← Chapters

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း (၁၄၈) အလုံး ၁၀၀ ဖော်စပ်တာလား။ မင်းက လက်ကား ရောင်းမလို့လား

နတ်ဘုရား ဆေးလုံးတစ်လုံး မွေးဖွားလာခြင်းက ကမ္ဘာတစ်ဝှမ်း လေနှင့်တိမ်များကို လှိုင်းထသွားစေခဲ့၏။ နင်းဖန်သည် ဤအရာအားလုံးကို မသိသေးချေ။ သူသည် လက်တွင် ကိုင်ထားသော "ရှန်ဝူပီရိ ဆေးလုံး" နှစ်လုံးကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဂျူနီယာညီမလေး၊ ပါးစပ်ဟလိုက်”

ထို့နောက် သူသည် ကျန်းထန်ကို ကြည့်ကာ ပြောလိုက်၏။ ဤသည်ကို ကြားသောအခါ ကျန်းထန်သည် လိမ်လိမ်မာမာဖြင့် သူမ၏ ပါးစပ်လေးကို ဟကာ "အာ~~"ဟု အသံပြုလိုက်သည်။

နင်းဖန် လက်ချောင်းဖြင့်တောက်လိုက်ရာ ဆေးလုံးသည် ကျန်းထန်၏ ပါးစပ်ထဲသို့ တိကျစွာ ဝင်သွားခဲ့၏။ ထို့နောက် ကျန်တစ်လုံးကို သူကိုယ်တိုင် မျိုချလိုက်သည်။ "ရှန်ဝူပီရိ ဆေးလုံး" သည် ကျင့်ကြံခြင်း အမျိုးအစား ဆေးလုံးမဟုတ်သဖြင့် ၎င်းကို သန့်စင်ရန် မလိုအပ်ချေ။ အစာအိမ်ထဲ ရောက်သွားသည်နှင့် ချက်ချင်း အာနိသင် ပြသ၏။

ထိုအခါမှသာ ကျန်းထန်က မေးလိုက်သည်။

"စီနီယာအစ်ကို၊ ဒါက ဘယ်လို ဆေးလုံးမျိုးလဲ”

သူမစကားကို ကြားသောအခါ နင်းဖန် ချွေးစေးများ ထွက်သွားခဲ့သည်။

ထိုမိန်းကလေးငယ်သည် ဆေးလုံး၏ အာနိသင်ကိုပင် သေချာမသိဘဲ ချက်ချင်း စားရဲပေသည်။ သူမသည် အရှက်အကြောက် ကင်းမဲ့လွန်းလှသည်ဟု ပြောရမည်လော၊ သို့မဟုတ် သူ့အပေါ် ထားရှိသည့် သူမ၏ ယုံကြည်မှုကပင် အတိုင်းအဆမရှိ မြင့်မားလွန်းနေ၍လား ဆိုသည်ကို သူ အမှန်တကယ်ပင် ခွဲခြားမရတော့ပေ။

"ခဏနေရင် မင်း သိလာမှာပါ “

နင်းဖန် သူမကို တိုက်ရိုက် မဖြေခဲ့ချေ။ ယင်းအစား သူသည် လှေပျံကို မောင်းနှင်ကာ ထျန်းကုန်းတောင်ထိပ်သို့ ဦးစွာ ထွက်ခဲ့၏။

ထို တောင်ထိပ်မှာ မှော်လက်နက်များ ဖန်တီးရာ မြင့်မြတ်သော နေရာတစ်ခု ဖြစ်သည်။ ထိုနေရာတွင် အဆင့်အမျိုးမျိုးရှိသော လက်နက်များ၊ ဝိညာဉ်ရတနာများနှင့် တိုက်ပွဲဝင်ဝတ်ရုံများကို သိုလှောင်ထားပြီး ပုံမှန်အားဖြင့် တပည့်များက မိမိတို့၏ ပံ့ပိုးမှုအမှတ်များ ကိုအသုံးပြု၍ လာရောက်ဝယ်ယူနိုင်ကြသည်။

ယခုတစ်ကြိမ်တွင်မူ နင်းဖန်သည် သိုလှောင်ရေးလက်စွပ်တစ်ကွင်းကို ရှာဖွေရန် ဤနေရာသို့ ရောက်လာခဲ့သည်။ သိုလှောင်ရေးလက်စွပ်ဆိုသည်မှာ ရှုပ်ထွေးသည့် ဝင်္ကပါများပါဝင်သော အာကာသအမျိုးအစား မှော်အသုံး‌ ဆောင် ဖြစ်ပြီး အသုံးပြုရန်အတွက် နတ်ဘုရားစိတ်အာရုံ လိုအပ်သည်။ အရင်က နင်းဖန်၏ ကျင့်ကြံမှုသည် စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ်သို့ မရောက်သေးသောကြောင့် ဤလက်စွပ်ကို အသုံးမပြုနိုင်ခဲ့ ပေ။

ယခုအခါ သူ့တွင် နတ်ဘုရားစိတ်အာရုံမှာ ရှိနေပြီဖြစ်ရာ သိုလှောင်လက်စွပ်ကို အမြန်ဆုံး လိုချင်နေခဲ့သည်။ ထို့ကြောင့် မကြာမီမှာပင် နင်းဖန်သည် ကောင်းကင်အလယ်အဆင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ရွေးချယ်လိုက်သည်။

လက်စွပ်၏ အတွင်းပိုင်းနေရာသည် ကမ္ဘာငယ်တစ်ခုအလား အလွန်ကျယ်လှပြီး ထိပ်တန်းအဆင့် ရတနာတစ်ခုဟုပင် ဆိုနိုင်သည်။ ပြင်ပကမ္ဘာတွင်ဖြစ်စေ၊ ဂိုဏ်းတွင်းမှာဖြစ်စေ ၎င်း၏တန်ဖိုးမှာ မိုးပေါ်ပျံမတတ် မြင့်မားလှသည်။

သို့ရာတွင် ထိုက်ရီအစစ်အမှန်ဂိုဏ်းတစ်ခုလုံး ယခုအချိန်တွင် လူမရှိသလောက် အလွတ်ဖြစ်နေသဖြင့် နင်းဖန်အတွက်မူ ဤရတနာကို အခမဲ့ရလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ၏ တပည့်တိုကင်ကို အသုံးပြုကာ လက်စွပ်ကို အလွယ်တကူထုတ်ယူ၍ လက်ချောင်းတွင် စွပ်လိုက်လေသည်။

"မဆိုးဘူး၊ နောက်ဆုံးတော့ ငါလည်း သိုလှောင်ရေး လက်စွပ် ပိုင် သွားပြီ “

နင်းဖန် လက်ကို မြှောက်ကာ ဘယ်ညာ လှည့်ကြည့်ရင်း ပျော်ရွှင်နေခဲ့၏။

သူ့လို လူတစ်ယောက်အတွက် ကျင့်ကြံခြင်း စတင်ပြီးနောက် အဓိက ပျော်ရွှင်မှု သုံးခု ရှိသည်။ တစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထူးခြားသော စွမ်းအားကို ခံစားရခြင်းဖြစ်ပြီး နောက်တစ်ခုက လေထဲတွင် ပျံသန်းရန် သင်ယူခြင်း ဖြစ်၏။ နောက်ဆုံးတစ်ခုကတော့ သိုလှောင်ရေး လက်စွပ် တစ်ကွင်း ပိုင်ဆိုင်ခြင်း ဖြစ်သည်။

ပစ္စည်းများ ထည့်လိုက် ထုတ်လိုက် စမ်းကြည့်ကာ ၎င်း၏ အံ့သြဖွယ်ကောင်းမှုကို ခံစားရင်း နှုတ်ခမ်းထောင့်မှ ပျော်ရွှင်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့သည်။

အသစ်အဆန်းများကို အတန်ကြာ ခံစားပြီးနောက် နောက်ဆုံးတွင် သူသည် ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ်သို့ ပြန်လာခဲ့သည်။ ပထမဦးစွာ ဆေးခန်းမတွင် " ဖုန်မှုန့်သန့်စင် ဆေးလုံး" အတွက် ဆေးညွှန်းကို သူ ရှာတွေ့ခဲ့၏။

"အဓိက ပါဝင်ပစ္စည်းတွေက... နှစ်တစ်သိန်း သက်တမ်းရှိ နတ်ဆိုး ကိုးကောင် ဝိညာဉ် ကလေး သစ်သီး၊ နှစ်တစ်သိန်း သက်တမ်းရှိ မဟာ နေမင်း နဂါး ဝိညာဉ် သစ်သီး... အရန် ပါဝင်ပစ္စည်းတွေက- နှစ်တစ်ထောင် သက်တမ်းရှိ နှင်း ဝိညာဉ် ကြာပန်း၊ နှစ်တစ်ထောင် သက်တမ်းရှိ မြေကမ္ဘာအမြုတေမီး မှို၊ မွေးရာပါ ကန်း-သတ္တု သတ္တုရိုင်း မှုန့်၊ နှစ်တစ်သောင်း သက်တမ်းရှိ နွေးထွေးသော ဝိညာဉ် ကျောက်စိမ်း အဆီအနှစ်၊ ကောင်းကင်ကိုးထပ် အသက်ရှူခြင်း မြေမှုန့် တစ်စက်..."

ဆေးညွှန်းကို ကြည့်ရင်း နင်းဖန်သည် ဆေးဖက်ဝင် ပစ္စည်းများကို ခူးရန် ဥယျာဉ်သို့ ကျွမ်းကျင်စွာ သွားခဲ့သည်။ သူ မျှော်လင့်ထားသည့်အတိုင်း " ဖုန်မှုန့်သန့်စင် ဆေးလုံး" သည် အဋ္ဌမအဆင့် ကောင်းကင်ဘုံ ဆေးလုံး ဖြစ်သော်လည်း ဖော်စပ်သည့် ပစ္စည်းများမှာ ထူးဆန်းခြင်း မရှိချေ။ ဂိုဏ်းတွင် အတော်လေး ရှားပါးသော ကောင်းကင်ကိုးထပ် အသက်ရှူခြင်း မြေမှုန့်မှလွဲ၍ အခြား ပစ္စည်းများမှာ ပေါများလှ၏။

ထို နှစ်တစ်သိန်း သက်တမ်းရှိ အဓိက ပါဝင်ပစ္စည်း နှစ်မျိုး အပါအဝင်ပင်။ ထိုကဲ့သို့သော ဆေးဖက်ဝင် အပင်များသည် ပြင်ပကမ္ဘာတွင် ထိပ်တန်း ရတနာများ ဖြစ်နိုင်ပြီး အင်အားစုများစွာက ၎င်းတို့အတွက် အသေအလဲ တိုက်ခိုက်စေနိုင်သည်။

သို့သော် နှစ်သန်းပေါင်း ကိုးဆယ် အမွေအနှစ်ရှိသော ထိုက်ရီအစစ်အမှန်ဂိုဏ်းကဲ့သို့ ထိပ်တန်းအဆင့် အင်အားစု တစ်ခုအတွက်မူ ၎င်းတို့မှာ မရှားပါးချေ။ ဆေးဖက်ဝင်အပင် ဥယျာဉ်တွင် နှစ်တစ်သိန်း သက်တမ်းရှိ ဝိညာဉ် အပင်များ နေရာတိုင်းတွင် ရှိ၏။

မကြာမီ နင်းဖန်သည် ပစ္စည်းများ အားလုံးကို စုဆောင်းနိုင်ခဲ့သည်။ သို့သော် သူသည် အားလုံးကို မယူဘဲ တစ်ခုစီ၏ ဆယ်ရာခိုင်နှုန်းကို အရန်အဖြစ် ချန်ထားခဲ့၏။ အနာဂတ်တွင် အခြား ဆေးလုံးများ ဖော်စပ်ရာ၌ လိုအပ်မည်ကို သူ စိုးရိမ်သောကြောင့်ဖြစ်သည်။

အကယ်၍ သူသည် " ဖုန်မှုန့်သန့်စင် ဆေးလုံး" ကို ဖော်စပ်ရန် ယခု အားလုံးကို အသုံးပြုခဲ့ပါက ထိုအချိန်ကျလျှင် သူ အရှုံးပေါ်မည် ဖြစ်သည်။

"ဒီလောက်ဆို လုံလောက်ပါပြီ... ငါ့ရဲ့ ကျွမ်းကျင်မှုနဲ့ မီးဖို တစ်ခုတည်းမှာ ဆေးလုံးအများကြီး တစ်ပြိုင်နက် ဖော်စပ်တဲ့ နည်းလမ်းကို သုံးရင် ဆေးလုံး အလုံး တစ်ရာ အနည်းဆုံး ရနိုင်တယ်"

သူ၏ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများ၏ အလေးချိန်ကို အကဲဖြတ်လိုက်၏။

အလုံး တစ်ရာ ဆိုသည်မှာ နည်းသော အရေအတွက် မဟုတ်ချေ။ အကယ်၍ သူ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါက ထိုထက်မကရ ရှိနိုင်သေးသည်။ ဤသည်ကို တွေးမိသောအခါ နင်းဖန်သည် သူ၏ လက်ဖဝါးများကို ပွတ်သပ်ကာ စတင် လုပ်ဆောင်တော့၏။

ထို့နောက် သူသည် ဆေးမီးဖိုရှေ့တွင် ထိုင်ကာ တရားဝင် စတင် ဖော်စပ်တော့သည်။

မျက်စိတစ်မှိတ်အတွင်း များပြားသော ပစ္စည်းပမာဏကို မီးဖိုထဲသို့ ပစ်ထည့်လိုက်၏။ တောက်လောင်နေသော မြေကမ္ဘာ မီးတောက်အောက်တွင် ပစ္စည်းများ တဖြည်းဖြည်း သန့်စင်သွားပြီး ဆေးလုံးများ စတင် စုစည်းလာခဲ့သည်။

"စီနီယာအစ်ကိုက တည်ငြိမ်တာပဲ”

"စီနီယာအစ်ကိုက ချောတာပဲ”

"စီနီယာအစ်ကိုက တည်ငြိမ်ပြီး ချောတာပဲ”

ကျန်းထန်သည် နင်းဖန်၏ လုပ်ဆောင်‌ နေသည်ကို နားမလည်နိုင်သော်လည်း ဘေးမှနေ၍ သူ့ကို အားပေးနေခဲ့သည်။

ပါရမီနှင့် နောက်ခံရှိသဖြင့် နင်းဖန်၏ ဆေးဖော်စပ်ခြင်းသည် အောင်မြင်ရန် သေချာနေသောကြောင့် သူ အာရုံလွဲသွားမည်ကို မကြောက်ချေ။ သူ့ ဂျူနီယာညီမလေး၏ အသွင်အပြင်ကို မြင်သောအခါ သူ မရယ်ဘဲ မနေနိုင်ခဲ့ချေ။ ဆေးဖော်စပ်ခြင်းသည် ထိုမျှလောက် ပျင်းစရာမကောင်းတော့ကြောင်း ခံစားလိုက်ရ၏။

မကြာမီ " ဖုန်မှုန့်သန့်စင် ဆေးလုံး" များ တစ်သုတ်ပြီး တစ်သုတ် ဖော်စပ်ပြီး ဇလုံငယ်တစ်ခု အပြည့် ဖြစ်သွားခဲ့သည်။ ကြွယ်ဝသော ဆေးလုံး ရနံ့သည် နေရာအနှံ့ ပျံ့လွင့်နေပြီး ကျန်းထန်ကို တံတွေး အကြိမ်ကြိမ် မျိုချစေခဲ့သည်။

တစ်ချိန်တည်းမှာပင်။

"ထိုက်ရီအကြွင်းအကျန်နယ်မြေ" အတွင်း၌။

နင်းဖန်၏ လုပ်ရပ်များကို ကြည့်နေသော အကြီးအကဲတစ်စုမှာလည်း လုံးဝ ဇဝေဇဝါ ဖြစ်နေကြ၏။

လီချန်မင်က မေးလိုက်သည်။

"ညီလေးရှောင်... နင်းဖန် ဖော်စပ်နေတာကဘာလို့ ' ဖုန်မှုန့်သန့်စင် ဆေးလုံး' ကြီး ဖြစ်နေရတာလဲ။"

ထိုက်ရီအစစ်အမှန်ဂိုဏ်းတွင် မဖြစ်မနေ စားရမည့် ဆေးလုံးများမှာ မည်သည့်အရာများဖြစ်ကြောင်း တစ်စုံတစ်ယောက်က မေးခဲ့လျှင်” ဖုန်မှုန့်သန့်စင် ဆေးလုံး" သည် သေချာပေါက် စာရင်းထဲတွင် ပါဝင်ပေလိမ့်မည်။

ထိုဆေးလုံးသည် ဂိုဏ်း၏ အဓိကတပည့်များအတွက် အလွန်အရေးပါသော ဆေးဖြစ်ပြီး၊ လက်ရှိအကြီးအကဲများ ကိုယ်တိုင်လည်း အတိတ်က ဤဆေးကို (၃) လုံးစီ သောက်သုံးပြီး ကျင့်ကြံခဲ့ဖူးသောကြောင့် ဆေးကိုမြင်သည်နှင့် အားလုံးက ရင်းနှီးကျွမ်းဝင်စွာ မှတ်မိနေကြသည်။

ရှောင်ချာသည် အောက်ဘက်ရှိ မြင်ကွင်းများကို ကြည့်ရင်း လုံးဝ ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့်...

"ဒါက တကယ်ပဲ ' ဖုန်မှုန့်သန့်စင် ဆေးလုံး' ပါ... ဒါပေမယ့် နင်းဖန်က ဘာအတွက် ဖော်စပ်နေတာလဲ"

ဤကဲ့သို့သော ဆေးလုံးမျိုး ဂိုဏ်းတွင် ဘယ်သောအခါမျှ မပြတ်လပ်ခဲ့ချေ။ယနေ့တိုင် ဂိုဒေါင်ထဲတွင် နှစ်ဆယ့်ခြောက်လုံး ကျန်ရှိနေသေး၏။ နင်းဖန်လည်း ဤအရာကို သိပေသည်။

စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ဆေးခန်းမသို့ ရောက်ရောက်ချင်း သူလုပ်ခဲ့သည့် ပထမဆုံးအရာမှာ ဤဆေးလုံးကို စစ်ဆေးခြင်း ဖြစ်သည်။

ထို့နောက် သူသည် ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံးကို ဖော်စပ်ခဲ့၏။ ထိုအချိန်က နင်းဖန်သည် အဋ္ဌမအဆင့် ကောင်းကင်ဘုံ ဆေးလုံးများကို အထင်သေးသောကြောင့် ကိုယ်ပိုင် ဆေးလုံးကို ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု အကြီးအကဲများက ထင်ခဲ့ကြသည်။

သို့သော် ယခု မှာ ထိုသို့ မဟုတ်ချေ။ သူ ဖော်စပ်ခဲ့သော နတ်ဘုရား ဆေးလုံးသည် သူ၏ နတ်ဘုရားစိတ်အာရုံကို တိုးတက် စေပုံ မပေါ်ချေ။ ယခု သူသည် " ဖုန်မှုန့်သန့်စင် ဆေးလုံး" ကို ဒါဇင်နှင့်ချီ ထပ်မံ ဖော်စပ်နေ ဖော်စပ်ခဲ့၏။

“ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

“ လက်ကား ရောင်းမလို့လား”

မည်သူကမျှ သူ့ကို နားမလည်နိုင်တော့ချေ။

"လူတစ်ယောက်ကို ' ဖုန်မှုန့်သန့်စင် ဆေးလုံး' သုံးလုံးပဲ သောက်ခွင့်ရှိတယ်... အဲဒီထက် ကျော်လွန်ရင် ဆေးလုံး အဆိပ်တွေ ခန္ဓာကိုယ်ထဲမှာ စုပုံလာပြီး အကျိုးသက်ရောက်မှုကို တိုးလာမယ့်အစား လျော့ကျသွားစေမယ်။ ပိုဆိုးတာက ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကိုတောင် ထိခိုက်စေလိမ့်မယ်..."

"နင်းဖန်က ဒီလောက် အများကြီး ဖော်စပ်နေတာ အတိအကျ ဘာလုပ်နေတာလဲ... သူကိုယ်တိုင် စားမှာတော့ မဖြစ်နိုင်ဘူး မဟုတ်လား"

All Chapters