← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉)

တကယ်ကိုစုတ်ပြတ်သတ်နေတဲ့ဓားပဲ

အချိန်တွေကုန်ဆုံးသွားပြီး မကြာခင်မှာပဲ နေလည်ခင်းကို ရောက်ရှိလာကာ မိုဆူကွမ်းသင်ခန်းစာ အဆုံးသတ်သွားခဲ့သည်။

သူ၏ဓားပညာအပေါ်နားလည်မှုမှာ တကယ်ကိုနက်နဲပြီး ပြောသွားသည့်အများစုမှာ ဓား၏အနှစ်သာရတွေဖြစ်သည်။

အစောပိုင်းပြောခဲ့သလိုပင် မုန့်ချန်ချင်းလို ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်မိထားသည့်လူတစ်ယောက်အတွက်တော့ ပေါင်းစပ်ခြင်းဖြစ်စဥ်ကတည်းက ဤအရာအများစုကို နားလည်ထားပြီးဖြစ်သည်။

၎င်းမှာ သူဖြတ်သန်းခဲ့သည့်ကျယ်ပြောသည့်ဓားပညာမြစ်အတွင်းမှ အခြေခံဓားရည်ရွယ်ချက်ကို ဖမ်းယူပြီးပျိုးထောင်းသလိုပင်။

ထို့ကြောင့် မိုဆူကွမ်း၏သင်ခန်းစာတွေက သူ့အတွက်အများကြီးအကျိုးမရှိပေ။

လူတိုင်းဓားပညာတိုင်းမှာ ထူးခြားမှုတွေရှိသောကြောင့် အခြားသူတွေ၏နည်းစနစ်ကိုလေ့လာရခြင်းက တိုးတက်မှုအချို့ရှိစမြဲဖြစ်သည်။

ထို့ပြင် မုန့်ချန်ချင်း မိုဆူကွမ်း စစ်မှန်သည့်ကျွမ်းကျင်အဆင့် ဟုတ်မဟုတ် မသိရသေးပေ။ အဘယ်ကြောင့်ဆိုသော် မိုဆူကွမ်း သူ၏ကျင့်ကြံရေးကို ဖုံးကွယ်ထားသောကြောင့်ဖြစ်သည်။

ဓားပညာကိုလည်း အလားတူဖုံးကွယ်ထားဖို့ အလားအလာရှိ၏။

"လန်ချန်း, မုန့်ချန်ချင်းကို လေ့ကျင့်ရေးကွင်းခေါ်သွားပြီး ဝိညာဥ်တောင်ထိပ်ကို လှည့်ပတ်ပြလိုက်ပါ..."

မိုဆူကွမ်း ညင်သာစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့, ဆရာ..."

လန်ချင် ယဥ်ကျေးစွာတုံ့ပြန်လိုက်ပြီး မုန့်ချန်ချင်းဘက်လှည့်လိုက်သည်။

"ဂျူနီယာမုန့် ကျေးဇူးပြုပြီး ငါ့နောက်ကလိုက်ခဲ့ပါ..."

"ကောင်းပါပြီ..."

မုန့်ချန်ချင်း ခေါင်းညိတ်ပြီး မိုဆူကွမ်းကို အရိုအသေပေးကာ လန်ချန်းနှင့် ထွက်ခွာသွားခဲ့သည်။

"ဒီကလေး ငါ့သင်ခန်းစာတွေကို နားလည်ထားပြီးသားလား ဒါမှမဟုတ် စိတ်မဝင်စားတာလား..."

မိုဆူကွမ်း ကျယ်လောင်စွာထွက်ခွာသွားကြသည့် တပည့်တွေကိုကြည့်ပြီး သိချင်နေခဲ့သည်။

သူက သင်ခန်းစာချိန်တုန်းက မုန့်ချန်ချင်းကို အထူးအာရုံစိုက်ထားခဲ့သည်။

မုန့်ချန်ချင်း အာရုံစိုက်ပုံပေါ်သော်လည်း သူ့မျက်လုံးတွေက စိတ်ဝင်စားမှုကင်းမဲ့နေခဲ့သည်။

"စိတ်ဝင်စားစရာပဲ...."

မိုဆူကွမ်း ရေရွတ်လိုက်သည်။

မုန့်ချန်ချင်း၏ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်မှာ ဓားချီကိုနားလည်သည့်အချက်ကို ကြည့်လျှင် ထိုအရာမှာ အံ့အားသင့်စရာမရှိပေ။

မုန့်ချန်ချင်း သူသင်ပေးသည့်အရာအားလုံးကို နားလည်ထားပြီးသား ဖြစ်နိုင်၏။

"ဆရာ, ငါ နတ်ဘုရားအလင်းရောင်ခန်းမကို မသွားလို့မရဘူးလား... အဲ့ဒီဓားအိုကြီးက ငါ့ထက်တောင် စိတ်ကြီးသေးတယ်.. မဟုတ်သေးဘူး, ငါ့စိတ်က မဆိုးပါဘူး... ဒါက အဲ့ဓားရဲ့အမှားပဲ..."

မိုရှောင်ယု နှုတ်ခမ်းဆူလိုက်သည်။

"မင်းသေချာလား..."

မိုဆူကွမ်း ရယ်လိုက်သည်။

"ဒါက ရှန်ဖုန်းပင်လယ်က တွမ့်မိသားစုသွန်းလုပ်ထားတဲ့ ထိပ်တန်းနာမည်ကျော်ဓား ၁၀ လက်ထဲက တစ်လက်ပဲ.. အဲ့ဓားက အသိဉာဏ်ဖွံ့ဖြိုးထားပြီး အနာဂတ်မှာ သူတော်စင်အဆင့်ရောက်ဖို့ အလားအလာရှိတယ်... ငါတို့ဘိုးဘေးတွေ ဒီကိုယူလာကတည်းက အဲ့နေရာမှာပဲ သိမ်းထားပြီး ထိုက်တန်တဲ့သူကို စောင့်နေတာ..."

"ထိပ်တန်းနာမည်ကျော်ဓား ၁၀လက်..."

မိုရှောင်ယု သွေးဆောင်ခံလိုက်ရ၏။

နာမည်တစ်ခုတည်းနှင့်ကို အတော်လေး အထင်ကြီးစရာကောင်းသည်။

"ကောင်းပြီးလေ, ငါ နောက်တစ်ကြိမ်သွားကြည့်လိုက်မယ်..."

သူမက တွန့်ဆုတ်စွာ ပြောလိုက်သည်။

"ဒါပေမယ့်ဆရာ, ဘာလို့ နင်ကျမသွားတာလဲ..."

မိုဆူကွမ်းအမူအရာ အနည်းငယ်ကို့ရို့ကားယားဖြစ်သွားပြီး မကျေနပ်စရာမှတ်ဉာဏ်အချို့ကို ပြန်သတိရသွားသလိုပင်။

"ကိုယ့်ကိစ္စကိုယ်ပဲ စိတ်ဝင်စားစမ်းပါ..."

သူက ဒေါသထွက်ချင်ယောင် ဟန်ဆောင်လိုက်၏။

"ကောင်းပြီလေ, မျက်နှာဆိုးလူအိုကြီး, ဟမ့်..."

မိုရှောင်ယု နှုတ်ခမ်းဆူပြီး ရှာထုတ်ပြကာ ပြေးတော့သည်။

မိုဆူကွမ်းတစ်ယောက်သာ ရယ်ပြီး ကျန်ခဲ့၏။

ဤကဲ့သို့အသက်အရွယ်နှင့် ပါရမီရှင်တပည့်ယောက်ရတာ တကယ်ကို ကောင်းချီးပေးမှုပင်။

သို့ပေမယ့် ထိုဓားအကြောင်းတွေးမိတော့ မနေနိုင်ပဲ ကျိန်ဆဲလိုက်သည်။

"သုံးစားမရတဲ့ဓားစုတ်, အသက်ကြီးတဲ့လူတွေနဲ့ပတ်သက်ပြီး ဘာမှားနေလဲမသိဘူး... လူငယ်တွေပဲ သဘောကျနေတာ..."

.....

"ဂျူနီယာမုန့်, မင်းနာမည်ကို ကြားဖူးတာ ကြာပြီ... အစကဆို ဆရာက မင်းအကြောင်းနေ့တိုင်းပြောပြီး တပည့်အဖြစ်တောင် ခေါ်ယူချင်နေတာ... ဒါပေမယ့် အကြောင်းပြချက်အချို့ကြောင့် ရုတ်တရက် အဲ့အကြောင်းတွေပြောတာ ရပ်လိုက်တယ်..."

လန်ချန်း လမ်းလျှောက်ရင်းပြောလိုက်သည်။

"အို, ဘာလို့လဲဆိုတာ စီနီယာအကိုလန်သိလား..."

မုန့်ချန်ချင်း သိချင်စွာ မေးလိုက်သည်။

"ငါမသိဘူး... ဆရာက အဲ့ကိစ္စကို ငါတိုနဲ့ မဆွေးနွေးဘူး..."

လန်ချန်း တောင်းပန်သည့်အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် ဒါက မင်းအတွက်ပိုကောင်းတဲ့အရာဆိုတာတော့ ငါသေချာတယ်..."

"ပိုကောင်းတဲ့အရာ..."

မုန့်ချန်ချင်း တွေးလိုက်သည်။

ကျမ်းဆောင်စောင့်အကြီးအကဲလည်း ထိုအတိုင်းပြောခဲ့သည်။

သို့ပေမယ့် တောင်ထိပ်သခင်တပည့်ဖြစ်ရတာထက် ဘယ်အရာက ပိုကောင်းနေသနည်း။

တစ်ခုတည်းသောပိုမြင့်သည့်အဆင့်အတန်းမှာ ဂိုဏ်းချုပ်ရာထူးဖြစ်၏။ သို့ပေမယ့် ဂိုဏ်းသခင်တောင်ထိပ်မှာ ဓားသိုင်းမလေ့ကျင့်ရာ မုန့်ချန်ချင်းလမ်းစဥ်နှင့် ဆန့်ကျင်ဘက်ပင်။

သူက ထိုအကြောင်းမတွေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။

သူ့ခွန်အားတိုးလာသည်နှင့် အမှန်တရားနှင့် ပိုပိုနီးကပ်လာသည်ဟု ခံစားရသည်။

"ဂိုဏ်း ၃ ဂိုဏ်း သိုင်းပြိုင်ပွဲရောက်ဖို့က တစ်လတောင်မလိုတော့ဘူး... အခုကစပြီး မင်းဒီနေရာမှာ နေနိုင်တယ်... တစ်ခုခုလိုအပ်တာရှိရင် ငါ့ကိုပြောနိုင်တယ်... အားနာစရာမလိုဘူး..."

လန်ချန်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

"ငါက စီနီယာဂျူနီယာဆက်ဆံရေးထက် မိတ်ဆွေဆက်ဆံရေးကို ပိုသဘောကျတယ်... မင်းသဘောတူမယ်ဆို ငါတို့တွေ မိတ်ဆွေဖွဲ့ကြရအောင်...."

ထိုအခါ စနစ်၏အသံမုန့်ချန်ချင်းစိတ်ထဲ ပေါ်လာခဲ့သည်။

[လန်ချန်း သင့်ထံ မိတ်ဆွေတောင်းဆိုမှုပေးပို့ထားသည်]

မုန့်ချန်ချင်း တစ်ခဏကြောင်သွား၏။

သူက လန်ချန်းနှင့် ဘယ်လိုမိတ်ဆွေဖွဲ့ရမလဲစဥ်းစားနေတုန်းရှိသေး ယခု လန်ချန်းက စပြောလာခဲ့သည်။

ဘယ်လိုတောင် ကျေနပ်စရာအံ့အားသင့်မှုနည်း။

"စီနီယာအကိုလန်, ဒါက ငါဖြစ်ချင်နေတာအတိအကျပါပဲ..."

မုန့်ချန်ချင်း ရိုးသားစွာပြုံးပြီး ပြောလိုက်သည်။

"ငါလည်း မိတ်ဆွေဖွဲ့ရတာ သဘောကျတယ်... ဒီတော့ ငါတို့တွေ မိတ်ဆွေတွေဖြစ်ကြတာပေါ့..."

[မိတ်ဆွေတောင်းဆိုမှုလက်ခံပြီးပါပြီ]

[လက်ရှိနှစ်သက်မှု- ကြယ် ၁ လုံး]

[ရရှိသောစွမ်းရည်- အဆင့် ၁ အမြစ်ရိုး]

[အပိုဆောင်းဆုလဒ်- စွမ်းရည်ရွေးချယ်ခြင်းကဒ် ၃ ကဒ်]

မုန့်ချန်ချင်းအပြုံး ပိုလို့တောင် ကျယ်လာခဲ့သည်။

သူက အလိုချင်ဆုံး အဆင့် ၁ အမြစ်ရိုးကို ရရှိခဲ့သည်။

၎င်းနှင့်အတူပါလာမည့် ကြောက်မက်ဖွယ်ကျင့်ကြံရေးအရှိန်ကိုတော့ မိုရှောင်ယုက သက်သေပြပေးပြီးပြီးဖြစ်သည်။

ထို့ပြင် အပိုဆောင်းဆုလဒ် စွမ်းရည်ရွေးချယ်ခြင်းကဒ် ၃ ကဒ်လည်းရှိသေး၏။

၎င်းတို့မှာ အနာဂတ်ဆက်ဆံရေးတွေအတွက် အလွန်အသုံးဝင်ပြီး ကံအပေါ်ပဲ မှီခိုစရာမလိုတော့ပေ။

မုန့်ချန်ချင်း၏ ရိုးသားသည့်အပြုံးကိုမြင်တော့ လန်ချန်းလည်းပိုမိုတောက်ပစွာ ပြုံးလိုက်သည်။

ဤဂျူနီယာညီလေးက ရိုးရှင်းသန့်စင်ပြီး ဆက်ဆံရလွယ်ကူသည်ဟု သူခံစားမိ၏။

"ဒီနေ့တော့ ဒီလောက်ပဲ.. ငါက ဒီအနီးနားမှာနေတယ်..."

လန်ချန်း ညွှန်ပြလိုက်သည်။

"တစ်ခုခုလိုအပ်တာရှိရင် ငါ့ကိုလာရှာလည့်ပါ..."

"ကျေးဇူးတင်ပါတယ် စီနီယာအကို... ငါ မင်းကို မကြာခဏဒုက္ခပေးမှာပါ..."

မုန့်ချန်ချင်း ပြန်ဖြေလိုက်သည်။

"ကြိုဆိုနေပါတယ်... ဂျူနီယာမုန့် အချိန်မရွေးလာခဲ့ပါ..."

လန်ချန်းပြုံးပြီး တစ်ဖက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။

သူ့ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် မုန့်ချန်ချင်း ပြန်လာပြီး အသစ်ရထားသည့်အဆင့် ၁ အမြစ်ရိုးကို ပေါင်းစပ်ဖို့ စိတ်အားထက်သန်နေခဲ့သည်။

အခန်း (၁၂၀)

သာလွန်အဆင့်ကိုကျော်လွန်သည့် နားလည်နိုင်စွမ်းနှင့် ပြီးပြည့်စုံခြင်းအဆင့်အမြစ်ရိုး

လေ့ကျင့်ရေးကွင်းပြင်က အစီရင်များစွာနှင့် ကျယ်ပြောသည့်နေရာတစ်ခုဖြစ်သည်။

ဤအစီရင်တွေက လုပ်ဆောင်ချက်မျိုးစုံကိုပြုလုပ်ပေးသည်။ အမြင်ကိုဖုံးကွယ်ပေးခြင်း၊ အာရုံအသိကို တိုးမြှင့်ပေးခြင်း၊ စွမ်းအင်စုဆောင်းခြင်းနှင့် စိတ်တည်ငြိမ်စေခြင်း အစရှိသဖြင့်ပင်..

၎င်း၏အကျိုးသက်ရောက်မှုမှာ အောက်ပိုင်းအဆောင်တွေထက်များစွာသာလွန်ပြီး ပစ္စည်းတွေကမာကျောကာ အလွယ်တကူပျက်စီးခြင်းမှ ကာကွယ်ပေး၏။

တံခါးပိတ်ပြီးနောက် မုန့်ချန်ချင်း အလယ်ရှိဖျာပေါ်၌ ခြေချိတ်ထိုင်ကာ အချက်အလက်ဇယားကို ဖွင့်လိုက်သည်။

[....]

[မပေါင်းစပ်ရသေးသည့်စွမ်းရည်- အဆင့် ၁ အမြစ်ရိုး]

[ကျန်ရှိသောဆုလဒ်- မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်၊ စွမ်းရည်ရွေးချယ်ခြင်းကဒ် ၃ ကဒ်]

ရိုးရိုးသားသားပြောရလျှင် မုန့်ချန်ချင်း ထိုထိပ်တန်းပါရမီရှင်တွေဆီမှ ဤလောက်အလျှင်အမြန် စွမ်းရည်တွေရဖို့ မမျှော်လင့်ထားပေ။

ထိုပါရမီရှင်အများစုမှာ အလွန်မာနကြီးကြပြီး မိတ်ဆွေဖွဲ့ဖို့ ခက်ခဲတာပဲဖြစ်သည်။

သိုပေမယ့် သူ့ကိုအံံ့အားသင့်စွာပဲ ဝိညာဥ်တောင်ထိပ်၏တပည့်ကြီးလန်ချန်းက စတင်ပြောလာခဲ့သည်။

စဥ်းစားကြည့်လျှင်လည်း ထိုအရာက အဓိပ္ပာယ်ရှိ၏။

မုန့်ချန်ချင်းက သာမန်တပည့်တစ်ယောက်မဟုတ်တော့ပေ။

သူ့နာမည်က ဝိညာဥ်တောင်ထိပ်မှာ နာမည်ကြီးနေပြီဖြစ်သည်။

သူပြသခဲ့သည့်ခွန်အားနှင့် အလားအလာမှာ လူအများစုကို ကျော်လွန်နေခဲ့သည်။

ထို့ကြောင့် လန်ချန်းအပြုအမူက ကျိုးကြောင်းဆီလျော်၏။

မိုရှောင်ယုအတွက်တော့ သူမက ပိုပြီးစိန်ခေါ်မှုရှိနိုင်ပေမယ့် အဆုံးမှာတော့ ကလေးတစ်ယောက်သာဖြစ်သည်။

မြောက်ပင့်သည့်စကားအနည်းငယ်ဖြင့် အနိုင်ရနိုင်တာပဲဖြစ်သည်။

စိတ်အာရုံကိုပြန်စုစည်းပြီး မုန့်ချန်ချင်း အဆင့် ၁ အမြစ်ရိုးကို ပေါင်းစပ်ဖို့ပြင်ဆင်လိုက်၏။

ဤအရာက ထိပ်တန်းအမြစ်ရိုးတစ်ခုဖြစ်ပြီး လူ ၁သန်းမှာတောင် တစ်ယောက်ရှားပါး၏။

ယခင် သူက ပါရမီရှင်များစွာနှင့်တွေ့ဖူးပေမယ့် တစ်ယောက်မှ အဆင့် ၁ အမြစ်ရိုးမရှိကြပေ။ သူတွေ့ဖူးသည့်အမြင့်ဆုံးမှာ အဆင့် ၂ ဖြစ်သည့် ပိုင်စုရှီနှင့် သူ့ဒေါ်လေးဖြစ်သည်။

ယနေ့ဝိညာဥ်တောင်ထိပ်၌ စုဝေးသည့် ပါရမီရှင်များစွာထဲ၌တောင် သုံးယောက်သာ ထိုအရာကို ပိုင်ဆိုင်၏။

တောင်ထိပ်သခင်၊ မိုရှောင်ယု၊ လန်ချန်တို့ပင်...

ဤအရာက ၎င်း၏ရှားပါးမှုကို အထင်းသားပြသနေခဲ့သည်။

"ဒီအမြစ်ရိုးကို ပေါင်းစပ်ပြီးရင် ငါ့ရဲ့ တာအိုဖန်တီးခြင်းနယ်ပယ် တိုးတက်မှုက ပိုလို့တောင်မြန်လာမှာ..."

မုန့်ချန်ချင်း ပြုံးပြီး တွေးလိုက်သည်။

တာအိုဖန်တီးခြင်းနယ်ပယ်မှာ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကဲ့သို့ပင် စစ်မှန်အနှစ်သာရကို နားလည်ရခြင်းဖြစ်သည်။

သို့ပေမယ့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်၌ စစ်မှန်ချီပမာဏတိုးပွားမှုကိုသာ အာရုံစိုက်ပြီး တာအိုဖန်တီးခြင်းနယ်ပယ်မှာတော့ စစ်မှန်အနှစ်သာရ အရည်အသွေးတိုးမြင့်မှုကို အလေးပေး၏။

ထို့ကြောင့် တာအိုဖန်တီးခြင်းနယ်ပယ်၌ နယ်ပယ်သေးလေးတစ်ခုခြားနားမှုကတောင် သိသာလှသည်။

အဘယ်ကြောင့်ဆိုသော် စစ်မှန်အနှစ်သာရအရည်အသွေးမှာ သိုင်းပညာနည်းစနစ်တွေ၏စွမ်းအားကို ဆုံးဖြတ်နိုင်သောကြောင့်ဖြစ်သည်။

မုန့်ချန်ချင်း စစ်မှန်အနှစ်သာရကို နားလည်ဖို့ လင်းလုံမဟာကြော့ကွင်းကောင်းကင်ကို အသုံးပြုဖို့ စီစဥ်ထား၏။

ရလဒ်အနေဖြင့် တာအိုဖန်တီးခြင်းနယ်ပယ်၌ သူ၏တစ်ခုတည်းသောအတားအဆီးမှာ အရင်းအမြစ်ဖြစ်သည်။

လုံလောက်သည့်အရင်းအမြစ်ရှိသည်နှင့် သူ၏ကျင့်ကြံရေးမှာ အလျှင်အမြန် တိုးတက်လာမည်ဖြစ်သည်။

"စနစ်, အဆင့် ၁ အမြစ်ရိုး ပေါင်းစပ်မယ်..."

မုန့်ချန်ချင်း ပြောလိုက်သည်။

[ဒင်! ပေါင်းစပ်မှုစတင်ပါပြီ]

အေးစက်သည့်ခံစားချက်တစ်ခု နှလုံးသားထဲမှထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်လျှောက်စီးဆင်းကာ အသား၊အရိုး၊ ကြွက်သားတွေကို ထိုးဖောက်သွား၏။

ဤအဆင့်မြင့်တင်မှုက ပြင်းထန်ပုံရပြီး မုန့်ချန်ချင်းတစ်ကိုယ်လုံးအပြင်းအထန်တုန်ခါနေကာ အသွင်ပြောင်းလဲမှုတစ်ခု ကြုံတွေ့နေသလိုပင်။

သူက တည်ငြိမ်စွာဖြင့် မျက်လုံးမှိတ်ပြီးသာ စောင့်နေခဲ့သည်။

တစ်နာရီကြာပြီးနောက် မုန့်ချန်ချင်း မျက်လုံးပွင့်လာကာ ပေါင်းစပ်မှုဖြစ်စဥ် နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့သည်။

၎င်းမှာ မျှော်လင့်ထားသည်ထက် များစွာပိုကြာနေခဲ့သည်။

ချက်ချင်းပဲ အတွင်းပိုင်းအခြေအနေကို စစ်ဆေးကြည့်လိုက်ရာ အံ့အားသင့်သွား၏။

အရိုး၊ ကြွက်သား၊ အရေပြား၊ သွေးကြော၊ ကိုယ်တွင်းအင်္ဂါအားလုံး ထူးဆန်းသည့်အလင်းတန်းဖြင့် သန့်စင်သည့်အော်ရာကို ထုတ်လွတ်နေခဲ့သည်။

"ရှေးဟောင်းစာတွေအရ လူသားတွေက တစ်ခါက မွေးရာပါဝိညာဥ်တွေတဲ့... ကပ်ဘေးကြီးပြီးတဲ့နောက်မှာ သူတို့ရဲ့မွေးရာပါနာမည်တွေပျက်ပျယ်သွားပြီး စွမ်းအားတွေလည်း ချိပ်ပိတ်ခံလိုက်ရတယ်တဲ့.... ဒါကြောင့်ပဲ သိုင်းပညာလေ့ကျင့်တယ်ဆိုတာ အဲ့ဒီလျို့ဝှက်ချက်တွေကိုပြန်ဖွင့်ပြီး ခွန်အားပြန်ရယူတာပဲ..."

မုန့်ချန်ချင်း အမျိုးမျိုးသောစာအုပ်တွေမှ အကြောင်းအရာတွေကို ပြန်စဥ်းစားလိုက်သည်။

စာသားတွေမှာ တိကျလား မသေချာပေမယ့် ကိုးကားလို့တော့ရတာပဲဖြစ်သည်။

အဆင့် ၁ အမြစ်ရိုးမှာ အချို့သောရှုထောင့်၌ မွေးရာပါဝိညာဥ်နှင့် ဆင်တူ၏။

"အာနိသင်ကို စမ်းကြည့်တာပေါ့..."

မုန့်ချန်ချင်းတွေးပြီး ကျင့်ကြံဖို့ နောက်တစ်ကြိမ်မျက်လုံးမှိတ်လိုက်သည်။

သူ့ကိုယ်ထဲရှိ ခရမ်းဝိညာဥ်အနှစ်သာရဆေးလုံး၏ ဆေးစွမ်းအားအကျွင်းအကျန်မှာ သူ့ကို နယ်ပယ်သေး တစ်ခု ဒါမှမဟုတ် နှစ်ခု တိုးမြင့်အောင် ကူညီပေးနိုင်၏။

ပင်လယ်လှိုင်းလုံးသံကဲ့သို့အသံတွေ သူ့နားထဲပဲ့တင်ထပ်လာပြီး ဆေးစွမ်းအားတွေ ဒန်ထျန်ထဲတစ်ဟုန်ထိုးထွက်ပေါ်လာကာ စစ်မှန်အနှစ်သာရအရည်အသွေးကို အလျှင်အမြန် မြှင့်တင်ပေးနေ၏။

အရှိန်မှာ အဆင့် ၂ အမြစ်ရိုးထက် ဆယ်ဆလောက်ပိုမြန်ပြီး တစ်ရက်ကျင့်ကြံရတာက အဆင့် ၂ အမြစ်ရိုး ၁၀ ရက် ကျင့်ကြံတာနှင့်ညီမျှ၏။

"ခြားနားမှုက ကြီးသားပဲ..."

မုန့်ချန်ချင်း ရလဒ်ကိုကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဤကဲ့သို့အရှိန်ဖြင့် သူက ဂိုဏ်း ၃ ဂိုဏ်း သိုင်းပြိုင်ပွဲမတိုင်ခင် နောက်ထပ်နယ်ပယ်သေးတစ်ခု အသာလေးတက်လှမ်းနိုင်တာပဲဖြစ်သည်။

"အမြစ်ရိုးကိစ္စတော့ အဆင်ပြေသွားပြီ... အနာဂတ်မှာ ပြဿနာမရှိလောက်တော့ဘူး...အဆင့် ၁ အမြစ်ရိုးက အနာဂတ်ကျင့်ကြံရေးအတွက် လုံလောက်သွားပြီ..."

မုန့်ချန်ချင်းရေရွတ်လိုက်သည်။

အဆင့် ၁ အမြစ်ရိုးထက်သာလွန်သည့် အမြစ်ရိုးမျိုး ရှိလားဆိုတာ သူမသိပေမယ့် ယခုသူသိထားသလောက်တော့ ၎င်းမှာ အကောင်းဆုံးဖြစ်သည်။

"နားလည်နိုင်စွမ်းကကော.."

သူက စဥ်းစားလိုက်၏။

သူက ပိုင်စုရှီမှအစ ဝိညာဥ်တောင်ထိပ်သခင်အဆုံး များစွာသောပါရမီရှင်တွေကို မြင်ဖူးပေမယ့် အမြင့်ဆုံးနားလည်နိုင်စွမ်းမှာ သာလွန်အဆင့်ဖြစ်သည်။

ကျင့်ကြံရေးလောက၌ နားလည်နိုင်စွမ်းမှာ စိတ်ကူးသဘာဝဖြစ်သောကြောင့် ပုံသေအဆင့်သတ်မှတ်ထားခြင်းမရှိပေ။

စနစ်၏အဆင့်သတ်မှတ်မှုမှာ အကဲဖြတ်မှုတစ်ခုသာ ဖြစ်သည်။

"စနစ်, သာလွန်အဆင့်ထက်ပိုမြင့်တဲ့ နားလည်နိုင်စွမ်းရှိလား..."

မုန့်ချန်ချင်း မေးလိုက်သည်။

[ရှိပါသည်]

စနစ် ပြန်ဖြေလိုက်သည်။

"ဒီတော့ သာလွန်အဆင့်က အကန့်အသတ်မဟုတ်ဘူးပေါ့... ပိုကောင်းတဲ့အဆင့် ရှိသေးတာပဲ..."

မုန့်ချန်ချင်း ရေရွတ်လိုက်သည်။

"အမြစ်ရိုးကကော..."

[အမြစ်ရိုးတွေကို အောက်ပါအတိုင်းအဆင့်ခွဲထားပါသည်- အဆင့် ၆၊ အဆင့် ၅၊ အဆင့် ၄၊ အဆင့် ၃၊ အဆင့် ၂၊ အဆင့် ၁၊ ပြီးပြည့်စုံခြင်းအဆင့်]

"ပြီးပြည့်စုံခြင်းအဆင့် အမြစ်ရိုး?..."

မုန့်ချန်ချင်း ဆွံ့အသွား၏။

သူက ဤအရာကို မျှော်လင့်မထားပေ။

သူထင်ထားတာ အဆင့် ၁ အကန့်အသတ်ဟူ၍ပင်။ ရှေးဟောင်းစာအုပ်တွေထဲမှာလည်း ထိုအတိုင်းသာ ဖော်ပြထား၏။

ပြီးပြည့်စုံခြင်းအဆင့်အမြစ်ရိုးကိုတော့ သူတစ်ခါမှမကြားဖူးပေ။ သို့ပေမယ့် စနစ်ကပြောနေမှတော့ သေချာပေါက်ရှိလို့ဖြစ်သည်။

"အဆင့် ၁ အမြစ်ရိုးတောင် အတော်လေးကြောက်စရာကောင်းနေပြီ... ပြီးပြည့်စုံခြင်းအဆင့်သာဆိုရင် အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်မှာ သေချာတယ်... ပြောမရဘူး ဆန်းကြယ်တဲ့စွမ်းရည်တွေတောင် ပိုင်ဆိုင်ချင်ပိုင်ဆိုင်နေမှာ...."

မုန့်ချန်ချင်း ကောက်ချက်ချလိုက်သည်။

ဘယ်လိုလူမျိုးက ဤကဲ့သို့အမြစ်ရိုးမျိုးပိုင်ဆိုင်လည်း သူသိချင်မိ၏။

အဆင့် ၁ အမြစ်ရိုး တစ်သန်းမှာတစ်ယောက်ဆိုလျှင် ပြီးပြည့်စုံခြင်းအရိုးမှာ သန်းတစ်ရာမှာ တစ်ယောက်ဖြစ်နိုင်၏။

"ထျန်လင်းစီရင်စုအပြင်ဘက်မှာပဲ ရှိနိုင်လောက်တယ်..."

မုန့်ချန်ချင်း တွေးပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။

ထျန်လင်းစီရင်စုမှာ တောင်ပိုင်းစီရင်စု ၁၃ ခုထဲက စီရင်စုတစ်ခုလေးသာဖြစ်သည်။

"ဆက်ကျင့်ကြံရမယ်... ငါ့ခွန်အားတိုးလာတာနဲ့ သဘာဝအတိုင်း အဲ့လိုအံ့ဖွယ်တွေကို တွေ့လာမှာပါ..."

မုန့်ချန်ချင်းပြန်လည်အာရုံစိုက်လိုက်သည်။

သူ၏လက်ရှိအမြင်ထက်ပိုမြင်ရဖို့ အတွေ့အကြုံကိုပိုမိုချဲ့ထွင်ရမည်ဆိုတာ မုန့်ချန်ချင်း ကောင်းကောင်းနားလည်၏။

All Chapters