွင်ပေးနိုင်ခြင်း မရှိချေ။ ၎င်းသည် ဆေးလုံးများအပေါ် ခန္ဓာကိုယ်၏ ဆေးဒဏ်ခံနိုင်ရည်ကို တိုးမြင့်ပေးခြင်းလောဟု သူ တွေးတောမိသွားသည်။

"နတ်ဘုရားစိတ်အာရုံ အမျိုးအစား ဆေးလုံးတွေရဲ့ ဆေးဒဏ်ခံနိုင်ရည်ကို တိုးမြင့်ပေးတယ်၊ ဆေးလုံး တစ်သောင်း စားသုံးပြီးတဲ့နောက်မှာတောင် ဆေးအာနိသင်ကလျော့မသွားဘဲ အကျိုး ရှိနေသေးတယ်..."

ဆေးလုံးများသည် အလွန်အကျွံစားသုံးပါက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ကြောင်း ကျင့်ကြံခြင်းလောက၌ သံမဏိစည်းမျဉ်းတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ ဥပမာအားဖြင့် 'အစွန်းနှစ်ဖက် ဖုန်မှုန့်သန့်စင် ဆေးလုံး' ကို လူတစ်ဦးလျှင် သုံးလုံးသာ စားနိုင်ပြီး ကျော်လွန်ပါက ဘေးထွက်ဆိုးကျိုး ရှိစေသည်။

သို့သော် 'ရှန်ဝူပိုင်ရိဆေးလုံး' ကြောင့် နင်းဖန်သည် ထိုကန့်သတ်ချက်များကို လုံးဝချိုးဖျက်နိုင်ပြီ ဖြစ်သည်။ သူသည် ဆေးလုံးများကို အမြောက်အမြားစားသုံးစေကာမူ သူ၏အခြေခံအုတ်မြစ်ကို လုံးဝ ထိခိုက်တော့မည် မဟုတ်ပေ။

" ဖုန်မှုန့်သန့်စင် ဆေးလုံး တစ်လုံးက အနည်းငယ်ပဲ အကျိုးသက်ရောက် ရှိတယ်ဆို ပေမယ့်၊ ဒသမအဆင့် နတ်ဘုရား ဆေးလုံးနဲ့ စားလိုက်ရင် ငါက ဖုန်မှုန့်သန့်စင် ဆေးလုံး တစ်သောင်း အထိ စားသုံးနိုင်တယ်လို့ ဆိုလိုတာပေါ့ “

“တစ်လုံးကို စိတ်ဝိဉာဏ် ငါးရာခိုင်နှုန်းတိုးစေတယ်ပဲ ထား …. အလုံး တစ်သောင်း ဆိုတော့... ရှီး"

ခဏတာ တွက်ချက်ပြီးနောက် နင်းဖန်သည် ချက်ချင်း အသက်ရှူမှားသွားခဲ့၏။ ချဲ့ကားလွန်းလှသည်။ အဆတစ်သောင်း တိုးပွားခြင်းဖြစ်သည်။ အကယ်၍ သူ တကယ် လုပ်နိုင်ခဲ့ပါက သူ၏ အခြေခံအုတ်မြစ်သည် မည်မျှ နက်ရှိုင်းသွားမည်ကို စိတ်ကူးပင် မယဉ်ရဲတော့ချေ။ သူ၏ တစ်ကိုယ်လုံးပင် တုန်ယင်လာခဲ့၏။ သူ ထိုင်ကာ တွက်ချက်ရန် နတ်ဘုရားစိတ်အာရုံကို အသုံးပြုလိုက်သည်။

"စီနီယာအစ်ကို... ဘာတွေ လုပ်နေတာလဲ..."

ဤမြင်ကွင်းကို မြင်သောအခါ ကျန်းထန်သည် သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။သို့သော် နင်းဖန်က

"ငါ့ကို မနှောင့်ယှက်နဲ့၊ ငါ အတိုးတွက် နေတာ..."

"အတိုး... တွက်နေတာလား..."

ကျန်းထန်သည် နင်းဖန်၏ စကားအတိုင်း ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် နင်းဖန်သည် သူ၏ အသိစိတ်ပင်လယ်ထဲ၌ ဆေးလုံးများ၏ အာနိသင်ကို တွက်ချက်ရင်း ချွေးများပင် ပြန်လာခဲ့သည်။

သူ၏ မိုင်တစ်ထောင် နတ်ဘုရားစိတ်အာရုံသည် ဆေးလုံးတစ်လုံးချင်းစီကြောင့် ၅ ရာခိုင်နှုန်းစီ ထပ်ကိန်းအလိုက် တိုးပွားလာခြင်း ဖြစ်သည်။ ဤအတိုင်းဆိုလျှင် ဆေးလုံးတစ်ထောင်မြောက်၌ပင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လာမည်ဖြစ်ပြီး၊ ဆေးလုံးတစ်သောင်းလုံးကိုသာ ကုန်အောင်စားသုံးလိုက်ပါက မှတ်၍ပင် မရနိုင်တော့သည့်းအထိစိတ်စွမ်းအားမှာ ခုန်တက်သွားမည် ဖြစ်သည်။

"သုည ၂၁၄ လုံး ပါတဲ့ ၇.၈၁၆ ဆိုတော့ ခန့်မှန်းခြေအားဖြင့် ၇.၈ ဘီလီယံ ဘီလီယံ ဘီလီယံ ဘီလီယံ ဘီလီယံ ဘီလီယံ ဘီလီယံ ပေါ့..."

တွက်ချက်မှုအရ ထွက်လာသော ကိန်းဂဏန်းကြောင့် နင်းဖန်တစ်ယောက် ထိတ်လန့်ကာ တံတွေးပင် မျိုချလိုက်မိသည်။ အကယ်၍ ဆေးလုံးတစ်သောင်းကို သောက်သုံးနိုင်ပါက သူ၏နတ်ဘုရားစိတ်အာရုံသည် ကမ္ဘာကြီးတစ်ခုလုံးကိုပင် လွှမ်းခြုံကြည့်ရှုနိုင်မည် ဖြစ်သည်။

သို့သော် အားကိုးရာ သူ၏ဂိုဏ်းကြီးတွင်ဆေးလုံး ၂၆ လုံးသာ ရှိသဖြင့် ဆေးလုံးတစ်သောင်း ရရှိရန်မှာ စိတ်ကူးသက်သက်သာ ဖြစ်ကြောင်း သိကာ သူ ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ သို့သော်ငြားလည်း ဤဆုလာဘ်သည် နတ်ဘုရားစိတ်အာရုံ ဆေးအားလုံး၏ ဆေးဒဏ်ကို ခံနိုင်သဖြင့် တန်ဖိုးဖြတ်၍မရပေ။ အန္တရာယ်နှင့် အခွင့်အရေးများပြားလှသော ကျင့်ကြံခြင်းလမ်းကြောင်းတွင် နင်းဖန်သည် ဆေးအဆိပ်သင့်မှုကို ထည့်သွင်းစဉ်းစားရန်မလိုဘဲ မည်သည့်နတ်ဘုရားစိတ်အာရုံဆေးလုံးကိုမဆို စိတ်ကြိုက် မျိုချနိုင်သည့် အခွင့်ထူးကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

"ခြုံပြောရရင် အဲဒါကို ကံကောင်းခြင်း တစ်ခုလို့ သတ်မှတ်လို့ရပါတယ်..."

ဤသို့ တွေးပြီး နင်းဖန် ထကာ ခန်းမထဲမှ ထွက်လာခဲ့၏။ ရှန်ဝူပိုင်ရိဆေးလုံး ဖော်စပ်ရန် ပစ္စည်းများကို သူ သွားရောက် စုဆောင်းတော့သည်။ ကံကောင်းထောက်မစွာ ဤ ဆေးလုံးသည် ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ဖြစ်သော်လည်း ထိုဆေးလုံး၏ ဖော်စပ်သည့် ပစ္စည်းများမှာ မပျက်စီးနိုင်သော ခန္ဓာကိုယ် မူလအစ ဆေးလုံး အတွက် လိုအပ်သလောက် မများပြားချေ။

ထိုအရာများ အားလုံးကို ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ ဆေးခန်းမ ဘဏ္ဍာတိုက်နှင့် ဆေးဖက်ဝင်အပင် ဥယျာဉ်တို့တွင် တွေ့နိုင်ပေသည်။ပိုပိုလျှံလျှံ ရှိသေး၏၊ ဖြစ်နိုင်သည်မှာ သူ နှစ်လုံး ဖော်စပ်နိုင်ပြီး သူ၏ အူကြောင်ကြောင် ညီမလေး ကို တစ်လုံး ပေးနိုင်ပေလိမ့်မည်။

ကြီးမားသော အခွင့်အရေး တစ်ခု ရရှိတော့မည်ကို ကျန်းထန် မသိသေးချေ။ ဤအခိုက်အတန့်တွင် သူမ စကားပြောချင်နေသော်လည်း နင်းဖန်၏ အမိန့်ကို သတိရသဖြင့် ပါးစပ် မဟရဲ‌ ပေ။သူမသည် နင်းဖန်၏ နောက်သို့ လိုက်သွားရုံသာ တတ်နိုင်တော့သည်။

ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။

အကြီးအကဲများသည် နင်းဖန်တစ်ယောက် ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ်တွင် ဟိုဟိုဒီဒီ ပြေးလွှားနေသည်ကို ကြည့်နေကြသည်။ သူသည် တစ်ခါတစ်ရံ ဆေးမီးဖိုများကိုဖောက်ခွဲပြီး၊ တစ်ခါတစ်ရံတွင်မူ ဆေးဖက်ဝင်ပစ္စည်းများအတွက် ဘဏ္ဍာတိုက်ထဲတွင် လိုက်လံရှာဖွေနေခဲ့သည်။ နောက်ဆုံး၌ နင်းဖန်သည် ဖရိုဖရဲဖြစ်နေသော ဆေးမီးဖိုကြီး၏ရှေ့တွင် ထိုင်ချလိုက်သည်ကို မြင်တွေ့ရသောအခါ၊ အကြီးအကဲများသည် အံ့ဩမှင်တက်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါဖြင့် ကြည့်မိကြတော့သည်။

"နင်းဖန်က တကယ်ပဲ ဆေးလုံး တွေကို ကိုယ်တိုင် ဖော်စပ်နေတာလား"

"ဒါပေမယ့် ဂိုဏ်းအတွင်းမှာ စိတ်ဝိညာဉ်သွန်းလုပ်ခြင်း အဆင့် အတွက် သင့်လျော်တဲ့ နတ်ဘုရားစိတ်အာရုံ အမျိုးအစား ဆေးညွှန်း တွေ မရှိဘူး မဟုတ်လား"

"ဒါဆို သူ ဘယ်လို ဆေးလုံး မျိုးကို ဖော်စပ်မှာလဲ"

မည်သူကမျှ နားမလည်နိုင်သဖြင့် အားလုံးက ရှောင်ချာ ထံသို့ ကြည့်လိုက်ကြ၏။

"ညီလေးရှောင်... နင်းဖန်က မင်းရဲ့ ဆေးလုံး တွေကို သိပ်အထင်ကြီးပုံ မရဘူး"

ရွှီယိုဝေ က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ဤစကားများ ထွက်လာသည်နှင့် ရှောင်ချာ ၏ မျက်နှာမှာ မည်းမှောင်သွားခဲ့၏။ဖေ့ချင်းယွီ က ဆူပူလိုက်သည်။

"မင်း ပါးစပ်ပိတ်ထားစမ်း"

စကားများသော မဟာ တောင်ထိပ်အရှင်သခင် ရွှီ သည် သူ၏ နှာခေါင်းကို ပွတ်သပ်ကာ ဆက်မပြောရဲတော့ချေ။ယွီရူရွှမ်း က ပြုံးကာ ပြောလိုက်သည်။

"ဂျူနီယာညီလေးရှောင်၊ နင်းဖန် ဘယ်လို ဆေးလုံး မျိုး ဖော်စပ်မလဲဆိုတာ ပစ္စည်း တွေကို ကြည့်ပြီး မင်း ပြောပြနိုင်မလား"

စီနီယာအစ်ကို နှင့် စီနီယာအစ်မ နှစ်ဦးစလုံးက သူ့ကို ကာကွယ်ပေးသဖြင့် ရှောင်ချာ ၏ စိတ်အခြေအနေ တိုးတက်လာခဲ့၏။ရွှီယိုဝေ ကို အောင်ပွဲခံသည့် အကြည့်ဖြင့် ကြည့်ပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။

"နင်းဖန် ယူသွားတဲ့ ပစ္စည်း တွေက ငါတို့ ဂိုဏ်းရဲ့ ဘယ် ဆေးဖော်စပ်နည်း မှာမှ မရှိဘူး... ဒါပေမယ့် သူယူတဲ့ထဲမှာ နတ်ဘုရားစိတ်အာရုံ ဆေးလုံး ဖော်စပ်ဖို့ အသုံးပြုတဲ့ ကောင်းကင်နက်နဲ တစ္ဆေ မြက်ပင် ပါဝင်နေတာကို ကြည့်ရင် နတ်ဘုရားစိတ်အာရုံ ကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံး ကို သူ ဖန်တီးမှာ သေချာတယ်..."

အားလုံး လန့်သွားကြ၏။ နင်းဖန်သည် ဖုန်မှုန့်သန့်စင် ဆေးလုံး ကို မြင်ပြီးနောက် ဆေးလုံးများ ကိုယ်တိုင် ဖော်စပ်ရန် ဆေးမီးဖိုကို ဖွင့်ချင်နေသည်။သူသည် အဋ္ဌမအဆင့် ကောင်းကင်ဘုံ ဆေးလုံး ကို အထင်သေးကြောင်း ရှင်းလင်းစွာ ပြသနေသည်။

ထို့ပြင် သူရဲ့ ဆေးဖော်စပ်သူ အဆင့်အတန်းအရ...

'သူက ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ကို ဖန်တီးဖို့ တကယ်ပဲ ရည်ရွယ်နေတာလား'

All Chapters