အခန်း (၁၄၉)
Vol. 15 Ch. 149
အခန်း (၁၄၉) - အဋ္ဌမအဆင့် ကောင်းကင်ဘုံဆေးလုံးကို သကြားလုံးလို စားနေတာလား
ဂိုဏ်းမှ လူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။
နင်းဖန်၏ လုပ်ရပ်များကို သူတို့ လုံးဝ နားမလည်နိုင်ခဲ့ချေ။
အကယ်၍ " ဖုန်မှုန့်သန့်စင်ဆေးလုံး" များစွာကို အတူတကွ စားသုံးမိပါက ဆေးလုံး၏ အဆိပ်များသည် မျက်စိတစ်မှိတ်အတွင်း ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြန့်နှံ့သွားနိုင်ပေသည်။
သူ၏ အမြင့်ဆုံး အခြေခံအုတ်မြစ်ကြောင့် အသက်အန္တရာယ် မရှိနိုင်သော်လည်း အသိစိတ်ပင်လယ်ကိုမူ လုံးဝပျက်စီးသွားစေမည် ဖြစ်၏။
အသိစိတ်ပင်လယ်သည် ကျင့်ကြံသူတစ်ဦး၏ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး နတ်ဘုရားစိတ်အာရုံများနှင့် နတ်ဘုရားဝိညာဉ်တို့ကို သယ်ဆောင်ထားကာ နတ်ဘုရားစွမ်းရည်နှင့် တာအိုနည်းစနစ်များ စတင်ရာလည်း ဖြစ်သည်။
အကယ်၍ အသိစိတ်ပင်လယ်တွင် တစ်ခုခု မှားယွင်းသွားပါက အကောင်းဆုံးအခြေအနေတွင် အရူးတစ်ယောက် ဖြစ်သွားနိုင်ပြီး အဆိုးဆုံးအခြေအနေတွင် နေရာမှာတင် သေဆုံးသွားနိုင်ပေသည်။
နတ်ဘုရားအဆင့် ဆေးဖော်စပ်သူတစ်ဦးအနေဖြင့် နင်းဖန်သည် ဤအရာများကို မသိဘဲ မနေနိုင်ချေ။
အကယ်၍ သူ တကယ် မသိလျှင်ပင် သူတော်စင်မိန်းမပျိုက သတိပေး ပေးခဲ့ပြီး ဖြစ်၏။
ထို့ကြောင့် အကြီးအကဲများသည် နင်းဖန် ဤမျှလောက် ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မည်ဟု မယုံကြည်ကြချေ။ သူ ဤသို့လုပ်ဆောင်ရခြင်းတွင် အခြားရည်ရွယ်ချက် တစ်ခုခု ရှိရမည် ဖြစ်သည်။
"ဒုတိယအသုတ် မီးဖိုထဲက ထွက်လာပြီ”
ထိုအခိုက်အတန့်တွင် ရွှီယိုဝေက ရုတ်တရက် အော်ပြောလိုက်၏။
နင်းဖန်သည် ဆေးမီးဖိုမှ ဒုတိယမြောက် ဆေးလုံးအသုတ်ကို ထုတ်ယူလိုက်ပြီ ဖြစ်သည်။ ယခင်အသုတ်များနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ဆေးလုံးတစ်ရာကျော် ရှိ၏။
သူ့ဘေးရှိ ရှောင်ချာမှာ မကျေမနပ်ဖြစ်နေကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“မီးဖိုထဲက ထွက်လာပြီ' ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဆေးဖော်စပ်ခြင်းဆိုတာ အဆင့်မြင့်တဲ့ ပညာရပ်တစ်ခုပဲ... သူက စားဖိုမှူးတစ်ယောက်လို့ မင်း ထင်နေတာလား"
သို့သော် သူ စကားပြောလိုက်သည်နှင့် ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော ကျုံးတင်းက မပျော်မရွှင်ဖြစ်ကာ နှာမှုတ်လိုက်သည်။
"စီနီယာအစ်ကိုရှောင်... ခင်ဗျားစကားက နည်းနည်း အဓိပ္ပာယ်မရှိဘူး မဟုတ်လား။ ဟင်းချက်တာက နိမ့်ကျနေလို့လား။ မဟာတာအိုသုံးထောင်ထဲမှာ အစားအစာတာအိုက တခြားဘယ်အရာထက်မှ မနိမ့်ကျဘူးဆိုတာ မင်း မသိဘူးလား "
"ဒီကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးကိုသာ မေးကြည့်ပါ၊ အစားအစာ မရှိဘဲ ဘယ်သူ အသက်ရှင်နိုင်မလဲ။ မင်းက အစားအစာမစားဘဲ အသက်ရှင်နိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရင်တောင် အရသာရှိတဲ့ ဟင်းလျာမျိုးနဲ့ ကြုံရင် အဲဒီအရသာကို ချီးကျူးရမှာပဲ။"
ကျုံးတင်း စကားပြောနေစဉ် သူ၏ ဗိုက်ကြီးမှာ တုန်ခါနေခဲ့၏။
ရှောင်ချာ၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူ ရှင်းပြရုံသာ တတ်နိုင်တော့သည်။
"အစ်ကိုဗိုက်... အဲ... ဂျူနီယာညီလေး... ငါ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ အဓိကက စီနီယာအစ်ကိုရွှီရဲ့ စကားတွေက အရမ်း နားထောင်လို့ မကောင်းလို့ပါ”
ရွှီယိုဝေ၏ မျက်လုံးများ ပြူးကျယ်သွားသည် ။
"ငါ့စကားတွေက ဘယ်လိုလုပ် နားထောင်လို့ မကောင်းရတာလဲ။ အဲဒါက မီးဖိုထဲက ထွက်လာတာပဲ မဟုတ်ဘူးလား။ ဆေးလုံးတိုင်းက ဆိတ်ချေးတွေလို လုံးဝန်းနေတာပဲ"
သူ စကားမဆုံးမီ ရှောင်ချာ လုံးဝ ပေါက်ကွဲသွားခဲ့၏။
သူ၏ အင်္ကျီလက်များကို ခေါက်တင်ကာ ပြောလိုက်သည်။
"ရွှီယိုဝေ... မင်း သတ္တိရှိရင် ငါဖော်စပ်တဲ့ ဆေးလုံးတွေကို ဘယ်တော့မှ မစားနဲ့”
သူ မည်မျှ ဒေါသထွက်နေကြောင်း ပြသနေသကဲ့သို့ သူ့ကို စီနီယာအစ်ကိုဟုပင် မခေါ်တော့ချေ။
ရွှီယိုဝေကလည်း ဒေါသတကြီး မျက်ခုံးပင့်ကာ အော်ပြောလိုက်သည်။
"ငါ့မှာ သတ္တိရှိလို့လည်း ငါ မစားဘူး"
"မင်း..."
ရှောင်ချာ မှင်တက်သွားခဲ့သည်။ ဤမျှ အရှက်မရှိသော လူတစ်ယောက်ကို သူ ဘယ်တော့မှ မမျှော်လင့်ခဲ့ချေ။ သူ၏ လက်သီးချက်မှာ ဝါဂွမ်းပေါ်သို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ကမောက်ကမ ဖြစ်နေသည်ကို မြင်သောအခါ ဖေ့ချင်းယွီသည် မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည်။
"မင်းတို့တွေ ဘာလုပ်နေတာလဲ။ မင်းတို့ အသက်က ထောင်နဲ့ချီနေပြီ၊ တပည့်တွေရှေ့မှာ ရန်ဖြစ်ချင်နေတာလား။ ဒီလိုလုပ်နေမယ့်အစား နင်းဖန် တကယ် ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာကို ဘာလို့ အာရုံမစိုက်ကြတာလဲ။"
ဂိုဏ်းချုပ် စကားပြောပြီးသည်နှင့် လူပြက်သုံးယောက်သည် ထပ်ပြီး ပြဿနာ မရှာရဲတော့ချေ။
ယွီရူရွှမ်းက ရုတ်တရက် ပြောလိုက်သည်။
"သူ ဆေးလုံးတွေကို စားတော့မယ်"
"ဘာ"
အားလုံး တုန်လှုပ်သွားကြ၏။
နင်းဖန်သည် ဆေးလုံးများကို သူ၏ ပါးစပ်နားသို့ ယူဆောင်သွားပြီဖြစ်ကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။
ရှောင်ချာ လုံးဝ ပြာယာခတ်သွားပြီး အော်ပြောလိုက်သည်။
"မင်း အဲဒါတွေကို စားလို့ မရဘူး"
သူ၏ အသံသည် အပြင်ဘက်သို့ မရောက်နိုင်သော်လည်း လူတစ်ယောက်ကို ကယ်တင်ရန် အရေးတကြီး ဖြစ်နေသဖြင့် သူ ထိုအချက်ကို မေ့သွားခဲ့၏။
အခြားသူများလည်း ကြောက်လန့်တကြား ဖြူဖျော့သွားကြသည်။
ဆေးလုံးအများအပြားကို ပါးစပ်ထဲသို့ တစ်ပြိုင်နက် ပစ်ထည့်လိုက်သဖြင့် ဆေးလုံးအဆိပ်များက သူ၏ အသိစိတ်ပင်လယ်ကို ချက်ချင်း ကြေမွသွားစေမည် မဟုတ်လော။
နတ်ဘုရားအရိုးနှင့် နတ်ဘုရားကိုယ်တွင်းအင်္ဂါများ ပါရှိသော ပါရမီရှင်၊ နှစ်သန်းပေါင်း ကိုးဆယ်အတွင်း ဘိုးဘေးကို ကျော်လွန်ရန် မျှော်လင့်ချက်အရှိဆုံး တပည့် သည် ဆေးလုံးများ မျိုချမှုကြောင့် အရူးတစ်ယောက် ဖြစ်သွားပါက ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။
"နင်းဖန်... ရပ်လိုက်”
"ဟင့်အင်း၊ မင်းရဲ့ ပါးစပ်ကို ရပ်လိုက်"
"ပြီးပြီ…အဲဒီ တစ်လုပ်မှာတင် အနည်းဆုံး ဆေးလုံး ဆယ်လုံးလောက် ပါရမယ်"
"အို... ငါ့ရဲ့ ဘိုးဘေးလေး၊ မင်းက သကြားလုံးတွေ စားနေတယ်လို့ ထင်နေတာလား။ အဲဒါက အဋ္ဌမအဆင့် ကောင်းကင်ဘုံဆေးလုံးကွ"
လျှို့ဝှက်နယ်မြေအတွင်းရှိ အကြီးအကဲများမှာ စိုးရိမ်ပူပန်မှုများဖြင့် ခုန်ပေါက်နေကြ၏။
သို့သော် နင်းဖန် ဆေးလုံးများကို မျိုချနေသည်ကို ကြည့်ရုံမှလွဲ၍ သူတို့ ဘာမှ မလုပ်နိုင်ကြချေ။
ပတ်ဝန်းကျင်ရှိ တပည့်များသည်လည်း ဆွံ့အနေကြသည်။
"ဘာတွေ ဖြစ်နေတာလဲ”
"နင်းဖန်က အရူးတစ်ယောက် ဖြစ်သွားတော့မှာလား"
" ဖုန်မှုန့်သန့်စင်ဆေးလုံး' တစ်ရာကျော်ကို ဖော်စပ်ပြီး အကုန်လုံးကို စားလိုက်တာ... ဘိုးဘေးဝင်စားရင်တောင် အရူးဖြစ်သွားလိမ့်မယ်။"
"ပျက်စီးသွားပြီ… အကုန် ပျက်စီးသွားပြီ... ငါတို့ဂိုဏ်းတိုး တက်လာဖို့ အခွင့်အရေးလည်း ပျက်စီးသွားပြီ”
"ငါလို အစစ်အမှန်တပည့်တစ်ယောက်တောင် မင်းကို အားကိုးဖို့ ပြင်ဆင်ထားပြီးပြီ... အခုတော့ မင်းက ဒီလိုလုပ်နေတာလား"
တပည့်များ မယုံနိုင်အောင် ဖြစ်နေကြ၏။
နင်းဖန်၏ လုပ်ရပ်များမှာ ကောင်းကင်ကို အံတုလွန်းကြောင်း အားလုံး နားလည်သွားသည်နှင့်တပြိုင်နက် ဆူညံသံများကို တားဆီး၍ မရနိုင်တော့ချေ။
လျှို့ဝှက်နယ်မြေ တစ်ခုလုံး ဆူညံသံများဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။
...အောက်ဘက်တွင်။
နင်းဖန်သည် သူ၏ ပါးပြင်များ အပြည့်ဖြင့် " ဖုန်မှုန့်သန့်စင်ဆေးလုံး" ကို "တကျွတ်ကျွတ်" ဝါးစားနေခဲ့၏။
"ကြက်သားအရသာလေး၊ ကြွပ်ရွနေတာပဲ။"
သူက လက်မထောင်ပြလိုက်သည်။ အဋ္ဌမအဆင့် ကောင်းကင်ဘုံဆေးလုံးများသည် အမှန်တကယ်ပင် ကွဲပြား၏။သာမန်ဆေးလုံးများထက် ပိုကောင်းသည်။
"အာ… စီနီယာအစ်ကို... ဘာလို့ ဆေးလုံးတွေ အများကြီး စားလိုက်တာလဲ။ ရှင် အရူးဖြစ်သွားလိမ့်မယ်"
နင်းဖန်၏ ရဲတင်းသော ဆေးလုံးမျိုချမှုကြောင့် အံ့အားသင့်သွားသော ကျန်းထန်သည် နောက်ဆုံးတွင် သတိဝင်လာပြီး ကြောက်လန့်တကြား အော်ပြောလိုက်၏။
သူမ၏ ချောမောသော စီနီယာအစ်ကိုက သူ့ကိုယ်သူ အရူးဖြစ်အောင် အဘယ်ကြောင့် လုပ်ရသနည်း။ သူမရဲ့ ဦးနှောက်သေးသေးလေးနှင့် နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
‘ အဲဒါ မှန်ရဲ့လား'
နင်းဖန်သည် သူမနောက်ကို လိုက်ပြီး သွားရည်တမြမြဖြင့် "အဘ အဘ" ဟုအော်ပြောနေမည်ကို ကျန်းထန် စိတ်ကူးမယဉ်နိုင်ပေ။
"ဒီဂိုဏ်းမှာ ကျွန်မလို အရူးတစ်ယောက် ရှိတာနဲ့တင် လုံလောက်နေပါပြီ။ စီနီယာအစ်ကိုက ဒုတိယမြောက် အရူးတစ်ယောက် မဖြစ်သင့်ဘူး။"
ဤသို့ တွေးပြီး ကျန်းထန်သည် အလျင်အမြန် ပြေးသွားကာ နင်းဖန် သတိမထားမိချိန်တွင် သူမ၏ လက်ချောင်းတစ်ချောင်းကို သူ၏ ပါးစပ်ထဲသို့ ထိုးသွင်းလိုက်၏။
နင်းဖန် လန့်သွားခဲ့သည်။
"ဂျူနီယာညီမလေး... မင်း ဘာလုပ်နေတာလဲ။"
ကျန်းထန်၏ မျက်နှာမှာ လေးနက်နေသည်။
"မကြောက်ပါနဲ့ စီနီယာအစ်ကို၊ အဲဒါကို ပြန်အန်ထွက်လာအောင် ကျွန်မ ကူညီပေးမယ်။"
"မင်း နှမကိုပဲ ထုတ်"
နင်းဖန်သည် ကျန်းထန်၏ လက်ချောင်းကို ထုတ်လိုက်ပြီး အဆက်မပြတ် ချောင်းဆိုးသွားသည်။
ကျန်းထန် ဇဝေဇဝါ ဖြစ်သွားသည်။
"စီနီယာအစ်ကို... ကျွန်မမှာ ညီမလေး မရှိဘူးလေ... အာ… စီနီယာအစ်ကို ဆိုလိုတာက 'အဲဒီ' ညီမလေးကို ပြောတာလား... အဲဒါက သိပ်မကောင်းဘူးနော်..."
ထိုသို့ပြောပြီးနောက် သူမ၏ ပါးပြင်များ နီရဲသွားခဲ့သည်။
နင်းဖန်: ???
‘မင်းက ဘာလို့ ရှက်နေရတာလဲ'
သူက ဒေါသတကြီး ပြောလိုက်သည်။
"ငါ မင်းကိုပေးခဲ့တဲ့ ဒသမအဆင့် နတ်ဘုရားအဆင့်ဆေးလုံးကို မှတ်မိလား။ အဲဒီဆေး အာနိသင်က နတ်ဘုရားစိတ်အာရုံဆေးလုံးတွေအတွက် ဆေးဒဏ်ရဲ့ အကန့်အသတ်တွေကို ချိုးဖျက်ပေးတာပဲ။ မင်း အခု ' ဖုန်မှုန့်သန့်စင်ဆေးလုံး' ကို ကြိုက်သလောက် စားလို့ရပြီ"
ဤသည်ကို ကြားသောအခါ ကျန်းထန် သဘောပေါက်သွားခဲ့၏။
ထို့နောက် သူမက အနည်းငယ် အဆိုးမြင်သော လေသံဖြင့် ပြောလိုက်သည်
"ဒါဆို အဲဒါက ကျွန်မညီမကို ခေါ် ထုတ်ဖို့ မဟုတ်ဘူးပေါ့..."
နင်းဖန်: "..."
‘မင်းက ဘာကို စိတ်ပျက်နေတာလဲ၊ ကောင်မလေး'
"ဒီဟာတွေက မင်းအတွက်... မင်း စိတ်ဝိညာဉ်ပုံသွင်းခြင်းအဆင့်ကို ချိုးဖျက်ပြီးတဲ့အခါ အကုန်လုံးကို စားလိုက်။ ဒါတွေက မင်းရဲ့ နတ်ဘုရားစိတ်အာရုံ ကျင့်ကြံခြင်းကို နောက်ထပ်အဆင့်တစ်ခုကို ခေါ်ဆောင်သွားပေးလိမ့်မယ်"
နင်းဖန်သည် သူ၏ အူကြောင်ကြောင် ညီမလေးနှင့် ဆက်ပြီး စကားမပြောချင်တော့ချေ။ သူသည် ဆေးလုံးတစ်ဆုပ်ကို ယူကာ ကျန်းထန်၏ ရင်ခွင်ထဲသို့ ပစ်ထည့်လိုက်၏။
ထို့နောက် သူ သည် မျက်လုံးများကို မှိတ်ကာ သူ စားခဲ့သော ဆေးလုံးဆယ်လုံးကို စတင် သန့်စင်တော့သည်။
သိပ်သည်းသော ဆေးစွမ်းသည် သူ၏ ခန္ဓာကိုယ်အတွင်း ပျော်ဝင်သွားပြီး လှိုင်းဂယက်များက သူ၏ အသိစိတ်ပင်လယ်တစ်လျှောက် ပျံ့နှံ့သွားခဲ့၏။
ဤအခိုက်အတန့်တွင် သူ၏ နတ်ဘုရားစိတ်အာရုံ တိုးတက်လာသည်ကို သူ ရှင်းလင်းစွာ ခံစားနိုင်ပေသည်။
အကွာအဝေးသည်လည်း လျင်မြန်စွာ တက်လာခဲ့သည်။ အသက်ရှူအကြိမ် အနည်းငယ်အတွင်း ၎င်းသည် မိုင် ၁,၀၀၀ မှ မိုင် ၁,၆၀၀ သို့ တက်သွားခဲ့၏။
ဤသည်က နင်းဖန်ကို အလွန် ဝမ်းသာသွားစေခဲ့သည်။ သူ၏ နတ်ဘုရားစိတ်အာရုံ အားကောင်းလာသည်ကို ခံစားရခြင်းမှာ အံ့သြဖွယ်ကောင်းလှပေသည်။
ထို့ကြောင့် သူသည် နောက်ထပ် " ဖုန်မှုန့်သန့်စင်ဆေးလုံး" တစ်ဆုပ်ကို ယူကာ သူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
ဤသည်ကို မြင်သောအခါ ကျန်းထန် သူ့ကို ထပ်မနှောင့်ယှက်ရဲတော့ချေ။ သူမသည် ခန်းမအပြင်ဘက်ရှိ ကွင်းပြင်သို့ လျှောက်သွားကာ တရားထိုင်ဖျာတစ်ခုကို ရှာပြီး စတင် ကျင့်ကြံတော့သည်။
အသင်္ချေမူလတာအိုခန္ဓာကိုယ် အသက်ဝင်လာသည်နှင့်အမျှ များပြားသော ဝိညာဉ်ချီများသည် သူမထံသို့ စုစည်းလာခဲ့၏။ သူမ စိတ်ဝိညာဉ်ပုံသွင်းခြင်းနယ်ပယ်၏ ကနဦးအဆင့်သို့ ချိုးဖျက်ရန် အချိန်သိပ်ကြာမည် မဟုတ်ချေ။
ခန်းမအတွင်း၌ နင်းဖန်သည် ဆေးလုံးများကို မျိုချနေဆဲ ဖြစ်၏။
တစ်ကြိမ်လျှင် ဆယ်လုံးစီ၊ သူ၏ အဆတစ်သောင်း ပါရမီနှင့် "အကန့်အသတ်မဲ့ အသိစိတ်ပင်လယ်" ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အားကိုးလျက် ၊ ထိုဆေးလုံးများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်တည်းနီးပါး သန့်စင်ခံရ၏။
သူ၏ နတ်ဘုရားစိတ်အာရုံသည် ကောင်းကင်သို့ တက်သွားပြီး အကွာအဝေးမှာ အလွန် ဖြန်ကြန့် လာခဲ့သည်။
မိုင် ၃,၀၀၀၊ မိုင် ၉,၀၀၀၊ မိုင် ၁၀,၀၀၀၊ မိုင် ၂၀,၀၀၀... အကြိမ် ၁၀၀ မြောက် ဆေးလုံးကို စုပ်ယူပြီးချိန်တွင် နင်းဖန်၏ နတ်ဘုရားစိတ်အာရုံသည် ကြောက်မက်ဖွယ်ကောင်းသော ကိန်းဂဏန်းတစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်သည်
မိုင် ၁၃၁,၅၀၀
ဤအခိုက်အတန့်တွင် "ထိုက်ရီအကြွင်းအကျန်နယ်မြေ" တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားခဲ့၏။
---